သူသိစေ🍁[Completed]

By LinnWathan

46.9K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ်သိမ်းပိုင်း)
Note
Note

Part 10

1.2K 60 9
By LinnWathan


#Zawgyi

"ဘုန်းမိုး...
မင်းခန့် တုန်လှုပ်စွာ အံ့သြနေသည့်ကြားမှ ဘုန်းမိုးကိုမေးလိုက်မိသည်

"မင်းကိုလေ...
မင်းရဲ့ ဘဝကို ငါအရမ်းအားကျခဲ့ရတာ ရှိုင်းမင်းခန့်...

ဘုန်းမိုး၏ လေသံမှာ  ကြောက်ရွံ့ခြင်း နာကြည်းခြင်း မုန်းတီးခြင်းများကြောင့် လေသံဖျားမှာ တုန်ခါနေရသည်...


"တော်တော့ ရှိုင်းမင်းခန့်...

"ဒီမှာ တွေ့လား...
ငါကိုယ်တိုင် မင်းကိုအဆုံးသတ်ပေးမယ် ရှိုင်းမင်းခန့်"


"ကိုယ် ရှိုင်းမင်းခန့်ပါ





အရမ်းလည်း ရွံတယ်



စိုင်းဝဏ္ဏဖြစ်နေသဖြင့် မင်းခန့်ပို၍ အံ့သြမိသွားသည်

မင်းကို ငါကိုယ်တိုင် သတ်မှာနော် ရှိုင်းမင်းခန့်"

"ကိုစိုင်းရယ်.....

"ကျေးဇူးတင်ပါတယ် ဆရာ"

ဆရာဝန်ထွက်သွားသည်နှင့်အတူ တစ်ညလုံးကိုက်ခဲနေသောခေါင်းမှာပို၍ပင် နာကျင်လာသည့်အတွက် ဘုန်းမိုး ဝဏ္ဏအနားမှာပင် ခေါင်းကိုလှဲချမိလိုက်တော့သည်.....

...............................................

"အေးအေး...အဆင်ပြေတယ်...
အိုခေ..."

"နင်လည်းဒဏ်ရာရ...
သူ့ကိုလည်း မုန်း...

................................................

"မိုးရိပ်...

"Selfieရိုက်တာပါဆို ...
အခုပို့လိုက်"




..............................................



"ဪ ရော့...
ငါရိုက်ပေးရဦးမလား"




.........................................


"ဪ... သိသွားပြီတဲ့လား
ဘာမှမဖြစ်ဘူး စိတ်ချ
ငါ ဒါလီနွယ်ပါ..."

"ဟဲလို ကိုကို ပြော..."
".........."
".........."
အရမ်းချစ်တယ်...အာဘွား"

...........................................

လူသူသွားလာနည်းသော
ထို လမ်းမကြီးထက်တွင်.....

"ဒါလီနွယ်..."
"ရှင်..."
ဒါလီနွယ်ပြန်၍ ထူးသံမှာ ချွဲပြစ်နေတော့သည်...

"ဟား.....
မိန်းမ မို့လို့ပဲ ယောက်ျားသာဆို ကိုယ်တိုင်လူသတ်မလားမသိဘူး"

"အို... ကိုကိုကလည်း...
သဲ ဘာလုပ်လို့လဲ..."
ဝန်ခံနေသော မျက်နှာထားနှင့်မလိုက်ဖက်သော မနှစ်မြို့ဖွယ်အမူအရာများကြောင့် မင်းခန့်နှာခေါင်းရှူံ့မိသည်...

"အခုဆိုရင်...
လာ...သဲဗိုက်ဆာနေပြီ..."

"ဖြန်း..."

ဖြူဖွေးနူးညံ့သော ပါးမို့မို့ထက် ယောက်ျားတစ်ယောက်၏ အားကြောင့် နီရဲနေသော လက်ဖဝါးရာ ကြီးမှာအထင်းသားပင်



"ဟက် ဟက်...
နင့်ကို ငါပဲပိုင်စေရမယ် ရှိုင်းမင်းခန့်...
ဟင်း ဟင်း...ဟား........"

