သူသိစေ🍁[Completed]

By LinnWathan

46.9K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 More

Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 6

1.6K 93 1
By LinnWathan

#Zawgyi

"ငါေလ.....ငါနင့္ကိုခ်စ္လြန္းလို႔
နင့္ေဘးနားမွာ ကပ္ေနတဲ့သူမွန္သမ်ွ ငါဆဲြခြာမိတာ...
ငါနင့္ကိုခ်စ္လို႔ေလဟာ...ငါမွားလို႔လား"

ဒါလီ၏ အသံမွာ တိမ္ဝင္သြားၿပီး မ်က္လံုးမ်ားမွာလည္း မ်က္ရည္မ်ားျဖင့္ျပည့္နႇက္ျပီး အမွန္ပင္သနားစရာေကာင္းေနသည္

"ေအး...မွားတယ္
အဲ့ဒါအခ်စ္မဟုတ္ဘူး...အတၱ
ငါ့ေဘးနားမွာဘယ္သူက ကပ္ေနလို႔လဲ...ဘာလဲ ဘုန္းမိုးလား...
ဟင့္အင္း သူကငါ့နားကပ္ေနတာမဟုတ္ဘူး...
ငါကသူနဲ႔နီးဖို႔ႀကိဳးစားေနတာ...
နင္ဘာလုပ္ခ်င္လဲ"

မင္းခန္႔၏ အေျပာေၾကာင့္ ဒါလီေရာ ဘုန္းမိုးပါ မ်က္လံုးျပဴးသြားသည္
ဝဏၰ ကေတာ့ မင္းခန္႔ကို မႈန္ကုပ္ကုပ္ျဖင့္ၾကည့္ေနသည္

"မင္းခန္႔.... နင္ဘာေျပာလိုက္တာလဲ
နင့္စကားက ဘာအဓိပၸါယ္ေရာက္သြားၿပီလဲနင္သိလား"

ဒါလီ မယံုၾကည္ေသာအသံျဖင့္ ေမးလိုက္မိသည္...

"သိတယ္ အနည္းဆံုးေတာ့ ငါနင့္လိုမ႐ူးဘူး..."

မင္းခန္႔ ေအာ္လိုက္သျဖင့္ ဒါလီႏြယ္ေခြလ်က္လဲက်သြားၿပီး အ႐ူးတစ္ေယာက္လိုသာ ငိုေနေတာ့သည္...

ဘုန္းမိုးလည္း မင္းခန္႔ဆီသို႔ ေစေသာ အၾကည့္မ်ားကိုျပန္႐ုတ္သိမ္းလိုက္ေတာ့သည္
"လာ...ညီေလး သြားမယ္"
ဝဏၰ ဘုန္းမိုး၏ပုခံုးကိုဖက္ကာ ထိုေနရာမွအေဝးသို႔ထြက္သြားသည္
ဘုန္းမိုးလည္း အသိစိတ္ေပ်ာက္ကာ ဝဏၰ ေခၚေဆာင္ရာသို႔ အ႐ုပ္တစ္႐ုပ္ကဲ့သို႔ ပါသြားေလသည္

ထြက္သြားေသာ ဘုန္းမိုး၏ေနာက္ေက်ာကိုၾကည့္ရင္းမင္းခန္႔ က်န္ခဲ့ရသည္...
သို႔ေသာ္ လဲက်သြားေသာ ဒါလီကိုသူမထူဘဲ ဘုန္းမိုးႏွင့္ဆန္႔က်င္ဘက္သို႔ ေနာက္ျပန္လွည့္မၾကည့္ဘဲထြက္သြားေတာ့သည္...

"မင္း...ခန္႔....."

တစ္ခ်က္ေလးမွ ငဲ့မၾကည့္သြားေသာ မင္းခန္႔၏နာမည္ကို ဒါလီ တိုးတိတ္စြာ လွမ္းေခၚမိသည္...သူမၾကားေတာ့ေပ
ဝိုင္းၾကည့္ေနေသာ သူမ်ားလည္း အလ်ိဳလ်ိဳထြက္သြားၾကသည္...

ဒါလီ့ကို လွည့္ၾကည့္မည့္သူ တစ္ေယာက္မွမရိွ
ထူေပးမည့္သူ တစ္ေယာက္မွမရိွ...
ဒါလီ့ ရင္ထဲမွ ခံစားခ်က္မ်ားအခ်စ္မ်ားကို ဘယ္သူမွမျမင္
ဒါလီတစ္ေယာက္တည္း အ႐ူးလိုေသာင္းက်န္းကာ က်န္ခဲ့ေတာ့သည္.....

"ဘုန္းမိုး.....
ညီေလးဘာျဖစ္သြားေသးလဲ တစ္ေနရာရာထိခိုက္သြားေသးလား
ကိုယ္ေျပာသားပဲ ဒါလီႏြယ္နဲ႔ ေဝးေဝးေ႐ွာင္ပါလို႔..."
ဝဏၰ အသံမွာ ဘုန္းမိုးကို စိုးရိမ္ပူပန္သံ ဒါလီႏြယ္ကို ေဒါသျဖစ္သံ ႏွစ္ခုကိုေပါင္းစပ္ကာ ေျပာလိုက္သည္ကို ဘုန္းမိုးၾကားရသည္...

"ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး...
ရပါတယ္ ဒါနဲ႔ အကို ဘယ္တုန္းတည္းကေရာက္ေနတာလဲ..."
ဘုန္းမိုးေအးစက္စက္သာေမးလိုက္သည္

"ဝင္တိုက္ထဲကေရာက္ေနတာ...
လုပ္ၾကံတာဆိုတာ အကိုျမင္တယ္"
ဝဏၰ ေဒါသသံမ်ားက တစ္ျဖည္းျဖည္းျမင့္တက္လာသည္...

"အကို ဘာျဖစ္ေနတာလဲ...
အရမ္းႀကီး စိုးရိမ္တဲ့ပံုစံေပါက္ေနတယ္...
ကြၽန္ေတာ့္ကို ကူညီတာေက်းဇူးတင္ပါတယ္...
ဒါေပမဲ့ အကိုနဲ႔မဆိုင္တဲ့ကိစၥကို ဝင္မေျပာသင့္ဘူးထင္တာပဲ..."
ဘုန္းမိုးပံုမွန္ေလသံျဖင့္ ဝဏၰ ကို ေစ့ေစ့ၾကည့္ကာေျပာလိုက္သည္

"ငါနဲ႔ မဆိုင္ဘူး.....ဟား
မင္းမို႔လို႔ ဒီလိုေျပာရက္တယ္ ဘုန္းမိုးရာ
ငါ......."
ေအးစက္လွေသာဝဏၰ၏ အသံမ်ားမွာ တိမ္ဝင္သြားၿပီး
မ်က္ရည္မ်ားဝဲလာရသည္

ဟုတ္ပါသည္...
သူသိတတ္သည့္အရြယ္9တန္းတည္းက ဝဏၰ ဘုန္းမိုးကို ညီအရင္းတစ္ေယာက္ကဲ့သို႔ ျဖဴစင္ေသာအခ်စ္မွ အေရာင္မ်ားႏွင့္ျပည့္ႏွက္ေနေသာ ဘယ္သူ႔ကိုမွမခ်စ္ဖူးသည့္အခ်စ္ျဖင့္ ဝဏၰ ခ်စ္ခဲ့သည္
ဝဏၰ ၏ အခ်စ္ဦးမွာ မိန္းကေလးမဟုတ္...
ေယာက်္ားေလး တစ္ဦးျဖစ္ေန၍ ဝဏၰ ကိုယ္တိုင္ပင္လက္မခံခဲ့...အမ်ိဳးမ်ိဳးစိတ္ကိုျပဳျပင္ခဲ့ေသာ္လည္းမရခဲ့

ဝဏၰ ခ်စ္သည္မွာ သူ႔အိမ္သို႔ ညေနတိုင္းလာေဆာ့တတ္သည့္ကေလးတစ္ေယာက္...
သူအျမဲ ေက်ာင္းခန္းထဲလိုက္ပို႔ေနက် ကေလးတစ္ေယာက္...
ေတာက္ပေသာ မ်က္လံုး ေသြးေရာင္လႊမ္းေသာႏႈတ္ခမ္းမ်ားျဖင့္သူ႔ကိုအျမဲ ျပံဳးျပတတ္ေသာ ကေလးတစ္ေယာက္...
ထိုကေလး ဆိုးသမ်ွ အႏိုင္က်င့္သမ်ွကို ခ်စ္ေသာစိတ္တစ္ခုျဖင့္ ခြင့္လႊတ္သည္းခံကာ ဝဏၰ ခ်စ္ခဲ့ရသည္...
6တန္းသာရိွေသးသျဖင့္ အလြန္ပင္ငယ္ရြယ္ေသာ္လည္း ေတာက္ပေနသည့္ ထိုကေလးကို ဝဏၰ ရင္ထဲမွ ခ်စ္ခဲ့ရသည္...

သို႔ေသာ္ ထိုကေလးေျပာလိုက္သည့္ စကားတစ္ခြန္းေၾကာင့္ဝဏၰ၏ရင္ဘတ္ ထဲ၌ ထပ္ကာထပ္ကာ နာက်င္ရသည္ကို ထိုကေလးမသိ.......

"ဆက္ေျပာေလ... ငါဘာျဖစ္လဲ"
ဘုန္းမိုး မ်က္ရည္မ်ားဝဲေနေသာ ဝဏၰ ကို သိခ်င္စိတ္ျပင္းျပစြာေမးလိုက္သည္
"ငါ...ငါ ေနာက္ဝင္မ႐ႈပ္ေတာ့ပါဘူး..."
ေအးစက္ေနေသာ္လည္း တုန္ယင္ေနေသာသူ႔အသံကို ဘုန္းမိုးအံံ့ျသသြားရသည္...

"ငါဆိုတဲ့ လူသားက
မင္းအတြက္ အျမဲတမ္းအ႐ွံုးေပးၿပီး
ခြင့္လႊတ္ သည္းခံေပးဖို႔
ကံၾကမၼာက ေဆးစက္ခ်ေပးထားတာပဲေလ..
မင္းရဲ႕ ေတာက္ပတဲ့အျပံဳးေတြက
ငါ့အတြက္မဟုတ္ေပမဲ့လည္း
ငါမပိုင္ဆိုင္ရလည္း
ငါရယူဖို႔မထိုက္တန္လည္း
ငါ ေငးၾကည့္ဖို႔ေလးေတာ့ ခြင့္ျပဳေပးပါ"🍁

ေနမပူဘဲ တိမ္ေတြညိဳ႕၍ အုံ႔မိႈင္းေနေသာ ညေနခင္းတစ္ခု...
တစ္ေန႔တာအလုပ္၏ ပင္ပန္းႏြမ္းနယ္မႈမ်ားေၾကာင့္
ေဒၚမိမိဦး အလုပ္မွ ျပန္လာခ်ိန္တြင္ စိတ္မၾကည္မလင္ျဖစ္ကာေခါင္းကိုက္ေနရသည္

ေဒၚမိမိဦးသည္ 38ႏွစ္ဝန္းက်င္ျဖစ္ၿပီး ႏုဆဲလွျမဲျဖစ္သည္
"အေမ" ဟူေသာ ဂုဏ္ပုဒ္ႏွင့္အညီ မိန္းမတာဝန္ေက်ပြန္စြာျဖင့္
ငယ္စဥ္တည္းက သိမ္ေမြ႔စြာေနထိုင္ခဲ့ၿပီး ယခုအခ်ိန္ထိသားျဖစ္သူ ဘုန္းမိုးသြင္ကိုျပဳစုပ်ိဳးေထာင္ခဲ့သည္...

ဘုန္းမိုး4တန္းအရြယ္တြင္ သူမတို႔မိသားစုကို ျပင္းထန္စြာတိုက္ခတ္လာေသာမုန္တိုင္းတစ္ခုေၾကာင့္ မိသားစုၿပိဳကဲြကာ အစိတ္စိတ္အႁမႊာႁမႊာျဖစ္ခဲ့ရေသာ္လည္း
မိန္းမသားတစ္ဦးတည္းအားျဖင့္ ေလာကဓံကိုၾကံ႕ၾကံ႕ကာ
ခိုင္မာရဲရင့္ေသာ စိတ္ဓာတ္တို႔ျဖင့္
ဘုန္းမိုးကို 4တန္းမွ 10တန္းေအာင္သည္အထိ ျပဳစုပ်ိဳးေထာင္ခဲ့သည္
မိမိတတ္ေျမာက္ေသာပညာျဖင့္ Companyတစ္ခုတြင္အလုပ္ဝင္ရမွ ႀကိဳးစားမႈေၾကာင့္
တစ္ျဖည္းျဖည္းရာထူးႀကီးမားကာ အဆင္ေျပေခ်ာေမြ႔လာခဲ့ေပသည္

အခုေတာ့ သူမအနားတြင္ တစ္ဦးတစ္ေယာက္မွမရိွ အထီးက်န္ဆန္လွေသာ္လည္း မသိခ်င္ေယာင္ေဆာင္ကာ ေဒၚမိမိဦးမာန္တင္းထားသည္...
သို႔ေသာ္ တစ္ခါတစ္ေလတြင္ မိန္းမသားတစ္ဦးျဖစ္မို႔ အားကိုးရာမဲ့ခ်င္သလိုလို...
တစ္ဦးတည္းေသာ သားမွာ သူမႏွင့္ေဝးရာသို႔ေရာက္ေနသည့္အခ်ိန္မွစ၍ ေဒၚမိမိဦးစိတ္မွာ ေနထိုင္မေကာင္းျဖစ္လာရသည္
အရင္က သားအမိႏွစ္ဦး ခ်စ္ခင္စြာ အျပံဳးမ်ားျဖင့္ေနထိုင္ခဲ့ေသာ တိုက္ခန္းသည္လည္း ေျခာက္ကပ္ေနၿပီျဖစ္သည္

ဒီေန႔လည္း အလုပ္မွ ပင္ပန္းလာ၍
သားကိုလြမ္းေမာေသာ စိတ္မ်ားျဖင့္ အရင္မွ အေၾကာင္းမ်ားမွာလက္ရိွတြင္ ျပန္လည္ျဖစ္ပ်က္လာခဲ့သလို အေတြးထဲတြင္ ျပန္လည္ျမင္ေယာင္လာခဲ့ျပန္သည္....

