သူသိစေ🍁[Completed]

By LinnWathan

46.8K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 More

Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 1

11.5K 273 0
By LinnWathan

#Zawgyi

အဲ့ဒီညေလး.....
သူနဲ႔စေတြ႔ခဲ့တဲ့ အႏုပညာဆန္တဲ့ ညေလးတစ္ည.....

ကြၽန္ေတာ္...သူ႔ကိုခ်စ္တယ္
ကြ်န္ေတာ္႕ကိုၾကည့္တဲ့ သူ႔ရဲ႕မ်က္ဝန္းေလးေတြက အ႐ုပ္ေလးတစ္႐ုပ္လို အသက္ဝင္ေနတယ္...
ကြၽန္ေတာ္သိပ္ခ်စ္ရတဲ့အ႐ုပ္ေလးေပါ့🍁

"အစစ အရာရာဂ႐ုစိုက္ပါသားေလး
သားကိုေမေမ မခဲြခ်င္ေသးဘူး သားေလးရယ္" ဟူေသာ
စကားသံႏွင့္အတူ ေမေမ့မ်က္ဝန္းလွလွေလးမွ မ်က္ရည္မ်ားက စီးကာက်လာသည္

"သားက ေက်ာင္းတက္ရမွာေလေမေမရဲ႕
ေမေမ့အတြက္ စာႀကိဳးစားပီး ပိုက္ဆံေတြ႐ွာဖို႔ပဲဟာကို
ေက်ာင္းပိတ္ရင္ခ်က္ခ်င္းျပန္လာခဲ့မယ္ေနာ္"

သားေလးႏွင့္မခြဲခ်င္၍ မိမိတို႔ေနထိုင္ရာ ရန္ကုန္႐ွိ ကြန္ျပဴတာတကၠသိုလ္ကို ေလၽွာက္ထားခဲ့ေသာ္လည္း တစ္နယ္တစ္ေက်းသို႔သြားေရာက္ ပညာသင္ရန္သာ အေၾကာင္းဖန္လာတာေၾကာင့္ သားေလးကို မႏၱေလးကြန္ျပဴတာတကၠသိုလ္႐ွိရာသို႔ လိုက္ပို႔ေပးခဲ့ၿပီး ေနာက္တစ္ေန႔ မိခင္ျဖစ္သူေဒၚမိမိဦးျပန္လာခဲ့သည္။

ဘုန္းမိုးသြင္ကို ငွါးရမ္းထားေသာ အေဆာင္သို႔ တစ္ဦးတည္းေျခခ်ေစရေတာ့မည္
မႏၱေလးၿမိဳ႕၌ အသိလည္းမရိွ ေဆြမ်ိဳးလည္းမရိွသျဖင့္
ဘုန္းမိုးသြင္ တစ္ေယာက္ အူေၾကာင္ေၾကာင္ျဖင့္ ေနရေတာ့မည္

"မနၱေလး ၿမိဳ႕ႀကီးက အရမ္းလွလိုက္တာ
ဒါေပမဲ့ ငါတစ္ေယာက္တည္း ဘယ္သူမွလည္းငါနဲ႔မသိဘူး ဟြန္း စိတ္ညစ္စရာႀကီး" အိပ္ရာေပၚမွာ လဲေလ်ာင္းရင္း စိတ္ပ်က္လက္ပ်က္ညည္းညဴလိုက္သည္
"ေက်ာင္းတက္ဖို႔က 3ရက္လိုေသးတယ္ ဆိုေတာ့...
မႏၱေလးၿမိဳ႕ႀကီးကို ဂြၽမ္းျပန္ေအာင္ လုပ္ပစ္ဦးမယ္
မႏၱေလး သူေလးေတြက အရမ္းလည္းလွပီး ျမန္မာဆန္တယ္တဲ့
ေပ်ာ္ေပ်ာ္ႀကီး ႏွာဘူးလုပ္ၾကတာေပါ့ ဘုန္းမိုးသြင္ရယ္ ဟီးဟီး"
အေတြးေတြ ....အေတြးလြန္ပီး အိပ္ေပ်ာ္သြားတဲ့ ညက
အကိုနဲ႔ဆံုစည္းရဖို႔ ကံၾကမၼာက အေၾကာင္းဖန္လာေပးတာလား....🍁