ကြောက်ရွံဖွယ်ရာ ရယ်သံမှာ ဒါလီနွယ်ဆီမှ ထွက်လာ၍

"မင်းခန့်..."

နူးညံ့နက်မှောင်သော ဆံပင်များမှာ ဖွာလန်ကြဲနေပီး
သေသပ်စွာ ဝတ်ဆင်ထားသော မြန်မာအကျီင်္မှာ အပေါ် ကြယ်သီး2လုံးပြုတ်နေပြီး
နှုတ်ခမ်းဘေးတွင် ပေကျံနေပြီး မျက်ရည်လည်ရွှဲဖြင့်ကြည့်နေသော ဒါလီနွယ်ကို မင်းခန့်တွေ့လိုက်ရတော့သည်.....

#L👀

#Unicode

"ဘုန်းမိုး...
ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုပြောဦးလေ..."
မင်းခန့် တုန်လှုပ်စွာ အ့ံသြနေသည့်ကြားမှ ဘုန်းမိုးကိုမေးလိုက်မိသည်

"မင်းကိုလေ...
ငါ...ငါအရမ်းယုံကြည်ခဲ့တာ
အရမ်းလည်း လေးစားခဲ့တာ
မင်းရဲ့ ဘဝကို ငါအရမ်းအားကျခဲ့ရတာ ရှိူင်းမင်းခန့်...
အခု ငါအရမ်းသဘောကျတဲ့သူက လူသတ်သမားဖြစ်နေမယ်ဆိုတာ
ငါတစ်ခါမှ မတွေးဖူးဘူး...
ငါ့ကို အဲ့လောက်တောင်သေစေချင်နေတာလားကွာ...ဟင်....
ငါ မင်းအပေါ်ကို ဘာအပြစ်တွေများလုပ်ထားခဲ့လို့လဲ"

ဘုန်းမိုး၏ လေသံမှာ  ကြောက်ရံွ့ခြင်း နာကြည်းခြင်း မုန်းတီးခြင်းများကြောင့် လေသံဖျားမှာ တုန်ခါနေရသည်...

"ကိုယ်က မင်းကို ဘာလို့သေစေချင်မှာလဲ...
ကိုယ်အရမ်းချစ်ရတဲ့ မင်းကို ကိုယ်ကဘာလို့...."
မင်းခန့် နှုတ်ဖျားမှ စကားသံများမှာ ဘုန်းမိုးကိုချစ်သောစိတ်အပြည့်ဖြင့် ပြောသောစကားများဖြစ်သော်လည်းဘုန်းမိုး၏ တုံ့ပြန်မှုမှာ...

"တော်တော့ ရှိူင်းမင်းခန့်...
အဲ့ဒီစကားကို ပြောရအောင် မင်းကဘာကောင်မို့လို့လဲ...
မင်းအခုချက်ချင်း မသေချင်သေးရင် မင်းပါးစပ်ကိုပိတ်ထား"
ဘုန်းမိုး မင်းခန့်ကိုစိုက်ကြည့်ပြီး အံကိုစေ့စေ့ကြိတ်ကာပြောလိုက်သည်
တစ်ပြိုင်တည်း အိတ်ကပ်ထဲထည့်ထားသောဖုန်းကိုပါထုတ်လိုက်သည်

"ဒီမှာ တွေ့လား...
အေး ဒါသက်သေပဲ မင်းကိုတော့ငါထောင်မချဘူး
ငါကိုယ်တိုင် မင်းကိုအဆုံးသတ်ပေးမယ် ရှိူင်းမင်းခန့်"

ဖုန်းကို မင်းခန့်မျက်နှာရှေ့တွင်ကပ်ထားလိုက်၍ ဖွင့်ထားသောappမှာ message boxဖြစ်နေသည်
ဖုန်းကိုထောင်ပြထားသော ဘုန်းမိုး၏လက်တွင်လည်း နီရဲခြောက်သွေ့နေသော သွေးများကို မင်းခန့် အခုမှ သေချာမြင်မိသဖြင့် ပို၍ လန့်သွားသည်.....
ချက်ချင်းပင် ဖုန်းကို ယူကြည့်လိုက်သောအခါ

"ကိုယ် ရှိူင်းမင်းခန့်ပါ
ဒီည ညီနဲ့တွေ့ချင်တယ်ညီ 8နာရီလောက်
အောင်သုခ လမ်းမကြီးနားမှာ စောင့်နေပါ
ကို ဆိုင်ကယ်နဲ့အဲ့ဒီကို လာခေါ်မယ်"

"ညီ ဆက်ဆက်လာခဲ့နော် ကိုယ်စောင့်နေမယ်"
ဟူသော စာနှစ်စောင်မှာ 5မိနစ်လောက်သာခြား၍ ရောက်နေသည်ကိုတွေ့လိုက်ရသည်
Dateကိုပါ ကြည့်လိုက်သောအခါ မနေ့ညကDateမှန်းသေချာနေသည်

ဘုန်းမိုး မင်းခန့်လက်ထဲမှ ဖုန်းကို ချက်ချင်းဆွဲယူလိုက်ပြီး
မင်းခန့်ကို ဘာမှမပြောဘဲ ကြည့်နေသည်
အမြဲသွေးရောင်လွှမ်းသော နှုတ်ခမ်းများမှာ ဖြူနေသလို
မျက်နှာတစ်ပြင်လုံး ဒေါသထွက်နေသဖြင့်နီရဲနေသည်
မျက်လုံးမှာ မျက်ရည်အပြည့်ဖြစ်သော်လည်း နာကျင်မှုများကို မင်းခန့်ထင်ရှားစွာတွေ့နေရသည်...

ဝတ်စုံကို သေချာကြည့်မိသောအခါ ထိုHoodieနှင့် ဘောင်းဘီရှည်မှာ မင်းခန့်ကိုယ်တိုင်ဝယ်ပေးထားသည့် လက်ဆောင်...
နောက်တစ်ခါ အပြင်မှာတွေ့လျှင် ညဖက်မှ အေးအေးဆေးဆေးတွေ့ကြမည်ဖြစ်ပြီး ထိုဝတ်စုံကိုဝတ်လာရန် ပြောထားခဲ့ သည့် ပုံရိပ်များမှာ မင်းခန့်ခေါင်းထဲသို့ တရစပ်ဝင်လာတော့သည်...

ထိုနေ့ညတွင် ဘုန်းမိုးကို "အရမ်းချစ်တယ်" ဟု ပြောရန် စိတ်ထဲတွင်အားတင်းထားပြီး ထိုဝတ်စုံနှင့် အလွန်ပင်ချစ်စရာကောင်းသော ဘုန်းမိုးအား သူ့ရင်ခွင်ထဲသို့ အပြီးအပိုင်ဆွဲသွင်းထားမည့် ပုံရိပ်များကို စိတ်ကူးယဉ်ကာ မျှော်လင့်ထားခဲ့ရသော်လည်း
ယခုလို သူ့ကို နီရဲနေသောမျက်လုံး မာကျောနေသော မျက်နှာထားများနှင့် သွေးအချို့ပေကျံနေသော ပုံရိပ်မှာ သူ့မျက်စိရှေ့တည့်တည့်တွင် ဖြစ်ပျက်လာမည်ဟု မင်းခန့်လုံးဝထင်မှတ်မထားခဲ့ပေ...
အခြေအနေမှာ ပြောင်းပြန်ဖြစ်ရုံသာမက အလွန်ပင်ဆိုးရွားလွန်းနေတော့သည်ကို မင်းခန့်မယုံကြည်နိုင်...

"မင်းဘာတွေများ ငြင်းဦးမှာလဲဟင်...
ငါမင်းကို အရမ်းကြောက်တာပဲ
အရမ်းလည်း စိတ်ပျက်တယ်
အရမ်းလည်း ရံွတယ်
မင်းငါ့မျက်စိရှေ့မှာ မပေါ်လာစေနဲ့"

ဘုန်းမိုး၏ ဒေါသသံများ ပြေလျော့သွားဟန်မရှိသော်လည်း
နေမကောင်းသူ တစ်ယောက်ကဲ့သို့ အားမရှိတော့ချေ
ထို့နောက် ဘုန်းမိုး မင်းခန့်ရှေ့မှ မျက်ရည်များဖြင့်လှည့်ထွက်သွားတော့သည်...

ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး ထွက်သွားသူကို
မင်းခန့်အပြစ်မတင်ရက်ပေ...
စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း
ဘုန်းမိုး သူ့ကို အထင်လွဲနေသည်မှာ သေချာနေပါသည်
ထို့ကြောင့် ဘုန်းမိုးနောက်မှ လေးလံသောခြေလှမ်းများဖြင့် မင်းခန့်လိုက်သွားမိသည်

အဆောင်တစ်ခုရှေ့ရောက်သောအခါ
ဘုန်းမိုး၏ ခြေလှမ်းများ တုံ့ဆိုင်းသွားမိတော့သည်
ကုတင်ပေါ်၌ လဲလျောင်းနေသူမှာ
စိုင်းဝဏ္ဏဖြစ်နေသဖြင့် မင်းခန့်ပို၍ အ့ံသြမိသွားသည်

"မင်းကြောင့် ငါ့အကို တစ်ခုခုဖြစ်သွားရင်တော့
ငါမင်းကို လုံးဝခွင့်မလွှတ်ဘူး
မင်းကို ငါကိုယ်တိုင် သတ်မှာနော် ရှိူင်းမင်းခန့်"
ထိုစကားကို ဘုန်းမိုးပြောခဲ့ခြင်းမှာ အကြောင်းရင်းခိုင်မာစွာရှိသည်ကိုမင်းခန့် ချက်ချင်းပင် သဘောပေါက်သွားသည်...
သို့သော်... ဘာအကြောင်းကြောင့်သူ့ကို စွပ်စွဲနေသည်ကို သူနားလည်၍မရနိုင်...
ထို့ကြောင့် မင်းခန့်ချက်ချင်းပင် ပြန်လှည့်ထွက်မိသည်...

"ကိုစိုင်းရယ်.....
သေစေနိုင်လောက်တဲ့ ဒဏ်ရာမဟုတ်ပေမဲ့...
ကျွန်တော်အရမ်းစိတ်ပူနေတယ်...ကိုစိုင်းဘယ်ဘက်လက်က..."

"ကျွန်တော်တို့ ဓာတ်မှန်ရိုက်ကြည့်တော့ ဟုတ်တယ်ခင်ဗျ
ဒီမှာအရိုးထိထားတာပါ...အရင်ကလည်း
ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးလို့ အခုအဲ့ဒီနေရာကိုမှ ဓားထိတာဆိုတော့ သွေးထွက်လွန်တယ်...
သွေးထွက်လွန်ပြီး သွေးအားနည်းသွားတာကြောင့် သတိမရသေးတာပါ... ကျွန်တော်တို့ ဒဏ်ရာကိုချုပ်ပြီးဆေးထည့်ပေးတာပါတယ်...
ဆေးလည်းသွင်းထားတာကြောင့် မကြာခင် သတိရလာမှာပါ
သိပ်လည်းစိတ်မပူပါနဲ့ သူနာပြုတွေကို အလှည့်ကျစောင့်ခိုင်းထားတာကြောင့် အိမ်ပြန်ပြီးလုပ်စရာရှိတာ လုပ်နိုင်ပါတယ်ခင်ဗျ"
သဘောကောင်းပြီးအပြောချိုသော ဆရာဝန်ကြီးကြောင့် ဘုန်းမိုးစိတ်အေးသွားရတာတော့အမှန်ပင်..
"ကျေးဇူးတင်ပါတယ် ဆရာ"

ဆရာဝန်ထွက်သွားသည်နှင့်အတူ တစ်ညလုံးကိုက်ခဲနေသောခေါင်းမှာပို၍ပင် နာကျင်လာသည့်အတွက် ဘုန်းမိုး ဝဏ္ဏအနားမှာပင် ခေါင်းကိုလဲှချမိလိုက်တော့သည်.....

...............................................

"အေးအေး...အဆင်ပြေတယ်...
သူအခုထိ ကျောင်းမလာသေးပုံရတော့ တော်တော်ထိသွားတယ်ထင်တယ်
ဟားဟား...အေးပါ ညနေကျမှ နင့်ကိုရော နင့်အကိုကိုပါခေါ်ခဲ့
အိုခေ..."
ဒါလီနွယ် မျက်နှာမှာ မှိုရသကဲ့သို့ ပြုံးဖြီးနေပြီဖြစ်သည်...

"နင်လည်းဒဏ်ရာရ...
သူ့ကိုလည်း မုန်း...
ဟားဟား...ဒီနေ့ကငါအပျော်ဆုံးပဲ"
မန္တလေးကွန်ပျူတာတက္ကသိုလ်ကြီး၏ လှပမှုများမှာ
ဒါလီနွယ်ကြောင့် အကျည်းတန်ရုပ်ဆိုးသွားလေသလား...

................................................

"မိုးရိပ်...
နင်မနေ့က ငါ့ဖုန်းကိုဘာလုပ်ဖို့ယူတာလဲ..."
ရတနာပုံတက္ကသိုလ် ပိတောက်လမ်းတွင် မင်းခန့် မိုးရိပ်ကို မသင်္ကာမျက်လုံးများဖြင့် မေးနေသည်ကို မိုးရိပ်သတိထားမိလိုက်သည်

"Selfieရိုက်တာပါဆို ...
နင်ငါ့ကို အဲ့ပုံတွေမပို့ပေးရသေးဘူးနော်
အခုပို့လိုက်"

"ဒီပုံတွေက အရမ်းလှတာပဲနော်"
မင်းခန့် ဖုန်းကို ထုတ်ပြီး မိုးရိပ် မျက်နှာရှေ့သို့ပြလိုက်သည်...

မိုးရိပ်ရိုက်ထားသောပုံမှာ သုံးပုံသာရှိသည်...
တစ်ပုံမှ မကြည်မလင် ဝါးတားတားနဲ့ အမြန်ရိုက်ထားမှန်းသိသာလှသည်
နောက်၌ မည်သည့်ရှူခင်းမှလည်းမရှိ...သူမ မျက်နှာကိုပင်သေချာမမြင်ရ ဖြစ်နေသည်ကို တွေ့ရသဖြင့် မိုးရိပ်မျက်လုံးပြူးသွားသည်...

"အေး...ငါဘာမှမပြောသေးဘူး
မသိဘူးတော့ မထင်နဲ့နော် မိုးရိပ်ဇော်
ဒါလီနွယ်ခိုင်းတာပဲမလား"
မင်းခန့် အသေအချာမေးလိုက်သည့်အတွက် မိုးရိပ် ပါးစပ်အဟောင်းသားဖြစ်သွားရသည်...
တော်ရုံ ကိစ္စကိုဖုံးကွယ်၍မရသော သူမမျက်နှာမှာ ဝန်ခံနေသည်မှာအထင်းသား ဖြစ်နေသည့်အတွက် မင်းခန့်အသေအချာဆုံးဖြတ်ချက်ချမိလိုက်သည်...
ထို့နောက် မကြည်ကြည့် တစ်ချက်ကြည့်ကာ မင်းခန့် မိုးရိပ်ရှေ့မှပြန်၍လှည့်ထွက်ခဲ့တော့သည်...

..............................................

သာယာလှသော ရာသီဥတု၏ ကောင်းမှုကြောင့်
ကျောင်းသားတိုင်း တန်ဖိုးထားရသော မြတ်နိုးရသော
ရတနာပုံတက္ကသိုလ်ကြီးမှာ နှင်းရည်သောက်၍ လန်းဆန်းနေသော
စိမ်းစိုသည့် သစ်ပင်ကြီးများအောက်တွင် ခန့်ငြားထည်ဝါစွာရှိနေပေသည်

"မင်းခန့် ဟဲ့ နင့်ဖုန်းက cameraကောင်းလို့
ငါ selfieတစ်ပုံလောက်ရိုက်ချင်တယ်"
မိုးရိပ် မင်းခန့်ကို သွားအကုန်စိပြီးပြောလိုက်သည်...

"ဪ ရော့...
ငါရိုက်ပေးရဦးမလား"
မင်းခန့် ဖုန်းကိုပေးလိုက်ကာ ကွန့်ပြီးမေးလိုက်သေးသည်...

"ရပါတယ် ဟာ...ငါ selfieပဲရိုက်ချင်တာ ဟိုနားကအပင်လေးမှာ..."

မိုးရိပ် မင်းခန့်ဆီမှ ဖုန်းယူကာ မယောင်မလည်ဖြင့်အနည်းငယ်ဝေးရာဘက်သို့လျှောက်သွားသည်...

ထို့နောက် မင်းခန့်၏ ဖုန်းContactsထဲဝင်၍ ဘုန်းမိုးနာမည်နှင့် ဖုန်းနံပါတ်ကိုရှာလိုက်သည်...
ထို့နောက်သူမ ဖုန်းထဲသို့ ထိုနံပါတ်ကို ရိုက်ထည့်လိုက်ပြီး
မင်းခန့် ဖုန်းဖြင့် cameraဖွင့်ကာ Selfie ရိုက်ရန် Click သုံးချက်လောက်နှိပ်၍ ဖုန်းကိုပြန်ပေးလိုက်သည်

.........................................

"ဒါလီ... မင်းခန့် အကုန်သိနေတယ်...
သူ...နင့်ဆီလာမလား မသိဘူး...
ငါ့ကိုလည်း ကြည့်သွားတာ ကြောက်စရာကြီးဟ.....
ငါတို့ဘယ်လိုလုပ်မလဲ ထောင်ကျမှာလား..."

တစ်ဖက်မှ မိုးရိပ်၏ တုန်တုန်ယင်ယင်ဖြစ်နေသော ငိုသံကြောင့်
ဒါလီ လန့်သွားသော်လည်း စိတ်မာသူမို့ အေးအေးဆေးဆေးလေသံဖြင့်
"ဪ... သိသွားပြီတဲ့လား
ဘာမှမဖြစ်ဘူး စိတ်ချ
ငါ ဒါလီနွယ်ပါ..."
ဒါလီနွယ် အံကိုကြိတ်ကာ မဲ့ပြုံးပြုံးပြီး မင်းခန့်အလာကိုသာ စောင့်နေတော့သည်...

သိပ်မကြာလိုက်ပါ...မင်းခန့်ဆီမှ ဖုန်းဝင်လာ၍ ဒါလီနွယ်ကိုင်လိုက်သည်
"ဟဲလို ကိုကို ပြော..."
".........."
"ဪ လာခဲ့မှာပေါ့ ကိုကိုရဲ့"
".........."
"ဟက် ဟက်...ရှက်စရာမှမဟုတ်တာ
အရမ်းချစ်တယ်...အာဘွား"

...........................................

လူသူသွားလာနည်းသော
လမ်းမကြီးတစ်ခုကို စိမ်းစိုသော သစ်ပင်ကြီးများက အုံ့ဆိုင်းနေသည်
ထို လမ်းမကြီးထက်တွင်.....

"ဒါလီနွယ်..."
"ရှင်..."
မင်းခန့် လေသံမာမာဖြင့် ခေါ်လိုက်သော်လည်း
ဒါလီနွယ်ပြန်၍ ထူးသံမှာ ခွဲျပြစ်နေတော့သည်...

"ဟား.....
မင်းက လူမဆန်တဲ့ သတ္တဝါပဲ...
ခွေးနဲ့ နှိုင်းရင်တောင် ခွေးသိက္ခာကျတယ်
မိန်းမ မို့လို့ပဲ ယောကျ်ားသာဆို ကိုယ်တိုင်လူသတ်မလားမသိဘူး"

"အို... ကိုကိုကလည်း...
သဲ ဘာလုပ်လို့လဲ..."
ဝန်ခံနေသော မျက်နှာထားနှင့်မလိုက်ဖက်သော မနှစ်မြို့ဖွယ်အမူအရာများကြောင့် မင်းခန့်နှာခေါင်းရှံှူ့မိသည်...

"အခုဆိုရင်...
ဘုန်းမိုးဆိုတဲ့ အဲ့ဒီတောက်တဲ့ကောင်က
ကိုကို့ကိုလည်းမုန်းနေလောက်ပီ...
ဆေးရုံက ကုတင်ပေါ်မှာလည်း
ကောင်းကောင်းကြီးအနားယူနေလောက်ပြီဆိုတော့
ကိုကို့ကို သဲပိုင်ပီမလား...
လာ...သဲဗိုက်ဆာနေပြီ..."
ဒါလီနွယ် ဘုန်းမိုးလက်ကို အတင်းဆွဲကာ ခေါ်နေသော်လည်း
မင်းခန့်မှာ ဒါလီနွယ် လက်ကိုလွှတ်ပြီး...

"ဖြန်း..."
မာကျော ကြမ်းတမ်းသည့် လက်တစ်ဖက်က
နူးညံ့လှသော ပါးတစ်ဖက်ပေါ်သို့ ရုတ်တရက် အားနှင့်မာန်နှင့်ကျလာသည်...

သေသပ်စွာ ဖီး၍ လှပကြော့ရှင်းစွာချထားသော
နက်မှောင်ရှည်လျားသည့် ဆံနွယ်တို့မှာ ယိမ်းခါသွားရသည်...
ဖြူဖွေးနူးညံ့သော ပါးမို့မို့ထက် ယောကျ်ားတစ်ယောက်၏ အားကြောင့် နီရဲနေသော လက်ဖဝါးရာ ကြီးမှာအထင်းသားပင်

ဒါလီနွယ် အရိုက်ခံရသော ပါးကိုသူမ လက်ဖြင့်ကိုင်လိုက်မိကာ
မင်းခန့်ကို ပြုံးပြီးကြည့်လိုက်သည်...

ပါးတစ်ချက် အရိုက်ခံရသည်ကို ပြုံးနေနိုင်သေးသော
ဒါလီနွယ်ကို မင်းခန့်အံ့သြမိသည်မှာအမှန်ပင်...

"ဟက် ဟက်...
နင့်ကို ငါပဲပိုင်စေရမယ် ရှိူင်းမင်းခန့်...
နင်ငါ့လက်ထဲက ဘယ်တော့မှပြေးလွတ်မှာ မဟုတ်ဘူး
ငါဘယ်လောက် အဆိပ်ပြင်းလဲဆိုတာ နင်သိစေရမယ်...
ဟင်း ဟင်း...ဟား........"

ကြောက်ရံွဖွယ်ရာ ရယ်သံမှာ ဒါလီနွယ်ဆီမှ ထွက်လာ၍
မင်းခန့် အနည်းငယ်တုန်လှုပ်မိသွားခဲ့သည်
ထိုနေရာမှ ခပ်သွက်သွက်ထွက်သွားရန် ဆိုင်ကယ်ပေါ်သို့ တက်အခွ

"မင်းခန့်..."
မာကျောပြတ်သားသော လေသံကြောင့် မင်းခန့် နောက်သို့လှည့်ကြည့်သောာအခါ...

နူးည့ံနက်မှောင်သော ဆံပင်များမှာ ဖွာလန်ကြဲနေပီး
သေသပ်စွာ ဝတ်ဆင်ထားသော မြန်မာအကျီၤမှာ အပေါ် ကြယ်သီး2လုံးပြုတ်နေပြီး
နီရဲစွာ ဆိုးထားလေ့ရှိသော နှုတ်ခမ်းနီမှာလည်း
နှုတ်ခမ်းဘေးတွင် ပေကျံနေပြီး မျက်ရည်လည်ရွဲှဖြင့်ကြည့်နေသော ဒါလီနွယ်ကို မင်းခန့်တွေ့လိုက်ရတော့သည်.....

#L👀

Continue Reading

You'll Also Like

657K 43.4K 91
ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...
19.7K 1.1K 52
လရောင်ဆိုတာ နေမင်းကြီးဆီကမှ အလင်းပြန်ထွန်းလင်းရတဲ့အမျိုးမဟုတ်လား။ အဲ့လိုပဲ လရောင်ရဲ့ဘဝမှာလည်း ကိုနေမရှိလို့မဖြစ်ဘူး။ ကျေးဇူးပြုပြီး လရောင်ရဲ့ဘဝထဲကနေ...
173K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020
382K 16.2K 41
လူသားတစ်ယောက်ကိုမှချစ်မိခြင်း