သူသိစေ🍁[Completed]

By LinnWathan

46.9K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 11

1.2K 57 0
By LinnWathan

#Zawgyi

"ဟာ..."
မင္းခန္႔ အလြန္ပင္အံ႔ျသမွင္သက္သြားရသည္
ဒါလီႏြယ္ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးက ဒီလိုပံုစံ လုပ္ျပမည္ကို
သူတစ္ခုမွ  မစဥ္းစားဖူးပါ...

"ဒါလီ... နင္ဘာလုပ္တာလဲ
နင့္ပံုစံကို အခုခ်က္ခ်င္းျပင္လိုက္ေနာ္"

"ဟင့္....နင့္ကိုမွ ငါမပိုင္ရေတာ့လည္း
နင့္ကို ဘယ္သူ႔လက္ထဲကိုမွ ငါမထည့္ႏိုင္ေတာ့ဘူး...
မင္းခန္႔ရယ္...ငါနင့္ကိုခ်စ္လို႔ပါဟာ"
ဒါလီႏြယ္ ဝမ္းနည္းသံအျပည့္ျဖင့္ မင္းခန္႔ေ႐ွ႕သို႔ တစ္လွမ္းခ်င္းတိုးလာသည္
႐ုတ္တရက္...

"နင္ အခုေတာ္ေတာ့...
ဒါလီႏြယ္ ငါနင့္ကို ဆက္ၿပီးမကူညီႏိုင္ေတာ့ဘူး
ငါ့ကိုယ္ငါလည္းလိပ္ျပာမသန္႔ေတာ့ဘူး..."
မိုးရိပ္ သူတို႔ႏွစ္ဦးေ႐ွ႕သို႔ေရာက္လာၿပီး
ဒါလီႏြယ္ကို မႏွစ္ၿမိဳ႕ေသာအၾကည့္ျဖင့္ ေျပာလိုက္သည္
ထို႔ေနာက္ မင္းခန္႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး

"ဒီလမ္းက လူသြားလာ႐ွင္းတယ္ဆိုေပမဲ့
မင္းခန္႔ နင္ဘာမွမစိုးရိမ္နဲ႔
တစ္ခုခုျဖစ္ရင္ ငါရိွတယ္ လာသြားမယ္"
မိုးရိပ္ မင္းခန္႔လက္ကို ဆဲြကာ ဆိုင္ကယ္ေမာင္းခိုင္းလိုက္သည္
သူမလည္း ဆိုင္ကယ္ေမာင္းၿပီး ႏွစ္ေယာက္လံုး ထိုေနရာမွ ထြက္သြားၾကေတာ့သည္

"ဟက္ဟက္...ဟား.....
နင္တို႔ငါ့ကို...ဟက္..တစ္ေယာက္တည္းထားခဲ့တယ္ေပါ့
ဟားဟား... ငါက ဒါလီႏြယ္ေနာ္...ဘယ္လိုမိန္းမမ်ိဳးထင္ေနလို႔လဲ..."
ေလသံမာမာျဖင့္ ျပံဳးကာေျပာလိုက္ေသာ္လည္း တစ္ျဖည္းျဖည္းႏွင့္
"ဟင့္...ငါ့ကို မထားခဲ့ၾကပါနဲ႔ဟာ...
မင္းခန္႔ နင္မ႐ွိဘဲ ငါဘယ္လိုေနရမွာလဲဟာ...
နင့္ကိုငါ သိပ္ခ်စ္တာေလ...
ငါ့ကိုမွ ဘာလို႔ရက္စက္သြားရတာလဲ မင္းခန္႔ရာ..."

စိမ္းစိုေနေသာ သစ္ပင္ႀကီး၏ေအာက္တြင္ ဒါလီႏြယ္ လဲက်သြားကာ
ဆိုင္ကယ္ေမာင္းရင္း တစ္ေရြ႔ေရြ႔ ထြက္သြားေသာ မင္းခန္႔ကို ၾကည့္ရင္း မ်က္ရည္မ်ားျဖင့္သာ က်န္ခဲ့ေတာ့သည္...

အခ်စ္ခ်င္း ထပ္တူက်ေသာအခါ
ေပ်ာ္ရႊင္ၾကည္ႏူးစရာမ်ားျဖင့္ ျပည့္ႏွက္ႏိုင္ေသာ္လည္း
အခ်စ္ခ်င္း ထပ္တူမက်ေသာအခါ
တစ္ဖက္သတ္ ခ်စ္ရသူမွာ ေသာကပင္လယ္ေဝ ႏိုင္ပါသည္🍁

ခ်စ္ခ်င္းေမတၱာကို တစ္ဦးႏွင့္တစ္ဦး ယွဥ္ၿပိဳင္သည့္ အခါ
အခ်စ္လြန္ၾကသူမ်ား တစ္ဖက္သတ္ဆန္သူမ်ားမွာ
အခ်စ္မ်ားျဖင့္ အႏိုင္ရရိွသည္ဟု ထင္ရသည္
သို႔ေသာ္
"အတၱ" ကို "အခ်စ္" ဟု ေခါင္းစဥ္တပ္ၿပီး
ပိုင္ဆိုင္လိုစိတ္ျပင္းထန္လြန္းေသာ အခါ၌
ျဖဴစင္သန္႔႐ွင္းေသာ ခ်စ္ျခင္းေမတၱာမွာ
အေရာင္အမ်ိဳးမ်ိဳးေျပာင္းလဲသြားႏိုင္ၿပီး
ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ နစ္နာဆံုးရႉံးမႈမ်ားကိုသာ
တစ္သက္လံုး ျဖစ္တည္ေစမည္ ျဖစ္သည္...🍁

........................................................

"နင္ငါ့ကို ခြင့္မလႊတ္လည္းရပါတယ္
ဒါေပမဲ့ ငါမကူညီသင့္တာကို ကူညီမိတယ္ဆိုတာ ခ်က္ခ်င္းသိလို႔
လိပ္ျပာမလံုျဖစ္ၿပီး ငါ့ကိုယ္ငါ ရံြမိတယ္ မင္းခန္႔...
ငါတကယ္ ေတာင္းပန္ပါတယ္ ငါ့ကိုခြင့္လႊတ္ပါ"
မိုးရိပ္ က်ံဳးျပင္က်ယ္ႀကီးကို မ်က္ႏွာမူၿပီးေျပာလိုက္သည္

"ရပါတယ္...
အခုလို မေကာင္းဘူးဆိုတာခ်က္ခ်င္းသိသြားလို႔ နင့္ကိုေက်းဇူးတင္ပါတယ္"

