သူသိစေ🍁[Completed]

LinnWathan द्वारा

46.8K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 अधिक

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 8

1.2K 60 0
LinnWathan द्वारा

သူသိေစ🍁
အပိုင္း(8)

#Zawgyi

"ကိုယ္...မင္းကို ခ်စ္တယ္"
ႏႈတ္ဖ်ားမွ မထြက္ေသာ္လည္း စိတ္ထဲမွ အႀကိမ္ႀကိမ္အခါခါေျပာေနမိသည္မွာ ဒီစကားတစ္ခြန္းပဲရိွေပမည္

"ၿပီးေတာ့ ဘာျဖစ္လဲ...
ခင္ဗ်ားေနာ္ အငယ္ကို လက္စားေခ်တာလား"
ဘုန္းမိုး ႏႈတ္ခမ္းစူ မ်က္ေစာင္းထိုးကာ မင္းခန္႔ကိုေျပာလိုက္သည္

"ဟားဟား...
ကေလးဆိုးေလး... သူက်မေျပာဘဲနဲ႔"
မင္းခန္႔ ဘုန္းမိုးဆံပင္ေလးကို ဖြကာေျပာလိုက္သည္
ႏူးညံ႔ေျဖာင့္စင္းေသာ ဘုန္းမိုး၏ ဆံႏြယ္မ်ားမွာ
မင္းခန္႔၏ လက္တစ္ဖက္ေၾကာင့္ ယိမ္းခါသြားရသလို
သူ႔ရင္ထဲတြင္လည္း ႏွလံုးခုန္သံမွာ ဆူညံေနၿပီျဖစ္သည္...

ဘုန္းမိုး၏ ဆံပင္ေရာ ႏွလံုးသားကိုပါ လႈပ္ခါသြားေစသူ၏ လက္ေအာက္မွ ႐ုန္းထြက္လာကာ
တံတားေပၚတြင္ ေျပးေနေတာ့သည္...
သူ ေနာက္ျပန္လွည့္ၾကည့္မိၿပီး...
မင္းခန္႔ကို ေတာက္ပစြာျပံဳးျပလိုက္သည္မို႔ မင္းခန္႔ ရပ္ေနရာမွမခြာေငးၾကည့္ေနရသည္...

ညေနခင္းဆည္းဆာ ႏွင့္အၿပိဳင္ လွပေနေသာ ဘုန္းမိုး၏အျပံဳးမ်ားေၾကာင့္ မင္းခန္႔ရင္ခုန္သြားရသည္

ေနာက္ပိုင္း မင္းခန္႔ႏွင့္ ဘုန္းမိုး ခဏခဏေတြ႔ျဖစ္ၾကရံုသာမက
ဘုန္းမိုးတို႔ေက်ာင္းကို ခဏခဏလာေနေသာ မင္းခန္႔ကို ဝဏၰမၾကည္ေတာ့ေပ...
ထို႔အတူ မင္းခန္႔ေက်ာင္းလာတိုင္း အနားမွာ ဘုန္းမိုးက အျမဲရိွေနသျဖင့္ ဒါလီ ဘုန္းမိုးကို ေဒါသျဖစ္ရျပန္သည္
တစ္ခါတစ္ေလ ဒါလီက မင္းခန္႔ေဘးနားသို႔ လာလ်ွင္ေတာင္ မင္းခန္႔က ဘုန္းမိုးကို ဆဲြေခၚကာ သူမႏွင့္ေဝးရာသို႔ ထြက္သြားတတ္သည္ေၾကာင့္ ဒါလီ ဘုန္းမိုးကို မေက်မနပ္ျဖစ္ရသည္

ဘုန္းမိုးကလည္း ဝဏၰ ကို ယခင္ထက္ ပိုမိုရင္းႏီွးစြာဆက္ဆံၿပီး  ဘုႏွင့္ေဘာက္ မေျပာေတာ့ေသာ္လည္း
သူ၏ မ်က္လံုးထဲတြင္ ဝဏၰ ကို အကိုတစ္ေယာက္ထက္မပိုသည့္႐ိုးသားေသာ အၾကည့္မ်ားသာရိွသည္
ဝဏၰ ကေတာ့ ဘုန္းမိုးကို အျမဲအရိပ္တၾကည့္ၾကည့္ျဖင့္သာ ဂ႐ုစိုက္ရံုကလဲြ၍ က်န္တာဘာကိုမွ မေတာင္းဆိုေတာ့...

ဝဏၰ သူ႔ကိုခ်စ္ေနမွန္း ဘုန္းမိုးသိပါသည္
သို႔ေသာ္ ဘုန္းမိုး မသိခ်င္ေယာင္သာေဆာင္ထားလိုက္သည္
သိခဲ့ပံုမွာ...
တစ္ေန႔ ဘုန္းမိုး မင္းခန္႔ႏွင့္ေတြ႔ရန္ အျပင္သြားမည္လုပ္စဥ္
ဝဏၰ ဘုန္းမိုးကို လာ၍စပ္စုေတာ့သည္
"ဘယ္သြားမွာလဲ"
"ဒီနားခဏေလးပါ"

"ဘယ္သူနဲ႔လဲ"
"အကို မင္းခန္႔နဲ႔"

"ဘယ္ေလာက္ၾကာမွာလဲ"
"မေျပာတတ္ဘူးေလ"

"ဘယ္အခ်ိန္ျပန္လာမွာလဲ"
"7နာရီေလာက္ေပါ့"

"ဘာလုိ႔ အဲ့အခ်ိန္ထိေနမွာလဲ"

ေနာက္ဆံုး ေမးခြန္းကို ဘုန္းမိုး စိတ္မ႐ွည္ခ်င္ေတာ့...
ထို႔ေၾကာင့္
"ခင္ဗ်ား ဘယ္လိုျဖစ္ေနတာလဲ ကိုစိုင္းဝဏၰ
ေယာက်္ားႀကီးျဖစ္ၿပီး ရစ္လိုက္တာ"
ဘုန္းမိုး ေအာ္လိုက္မိသည္

"ေအး...
ရစ္တယ္ဆိုတာ ခ်စ္လို႔ကြ
အေသးစိတ္က စၿပီး အကုန္လံုးသိခ်င္ေနတာ ခ်စ္လို႔
မခ်စ္ရင္ ဘယ္သူမွ မရစ္ဘူး
ရစ္တာက ခ်စ္လို႔"
ဝဏၰ လည္း ဘုန္းမိုးကို ျပန္၍ေအာ္ကာေျပာလိုက္သည္...

ထိုအခါမွ ဘုန္းမိုးခမ်ာ မ်က္စိအျပဴးသားျဖင့္
"ခင္...ခင္ဗ်ား ဘာေျပာလိုက္တာလဲ"

"ေအး ဟုတ္တယ္
ငါမင္းကိုခ်စ္တယ္ ညီေလး
အခုမွ မဟုတ္ဘူး
ဟိုးငယ္ငယ္ေလးတည္းက....."
ဝဏၰ ရင္ထဲမွ ခံစားခ်က္မ်ား အခ်စ္မ်ားကို ဖြင့္ထုတ္လိုက္၍
အနည္းငယ္ေပါ့သြားဟန္ရိွေပမဲ့ ဘုန္းမိုး သူ႔ကို မုန္းသြားမလားဆိုသည့္စိတ္ တစ္ခုက သူ႔ကိုေျခာက္လွန္႔ေနသည္

"ညီေလး...
ကိုယ္ဒီလိုေျပာလို႔ ကိုယ့္ကိုမုန္းမသြားပါနဲ႔ေနာ္...
ကိုယ္က သိေစခ်င္ရံုေလးပါကြာ"
ဝဏၰမ်က္ရည္မ်ားဝိုင္းလာသည့္အတြက္
ဘုန္းမိုး မ်က္ႏွာထားကို ေျဖေလ်ာ့ လိုက္ၿပီး

"ရပါတယ္ အကို...
ကြၽန္ေတာ့္ကို ခ်စ္ေပးလို႔ ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္
ဒါေပမဲ့ ကြၽန္ေတာ္ တစ္ခါတည္း ပဲေျပာလိုက္ပါ့မယ္
ကြၽန္ေတာ္ အကို႔ကို အကိုတစ္ေယာက္လိုပဲ သေဘာထားႏိုင္တယ္"
ဘုန္းမိုး ညင္သာစြာျဖင့္ ျငင္းဆန္လိုက္သည္

ဝဏၰ ဘာမွ မေတာင္းဆိုဘဲ အေဝးမွသာ တစ္ဦးတည္း
မေျပာင္းလဲေသာ ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ဘုန္းမိုးကို ခ်စ္ျမဲသာျဖစ္သည္

ေန႔ရက္မ်ားတစ္ျဖည္းျဖည္းကုန္ဆံုးလာခဲ့ေသာ္လည္း
ညေနတိုင္း သူငယ္ခ်င္းမ်ားနွင့္တိုက္ကြမ္ဒို ကစားတတ္သည့္
ဒါလီႏြယ္မွာ ထိုေန႔ညေနလည္း တိုက္ကြမ္ဒို ကစားျဖစ္သည္...

သူမ၏ တစ္ခ်က္တစ္ခ်က္အားပါပါ လႈပ္႐ွားမႈမ်ားက က်ားသစ္တစ္ေကာင္ကဲ့သို႔ လ်င္ျမန္ဖ်တ္လတ္ၿပီး ကစားျခင္းေၾကာင့္ပိုင္ဆိုင္ထားေသာ ခႏၶာကိုယ္ သြယ္သြယ္လ်လ်ေလးပိုင္ဆိုင္ထားျခင္းျဖစ္မည္...

တျဖည္းျဖည္းခ်င္း ရင္းႏီွးကာနီးကပ္လာသည့္
မင္းခန္႔ႏွင့္ ဘုန္းမိုးတို႔ကို သူမ ၾကည့္၍မရ
ဘုန္းမိုးကိုပို၍ ၾကည့္မရျခင္းျဖစ္သည္
မင္းခန္႔ကိုေတာ့ မယံုႏိုင္ေသး.....

"မင္းခန္႔က ေယာက်္ားခ်င္းႀကိဳက္တတ္တဲ့သူလား..."

"သူဘာလို႔ ဘုန္းမိုးကိုအဲ့ဒီေလာက္အေလးေပးဆက္ဆံေနတာလဲ..."

"မျဖစ္ဘူး.....မင္းခန္႔က ငါ့အတြက္ပဲ...ငါပဲပိုင္ရမယ္...
ငါ့နားမွာ မင္းခန္႔ရိွရမယ္...
အဲ့ဒီအတြက္...ငါဘုန္းမိုးကို ေကာင္းေကာင္း ပညာေပးမွရမယ္....
ဟုတ္တယ္... နင္နဲ႔ငါေတြ႔ၾကေသးတာေပါ့ ဘုန္းမိုးရာ..."

ကိုယ္ခႏၶာမွ တိုက္ကြမ္ဒို ကစားေနေသာ္လည္း
စိတ္ထဲတြင္ အလိုမက်မႈ အခဲမေၾကမႈ ေဒါသျဖစ္မႈ မနာလိုမႈ မ်ားေၾကာင့္ ဒါလီႏြယ္ ကစားရပ္ၿပီး ခန္းမထဲရိွ ခံုတန္းျမင့္တစ္ခုေပၚတြင္ထိုင္လိုက္သည္

ထို႔ေနာက္  ဒါလီ့သူငယ္ခ်င္းမိုးရိပ္မွ...
"ဟဲ့ ဒါလီ နင္နဲ႔ မင္းခန္႔အေျခအေနဘယ္လိုလဲ"

ဒါလီမေျဖေသးဘဲ ေရသန္႔ဘူးအဖံုးကိုအရင္ဖြင့္ ေသာက္လိုက္ၿပီးမွ
"မထူးပါဘူးဟာ... သူ႔အနားမွာက မိန္းကေလးတင္မဟုတ္ဘူး
ေယာက်္ားေလးေတြေတာင္မွ တဝဲလည္လည္နဲ႔ အခုဆို ဘုန္းမိုးသြင္ဆိုတဲ့ ေကာင္တစ္ေကာင္ေပၚလာျပန္ၿပီ

မ်က္စိေတြေနာက္လိုက္တာ ငါစဥ္းစားေနတာ အဲ့ေကာင္ကိုဘယ္လိုပညာေပးရမလဲလို႔
မင္းခန္႔ကလည္း ေယာက်္ားခ်င္းႀကိဳက္တတ္တဲ့သူမ်ိဳးလား...

ဟင့္အင္း...
အဲ့တာဆိုလည္း သူစိတ္ကစားတာပဲေနမွာ
တစ္ေန႔ မင္းခန္႔ကို ငါပိုင္ရမယ္"

ဒါလီ့မ်က္လံုးမွ ရမၼက္မီးခိုးမ်ားမွာ တဝုန္းဝုန္းထႂကြေနၿပီျဖစ္သည္...
ျပတ္သားေသာ ေလသံ စူး႐ွေသာ အၾကည့္မ်ားက
ဒါလီႏြယ္ ဆိုသည့္ အမ်ိဳးသမီးတစ္ဦး၏ သြင္ျပင္ကို အတိအက်ပံုေဖာ္ေပးေနသည္ ျဖစ္သည္

"ငါ မင္းခန္႔ကိုခ်စ္တယ္ဟာ... အခုမွမဟုတ္ဘူး
ဟိုးအရင္တည္းက ဒါကိုသူလည္းသိတယ္

သိရဲ႕သားနဲ႔ဘာလို႔မ်ားငါ့လိုမိန္းကေလးတစ္ေယာက္ကိုေက်ာ္ၿပီး ငါ့အခ်စ္ေတြကို ဘာလို႔မျမင္ရတာလဲ ဘာလဲ ငါကမလွလို႔လား
မိန္းကေလးမဆန္လို႔လား

သူသိပ္ခ်စ္လြန္းတဲ့ ဒီဆံပင္႐ွည္ေလးေတြကိုေတာင္ ငါညႇပ္မပစ္ရက္ခဲ့ဘူး

သူသိပ္ျမတ္ႏိုးပါတယ္ဆိုတဲ့ ျမန္မာဝတ္စံုေလးေတြကို
ငါအျမဲတမ္းခ်ဳပ္ဝတ္ျဖစ္တယ္ေလဟာ...

ငါသူ႔ေဘးနားမွာရိွမွမဟုတ္ဘူး သူ႔ကိုအျမဲတမ္းဂ႐ုစိုက္ေပးတာပဲေလဟာ ဘာလို႔မ်ား... ဘာလို႔မ်ားငါ့ကို သူဥေပကၡာျပဳရက္တာလဲဟာ"

ဒါလီ့ရင္ထဲမွ ခံစားခ်က္မ်ားအျပင္သို႔ ေပါက္ကဲြထြက္လာျခင္းကို မ်က္ရည္မ်ားက သက္ေသျပေပးေနပါသည္...

"ဒါဆို... နင္ဘာလုပ္ခ်င္လဲငါ့ကိုေျပာ
ငါနဲ႔ မင္းခန္႔ကUniတူတူပဲဆိုေတာ့ ငါနင့္ကိုကူညီလို႔ရတယ္"
မိုးရိပ္ ဒါလီ့ကို ယံုၾကည္ခ်က္အျပည့္ျဖင့္ေျပာလိုက္သည္...

"ငါအရမ္းမုန္းေနတဲ့ ၾကည့္မရတဲ့ ဘုန္းမိုးသြင္ကိုပညာေပးခ်င္တယ္
လံုးဝကို ထိခိုက္သြားေစမယ့္နည္းနဲ႔ေပါ့"

ဒါလီ စင္ေရာ္ေတာင္ကဲ့သို႔ လွပေသာ မ်က္ခံုးႏွစ္ဖက္လံုးကိုပင့္တင္လိုက္ၿပီး အံႀကိတ္ကာေျပာလိုက္သည္...

သာယာလွေသာ ရာသီဥတု၏ ေကာင္းမႈေၾကာင့္
ေက်ာင္းသားတိုင္း တန္ဖိုးထားရေသာ ျမတ္ႏိုးရေသာ
ရတနာပံုတကၠသိုလ္ႀကီးမွာ ႏွင္းရည္ေသာက္၍ လန္းဆန္းေနေသာ
စိမ္းစိုသည့္ သစ္ပင္ႀကီးမ်ားေအာက္တြင္ ခန္႔ျငားထည္ဝါစြာရိွေနေပသည္

"မင္းခန္႔ ဟဲ့ နင့္ဖုန္းက cameraေကာင္းလို႔
ငါ selfieတစ္ပံုေလာက္႐ိုက္ခ်င္တယ္"
မိုးရိပ္ မင္းခန္႔ကို သြားအကုန္စိၿပီးေျပာလိုက္သည္...

"ဪ ေရာ့...
ငါ႐ိုက္ေပးရဦးမလား"
မင္းခန္႔ ဖုန္းကိုေပးလိုက္ကာ ကြန္႔ၿပီးေမးလိုက္ေသးသည္...

"ရပါတယ္ ဟာ...ငါ selfieပဲ႐ိုက္ခ်င္တာ ဟိုနားကအပင္ေလးမွာ..."

မိုးရိပ္ မင္းခန္႔ဆီမွ ဖုန္းယူကာ မေယာင္မလည္ျဖင့္အနည္းငယ္ေဝးရာဘက္သို႔ေလ်ွာက္သြားသည္...

"ေဒါင္" က်ယ္ေလာင္စြာျမည္လာေသာ messageအသံေၾကာင့္ဘုန္းမိုးစာအုပ္ေနသည္မွာပင္
လန္႔သြားရသည္
ဖတ္ေနေသာ စာအုပ္ကို ေပါင္မွာတင္လိုက္ၿပီး
စားပဲြေပၚမွ ဖုန္းကို ေကာက္ကိုင္လ္ိုက္သည္

"ကိုယ္ ရိႉင္းမင္းခန္႔ပါ
ဒီည ညီနဲ႔ေတြ႔ခ်င္တယ္ညီ 8နာရီေလာက္
ေအာင္သုခ လမ္းမႀကီးနားမွာ ေစာင့္ေနပါ
ကို ဆိုင္ကယ္နဲ႔အဲ့ဒီကို လာေခၚမယ္"

ဝင္လာသည့္ messageမွာ ဖုန္းနံပါတ္အစိမ္းမွျဖစ္ေသာ္လည္း ဘုန္းမိုးအလြန္ပင္ ယံုၾကည္ရေသာ
မင္းခန္႔နာမည္ႏွင့္ေရာက္လာေသာ messageျဖစ္သည္

"ဟြန္း ငါ့ကိုေတြ႔ဖို႔ ဖုန္းေလးေတာင္မဆက္ႏိုင္ဘူး
ဒီလူႀကီးကေတာ့ ....
ေတြ႔မယ္ဆိုေတာ့လည္း သြားရတာေပါ့ ဟီးဟီး
ဒါနဲ႔ ဖုန္းနံပါတ္ေျပာင္းသြားတာလား...
ဘာပဲျဖစ္ျဖစ္ ေတြ႔ဖို႔ ေခၚခဲ တုန္းေလးသြားမွ
ဘာစိတ္ကူးေပါက္လို႔လဲ မသိဘူး"

ေပ်ာ္ရႊင္ျခင္းစိတ္က မသကၤာစိတ္ကို ဖံုးႏိုင္ဖိႏိုင္လြန္းသျဖင့္
ဘုန္းမိုး အေပ်ာ္လြန္ကာ သီခ်င္းဆိုၿပီးေရခ်ိဳးခန္းထဲဝင္သြားလိုက္သည္...

"ေဒါက္ ေဒါက္"
" ညီေလးေရ..."
"ေဒါက္ ေဒါက္"
"ဘုန္းမိုး ညီေလး..."

ဝဏၰ ဘုန္းမိုးအခန္းေ႐ွ႕မွ တံခါးကိုေခါက္ကာ ဘုန္းမိုးကိုေအာ္ေခၚေနေသာ္လည္း ေရပန္းသံ သီခ်င္းသံမ်ားျဖင့္အေပ်ာ္လြန္ေနေသာ ဘုန္းမိုးမၾကား...
ထို႔ေၾကာင့္ ဝဏၰ တံခါးကိုဘုသီးကိုဖြင့္ၾကည့္လိုက္ေသာအခါ Lockမခ်ထားသည္ကိုေတြ႔ရသည္...

"ဪ ဒီေကာင္ေလး Lockလည္းမခ်ထားဘူး"
ဝဏၰအခန္းထဲသို႔ ဝင္သြားေသာအခါ ေရသံကိုၾကားလိုက္ရသည္

"လက္စသတ္ေတာ့ သူကေရခ်ိဳးေနတာကိုး"
ထို႔ေနာက္ ဘုန္းမိုးဖုန္းမွ အသံတစ္ခ်က္ကို ဝဏၰၾကားလို္က္ရသျဖင့္ အိပ္ရာေပၚရိွ ဖုန္းကို ကိုင္လိုက္ေသာအခါ messageတစ္ေစာင္ေရာက္ေနသည္ကို ေတြ႔ရသည္

နာမည္မမွတ္ထားေသာ ဖုန္းနံပါတ္စိမ္းတစ္ခုပို႔ထားေသာmessageမွာ
"ညီ ဆက္ဆက္လာခဲ့ေနာ္ ကိုယ္ေစာင့္ေနမယ္"
ဝဏၰ messageကိုၾကည့္ၿပီးေသာအခါ

"ဒါ ဟိုေကာင္ပဲေနမယ္ ငါ့ကေလးကို
ဒီေကာင္ဘာလုပ္မလို႔လဲမသိဘူး"

ဝဏၰ၏အေတြးမ်ား ေျဗာင္းဆန္သြားရသည္
ထို႔ေနာက္ ဝဏၰ ဘုန္းမိုး၏ အခန္းထဲမွ ခ်က္ျခင္းထြက္သြားေတာ့သည္

မႏၱေလး ေဆာင္းရာသီ၏ ညခင္းတို႔မွာ အလြန္ပင္ခ်မ္းလွပါသည္...
ထို႔ေၾကာင့္ အခ်ဳပ္တန္းဆရာေဖက
"ခ်မ္းပံုမွာ ကမ္းကုန္ေအာင္ရစ္တာမို႔
မန္းတုန္ေအာင္ လမ္းဆံုကဟစ္ခ်င္ေတာ့"
ဟု ဆိုခဲ့ျခင္းျဖစ္မည္...

ျမဴႏွင္းေလးမ်ားက တဖဲြဖဲြက်ေနေသာ ေဆာင္းရာသီ၏ ညခင္းအခ်ိန္တြင္ ေအာင္သုခ လမ္းမႀကီးေပၚသို႔ ဘုန္းမိုးတစ္ေယာက္အေဆာင္မႇ အူေၾကာင္ေၾကာင္ျဖင့္လမ္းေလ်ွာက္သြားေလသည္

အလြန္ပင္ေအးေသာ အခ်ိန္ျဖစ္သည္မို႔ Hoodieအနက္ေရာင္ေလးကို ေခါင္းစြပ္ၿပီး အနက္ေရာင္ေဘာင္းဘီ႐ွည္အထူေလးကိုဝတ္ကာ
မင္းခန္႔ကို ေတြ႔ခ်င္လိုေသာ တမ္းတစိတ္မ်ားျဖင့္
မင္းခန္႔ခ်ိန္းရာသို႔ လမ္းေလ်ွာက္လာေလသည္...

Platformေပၚရိွ ဓာတ္တိုင္မွ အလင္းေရာင္ဝါဝါမ်ားက လမ္းေပၚသို႔အလင္းေရာင္ျဖန္႔က်က္ေပးထားေသာ္လည္း ည8နာရီအခ်ိ္န္မို႔ လူအနည္းငယ္ျပတ္ေနေလၿပီ
ထိုအခ်ိန္တြင္ စူး႐ွေသာ ဆိုင္ကယ္တစ္စီး၏မီးခြက္မွ အလင္းမွာ သူ႔မ်က္ႏွာသို႔ တည့္တည့္ထိုးလာၿပီး မ်က္စိျပာလာသျဖင့္ မ်က္လံုးကိုလက္ျဖင့္အုပ္လိုက္ခ်ိန္တြင္ ထိုဆိုင္ကယ္မွာ သူ႔အနီးသို႔ေရာက္လာကာ အရိွန္ကိုေလ်ွာ့လိုက္သည္...

ထိုအခ်ိ္န္တြင္ ဆိုင္ကယ္ဦးထုပ္အနက္ကိုေဆာင္းၿပီး Maskအနက္ျဖင့္ မ်က္ႏွာကိုအုပ္ထားေသာ လူတစ္ေယာက္သည္ခါး၌ အသင့္ပါလာေသာ ဓားျဖင့္ သူ႔ဗိုက္ကို အျမန္ထိုးလိုက္ေသာ္လည္း သူအေ႐ွာင္အတိမ္းေကာင္းသြားသျဖင့္
မထိသြား....
ဆိုင္ကယ္သမားလည္းစိုးရိမ္စိတ္ျဖင့္ အားကိုစိုက္ကာ ဓားကိုင္ထားေသာလက္ကိုအသားကုန္လဲႊလို္က္ေသာေၾကာင့္
သူ၏လက္ေမာင္းသို႔ အေတာ္ထိသြားသည္

ဝတ္ထားေသာ Hoodie ၏ ဘယ္ဘက္ လက္ေမာင္းနားတြင္ျပဲသြားၿပီး Hoodieေအာက္မွ ေသြးစိမ္းနီနီမ်ားကအေပၚသို႔ အလ်ွံအပယ္ထြက္လာသျဖင့္ သူလဲက်သြားသည္...

ဆိုင္ကယ္သမားလည္း ဟိုၾကည့္ဒီၾကည့္ျဖင့္ အျမန္ေမာင္းေျပးသြားသည္ကို
သူေနာက္ဆံုးျမင္လိုက္ရသည္.....

ေအးစိမ့္လွ ေသာ ေဆာင္းရာသီ၏ ညတစ္ညတြင္
မီးေရာင္ မိွန္မိွန္သာရိွေသာ ဓာတ္တိုင္တစ္ခု၏ေအာက္Platformေပၚတြင္
ေသြးအိုင္ထဲ၌ လဲက်ေနေသာသူ.........

#L👀

"Unicode

"ကိုယ်...မင်းကို ချစ်တယ်"
နှုတ်ဖျားမှ မထွက်သော်လည်း စိတ်ထဲမှ အကြိမ်ကြိမ်အခါခါပြောနေမိသည်မှာ ဒီစကားတစ်ခွန်းပဲရှိပေမည်

"ပြီးတော့ ဘာဖြစ်လဲ...
ခင်ဗျားနော် အငယ်ကို လက်စားချေတာလား"
ဘုန်းမိုး နှုတ်ခမ်းစူ မျက်စောင်းထိုးကာ မင်းခန့်ကိုပြောလိုက်သည်

"ဟားဟား...
ကလေးဆိုးလေး... သူကျမပြောဘဲနဲ့"
မင်းခန့် ဘုန်းမိုးဆံပင်လေးကို ဖွကာပြောလိုက်သည်
နူးညံ့ဖြောင့်စင်းသော ဘုန်းမိုး၏ ဆံနွယ်များမှာ
မင်းခန့်၏ လက်တစ်ဖက်ကြောင့် ယိမ်းခါသွားရသလို
သူ့ရင်ထဲတွင်လည်း နှလုံးခုန်သံမှာ ဆူညံနေပြီဖြစ်သည်...

ဘုန်းမိုး၏ ဆံပင်ရော နှလုံးသားကိုပါ လှုပ်ခါသွားစေသူ၏ လက်အောက်မှ ရုန်းထွက်လာကာ
တံတားပေါ်တွင် ပြေးနေတော့သည်...
သူ နောက်ပြန်လှည့်ကြည့်မိပြီး...
မင်းခန့်ကို တောက်ပစွာပြုံးပြလိုက်သည်မို့ မင်းခန့် ရပ်နေရာမှမခွာငေးကြည့်နေရသည်...

ညနေခင်းဆည်းဆာ နှင့်အပြိုင် လှပနေသော ဘုန်းမိုး၏အပြုံးများကြောင့် မင်းခန့်ရင်ခုန်သွားရသည်

နောက်ပိုင်း မင်းခန့်နှင့် ဘုန်းမိုး ခဏခဏတွေ့ဖြစ်ကြရုံသာမက
ဘုန်းမိုးတို့ကျောင်းကို ခဏခဏလာနေသော မင်းခန့်ကို ဝဏ္ဏမကြည်တော့ပေ...
ထို့အတူ မင်းခန့်ကျောင်းလာတိုင်း အနားမှာ ဘုန်းမိုးက အမြဲရှိနေသဖြင့် ဒါလီ ဘုန်းမိုးကို ဒေါသဖြစ်ရပြန်သည်
တစ်ခါတစ်လေ ဒါလီက မင်းခန့်ဘေးနားသို့ လာလျှင်တောင် မင်းခန့်က ဘုန်းမိုးကို ဆွဲခေါ်ကာ သူမနှင့်ဝေးရာသို့ ထွက်သွားတတ်သည်ကြောင့် ဒါလီ ဘုန်းမိုးကို မကျေမနပ်ဖြစ်ရသည်

ဘုန်းမိုးကလည်း ဝဏ္ဏ ကို ယခင်ထက် ပိုမိုရင်းနှီးစွာဆက်ဆံပြီး  ဘုနှင့်ဘောက် မပြောတော့သော်လည်း
သူ၏ မျက်လုံးထဲတွင် ဝဏ္ဏ ကို အကိုတစ်ယောက်ထက်မပိုသည့်ရိုးသားသော အကြည့်များသာရှိသည်
ဝဏ္ဏ ကတော့ ဘုန်းမိုးကို အမြဲအရိပ်တကြည့်ကြည့်ဖြင့်သာ ဂရုစိုက်ရုံကလွဲ၍ ကျန်တာဘာကိုမှ မတောင်းဆိုတော့...

ဝဏ္ဏ သူ့ကိုချစ်နေမှန်း ဘုန်းမိုးသိပါသည်
သို့သော် ဘုန်းမိုး မသိချင်ယောင်သာဆောင်ထားလိုက်သည်
သိခဲ့ပုံမှာ...
တစ်နေ့ ဘုန်းမိုး မင်းခန့်နှင့်တွေ့ရန် အပြင်သွားမည်လုပ်စဉ်
ဝဏ္ဏ ဘုန်းမိုးကို လာ၍စပ်စုတော့သည်
"ဘယ်သွားမှာလဲ"
"ဒီနားခဏလေးပါ"

"ဘယ်သူနဲ့လဲ"
"အကို မင်းခန့်နဲ့"

"ဘယ်လောက်ကြာမှာလဲ"
"မပြောတတ်ဘူးလေ"

"ဘယ်အချိန်ပြန်လာမှာလဲ"
"7နာရီလောက်ပေါ့"

"ဘာလို့ အဲ့အချိန်ထိနေမှာလဲ"

နောက်ဆုံး မေးခွန်းကို ဘုန်းမိုး စိတ်မရှည်ချင်တော့...
ထို့ကြောင့်
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ကိုစိုင်းဝဏ္ဏ
ယောကျ်ားကြီးဖြစ်ပြီး ရစ်လိုက်တာ"
ဘုန်းမိုး အော်လိုက်မိသည်

"အေး...
ရစ်တယ်ဆိုတာ ချစ်လို့ကွ
အသေးစိတ်က စပြီး အကုန်လုံးသိချင်နေတာ ချစ်လို့
မချစ်ရင် ဘယ်သူမှ မရစ်ဘူး
ရစ်တာက ချစ်လို့"
ဝဏ္ဏ လည်း ဘုန်းမိုးကို ပြန်၍အော်ကာပြောလိုက်သည်...

ထိုအခါမှ ဘုန်းမိုးခမျာ မျက်စိအပြူးသားဖြင့်
"ခင်...ခင်ဗျား ဘာပြောလိုက်တာလဲ"

"အေး ဟုတ်တယ်
ငါမင်းကိုချစ်တယ် ညီလေး
အခုမှ မဟုတ်ဘူး
ဟိုးငယ်ငယ်လေးတည်းက....."
ဝဏ္ဏ ရင်ထဲမှ ခံစားချက်များ အချစ်များကို ဖွင့်ထုတ်လိုက်၍
အနည်းငယ်ပေါ့သွားဟန်ရှိပေမဲ့ ဘုန်းမိုး သူ့ကို မုန်းသွားမလားဆိုသည့်စိတ် တစ်ခုက သူ့ကိုခြောက်လှန့်နေသည်

"ညီလေး...
ကိုယ်ဒီလိုပြောလို့ ကိုယ့်ကိုမုန်းမသွားပါနဲ့နော်...
ကိုယ်က သိစေချင်ရုံလေးပါကွာ"
ဝဏ္ဏမျက်ရည်များဝိုင်းလာသည့်အတွက်
ဘုန်းမိုး မျက်နှာထားကို ဖြေလျော့ လိုက်ပြီး

"ရပါတယ် အကို...
ကျွန်တော့်ကို ချစ်ပေးလို့ ကျွန်တော်ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ကျွန်တော် တစ်ခါတည်း ပဲပြောလိုက်ပါ့မယ်
ကျွန်တော် အကို့ကို အကိုတစ်ယောက်လိုပဲ သဘောထားနိုင်တယ်"
ဘုန်းမိုး ညင်သာစွာဖြင့် ငြင်းဆန်လိုက်သည်

ဝဏ္ဏ ဘာမှ မတောင်းဆိုဘဲ အဝေးမှသာ တစ်ဦးတည်း
မပြောင်းလဲသော ချစ်ခြင်းမေတ္တာများဖြင့် ဘုန်းမိုးကို ချစ်မြဲသာဖြစ်သည်

နေ့ရက်များတစ်ဖြည်းဖြည်းကုန်ဆုံးလာခဲ့သော်လည်း
ညနေတိုင်း သူငယ်ချင်းများနှင့်တိုက်ကွမ်ဒို ကစားတတ်သည့်
ဒါလီနွယ်မှာ ထိုနေ့ညနေလည်း တိုက်ကွမ်ဒို ကစားဖြစ်သည်...

သူမ၏ တစ်ချက်တစ်ချက်အားပါပါ လှုပ်ရှားမှုများက ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်ပြီး ကစားခြင်းကြောင့်ပိုင်ဆိုင်ထားသော ခန္ဓာကိုယ် သွယ်သွယ်လျလျလေးပိုင်ဆိုင်ထားခြင်းဖြစ်မည်...

တဖြည်းဖြည်းချင်း ရင်းနှီးကာနီးကပ်လာသည့်
မင်းခန့်နှင့် ဘုန်းမိုးတို့ကို သူမ ကြည့်၍မရ
ဘုန်းမိုးကိုပို၍ ကြည့်မရခြင်းဖြစ်သည်
မင်းခန့်ကိုတော့ မယုံနိုင်သေး.....

"မင်းခန့်က ယောကျ်ားချင်းကြိုက်တတ်တဲ့သူလား..."

"သူဘာလို့ ဘုန်းမိုးကိုအဲ့ဒီလောက်အလေးပေးဆက်ဆံနေတာလဲ..."

"မဖြစ်ဘူး.....မင်းခန့်က ငါ့အတွက်ပဲ...ငါပဲပိုင်ရမယ်...
ငါ့နားမှာ မင်းခန့်ရှိရမယ်...
အဲ့ဒီအတွက်...ငါဘုန်းမိုးကို ကောင်းကောင်း ပညာပေးမှရမယ်....
ဟုတ်တယ်... နင်နဲ့ငါတွေ့ကြသေးတာပေါ့ ဘုန်းမိုးရာ..."

ကိုယ်ခန္ဓာမှ တိုက်ကွမ်ဒို ကစားနေသော်လည်း
စိတ်ထဲတွင် အလိုမကျမှု အခဲမကြေမှု ဒေါသဖြစ်မှု မနာလိုမှု များကြောင့် ဒါလီနွယ် ကစားရပ်ပြီး ခန်းမထဲရှိ ခုံတန်းမြင့်တစ်ခုပေါ်တွင်ထိုင်လိုက်သည်

ထို့နောက်  ဒါလီ့သူငယ်ချင်းမိုးရိပ်မှ...
"ဟဲ့ ဒါလီ နင်နဲ့ မင်းခန့်အခြေအနေဘယ်လိုလဲ"

ဒါလီမဖြေသေးဘဲ ရေသန့်ဘူးအဖုံးကိုအရင်ဖွင့် သောက်လိုက်ပြီးမှ
"မထူးပါဘူးဟာ... သူ့အနားမှာက မိန်းကလေးတင်မဟုတ်ဘူး
ယောကျ်ားလေးတွေတောင်မှ တဝဲလည်လည်နဲ့ အခုဆို ဘုန်းမိုးသွင်ဆိုတဲ့ ကောင်တစ်ကောင်ပေါ်လာပြန်ပြီ

မျက်စိတွေနောက်လိုက်တာ ငါစဉ်းစားနေတာ အဲ့ကောင်ကိုဘယ်လိုပညာပေးရမလဲလို့
မင်းခန့်ကလည်း ယောကျ်ားချင်းကြိုက်တတ်တဲ့သူမျိုးလား...

ဟင့်အင်း...
အဲ့တာဆိုလည်း သူစိတ်ကစားတာပဲနေမှာ
တစ်နေ့ မင်းခန့်ကို ငါပိုင်ရမယ်"

ဒါလီ့မျက်လုံးမှ ရမ္မက်မီးခိုးများမှာ တဝုန်းဝုန်းထကြွနေပြီဖြစ်သည်...
ပြတ်သားသော လေသံ စူးရှသော အကြည့်များက
ဒါလီနွယ် ဆိုသည့် အမျိုးသမီးတစ်ဦး၏ သွင်ပြင်ကို အတိအကျပုံဖော်ပေးနေသည် ဖြစ်သည်

"ငါ မင်းခန့်ကိုချစ်တယ်ဟာ... အခုမှမဟုတ်ဘူး
ဟိုးအရင်တည်းက ဒါကိုသူလည်းသိတယ်

သိရဲ့သားနဲ့ဘာလို့များငါ့လိုမိန်းကလေးတစ်ယောက်ကိုကျော်ပြီး ငါ့အချစ်တွေကို ဘာလို့မမြင်ရတာလဲ ဘာလဲ ငါကမလှလို့လား
မိန်းကလေးမဆန်လို့လား

သူသိပ်ချစ်လွန်းတဲ့ ဒီဆံပင်ရှည်လေးတွေကိုတောင် ငါညှပ်မပစ်ရက်ခဲ့ဘူး

သူသိပ်မြတ်နိုးပါတယ်ဆိုတဲ့ မြန်မာဝတ်စုံလေးတွေကို
ငါအမြဲတမ်းချုပ်ဝတ်ဖြစ်တယ်လေဟာ...

ငါသူ့ဘေးနားမှာရှိမှမဟုတ်ဘူး သူ့ကိုအမြဲတမ်းဂရုစိုက်ပေးတာပဲလေဟာ ဘာလို့များ... ဘာလို့များငါ့ကို သူဥပေက္ခာပြုရက်တာလဲဟာ"

ဒါလီ့ရင်ထဲမှ ခံစားချက်များအပြင်သို့ ပေါက်ကွဲထွက်လာခြင်းကို မျက်ရည်များက သက်သေပြပေးနေပါသည်...

"ဒါဆို... နင်ဘာလုပ်ချင်လဲငါ့ကိုပြော
ငါနဲ့ မင်းခန့်ကUniတူတူပဲဆိုတော့ ငါနင့်ကိုကူညီလို့ရတယ်"
မိုးရိပ် ဒါလီ့ကို ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်...

"ငါအရမ်းမုန်းနေတဲ့ ကြည့်မရတဲ့ ဘုန်းမိုးသွင်ကိုပညာပေးချင်တယ်
လုံးဝကို ထိခိုက်သွားစေမယ့်နည်းနဲ့ပေါ့"

ဒါလီ စင်ရော်တောင်ကဲ့သို့ လှပသော မျက်ခုံးနှစ်ဖက်လုံးကိုပင့်တင်လိုက်ပြီး အံကြိတ်ကာပြောလိုက်သည်...

သာယာလှသော ရာသီဥတု၏ ကောင်းမှုကြောင့်
ကျောင်းသားတိုင်း တန်ဖိုးထားရသော မြတ်နိုးရသော
ရတနာပုံတက္ကသိုလ်ကြီးမှာ နှင်းရည်သောက်၍ လန်းဆန်းနေသော
စိမ်းစိုသည့် သစ်ပင်ကြီးများအောက်တွင် ခန့်ငြားထည်ဝါစွာရှိနေပေသည်

"မင်းခန့် ဟဲ့ နင့်ဖုန်းက cameraကောင်းလို့
ငါ selfieတစ်ပုံလောက်ရိုက်ချင်တယ်"
မိုးရိပ် မင်းခန့်ကို သွားအကုန်စိပြီးပြောလိုက်သည်...

"ဪ ရော့...
ငါရိုက်ပေးရဦးမလား"
မင်းခန့် ဖုန်းကိုပေးလိုက်ကာ ကွန့်ပြီးမေးလိုက်သေးသည်...

"ရပါတယ် ဟာ...ငါ selfieပဲရိုက်ချင်တာ ဟိုနားကအပင်လေးမှာ..."

မိုးရိပ် မင်းခန့်ဆီမှ ဖုန်းယူကာ မယောင်မလည်ဖြင့်အနည်းငယ်ဝေးရာဘက်သို့လျှောက်သွားသည်...

"ဒေါင်" ကျယ်လောင်စွာမြည်လာသော messageအသံကြောင့်ဘုန်းမိုးစာအုပ်နေသည်မှာပင်
လန့်သွားရသည်
ဖတ်နေသော စာအုပ်ကို ပေါင်မှာတင်လိုက်ပြီး
စားပွဲပေါ်မှ ဖုန်းကို ကောက်ကိုင်လ်ိုက်သည်

"ကိုယ် ရှိူင်းမင်းခန့်ပါ
ဒီည ညီနဲ့တွေ့ချင်တယ်ညီ 8နာရီလောက်
အောင်သုခ လမ်းမကြီးနားမှာ စောင့်နေပါ
ကို ဆိုင်ကယ်နဲ့အဲ့ဒီကို လာခေါ်မယ်"

ဝင်လာသည့် messageမှာ ဖုန်းနံပါတ်အစိမ်းမှဖြစ်သော်လည်း ဘုန်းမိုးအလွန်ပင် ယုံကြည်ရသော
မင်းခန့်နာမည်နှင့်ရောက်လာသော messageဖြစ်သည်

"ဟွန်း ငါ့ကိုတွေ့ဖို့ ဖုန်းလေးတောင်မဆက်နိုင်ဘူး
ဒီလူကြီးကတော့ ....
တွေ့မယ်ဆိုတော့လည်း သွားရတာပေါ့ ဟီးဟီး
ဒါနဲ့ ဖုန်းနံပါတ်ပြောင်းသွားတာလား...
ဘာပဲဖြစ်ဖြစ် တွေ့ဖို့ ခေါ်ခဲ တုန်းလေးသွားမှ
ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး"

ပျော်ရွှင်ခြင်းစိတ်က မသင်္ကာစိတ်ကို ဖုံးနိုင်ဖိနိုင်လွန်းသဖြင့်
ဘုန်းမိုး အပျော်လွန်ကာ သီချင်းဆိုပြီးရေချိုးခန်းထဲဝင်သွားလိုက်သည်...

"ဒေါက် ဒေါက်"
" ညီလေးရေ..."
"ဒေါက် ဒေါက်"
"ဘုန်းမိုး ညီလေး..."

ဝဏ္ဏ ဘုန်းမိုးအခန်းရှေ့မှ တံခါးကိုခေါက်ကာ ဘုန်းမိုးကိုအော်ခေါ်နေသော်လည်း ရေပန်းသံ သီချင်းသံများဖြင့်အပျော်လွန်နေသော ဘုန်းမိုးမကြား...
ထို့ကြောင့် ဝဏ္ဏ တံခါးကိုဘုသီးကိုဖွင့်ကြည့်လိုက်သောအခါ Lockမချထားသည်ကိုတွေ့ရသည်...

"ဪ ဒီကောင်လေး Lockလည်းမချထားဘူး"
ဝဏ္ဏအခန်းထဲသို့ ဝင်သွားသောအခါ ရေသံကိုကြားလိုက်ရသည်

"လက်စသတ်တော့ သူကရေချိုးနေတာကိုး"
ထို့နောက် ဘုန်းမိုးဖုန်းမှ အသံတစ်ချက်ကို ဝဏ္ဏကြားလို်က်ရသဖြင့် အိပ်ရာပေါ်ရှိ ဖုန်းကို ကိုင်လိုက်သောအခါ messageတစ်စောင်ရောက်နေသည်ကို တွေ့ရသည်

နာမည်မမှတ်ထားသော ဖုန်းနံပါတ်စိမ်းတစ်ခုပို့ထားသောmessageမှာ
"ညီ ဆက်ဆက်လာခဲ့နော် ကိုယ်စောင့်နေမယ်"
ဝဏ္ဏ messageကိုကြည့်ပြီးသောအခါ

"ဒါ ဟိုကောင်ပဲနေမယ် ငါ့ကလေးကို
ဒီကောင်ဘာလုပ်မလို့လဲမသိဘူး"

ဝဏ္ဏ၏အတွေးများ ဗြောင်းဆန်သွားရသည်
ထို့နောက် ဝဏ္ဏ ဘုန်းမိုး၏ အခန်းထဲမှ ချက်ခြင်းထွက်သွားတော့သည်

မန္တလေး ဆောင်းရာသီ၏ ညခင်းတို့မှာ အလွန်ပင်ချမ်းလှပါသည်...
ထို့ကြောင့် အချုပ်တန်းဆရာဖေက
"ချမ်းပုံမှာ ကမ်းကုန်အောင်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့"
ဟု ဆိုခဲ့ခြင်းဖြစ်မည်...

မြူနှင်းလေးများက တဖွဲဖွဲကျနေသော ဆောင်းရာသီ၏ ညခင်းအချိန်တွင် အောင်သုခ လမ်းမကြီးပေါ်သို့ ဘုန်းမိုးတစ်ယောက်အဆောင်မှ အူကြောင်ကြောင်ဖြင့်လမ်းလျှောက်သွားလေသည်

အလွန်ပင်အေးသော အချိန်ဖြစ်သည်မို့ Hoodieအနက်ရောင်လေးကို ခေါင်းစွပ်ပြီး အနက်ရောင်ဘောင်းဘီရှည်အထူလေးကိုဝတ်ကာ
မင်းခန့်ကို တွေ့ချင်လိုသော တမ်းတစိတ်များဖြင့်
မင်းခန့်ချိန်းရာသို့ လမ်းလျှောက်လာလေသည်...

Platformပေါ်ရှိ ဓာတ်တိုင်မှ အလင်းရောင်ဝါဝါများက လမ်းပေါ်သို့အလင်းရောင်ဖြန့်ကျက်ပေးထားသော်လည်း ည8နာရီအချိ်န်မို့ လူအနည်းငယ်ပြတ်နေလေပြီ
ထိုအချိန်တွင် စူးရှသော ဆိုင်ကယ်တစ်စီး၏မီးခွက်မှ အလင်းမှာ သူ့မျက်နှာသို့ တည့်တည့်ထိုးလာပြီး မျက်စိပြာလာသဖြင့် မျက်လုံးကိုလက်ဖြင့်အုပ်လိုက်ချိန်တွင် ထိုဆိုင်ကယ်မှာ သူ့အနီးသို့ရောက်လာကာ အရှိန်ကိုလျှော့လိုက်သည်...

ထိုအချိ်န်တွင် ဆိုင်ကယ်ဦးထုပ်အနက်ကိုဆောင်းပြီး Maskအနက်ဖြင့် မျက်နှာကိုအုပ်ထားသော လူတစ်ယောက်သည်ခါး၌ အသင့်ပါလာသော ဓားဖြင့် သူ့ဗိုက်ကို အမြန်ထိုးလိုက်သော်လည်း သူအရှောင်အတိမ်းကောင်းသွားသဖြင့်
မထိသွား....
ဆိုင်ကယ်သမားလည်းစိုးရိမ်စိတ်ဖြင့် အားကိုစိုက်ကာ ဓားကိုင်ထားသောလက်ကိုအသားကုန်လွဲှလို်က်သောကြောင့်
သူ၏လက်မောင်းသို့ အတော်ထိသွားသည်

ဝတ်ထားသော Hoodie ၏ ဘယ်ဘက် လက်မောင်းနားတွင်ပြဲသွားပြီး Hoodieအောက်မှ သွေးစိမ်းနီနီများကအပေါ်သို့ အလျှံအပယ်ထွက်လာသဖြင့် သူလဲကျသွားသည်...

ဆိုင်ကယ်သမားလည်း ဟိုကြည့်ဒီကြည့်ဖြင့် အမြန်မောင်းပြေးသွားသည်ကို
သူနောက်ဆုံးမြင်လိုက်ရသည်.....

အေးစိမ့်လှ သော ဆောင်းရာသီ၏ ညတစ်ညတွင်
မီးရောင် မှိန်မှိန်သာရှိသော ဓာတ်တိုင်တစ်ခု၏အောက်Platformပေါ်တွင်
သွေးအိုင်ထဲ၌ လဲကျနေသောသူ.........

#L👀

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

353K 24.2K 50
တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျ...
1.7M 70.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
367K 14.3K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
224K 36.9K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .