ယူရှောင်မော့ မြသားနန်းတော်ထဲကို ၀င်ပြီးတော့ အကုန်လုံးကို လှည့်ပတ်ကြည့်လိုက်တယ် ... ဆိုင်ရဲ့အတွင်းအပြင်အဆင်က အပြင်ထက်တောင်ပိုပြီး အထက်တန်းကျတယ် ... တော်တော်လည်း နေရာကျယ်တယ် ... တစ်ထပ်တည်းရှိလို့ အတွင်းမှာ သေးငယ်တဲ့ လေးထောင့်ခန်းလေးတွေနဲ့ ပိုင်းခြားထားတယ် ... လေးထောင့်ခန်းတစ်ခုဆီမှာ လှပကောင်းမွန်တဲ့ လက်ဝတ်ရတနာတွေကို ပြသထားတယ် ... သူတို့မျက်နှာဖုံးဝယ်ချင်တာဆိုတော့ ညာဘက်က သုံးခုမြောက်လေးထောင့်ခန်းဆီသွားလိုက်တယ် .....
တော်တော်လေးအရည်အသွေးကောင်းတဲ့ မျက်နှာဖုံးအမျိုးမျိုးကို စင်တွေမှာ ချိတ်ဆွဲထားတယ် ... ခမ်းခမ်းနားနားတောက်ပနေပြီး စိတ်ကူးယဉ်ဆန်လွန်းတယ် ... သူတို့နှစ်ယောက်အထဲကိုမ၀င်ရသေးတာတောင် မျက်နှာဖုံးတွေက ဘယ်လောက်တောင် ဂုဏ်ကျက်သရေနဲ့ လှပနေတယ်ဆိုတာကို မြင်နေရတယ် ... သူတို့နှစ်ယောက်ဝင်လာတာမြင်တော့ ခရမ်းရောင်အင်္ကျီနဲ့အရောင်းအမျိုးသမီးက လာပြီးကြိုဆိုတယ် ... ဒါပေမယ့် သူ(မ)မျက်လုံးတွေက လင်းရှောင်ကိုပဲမြင်တယ် ... သူ(မ)ရုတ်တရက် လောကကြီးနဲ့ခဏလောက် အဆက်အသွယ်ပြတ်သွားတယ် ... သူ(မ)ရဲ့ပါးပြင်တွေ ရုတ်တရက်ပန်းသွေးရောင်နဲ့ ရှက်သွေးဖြာသွားတယ် ... အခြေခံလောကွတ်လုပ်ဖို့တောင်မေ့သွားတယ် ...
ယူရှောင်မော့လှုပ်လှုပ်ရှားရှားဖြစ်သွားတယ် .. လင်းရှောင်ကို မျက်နှာဖုံးဝတ်ကိုဝတ်ခိုင်းမှရမယ်လို့ ပိုပြီးဆုံးဖြတ်ချက်ချလိုက်တယ် ... မဟုတ်ရင် ဒီလိုအခြေအနေမျိုးနဲ့ အနာဂတ်မှာ သူနဲ့အချစ်ပြိုင်ဘက်တွေတော်တော်များများကို တိုက်ထုတ်ပစ်ရလိမ့်မယ် ... နေတိုင်းပြိုင်ဘက်တွေကိုမောင်းထုတ်ရင်းနဲ့ အချိန်ကုန်ရမှာ သူလုံးလုံးသဘောမကျဘူး ...
ယူရှောင်မော့ ဒီဦးနှောက်မရှိတဲ့အမျိုးသမီးကို လျစ်လျူရှုထားလိုက်ပြီး စင်ပေါ်က မျက်နှာဖုံးတစ်ခုကိုကောက်ကိုင်လိုက်တယ် ...
ဒါက အမည်မသိပစ္စည်းတစ်မျိုးမျိုးနဲ့ပြုလုပ်ထားတဲ့ ခရမ်းရောင်မျက်နှာဖုံး ... တော်တော်လေးတောက်ပြောင်နေတယ် ... ၀တ်လိုက်ရင်ပိုပြီးအာရုံစိုက်ခံရလိမ့်မယ် ... ပြီးတော့ ဒါက မျက်လုံးကိုပဲအုပ်ထားနိုင်တယ် ... သူ့လိုအပ်ချက်နဲ့ မကိုက်ညီဘူး ...
ယူရှောင်မော့ မျက်နှာဖုံးကိုချလိုက်တဲ့အချိန်မှာပဲ ခရမ်းရောင်ဝတ်အမျိုးသမီးက နောက်ဆုံးစိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားပြီ ...
မျက်နှာပေါ်က ရှက်ရွံ့တဲ့အကြည့်လေးနဲ့ အမျိုးသမီးက ဂရုတစိုက်မေးလိုက်တယ် ... "ဧည့်သည် ဘယ်လိုအမျိုးအစားမျက်နှာဖုံးကို ၀ယ်ချင်ပါသလဲ"
ယူရှောင်မော့သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး အပေါ်ဘက်စင်က နှင်းဖြူရောင်မျက်နှာဖုံးကို ညွှန်ပြလိုက်တယ် "အဲ့တစ်ခုကိုချလိုက် ကျွန်တော်ကြည့်ကြည့်မယ်"
အမျိုးသမီးက သူလက်ညှိုးညွှန်ရာကိုကြည့်လိုက်တော့ သူကျပန်းရွေးလိုက်တာက မျက်နှာဖုံးတွေထဲမှာ ဈေးအကြီးဆုံးဖြစ်နေတယ် ... သူခဏတော့ အံ့အားသင့်သွားတယ် ... ပြီးတော့ချက်ချင်းပဲ အပျော်မျက်နှာနဲ့ မျက်နှာဖုံးကို မြန်မြန်ယူပေးလိုက်တယ် ...
ယူရှောင်မော့မျက်နှာဖုံးကိုရတော့ သူလည်းအံ့သြသွားတယ် ... ဒီမျက်နှာဖုံးက ပုစဉ်းရင်ကွဲရဲ့တောင်ပံလို ပါးလျလွန်းတယ် ... ပြီးတော့ မျက်နှာပြင်ကလည်း အရမ်းနူးညံ့ချောမွေ့တယ် ... ဒါပေမယ့် ရေခဲလိုအေးမနေဘူး ... တော်တော်လေးအနုစိတ်ပြီး ပါးလွှာကွဲလွယ်တဲ့ပုံပေါ်ပေမယ့် ကောင်းကောင်းလေးပြုလုပ်ထားတယ် ... အရေးကြီးဆုံးအချက်ကတော့ ဒီတစ်ခုက မျက်နှာတစ်ဝက်ကို ကာထားနိုင်တယ် ... မေးစေ့နဲ့နှုတ်ခမ်းကိုပဲ မြင်ရနိုင်တယ် ...
"ဒီတစ်ခုကို ဘယ်လိုထင်လဲ" သူကြည့်လေကြည့်လေ သဘောကျလေပဲ ... သူမြန်မြန်ပဲ လင်းရှောင်ကို ပြလိုက်တယ် ...
လင်းရှောင်က မျက်နှာဖုံးကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ် ... မျက်နှာဖုံးရဲ့မျက်နှာပြင်ကိုထိကြည့်လိုက်ပြီး တစ်ခါတည်းမျက်နှာမှာ တပ်ကြည့်လိုက်တယ် ... အရည်အသွေးက သိပ်မဆိုးပါဘူး ... သူဘာမှတပ်မထားသလိုပဲ ...
ယူရှောင်မော့ သူ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး လင်းရှောင်ကို ကြည့်လိုက်တယ် ... သူဘာမှမလုပ်နိုင်ပဲ လုံးလုံးလျားလျားအရှုံးပေးလိုက်ရသလို ခံစားလိုက်ရတယ် ...
လင်းရှောင်က မျက်နှာဖုံးတပ်ထားတာတောင် အရမ်းကိုပဲ ဆွဲဆောင်မှုရှိနေတုန်းပဲ ... ခံ့ညားချောမောလှတဲ့ မျက်နှာတစ်ဝက်ကို မျက်နှာဖုံးက ကာထားတာတောင်မှ သူက အဖြူရောင်အ၀တ်အစားဝတ်ရတာကိုနှစ်သက်တော့ အဖြူရောင်မျက်နှာဖုံးနဲ့ လိုက်ဖက်ညီနေတယ် ... တောက်ပတဲ့အဖြူရောင်အလွှာပါးလေးနဲ့ ကာထားသလိုပဲ ... ပုံမှန်ထက်တောင်ပိုပြီး ၀င်းလက်တောက်ပနေသေးတယ် ... သာမန်ကမ္ဘာကိုဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုပဲ ...
Fuck .. သူ့မျက်လုံးတွေ မီးတောက်နေပြီ .....
ယူရှောင်မော့ သူ့မျက်လုံးတွေကန်းသွားဖို့ကို ပြင်းပြင်းပြပြ မျှော်လင့်မိတယ် ... သူ နှာခေါင်းသွေးတွေကျလာမှာကို မထိန်းနိုင်မှာကြောက်လို့ .....
သူ့ပုံစံက စစ်ကြည့်နေတုန်းဆိုပေမယ့် ခရမ်းရောင်အမျိုးသမီးကတော့ ချက်ချင်းကို ကျောက်ရုပ်ထုလို အံ့သြမှင်တက်ဆွံ့အသွားတယ် ...
"ဘယ်လိုလဲ" လင်းရှောင်က ယူရှောင်မော့ကို ကြည့်ပြီးမေးလိုက်တယ် ...
ယူရှောင်မော့က သူ့မျက်လုံးကိုရှောင်က ချောင်းတစ်ချက်ဟန့်ပြီး ဖြေလိုက်တယ် "ကြည့်ရတာလှပါတယ်"
လင်းရှောင်ပြုံးလိုက်တယ် ... "ဒါဆို ဒီဟာကိုဝယ်လိုက်တော့ .. ငါလည်းကြိုက်တယ်"
ယူရှောင်မော့ အတွင်းစိတ်ထဲကနေ ပြင်းပြင်းထန်ထန်အော်နေတယ် ... ကျေးဇူးပြုပြီး မပြုံးပြပါနဲ့ ...
သူ့စိတ်ထဲမှာ အားရအောင်အော်ဟစ်ပြီးချိန်မှာပဲ သူ့နားနားမှာ ဘုံး* ဆိုတဲ့ လေးပင်တဲ့အရာတစ်ခုခု ကြမ်းပြင်ပေါ်ကို ပြုတ်ကျသံ ကြားလိုက်ရတယ် ... ယူရှောင်မော့လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတာက သူ့ကိုယ်သူ တစ်နည်းနည်းနဲ့ စိတ်သက်သာရာရစေတယ် ... ကြည်ရတာ လင်းရှောင်ရဲ့ဆွဲဆောင်မှုကို သူက သာမန်လူတွေထက် အဆပေါင်းများစွာ ပိုပြီးခံနိုင်ရည်ရှိပုံပဲ ... သူတို့လျစ်လျူရှုထားတဲ့ ခရမ်းရောင်အမျိုးသမီးက နှာခေါင်းသွေးတရစပ်ကျပြီး မြေပေါ်မှာ လဲနေပြီ ...
တစ်ယောက်ယောက်ရဲ့မျက်နှာက တကယ့်ကို သေစေနိုင်တဲ့လက်နက်ပဲ ...
ကံကောင်းတာက ယူရှောင်မော့တစ်ခါမှ ဒီလိုမေ့လဲမသွားဖူးဘူး ... မဟုတ်ရင် သူရှက်တာနဲ့သေလိမ့်မယ် .....
အဲဒီနောက် မြသားနန်းတော်က အမျိုးသားက မေ့လဲနေတဲ့အမျိုးသမီးကို မြန်မြန်ပဲ လာသယ်တယ် ... ပြီးတော့ နောက်ထပ်ဝန်ထမ်းတစ်ယောက် လွှတ်ပေးလိုက်တယ် ... ဒီတစ်ခါတော့ တည်တည်ကြည်ကြည်အမျိုးသားတစ်ယောက် ... ကြည့်ရတာ သူက အုပ်ချုပ်တဲ့သူထဲကတစ်ယောက်ဖြစ်လိမ့်မယ် ... ဘာလို့လဲဆိုတော့ သူ့ဘေးကလူတွေက သူ့အပေါ်တော်တော် လေးလေးစားစားဆက်ဆံကြလို့ ...
လင်းရှောင်မျက်နှာပေါ်က မျက်နှာဖုံးကိုကြည့်ပြီး အမျိုးသားက သူ့လေသံကိုနှိမ့်ပြီးပြောလိုက်တယ် ... ဒီမျက်နှာဖုံးက နှစ်တစ်ရာသက်တမ်းရှိတဲ့ ရေခဲနှင်းပိုးချည်နဲ့လုပ်ထားတာ ... ဒါကြောင့် ဈေးနှုန်းက နည်းနည်းမြင့်တယ် ... သလင်းစငါးထောင်ပေးရမယ် ...
"သလင်းစ?" ယူရှောင်မော့ မူးသွားတယ် ... ဒီလိုငွေကြေးမျိုးကို အရင်ကတစ်ခါမှမကြားဖူးပါဘူး ...
လင်းရှောင် ရုတ်တရက် သူယူရှောင်မော့ကို ဒီအကြောင်းပြောဖို့ မေ့နေတာကို သတိရလိုက်တယ် ... ခေါင်းကိုငုံ့ပြီး ယူရှောင်မော့နား နားကို တိုးတိုးလေးကပ်ပြောလိုက်တယ် ... "သလင်းစဆိုတာ ရွှေစထက်ပိုပြီးမြင့်တဲ့ ငွေကြေး ... သလင်းစတစ်စက ရွှေစတစ်ထောင်တန်ဖိုးရှိတယ် ... ယန်မြိုက လုံထျန်းပြည်မှာ အချမ်းသာဆုံးမြို့ဆိုတော့ ဒီက အခြေခံငွေကြေးစံနှုန်းက သလင်းစနဲ့တွက်တယ် ...
ဒီစကားတွေကိုကြားပြီးတော့ ယူရှောင်မော့ သူ့နှလုံးပြင်းပြင်းထန်ထန်ခုန်တာကို ခံစားလိုက်ရတယ် ... ရွှေစတစ်ထောင်ကိုမှ သလင်းစတစ်စနဲ့ပဲ ညီမျှတာလား ... ဒါဆို သလင်းစငါးထောင်ဆိုတာ ရွှေစငါးသန်းတောင်ပေါ့ ... မဟုတ်ဘူးလား ...
သူ့ရဲ့တစ်ဝက်လောက်လျော့သွားတဲ့ အိတ်ကပ်လေးကိုကြည့်ပြီး သူ့အရေပြားတွေကတောင်နာလာတယ်လို့ ခံစားလိုက်ရတယ် ... ဒါပေမယ့် ဒီမျက်နှာဖုံးက လင်းရှောင်နဲ့ အရမ်းလိုက်နေတယ် ... သူ့နှုတ်ခမ်းသူကိုက်လိုက်တယ် ... ကောင်းပြီ .. ဒါလေးများ ... သူငွေများများရှာနိုင်ဖို့ အခွင့်အရေးတွေရှိဦးမှာပါ ...
အဆုံးမှာတော့ သူ မျက်နှာဖုံးကိုဝယ်လိုက်တယ် ...
ဘုရားသခင် ..... ပထမတော့ သူခြေဦးတည့်ရာလျှောက်ကြည့်ပြီး ပစ္စည်းကောင်းနိုးရာရာတစ်ခုခုရှိဦးမလားလို့တွေးလိုက်ပေမယ့် ဒီအခြေအနေကိုကြည့်ပြီး အဲ့စိတ်ကူးကို စွန့်လွှတ်လိုက်တယ် ...
ဒီလိုဈေးကြီးတဲ့ဟာတွေနဲ့ သူ့မှာကျန်တဲ့ငွေနဲ့ဆိုရင် တစ်ခြားကောင်းတဲ့ပစ္စည်းတွေ မ၀ယ်နိုင်မှာ ကြောက်မိတယ် ...
ကံကောင်းတာက မမျှော်လင့်ထားတဲ့အခြေအနေအတွက် ပြင်ဆင်နိုင်အောင် ယူရှောင်မော့မှာ သန့်စင်တဲ့အဆင့်လေးဆေးလုံးတွေ ကြိုတင်ပြင်ဆင်ထားတာရှိတယ် ... ဒါပေမယ့် ဒီလောက်မြန်မြန်အသုံးပြုရလိမ့်မယ်လို့တော့ မမျှော်လင်ထားမိဘူး ... တကယ်လို့မှော်ဆေးလုံးရောင်းတာက ငွေလုံလုံလောက်လောက်မရှာနိုင်ရင် သူစွန့်စားမှုနည်းနည်းလုပ်ဖို့လိုတယ် ... မှော်ဆေးပင်တစ်ချို့ရောင်းဖို့ပေါ့ ...
ငွေချေပြီးတော့ ယူရှောင်မော့ ဒီနေရာမှာထပ်ပြီး ကြာကြာမနေနိုင်တော့ဘူး ... သူမြန်မြန်ပဲလှည့်ပြီးထွက်သွားဖို့ မစောင့်နိုင်တော့ဘူး ... သူနှစ်လှမ်းလောက်လှမ်းပြီးချိန်မှာ လင်းရှောင်ရဲ့ပြန်ဆွဲထားတာကို ခံရလိမ့်မယ်လို့ မထင်လိုက်မိဘူး ... မယုံနိုင်လောက်အောင်ပဲ ... သူမေးလိုက်တယ် ... "ဘာလဲ"
လင်းရှောင်က ဘေးနားက အ၀တ်ဆိုင်ကို ညွှန်ပြလိုက်တယ် ... အဲဒါက မြသားနန်းတော်ရဲ့ ဆိုင်တွေထဲက တစ်ဆိုင် ... မြသားနန်းတော်က ကုန်တိုက်ကြီးလို အဆောက်အဦးဆိုတော့ အထဲမှာ ဆိုင်တွေအများကြီးရှိတယ် ... နေ့စဉ်ဘ၀ရဲ့ အခြေခံလိုအပ်ချက်အရာတွေအကုန်လုံး ဒီမှာရနိုင်တယ် ...
လင်းရှောင်က ကိုယ့်အတွက် အ၀တ်ဝယ်ချင်တာမဟုတ်ဘူး ... ယူရှောင်မော့က အ၀တ်သုံးလေးထည်ကိုပဲ ထပ်တလဲလဲဝတ်နေတာသိတယ် ... အရည်အသွေးမကောင်းတာကို ထည့်မပြောနဲ့ဦး ...
ယူရှောင်မော့ထင်လိုက်တာက လင်းရှောင်က ကိုယ့်အတွက်ဝယ်ချင်တယ်လို့ ... ဒါကြောင့် စကားတစ်လုံးမှထွက်မလာခင် သူချက်ချင်းပဲ တန်းပြီးငြင်းလိုက်တယ် ... "ကျွန်တော်တို့ မ၀ယ်နိုင်ဘူး ... အဲဒီအ၀တ်အစားတွေက အရမ်းဈေးကြီးလိမ့်မယ် .. ကျွန်တော်တို့ကျန်တဲ့ရွှေစတွေကို အရေးပေါ်ကိစ္စတွေအတွက် ခြွေတာဖို့လိုတယ်" အဓိကအချက်က သူတို့ အကယ်ဒမီနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရသေးဘူး ....
လင်းရှောင်က ယူရှောင်မော့ ဘာတွေတွေးနေလဲဆိုတာကိုသိဖို့ ဖြတ်ခနဲအကြည့်တစ်ချက်ပဲလိုတယ် ... သူရယ်ပဲရယ်နိုင်တော့တယ် ... "မင်းဘာတွေတွေးနေတာလဲ ... မျက်နှာဖုံးဈေးကြီးတယ်ဆိုတာနဲ့ပဲ အ၀တ်တွေလည်းဈေးကြီးမယ်လို့ မဆိုလိုဘူးလေ ... ငါကြည့်ပြီးသွားပြီ . အဲ့အ၀တ်တွေက ထူးထူးခြားခြားပစ္စည်းတွေနဲ့ လုပ်ထားတာမဟုတ်ဘူး .. ဈေးကလည်း ဒီမျက်နှာဖုံးထက်မြင့်တာမရှိဘူး .. မင်းမှာသုံးဖို့ ရွှေစတစ်သန်းတောင်ကျန်သေးတယ်လေ"
"အဲဒါတကယ်လား" ယူရှောင်မော့မေးလိုက်တယ် ...
"အင်း" လင်းရှောင်ထပ်ပြီးအာမခံလိုက်တယ် .. ရေခဲနှင်းပိုးကောင်ဆိုတာ အဆင့်ခုနစ်သားရဲ .. နှစ်တစ်ရာရေခဲနှင်းပိုးချည်က ဈေးကြီးတာ ပုံမှန်ပဲ ...
ယူရှောင်မော့ သူ့ကို ယာယီယုံဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ထဲကို လိုက်ဝင်လိုက်တယ် ... သူဈေးနှုန်းကိုမေးကြည့်လိုက်တော့ အရမ်းဈေးကြီးပုံမရဘူး ... တစ်စုံလုံးမှ သလင်းစငါးစပဲရှိတယ် ... အရည်အသွေးလည်း သိပ်ပြီးမဆိုးလှဘူး ...
"ကောင်းပြီ .. ခင်ဗျားမြန်မြန်နှစ်ထည်ရွေးသင့်တယ်" သလင်းစဆယ်စဆိုရင် တတ်နိုင်သေးတယ် ...
ယူရှောင်မော့ နားလည်မှုလွဲနေတယ်လို့ လင်းရှောင်ထင်လိုက်တယ် ... သူရှင်းပြဖို့ အလုပ်ရှုပ်ခံမနေဘူး ... ယူရှောင်မော့နဲ့တော်မယ့် ၀တ်စုံကိုရွေးဖို့ သူ့ကို ဆွဲခေါ်သွားလိုက်တယ် .. "ဒါလေးကမဆိုးဘူး .. စမ်းဝတ်ကြည့်ချင်လား"
ယူရှောင်မော့ နောက်ဆုံးတော့ သူ့အတွက်ဝယ်ချင်တာဆိုတာကို သဘောပေါက်သွားတယ် ... သူ့ရဲ့တုံးအမှုကြောင့် ကိုယ့်ဘာသာကိုယ် အသံတိတ်ကျိန်ဆဲလိုက်တယ် ... လင်းရှောင်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ရေစိုဒဏ်ရော မီးဒဏ်ပါခံနိုင်တဲ့ အ၀တ်နဲ့လဲမှာလဲ .. ဓားတောင်မှ မဖောက်နိုင်တာ .. ပုံမှန်အ၀တ်အစားတွေက မခံနိုင်ဘူး ... တကယ်လို့ လင်းရှောင်အ၀တ်တွေသာ မီးလောင်နိုင်ရင် နေ့တိုင်းအ၀တ်အစားလဲနေရလိမ့်မယ် ... အဲဒါဆိုတကယ်ခံစားရတဲ့သူက သူ့အိတ်ကပ်လေး ဖြစ်သွားလိမ့်မယ် ...
ဆန့်ကျင်ဘက်အတွေးနဲ့ လင်းရှောင်ကတော့ ယူရှောင်မော့ကို မီးဒဏ်၊ရေဒဏ်၊ဓားမထိုးဖောက်နိုင်တဲ့အ၀တ်ကိုပေးဝတ်စေချင်တာ ... ဒါပေမယ့် သူ့အ၀တ်တွေက ယူရှောင်မော့အတွက် ကြီးလွန်းတယ် ... ငရဲကိုးဆင့်ကပိုးကောင်ရဲ့ ပိုးချည်မျှင်နဲ့ ရက်လုပ်ထားတဲ့ လင်းရှောင်ရဲ့အ၀တ်တွေက ယူရှောင်မော့နဲ့တော်အောင်ပြင်ဖို့က သာမန်လူတွေ ပြင်လို့မရဘူး ...
တကယ်တော့ ယူရှောင်မော့က သလင်းစငါးစဆိုတာ ဈေးကြီးတယ်လို့ တွေးနေတုန်းပဲ ... ပြီးတော့ သူ့မှာဝတ်ဖို့အ၀တ်တွေရှိပြီးသားဆိုတော့ သူချက်ချင်းပဲ အ၀တ်တွေကို တွန်းလွှတ်လိုက်တယ် ... "ကျွန်တော်မလိုဘူး .. ကျွန်တော့်မှာ အ၀တ်တွေရှိသေးတယ်"
လင်းရှောင်က ယူရှောင်မော့ကို ငြင်းခွင့် ဘယ်လိုလုပ်ပေးနိုင်မှာလဲ ... သူတိုက်ရိုက်ပဲ ကောင်းတဲ့အ၀တ်တစ်စုံရွေးပြီး ပေးလိုက်တယ် ... "မင်းရဲ့အ၀တ်တွေက အရမ်းဟောင်းပြီး စုတ်ပြတ်နေပြီ .. ငါတို့ဘေးတိုက်ယှဉ်လျှောက်သွားရင် လူတွေက မင်းကို ငါ့ရဲ့အစေခံအဖြစ် မမြင်ဘူးလို့ မင်းသေချာပြောနိုင်လို့လား .. ငြင်းနေတာရပ်ပြီး သွားဝတ်ကြည့်ချေ"
ယူရှောင်မော့ မှုန်ကုပ်ကုပ်ဖြစ်သွားတယ် ... ကောင်းပြီ .. ဒီစကားတွေက သူ့ကို သေသေချာချာလေး စည်းရုံးနိုင်တယ် .. ဒါက သူ့နှလုံးသားထဲက ဆူးတစ်ချောင်းလိုပဲ .. အာ့! သူအစေခံတစ်ယောက်လို ဆက်ဆံခံရဖို့ မဖြစ်နိုင်ဘူး ... သူ့မှာ ရွေးချယ်ခွင့် လုံးဝမရှိဘဲ နာခံစွာ အ၀တ်တွေယူပြီး အ၀တ်လဲခန်းထဲကို သွားလိုက်တယ် ...
လင်းရှောင် နှုတ်ခမ်းမှာအပြာရောင်ပုံစံဒီဇိုင်းပါတဲ့ အဖြူရောင်ဝတ်စုံတစ်စုံကို ရွေးလိုက်တယ် ... နူးညံ့ချောမွေ့ကောင်းမွန်တဲ့တစ်ခု ... ယူရှောင်မော့ဝတ်လိုက်တော့ သူ့ခန္ဓကိုယ်တစ်ခုလုံး သန့်ရှင်းတောက်ပတဲ့ အရှိန်အ၀ါတွေ ထွက်နေတယ် ... အရင်သူဝတ်နေကျ လျှော်ချည်နဲ့လုပ်ထားတဲ့ အ၀တ်တွေနဲ့ယှဉ်ရင် အခုတော့ သူပိုပြီးမူးမေ့သွားမယ်ဆိုတာ သံသယရှိစရာမလိုအောင်ပဲ ... ယူရှောင်မော့ပုံစံက အဆင့်အတန်းနိမ့်ကျတဲ့သူနဲ့ မတူတော့ပေမယ့် အခုထိဘယ်လိုဝတ်ဆင်ရမယ်ဆိုတာ မသိသေးဘူး .....
အ၀တ်လဲခန်းထဲကထွက်လာတဲ့ ယူရှောင်မော့ကိုကြည့်ပြီး လင်းရှောင်မျက်လုံးတွေရုတ်တရက် တောက်ပသွားတယ် ...
အ၀တ်အသစ်တွေလဲပြီးနောက် ယူရှောင်မော့ရဲ့အရှိန်အ၀ါက နည်းနည်းလေး ပြောင်းလဲသွားတယ် ... အရင်က ကြည့်ပျော်ရှုပျော်ရုံ ယူရှောင်မော့က ဒီကောင်လေးလို့ ဘယ်သူက ထင်မှာလဲ ...
လင်းရှောင်သူ့ရဲ့အမြင်ရှိမှုကို ကိုယ့်ဟာကိုယ် ချီးမွမ်းလိုက်တယ် .. ဒါပေမယ့် ယူရှောင်မော့ဆီရောက်နေတဲ့ အဲ့ဒီမျက်လုံးတွေက ချစ်ခြင်းရမက်ဆန္ဒအကြည့်တွေ နည်းနည်းပါနေတယ် ...
ပထမစိတ်ကူးက ယူရှောင်မော့ကို ပိုပြီးအရည်အသွေးကောင်းတဲ့အ၀တ် ၀တ်စေဖို့ဖြစ်ပေမယ့် လင်းရှောင်က အရောင်အထူးရွေးချယ်မှု လုပ်လိုက်တယ် ... သူတို့နှစ်ယောက်လုံး အဖြူရောင်အတူတူဝတ်ထားမယ်ဆိုရင် လူတွေက ယူရှောင်မော့ကို သူ့ရဲ့အစေခံအဖြစ်မြင်နေတာ ရပ်သွားလိမ့်မယ် ... ပြီးတော့ သူတို့နှစ်ယောက်ကို စုံတွဲတွေလို့ တွေးကြလိမ့်မယ် .....
ယူရှောင်မော့ က လင်းရှောင်အတွေးတွေကို မသိဘူး ... ဒါက သူ ပထမဆုံး အရည်အသွေးကောင်းတဲ့အ၀တ်အစား ၀တ်တာဆိုတော့ သူ့ကို ခံစားချက်ကောင်းတွေပေးတယ် ... အသားကအရမ်းနူးညံ့ပြီး ဆိုဒ်ကလည်းကွက်တိပဲ ... အဆုံးမှာတော့ သူတို့မြသားနန်းတော်က မထွက်ခင် လေးစုံတောင်ဝယ်ခဲ့တယ် .....