"ဒီမွာၾကည့္"
မိုးရိပ္မင္းခန္႔ဘက္သို႔ လွည့္ၿပီးဖုန္းကိုျပလိုက္သည္

ဖုန္းထဲတြင္ မင္းခန္႔ႏွင့္ ဒါလီ လမ္းမႀကီးေပၚတြင္စကားေျပာေနၾကေသာ ဗီဒီယိုဖိုင္ကို မိုးရိပ္ သစ္ပင္တစ္ပင္၏ အေနာက္မွ ကြယ္၍႐ိုက္ထားျခင္းျဖစ္သည္
ဗီဒီယို ထဲတြင္ မင္းခန္႔ ဆိုင္ကယ္ေပၚတက္ရန္ ဒါလီေ႐ွ႕မွ ထြက္သြားခ်ိန္၌ ဒါလီသည္ သူမ၏ဆံပင္မ်ားကိုဖြလိုက္ၿပီး ႏႈတ္ခမ္းကိုလက္ဖမိုးႏွင့္ သုတ္လိုက္ၿပီး အက်ီၤၾကယ္သီးႏွစ္လံုးကိုခ်က္ခ်င္းျဖဳတ္လိုက္သည္မွာ ထင္႐ွားေနေပသည္...

"ဒါေၾကာင့္ နင္ဘာမွစိတ္မပူပါနဲ႔ မင္းခန္႔"
"ေအးပါဟာ..ေက်းဇူးပဲ"

...................................................

မည္မ်ွၾကာေအာင္ အိပ္ေပ်ာ္သြားမွန္းမသိေသာေၾကာင့္
ေခါင္းတစ္ခုလံုး အံုခဲေနရသည္
ျပတင္းေပါက္မွ လာေသာ ေနေရာင္ျခည္အလင္းတန္းတို႔ကလည္း
မ်က္လံုး ႏွစ္လံုးသို႔ ဦးတည္ေနသျဖင့္ ဖြင့္ရန္အလြန္ခက္ခဲလွသည္
ေျခာက္ေသြ႔ေနေသာ ႏႈတ္ခမ္းမ်ားကလည္း ေရကိုအေရးတႀကီးလိုအပ္ေနေပသည္
ဘယ္ဘက္လက္မွ တဆစ္ဆစ္ႏွင့္ကိုက္ခဲမႈမွာလည္း
ပင္ပန္းလြန္းေစသည္

မ်က္လံုးႏွစ္လံုးဖြင့္ရန္ ခက္ခဲလွေသာ္လည္း အားတင္း၍ႀကိဳးစားဖြင့္ၾကည့္လိုက္ေသာအခါ ေနေရာင္ျခည္တို႔က တန္းတန္းလာေရာက္ေနသည္
နာက်င္ေနေသာ ဒဏ္ရာေၾကာင့္မထခ်င္ျဖစ္ေနရေသာ္လည္း
ႀကိဳးစား၍ထလိုက္ေသာအခါ...

ငယ္ငယ္ ကေလးဘဝတုန္းက ကဲ့သို႔ အျပစ္ကင္းၿပီး ျဖဴစင္လြန္းေသာသူ...
ႏူးညံ့ေျဖာင့္စင္းေသာ ဆံႏြယ္ေခြတို႔မွာ မ်က္ႏွာေပၚသို႔ အုပ္ေနေပသည္
လက္ေမာင္းႏွစ္ဖက္ကိုပိုက္ၿပီး ေခါင္းကို ကုတင္ေပၚတင္ထားေသာကေလးေလး...
ေပၚေနေသာ ပါးမို႔မို႔တစ္ဖက္တြင္ စြန္းထင္းေနေသာ ေသြးကြက္အခ်ိဳ႕တို႔က ျဖဴစင္လွေသာ အသားအေရကို ပိုမိုထင္႐ွားေနေစသည္

ဝဏၰျပံဳးမိသည္...
"ကေလးရယ္...ကိုယ့္ေၾကာင့္နဲ႔ ပင္ပန္းရၿပီ"
ဝဏၰ စိတ္ထဲမွေတြးၿပီး ဘုန္းမိုးမ်က္ႏွာေပၚ အုပ္ေနေသာ ဆံႏြယ္အခ်ိဳ႕ကို သပ္တင္ေပးလိုက္သည္...

"ဟင္... ကိုစိုင္း...သတိရလာၿပီလား"

သူ႕မ်က္လံုးႏွစ္လံုးမွာ ႏိုးထလာေသာအခါတြင္လည္း
ေတာက္ပျမဲေတာက္ပေနသည္...
မ်က္လံုးတို႔၌ ဝမ္းသာစိတ္အျပည့္ျဖင့္

ဝဏၰ ျပံဳးၿပီး ေခါင္းကိုညိတ္လိုက္သည္...

"ကိုစိုင္း ဘာမွ စိတ္မပူပါနဲ႔ ေဘးမွာကြၽန္ေတာ္တစ္ေယာက္လံုးရိွတယ္ေနာ္...
ဪ ဒီမွာ ကိုစိုင္းအတြက္ ကြၽန္ေတာ္စြပ္ျပဳတ္ ဝယ္ထားတယ္
အေအးေရာပဲ အားရိွေအာင္ေနၿပီး ျမန္ျမန္သက္သာရမယ္ေနာ္...
ဆရာဝန္ကေတာ့ စိတ္ခ်ရၿပီေျပာေပမဲ့ ကိုစိုင္းကအရင္ကလည္းထိခိုက္ထားဖူးေတာ့ ကြၽန္ေတာ္ကစိုးရိမ္ေနတာ...
အခုေတာ့ အနားယူေနတယ္လို႔ပဲ သေဘာထားထားပါ
အခု ကြၽန္ေတာ္ေစာင့္ေ႐ွာက္ရမယ့္အလွည့္ေပါ့..."

ဘုန္းမိုး မ်က္ရည္မ်ားဝဲေနေသာ္လည္း အားတင္းကာ ဝဏၰ ကို ျပံဳးၿပီးေျပာလိုက္သည္...
ဝဏၰ လည္း ဝမ္းသာအ့ံျသသြားဟန္ ၾကည့္လိုက္ၿပီး မ်က္ရည္မ်ားဝဲလာသည္...

