သူသိစေ🍁[Completed]

By LinnWathan

46.9K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 9

1.1K 62 0
By LinnWathan

#Zawgyi

ဘယ္ဘက္လက္ေမာင္းမွ ဆစ္ခနဲ ျဖစ္သြားသည့္ ခံစားမႈႏွင့္အတူ
နာက်င္ မႈႏွင့္အတူ နဲရီလွေသာ ေသြးမ်ားက အ႐ိုးထဲ အသားထဲမွ စိမ့္ထြက္လာေသာ ေသြးမ်ားက သဲမ်ားဖုန္မ်ား ေရာေထြးေနေသာ
ပလက္ေဖာင္းျဖဴျဖဴေပၚသို႔ တျဖည္းျဖည္းက်ဆင္းသြားသည္

ခႏၶာကိုယ္၏ အားအင္တစ္မ်ိဳးျဖစ္ေသာ ေသြးနီရဲတို႔ အျပင္ဘက္သို႔စိမ့္ထြက္လာသည္ႏွင့္အမ်ွ ထိုေသြးတို႔ကို အားကိုးအားထားျပဳရေသာ ခႏၶာကိုယ္သည္လည္း ယိုင္နဲ႔ကာ ရပ္တည္မႈကို ဆက္လက္မထိန္းသိမ္းႏိုင္ဘဲ ပလက္ေဖာင္းေပၚသို႔ လဲက်မွန္းမသိလဲက်သြားရသည္...
ေလးလံလာေသာ မ်က္ခံြမ်ားမွာ
တစ္ျဖည္းျဖည္းႏွင့္ အျမင္အာရံုမ်ားေပ်ာက္ကြယ္လုနီးပါးျဖစ္လာခဲ့သည္...

"ကိုကိုစိုင္း....ကိုကိုစိုင္း......
ညီေလး ေခၚေနတယ္ေလ...ညီေလးကိုအဲ့လိုမေနာက္ပါနဲ႔...
ကိုိုကိုစိုင္း.....ကိုကိုစိုင္း ထ.....ထေတာ့လို႔...မေနာက္ပါနဲ႔...ထပါေတာ့..."

ေမ့ေျမာေနေသာ္လည္း တစ္ခ်က္တစ္ခ်က္ဝင္လာေသာ အသိစိတ္ထဲတြင္ ခ်စ္စရာကေလးေလးတစ္ေယာက္ငို၍ သူ႔ခႏၶာကိုယ္ကိုလႈပ္ခါကာနာမည္ကို ထပ္ခါတလဲလဲ ေအာ္၍ေခၚေနသည္...
...............

"ေက်းဇူးပါ ခင္ဗ်..."
Waiterလာခ်ေပးေသာ Coffeeခြက္ကို ဘုန္းမိုးယူကာေသာက္လိုက္သည္
ေအးစိမ့္လွေသာ ရာသီဥတုက Coffee၏ အပူဒဏ္ကိုဖံုးဖိထားႏိုင္သျဖင့္ ပါးစပ္ေရာက္သြားေသာအခါေႏြးရံုမ်ွသာရိွသည္
နာရီမပတ္တတ္သူမို႔
အနက္ေရာင္Hoodieအိတ္ကပ္ထဲမွ ဖုန္းကိုဖြင့္ကာနာရီၾကည့္လိုက္သည္
"8:15"

အခုခ်ိန္ထိ မင္းခန္႔မေရာက္ေသးသျဖင့္
ညေနက ဝင္လာေသာ ဖုန္းနံပါတ္အစိမ္းကို ဘုန္းမိုးဆက္ၾကည့္လိုက္သည္
"လူႀကီးမင္းေခၚဆိုေသာ ဖုန္းနံပါတ္မွာ စက္ပိတ္ထားပါတယ္႐ွင္..."

"ဘာလဲဟ..."
စိတ္ထဲမွ ေဒါသေထာင္းကနဲထြက္သြားသျဖင့္ Coffeeဖိုး႐ွင္းကာ စိတ္ဆိုးဆိုးႏွင့္ ဘုန္းမိုးဆိုင္ထဲမွ ထြက္သြားမိေတာ့သည္...

"ငါ့ကိုလဲ ခ်ိန္းေသးတယ္ ဖုန္းက်ေတာ့ဆက္ပိတ္ထားတယ္တဲ့
ဘယ္လိုလူလဲ..ေတာက္"
ဘုန္းမိုး ေခါင္းငိုက္စိုက္ျဖင့္
Hoodieကိုေခါင္းစြပ္ အိတ္ကပ္ထဲလက္ထည့္ကာ
အျပင္ဘက္သို႔ထြက္လာမိသည္
စိတ္ထဲတြင္ မင္းခန္႔ကိုမေက်နပ္...
ထိုစဥ္ ေ႐ွ႕နားနီးနီးမွ လူသံုးေလးေယာက္၏ အသံအခ်ိဳ႕ကိုၾကားရသျဖင့္ ဘုန္းမိုး ေခါင္းေထာင္မိသြားသည္

စပ္စုတတ္ေသာ ဘုန္းမိုး ထိုေနရာသို႔ မေျပးရံုတမယ္ လမ္းေလ်ွာက္ၿပီး ၾကည့္လိုက္ေသာအခါ...

"ဟာ.........."
ဘုန္းမိုးမ်က္လံုးအျပဴးသားျဖစ္သြားရသည္...
သူႏွင့္ တစ္ေထရာတည္းနီးပါးတူေသာ အက်ီၤႏွင့္ေဘာင္းဘီအမည္းကိုဝတ္ဆင္ကာ
ဘယ္ဘက္လက္မွာ အေတာ္ပင္ထိသြား၍ ေသြးမ်ားမွာ ျမင္မေကာင္းေအာင္ထြက္၍
ေသြးအိုင္ထဲ၌လဲေနေသာသူ...

႐ုတ္တရက္လန္႔၍ လြတ္သြားေသာ သတိမ်ားကို ဘုန္းမိုးျပန္လည္ရယူလိုက္သည္ႏွင့္ လက္မ်ားမွာ ထိုလူကိုတစ္ခါတည္းပင္ ေပြ႔ဖက္မိလိုက္သည္...
"ကိုစိုင္း.... ကိုစိုင္း...
ကြၽန္ေတာ္ေခၚေနတယ္ေလ...ၾကားလား...
ကိုစိုင္း....ထဦး...ကြၽန္ေတာ္ေခၚေနတယ္ေလ..."

"ညီေလး အသိလား...
အကိုတို႔ လူနာတင္ယာဥ္ေခၚေပးထားတယ္ေနာ္...
ဘာမွသိပ္စိတ္မပူနဲ႔ မၾကာခင္လာလိမ့္မယ္
စိတ္ေအးေအးထားထားေနာ္"
လူသံုးေလးေယာက္ထဲမွ အသက္ခပ္လတ္လတ္အကိုတစ္ေယာက္မွစကားသံကို ဘုန္းမိုးမၾကားႏိုင္...
သူ႔နာမည္ကိုသာ ႏႈတ္ဖ်ားမွ တတြတ္တြတ္ႏွင့္ ေခၚေနမိသည္...

ဟုတ္ပါသည္...ထိုလူမွာ စိုင္းဝဏၰ ပင္ျဖစ္သည္

.............................................................................

"ငါ ဘာလို႔စိတ္ေတြေလးေနရတာလဲ...
ဘုန္းမိုးကို မင္းခန္႔က ဘာလို႔ညဘက္ႀကီးမွ ေတြ႔ဖို႔ခ်ိန္းရတာလဲ"
ဝဏၰ အခန္းထဲတြင္ ဟိုဘက္ေလ်ွာက္လိုက္ ဒီဘက္ေလ်ွာက္လိုက္ျဖင့္စိတ္ေတြ ဂနာမၿငိမ္ျဖစ္ေနမိသည္

"ဒီေကာင္ ငါ့ကေလးကို မဟုတ္တာ ၾကံမလို႔ေတာ့မဟုတ္ေလာက္ပါဘူးေနာ္...
ဟင့္အင္း...သူတို႔ကဘာမွမဟုတ္ေလာက္ေသးပါဘူး
ငါ့ကေလးကို လက္ဖ်ားနဲ႔ေတာင္ထိလို႔မရဘူး
ထိလိုက္လို႔ကေတာ့လား... မင္းအေသပဲ ရိႉင္းမင္းခန္႔"

မျဖစ္ႏိုင္ေသာ ျဖစ္ႏိုင္ေသာ အေတြးေပါင္းမ်ားစြာျဖင့္ မယိုးမရြျဖစ္ေနခ်ိန္တြင္ မ်က္ႏွာခ်င္းဆိုင္ေ႐ွ႕ဘက္ခန္းမွ
တံခါးဖြင့္သံကိုၾကားလိုက္ရသည္
ထို႔ေၾကာင့္ ျဖည္းျဖည္းခ်င္းတံခါးနားကပ္၍ေလ်ွာက္ၿပီး
တံခါးကို အနည္းငယ္ဟကာ ေခါင္းျပဴၿပီးၾကည့္လိုက္သည္
ေမာင္မင္းႀကီးသား ဘုန္းမိုးမွာ Hoodieအမည္းေရာင္ကိုေခါင္းစြပ္ၿပီး
အမည္းေရာင္ ေဘာင္းဘီ႐ွည္ကို ဝတ္၍ထြက္သြားသည္ကိုျမင္ေသာအခါ

"ငါ့မွာလည္း အဲ့လိုမ်ိဳးဝတ္စံုရိွတာပဲ...
အေတာ္ပဲ အခြင့္သာတုန္းေလး ငါ့ကေလးနဲ႔ငါcoupleဝတ္ရမယ္ ဟီးဟီး..."
ဝတ္စံုတူရန္ပင္ ႀကိဳးစားေနရေသာ ဝဏၰမွာ ဗီ႐ိုကို ဖြင့္ၿပီး
ထိုကဲ့သို႔ ခပ္ဆင္ဆင္တူေသာ ဝတ္စံုမ်ားကို ေရြးလိုက္ကာ အက်ီၤလဲဝတ္ၿပီး ဘုန္းမိုးေနာက္မွ မသိမသာလိုက္လာမိသည္...

အက်ီၤဝတ္ေနသျဖင့္ ဘုန္းမိုးကိုမီွရန္အနည္းငယ္ေနာက္က်သြားေသာ္လည္း
ေအာင္သုခလမ္းမႀကီးေပၚသို႔ေရာက္ရန္ လမ္းေလ်ွာက္လ်ွင္သိပ္မၾကာသျဖင့္ ေျခလွမ္းကို ခါတိုင္းထက္ပိုသြက္ကာ ေနာက္မွ လိုက္မိသည္
ေကြ႔တစ္ခုကို ေကြ႔ၿပီးသည့္အခါ ဘုန္းမိုးကို ေရးေရးေလး ျမင္ရသျဖင့္
ပံုမွန္ေျခလွမ္း ျပန္လွမ္းကာ ေနာက္မွလိုက္မိသည္...

မႏၱေလးေဆာင္းရာသီ၏ ေအးျမမႈမွာ အ႐ိုးထဲထိေအာင္စိမ့္သျဖင့္
လမ္းမေပၚတြင္ လူသြားလူလာနည္းေနသည္...
ထိုအခ်ိန္ႀကီးမွ အျပင္သို႔ေခၚေတြ႔ေသာ မင္းခန္႔ကိုလည္း ဝဏၰ စိတ္ထဲမွက်ိန္ဆဲမိသည္...

Platformေပၚရိွ ဓာတ္တိုင္မွ အလင္းေရာင္ဝါဝါမ်ားက လမ္းေပၚသို႔အလင္းေရာင္ျဖန္႔က်က္ေပးထားေသာ္လည္း ည8နာရီအခ်ိ္န္မို႔ လူအနည္းငယ္ျပတ္ေနေလၿပီ
ထိုအခ်ိန္တြင္ စူး႐ွေသာ ဆိုင္ကယ္တစ္စီး၏မီးခြက္မွ အလင္းမွာ သူ႔မ်က္ႏွာသို႔ တည့္တည့္ထိုးလာၿပီး မ်က္စိျပာလာသျဖင့္ မ်က္လံုးကိုလက္ျဖင့္အုပ္လိုက္ခ်ိန္တြင္ ထိုဆိုင္ကယ္မွာ သူ႔အနီးသို႔ေရာက္လာကာ အရိွန္ကိုေလ်ွာ့လိုက္သည္...

ထိုအခ်ိ္န္တြင္ ဆိုင္ကယ္ဦးထုပ္အနက္ကိုေဆာင္းၿပီး Maskအနက္ျဖင့္ မ်က္ႏွာကိုအုပ္ထားေသာ လူတစ္ေယာက္သည္ခါး၌ အသင့္ပါလာေသာ ဓားျဖင့္ သူ႔ဗိုက္ကို အျမန္ထိုးလိုက္ေသာ္လည္း သူအေ႐ွာင္အတိမ္းေကာင္းသြားသျဖင့္
မထိသြား....
ဆိုင္ကယ္သမားလည္းစိုးရိမ္စိတ္ျဖင့္ အားကိုစိုက္ကာ ဓားကိုင္ထားေသာလက္ကိုအသားကုန္လဲႊလို္က္ေသာေၾကာင့္
သူ၏လက္ေမာင္းသို႔ အေတာ္ထိသြားသည္

ဝတ္ထားေသာ Hoodie ၏ ဘယ္ဘက္ လက္ေမာင္းနားတြင္ျပဲသြားၿပီး Hoodieေအာက္မွ ေသြးစိမ္းနီနီမ်ားကအေပၚသို႔ အလ်ွံအပယ္ထြက္လာသျဖင့္ သူလဲက်သြားသည္...

ဆိုင္ကယ္သမားလည္း ဟိုၾကည့္ဒီၾကည့္ျဖင့္ အျမန္ေမာင္းေျပးသြားသည္ကို
သူေနာက္ဆံုးျမင္လိုက္ရသည္.....

.............................................................................

"ဝီ...ဝီ...ဝီ..."
မႏၱေလးျပည္သူ႔ေဆးရံုးသို႔ဦးတည္ထားေသာ
လူနာတင္ကား၏ ေျခာက္ျခားဖြယ္အသံသည္ တိတ္ဆိတ္ေနသာမႏၱေလးၿမိဳ႕ႀကီးကို ကိုင္လႈပ္လိုက္သကဲ့သို႔ပင္

"ကိုိုစိုင္း...ကြၽန္ေတာ္ရိွတယ္ေနာ္...စိတ္မပူနဲ႔ ကြၽန္ေတာ္ရိွတယ္"
ဘုန္းမိုး ဝဏၰ၏ လက္ကေလးကို ကိုင္ကာ တစ္လမ္းလံုးစကားေျပာသြားေသာ္လည္း သူမၾကားႏိုင္...
ဘုန္းမိုး မ်က္ရည္မ်ားၾကားမွ ၾကည့္မိေသာအခါ သူနာျပဳဆရာမေလးမွာ ေဆးပုလင္းခ်ိတ္ေပးေနသည္ကို ေတြ႔လိုက္ရသည္

.................................

"ကိုကိုစိုင္း....ကိုကိုစိုင္း......
ညီေလး ေခၚေနတယ္ေလ...ညီေလးကိုအဲ့လိုမေနာက္ပါနဲ႔...
ကိုိုကိုစိုင္း.....ကိုကိုစိုင္း ထ.....ထေတာ့လို႔...မေနာက္ပါနဲ႔...ထပါေတာ့..."

အကိုတစ္ဦး လဲက်ေန၍ မထမခ်င္းကိုင္လႈပ္ႏိႈးေနေသာကေလးတစ္ဦး

"ေဖေဖ.......သားတို႔ကို ထားမသြားပါနဲ႔....ေဖေဖ....
ေမေမ... ေဖေဖကို ေခၚပါဦး....ေဖေဖ ဘယ္ကိုထြက္သြားတာလဲမသိဘူး...."

အေဖတစ္ေယာက္ကို ငိုယိုကာ ဖက္၍ေတာင္းပန္ေနေသာ္လည္း
အဖက္မလုပ္ဘဲ ထားသြားျခင္းခံရေသာ ကေလးတစ္ဦး

"သားေတာင္းပန္ပါတယ္ေနာ္.....ရန္မျဖစ္ၾကပါနဲ႔ေတာ့...
သားကိုသနားပါ...."

အခန္းထဲမွ အသံတိုးတိုးေလးျဖင့္ ထိုင္၍ ႀကိတ္ငိုကာေျပာေနေသာ ကေလးတစ္ဦး

"သားေလး...သားေလး....
သား............."

ေျမျပင္ေပၚသို႔ ပလတ္စတစ္အ႐ုပ္ကေလးပမာ လဲက်သြားေသာ ကေလးတစ္ဦးကို ေခၚလိုက္ေသာ အေမတစ္ဦး၏အသံ

........................

"အား"
႐ုတ္တရက္ဘုန္းမိုး ေခါင္းမွာ အလြန္ကိုက္လာ၍ ဝဏၰ ကို ကိုင္ထားေသာလက္မ်ားကို လႊတ္ခ်လိုက္သည္
အေတြးထဲတြင္ ေပၚလာေသာ အျဖစ္အပ်က္မ်ားတြင္ ကေလးတစ္ဦးတည္းသာ ပါဝင္ေနသည္...
က်န္ေသာသူမ်ားကို ဘုန္းမိုးသဲသဲကဲြကဲြမျမင္ရ...
နာက်င္စြာ ကိုက္ခဲလာေသာ ေခါင္းေၾကာင့္ ဘုန္းမိုး ဦးေခါင္းကို နာနာဖိမိထားသည္...

"ဒဏ္ရာက ေတာ္ေတာ္ႀကီးျပင္းတယ္ခင္ဗ်...
အရင္ကလည္း ဒီဘယ္လက္ေမာင္းက ထိထားဖူးတယ္
ဒဏ္ရာအခံရိွထားတာေရာ... ထိုးသြင္းထားတဲ့ ဓားဒဏ္ရာကေရာျပင္းတဲ့အတြက္ အ႐ိုးကိုပါ ထိသြားတယ္
အဲ့ဒါေၾကာင့္ အခ်ိန္ယူၿပီးကုရလိမ့္မယ္"

ဆရာဝန္ႀကီးေျပာေသာ စကားမ်ားကို ဘုန္းမိုးအေသအခ်ာၾကားလိုက္ရသည္
ဒဏ္ရာျပင္းသည္ဆိုသည့္အတြက္ ဘုန္းမိုးအေတာ္ပင္စိတ္ပူသြားရသည္
ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ...
မႏၱေလးတြင္ သိေသာလူႏွစ္ေယာက္အနက္ တစ္ေယာက္က ေဆးရံုေပၚရိွ ကုတင္၌ ေရာက္ေနၿပီ...
တစ္ေယာက္ကို အကူညီေတာင္းရန္မွာလည္း
ထိုကဲ့သို႔ အမႈျဖစ္ရန္ လုပ္ၾကံထားေသာ လူသတ္သမားျဖစ္သည့္အတြက္ ဘုန္းမိုးေခါင္း႐ႈပ္ရသည္...

"ငါ့ကို သူသတ္ခ်င္လို႔
တမင္သက္သက္ အျပင္ေခၚထုတ္တာပဲ...
ရိႉင္းမင္းခန္႔.....မင္းကိုလည္းငါကိုယ္တိုင္သတ္မယ္"
ဘုန္းမိုး တုန္လႈပ္ေနသည့္ၾကားမွ ေဒါသမ်ားထြက္ကာ က်ိန္ဆဲမိသည္...

တျဖည္းျဖည္းက်ယ္ေလာင္လာေသာ လူသံမ်ားေၾကာင့္
ဘုန္းမိုးလန္႔ႏိုးသြားရသည္...
ကိုက္ခဲမႈသည္ အၿငိဳးအေတးအလား
အခုမနက္ထိေခါင္းကိုက္တုန္းပင္ျဖစ္သည္
ကုတင္ေပၚတြင္ ဝဏၰေတာ့ သတိမရေသး...

နာရီၾကည့္မိသျဖင့္ 6နာရီ10မိနစ္မွန္းသိလိုက္ရသည္...
"တီ...တီ...တီ..."
ဖုန္းျမည္သံေၾကာင့္ ဘုန္းမိုးၾကည့္မိေသာအခါ
"ကို မင္းခန္႔"

႐ုတ္တရက္ ေတြေဝလာေသာ စိတ္ကို ခ်က္ခ်င္းေဖ်ာက္လိုက္ၿပီး
ဖုန္းကိုင္လိုက္သည္...
"ကေလးေလး ေမာနင္း
ကိုယ္ညက အရမ္းအလုပ္႐ႈပ္ေနလို႔ ဖုန္းမဆက္ျဖစ္......."

"မင္းအခု ျပည္သူ႔ေဆးရံုႀကီးကို ခ်က္ခ်င္းလာခဲ့
ငါမင္းနဲ႔ စာရင္း႐ွင္းစရာရိွတယ္"

မင္းခန္႔စကားမဆံုးေသးခင္ ျဖတ္၍ေျပာလိုက္ေသာ ဘုန္းမိုး၏အသံမွာအလြန္ပင္ မာေက်ာ၍ တစ္ခါမွမသံုးႏႈန္းဖူးသည့္
"မင္းနဲ႔ငါ" ဆိုသည့္ အသံုးေၾကာင့္ မင္းခန္႔ တုန္လႈပ္မိသြားသည္

"ေတာက္.........
ငါ့ကိုမင္းလုပ္ရက္လိုက္တာ...
အခု ငါ့အကိုမင္းေၾကာင့္...."
ဘုန္းမိုး၏ ႏႈတ္ခမ္းမွ ထြက္လာေသာ ေလသံမာမာနွင့္ နာၾကည္းေနေသာ မ်က္ႏွာမ်ားမွ ထြက္လာေသာ အမုန္းမီးေတာက္မ်ားမွာ မင္းခန္႔ဆီသို႔...

"ကေလး...
ကိုယ္ေရာက္ပီ ဘယ္အေဆာင္မွာလဲ"

"အေ႐ွ႕မွာ ေစာင့္ေန ငါဆင္းလာမယ္"
ေအးစက္မာေက်ာလြန္းေသာ အသံမ်ားက ၾကားရေသာနားမ်ားကို မယံုသကၤာျဖစ္ေစသည္...

ဘုန္းမိုးက ဘာလို႔ေဆးရံုေရာက္ေနရတာလဲ...
ငါ့ကိုေရာ ဘာလို႔ ၾကမ္းၾကမ္းတမ္းတမ္းေတြေျပာေနရတာလဲ...
ေလသံကေရာ ဘာလို႔အဲ့ေလာက္ေတာင္မာေက်ာေနရတာလဲ...

ထိုစဥ္ ဘုန္းမိုး႐ုတ္တရက္ မင္းခန္႔ေ႐ွ႕ေရာက္လာကာ
ဘာမွမေျပာဘဲ မင္းခန္႔ကို ဆဲြထိုးလိုက္သည္...
"ခြပ္"
"အား"
အေကာင္ေသးေပမဲ့ အားျပင္းေသာ လက္သီးခ်က္ေၾကာင့္မင္းခန္႔ယိုင္သြားရသည္

စိတ္ထဲမွ နာၾကည္းမႈ မ်ားက ထိုးလိုက္သျဖင့္
လက္၏နာက်င္မႈမ်ားကို ဖံုးကြယ္ထားႏိုင္သည္...

"မင္း ငါ့ကို အဲ့ေလာက္ေတာင္ေသေစခ်င္ေနတာလား...
ေအး အခုသတ္စမ္း ငါ့ကို သတ္လိုက္စမ္းပါ..."

ဘုန္းမိုး နီရဲေနေသာ မ်က္လံုးစိမ္းမ်ားျဖင့္ ၾကမ္းတမ္းေသာစကားလံုးမ်ားကို မင္းခန္႔နားမလည္ႏိုင္....
အံ့ျသလြန္း၍ ဘာမွျပန္မေျပာႏိုင္ေသာေၾကာင့္
ဘုန္းမိုးက ဆက္လက္၍

"မင္းေၾကာင့္ ငါ့အကို တစ္ခုခုျဖစ္သြားရင္ေတာ့
ငါမင္းကို လံုးဝခြင့္မလႊတ္ဘူး
မင္းကို ငါကိုယ္တိုင္ သတ္မွာေနာ္ ရႉိင္းမင္းခန္႔"

မ်က္လံုးနီနီမ်ားက နာၾကည္းမႈမ်ားကိုေပၚလြင္ေနသည္...
မေျပာဖူးေသာ ေလသံ စကားလံုးတစ္လံုးစီတိုင္းက
မင္းခန္႔၏ ရင္ထဲသို႔ နက္ရိႉင္းစြာေဖာက္ထြင္းသြားသည္

ေဒါသမ်ားေၾကာင့္ တစ္ဖက္ဆုပ္ထားသည့္ လက္သီးမွာ တုန္ခါေနသည္...
ရန္သူ တစ္ဦးလို အၾကည့္မ်ား
အျပဳအမူမ်ား စကားမ်ား....
အထူးသျဖင့္...

"မင္းကို ငါကိုယ္တိုင္ သတ္မွာေနာ္ ရိႉင္းမင္းခန္႔"
ဆိုသည့္ နားမလည္ႏိုင္စရာ မယံုႏိုင္စကားကိုသာ
မင္းခန္႔ ထပ္တလဲလဲ ၾကားေနမိေတာ့သည္.........

#L👀

#Unicode

ဘယ်ဘက်လက်မောင်းမှ ဆစ်ခနဲ ဖြစ်သွားသည့် ခံစားမှုနှင့်အတူ
နာကျင် မှုနှင့်အတူ နဲရီလှသော သွေးများက အရိုးထဲ အသားထဲမှ စိမ့်ထွက်လာသော သွေးများက သဲများဖုန်များ ရောထွေးနေသော
ပလက်ဖောင်းဖြူဖြူပေါ်သို့ တဖြည်းဖြည်းကျဆင်းသွားသည်

ခန္ဓာကိုယ်၏ အားအင်တစ်မျိုးဖြစ်သော သွေးနီရဲတို့ အပြင်ဘက်သို့စိမ့်ထွက်လာသည်နှင့်အမျှ ထိုသွေးတို့ကို အားကိုးအားထားပြုရသော ခန္ဓာကိုယ်သည်လည်း ယိုင်နဲ့ကာ ရပ်တည်မှုကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ပလက်ဖောင်းပေါ်သို့ လဲကျမှန်းမသိလဲကျသွားရသည်...
လေးလံလာသော မျက်ခံွများမှာ
တစ်ဖြည်းဖြည်းနှင့် အမြင်အာရုံများပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့သည်...

"ကိုကိုစိုင်း....ကိုကိုစိုင်း......
ညီလေး ခေါ်နေတယ်လေ...ညီလေးကိုအဲ့လိုမနောက်ပါနဲ့...
ကိိုကိုစိုင်း.....ကိုကိုစိုင်း ထ.....ထတော့လို့...မနောက်ပါနဲ့...ထပါတော့..."

မေ့မြောနေသော်လည်း တစ်ချက်တစ်ချက်ဝင်လာသော အသိစိတ်ထဲတွင် ချစ်စရာကလေးလေးတစ်ယောက်ငို၍ သူ့ခန္ဓာကိုယ်ကိုလှုပ်ခါကာနာမည်ကို ထပ်ခါတလဲလဲ အော်၍ခေါ်နေသည်...
...............

"ကျေးဇူးပါ ခင်ဗျ..."
Waiterလာချပေးသော Coffeeခွက်ကို ဘုန်းမိုးယူကာသောက်လိုက်သည်
အေးစိမ့်လှသော ရာသီဥတုက Coffee၏ အပူဒဏ်ကိုဖုံးဖိထားနိုင်သဖြင့် ပါးစပ်ရောက်သွားသောအခါနွေးရုံမျှသာရှိသည်
နာရီမပတ်တတ်သူမို့
အနက်ရောင်Hoodieအိတ်ကပ်ထဲမှ ဖုန်းကိုဖွင့်ကာနာရီကြည့်လိုက်သည်
"8:15"

အခုချိန်ထိ မင်းခန့်မရောက်သေးသဖြင့်
ညနေက ဝင်လာသော ဖုန်းနံပါတ်အစိမ်းကို ဘုန်းမိုးဆက်ကြည့်လိုက်သည်
"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်..."

"ဘာလဲဟ..."
စိတ်ထဲမှ ဒေါသထောင်းကနဲထွက်သွားသဖြင့် Coffeeဖိုးရှင်းကာ စိတ်ဆိုးဆိုးနှင့် ဘုန်းမိုးဆိုင်ထဲမှ ထွက်သွားမိတော့သည်...

"ငါ့ကိုလဲ ချိန်းသေးတယ် ဖုန်းကျတော့ဆက်ပိတ်ထားတယ်တဲ့
ဘယ်လိုလူလဲ..တောက်"
ဘုန်းမိုး ခေါင်းငိုက်စိုက်ဖြင့်
Hoodieကိုခေါင်းစွပ် အိတ်ကပ်ထဲလက်ထည့်ကာ
အပြင်ဘက်သို့ထွက်လာမိသည်
စိတ်ထဲတွင် မင်းခန့်ကိုမကျေနပ်...
ထိုစဉ် ရှေ့နားနီးနီးမှ လူသုံးလေးယောက်၏ အသံအချို့ကိုကြားရသဖြင့် ဘုန်းမိုး ခေါင်းထောင်မိသွားသည်

စပ်စုတတ်သော ဘုန်းမိုး ထိုနေရာသို့ မပြေးရုံတမယ် လမ်းလျှောက်ပြီး ကြည့်လိုက်သောအခါ...

"ဟာ.........."
ဘုန်းမိုးမျက်လုံးအပြူးသားဖြစ်သွားရသည်...
သူနှင့် တစ်ထေရာတည်းနီးပါးတူသော အကျီၤနှင့်ဘောင်းဘီအမည်းကိုဝတ်ဆင်ကာ
ဘယ်ဘက်လက်မှာ အတော်ပင်ထိသွား၍ သွေးများမှာ မြင်မကောင်းအောင်ထွက်၍
သွေးအိုင်ထဲ၌လဲနေသောသူ...