မနက္မိုးလင္းလို႔ ဘုန္းမိုးသြင္တစ္ေယာက္ ေရခ်ိဳး ေခါင္းေလ်ွာ္ဖီးလိမ္းျပင္ဆင္ပီး Styleအျပည့္ျဖင့္ မႏၱေလးၿမိဳ႕ႀကီးကို ဂြၽမ္းျပန္ေအာင္လုပ္ရန္အသင့္....
ဘုန္းမိုးသြင္ ဆိုသည္မွာ အသားျဖဴျဖဴ အရပ္မ႐ွည္တ႐ွည္ႏွင့္ လူေကာင္ေသးေသးခ်စ္စရာေကာင္းေသာ ႐ုပ္ရည္သန္႔သန္႔ေလးကို ပိုင္ဆိုင္ထားသူမ်ိဳး... ႏွာတံေပၚေပၚႏွင့္ က်ယ္ျပန္႔ေသာမ်က္လံုးအိမ္
မိန္းကေလးအ႐ႈံးေပးရေသာ ႏႈတ္ခမ္းဖူးဖူးေလးႏွင့္
မေခ်ာေသာ္လည္း ခ်စ္စရာေကာင္းသည္မွာ သူ႔styleျဖစ္ေနသည္
သြက္သြက္လက္လက္ရိွၿပီး ေကာင္မေလးမ်ားခဲ့တဲ့သူမ်ိဳး
ေကာင္မေလးမ်ားခဲ့သေလာက္ အသည္းမ်ားမ်ားကဲြခဲ့ရသည့္သူ...
သူ႔ရဲ႕ စိတ္ကႏူးညံ့ ပြင့္လင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္သေလာက္
ရင္ထဲမွာ အထီးက်န္ဆန္လြန္းၿပီး အခ်စ္စစ္ကို လိုအပ္ေနသူမ်ိဳးေပါ့...

ဘုန္းမိုးအေဆာင္မွ ထြက္လာခဲ့ၿပီး မႏၱေလးေျမျပင္ကို ေျခလွမ္းစလွမ္းလိုက္ေတာ့သည္
သူ႔ရဲ႕Targetက က်ံဳးၿမိဳ႕႐ိုးကို အရင္ဆံုးသြားရန္ျဖစ္သည္
ဆိုင္ကယ္ကယ္ရီ ငွါးပီး ဘုမသိဘမသိႏွင့္ က်ံဳးၿမိဳ႕႐ိုးသို႔ သြားရန္တက္လိုက္သည္
လမ္းတစ္ေလ်ွာက္တြင္ မနက္ေစာေစာျဖစ္ေနေသာ္လည္း လူေတြ အမ်ားအျပားရိွေနသည္မွာ မႏၱေလးၿမိဳ႕ရဲ႕ အစဥ္အလာပဲလား...

မီးပိြဳင့္ခဏမိ၍ လမ္းေဘးမွ ထီသည္ ဖြင့္သြားေသာသီခ်င္းကို ဘုန္းမိုး နားစြင့္လိုက္မိသည္
"ေရႊမန္းဆီသို႔...
တစ္ခါတစ္ေခါက္ျဖင့္ ေရာက္ေစခ်င္သည္...
က်ံဳးေတာ္ပတ္လည္ ျမၿမိဳ႕႐ိုး.......🎼"
"သီခ်င္းေလးက ေကာင္းလိုက္တာ"ဟု တိုးတိုးေလးေရရြတ္မိေသာ္လည္း ကယ္ရီဦးေလးႀကီးက နားပါးလွသည္... ေနာက္ကိုလွည့္ပီး
"မႏၱေလးကို ခုမွေရာက္ဖူးတာ မလားငါ့ ညီ
ငါတို႔ၿမိဳ႕ဘယ္ေလာက္လွလဲ မင္းမၾကာခင္သိမွာပါကြာ" ဆိုၿပီး ဂုဏ္ဆာလိုက္ေသးသည္...
တစ္လမ္းလံုး ကယ္ရီဦးေလးႀကီးနဲ႔ စကားေဖာင္ဖဲြ႔ေျပာပီး က်ံဳးေတာ္သို႔ ေရာက္လာခဲ့သည္...