"ကြၽန္ေတာ္ အားလံုးမွတ္မိၿပီ ကိုစိုင္း...
ကြၽန္ေတာ္ ဒီအေတာအတြင္း႐ိုင္းခဲ့မိတာေတြအတြက္ တကယ္ေတာင္းပန္ပါတယ္...
ကြၽန္ေတာ့္ကို အခုခ်ိန္ထိ ဂ႐ုစိုက္ေပးေနလို႔ တကယ္လည္းေက်းဇူးတင္ပါတယ္ ကိုစိုင္း
ဒါေပမဲ့ ေနာက္တစ္ခါေတာ့ အခုလိုမလုပ္ပါနဲ႔ေနာ္...
ကြ်န္ေတာ္ ေသရမယ္ဆိုရင္လည္း မေၾကာက္ပါဘူး"

"ကေလး...
ကိုယ့္အတြက္ေတာ့ မင္းက အရာရာပဲေလ...
ကေလးကို ကိုယ္ထပ္ၿပီး ဆံုး႐ွႉံးမခံႏိုင္ေတာ့ဘူး
ထပ္ၿပီးလည္း မခဲြခ်င္ေတာ့ဘူး...
ကိုယ္ ကေလးေဘးမွာ ဒီတိုင္းေလး ေနေနရရင္ပဲ ေက်နပ္ပါတယ္ကြာ"

ဘုန္းမိုး မ်က္ရည္မ်ား မထိန္းႏိုင္ေတာ့ပါ...
သူအားလံုးကို မွတ္မိေနၿပီျဖစ္သည္...
ေခါင္းထဲတြင္ အရာအားလံုးက မေန႔တေန႔ကလိုပင္.....

........................................................

ျမန္မာလူမ်ိဳးတို႔၏ အစဥ္အလာအတိုင္း တစ္လင္တစ္မယားစနစ္ကိုသာ က်င့္သံုးျခင္းသည္သာ အိမ္ေထာင္ေရးအတြက္ အဆင္အေျပဆံုးျဖစ္ေသာေၾကာင့္
မိန္းမသားတစ္ဦးအေနျဖင့္ ေယာက်္ားတစ္ဦး ေဖာက္ျပန္သည္မွာ မခံစားႏိုင္ဆံုး မျဖစ္ခ်င္ဆံုး အရာတစ္ခုျဖစ္သည္

အိမ္ေထာင္တစ္ခုသာယာေပ်ာ္ရႊင္ခ်ိန္တြင္
မလိုလားအပ္ေသာ အမိႈက္မ်ား ဝင္လာတတ္သည္မွာ ထံုးစံတစ္ခုလိုျဖစ္ေနတတ္သည္
ကိုယ့္ စိတ္ကိုယ္ မထိန္းႏိုင္ဘဲ အေပ်ာ္အပါးတစ္ခုမွ
အျခား ဆက္ဆက္ေသာ အရာမ်ားလိုက္လာတတ္သည္မွာ ရထားတဲြတစ္ခုလိုပင္...

မိမိ၏ စိတ္ ေခတၱခဏ ရႊင္ျမဴးေစရန္
ေပးဆပ္လိုက္ရေသာ ဘဝမ်ားစြာရိွသည္ကို
ေဖာက္္ျပန္ေသာ ေယာက်္ားမ်ား နားမလည္တတ္ၾကေပ... လူစိတ္ကုန္ခမ္း၍ လူမဆန္ေသာအေတြးမ်ား ေခါင္းထဲဝင္လာသည္ႏွင့္ အမ်ွ တစ္ေျဖးေျဖးႏွင့္ အ႐ိုင္းဆန္ေသာစိတ္မ်ားမွာ ဦးေႏွာက္ထဲတြင္သာမက ကိုယ္ခနၶာတစ္ခုလံုးကို ဗိုင္းရပ္စ္ပိုးကဲ့သို႔ ပ်ံ႕ႏွ႔ံေစလာသည္

မိမိဘဝ ေပ်ာ္ရႊင္ေကာင္းစားေရးအတြက္
သူတစ္ပါး အသိုက္ကို ဖ်က္တတ္ေသာ ေလာက၌ မေမြးလာခဲ့သင့္သည့္ မိန္းမတစ္ခ်ိဳ႕မွာလည္း
ကိေလသာ စိတ္ အျပည့္ရိွေသာ ေယာက်္ားမ်ား ဆီသို႔ ေခတၱခဏလာေရာက္ ခိုနားတတ္ေပသည္...

.....................................................

လြန္ခဲ့ေသာ 6ႏွစ္ေက်ာ္...ဘုန္းမိုး4တန္းအရြယ္တြင္

ဘုန္းမိုး၏ အေဖ ဦးေက်ာ္ႏိုင္သည္ ဥပေဒရံုးမွ ဝန္ထမ္းတစ္ဦးျဖစ္ကာ
ကံေကာင္းေထာက္မ၍ ဘုန္းမိုး 3တန္းၿပီးဆံုးခါနီးအခ်ိန္မွ စ၍ ရာထူးတိုးကာ အလုပ္အဆင္ေျပလာခဲ့သည္...
ယခင္တည္းက ဘီယာေလးတျမျမ သာမက ေလာင္းကစားတြင္ေပ်ာ္ပါးသူမို႔ ရာထူးတိုး၍ ဝင္ေငြေကာင္းလာေသာအခါ ထိန္းမႏိုင္ သိမ္းမရျဖစ္ေတာ့ေလသည္
ဘီယာမွ အရက္အဆင့္ေရာက္လာၿပီး ေလာင္းကစားဝို္င္းမ်ားတြင္ ရံုးမွျပန္သည္ႏွင့္ ရိွေနတတ္သည္...
တစ္ခါတစ္ခါ အိမ္ျပန္မလာသည့္ရက္မ်ား ရိွသျဖင့္
ဘုန္းမိုးတို႔ သားအမိႏွစ္ဦးသာ တိတ္တိတ္ဆိတ္ဆိတ္ ေနခဲ့ရသည့္ ဝမ္းနည္းဖြယ္ညမ်ားလည္း ရိွေနတတ္သည္...

ထိုေလာင္းကစားဝိုင္းမ်ားမွ ေဒၚႏွင္းျဖဴ ဆိုသည့္ အမိ်ဳးသမီးမွာ
႐ုပ္ရည္အသင့္အတင့္ႏွင့္ ေခတ္ဆန္ဆန္ေနတတ္ထိုင္တတ္သူျဖစ္သျဖင့္ ဦးေက်ာ္ႏိုင္ သတိထားမိသည္... အသက္ခ်င္းလည္း သိပ္မကြာေပ..
32ဝန္းက်င္သာ ရိွေသးသည္...
ထိုမိန္းမတြင္လည္း ေယာက်္ားႏွင့္ သားတစ္ေယာက္ရိွေသးသည္...