သူမတို႔ႏွစ္ဦးကို ၾကည့္ရင္း အသံမထြက္ဘဲ ႀကိတ္ငိုေနေသာ
ကေလးတစ္ဦး.....

လမ္းမထက္မွ အရိွန္ျပင္းစြာ ေမာင္းႏွင္လာေသာ ကားေ႐ွ႕မွ
ပလတ္စတစ္အ႐ုပ္ေလးပမာ လြင့္စင္သြားသည့္ ကေလးတစ္ဦး.....

ေသြးသံရဲရဲျဖင့္ အသက္႐ွင္ရန္ မနည္းႀကိဳးစားထားရေသာ
ကေလးတစ္ဦး......

ထိုျမင္ကြင္းမ်ားကို ျပန္လည္ျမင္ေယာင္ရသည္ႏွင့္ ေဒၚမိမိဦး၏ႏွလံုးသားထဲမွ တဆစ္ဆစ္ႏွင့္နာလာရသည္
သစၥာမရိွေသာ သူတစ္ဦးေၾကာင့္ၿပိဳကဲြသြားရသည့္အျဖစ္အပ်က္မ်ားမွာ
သူမအတြက္ မေန႔တစ္ေန႔ကလိုပင္...

"တီ...တီ...တီ..."
ျမည္လာေသာ ဖုန္းအသံေၾကာင့္ ေဒၚမိမိဦးအေတြးစမ်ားေပ်ာက္ကြယ္သြားရသည္...
က်မွန္းမသိ က်ထားေသာ ပါးျပင္ေပၚမွ မ်က္ရည္စက္မ်ားကို ေဒၚမိမိဦးခ်က္ခ်င္းသုတ္လိုက္ၿပီး ေခ်ာင္းဟန္႔လိုက္သည္
ဘုန္းမိုးဆီမွ လာေသာဖုန္းျဖစ္သည္

"ဟဲလို ေမေမ ေနေကာင္းလား
အလုပ္ကျပန္လာၿပီလား..."
"ေအး သားေလး အခုပဲျပန္ေရာက္တာ
သားေရာ ေက်ာင္းဆင္းၿပီလား"
"ဟုတ္ကဲ့ ေမေမ သားေမေမ့ကိုလြမ္းေနတာ"
"ေအာင္မေလး စကားေတြတတ္ေနလိုက္တာ"
ေမေမ့ရယ္သံကို ဘုန္းမိုးၾကားလိုက္ရသည္
"သားေမးမယ္ေမးမယ္နဲ႔ မေမးျဖစ္တာရိွတယ္ေမေမ"
"ဘာလဲ သား ေမးေလ"
"စိုင္းဝဏၰ ဆိုတဲ့ လူကို ေမေမသိလား"

ထိုနာမည္ကို ေဒၚမိမိဦးေကာင္းေကာင္းႀကီးမွတ္မိပါသည္...
သားအေပၚအလြန္ပင္ အနံြတာခံကာ ညီေလးအရင္းပမာ ခ်စ္ခင္ခဲ့ေသာ သူတစ္ဦးပင္မလား...
သို႔ေသာ္... ဘုန္းမိုးမွတ္မိမည္မထင္ပါ

"သိတာေပါ့ သားရယ္
သားကိုအရမ္းခ်စ္တာ သားမွတ္မိမွာေတာ့ မဟုတ္ဘူး"
"ေမေမနဲ႔ ရင္းႏီွးလား"
ဘုန္းမိုး ဆင့္ကာေမးလိုက္သည္
"မရင္းႏွီးစရာ ရိွမလားသားရယ္...
ဒါနဲ႔ သားက သူ႔ကိုဘယ္လိုသိတာလဲ သားျပန္မွတ္မိေနၿပီလား"
"မဟုတ္ပါဘူး သူကသားနဲ႔ ေက်ာင္းလည္းတူ အေဆာင္လည္းတူၿပီး သားကိုအရမ္းေတြ ရင္းႏီွးျပေနလို႔ သူ႔ကိုေမေမသိတယ္တဲ့ ေမးၾကည့္ဆိုလို႔"
"သူက စိတ္ခ်ရတဲ့သူပါသားရယ္
သားကိုထိခိုက္ေအာင္မလုပ္ပါဘူး
ညီအစ္ကိုႏွစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေနၾက"
ေဒၚမိမိဦးေျပာသည့္ စကားမ်ားကို ဘုန္းမိုးအမွန္ပင္ နားမလည္ႏိုင္ပါ...ခဏတာ ေတြေဝသြားၿပီး...
"ေမေမသား ေရခ်ိဳးေတာ့မယ္ေနာ္
မနကျ္ဖန္ျပန္ဆက္လိုက္မယ္"
"ေအးေအး သား ဂ႐ုစိုက္ေနဦး တာ့တာ"
"ဟုတ္ကဲ့"

မိႈင္က်ေနေသာ ေဒၚမိမိဦး၏စိတ္မ်ား ျပန္လည္ဖူးပြင့္လန္းဆန္းလာၿပီျဖစ္သည္...
အနည္းဆံုးေတာ့ ဘုန္းမိုးကို သူမစိတ္ခ်သြားသျဖင့္
ေက်နပ္စြာျပံဳးမိသည္

ဘုန္းမိုး ဖုန္းခ်လိုက္ေသာ္လည္း စိတ္ထဲတြင္ဘဝင္မက်ေသးဘဲစဥ္းစားေနေသးသည္...
"စိုင္းဝဏၰ.....
ခင္ဗ်ားက ဘယ္သူလဲ..."
ႏႈတ္ဖ်ားမွ တိုးတိတ္စြာ ေရရြတ္လိုက္မိသည္.........

ဘုန္းမိုး ေက်ာင္းစတက္သည္မွာ ဘာလိုလိုႏွင့္
1လပင္ျပည့္ေတာ့မည္ျဖစ္သည္
သို႔ေသာ္ ဘုန္းမိုးႏွင့္အမွန္တကယ္ ခင္မင္သည့္သူတစ္ဦးမွမရိွ
ေမးထူး ေခၚေျပာႏွင့္ ျပံဳးျပရံု တစ္ခ်ိဳ႕တစ္ေလက လဲြ၍ ဘုန္းမိုးမည္သူႏွင့္မ်ွ အေရာမဝင္မေနေခ်...
"လူေတြက သိပ္ေၾကာက္ဖို႔ေကာင္းတယ္သား...
ဘယ္သူ႔ကိုမွ မယံုနဲ႔ အခ်ိန္တန္ရင္
ကိုယ့္လမ္းကိုယ္ေလ်ွာက္ရမွာပဲေလ" ဟူေသာ
ေမေမ့စကားသံမွာ ဘုန္းမိုးနားထဲတြင္ စမ္းေခ်ာင္းတစ္ခုလိုစီးဆင္းေနသည္...