"ဦးေလးႀကီးေျပာသြားတာ မွန္တာပဲ လွလိုက္တဲ့ေနရာႀကီး"
ဟုတ္သည္... သီခ်င္းထဲက အတိုင္း က်ံဳးေရျပင္ႀကီးကို ၿမိဳ႕႐ိုးႀကီးက ဝိုင္းရံထားၿပီး စိမ္းစိုအံု႔မိႈင္းေသာ သစ္ပင္ႀကီးမ်ားက ပန္းခ်ီကားဆန္ဆန္ လွေနျခင္းျဖစ္သည္
က်ံဳးၿမိဳ႕႐ိုးရဲ႕ အဆံုး၌ မႏၱေလး ေတာင္ႀကီးကိုပါျမင္ေနရသည္
ဘုန္းမိုး ဆံုးျဖတ္ခ်က္ ခ်လိုက္မိသည္
" တစ္ခါေလာက္ပဲျဖစ္ျဖစ္ ငါခ်စ္တဲ့သူနဲ႔ အတူတူ သူ႔လက္ကို ကိုင္ျပီး မႏၱေလးေတာင္ကို ေရာက္ေအာင္သြားမယ္"

တစ္ေနကုန္ ဟိုေမးဒီေမးႏွင့္ တစ္ၿမိဳ႕လံုးကို ပတ္ေနေသာ ဘုန္းမိုးတစ္ေယာက္ အေဆာင္ကို ေျခကုန္လက္ပန္းက်စြာႏွင့္ ညေနေလာက္မွျပန္ေရာက္လာသည္...
စိတ္ထဲတြင္ေတး ထားသည္က နာမည္ႀကီးေနရာမ်ားကို
ရည္းစားရမွႏွစ္ေယာက္အတူတူသြားမည္ ခဏေအာင့္အည္းသည္းသည္းခံၿပီး ေရခ်ိဳး ၿပီးသကာလ အရမ္းစဲြလန္းရေသာ Coffeeတစ္ခြက္ေဖ်ာ္ကာ Facebookေကာက္ဖြင့္ပီး Newfeedပြတ္ေနရာမွ postတစ္ခုကိုဖတ္လိုက္မိသည္

"ဟင္... ႐ုပ္ေသး႐ုပ္ကပဲြဆိုပါလား
ၾကည့္ခ်င္လ္ုိုက္တာကြာ ဒီည 8နာရီစမွာဆိုေတာ့..."
နာရီကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္ 7:15
"မီွမယ္ထင္တယ္ ဟီးဟီး သြားတာေပါ့"
ခ်က္ခ်င္း အဝတ္အစားေကာက္လဲၿပီး ကယ္ရီငွါးကာ႐ုပ္ေသးကပဲြဆီသို႔...

ဘုန္းမိုးျမင္လိုက္ရသည္က တိုက္အိမ္ႀကီး တစ္အိမ္ေ႐ွ႕တြင္ "႐ုပ္ေသးကပဲြ" ဟု ဆိုင္းဘုတ္ခ်ိတ္ဆဲြထားသည္...
အထဲဝင္ခေပးၿပီး တိုက္ႀကီးထဲေရာက္သြားေသာအခါ
အေ႐ွ႕၌ ဧည့္ခန္းပံုစံက်က်နန ျပင္ဆင္ထားသည္ကိုေတြ႔ရသည္
မီးအလင္းအား ေကာင္းေကာင္းက
နံရံ၌ အေရာင္အေသြးစံုလင္လွေသာ ႐ုပ္ေသး႐ုပ္ေလးမ်ားကို
ပို၍ ထင္ဟပ္ေစသည္...
႐ုပ္ေသးရံုထဲသို႔ ေရာက္ရန္ အေကြ႔ေလးတစ္ခုရိွေသးသည္ ထိုေကြ႔ေလးက အနည္းငယ္ေမွာင္ပီး
မီးလံုးအဝါေလး တစ္လံုးသာတပ္ဆင္ထားသည္
မ်က္လံုးထဲ၌ နံရံေပၚရိွ ႐ုပ္ေသး႐ုပ္ေလးမ်ားကိုသာ ပါးစပ္အေဟာင္းသားျဖင့္ အာရံုေရာက္ေနေသာ ဘုန္းမိုး...
စိတ္က ႐ုပ္ေသး႐ုပ္မ်ားဆီ၌ပင္မဲ့ ေျခေထာက္ကရံုထဲသို႔ဦးတည္ေနသည့္အတြက္ ေနာက္ျပန္လမ္းေလ်ွာက္သလို....
ေကြ႔ေလးသို႔ေရာက္မွန္းမသိေရာက္သြားေသာအခါ......

"ဘုန္း"...
ၾကမ္းျပင္ေပၚသို႔ ႐ုပ္ေသး႐ုပ္ တစ္႐ုပ္က်သြားသည္ကို ဘုန္းမိုးေတြ႔လိုက္သည္
ကိုယ့္ထက္ လူေကာင္ႀကီးေသာသူႏွင့္ ရင္ဘတ္ခ်င္းဝင္တိုက္မိသည္ကို ဘုန္းမိုးသိလိုက္ၿပီ
ကိုယ့္ထက္ အရပ္႐ွည္ေသာသူႏွင့္
ဝင္တိုက္မိမွန္းလည္း အာရံုခံမိလိုက္သည္...

အေပၚသို႔ေမာ့ၾကည့္လိုက္ေသာအခါ...
ဘုန္းမိုးကို ၾကည့္ေနသည့္ မ်က္မွန္ႏွင့္ လူတစ္ေယာက္...
ဘုန္းမိုးႏွင့္ ထိုလူ၏ မ်က္လံုးမ်ား၌ တစ္ေယာက္အရိပ္တစ္ေယာက္ ထင္ဟပ္ၿပီး မီးအဝါ၏ ေတာ္ဝင္ဆန္ေသာ အေရာင္အလွေျကာင့္ ဘုန္းမိုး၏ မ်က္လံုးမ်ားမွာ ပို၍ေတာက္ပလြန္းေနသည္.....
ဘုန္းမိုး ျပဳတ္က်သြားေသာ႐ုပ္ေသးေလးကို ေကာက္မည္အလုပ္
ထိုလူမွာလည္း လွမ္းေကာက္သျဖင့္
ဘုန္းမိုးႏွင့္ ထိုလူႀကီးတို႔ လက္ႏွစ္စံုမွာထိမိလ်က္သားျဖစ္သြားသျဖင့္
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိျပန္သည္...

ေ႐ွ့က ဧည့္ခန္းရဲ႕ စူး႐ွတဲ့ အလင္းထိန္ထိန္က သူတို႔ႏွစ္ေယာက္ရဲ႕ မ်က္နွာခ်င္းဆိုင္ၾကားထဲကို ထိုးေဖာက္ပီးဝင္လာသည္...

"မီးမိွန္မိွန္သာရိွေပမဲ့
မင္းရဲ႕မ်က္ဝန္းေတြက တလက္လက္ေတာက္ပေနတယ္...
အျပစ္ကင္းပီး စူး႐ွတဲ့ အၾကည့္က
ကိုယ့္ရဲ႕ရင္ထဲကို စူးဆိုက္ၿပီးထိုးေဖာက္ေနတယ္...
ဘာျဖစ္လို႔လဲ.....🍁"

"တည္ၾကည္လြန္းတဲ့ အကို႔ရဲ႕ မ်က္ႏွာက
ျမင္ရတာ ေအးခ်မ္းလြန္းလွတယ္...
မ်က္မွန္တစ္လက္ေအာက္က မည္းနက္ေနတဲ့ အကို႔ရဲ႕ မ်က္ဝန္းေတြက
ကြၽန္ေတာ္ရဲ႕ရင္ကို လႈပ္ခါသြားေစတယ္...
ဘာျဖစ္လို႔လဲ.....🍁"

.................ဆက္ရန္😁
လိုအပ္ခ်က္မ်ားရိွရင္ နားလည္ခြင့္လႊတ္ေပးၾကပါခင္ဗ်ာ🖤

#L👀

#Unicode

အဲ့ဒီညလေး.....
သူနဲ့စတွေ့ခဲ့တဲ့ အနုပညာဆန်တဲ့ ညလေးတစ်ည.....

ကျွန်တော်...သူ့ကိုချစ်တယ်
ကျွန်တော့်ကိုကြည့်တဲ့ သူ့ရဲ့မျက်ဝန်းလေးတွေက အရုပ်လေးတစ်ရုပ်လို အသက်ဝင်နေတယ်...
ကျွန်တော်သိပ်ချစ်ရတဲ့အရုပ်လေးပေါ့🍁

"အစစ အရာရာဂရုစိုက်ပါသားလေး
သားကိုမေမေ မခွဲချင်သေးဘူး သားလေးရယ်" ဟူသော
စကားသံနှင့်အတူ မေမေ့မျက်ဝန်းလှလှလေးမှ မျက်ရည်များက စီးကာကျလာသည်

"သားက ကျောင်းတက်ရမှာလေမေမေရဲ့
မေမေ့အတွက် စာကြိုးစားပီး ပိုက်ဆံတွေရှာဖို့ပဲဟာကို
ကျောင်းပိတ်ရင်ချက်ချင်းပြန်လာခဲ့မယ်နော်"

သားလေးနှင့်မခွဲချင်၍ မိမိတို့နေထိုင်ရာ ရန်ကုန်ရှိ ကွန်ပြူတာတက္ကသိုလ်ကို လျှောက်ထားခဲ့သော်လည်း တစ်နယ်တစ်ကျေးသို့သွားရောက် ပညာသင်ရန်သာ အကြောင်းဖန်လာတာကြောင့် သားလေးကို မန္တလေးကွန်ပြူတာတက္ကသိုလ်ရှိရာသို့ လိုက်ပို့ပေးခဲ့ပြီး နောက်တစ်နေ့ မိခင်ဖြစ်သူဒေါ်မိမိဦးပြန်လာခဲ့သည်။

ဘုန်းမိုးသွင်ကို ငှါးရမ်းထားသော အဆောင်သို့ တစ်ဦးတည်းခြေချစေရတော့မည်
မန္တလေးမြို့၌ အသိလည်းမရှိ ဆွေမျိုးလည်းမရှိသဖြင့်
ဘုန်းမိုးသွင် တစ်ယောက် အူကြောင်ကြောင်ဖြင့် နေရတော့မည်

"မန္တလေး မြို့ကြီးက အရမ်းလှလိုက်တာ
ဒါပေမဲ့ ငါတစ်ယောက်တည်း ဘယ်သူမှလည်းငါနဲ့မသိဘူး ဟွန်း စိတ်ညစ်စရာကြီး" အိပ်ရာပေါ်မှာ လဲလျောင်းရင်း စိတ်ပျက်လက်ပျက်ညည်းညူလိုက်သည်
"ကျောင်းတက်ဖို့က 3ရက်လိုသေးတယ် ဆိုတော့...
မန္တလေးမြို့ကြီးကို ဂျွမ်းပြန်အောင် လုပ်ပစ်ဦးမယ်
မန္တလေး သူလေးတွေက အရမ်းလည်းလှပီး မြန်မာဆန်တယ်တဲ့
ပျော်ပျော်ကြီး နှာဘူးလုပ်ကြတာပေါ့ ဘုန်းမိုးသွင်ရယ် ဟီးဟီး"
အတွေးတွေ ....အတွေးလွန်ပီး အိပ်ပျော်သွားတဲ့ ညက
အကိုနဲ့ဆုံစည်းရဖို့ ကံကြမ္မာက အကြောင်းဖန်လာပေးတာလား....🍁

မနက်မိုးလင်းလို့ ဘုန်းမိုးသွင်တစ်ယောက် ရေချိုး ခေါင်းလျှော်ဖီးလိမ်းပြင်ဆင်ပီး Styleအပြည့်ဖြင့် မန္တလေးမြို့ကြီးကို ဂျွမ်းပြန်အောင်လုပ်ရန်အသင့်....
ဘုန်းမိုးသွင် ဆိုသည်မှာ အသားဖြူဖြူ အရပ်မရှည်တရှည်နှင့် လူကောင်သေးသေးချစ်စရာကောင်းသော ရုပ်ရည်သန့်သန့်လေးကို ပိုင်ဆိုင်ထားသူမျိုး... နှာတံပေါ်ပေါ်နှင့် ကျယ်ပြန့်သောမျက်လုံးအိမ်
မိန်းကလေးအရှုံးပေးရသော နှုတ်ခမ်းဖူးဖူးလေးနှင့်
မချောသော်လည်း ချစ်စရာကောင်းသည်မှာ သူ့styleဖြစ်နေသည်
သွက်သွက်လက်လက်ရှိပြီး ကောင်မလေးများခဲ့တဲ့သူမျိုး
ကောင်မလေးများခဲ့သလောက် အသည်းများများကွဲခဲ့ရသည့်သူ...
သူ့ရဲ့ စိတ်ကနူးညံ့ ပွင့်လင်းပြီး ပျော်ပျော်နေတတ်သလောက်
ရင်ထဲမှာ အထီးကျန်ဆန်လွန်းပြီး အချစ်စစ်ကို လိုအပ်နေသူမျိုးပေါ့...

ဘုန်းမိုးအဆောင်မှ ထွက်လာခဲ့ပြီး မန္တလေးမြေပြင်ကို ခြေလှမ်းစလှမ်းလိုက်တော့သည်
သူ့ရဲ့Targetက ကျုံးမြို့ရိုးကို အရင်ဆုံးသွားရန်ဖြစ်သည်
ဆိုင်ကယ်ကယ်ရီ ငှါးပီး ဘုမသိဘမသိနှင့် ကျုံးမြို့ရိုးသို့ သွားရန်တက်လိုက်သည်
လမ်းတစ်လျှောက်တွင် မနက်စောစောဖြစ်နေသော်လည်း လူတွေ အများအပြားရှိနေသည်မှာ မန္တလေးမြို့ရဲ့ အစဉ်အလာပဲလား...

မီးပွိုင့်ခဏမိ၍ လမ်းဘေးမှ ထီသည် ဖွင့်သွားသောသီချင်းကို ဘုန်းမိုး နားစွင့်လိုက်မိသည်
"ရွှေမန်းဆီသို့...
တစ်ခါတစ်ခေါက်ဖြင့် ရောက်စေချင်သည်...
ကျုံးတော်ပတ်လည် မြမြို့ရိုး.......🎼"
"သီချင်းလေးက ကောင်းလိုက်တာ"ဟု တိုးတိုးလေးရေရွတ်မိသော်လည်း ကယ်ရီဦးလေးကြီးက နားပါးလှသည်... နောက်ကိုလှည့်ပီး
"မန္တလေးကို ခုမှရောက်ဖူးတာ မလားငါ့ ညီ
ငါတို့မြို့ဘယ်လောက်လှလဲ မင်းမကြာခင်သိမှာပါကွာ" ဆိုပြီး ဂုဏ်ဆာလိုက်သေးသည်...
တစ်လမ်းလုံး ကယ်ရီဦးလေးကြီးနဲ့ စကားဖောင်ဖွဲ့ပြောပီး ကျုံးတော်သို့ ရောက်လာခဲ့သည်...

"ဦးလေးကြီးပြောသွားတာ မှန်တာပဲ လှလိုက်တဲ့နေရာကြီး"
ဟုတ်သည်... သီချင်းထဲက အတိုင်း ကျုံးရေပြင်ကြီးကို မြို့ရိုးကြီးက ဝိုင်းရံထားပြီး စိမ်းစိုအုံ့မှိုင်းသော သစ်ပင်ကြီးများက ပန်းချီကားဆန်ဆန် လှနေခြင်းဖြစ်သည်
ကျုံးမြို့ရိုးရဲ့ အဆုံး၌ မန္တလေး တောင်ကြီးကိုပါမြင်နေရသည်
ဘုန်းမိုး ဆုံးဖြတ်ချက် ချလိုက်မိသည်
" တစ်ခါလောက်ပဲဖြစ်ဖြစ် ငါချစ်တဲ့သူနဲ့ အတူတူ သူ့လက်ကို ကိုင်ပြီး မန္တလေးတောင်ကို ရောက်အောင်သွားမယ်"

တစ်နေကုန် ဟိုမေးဒီမေးနှင့် တစ်မြို့လုံးကို ပတ်နေသော ဘုန်းမိုးတစ်ယောက် အဆောင်ကို ခြေကုန်လက်ပန်းကျစွာနှင့် ညနေလောက်မှပြန်ရောက်လာသည်...
စိတ်ထဲတွင်တေး ထားသည်က နာမည်ကြီးနေရာများကို
ရည်းစားရမှနှစ်ယောက်အတူတူသွားမည် ခဏအောင့်အည်းသည်းသည်းခံပြီး ရေချိုး ပြီးသကာလ အရမ်းစွဲလန်းရသော Coffeeတစ်ခွက်ဖျော်ကာ Facebookကောက်ဖွင့်ပီး Newfeedပွတ်နေရာမှ postတစ်ခုကိုဖတ်လိုက်မိသည်

"ဟင်... ရုပ်သေးရုပ်ကပွဲဆိုပါလား
ကြည့်ချင်လ်ိုက်တာကွာ ဒီည 8နာရီစမှာဆိုတော့..."
နာရီကိုတစ်ချက်လှမ်းကြည့်လိုက်သည် 7:15
"မှီမယ်ထင်တယ် ဟီးဟီး သွားတာပေါ့"
ချက်ချင်း အဝတ်အစားကောက်လဲပြီး ကယ်ရီငှါးကာရုပ်သေးကပွဲဆီသို့...

ဘုန်းမိုးမြင်လိုက်ရသည်က တိုက်အိမ်ကြီး တစ်အိမ်ရှေ့တွင် "ရုပ်သေးကပွဲ" ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသည်...
အထဲဝင်ခပေးပြီး တိုက်ကြီးထဲရောက်သွားသောအခါ
အရှေ့၌ ဧည့်ခန်းပုံစံကျကျနန ပြင်ဆင်ထားသည်ကိုတွေ့ရသည်
မီးအလင်းအား ကောင်းကောင်းက
နံရံ၌ အရောင်အသွေးစုံလင်လှသော ရုပ်သေးရုပ်လေးများကို
ပို၍ ထင်ဟပ်စေသည်...
ရုပ်သေးရုံထဲသို့ ရောက်ရန် အကွေ့လေးတစ်ခုရှိသေးသည် ထိုကွေ့လေးက အနည်းငယ်မှောင်ပီး
မီးလုံးအဝါလေး တစ်လုံးသာတပ်ဆင်ထားသည်
မျက်လုံးထဲ၌ နံရံပေါ်ရှိ ရုပ်သေးရုပ်လေးများကိုသာ ပါးစပ်အဟောင်းသားဖြင့် အာရုံရောက်နေသော ဘုန်းမိုး...
စိတ်က ရုပ်သေးရုပ်များဆီ၌ပင်မဲ့ ခြေထောက်ကရုံထဲသို့ဦးတည်နေသည့်အတွက် နောက်ပြန်လမ်းလျှောက်သလို....
ကွေ့လေးသို့ရောက်မှန်းမသိရောက်သွားသောအခါ......

"ဘုန်း"...
ကြမ်းပြင်ပေါ်သို့ ရုပ်သေးရုပ် တစ်ရုပ်ကျသွားသည်ကို ဘုန်းမိုးတွေ့လိုက်သည်
ကိုယ့်ထက် လူကောင်ကြီးသောသူနှင့် ရင်ဘတ်ချင်းဝင်တိုက်မိသည်ကို ဘုန်းမိုးသိလိုက်ပြီ
ကိုယ့်ထက် အရပ်ရှည်သောသူနှင့်
ဝင်တိုက်မိမှန်းလည်း အာရုံခံမိလိုက်သည်...

အပေါ်သို့မော့ကြည့်လိုက်သောအခါ...
ဘုန်းမိုးကို ကြည့်နေသည့် မျက်မှန်နှင့် လူတစ်ယောက်...
ဘုန်းမိုးနှင့် ထိုလူ၏ မျက်လုံးများ၌ တစ်ယောက်အရိပ်တစ်ယောက် ထင်ဟပ်ပြီး မီးအဝါ၏ တော်ဝင်ဆန်သော အရောင်အလှကြောင့် ဘုန်းမိုး၏ မျက်လုံးများမှာ ပို၍တောက်ပလွန်းနေသည်.....
ဘုန်းမိုး ပြုတ်ကျသွားသောရုပ်သေးလေးကို ကောက်မည်အလုပ်
ထိုလူမှာလည်း လှမ်းကောက်သဖြင့်
ဘုန်းမိုးနှင့် ထိုလူကြီးတို့ လက်နှစ်စုံမှာထိမိလျက်သားဖြစ်သွားသဖြင့်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိပြန်သည်...

ရှေ့က ဧည့်ခန်းရဲ့ စူးရှတဲ့ အလင်းထိန်ထိန်က သူတို့နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်ကြားထဲကို ထိုးဖောက်ပီးဝင်လာသည်...

"မီးမှိန်မှိန်သာရှိပေမဲ့
မင်းရဲ့မျက်ဝန်းတွေက တလက်လက်တောက်ပနေတယ်...
အပြစ်ကင်းပီး စူးရှတဲ့ အကြည့်က
ကိုယ့်ရဲ့ရင်ထဲကို စူးဆိုက်ပြီးထိုးဖောက်နေတယ်...
ဘာဖြစ်လို့လဲ.....🍁"

"တည်ကြည်လွန်းတဲ့ အကို့ရဲ့ မျက်နှာက
မြင်ရတာ အေးချမ်းလွန်းလှတယ်...
မျက်မှန်တစ်လက်အောက်က မည်းနက်နေတဲ့ အကို့ရဲ့ မျက်ဝန်းတွေက
ကျွန်တော်ရဲ့ရင်ကို လှုပ်ခါသွားစေတယ်...
ဘာဖြစ်လို့လဲ.....🍁"

.................ဆက်ရန်😁
လိုအပ်ချက်များရှိရင် နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ🖤

#L👀

Continue Reading

You'll Also Like

535K 32.3K 38
ချစ်ခြင်းတရားတွေခဝါချကာ မာနတွေအမုန်းတရားတွေနှင့်လမ်းသည်ချောမွေ့နိုင်ပါရဲ့လား? {- START Date- 23.11.2020 - END DATE-26.5.2021 }
1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
224K 36.8K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...