သို႔ေသာ္ တစ္ေျဖးေျဖးႏွင့္ ဦးေက်ာ္ႏိုင္ႏွင့္ ေဒၚႏွင္းျဖဴတို႔မွာ ေန႔တိုင္းေတြ႔ျမင္ေနေသာ အခါ
အကုသိုလ္ သတၱဝါအခ်င္းခ်င္းဆံုေတြ႔ၾကသည့္အလား
ေပ်ာ္ရႊင္မဆံုးျဖစ္ေနေတာ့သည္...
ေဖာက္ျပန္တတ္ေသာ သူမ်ားမွာ ရံြစရာသတၱဝါမ်ားျဖစ္ၾကေသာ္လည္း
သူတို႔ႏွစ္ဦးအား အားေပးအားေျမႇာက္ျပဳၾကေသာ သူမ်ားရိွႏိုင္ေသးသည္

"ကိုယ္...ကိုယ္ မို႔လို႔လုပ္ရက္တယ္ေနာ္...
အဲ့ဒီမိန္းမက မိ ထက္ဘာေတြမ်ားသာေနလို႔လဲ...ဟင္...
ကိုယ့္သားေလး မ်က္ႏွာကို ကိုယ္နည္းနည္းမွ မေထာက္ေတာ့ဘူးလား...
သူႀကိဳးဆဲြရာကို ကိုယ္ကေတာ့မွာလား...."

ေဒၚမိမိဦး ေယာက်္ားျဖစ္သူ ဦးေက်ာ္နိုင္ ကို မခံမရပ္ႏိုင္ျဖစ္ကာေျပာလိုက္သည္

"ေအး...ငါဘာမွသိပ္မေျပာခ်င္ဘူး
ဒါေပမဲ့.. သူနဲ႔မင္းနဲ႔က နံ႔သာဆီနဲ႔အီးလိုပဲကြ သိလား"
အရက္ေလး တျမျမျဖစ္ၿပီး အာေလးလ်ွာေလးသံႏွင့္
မိန္းမကို လက္ညိဳွးေငါက္ေငါက္ထိုးကာေျပာလိုက္သည္

"ဘာ... နင္က ငါ့လို မိန္းမမ်ိဳးကို နင္မို႔လို႔လုပ္ရက္တယ္သိလား
ငါက ဘဲြ႔ရပညာတတ္တစ္ေယာက္... ငါ့မိသားစုကလည္း ဟိုးေအာက္ေျခကလူေတြ အဆင့္အတန္းနိမ့္တဲ့သူေတြလည္းမဟုတ္ဘူး...
နင္ဒီေလာက္ထိ ယုတ္မာေအာက္တန္းက်ေနတဲ့ လုပ္ရပ္ေတြလုပ္ေနတာေၾကာင့္ ငါေရာ ငါ့မိသားစုေရာ သိကၡာက်တယ္...
နင္မ႐ွက္ေပမဲ့ ငါတို႔႐ွက္တယ္ ေက်ာ္ႏိုင္
အဲ့မိန္းမက ငါ့ထက္ဘာမ်ားသာတာရိွလို႔လဲ...
ေလသံကိုက ေညႇာင္နာနာနဲ႔ ဆယ္တန္းေတာင္မေအာင္တဲ့ -ာသာသာခ်ဴစားတဲ့ မိန္းမကို နင္မုို႔လို႔ မရံြမ႐ွာ...
နင့္အစား ငါရံြတယ္... သူ႔မွာလည္း ေယာက်္ားနဲ႔ ကေလးနဲ႔မလား
လူတကာနဲ႔ ျဖစ္ခ်င္တိုင္းျဖစ္ ေနတဲ့ မိန္းမကိုမ်ား...
ငါ႐ွာေပးမယ္ နင္ေဖာက္ျပန္ခ်င္ရင္...
ဒီမိန္းမနဲ႔ေတာ့ မေဖာက္ျပန္စမ္းပါနဲ႔ဟာ...သူ႔ထက္သာတဲ့သူေတြတစ္ပံုႀကီးပါ...
သူ႔ထက္သာတဲ့ မိန္းမငါ႐ွာေပးပါ့မယ္ ေက်ာ္ႏိုင္ရဲ႕..."

"ထီြ.... မလိုဘူး...
သူပဲလိုတယ္... သူရိွရင္ ငါေက်နပ္တယ္...
သူကပဲ ငါ့ကို စိတ္ခ်မ္းသာေအာင္ထားႏိုင္တယ္
မင္းလိုမဟုတ္ဘူး..."
ေျပာရင္းဆိုရင္း ဖုန္းကို ထုတ္လိုက္သည္

"ဟဲလို... ႏွင္းလား...
အခု Palace Hotelကို လာခဲ့ကြာ..
အရမ္းလြမ္းေနၿပီ....
ဒီမွာ နားေတြကို ညည္းလို႔...
ႏွင္းေလးနဲ႔ ေတြ႔မွ စိတ္ခ်မ္းသာရမွာေလ...
အခု လာခဲ့ကြာ ကိုယ္ေစာင့္ေနမယ္..."
ထိုသို႔ အရဲြ႔တိုက္ေျပာဆိုကာ ေဒၚမိမိဦးေ႐ွ႕မွ ထြက္သြားေသာ ဦးေက်ာ္ႏိုင္ကို ေဒၚမိမိဦး အ့ံျသ၍ မဆံုးေပ...

စီးက်မွန္းမသိေသာ မ်က္ရည္စမ်ားက ဘုန္းမိုးထံသို႔ပါ ကူးစက္သြားေလသည္...
ဘုန္းမိုးသည္ 4တန္း အသက္10ႏွစ္အရြယ္ႏွင့္ မမ်ွေအာင္ မိခင္အေပၚသိတတ္သူပီပီ က်ဆင္းေနေသာ မိခင္၏ ပါးျပင္ထက္မွ မ်က္ရည္မ်ားကို သုတ္ေပးလိုက္ေသးသည္

အသက္အရြယ္ ငယ္ေသးလွေသာ္လည္း
မိခင္ ႏွင့္ ထိေတြ႔မႈ မ်ားသျဖင့္
မိခင္မႀကိဳက္တာလုပ္ရမည္ မိခင္စိတ္မေကာင္းျဖစ္ရမည္ကို ေသမတတ္ေၾကာက္ေသာ ကေလးေလး ျဖစ္သည္
အျမဲတမ္း မိခင္ကို အေဖာ္ျပဳေပးရင္း ဖခင္၏ ရက္စက္မႈကို
မသိဟန္ေဆာင္ထားသူသာ ျဖစ္သည္

ေယာက်္ား၏ ေဖာက္ျပန္မႈကို ခံရေသာ မိန္းမသာတစ္ဦး၏ ခံစားခ်က္ကို မိန္းမသားတစ္ဦးကသာ ခံစားေပးႏိုင္မည္...
ရင္ထဲတြင္ ေဒါသလိႈင္းမ်ား လႈပ္ခတ္ေနေသာေၾကာင့္ တုန္ယင္လာသည့္အသံတို႔မွာ အားေပ်ာ့လာေတာ့သည္...

ညဘက္အခ်ိန္မေတာ္မွ ျပန္လာသည့္ ေယာက်္ားတစ္ေယာက္ကို
သားႏွင့္အတူ ေစာင့္ခဲ့ရေသာ ရက္မ်ားမွာ မေရမတြက္ႏိုင္ေတာ့...