ဒါလီႏြယ္ႏွင့္ ျပႆနာ တက္ၿပီးကတည္းက
မင္းခန္႔ ေက်ာင္းသို႔မလာေတာ့သည္ကို ဘုန္းမိုးသတိထားမိသည္
ဝဏၰ လည္း ဘုန္းမိုးကိုေတြ႔လ်ွင္ ႏႈတ္ဆက္ရံုသာလဲြ၍ အရင္လိုစေနာက္ၿပီး အတင္းလိုက္ၿပီးစကားမေျပာေတာ့ေခ်...

စာသင္ခ်ိန္ တစ္ခ်ိန္ၿပီးတစ္ခ်္ိန္သာ ကုန္သြားေသာ္လည္း
ဘုန္းမိုး ဘာသင္မွန္းတစ္ခုမွ မသိလိုက္ပါ...
ေခါင္းထဲတြင္ မင္းခန္႔ႏွင့္ ဝဏၰ အေၾကာင္းက လဲြ၍ က်န္တာမရိွ...
ထိုႏွစ္ဦးကသာ မနၱေလးဆိုသည့္ မေရာက္ဖူးေသာအရပ္၌ ဘုန္းမိုးသိသည့္ သူမ်ားျဖစ္သည္...
သူသိသည့္ ႏွစ္ဦးကလည္း သူ႔ကိုပစ္ထားခဲ့တာ ၾကာၿပီမို႔ တင္းထားသည့္စိတ္မ်ားမွာ ေျပေလ်ာ့လာခဲ့သည္

အနားတြင္ ဘယ္သူမွ မရိွသည့္ ခံစားခ်က္မ်ိဳးကို
ခံစားဖူးသူတိုင္းသိစျမဲျဖစ္သည္...
မည္မ်ွ အထီးက်န္ရသနည္း
မည္မ်ွ ဝမ္းနညး္ရသနည္း
မည္မ်ွ နာက်င္ရသနည္း.....

စာသင္ခ်ိန္တစ္ခ်ိန္ကုန္သြား၍ ဆရာမထြက္သြားေသာအခါ
ဘုန္းမိုး သူ၏ စိတ္ခံစားမႈမ်ားကို ဖံုးကြယ္၍ မရ...
အခန္းထဲမွ ေျပးထြက္သြားၿပီး
သူႏွင့္အနီးဆံုးရိွေသာသူ ကိုေက်ာင္းတြင္ ပတ္၍႐ွာေနမိေတာ့သည္.....

သူ ပိေတာက္ပင္ႀကီးတစ္ပင္ေအာက္တြင္ ထိုင္ေနသည္ကို
ဘုန္းမိုးေတြ႔သည္ႏွင့္ သူ႔ဆီ အေျပးသြားလိုက္ေတာ့သည္...

"အကို...အကိုဝဏၰ...."
ငိုသံပါေသာ ဘုန္းမိုး၏ အသံေၾကာင့္ ဝဏၰ မ်က္လံုးျပဴးကာ အေပၚသို႔ေမာ့ၾကည့္လိုက္သည္...

"ညီေလး... ဘာျဖစ္လာတာလဲ
အကို႔ကိုေျပာ..."
ဝဏၰ ထိုင္ေနရာမွ ႐ုတ္တရက္ ထလိုက္ကာ ဘုန္းမိုး၏ ပခံုးႏွစ္ဖက္ကို သူ႔လက္ျဖင့္ တင္းၾကပ္စြာ ဆုပ္ကိုင္ၿပီး ေမးလိုက္သည္...

"ကြၽန္ေတာ့္ကို....ဒီလိုမလုပ္ပါနဲ႔ဗ်ာ....
ကြၽန္ေတာ္တကယ္ မခံစားႏိုင္လို႔ပါ..."
နီရဲေနေသာ ဘုန္းမိုး၏မ်က္လံုးမ်ားမွ စီးက်လာေသာ မ်က္ရည္မ်ားကိုသုတ္ေပးလိုက္သည္...

"ကိုယ္နားလည္ပါတယ္ကြာ...
ညီေလး ေနရခက္မွာစိုးလို႔ပါ..."
မထင္မွတ္ဘဲ ဝဏၰ မ်က္ရည္မ်ားဝဲတက္လာေသာ္လည္း ဘုန္းမိုးကိုအတတ္ႏိုင္ဆံုး ျပံဳးကာေျပာလိုက္သည္...

ဒီေကာင္ေလး ငယ္ငယ္တည္းက စိတ္အားငယ္တတ္သည္ကို
ဝဏၰ ေကာင္းေကာင္းႀကီးမွတ္မိသည္...
ေပ်ာ္ရႊင္စြာ အျပံဳးမ်ားျဖင့္ သြားေနစားေနၾကေသာ မိသားစုမ်ား သူငယ္ခ်င္းအုပ္စုမ်ားကို ျမင္လ်ွင္ ငယ္ရြယ္လြန္းေသးေသာ ဒီေကာင္ေလးမွာ ဘာမွမေျပာဘဲ အံႀကိတ္ငိုတတ္သည္ ကုိ
ဝဏၰ သိပါသည္...

"ကြၽန္ေတာ့္ကို အဲ့လိုေတာ့ပစ္မထားပါနဲ႔ဗ်ာ...
ကြၽန္ေတာ့္ေဘးမွာ အခု ဘယ္သူမွမရိွလို႔ပါ..."
စို႔နင့္စြာထြက္လာေသာ ဘုန္းမိုး၏ ရင္ထဲမွ စကားသံမ်ားကို ဝဏၰ ဆက္၍ နားမေထာင္ႏိုင္ေတာ့ပါ...