ရုတ်တရက်လန့်၍ လွတ်သွားသော သတိများကို ဘုန်းမိုးပြန်လည်ရယူလိုက်သည်နှင့် လက်များမှာ ထိုလူကိုတစ်ခါတည်းပင် ပွေ့ဖက်မိလိုက်သည်...
"ကိုစိုင်း.... ကိုစိုင်း...
ကျွန်တော်ခေါ်နေတယ်လေ...ကြားလား...
ကိုစိုင်း....ထဦး...ကျွန်တော်ခေါ်နေတယ်လေ..."

"ညီလေး အသိလား...
အကိုတို့ လူနာတင်ယာဉ်ခေါ်ပေးထားတယ်နော်...
ဘာမှသိပ်စိတ်မပူနဲ့ မကြာခင်လာလိမ့်မယ်
စိတ်အေးအေးထားထားနော်"
လူသုံးလေးယောက်ထဲမှ အသက်ခပ်လတ်လတ်အကိုတစ်ယောက်မှစကားသံကို ဘုန်းမိုးမကြားနိုင်...
သူ့နာမည်ကိုသာ နှုတ်ဖျားမှ တတွတ်တွတ်နှင့် ခေါ်နေမိသည်...

ဟုတ်ပါသည်...ထိုလူမှာ စိုင်းဝဏ္ဏ ပင်ဖြစ်သည်

.............................................................................

"ငါ ဘာလို့စိတ်တွေလေးနေရတာလဲ...
ဘုန်းမိုးကို မင်းခန့်က ဘာလို့ညဘက်ကြီးမှ တွေ့ဖို့ချိန်းရတာလဲ"
ဝဏ္ဏ အခန်းထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့်စိတ်တွေ ဂနာမငြိမ်ဖြစ်နေမိသည်

"ဒီကောင် ငါ့ကလေးကို မဟုတ်တာ ကြံမလို့တော့မဟုတ်လောက်ပါဘူးနော်...
ဟင့်အင်း...သူတို့ကဘာမှမဟုတ်လောက်သေးပါဘူး
ငါ့ကလေးကို လက်ဖျားနဲ့တောင်ထိလို့မရဘူး
ထိလိုက်လို့ကတော့လား... မင်းအသေပဲ ရှိူင်းမင်းခန့်"

မဖြစ်နိုင်သော ဖြစ်နိုင်သော အတွေးပေါင်းများစွာဖြင့် မယိုးမရွဖြစ်နေချိန်တွင် မျက်နှာချင်းဆိုင်ရှေ့ဘက်ခန်းမှ
တံခါးဖွင့်သံကိုကြားလိုက်ရသည်
ထို့ကြောင့် ဖြည်းဖြည်းချင်းတံခါးနားကပ်၍လျှောက်ပြီး
တံခါးကို အနည်းငယ်ဟကာ ခေါင်းပြူပြီးကြည့်လိုက်သည်
မောင်မင်းကြီးသား ဘုန်းမိုးမှာ Hoodieအမည်းရောင်ကိုခေါင်းစွပ်ပြီး
အမည်းရောင် ဘောင်းဘီရှည်ကို ဝတ်၍ထွက်သွားသည်ကိုမြင်သောအခါ

"ငါ့မှာလည်း အဲ့လိုမျိုးဝတ်စုံရှိတာပဲ...
အတော်ပဲ အခွင့်သာတုန်းလေး ငါ့ကလေးနဲ့ငါcoupleဝတ်ရမယ် ဟီးဟီး..."
ဝတ်စုံတူရန်ပင် ကြိုးစားနေရသော ဝဏ္ဏမှာ ဗီရိုကို ဖွင့်ပြီး
ထိုကဲ့သို့ ခပ်ဆင်ဆင်တူသော ဝတ်စုံများကို ရွေးလိုက်ကာ အကျီၤလဲဝတ်ပြီး ဘုန်းမိုးနောက်မှ မသိမသာလိုက်လာမိသည်...

အကျီၤဝတ်နေသဖြင့် ဘုန်းမိုးကိုမှီရန်အနည်းငယ်နောက်ကျသွားသော်လည်း
အောင်သုခလမ်းမကြီးပေါ်သို့ရောက်ရန် လမ်းလျှောက်လျှင်သိပ်မကြာသဖြင့် ခြေလှမ်းကို ခါတိုင်းထက်ပိုသွက်ကာ နောက်မှ လိုက်မိသည်
ကွေ့တစ်ခုကို ကွေ့ပြီးသည့်အခါ ဘုန်းမိုးကို ရေးရေးလေး မြင်ရသဖြင့်
ပုံမှန်ခြေလှမ်း ပြန်လှမ်းကာ နောက်မှလိုက်မိသည်...

မန္တလေးဆောင်းရာသီ၏ အေးမြမှုမှာ အရိုးထဲထိအောင်စိမ့်သဖြင့်
လမ်းမပေါ်တွင် လူသွားလူလာနည်းနေသည်...
ထိုအချိန်ကြီးမှ အပြင်သို့ခေါ်တွေ့သော မင်းခန့်ကိုလည်း ဝဏ္ဏ စိတ်ထဲမှကျိန်ဆဲမိသည်...

Platformပေါ်ရှိ ဓာတ်တိုင်မှ အလင်းရောင်ဝါဝါများက လမ်းပေါ်သို့အလင်းရောင်ဖြန့်ကျက်ပေးထားသော်လည်း ည8နာရီအချိ်န်မို့ လူအနည်းငယ်ပြတ်နေလေပြီ
ထိုအချိန်တွင် စူးရှသော ဆိုင်ကယ်တစ်စီး၏မီးခွက်မှ အလင်းမှာ သူ့မျက်နှာသို့ တည့်တည့်ထိုးလာပြီး မျက်စိပြာလာသဖြင့် မျက်လုံးကိုလက်ဖြင့်အုပ်လိုက်ချိန်တွင် ထိုဆိုင်ကယ်မှာ သူ့အနီးသို့ရောက်လာကာ အရှိန်ကိုလျှော့လိုက်သည်...

ထိုအချိ်န်တွင် ဆိုင်ကယ်ဦးထုပ်အနက်ကိုဆောင်းပြီး Maskအနက်ဖြင့် မျက်နှာကိုအုပ်ထားသော လူတစ်ယောက်သည်ခါး၌ အသင့်ပါလာသော ဓားဖြင့် သူ့ဗိုက်ကို အမြန်ထိုးလိုက်သော်လည်း သူအရှောင်အတိမ်းကောင်းသွားသဖြင့်
မထိသွား....
ဆိုင်ကယ်သမားလည်းစိုးရိမ်စိတ်ဖြင့် အားကိုစိုက်ကာ ဓားကိုင်ထားသောလက်ကိုအသားကုန်လွဲှလို်က်သောကြောင့်
သူ၏လက်မောင်းသို့ အတော်ထိသွားသည်

ဝတ်ထားသော Hoodie ၏ ဘယ်ဘက် လက်မောင်းနားတွင်ပြဲသွားပြီး Hoodieအောက်မှ သွေးစိမ်းနီနီများကအပေါ်သို့ အလျှံအပယ်ထွက်လာသဖြင့် သူလဲကျသွားသည်...

ဆိုင်ကယ်သမားလည်း ဟိုကြည့်ဒီကြည့်ဖြင့် အမြန်မောင်းပြေးသွားသည်ကို
သူနောက်ဆုံးမြင်လိုက်ရသည်.....

.............................................................................

"ဝီ...ဝီ...ဝီ..."
မန္တလေးပြည်သူ့ဆေးရုံးသို့ဦးတည်ထားသော
လူနာတင်ကား၏ ခြောက်ခြားဖွယ်အသံသည် တိတ်ဆိတ်နေသာမန္တလေးမြို့ကြီးကို ကိုင်လှုပ်လိုက်သကဲ့သို့ပင်

"ကိိုစိုင်း...ကျွန်တော်ရှိတယ်နော်...စိတ်မပူနဲ့ ကျွန်တော်ရှိတယ်"
ဘုန်းမိုး ဝဏ္ဏ၏ လက်ကလေးကို ကိုင်ကာ တစ်လမ်းလုံးစကားပြောသွားသော်လည်း သူမကြားနိုင်...
ဘုန်းမိုး မျက်ရည်များကြားမှ ကြည့်မိသောအခါ သူနာပြုဆရာမလေးမှာ ဆေးပုလင်းချိတ်ပေးနေသည်ကို တွေ့လိုက်ရသည်

.................................

"ကိုကိုစိုင်း....ကိုကိုစိုင်း......
ညီလေး ခေါ်နေတယ်လေ...ညီလေးကိုအဲ့လိုမနောက်ပါနဲ့...
ကိိုကိုစိုင်း.....ကိုကိုစိုင်း ထ.....ထတော့လို့...မနောက်ပါနဲ့...ထပါတော့..."

အကိုတစ်ဦး လဲကျနေ၍ မထမချင်းကိုင်လှုပ်နှိုးနေသောကလေးတစ်ဦး

"ဖေဖေ.......သားတို့ကို ထားမသွားပါနဲ့....ဖေဖေ....
မေမေ... ဖေဖေကို ခေါ်ပါဦး....ဖေဖေ ဘယ်ကိုထွက်သွားတာလဲမသိဘူး...."

အဖေတစ်ယောက်ကို ငိုယိုကာ ဖက်၍တောင်းပန်နေသော်လည်း
အဖက်မလုပ်ဘဲ ထားသွားခြင်းခံရသော ကလေးတစ်ဦး

"သားတောင်းပန်ပါတယ်နော်.....ရန်မဖြစ်ကြပါနဲ့တော့...
သားကိုသနားပါ...."

အခန်းထဲမှ အသံတိုးတိုးလေးဖြင့် ထိုင်၍ ကြိတ်ငိုကာပြောနေသော ကလေးတစ်ဦး

"သားလေး...သားလေး....
သား............."

မြေပြင်ပေါ်သို့ ပလတ်စတစ်အရုပ်ကလေးပမာ လဲကျသွားသော ကလေးတစ်ဦးကို ခေါ်လိုက်သော အမေတစ်ဦး၏အသံ

........................

"အား"
ရုတ်တရက်ဘုန်းမိုး ခေါင်းမှာ အလွန်ကိုက်လာ၍ ဝဏ္ဏ ကို ကိုင်ထားသောလက်များကို လွှတ်ချလိုက်သည်
အတွေးထဲတွင် ပေါ်လာသော အဖြစ်အပျက်များတွင် ကလေးတစ်ဦးတည်းသာ ပါဝင်နေသည်...
ကျန်သောသူများကို ဘုန်းမိုးသဲသဲကွဲကွဲမမြင်ရ...
နာကျင်စွာ ကိုက်ခဲလာသော ခေါင်းကြောင့် ဘုန်းမိုး ဦးခေါင်းကို နာနာဖိမိထားသည်...

"ဒဏ်ရာက တော်တော်ကြီးပြင်းတယ်ခင်ဗျ...
အရင်ကလည်း ဒီဘယ်လက်မောင်းက ထိထားဖူးတယ်
ဒဏ်ရာအခံရှိထားတာရော... ထိုးသွင်းထားတဲ့ ဓားဒဏ်ရာကရောပြင်းတဲ့အတွက် အရိုးကိုပါ ထိသွားတယ်
အဲ့ဒါကြောင့် အချိန်ယူပြီးကုရလိမ့်မယ်"

ဆရာဝန်ကြီးပြောသော စကားများကို ဘုန်းမိုးအသေအချာကြားလိုက်ရသည်
ဒဏ်ရာပြင်းသည်ဆိုသည့်အတွက် ဘုန်းမိုးအတော်ပင်စိတ်ပူသွားရသည်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ...
မန္တလေးတွင် သိသောလူနှစ်ယောက်အနက် တစ်ယောက်က ဆေးရုံပေါ်ရှိ ကုတင်၌ ရောက်နေပြီ...
တစ်ယောက်ကို အကူညီတောင်းရန်မှာလည်း
ထိုကဲ့သို့ အမှုဖြစ်ရန် လုပ်ကြံထားသော လူသတ်သမားဖြစ်သည့်အတွက် ဘုန်းမိုးခေါင်းရှုပ်ရသည်...

"ငါ့ကို သူသတ်ချင်လို့
တမင်သက်သက် အပြင်ခေါ်ထုတ်တာပဲ...
ရှိူင်းမင်းခန့်.....မင်းကိုလည်းငါကိုယ်တိုင်သတ်မယ်"
ဘုန်းမိုး တုန်လှုပ်နေသည့်ကြားမှ ဒေါသများထွက်ကာ ကျိန်ဆဲမိသည်...

တဖြည်းဖြည်းကျယ်လောင်လာသော လူသံများကြောင့်
ဘုန်းမိုးလန့်နိုးသွားရသည်...
ကိုက်ခဲမှုသည် အငြိုးအတေးအလား
အခုမနက်ထိခေါင်းကိုက်တုန်းပင်ဖြစ်သည်
ကုတင်ပေါ်တွင် ဝဏ္ဏတော့ သတိမရသေး...

နာရီကြည့်မိသဖြင့် 6နာရီ10မိနစ်မှန်းသိလိုက်ရသည်...
"တီ...တီ...တီ..."
ဖုန်းမြည်သံကြောင့် ဘုန်းမိုးကြည့်မိသောအခါ
"ကို မင်းခန့်"

ရုတ်တရက် တွေဝေလာသော စိတ်ကို ချက်ချင်းဖျောက်လိုက်ပြီး
ဖုန်းကိုင်လိုက်သည်...
"ကလေးလေး မောနင်း
ကိုယ်ညက အရမ်းအလုပ်ရှုပ်နေလို့ ဖုန်းမဆက်ဖြစ်......."

"မင်းအခု ပြည်သူ့ဆေးရုံကြီးကို ချက်ချင်းလာခဲ့
ငါမင်းနဲ့ စာရင်းရှင်းစရာရှိတယ်"

မင်းခန့်စကားမဆုံးသေးခင် ဖြတ်၍ပြောလိုက်သော ဘုန်းမိုး၏အသံမှာအလွန်ပင် မာကျော၍ တစ်ခါမှမသုံးနှုန်းဖူးသည့်
"မင်းနဲ့ငါ" ဆိုသည့် အသုံးကြောင့် မင်းခန့် တုန်လှုပ်မိသွားသည်

"တောက်.........
ငါ့ကိုမင်းလုပ်ရက်လိုက်တာ...
အခု ငါ့အကိုမင်းကြောင့်...."
ဘုန်းမိုး၏ နှုတ်ခမ်းမှ ထွက်လာသော လေသံမာမာနှင့် နာကြည်းနေသော မျက်နှာများမှ ထွက်လာသော အမုန်းမီးတောက်များမှာ မင်းခန့်ဆီသို့...

"ကလေး...
ကိုယ်ရောက်ပီ ဘယ်အဆောင်မှာလဲ"

"အရှေ့မှာ စောင့်နေ ငါဆင်းလာမယ်"
အေးစက်မာကျောလွန်းသော အသံများက ကြားရသောနားများကို မယုံသင်္ကာဖြစ်စေသည်...

ဘုန်းမိုးက ဘာလို့ဆေးရုံရောက်နေရတာလဲ...
ငါ့ကိုရော ဘာလို့ ကြမ်းကြမ်းတမ်းတမ်းတွေပြောနေရတာလဲ...
လေသံကရော ဘာလို့အဲ့လောက်တောင်မာကျောနေရတာလဲ...

ထိုစဉ် ဘုန်းမိုးရုတ်တရက် မင်းခန့်ရှေ့ရောက်လာကာ
ဘာမှမပြောဘဲ မင်းခန့်ကို ဆွဲထိုးလိုက်သည်...
"ခွပ်"
"အား"
အကောင်သေးပေမဲ့ အားပြင်းသော လက်သီးချက်ကြောင့်မင်းခန့်ယိုင်သွားရသည်

စိတ်ထဲမှ နာကြည်းမှု များက ထိုးလိုက်သဖြင့်
လက်၏နာကျင်မှုများကို ဖုံးကွယ်ထားနိုင်သည်...

"မင်း ငါ့ကို အဲ့လောက်တောင်သေစေချင်နေတာလား...
အေး အခုသတ်စမ်း ငါ့ကို သတ်လိုက်စမ်းပါ..."

ဘုန်းမိုး နီရဲနေသော မျက်လုံးစိမ်းများဖြင့် ကြမ်းတမ်းသောစကားလုံးများကို မင်းခန့်နားမလည်နိုင်....
အံ့သြလွန်း၍ ဘာမှပြန်မပြောနိုင်သောကြောင့်
ဘုန်းမိုးက ဆက်လက်၍

"မင်းကြောင့် ငါ့အကို တစ်ခုခုဖြစ်သွားရင်တော့
ငါမင်းကို လုံးဝခွင့်မလွှတ်ဘူး
မင်းကို ငါကိုယ်တိုင် သတ်မှာနော် ရှိူင်းမင်းခန့်"

မျက်လုံးနီနီများက နာကြည်းမှုများကိုပေါ်လွင်နေသည်...
မပြောဖူးသော လေသံ စကားလုံးတစ်လုံးစီတိုင်းက
မင်းခန့်၏ ရင်ထဲသို့ နက်ရှိူင်းစွာဖောက်ထွင်းသွားသည်

ဒေါသများကြောင့် တစ်ဖက်ဆုပ်ထားသည့် လက်သီးမှာ တုန်ခါနေသည်...
ရန်သူ တစ်ဦးလို အကြည့်များ
အပြုအမူများ စကားများ....
အထူးသဖြင့်...

"မင်းကို ငါကိုယ်တိုင် သတ်မှာနော် ရှိူင်းမင်းခန့်"
ဆိုသည့် နားမလည်နိုင်စရာ မယုံနိုင်စကားကိုသာ
မင်းခန့် ထပ်တလဲလဲ ကြားနေမိတော့သည်.........

#L👀

Continue Reading

You'll Also Like

845K 44.7K 44
Tine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
382K 16.2K 41
လူသားတစ်ယောက်ကိုမှချစ်မိခြင်း
406K 9.8K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 90.2K 60
ကိုယ့်အမှားတွေကြောင့် သက်ငယ်လေး နာကျင်ခဲ့ရသမျှ အခုအချိန်မှစပြီး ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖန်တီးပေးပါ့မယ်လို့ ကိုယ်ဂတ...