ယခင္က သံုးေယာက္သား လက္ဆံုစား၍
ေပ်ာ္ရႊင္ခဲ့ရသည့္ မိသားစုထမင္းဝိုင္းမွာ
ယခု သားအမိႏွစ္ေယာက္တည္း တိတ္ဆိတ္စြာ စားေသာက္ေနရေတာ့သည္...

ဖခင္ အိမ္ျပန္လာမည္ကို ေမ်ွာ္ေနေသာ သားတစ္ေယာက္ကို
မိခင္ကသာ ေခ်ာ့ေမာ့ေပးႏို္င္မည္ျဖစ္သည္...

သားအမိႏွစ္ဦး ဖက္၍ ငိုခဲ့ရသည့္ညေပါင္းမွာလည္း မေရမတြက္ႏိုင္ေတာ့...

သားေလးမွာ ႏူးညံ့၍ စိတ္ထိခိုက္လြယ္သူ တစ္ဦးမွန္းသိေသာ မိခင္မွာ သားေလးစိတ္ဒဏ္ရာ ရမည္ကို စိုးရိမ္သျဖင့္
ေဖာက္ျပန္ေသာ ေယာက်္ားတစ္ဦးကို သိလ်က္ႏွင့္ ဆက္လက္ေပါင္းသင္းေနေသာ ေန႔ေပါင္းမ်ားစြာ.....

.................................................

တစ္ရက္ျခားတစ္ခါUpdateပါ့မယ္ခင္ဗ်😁😁🖤

#L👀

#Unicode

"ဟာ..."
မင်းခန့် အလွန်ပင်အံ့သြမှင်သက်သွားရသည်
ဒါလီနွယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဒီလိုပုံစံ လုပ်ပြမည်ကို
သူတစ်ခုမှ  မစဉ်းစားဖူးပါ...

"ဒါလီ... နင်ဘာလုပ်တာလဲ
နင့်ပုံစံကို အခုချက်ချင်းပြင်လိုက်နော်"

"ဟင့်....နင့်ကိုမှ ငါမပိုင်ရတော့လည်း
နင့်ကို ဘယ်သူ့လက်ထဲကိုမှ ငါမထည့်နိုင်တော့ဘူး...
မင်းခန့်ရယ်...ငါနင့်ကိုချစ်လို့ပါဟာ"
ဒါလီနွယ် ဝမ်းနည်းသံအပြည့်ဖြင့် မင်းခန့်ရှေ့သို့ တစ်လှမ်းချင်းတိုးလာသည်
ရုတ်တရက်...

"နင် အခုတော်တော့...
ဒါလီနွယ် ငါနင့်ကို ဆက်ပြီးမကူညီနိုင်တော့ဘူး
ငါ့ကိုယ်ငါလည်းလိပ်ပြာမသန့်တော့ဘူး..."
မိုးရိပ် သူတို့နှစ်ဦးရှေ့သို့ရောက်လာပြီး
ဒါလီနွယ်ကို မနှစ်မြို့သောအကြည့်ဖြင့် ပြောလိုက်သည်
ထို့နောက် မင်းခန့်ကို တစ်ချက်ကြည့်လိုက်ပြီး

"ဒီလမ်းက လူသွားလာရှင်းတယ်ဆိုပေမဲ့
မင်းခန့် နင်ဘာမှမစိုးရိမ်နဲ့
တစ်ခုခုဖြစ်ရင် ငါရှိတယ် လာသွားမယ်"
မိုးရိပ် မင်းခန့်လက်ကို ဆွဲကာ ဆိုင်ကယ်မောင်းခိုင်းလိုက်သည်
သူမလည်း ဆိုင်ကယ်မောင်းပြီး နှစ်ယောက်လုံး ထိုနေရာမှ ထွက်သွားကြတော့သည်

"ဟက်ဟက်...ဟား.....
နင်တို့ငါ့ကို...ဟက်..တစ်ယောက်တည်းထားခဲ့တယ်ပေါ့
ဟားဟား... ငါက ဒါလီနွယ်နော်...ဘယ်လိုမိန်းမမျိုးထင်နေလို့လဲ..."
လေသံမာမာဖြင့် ပြုံးကာပြောလိုက်သော်လည်း တစ်ဖြည်းဖြည်းနှင့်
"ဟင့်...ငါ့ကို မထားခဲ့ကြပါနဲ့ဟာ...
မင်းခန့် နင်မရှိဘဲ ငါဘယ်လိုနေရမှာလဲဟာ...
နင့်ကိုငါ သိပ်ချစ်တာလေ...
ငါ့ကိုမှ ဘာလို့ရက်စက်သွားရတာလဲ မင်းခန့်ရာ..."

စိမ်းစိုနေသော သစ်ပင်ကြီး၏အောက်တွင် ဒါလီနွယ် လဲကျသွားကာ
ဆိုင်ကယ်မောင်းရင်း တစ်ရွေ့ရွေ့ ထွက်သွားသော မင်းခန့်ကို ကြည့်ရင်း မျက်ရည်များဖြင့်သာ ကျန်ခဲ့တော့သည်...

အချစ်ချင်း ထပ်တူကျသောအခါ
ပျော်ရွှင်ကြည်နူးစရာများဖြင့် ပြည့်နှက်နိုင်သော်လည်း
အချစ်ချင်း ထပ်တူမကျသောအခါ
တစ်ဖက်သတ် ချစ်ရသူမှာ သောကပင်လယ်ဝေ နိုင်ပါသည်🍁

ချစ်ချင်းမေတ္တာကို တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်သည့် အခါ
အချစ်လွန်ကြသူများ တစ်ဖက်သတ်ဆန်သူများမှာ
အချစ်များဖြင့် အနိုင်ရရှိသည်ဟု ထင်ရသည်
သို့သော်
"အတ္တ" ကို "အချစ်" ဟု ခေါင်းစဉ်တပ်ပြီး
ပိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းသော အခါ၌
ဖြူစင်သန့်ရှင်းသော ချစ်ခြင်းမေတ္တာမှာ
အရောင်အမျိုးမျိုးပြောင်းလဲသွားနိုင်ပြီး
နှစ်ဦးနှစ်ဖက်စလုံးအတွက် နစ်နာဆုံးရှူံးမှုများကိုသာ
တစ်သက်လုံး ဖြစ်တည်စေမည် ဖြစ်သည်...🍁

........................................................