"ေတာ္ေတာ့ ညီေလး...
ညီေလး ေဘးမွာ ကိုယ္ရိွတယ္...ဘာမွအားငယ္စရာမလိုဘူး......
ေနာ္"
မ်က္ရည္စမ်ားၾကားမွ ေက်နပ္စြာ ေတာက္ပသည့္ အျပံဳးတစ္ခုက
ဘုန္းမိုးထံမွ ဝဏၰ ျမင္လိုက္ရသျဖင့္သူပါ လိုက္၍ျပံဳးမိသည္

"ငယ္ငယ္တုန္းကလို
ညီေလး ေဘးနားမွာ အျမဲတမ္းကိုယ္ရိွေနေပးခ်င္တယ္
စိတ္အားငယ္တတ္တဲ့ ညီေလးကို ကိုယ္အားေပးခ်င္တယ္
အရြယ္ႏွင့္မမ်ွေအာင္ ခံစားခဲ့ရတဲ့ ညီေလးကို ကိုယ္အျမဲတမ္းေထြးေပြ႔ေပးထားခ်င္တယ္...
ကိုယ္ ခဲြခြာခဲ့မိလို႔ ေတာင္းပန္ပါတယ္ကြာ...
ကို္ယ္ ထားခဲ့မိလို႔ ေတာင္းပန္ပါတယ္
ကိုယ္ ထပ္ၿပီး ညီေလးကို မထားခဲ့ေတာ့ဘူး
ညီေလး ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ညီေလးနားမွာအျမဲေနေတာ့မယ္...
ကိုယ္ ေတာင္းဆိုခ်င္တာ ညီေလးရဲ႕အျပံဳးပါ...
အျမဲတမ္း အလွဆံုးျပံဳးေနေပးပါ...
ခ်စ္တယ္...ညီေလး"🍁

#L👀

#Unicode

"ငါလေ.....ငါနင့်ကိုချစ်လွန်းလို့
နင့်ဘေးနားမှာ ကပ်နေတဲ့သူမှန်သမျှ ငါဆွဲခွာမိတာ...
ငါနင့်ကိုချစ်လို့လေဟာ...ငါမှားလို့လား"

ဒါလီ၏ အသံမှာ တိမ်ဝင်သွားပြီး မျက်လုံးများမှာလည်း မျက်ရည်များဖြင့်ပြည့်နှက်ပြီး အမှန်ပင်သနားစရာကောင်းနေသည်

"အေး...မှားတယ်
အဲ့ဒါအချစ်မဟုတ်ဘူး...အတ္တ
ငါ့ဘေးနားမှာဘယ်သူက ကပ်နေလို့လဲ...ဘာလဲ ဘုန်းမိုးလား...
ဟင့်အင်း သူကငါ့နားကပ်နေတာမဟုတ်ဘူး...
ငါကသူနဲ့နီးဖို့ကြိုးစားနေတာ...
နင်ဘာလုပ်ချင်လဲ"

မင်းခန့်၏ အပြောကြောင့် ဒါလီရော ဘုန်းမိုးပါ မျက်လုံးပြူးသွားသည်
ဝဏ္ဏ ကတော့ မင်းခန့်ကို မှုန်ကုပ်ကုပ်ဖြင့်ကြည့်နေသည်

"မင်းခန့်.... နင်ဘာပြောလိုက်တာလဲ
နင့်စကားက ဘာအဓိပ္ပါယ်ရောက်သွားပြီလဲနင်သိလား"

ဒါလီ မယုံကြည်သောအသံဖြင့် မေးလိုက်မိသည်...

"သိတယ် အနည်းဆုံးတော့ ငါနင့်လိုမရူးဘူး..."

မင်းခန့် အော်လိုက်သဖြင့် ဒါလီနွယ်ခွေလျက်လဲကျသွားပြီး အရူးတစ်ယောက်လိုသာ ငိုနေတော့သည်...

ဘုန်းမိုးလည်း မင်းခန့်ဆီသို့ စေသော အကြည့်များကိုပြန်ရုတ်သိမ်းလိုက်တော့သည်
"လာ...ညီလေး သွားမယ်"
ဝဏ္ဏ ဘုန်းမိုး၏ပုခုံးကိုဖက်ကာ ထိုနေရာမှအဝေးသို့ထွက်သွားသည်
ဘုန်းမိုးလည်း အသိစိတ်ပျောက်ကာ ဝဏ္ဏ ခေါ်ဆောင်ရာသို့ အရုပ်တစ်ရုပ်ကဲ့သို့ ပါသွားလေသည်

ထွက်သွားသော ဘုန်းမိုး၏နောက်ကျောကိုကြည့်ရင်းမင်းခန့် ကျန်ခဲ့ရသည်...
သို့သော် လဲကျသွားသော ဒါလီကိုသူမထူဘဲ ဘုန်းမိုးနှင့်ဆန့်ကျင်ဘက်သို့ နောက်ပြန်လှည့်မကြည့်ဘဲထွက်သွားတော့သည်...

"မင်း...ခန့်....."

တစ်ချက်လေးမှ ငဲ့မကြည့်သွားသော မင်းခန့်၏နာမည်ကို ဒါလီ တိုးတိတ်စွာ လှမ်းခေါ်မိသည်...သူမကြားတော့ပေ
ဝိုင်းကြည့်နေသော သူများလည်း အလျိုလျိုထွက်သွားကြသည်...

ဒါလီ့ကို လှည့်ကြည့်မည့်သူ တစ်ယောက်မှမရှိ
ထူပေးမည့်သူ တစ်ယောက်မှမရှိ...
ဒါလီ့ ရင်ထဲမှ ခံစားချက်များအချစ်များကို ဘယ်သူမှမမြင်
ဒါလီတစ်ယောက်တည်း အရူးလိုသောင်းကျန်းကာ ကျန်ခဲ့တော့သည်.....

"ဘုန်းမိုး.....
ညီလေးဘာဖြစ်သွားသေးလဲ တစ်နေရာရာထိခိုက်သွားသေးလား
ကိုယ်ပြောသားပဲ ဒါလီနွယ်နဲ့ ဝေးဝေးရှောင်ပါလို့..."
ဝဏ္ဏ အသံမှာ ဘုန်းမိုးကို စိုးရိမ်ပူပန်သံ ဒါလီနွယ်ကို ဒေါသဖြစ်သံ နှစ်ခုကိုပေါင်းစပ်ကာ ပြောလိုက်သည်ကို ဘုန်းမိုးကြားရသည်...

"ကျွန်တော် ဘာမှမဖြစ်ပါဘူး...
ရပါတယ် ဒါနဲ့ အကို ဘယ်တုန်းတည်းကရောက်နေတာလဲ..."
ဘုန်းမိုးအေးစက်စက်သာမေးလိုက်သည်

"ဝင်တိုက်ထဲကရောက်နေတာ...
လုပ်ကြံတာဆိုတာ အကိုမြင်တယ်"
ဝဏ္ဏ ဒေါသသံများက တစ်ဖြည်းဖြည်းမြင့်တက်လာသည်...

"အကို ဘာဖြစ်နေတာလဲ...
အရမ်းကြီး စိုးရိမ်တဲ့ပုံစံပေါက်နေတယ်...
ကျွန်တော့်ကို ကူညီတာကျေးဇူးတင်ပါတယ်...
ဒါပေမဲ့ အကိုနဲ့မဆိုင်တဲ့ကိစ္စကို ဝင်မပြောသင့်ဘူးထင်တာပဲ..."
ဘုန်းမိုးပုံမှန်လေသံဖြင့် ဝဏ္ဏ ကို စေ့စေ့ကြည့်ကာပြောလိုက်သည်

"ငါနဲ့ မဆိုင်ဘူး.....ဟား
မင်းမို့လို့ ဒီလိုပြောရက်တယ် ဘုန်းမိုးရာ
ငါ......."
အေးစက်လှသောဝဏ္ဏ၏ အသံများမှာ တိမ်ဝင်သွားပြီး
မျက်ရည်များဝဲလာရသည်

ဟုတ်ပါသည်...
သူသိတတ်သည့်အရွယ်9တန်းတည်းက ဝဏ္ဏ ဘုန်းမိုးကို ညီအရင်းတစ်ယောက်ကဲ့သို့ ဖြူစင်သောအချစ်မှ အရောင်များနှင့်ပြည့်နှက်နေသော ဘယ်သူ့ကိုမှမချစ်ဖူးသည့်အချစ်ဖြင့် ဝဏ္ဏ ချစ်ခဲ့သည်
ဝဏ္ဏ ၏ အချစ်ဦးမှာ မိန်းကလေးမဟုတ်...
ယောကျ်ားလေး တစ်ဦးဖြစ်နေ၍ ဝဏ္ဏ ကိုယ်တိုင်ပင်လက်မခံခဲ့...အမျိုးမျိုးစိတ်ကိုပြုပြင်ခဲ့သော်လည်းမရခဲ့

ဝဏ္ဏ ချစ်သည်မှာ သူ့အိမ်သို့ ညနေတိုင်းလာဆော့တတ်သည့်ကလေးတစ်ယောက်...
သူအမြဲ ကျောင်းခန်းထဲလိုက်ပို့နေကျ ကလေးတစ်ယောက်...
တောက်ပသော မျက်လုံး သွေးရောင်လွှမ်းသောနှုတ်ခမ်းများဖြင့်သူ့ကိုအမြဲ ပြုံးပြတတ်သော ကလေးတစ်ယောက်...
ထိုကလေး ဆိုးသမျှ အနိုင်ကျင့်သမျှကို ချစ်သောစိတ်တစ်ခုဖြင့် ခွင့်လွှတ်သည်းခံကာ ဝဏ္ဏ ချစ်ခဲ့ရသည်...
6တန်းသာရှိသေးသဖြင့် အလွန်ပင်ငယ်ရွယ်သော်လည်း တောက်ပနေသည့် ထိုကလေးကို ဝဏ္ဏ ရင်ထဲမှ ချစ်ခဲ့ရသည်...

သို့သော် ထိုကလေးပြောလိုက်သည့် စကားတစ်ခွန်းကြောင့်ဝဏ္ဏ၏ရင်ဘတ် ထဲ၌ ထပ်ကာထပ်ကာ နာကျင်ရသည်ကို ထိုကလေးမသိ.......

"ဆက်ပြောလေ... ငါဘာဖြစ်လဲ"
ဘုန်းမိုး မျက်ရည်များဝဲနေသော ဝဏ္ဏ ကို သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်
"ငါ...ငါ နောက်ဝင်မရှုပ်တော့ပါဘူး..."
အေးစက်နေသော်လည်း တုန်ယင်နေသောသူ့အသံကို ဘုန်းမိုးအံံ့သြသွားရသည်...

"ငါဆိုတဲ့ လူသားက
မင်းအတွက် အမြဲတမ်းအရှုံးပေးပြီး
ခွင့်လွှတ် သည်းခံပေးဖို့
ကံကြမ္မာက ဆေးစက်ချပေးထားတာပဲလေ..
မင်းရဲ့ တောက်ပတဲ့အပြုံးတွေက
ငါ့အတွက်မဟုတ်ပေမဲ့လည်း
ငါမပိုင်ဆိုင်ရလည်း
ငါရယူဖို့မထိုက်တန်လည်း
ငါ ငေးကြည့်ဖို့လေးတော့ ခွင့်ပြုပေးပါ"🍁

နေမပူဘဲ တိမ်တွေညို့၍ အုံ့မှိုင်းနေသော ညနေခင်းတစ်ခု...
တစ်နေ့တာအလုပ်၏ ပင်ပန်းနွမ်းနယ်မှုများကြောင့်
ဒေါ်မိမိဦး အလုပ်မှ ပြန်လာချိန်တွင် စိတ်မကြည်မလင်ဖြစ်ကာခေါင်းကိုက်နေရသည်

ဒေါ်မိမိဦးသည် 38နှစ်ဝန်းကျင်ဖြစ်ပြီး နုဆဲလှမြဲဖြစ်သည်
"အမေ" ဟူသော ဂုဏ်ပုဒ်နှင့်အညီ မိန်းမတာဝန်ကျေပွန်စွာဖြင့်
ငယ်စဉ်တည်းက သိမ်မွေ့စွာနေထိုင်ခဲ့ပြီး ယခုအချိန်ထိသားဖြစ်သူ ဘုန်းမိုးသွင်ကိုပြုစုပျိုးထောင်ခဲ့သည်...

ဘုန်းမိုး4တန်းအရွယ်တွင် သူမတို့မိသားစုကို ပြင်းထန်စွာတိုက်ခတ်လာသောမုန်တိုင်းတစ်ခုကြောင့် မိသားစုပြိုကွဲကာ အစိတ်စိတ်အမြွှာမြွှာဖြစ်ခဲ့ရသော်လည်း
မိန်းမသားတစ်ဦးတည်းအားဖြင့် လောကဓံကိုကြံ့ကြံ့ကာ
ခိုင်မာရဲရင့်သော စိတ်ဓာတ်တို့ဖြင့်
ဘုန်းမိုးကို 4တန်းမှ 10တန်းအောင်သည်အထိ ပြုစုပျိုးထောင်ခဲ့သည်
မိမိတတ်မြောက်သောပညာဖြင့် Companyတစ်ခုတွင်အလုပ်ဝင်ရမှ ကြိုးစားမှုကြောင့်
တစ်ဖြည်းဖြည်းရာထူးကြီးမားကာ အဆင်ပြေချောမွေ့လာခဲ့ပေသည်

အခုတော့ သူမအနားတွင် တစ်ဦးတစ်ယောက်မှမရှိ အထီးကျန်ဆန်လှသော်လည်း မသိချင်ယောင်ဆောင်ကာ ဒေါ်မိမိဦးမာန်တင်းထားသည်...
သို့သော် တစ်ခါတစ်လေတွင် မိန်းမသားတစ်ဦးဖြစ်မို့ အားကိုးရာမဲ့ချင်သလိုလို...
တစ်ဦးတည်းသော သားမှာ သူမနှင့်ဝေးရာသို့ရောက်နေသည့်အချိန်မှစ၍ ဒေါ်မိမိဦးစိတ်မှာ နေထိုင်မကောင်းဖြစ်လာရသည်
အရင်က သားအမိနှစ်ဦး ချစ်ခင်စွာ အပြုံးများဖြင့်နေထိုင်ခဲ့သော တိုက်ခန်းသည်လည်း ခြောက်ကပ်နေပြီဖြစ်သည်

ဒီနေ့လည်း အလုပ်မှ ပင်ပန်းလာ၍
သားကိုလွမ်းမောသော စိတ်များဖြင့် အရင်မှ အကြောင်းများမှာလက်ရှိတွင် ပြန်လည်ဖြစ်ပျက်လာခဲ့သလို အတွေးထဲတွင် ပြန်လည်မြင်ယောင်လာခဲ့ပြန်သည်....

သူမတို့နှစ်ဦးကို ကြည့်ရင်း အသံမထွက်ဘဲ ကြိတ်ငိုနေသော
ကလေးတစ်ဦး.....

လမ်းမထက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားရှေ့မှ
ပလတ်စတစ်အရုပ်လေးပမာ လွင့်စင်သွားသည့် ကလေးတစ်ဦး.....

သွေးသံရဲရဲဖြင့် အသက်ရှင်ရန် မနည်းကြိုးစားထားရသော
ကလေးတစ်ဦး......

ထိုမြင်ကွင်းများကို ပြန်လည်မြင်ယောင်ရသည်နှင့် ဒေါ်မိမိဦး၏နှလုံးသားထဲမှ တဆစ်ဆစ်နှင့်နာလာရသည်
သစ္စာမရှိသော သူတစ်ဦးကြောင့်ပြိုကွဲသွားရသည့်အဖြစ်အပျက်များမှာ
သူမအတွက် မနေ့တစ်နေ့ကလိုပင်...

"တီ...တီ...တီ..."
မြည်လာသော ဖုန်းအသံကြောင့် ဒေါ်မိမိဦးအတွေးစများပျောက်ကွယ်သွားရသည်...
ကျမှန်းမသိ ကျထားသော ပါးပြင်ပေါ်မှ မျက်ရည်စက်များကို ဒေါ်မိမိဦးချက်ချင်းသုတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်
ဘုန်းမိုးဆီမှ လာသောဖုန်းဖြစ်သည်

"ဟဲလို မေမေ နေကောင်းလား
အလုပ်ကပြန်လာပြီလား..."
"အေး သားလေး အခုပဲပြန်ရောက်တာ
သားရော ကျောင်းဆင်းပြီလား"
"ဟုတ်ကဲ့ မေမေ သားမေမေ့ကိုလွမ်းနေတာ"
"အောင်မလေး စကားတွေတတ်နေလိုက်တာ"
မေမေ့ရယ်သံကို ဘုန်းမိုးကြားလိုက်ရသည်
"သားမေးမယ်မေးမယ်နဲ့ မမေးဖြစ်တာရှိတယ်မေမေ"
"ဘာလဲ သား မေးလေ"
"စိုင်းဝဏ္ဏ ဆိုတဲ့ လူကို မေမေသိလား"

ထိုနာမည်ကို ဒေါ်မိမိဦးကောင်းကောင်းကြီးမှတ်မိပါသည်...
သားအပေါ်အလွန်ပင် အနံွတာခံကာ ညီလေးအရင်းပမာ ချစ်ခင်ခဲ့သော သူတစ်ဦးပင်မလား...
သို့သော်... ဘုန်းမိုးမှတ်မိမည်မထင်ပါ

"သိတာပေါ့ သားရယ်
သားကိုအရမ်းချစ်တာ သားမှတ်မိမှာတော့ မဟုတ်ဘူး"
"မေမေနဲ့ ရင်းနှီးလား"
ဘုန်းမိုး ဆင့်ကာမေးလိုက်သည်
"မရင်းနှီးစရာ ရှိမလားသားရယ်...
ဒါနဲ့ သားက သူ့ကိုဘယ်လိုသိတာလဲ သားပြန်မှတ်မိနေပြီလား"
"မဟုတ်ပါဘူး သူကသားနဲ့ ကျောင်းလည်းတူ အဆောင်လည်းတူပြီး သားကိုအရမ်းတွေ ရင်းနှီးပြနေလို့ သူ့ကိုမေမေသိတယ်တဲ့ မေးကြည့်ဆိုလို့"
"သူက စိတ်ချရတဲ့သူပါသားရယ်
သားကိုထိခိုက်အောင်မလုပ်ပါဘူး
ညီအစ်ကိုနှစ်ယောက် ချစ်ချစ်ခင်ခင်နေကြ"
ဒေါ်မိမိဦးပြောသည့် စကားများကို ဘုန်းမိုးအမှန်ပင် နားမလည်နိုင်ပါ...ခဏတာ တွေဝေသွားပြီး...
"မေမေသား ရေချိုးတော့မယ်နော်
မနြက်ဖန်ပြန်ဆက်လိုက်မယ်"
"အေးအေး သား ဂရုစိုက်နေဦး တာ့တာ"
"ဟုတ်ကဲ့"

မှိုင်ကျနေသော ဒေါ်မိမိဦး၏စိတ်များ ပြန်လည်ဖူးပွင့်လန်းဆန်းလာပြီဖြစ်သည်...
အနည်းဆုံးတော့ ဘုန်းမိုးကို သူမစိတ်ချသွားသဖြင့်
ကျေနပ်စွာပြုံးမိသည်

ဘုန်းမိုး ဖုန်းချလိုက်သော်လည်း စိတ်ထဲတွင်ဘဝင်မကျသေးဘဲစဉ်းစားနေသေးသည်...
"စိုင်းဝဏ္ဏ.....
ခင်ဗျားက ဘယ်သူလဲ..."
နှုတ်ဖျားမှ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်.........

ဘုန်းမိုး ကျောင်းစတက်သည်မှာ ဘာလိုလိုနှင့်
1လပင်ပြည့်တော့မည်ဖြစ်သည်
သို့သော် ဘုန်းမိုးနှင့်အမှန်တကယ် ခင်မင်သည့်သူတစ်ဦးမှမရှိ
မေးထူး ခေါ်ပြောနှင့် ပြုံးပြရုံ တစ်ချို့တစ်လေက လွဲ၍ ဘုန်းမိုးမည်သူနှင့်မျှ အရောမဝင်မနေချေ...
"လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်သား...
ဘယ်သူ့ကိုမှ မယုံနဲ့ အချိန်တန်ရင်
ကိုယ့်လမ်းကိုယ်လျှောက်ရမှာပဲလေ" ဟူသော
မေမေ့စကားသံမှာ ဘုန်းမိုးနားထဲတွင် စမ်းချောင်းတစ်ခုလိုစီးဆင်းနေသည်...

ဒါလီနွယ်နှင့် ပြဿနာ တက်ပြီးကတည်းက
မင်းခန့် ကျောင်းသို့မလာတော့သည်ကို ဘုန်းမိုးသတိထားမိသည်
ဝဏ္ဏ လည်း ဘုန်းမိုးကိုတွေ့လျှင် နှုတ်ဆက်ရုံသာလွဲ၍ အရင်လိုစနောက်ပြီး အတင်းလိုက်ပြီးစကားမပြောတော့ချေ...

စာသင်ချိန် တစ်ချိန်ပြီးတစ်ချ်ိန်သာ ကုန်သွားသော်လည်း
ဘုန်းမိုး ဘာသင်မှန်းတစ်ခုမှ မသိလိုက်ပါ...
ခေါင်းထဲတွင် မင်းခန့်နှင့် ဝဏ္ဏ အကြောင်းက လွဲ၍ ကျန်တာမရှိ...
ထိုနှစ်ဦးကသာ မန္တလေးဆိုသည့် မရောက်ဖူးသောအရပ်၌ ဘုန်းမိုးသိသည့် သူများဖြစ်သည်...
သူသိသည့် နှစ်ဦးကလည်း သူ့ကိုပစ်ထားခဲ့တာ ကြာပြီမို့ တင်းထားသည့်စိတ်များမှာ ပြေလျော့လာခဲ့သည်

အနားတွင် ဘယ်သူမှ မရှိသည့် ခံစားချက်မျိုးကို
ခံစားဖူးသူတိုင်းသိစမြဲဖြစ်သည်...
မည်မျှ အထီးကျန်ရသနည်း
မည်မျှ ဝမ်းနညး်ရသနည်း
မည်မျှ နာကျင်ရသနည်း.....

စာသင်ချိန်တစ်ချိန်ကုန်သွား၍ ဆရာမထွက်သွားသောအခါ
ဘုန်းမိုး သူ၏ စိတ်ခံစားမှုများကို ဖုံးကွယ်၍ မရ...
အခန်းထဲမှ ပြေးထွက်သွားပြီး
သူနှင့်အနီးဆုံးရှိသောသူ ကိုကျောင်းတွင် ပတ်၍ရှာနေမိတော့သည်.....

သူ ပိတောက်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေသည်ကို
ဘုန်းမိုးတွေ့သည်နှင့် သူ့ဆီ အပြေးသွားလိုက်တော့သည်...

"အကို...အကိုဝဏ္ဏ...."
ငိုသံပါသော ဘုန်းမိုး၏ အသံကြောင့် ဝဏ္ဏ မျက်လုံးပြူးကာ အပေါ်သို့မော့ကြည့်လိုက်သည်...

"ညီလေး... ဘာဖြစ်လာတာလဲ
အကို့ကိုပြော..."
ဝဏ္ဏ ထိုင်နေရာမှ ရုတ်တရက် ထလိုက်ကာ ဘုန်းမိုး၏ ပခုံးနှစ်ဖက်ကို သူ့လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ပြီး မေးလိုက်သည်...

"ကျွန်တော့်ကို....ဒီလိုမလုပ်ပါနဲ့ဗျာ....
ကျွန်တော်တကယ် မခံစားနိုင်လို့ပါ..."
နီရဲနေသော ဘုန်းမိုး၏မျက်လုံးများမှ စီးကျလာသော မျက်ရည်များကိုသုတ်ပေးလိုက်သည်...

"ကိုယ်နားလည်ပါတယ်ကွာ...
ညီလေး နေရခက်မှာစိုးလို့ပါ..."
မထင်မှတ်ဘဲ ဝဏ္ဏ မျက်ရည်များဝဲတက်လာသော်လည်း ဘုန်းမိုးကိုအတတ်နိုင်ဆုံး ပြုံးကာပြောလိုက်သည်...

ဒီကောင်လေး ငယ်ငယ်တည်းက စိတ်အားငယ်တတ်သည်ကို
ဝဏ္ဏ ကောင်းကောင်းကြီးမှတ်မိသည်...
ပျော်ရွှင်စွာ အပြုံးများဖြင့် သွားနေစားနေကြသော မိသားစုများ သူငယ်ချင်းအုပ်စုများကို မြင်လျှင် ငယ်ရွယ်လွန်းသေးသော ဒီကောင်လေးမှာ ဘာမှမပြောဘဲ အံကြိတ်ငိုတတ်သည် ကို
ဝဏ္ဏ သိပါသည်...

"ကျွန်တော့်ကို အဲ့လိုတော့ပစ်မထားပါနဲ့ဗျာ...
ကျွန်တော့်ဘေးမှာ အခု ဘယ်သူမှမရှိလို့ပါ..."
စို့နင့်စွာထွက်လာသော ဘုန်းမိုး၏ ရင်ထဲမှ စကားသံများကို ဝဏ္ဏ ဆက်၍ နားမထောင်နိုင်တော့ပါ...

"တော်တော့ ညီလေး...
ညီလေး ဘေးမှာ ကိုယ်ရှိတယ်...ဘာမှအားငယ်စရာမလိုဘူး......
နော်"
မျက်ရည်စများကြားမှ ကျေနပ်စွာ တောက်ပသည့် အပြုံးတစ်ခုက
ဘုန်းမိုးထံမှ ဝဏ္ဏ မြင်လိုက်ရသဖြင့်သူပါ လိုက်၍ပြုံးမိသည်

"ငယ်ငယ်တုန်းကလို
ညီလေး ဘေးနားမှာ အမြဲတမ်းကိုယ်ရှိနေပေးချင်တယ်
စိတ်အားငယ်တတ်တဲ့ ညီလေးကို ကိုယ်အားပေးချင်တယ်
အရွယ်နှင့်မမျှအောင် ခံစားခဲ့ရတဲ့ ညီလေးကို ကိုယ်အမြဲတမ်းထွေးပွေ့ပေးထားချင်တယ်...
ကိုယ် ခွဲခွာခဲ့မိလို့ တောင်းပန်ပါတယ်ကွာ...
ကို်ယ် ထားခဲ့မိလို့ တောင်းပန်ပါတယ်
ကိုယ် ထပ်ပြီး ညီလေးကို မထားခဲ့တော့ဘူး
ညီလေး ကြိုက်ကြိုက် မကြိုက်ကြိုက် ညီလေးနားမှာအမြဲနေတော့မယ်...
ကိုယ် တောင်းဆိုချင်တာ ညီလေးရဲ့အပြုံးပါ...
အမြဲတမ်း အလှဆုံးပြုံးနေပေးပါ...
ချစ်တယ်...ညီလေး"🍁

#L👀

Continue Reading

You'll Also Like

173K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020
624K 48.5K 30
စက္ကပိုင် ဆိုးချင်သလောက်ဆိုး ကိုယ်နားလည်ပေးမယ် ကိုယ်အချစ်အပေါ်တော့ မဆိုးစမ်းနဲ့ အချစ် တေဇဦး အရက်သောက်ရင် လူလို့သောက်ပါ ကျွန်တော်လို့ မူးရူးပြီးယောင်...
161K 9.6K 37
ဒီဇာတ်လမ်းလေးကို fbမှာ တင်ခဲ့တာ ကြာပါပြီ။ fbမှာ အားပေးသလို အားပေးကျပါလို့။ မထင်မှတ်ပဲ လက်ထက်လိုက်ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဖြစ်ပေါ်လာမယ့် ချစ်ခြင်းကိ...
289K 24.1K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode