|| STRAWBERRY || 【SEASON - II...
By Sariomine
175K 18.5K 1.8K
CHANBAEK FAN FICTION [UNICODE + ZAWGYI] More
🍓 σиє
🍓 тωσ
🍓 тняєє
🍓 fσυя
🍓 fινє
🍓 ѕιχ
🍓 ѕєνєи
🍓 єιgнт
🍓 иιиє
🍓 тєи
🍓 єνєи
🍓 тнιятєєи
🍓 fσυятєєи
🍓 fιfтєєи
🍓 ѕιχтєєи
🍓 sᴇᴠᴇɴᴛᴇᴇɴ
🍓 єιgнтєєи
🍓 иιиєтєєи [fιиαℓ]
🍓 тωєℓνє
7.5K 912 18
By Sariomine
• Baek •
• ဟင် •
• ငါကြီးလာရင် မင်းကိုပဲလက်ထပ်မှာသိလား •
စကားအဆုံးယုန်သွားလေးတွေပေါ်သည်အထိပြုံးပြလာသော၆နှစ်သားယုန်ပေါက်စလေးJun Myeonအား ခေါင်းပေါ်ကညီညီညာညာစည်းထားသော ကြက်တောင်စည်းလေး နှစ်ခုလှုပ်ရမ်းသွားသည်အထိ ခေါင်းပြန်ညိတ်ပြလိုက်သောBaekhyun ။
• အဟက် .. ဆုတောင်းလေ ယုန်စုတ် .. မုန်လာဥပဲရမယ် •
မိုက်ခဲဒီဇိုင်းနှင့်မုန်လာဥနီတစ်ဥဖြင့်Jun Myeonအားပစ်ပေါက်ကာပြောလိုက်သော၆နှစ်သားနဂါးပေါက်စ Chanyeol ။ Jun Myeonဘေးတွင်ရှိသော Baekhyunကိုလက်မောင်းလေးကနေဆွဲမ၍သူ့ရင်ခွင်ထဲသို့ဆက်ခနဲဆွဲထည့်လိုက်ပြီး သူ့လုပ်ရပ်တို့အားအစအဆုံးမျက်မှောင်ကြုတ်ကာစိုက်ကြည့်နေသောJun Myeonအားမဲ့ပြုံးတစ်ပွင့်ဖြင့်ပြန်ကြည့်လျက် မျက်ခုံးတစ်ချက်ကို ပင့်ပြလိုက်ကာ ...
• ကလေးမသာလေးက ငါ့ဟာ .. မင်းဟာမဟုတ်ဘူး ယုန်စုတ် •
• ငါကဘာလို့မင်းဟာဖြစ်ရမှာလဲ သေချင်းဆိုးနားကား •
သူ့ရင်ခွင်ထဲပြန်တိုးထွက်ကာမြေပြင်ပေါ်တွင်သူပစ်ပေါက်ထားတဲ့မုန်လာဥနီလေးကိုကိုင်ပြီးဒေါကန်နေသောJunMyeonအနားသို့ Baekhyunပြန်ကပ်သွားခဲ့သည် ။
ထို့နောက်သူ့မျက်နှာအားတည့်တည့်ပြန်စိုက်ကြည့်လျက်ပြောလာသော အမှန်သတ်မှတ်မယူနိုင်သော ကလေးဆန်သော ၆နှစ်သား၏ စကား ..
• ငါကြီးလာရင်လည်းJunနဲ့ပဲလက်ထပ်မှာ .. မင်းနဲ့သေတောင်လက်မထပ်ဘူး .. ရှင်းတယ်နော် သေချင်းဆိုးနားကား •
ပြောခဲ့သူမှာထိုခံစားချက်အမှန်ရှိသလားမသိ ။ အပြောခံခဲ့ရသူသည်ကား ထိုစကားလေးတစ်ခွန်းလေးသည်ကား ယနေ့အရွယ်ရောက်လာသည်အထိတိုင်အောင် စိတ်ထဲလွှမ်းမိုးလို့နေဆဲပင် ။
~ ကိုယ်ကမင်းအတွက် Jun Myeonနဲ့ယှဉ်ရင် ငယ်ငယ်ကတည်းက မင်းပေးထားတဲ့ဒုတိယနေရာမှာပဲအခုချိန်ထိနေနေရစမြဲပါ အသက်ကလေး ~
တီ ... တီ !!!
တဆာဆာနှင့်မြည်နေသောဖုန်းလေး ။ ကိုင်ဖို့အင်အားမရှိ ။ နာကျင်နေသောနှလုံးသား ။ မျက်ရည်ခါးခါးတို့ဖြင့်ရင်နာနာနှင့်ချော့မြူပေးတာတောင်မလုံလောက် ။
တီ ... တီ !!!
ပလုံ !!!
အဆက်မပြတ်ဆက်တိုက်ဆူညံ့စွာတဆာဆာနှင့်မြည်နေသည့်ဖုန်းလေး ။ မြည်သံတိတ်ဆိတ်ကင်းမဲ့ဇုန်ဖြစ်သော ပင်လယ်ပြင်ရေအောက်ထဲသို့ကျရောက်သွားခဲ့သည်နှင့် တစ်ပြိုင်နက် ထိုဖုန်း၏သခင်ဖြစ်သူရဲ့ ရင်ညွှန့်ထိသို့ ပင်လယ်ရေငန်များလာရောက်ထိတွေ့လာခဲ့လေသည် ။
🍓 S .T . R . A . W . B . E . R . R . Y 🍓
တူ ... တူ !!!!
" ဖုန်းကိုင်လိုက်စမ်းPark Chanyeol ကျေးဇူးပြုပြီး ငါ့ကိုသိပ်ချစ်တယ်ဆိုရင် ငါ့ဖုန်းကိုအမြန်ကိုင်လိုက်စမ်းပါကွာ "
တတူတူနှင့်မြည်နေသည့်တစ်ဖက်ဖုန်းထဲသို့ဝင်နေသည့်ဖုန်း ။ ဖုန်းဝင်နေသည့်သင်္ကေတအသံကိုနားထောင်ရင်း ကားစီယာတိုင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိရင်း ဝင်နေသောဖုန်းအား တစ်ဖက်မှကိုင်လိုက်ဖို့အရေးအားစိတ်ထဲဆုတောင်းနေမိသောကျွန်တော် ။ အထင်လွဲမှုစတင်သည့် Genius Cafeဆိုင်ထဲမှပြေးထွက်သွားတဲ့သူ့အနောက်သို့ထက်ကြပ်မခွာပြေးလိုက်ခဲ့သော်လည်း အပြေးအရမ်းမြန်လွန်းသည့်သူ့ကြောင့် လမ်းတစ်ဝက်အရောက်တွင်ခြေရာပျောက်သွားခဲ့ရသည် ။
ကျွန်တော့်ဘက်မှသူ့ကိုအဖက်လုပ်ပြီးအထူးတလည် ရှင်းပြရန်မလိုသော်လည်း ။ အထင်လွဲပြီးပြေးထွက်သွားသော သူ့အနောက်သို့အလောတကြီးပြေးလိုက်မိသည့် ကျွန်တော့်ခြေထောက်တစ်စုံသည်မှာ ဦးနှောက်၏ခိုင်းဖက်မဟုတ်ပဲ နှလုံးသား၏အခိုင်းအစေဖြစ်လို့နေသည်ကိုမေးမြန်းခြင်းမရှိ စစ်ဆေးခြင်းမရှိပဲအလိုအလျောက်ပင်သိခွင့်ရခဲ့သည် ။
ထို့အပြင် ရင်ဘတ်ထဲဗလောင်ဆူးတွေအပြည့်နဲ့အပူလုံးတို့ထကြွလို့နေသည်မှာ မြင်မကောင်း ကြားမကောင်း ။
ကျွန်တော်ချစ်ရတဲ့သူသည်စိတ်မြန်လက်မြန်ရှိတဲ့သူတစ်ယောက်ဖြစ်သည့်အပြင် တဇွတ်ထိုးဆန်တဲ့သူတစ်ယောက်လည်းဖြစ်တာကြောင့် စိတ်တို့ပူပန်မိသည်မှာ သူများမတူ တမူထူးခြား၍ထပ်ညွှန်းကိန်းတစ်ခုကဲ့သို့ပင် ။
" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာစက်ပိတ်ထားသဖြင့်
ခေါ်ဆို၍ မရနိုင်ပါ ... Sorry ...  "
တီ !!!
✉ စိတ်တွေအရမ်းလောပြီးကားကိုအမြန်မမောင်းနဲ့ Baek .. ငါယုံကြည်တယ် မင်းChanyeolကိုအမြန်ပြန်ရှာတွေ့လိမ့်မယ်ဆိုတာ ✉
စက်ပိတ်ထားသောသူ့ဖုန်းနံပါတ်သို့ အရူးအနှမ်းလို အကြိမ်ကြိမ်ခေါ်နေမိသော ကျွန်တော် ။ သူ့ဖုန်းကိုခေါ်နေရမှရပ်လိုက်သည့်အချိန် ။ ချက်ချင်းဆိုသလို ဝင်လာတဲ့Junဆီကစာကြောင့် အပူများနေတဲ့ရင်ထဲအနည်းငယ်သက်သာလိုသက်သာညောင်းပြုခဲ့ရသည် ။
သို့ရာတွင် ပျောက်သောသူရှာရင်တွေ့ဆိုပေမယ့် ကျွန်တော့်ထံမှထွက်ပြေးသွားတဲ့သူကိုရှာရင်မတွေ့မှာကိုတွေးပြီး စိုးရိမ်နေမိတဲ့ ကျွန်တော်ကတကယ်ကို ရယ်ရတာပဲနော် ။ နှုတ်ကပြောတော့ဖြင့် သူ့ကိုမချစ်ဖူး ၊ မချစ်ဖူးနဲ့ ။ တကယ့်တကယ်တမ်း ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စလေးနဲ့ သူအထင်လွဲသွားမှာလေးကို ကြောက်ရွံ့နေပြလိုက်တာ ။ သိပ်ကို အမြင်ကပ်ချင်စရာ ။
တီ ... တီ !!!
ထပ်ပြီးမျှော်လင့်မိသည် ။ အခု ကျွန်တော့်ဖုန်းထဲဝင်လာသော အဝင်ဖုန်းလေးကတစ်ယောက်သောသူ၏ ဖုန်းနံပါတ်လေးများဖြစ်နေမလားလို့ ။ သို့သော်​ငြားလည်း အတွေးနဲ့လက်တွေ့မှာ ထပ်တူမကျခဲ့ပြန် ။
" Hello "
" Hello Baekhyun ssi ... Na Youngပါ "
နားထဲကြားနေရသောသူမ၏တည်ငြိမ်နေသော အသံ ။ ကြည့်ရတာ သူပျောက်နေတဲ့အကြောင်းကို သူမ မသိရသေးဘူးထင်သည် ။
" ဟုတ်ကဲ့ ... ပြောပါ Kim Na Young ssi "
" ဟိုလေ Baekhyun ssi .. Baekhyun ssiဆီကိုများ Chanyeol Oppaများရောက်နေသလားလို့ .. ဒီမှာလည်း Oppaရောက်မလာသေးလို့ ပွဲစမယ့်အချိန်ကိုတောင် မရမကနည်းနည်းအချိန်ဆွဲထားနေရလို့ အဲ့ဒါ .... "
" သူ Junနဲ့ကိုယ်တို့နှစ်ယောက်ကို Cafeဆိုင်ထဲမှာတွေ့ပြီး အထင်လွဲပြီးထွက်ပြေးသွားတယ် "
" ရှင် ! "
" ကိုယ်အခုပင်လယ်ဘက်ကိုသွားတဲ့အဝေးပြေးလမ်းမပေါ်ကိုရောက်နေတယ် .. Kim Na Young အပန်းမကြီးဘူးဆိုရင် ကိုယ့်ကိုပင်လယ်ဘက်မှာရှိတဲ့သူ့အိမ်ကိုသွားတဲ့လမ်းကို တစ်ချက်လောက်လမ်းညွှန်ပေးလို့ရနိုင်မလား ... ဟိုတစ်ခေါက်သွားတုန်းကကိုယ်လမ်းသေချာမမှတ်ခဲ့ရလို့ ... သိပ်မမှတ်မိသလိုဖြစ်နေတယ် "
" အာ .. ဟုတ်ကဲ့ .. ရပါတယ် Na Youngပြောပြပါ့မယ်   ..   ပင်လယ်ဘက်က Chanyeol Oppaအိမ်ကိုသွားတဲ့လမ်းက ... "
ဖုန်းထဲတင်လမ်းညွှန်ပေးလိုက်သောသူမလမ်းညွှန်မှုစကားအဆုံးအဝေးပြေးလမ်းမပေါ်မောင်းနှင်နေသောကားကိုအရှိန်မိုင်ကုန်တင်ကာ သူနှင့်ဝေးကွာခဲ့တဲ့ အချိန်ကစပြီးယခင်အတိုင်းပုံမှန်ပြန်ဖြစ်အောင်အချိန်တွေနဲ့မနည်းပြန်ကုစားခဲ့တဲ့ပုံမှန်ပြန်ဖြစ်သွားသည့် နှလုံးသားကိုအခုအချိန်ထိနာကျင်အောင်ဒဏ်ရာတွေ အမျိုးမျိုးပြောင်းပေးတတ်သည့်မလိမ်မိုးမလိမ်မာလူဆိုးကြီးရှိရာဆီသို့မောင်းနှင်လာခဲ့တော့သည် ။
🍓 S .T . R . A . W . B . E . R . R . Y 🍓
" ကျောက်တုံး ၊ စက္ကူ ၊ ကတ်ကြေး "
အသက်အရွယ်သာရင့်ကျက်ရမည့်အရွယ်ရောက်သော်လည်း ကလေးစိတ်မကုန်သေးသောXiao Luhan၏စိတ်အကြိုက် မဆော့ချင်ဆော့ချင်နှင့်အတူလိုက်ဆော့ပေးနေရသော Oh Sehun ။ မိမိချစ်ရတဲ့သူမှာ ယခုလို ကလေးမသာလေးဖြစ်လို့နေတာကြောင့် နဂိုကတည်းက မရှည်သောစိတ်တို့အားမရှည်ရှည်အောင် မနည်းဆွဲဆံ့ပြီး စိတ်ရှည်ပြ၍ အတူကစားနေပေးရသည်မှာလည်း သူ့ရဲ့ဝဋ်တစ်မျိုးဟုပင်ဆိုမလား ။
" ကျောက်တုံး ၊ စက္ကူ ၊ ကတ်ကြေး "
ဆေးရုံတွင်လူနာရှင်များ ၊ လူနာများနှင့်ဆရာဝန်အများတို့၏လေးစားခြင်းကိုခံရသောရင့်ကျက်သောဆရာဝန်တစ်ဦးဖြစ်ပြီး ။ သူငယ်ချင်းတွေနှင့်ဆိုရင်ပျော်ပျော်နေတတ်တဲ့ လူငယ်တစ်ဦးဖြစ်ပြန်သလို ။ သူနှင့်ဆိုရင် မျောက်လောင်းကဲ့သို့ထိန်းမနိုင် ၊ သိမ်းမနိုင်ဆော့ကမြင်းတတ်သောကလေးတစ်ယောက်အသွင်အဖြစ် ပုံစံအမျိုးမျိုးနေထိုင်တတ်သည့်ချစ်ရသူ၏နှုတ်မှစုံစံစိဆော့နည်းသီချင်းလေးအဆုံးတွင် တွေ့လိုက်ရသော ကတ်ကြေးပုံလုပ်ထားသည့် လက်တစ်ဖက်နှင့်စက္ကူပုံလုပ်ထားတဲ့လက်တစ်ဖက်ကြောင့် သူ့စိတ်ထဲအပျော်လုံးတို့ အကြီးကြီး စို့နင့်သွားခဲ့ရသည် ။
အကြောင်းသည်ကား တစ်ခြားမဟုတ် ။ လောင်းကြေးကြောင့်ပင်ဖြစ်သည် ။ ချစ်ရသူနှင့် စုံစံစိကစားတိုင်း ပွဲတိုင်းရှုံးနေသည့် ထိုကစားပွဲ၏လောင်းကြေးသည် သည်တစ်ခါတော့ သူ့အတွက်သိပ်ကိုတရားသွားခဲ့လွန်းလေသည် ။
အဘယ်ကြောင့်ဆိုသော် ထိုလောင်းကြေးသည်ကားတစ်ပွဲနိုင်တိုင်း နိုင်တဲ့သူရဲ့ဆန္ဒကိုရှုံးသည့်သူကမရမက ဖြည့်ဆည်းပေးရမယ့်ဆိုတာကြောင့်ပင် ။
သို့သော်ယခုအချိန်နိုင်လို့အပျော်လုံးစို့နေသည့်သူနှင့်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ကစားပွဲတွင်မရှုံးဖူးစဖူးရှုံးသွားခဲ့သောXiao Luhanတို့စိတ်ထဲတွင်ချက်ချင်းကြီးကို ငိုချင်စိတ်တွေမွေးဖွားလာခဲ့လေသည် ။
" ဟ .. ဟ .. ကတ်ကြေးကွ ကတ်ကြေး ဘယ်ရမလဲ Oh Sehunကိုဒါမျိုးလာလုပ်လို့ဘယ်ရမလဲ ... နောက်ဆုံးတော့နိုင်ဖူးခဲ့ပြီလေ .. အဟက် .. ကဲ .. သည်းငယ် Xiao Luhan ssi တွေ့တယ်နော် ... ကိုယ်နိုင်တယ်ဆိုတာ "
မိမိနိုင်လို့ဝမ်းသာပီတိဖြင့်ပြောလာသောSehunအား ရှုံးလို့မကျေမနပ်ဖြစ်နေသည့်ပုံဖြင့် Luhanမျက်စောင်းထိုး၍ပြန်ကြည့်လိုက်ကာ ...
" အဲ့တော့ဘာဖြစ်လဲ ဖင်ကောက် "
ဘဲနှုတ်သီးလေးကိုထော်၍ပြောလာသောLuhan၏ပြောစကားလေးအဆုံးဝယ် ညစ်ကျဲကျဲပြုံးလိုက်သောSehun ။ သူ့လက်ထဲတွင် ကိုင်ထားသော မင်္ဂလာပန်းစည်းအဖြူလေးအား Luhanမျက်နှာအရှေ့တွင်ဘယ်ညာလှုပ်ပြပြီး သိပ်မကြာ Luhanလက်ထဲသို့ဆက်ခနဲထည့်ပေးလိုက်ကာ ...
" ဘာဖြစ်လဲဆိုတော့ကာ ... ကဲ .. ရော့ .. ပန်းစည်း .. ဒီပန်းစည်းကိုမင်္ဂလာပွဲနေ့ကျရင်သည်းငယ်ကိုင်ပြီးကိုယ်နဲ့အတူလက်ထပ်ရမယ် Ok ! "
" ဘာ ! ! ! ! ! "
🍓 S .T . R . A . W . B . E . R . R . Y 🍓
အချိန်ကြာကြာစုံမှိတ်ထားခဲ့သောမျက်ဝန်းတစ်စုံ ။ မလှုပ်တလှုပ်နဲ့စဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် တွေ့ဆုံလိုက်ရသောစူးရှရှအခန်းမီးအလင်းရောင်ကြောင့် တဖျတ်ဖျတ်နဲ့ခတ်နေသော မျက်တောင်လေးတစ်စုံတို့၏လှုပ်ရှားမှုတို့အားမျက်တောင်မခတ်တမ်း လက်ပိုက်လျက်နှုတ်ဆိတ်ကာထိုင်ကြည့်နေမိသည် ။
" ငါဘယ်ရောက်နေတာလဲ! "
သြရှရှလေသံနှင့်ပြောလိုက်သောအားမရှိသည့်စကားသံလေး ။ ကိုယ်ရောက်နေသည့်ဘေးဘီပတ်ဝန်းကျင်ကို တစ်ချက်ကလေးတောင် မျက်လုံးဖြင့်ဝေ့မကြည့်ပဲ ရူးကြောင်ကြောင်နဲ့ကိုယ့်ကိုယ်ပြန်မေးနေသော မိုက်ရူးဆန်လွန်းသည့် မျက်စိရှေ့ကကုတင်ထက်တွင်သတိပြန်ရလာသော ထိုအနှီလူသားအား စိတ်ရှိလက်ရှိအတိုင်း ဆွဲထိုးပြီးငယ်ငယ်တုန်းကလိုအားရပါးရသာဆွဲကိုင်ပေါက်လိုက်ချင်ပါဘိ ။
ဘာမှမဟုတ်တဲ့ကိစ္စသေးသေးမွှားမွှားလေးနှင့် အရှုံးပေးတတ်တဲ့မျက်စိရှေ့ကထိုအနှီလူသားသည် တစ်ချိန်ကကိုယ်ချစ်ခဲ့တဲ့စိတ်ဓာတ်ခိုင်မာလွန်းသည့်သူနှင့် တစ်ယောက်တည်းဟုတ်ပါရဲ့လားဆိုသောမဖြစ်နိုင်တဲ့ရူးကြောင်ကြောင်အမေးအားဒင်းကြောင့်ကိုယ့်ကိုပြန်မေးမိသည်မှာအမော ။
" ငါ .. ငါမသေသေဘူးပဲ "
ကိုယ့်ပါးကိုယ်ပြန်ဆွဲပြီးကလေးဆန်ဆန်ပြောနေသောထိုလူသားအား အရင်စိတ်အတိုင်းဆွဲဆောင့်လုပ်ပစ်လိုက်ချင်သည်မှာရင်ထဲကလိကလိနဲ့ကို ။
" ဘာလဲ ... တစ်ကြိမ်နဲ့မသေသေးလို့ နောက်တစ်ကြိမ်ပင်လယ်ထဲထပ်ဆင်းပြီးသတ်သေဦးမလို့လား ဟမ် ! သေချင်းဆိုးနားကား  "
ဒေါကန်ကန်နဲ့ ပြောလိုက်သော ကျွန်တော့်စကားအဆုံးထိုင်နေသော ကျွန်တော့်ဘက်သို့အပြစ်ကင်းစင်နေသောမျက်ဝန်းဝိုင်းလေးတွေနှင့်ပြူးပြီးကြည့်လာသည့်ငမိုက်သား ။ လုပ်ပြနေတဲ့ရုပ်ကိုက မသိရင် သူဘာမှမသိသလို ၊ ဘာမှမလုပ်ထားတဲ့ရုပ်နဲ့ ။
တစ်ချက်ကိုင်ပေါက်ချင်စိတ်ပေါက်အောင် စိတ်ကုန်ချင်စရာကောင်းလောက်တဲ့အထိကို တစ်ချိန်ကချစ်ခဲ့မိတဲ့အချစ်တွေ ။ အချိန်တွေကုန်သွားသလောက် မလျော့သွားတဲ့အပြင် ယခင်ကထက်ပို၍ပိုပိုတိုးလို့ချစ်လာမိလွန်းလို့ ။ ကိုယ့်နှလုံးသားကိုကိုယ်သာအပြစ်တွေလိမ့်ပိတ်ဆိုမိပြီးကိုယ့်ကိုယ်ကိုယ်သာပြန်ဆဲဆိုမိသည် ။
တစ်ခါခံထားရတာကိုမမှတ်ထားတတ်တဲ့အမှတ်မရှိတဲ့ သောက်ရူးကောင်လို့ ။
" အသက်ကလေး "
" မခေါ်နဲ့ !!! "
~ ငါ့နှလုံးသားကိုမသနားပဲ ဒုတိယအကြိမ်ငါ့နှလုံးသားကွဲကြေအက်ရမယ့်အဖြစ်မျိုးကိုကျူးလွန်လုပ်ဆောင်ခဲ့တဲ့ မင်းရဲ့နှုတ်ကနေတစ်ချိန်က ငါအရမ်းချစ်ခဲ့တဲ့နှစ်ယောက်မရှိတဲ့ချစ်သူပေးထားတဲ့တန်ဖိုးဖြတ်မရတဲ့ 'အသက်ကလေး'ဆိုတဲ့နာမည်ကိုမခေါ်နဲ့ .. နားထောင်ရတာခါးလွန်းလို့ ~
ဆက်ရန် ...
26.8.2019
REN JO JO
------------------------------------------
• Baek •
• ဟင် •
တီ ... တီ !!!
တီ ... တီ !!!
ပလုံ !!!
🍓 S .T . R . A . W . B . E . R . R . Y 🍓
တူ ... တူ !!!!
တီ !!!
တီ ... တီ !!!
" Hello "
" ရှင် ! "
🍓 S .T . R . A . W . B . E . R . R . Y 🍓
" ဘာ ! ! ! ! ! "
🍓 S .T . R . A . W . B . E . R . R . Y 🍓
" ငါဘယ်ရောက်နေတာလဲ! "
" ငါ .. ငါမသေသေဘူးပဲ "
" အသက်ကလေး "
" မခေါ်နဲ့ !!! "
ဆက်ရန် ...
26.8.2019
REN JO JO
Continue Reading
You'll Also Like
304K 33.4K 44
Bl fiction own creation Author by Yawnathan start date ( 27. jul. 20) ယောကျာ်းလေးတစ်ရောက်ဖြစ်ပင်မဲ့သေသွားတဲ့အမနေရာမှာအစားထိုကာ တိုင်းပြည်ရဲ့အိမ်ရှေ့...
401K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
189K 20.6K 31
[Zawgyi] သရဲအလွန်ကြောက်တတ်သော~~ ကောင်လေးတယောက်က~~ သရဲလေးတကောင်ကို~~ ချစ်မိသွားဖို့ဆိုတာ~~ ဖြစ်နိုင်ပါ့မလား~~ Sorry for bad writing (90°bow) Chanbaek...