"နင်ငါ့ကို ခွင့်မလွှတ်လည်းရပါတယ်
ဒါပေမဲ့ ငါမကူညီသင့်တာကို ကူညီမိတယ်ဆိုတာ ချက်ချင်းသိလို့
လိပ်ပြာမလုံဖြစ်ပြီး ငါ့ကိုယ်ငါ ရံွမိတယ် မင်းခန့်...
ငါတကယ် တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပါ"
မိုးရိပ် ကျုံးပြင်ကျယ်ကြီးကို မျက်နှာမူပြီးပြောလိုက်သည်

"ရပါတယ်...
အခုလို မကောင်းဘူးဆိုတာချက်ချင်းသိသွားလို့ နင့်ကိုကျေးဇူးတင်ပါတယ်"

"ဒီမှာကြည့်"
မိုးရိပ်မင်းခန့်ဘက်သို့ လှည့်ပြီးဖုန်းကိုပြလိုက်သည်

ဖုန်းထဲတွင် မင်းခန့်နှင့် ဒါလီ လမ်းမကြီးပေါ်တွင်စကားပြောနေကြသော ဗီဒီယိုဖိုင်ကို မိုးရိပ် သစ်ပင်တစ်ပင်၏ အနောက်မှ ကွယ်၍ရိုက်ထားခြင်းဖြစ်သည်
ဗီဒီယို ထဲတွင် မင်းခန့် ဆိုင်ကယ်ပေါ်တက်ရန် ဒါလီရှေ့မှ ထွက်သွားချိန်၌ ဒါလီသည် သူမ၏ဆံပင်များကိုဖွလိုက်ပြီး နှုတ်ခမ်းကိုလက်ဖမိုးနှင့် သုတ်လိုက်ပြီး အကျီၤကြယ်သီးနှစ်လုံးကိုချက်ချင်းဖြုတ်လိုက်သည်မှာ ထင်ရှားနေပေသည်...

"ဒါကြောင့် နင်ဘာမှစိတ်မပူပါနဲ့ မင်းခန့်"
"အေးပါဟာ..ကျေးဇူးပဲ"

...................................................

မည်မျှကြာအောင် အိပ်ပျော်သွားမှန်းမသိသောကြောင့်
ခေါင်းတစ်ခုလုံး အုံခဲနေရသည်
ပြတင်းပေါက်မှ လာသော နေရောင်ခြည်အလင်းတန်းတို့ကလည်း
မျက်လုံး နှစ်လုံးသို့ ဦးတည်နေသဖြင့် ဖွင့်ရန်အလွန်ခက်ခဲလှသည်
ခြောက်သွေ့နေသော နှုတ်ခမ်းများကလည်း ရေကိုအရေးတကြီးလိုအပ်နေပေသည်
ဘယ်ဘက်လက်မှ တဆစ်ဆစ်နှင့်ကိုက်ခဲမှုမှာလည်း
ပင်ပန်းလွန်းစေသည်

မျက်လုံးနှစ်လုံးဖွင့်ရန် ခက်ခဲလှသော်လည်း အားတင်း၍ကြိုးစားဖွင့်ကြည့်လိုက်သောအခါ နေရောင်ခြည်တို့က တန်းတန်းလာရောက်နေသည်
နာကျင်နေသော ဒဏ်ရာကြောင့်မထချင်ဖြစ်နေရသော်လည်း
ကြိုးစား၍ထလိုက်သောအခါ...

ငယ်ငယ် ကလေးဘဝတုန်းက ကဲ့သို့ အပြစ်ကင်းပြီး ဖြူစင်လွန်းသောသူ...
နူးညံ့ဖြောင့်စင်းသော ဆံနွယ်ခွေတို့မှာ မျက်နှာပေါ်သို့ အုပ်နေပေသည်
လက်မောင်းနှစ်ဖက်ကိုပိုက်ပြီး ခေါင်းကို ကုတင်ပေါ်တင်ထားသောကလေးလေး...
ပေါ်နေသော ပါးမို့မို့တစ်ဖက်တွင် စွန်းထင်းနေသော သွေးကွက်အချို့တို့က ဖြူစင်လှသော အသားအရေကို ပိုမိုထင်ရှားနေစေသည်

ဝဏ္ဏပြုံးမိသည်...
"ကလေးရယ်...ကိုယ့်ကြောင့်နဲ့ ပင်ပန်းရပြီ"
ဝဏ္ဏ စိတ်ထဲမှတွေးပြီး ဘုန်းမိုးမျက်နှာပေါ် အုပ်နေသော ဆံနွယ်အချို့ကို သပ်တင်ပေးလိုက်သည်...

"ဟင်... ကိုစိုင်း...သတိရလာပြီလား"

သူ့မျက်လုံးနှစ်လုံးမှာ နိုးထလာသောအခါတွင်လည်း
တောက်ပမြဲတောက်ပနေသည်...
မျက်လုံးတို့၌ ဝမ်းသာစိတ်အပြည့်ဖြင့်

ဝဏ္ဏ ပြုံးပြီး ခေါင်းကိုညိတ်လိုက်သည်...

"ကိုစိုင်း ဘာမှ စိတ်မပူပါနဲ့ ဘေးမှာကျွန်တော်တစ်ယောက်လုံးရှိတယ်နော်...
ဪ ဒီမှာ ကိုစိုင်းအတွက် ကျွန်တော်စွပ်ပြုတ် ဝယ်ထားတယ်
အအေးရောပဲ အားရှိအောင်နေပြီး မြန်မြန်သက်သာရမယ်နော်...
ဆရာဝန်ကတော့ စိတ်ချရပြီပြောပေမဲ့ ကိုစိုင်းကအရင်ကလည်းထိခိုက်ထားဖူးတော့ ကျွန်တော်ကစိုးရိမ်နေတာ...
အခုတော့ အနားယူနေတယ်လို့ပဲ သဘောထားထားပါ
အခု ကျွန်တော်စောင့်ရှောက်ရမယ့်အလှည့်ပေါ့..."

ဘုန်းမိုး မျက်ရည်များဝဲနေသော်လည်း အားတင်းကာ ဝဏ္ဏ ကို ပြုံးပြီးပြောလိုက်သည်...
ဝဏ္ဏ လည်း ဝမ်းသာအ့ံသြသွားဟန် ကြည့်လိုက်ပြီး မျက်ရည်များဝဲလာသည်...

"ကျွန်တော် အားလုံးမှတ်မိပြီ ကိုစိုင်း...
ကျွန်တော် ဒီအတောအတွင်းရိုင်းခဲ့မိတာတွေအတွက် တကယ်တောင်းပန်ပါတယ်...
ကျွန်တော့်ကို အခုချိန်ထိ ဂရုစိုက်ပေးနေလို့ တကယ်လည်းကျေးဇူးတင်ပါတယ် ကိုစိုင်း
ဒါပေမဲ့ နောက်တစ်ခါတော့ အခုလိုမလုပ်ပါနဲ့နော်...
ကျွန်တော် သေရမယ်ဆိုရင်လည်း မကြောက်ပါဘူး"

"ကလေး...
ကိုယ့်အတွက်တော့ မင်းက အရာရာပဲလေ...
ကလေးကို ကိုယ်ထပ်ပြီး ဆုံးရှှူံးမခံနိုင်တော့ဘူး
ထပ်ပြီးလည်း မခွဲချင်တော့ဘူး...
ကိုယ် ကလေးဘေးမှာ ဒီတိုင်းလေး နေနေရရင်ပဲ ကျေနပ်ပါတယ်ကွာ"

ဘုန်းမိုး မျက်ရည်များ မထိန်းနိုင်တော့ပါ...
သူအားလုံးကို မှတ်မိနေပြီဖြစ်သည်...
ခေါင်းထဲတွင် အရာအားလုံးက မနေ့တနေ့ကလိုပင်.....

........................................................

မြန်မာလူမျိုးတို့၏ အစဉ်အလာအတိုင်း တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးခြင်းသည်သာ အိမ်ထောင်ရေးအတွက် အဆင်အပြေဆုံးဖြစ်သောကြောင့်
မိန်းမသားတစ်ဦးအနေဖြင့် ယောကျ်ားတစ်ဦး ဖောက်ပြန်သည်မှာ မခံစားနိုင်ဆုံး မဖြစ်ချင်ဆုံး အရာတစ်ခုဖြစ်သည်

အိမ်ထောင်တစ်ခုသာယာပျော်ရွှင်ချိန်တွင်
မလိုလားအပ်သော အမှိုက်များ ဝင်လာတတ်သည်မှာ ထုံးစံတစ်ခုလိုဖြစ်နေတတ်သည်
ကိုယ့် စိတ်ကိုယ် မထိန်းနိုင်ဘဲ အပျော်အပါးတစ်ခုမှ
အခြား ဆက်ဆက်သော အရာများလိုက်လာတတ်သည်မှာ ရထားတွဲတစ်ခုလိုပင်...

မိမိ၏ စိတ် ခေတ္တခဏ ရွှင်မြူးစေရန်
ပေးဆပ်လိုက်ရသော ဘဝများစွာရှိသည်ကို
ဖောက််ပြန်သော ယောကျ်ားများ နားမလည်တတ်ကြပေ... လူစိတ်ကုန်ခမ်း၍ လူမဆန်သောအတွေးများ ခေါင်းထဲဝင်လာသည်နှင့် အမျှ တစ်ဖြေးဖြေးနှင့် အရိုင်းဆန်သောစိတ်များမှာ ဦးနှောက်ထဲတွင်သာမက ကိုယ်ခန္ဓာတစ်ခုလုံးကို ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့န့ှံစေလာသည်

မိမိဘဝ ပျော်ရွှင်ကောင်းစားရေးအတွက်
သူတစ်ပါး အသိုက်ကို ဖျက်တတ်သော လောက၌ မမွေးလာခဲ့သင့်သည့် မိန်းမတစ်ချို့မှာလည်း
ကိလေသာ စိတ် အပြည့်ရှိသော ယောကျ်ားများ ဆီသို့ ခေတ္တခဏလာရောက် ခိုနားတတ်ပေသည်...

.....................................................

လွန်ခဲ့သော 6နှစ်ကျော်...ဘုန်းမိုး4တန်းအရွယ်တွင်

ဘုန်းမိုး၏ အဖေ ဦးကျော်နိုင်သည် ဥပဒေရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်ကာ
ကံကောင်းထောက်မ၍ ဘုန်းမိုး 3တန်းပြီးဆုံးခါနီးအချိန်မှ စ၍ ရာထူးတိုးကာ အလုပ်အဆင်ပြေလာခဲ့သည်...
ယခင်တည်းက ဘီယာလေးတမြမြ သာမက လောင်းကစားတွင်ပျော်ပါးသူမို့ ရာထူးတိုး၍ ဝင်ငွေကောင်းလာသောအခါ ထိန်းမနိုင် သိမ်းမရဖြစ်တော့လေသည်
ဘီယာမှ အရက်အဆင့်ရောက်လာပြီး လောင်းကစားဝို်င်းများတွင် ရုံးမှပြန်သည်နှင့် ရှိနေတတ်သည်...
တစ်ခါတစ်ခါ အိမ်ပြန်မလာသည့်ရက်များ ရှိသဖြင့်
ဘုန်းမိုးတို့ သားအမိနှစ်ဦးသာ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ရသည့် ဝမ်းနည်းဖွယ်ညများလည်း ရှိနေတတ်သည်...

ထိုလောင်းကစားဝိုင်းများမှ ဒေါ်နှင်းဖြူ ဆိုသည့် အမိျုးသမီးမှာ
ရုပ်ရည်အသင့်အတင့်နှင့် ခေတ်ဆန်ဆန်နေတတ်ထိုင်တတ်သူဖြစ်သဖြင့် ဦးကျော်နိုင် သတိထားမိသည်... အသက်ချင်းလည်း သိပ်မကွာပေ..
32ဝန်းကျင်သာ ရှိသေးသည်...
ထိုမိန်းမတွင်လည်း ယောကျ်ားနှင့် သားတစ်ယောက်ရှိသေးသည်...

သို့သော် တစ်ဖြေးဖြေးနှင့် ဦးကျော်နိုင်နှင့် ဒေါ်နှင်းဖြူတို့မှာ နေ့တိုင်းတွေ့မြင်နေသော အခါ
အကုသိုလ် သတ္တဝါအချင်းချင်းဆုံတွေ့ကြသည့်အလား
ပျော်ရွှင်မဆုံးဖြစ်နေတော့သည်...
ဖောက်ပြန်တတ်သော သူများမှာ ရံွစရာသတ္တဝါများဖြစ်ကြသော်လည်း
သူတို့နှစ်ဦးအား အားပေးအားမြှောက်ပြုကြသော သူများရှိနိုင်သေးသည်

"ကိုယ်...ကိုယ် မို့လို့လုပ်ရက်တယ်နော်...
အဲ့ဒီမိန်းမက မိ ထက်ဘာတွေများသာနေလို့လဲ...ဟင်...
ကိုယ့်သားလေး မျက်နှာကို ကိုယ်နည်းနည်းမှ မထောက်တော့ဘူးလား...
သူကြိုးဆွဲရာကို ကိုယ်ကတော့မှာလား...."

ဒေါ်မိမိဦး ယောကျ်ားဖြစ်သူ ဦးကျော်နိုင် ကို မခံမရပ်နိုင်ဖြစ်ကာပြောလိုက်သည်

"အေး...ငါဘာမှသိပ်မပြောချင်ဘူး
ဒါပေမဲ့.. သူနဲ့မင်းနဲ့က နံ့သာဆီနဲ့အီးလိုပဲကွ သိလား"
အရက်လေး တမြမြဖြစ်ပြီး အာလေးလျှာလေးသံနှင့်
မိန်းမကို လက်ညိုှးငေါက်ငေါက်ထိုးကာပြောလိုက်သည်

"ဘာ... နင်က ငါ့လို မိန်းမမျိုးကို နင်မို့လို့လုပ်ရက်တယ်သိလား
ငါက ဘွဲ့ရပညာတတ်တစ်ယောက်... ငါ့မိသားစုကလည်း ဟိုးအောက်ခြေကလူတွေ အဆင့်အတန်းနိမ့်တဲ့သူတွေလည်းမဟုတ်ဘူး...
နင်ဒီလောက်ထိ ယုတ်မာအောက်တန်းကျနေတဲ့ လုပ်ရပ်တွေလုပ်နေတာကြောင့် ငါရော ငါ့မိသားစုရော သိက္ခာကျတယ်...
နင်မရှက်ပေမဲ့ ငါတို့ရှက်တယ် ကျော်နိုင်
အဲ့မိန်းမက ငါ့ထက်ဘာများသာတာရှိလို့လဲ...
လေသံကိုက ညှောင်နာနာနဲ့ ဆယ်တန်းတောင်မအောင်တဲ့ -ာသာသာချူစားတဲ့ မိန်းမကို နင်မို့လို့ မရံွမရှာ...
နင့်အစား ငါရံွတယ်... သူ့မှာလည်း ယောကျ်ားနဲ့ ကလေးနဲ့မလား
လူတကာနဲ့ ဖြစ်ချင်တိုင်းဖြစ် နေတဲ့ မိန်းမကိုများ...
ငါရှာပေးမယ် နင်ဖောက်ပြန်ချင်ရင်...
ဒီမိန်းမနဲ့တော့ မဖောက်ပြန်စမ်းပါနဲ့ဟာ...သူ့ထက်သာတဲ့သူတွေတစ်ပုံကြီးပါ...
သူ့ထက်သာတဲ့ မိန်းမငါရှာပေးပါ့မယ် ကျော်နိုင်ရဲ့..."

"ထွီ.... မလိုဘူး...
သူပဲလိုတယ်... သူရှိရင် ငါကျေနပ်တယ်...
သူကပဲ ငါ့ကို စိတ်ချမ်းသာအောင်ထားနိုင်တယ်
မင်းလိုမဟုတ်ဘူး..."
ပြောရင်းဆိုရင်း ဖုန်းကို ထုတ်လိုက်သည်

"ဟဲလို... နှင်းလား...
အခု Palace Hotelကို လာခဲ့ကွာ..
အရမ်းလွမ်းနေပြီ....
ဒီမှာ နားတွေကို ညည်းလို့...
နှင်းလေးနဲ့ တွေ့မှ စိတ်ချမ်းသာရမှာလေ...
အခု လာခဲ့ကွာ ကိုယ်စောင့်နေမယ်..."
ထိုသို့ အရွဲ့တိုက်ပြောဆိုကာ ဒေါ်မိမိဦးရှေ့မှ ထွက်သွားသော ဦးကျော်နိုင်ကို ဒေါ်မိမိဦး အ့ံသြ၍ မဆုံးပေ...

စီးကျမှန်းမသိသော မျက်ရည်စများက ဘုန်းမိုးထံသို့ပါ ကူးစက်သွားလေသည်...
ဘုန်းမိုးသည် 4တန်း အသက်10နှစ်အရွယ်နှင့် မမျှအောင် မိခင်အပေါ်သိတတ်သူပီပီ ကျဆင်းနေသော မိခင်၏ ပါးပြင်ထက်မှ မျက်ရည်များကို သုတ်ပေးလိုက်သေးသည်

အသက်အရွယ် ငယ်သေးလှသော်လည်း
မိခင် နှင့် ထိတွေ့မှု များသဖြင့်
မိခင်မကြိုက်တာလုပ်ရမည် မိခင်စိတ်မကောင်းဖြစ်ရမည်ကို သေမတတ်ကြောက်သော ကလေးလေး ဖြစ်သည်
အမြဲတမ်း မိခင်ကို အဖော်ပြုပေးရင်း ဖခင်၏ ရက်စက်မှုကို
မသိဟန်ဆောင်ထားသူသာ ဖြစ်သည်

ယောကျ်ား၏ ဖောက်ပြန်မှုကို ခံရသော မိန်းမသာတစ်ဦး၏ ခံစားချက်ကို မိန်းမသားတစ်ဦးကသာ ခံစားပေးနိုင်မည်...
ရင်ထဲတွင် ဒေါသလှိုင်းများ လှုပ်ခတ်နေသောကြောင့် တုန်ယင်လာသည့်အသံတို့မှာ အားပျော့လာတော့သည်...

ညဘက်အချိန်မတော်မှ ပြန်လာသည့် ယောကျ်ားတစ်ယောက်ကို
သားနှင့်အတူ စောင့်ခဲ့ရသော ရက်များမှာ မရေမတွက်နိုင်တော့...

ယခင်က သုံးယောက်သား လက်ဆုံစား၍
ပျော်ရွှင်ခဲ့ရသည့် မိသားစုထမင်းဝိုင်းမှာ
ယခု သားအမိနှစ်ယောက်တည်း တိတ်ဆိတ်စွာ စားသောက်နေရတော့သည်...

ဖခင် အိမ်ပြန်လာမည်ကို မျှော်နေသော သားတစ်ယောက်ကို
မိခင်ကသာ ချော့မော့ပေးနို်င်မည်ဖြစ်သည်...

သားအမိနှစ်ဦး ဖက်၍ ငိုခဲ့ရသည့်ညပေါင်းမှာလည်း မရေမတွက်နိုင်တော့...

သားလေးမှာ နူးညံ့၍ စိတ်ထိခိုက်လွယ်သူ တစ်ဦးမှန်းသိသော မိခင်မှာ သားလေးစိတ်ဒဏ်ရာ ရမည်ကို စိုးရိမ်သဖြင့်
ဖောက်ပြန်သော ယောကျ်ားတစ်ဦးကို သိလျက်နှင့် ဆက်လက်ပေါင်းသင်းနေသော နေ့ပေါင်းများစွာ.....

.................................................

တစ်ရက်ခြားတစ်ခါUpdateပါ့မယ်ခင်ဗျ😁😁🖤

#L👀

Continue Reading

You'll Also Like

181K 6.7K 38
Imperfectionist မပြည့်စုံသူတစ်ဦးရဲ့ ပြယုဂ် ငွေကြေးအရ ကုံလုံပြည့်စုံ‌စွာနေနိုင်ပေမယ့် ချစ်ခြင်းမေတ္တာအရာမှာ လိုအပ်နေသူတစ်ဦး ဘယ်လိုလူကများ ထိုလိုအပ...
1.3M 63.3K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
398K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
354K 24.2K 50
တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျ...