.
awgyi+Unicode
PART::34::...လွတ်မြောက်စေ..
ကျနော် ပျော်လို့ပါ..။..
...
ဝန်ခံပါတယ်
တကယ်ပါ...။
"ဟို..လေ''
"ဟို..''
"မင်း ကဘယ်သူလဲ''
သူ့အား မေးလာတဲ့သူ..။
အဆင်ပြေပါတယ်လေ..
ဘယ်လို လုပ်ရပါ့..နောင်။
ဟား..ဟား..ဟား
မင်းအတွက်နဲ့ဆို
..
"မင်းဘယ်သူလဲ''
"ခင်ဗျားကရော.''
"ငါ ကMအဖွဲ့က.''
"မင်းက..''
"နောင့်ကိုလာခေါ်တာ..''
"လိုက်ခဲ့..''
"ကျေးဇူး ပဲ..''
"မင်းသွေးခ...''
"နောင်ဘယ်မှာလဲ..''
"စိုင်း ရှန်ဟတ်''
"ရှူး..''
သူစကားမပြောတော့ဘူး''
"အား....!!!''
ပြတ်ကြောင်းရာကြီးတွေက မျက်နှာအပါဝင်တစ်ကိုယ်လုံးထင်းလျက်
" မနောက်ပါနဲ့...နောင်
"ဟား...''
....
ထိုလူရှိရာ..
"မောင်...''
မျက်ဝန်းနက်လေး။
"ငါ မနိုးချင်ဘူး..''
"မထားခဲ့ပါနဲ့ ''
"ဖြောင်း..''
"ကျေးဇူးပဲ..K''
"မဟုတ်တာတွေ..ည အဲ''
"နှုတ်ဆတ်ပါတယ် K''
လာပါ..။
လိုက်ခဲ့ပါ..
ငြိမ်းချမ်းတဲ့...အဲနေရာလေးမှာထာဝရ နေထိုင်ကြရအောင်ပါ..နာကျင်ခြင်း အလွမ်းတွေကို မမှတ်မိတော့အောင် ချန်ထားခဲ့ကြရအောင်..။
..
သို့ ..
...
Unicode
PART::34::...လွတ်မြောက်စေ..
ခပ်ဖျော့ဖျော့ ကိုယ်သင်းရနံနဲ့အတူ သူ..ရောက်လာမယ်.
.ကျနော့်..နံဘေးမှာထိုင်ပြီး..ကျနော့်နာမည်ကို တိုးဖွစွာ ခေါ်ဆိုရင်းကျနော်အကြားချင်ခဲ့ဆုံးစကားလေးတစ်ခွန်းကို သူပြောမယ်...။
ပြီးရင် အိပ်မက်ကနေနိုးထလာမယ်
ဘာဆိုဘာမှမရှိတဲ့ ဒီအခန်းရဲ့ ကုတင်ပေါ်ကကျနော့်ရဲ့ ဖြစ်တည်မှုအတွက်..တိတ်တဆိတ် ငိုရှိုက်ရင်း ဝေဒနာပေါင်းများစွာနဲ့ နာကျင်နေတဲ့
ကိုယ်ခန္ဓာ ပင်ပန်းလို့ အားလျော့သွားတဲ့အခါပြန်အိပ်ပျော်သွားမယ်..။
ပြီးရင်..သူကျနော့်ဆီရောက်လာခဲ့တယ်ဆိုတဲ့ဘယ်တော့မှဖြစ်မလာနိုင်သော.အိပ်မက်ကိုထပ်ခါတလဲလဲဆက်မက်မယ်..။
အခုရက်ပိုင်း မျက်ခွံဖွင့်ဖို့တောင်ကျနော် အားပြတ်နေပေမယ့်ဒီအခြေအနေကို ကျနော်နှစ်ခြိုက်တယ်..
အသိတရား လွတ်ပါးနေဆဲချိန်မှာ..သိပ်လှတဲ့အတိတ်တွေဆီကျနော် အိပ်မက်ထဲကနေ ပြန်သွားခွင့်ရရှိတယ်.။
အမှတ်တရတွေ.တစ်ခါတစ်လေ friendyလေးနဲ့လုစားနေခဲ့တဲ့ကြီးကြီးပြင်ပေးသော မနက်စာကိုကျနော် အိပ်မက်မက်တယ်။
သူ ကျနော့်ကိုဆူငေါက်စာသင်ခဲ့တဲ့ကျောင်းနောက်ဘက် ကခုံတန်းရှည်လေး။
ကျနော့်ကို ကာကွယ်ပေးခဲ့တဲ့ ကျောင်းစုံညီပွဲ
တမင်တကာ တူအောင် လာစောင့်ရင်း.မေးတဲ့အခါ ရှက်ရမ်းရမ်းတတ်ခဲ့သောကျောင်းလမ်းလေး။
ကျနော့်ကိုသူရင်ခွင်ထဲထည့်ထားခဲ့ဖူးတဲ့ လပြည့်ညလေး..
အိပ်မက်တွေကိုဖန်တီးသော..နတ်ဘုရားရှိရင်ကျေးဇူးတင်ကြောင်း..ပြောပါရစေ..
ကျနော် ပျော်လို့ပါ..။..
...
Mဌာနချုပ်ဟူသော စံအိမ်အား...ရှန်ဟတ် အသာအကဲခတ်ကြည့်နေလိုက်သည်..။
တစ်ခြားအဖွဲ့ဌာနချုပ်တွေနဲ့ တူညီစွာ ကြီးမားသော တံတိုင်းတွေရှိသော်လည်းအမှောင်အဖွဲ့ဖြစ်နေပြီး..ပန်းတွေပြည့်နေသော ပန်းဥယျာဉ်ကျယ်ကြီးက
ရူးကြောင်ကြောင်လုပ်ရက်နဲ့စိတ်ပျက်စရာ အတွေးအခေါ်ပါပဲလား..။
ဒီကိုလာဖို့အတွက ်မေ့လို့ရတဲ့သူကို မေ့ပစ်ခဲ့တယ်.။.
နာကျင်ရတဲ့သူကို နှုတ်ဆတ်ခဲ့တယ်
သံယောဇဉ်ထားမိသူတွေကို..လမ်းခွဲခဲ့တယ်..
ဒီလိုနည်းနဲ့ဘဝခရီးမှာ တွေ့ဆုံခဲ့သူမှန်သမျှကို..ဖယ်ရှားခဲ့တယ်..တစ်ယောက် သောသူက ချွင်းချက်ပေါ့..
ဝန်ခံပါတယ်
..မောင်က သိပ်အတ္တကြီးပါတယ် နောင်
ဒီလူရဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ်အချစ် သံယောဇဉ် နာကျင်မှုရှိရှိသမျှ မောင့်ရဲ့ အရာအားလုံးမင်းကိုပဲပိုင်စေချင်တယ်..။
ဒါကြောင့် မင်းကလွဲမောင် အကုန်လုံးကို ရှင်းထုတ်ပစ်ခဲ့တယ်..
စစ်မှန်သော ဒီစကားကြောင့်ဒီရင်က အလွမ်းတွေ ပြေပျောက်ချင်ပါရဲ့
တကယ်ပါ...။
မောင် မင်းကို သိပ်လွမ်းနေတယ်...နောင်ရယ်
ဘဲလ်ကိုတစ်ချက်တီးလိုက်တော့..ပေါ်လာသော screamပြားနဲ့အတူ
"Mခေါင်းဆောင်နဲ့ ချိန်းထားတာပာလား..''
"ဟုတ်တယ်..အချိန်မရဘူးအမြန်လုပ်စမ်း''
"ကျနော် အကြောင်းပြန်လိုက်ပါဦးမယ်..''
"အရေးကြီးတဲ့ပစ္စည်း..အချိန်မှီမရောက်လို့ ပြဿနာတတ်ရင်မင်းနာမည်ခံလိုက်ပေါ့..''
"ဟို..လေ''
တံခါးခလုတ်လှည့်သံကရှန်ဟတ်အား အလိုအလျောက် ပြုံးမိစေသည်..။
တစ်ယောက်တည်းလာတယ်ဆိုပြီးဒီအရူးက..စိတ်အေးအေး..တံခါးဖွင့်ပေးပုံပဲ..။
မင်းလို ငတုံးတွေMအဖွဲ့မှာများပြားဖို့ဆုတောင်းပါရဲ့..
"ဟို..''
ပေါ်လာသည်နှင့်တစ်ပြိုင်နက်ဖက်ပိုးကိုမိမိရရ အုပ်ချပစ်လိုက်သည် ။
တံခါးဖွင့်ပေးလို ့တော့ကျေးဇူးတင်ပေမယ့်စိတ်တော့မကောင်းပါဘူး..ကိုယ့်လူရယ်..မြင်ရသော ပန်းခြံလမ်းကျယ်တစ်လျောက်
ခပ်မြန်မြန် လျှောက်လာလိုက်ရင်း..စိတ်ကူးရသွားတာမလို ့
.ဘေးကပန်းတွေကြား..အသာလှိမ့်ချလိုက်ကာတွားသွားနေလိုက်သည် ။
.."အာ့..''ခြေကျဉ်းဝတ်နားကိုလျှပ်ကာထိသွားသော. လျှပ်စစ်ကြိုး ။
ခြံထဲ လျှပ်စစ်တွေလွှတ်ထားတာလား ။ဘယ်မျိုးမစစ်က လွှတ်ထားတာပါလိမ့်..။အရိုးကို.မထိပေမယ့် အရေပြားက..ကွဲကာကွာကျသွားသည်..။ခြေကို အသာထောက်ရင်းစံအိမ်ထဲဝင်လာခိုက်...
"မင်း ကဘယ်သူလဲ''
သူ့အား မေးလာတဲ့သူ..။
လက်ဖြင့်သာ တိုက်ရတော့သည်..။ဒီနေ့ လူနည်းချိန်စောင့်ပြီးလာခဲ့တာတောင်မှဒီဝန်းထဲမှာ လူတွေဘယ်နှစ်ယောက်တောင်ရှိနေတာတဲ့လဲ??ခြေကျင်းဝတ်ကိုတစ်ချက်တစ်ချက်လာထိပေမယ့်ဒီဒဏ်ရာလောက်က သူ့အတွက်..
အဆင်ပြေပါတယ်လေ..
နဂိုလက်မောင်းမှဒဏ်ရာကချုပ်ရိုး အလိုက် ပြန်စိမ့်လာတဲ့သွေးစီးကြောင်းများ ။
ဘယ်လက်မောင်းကနှေးနေမှန်းသိလာသော
တစ်ဖက်လူကထိုဘက်ကို ဖိကန်ကာတိုက်လာသည်..။
လက်မောင်းအနာကို ဂရုစိုက်မိသွားခိုက်..ခေါင်းပေါ်ကျလာတဲ့ သံချောင်း..ကိုရှောင်လိုက်တော့ နာရွက်ပေါ်ကျကာသွားရင်းအပေါ်ဘက်အရွတ်က ပြတ်ကာထွက်သွားသည့်
အလယ်တည့်တည့် အရွတ်ဖြစ်တာကြောင့်နှစ်ခြမ်းဖြစ်သွားသည့်...နားရွက်ကသွေးစတွေ မြင်မကောင်းအောင် ကျလာသည်..။
ဘယ်လို လုပ်ရပါ့..နောင်။
မောင်က..မင်းရှေ့မှာကြည့်ကောင်းချင်မိတာကိုကွာ..။
သိပ်မခံနိုင်တော့သည်မလို့..မြင်နေရသည့် အခန်းတွေထဲ ကိုယ်လွတ်ရုန်းထွက်ကာပြေးမိသည်...။ဒီကိုရောက်လာထဲကသူသေ ကိုယ်သေဆိုတဲ့စိတ်နဲ့လာခဲ့သူ..။
ဒီနေရာမှာ သေသွားမယ်ဆိုရင်တော့ပြဿနာမရှိပေမယ့်သူ့ကိုတော့တွေ့ချင်သေးတယ်..
အချစ်အတွက်သေပေးရဲလား.လို့မေးရင်တော့...မေးတဲ့လူကို..ထိုးမိလောက်မယ်ထင်တယ်။
ရူးနှမ်းနှမ်းအတွေးအခေါ်တွေသေပြီးတဲ့နောက်..ချစ်ခြင်းတရားကအကျိုးရှိတော့မတဲ့လား..သေခြင်းတရားကို..သူမယုံကြည်ဘူး။
အဲအစားသူနဲ့နီးဖို့..မင်းသေရဲလားလို့..မေးရင်တော့အလွယ်တကူ ခေါင်းငြိမ့်ပြမယ်..။
သေခြင်းတရားအပါအဝင် ဘာကိုမှ အယုံမကြည်မရှိပေမယ့်နောင်နဲ့ပတ်သတ်ရင်ယုံတာမလို့..နောင့်အပေါ်ထားတဲ့ သူ့အချစ်တွေကို သိပ်ယုံတာမလို့..။
နံရံနောက်ဘက် အသာကွယ်ကာ အသက်ရှူ အမောဖြေနေလိုက်ရင်းစီးကျနေတဲ့သွေးတွေ အသာထိန်းကာ
ရပ်နေသော်လည်းနာကျင်မှုတွေ ကရင်ထဲလှိုက်တတ်လာသည် ။
ဒီခံစားမှူတွေဟာတစ်ယောက်သောသူအတွက်ရရှိခဲ့ကြောင်းတွေးမိတော့..ခေါင်းကိုမော့ချရင်းရယ်မောမိတယ်..
ဒီကောင်ဆိုးလေးကြောင့်ဒဏ်ရာတွေ...ရခဲ့ပြန်ပြီ...။
ဟား..ဟား..ဟား
ဆံနွယ်ဖြူတွေ လှုပ်ယမ်းသည်အထိ..လှိုက်ကာလှိုက်ကာ သူရယ်ချမိတယ်..။
ဒီနှစ်တွေမှာ သူ..မရယ်နိုင်ခဲ့ဘူး...။သူပျောက်ရှခဲ့တဲ့ မှတ်ညဏ်တွေ ထဲကတစ်စုံတစ်ရာက အမြဲဝမ်းနည်းစေခဲ့တာမလို့..ရယ်မောမယ်လုပ်တိုင်းနာကျင်နေတဲ့ဗလာခံစားချက်ကိုပဲရခဲ့တယ်..
တကယ်ကိုပဲ မင်းရှိတဲ့အရပ်ကိုကပျော်စရာ သိပ်ကောင်းတယ်..နောင်
မင်းခံစားလို့ရလားမောင် သိပ်ပျော်နေတာ..
အတွေးတွေက သူတစ်ဖန်ပြန်တိုက်ခိုက်ဖို့အားသစ်တွေပေးနေပြန်တယ်..။
သူ သုံးလေးရက်လောက်ကြာအောင်နေ့မအိပ်ညမအိပ်ဒီအိမ်ကြီးထဲဝင်ဖို့..သူအစီအစဉ်တွေချဆွဲခဲ့တယ်..။စက္ကူစပုံကြမ်းတွေ ကွန်ပျူတာပေါ်ကfactsတွေ.ဒါပေမယ့်..သူတစ်ခုမှ
သူစိတ်တိုင်းမကျခဲ့ဘူး..။
ဒါပေမယ့်နှစ်နာရီလောက် ငြိမ်သက်စွာစဉ်းစားပြီးတဲ့အခါသူ ဆုံးဖြတ်ချလိုက်တဲ့..အစီအစဉ်က..သိပ်ရိုးရှင်းတယ်..
ခန္ဓာကိုယ်မှာနောက်ဆုံးသွေးတစ်စက်ပဲကျန်တော့ရင်တောင်နောင့်အတွက်..သူတိုက်ခိုက်သွားမယ်..ဆိုတာပဲ
ဘောင်းဘီနက်ဘေးအိတ်ထဲထည့်ထားခဲ့တဲ့မြနေတဲ့အသွားနဲ့ငွေရောင်ဓားကိုဆွဲထုတ်လိုက်သည်..။
ဝတ်ရုံရှည်နက်ကို..ချွတ်လိုက်ကာပိတ်စရှည်တွေဖြစ်အောင်ဓားနဲ့ဖြတ်ရင်းဒဏ်ရာတွေပေါ်ကတင်းနေအောင်စီးလိုက်သည်..။ပြီးတာနဲ့သူ အပြင်သို့ ခပ်အေးအေးပဲထွက်လာခဲ့သည်..။
မင်းအတွက်နဲ့ဆို
မောင်သေရတာအင်မတန်မြတ်ပါတယ် ..
..
မကြာခင်မှာပဲ လက်မရွံMအဖွဲ့ဝင်တွေဟာ..သွေးအေးလူသတ်ငွေ့တို့လွှမ်းနေတဲ့လူတစ်ယောက် ကို..ဆွံအစွာရင်ဆိုင်လိုက်ရသည်..။
ပြတ်နေတဲ့ နားရွက်ရဲ့အက်ကွဲကြောင်းက..သွေးစက်တွေဟာထိုလူရဲ ့ လက်ဖျံထိလိပ်တင်ထားတဲ့မိုးပြာရောင် ရှပ်အကျီရှည်ပေါ်တစ်စက်တစ်စက်ကျနေရင်း
ငွေရောင်ဓားမြှောင်တွေကိုတစ်ဖက်တစ်ချက်ဆီ ဆုပ်ကိုင်ထားတဲ့ ထိုလူဟာအေးအေးလူလူလျှောက်လာရင်းသူ့ရှေ့ ကတိုက်ခိုက်လာတဲ့လူတိုင်းကို..ငွေရောင်ဓားချက်တွေနဲ့လျင်မြန်စွာ သတ်ဖြတ်နေခဲ့တယ်..။
သူတို့ရဲ့တန်ပြန်တိုက်ခိုက်မှုတွေရှိပေမယ့်မမြင်ရတဲ့စွမ်းအားတစ်စုံတစ်ရာရှိသလို
အနည်းငယ် နာကျင်ဟန် မပြတဲ့အခါစတင်ကြောက်ရွံလာကြတယ်..။အနည်းငယ်ကျဲသွားတဲ့သူတွေကိုအခွင့်ကောင်းယူကာ တွန်းထုတ်ပစ်ရင်း..
တစ်ဖက်မြင်နေရတဲ့ အခန်းထဲဝင်လာတဲ့အခါ..
"မင်းဘယ်သူလဲ''
ဆံပင်ရောင်စုံဖွာဖွာတွေပြဲသထက်ပြဲအောင်မွစာလုပ်ထားသောဂျင်းဘောင်းဘီတွေနဲ့လူတစ်ယောက်..ဒီပုံစံအား..တကယ်..ရင်းနှီးနေသလို
"ခင်ဗျားကရော.''
"ငါ ကMအဖွဲ့က.''
ပေကြောင်ကြောင်ပြန်ပြောပုံက ရင်းနှီးနေတဲ့အမူအယာတွေ...။
"ကျေးဇူး ပဲ ညအိပ်ခွင့်ပေးခဲ့လို ့...''
ခွန်းသဆိုတဲ့..သူက သူ့ကိုကြည့်ရင်းတိုက်ခိုက်တာတွေ ရပ်တန့်သွားသည်... ။
"မင်းက..''
"အဲနေ့က မပြောဖြစ်ခဲ့ပေမယ့်တစ်ညတာတည်းခိုပေးခဲ့မှုအတွက်..ကျေးဇူးပဲ....'
ခွန်းသက သူ့ကိုကြည့်ရင်းမှမှတ်မိသွားသယောင်..ဟန်ဖြင့်ပြူးကြောင်ကြောင်လုပ်လာသည်..။အချိန်တွေကြာသွားပေမယ့်ဒီလူသားဟာ
တွေ့စကအတိုင်း ရင့်ကျက်မှုမရှိသေးဘူး..။
"မင်း အဲတုန်းကဆံပင်ဖြူတွေနဲ့..ကောင်လေးပဲမလား..ဒါနဲ့ဒီကိုဘာလို့ဝင်လာတာလဲ..''
"နောင့်ကိုလာခေါ်တာ..''
"လိုက်ခဲ့..''
ဖြေသူက ခွန်းသမဟုတ်။နောက်ဘက်လှည့်ကြည့်တော့မျက်မှန်တပ်ထားတဲ့လူတစ်ယောက်ဂျာကင်အညိုကိုဝတ်ဆင်ထားသည်..။
"နောင်ကအခုထိ Kအဖွဲ့ပြန်ပေးဆွဲထားတာမဟုတ်လား..''
ခွန်းသသည်လည်းသိသေးဟန်မတူ..သို့သော်ခွန်းသရဲ့အမေးကို ပြန်မဖြေပဲ...ရှန်ဟတ်ကိုသာ ဦးတည်ကြည့်နေသူ..တည်ငြိမ်ရင့်ကျက်ဟန် ရှိသောထိုလူကတော့ သိလို ့နေဟန်ရှိသည် ။
"လိုက်ခဲ့...စိုင်းရှန်ဟတ်hမင်းခ အခန်းထဲမှာရှိနေတယ်..နောင်ကို ဘယ်မှာထားမှန်းလည်း
မင်းခ ပဲသိတယ်မင်းလိုက်ခဲ့ပြီးရင်ဆိုင်လိုက်ပါငါ ခေါ်သွားပေးမယ်.''
မင်းခဟူသောအခေါ်အဝေါ်ကရင်းနှီးနေပုံရသည့် အသုံးအနှုန်း..
"ကျေးဇူး ပဲ..''
ထိုလူက..ခေါင်းသာတစ်ချက်ပြန်ငြိမ့်ပြသည်..။
"ရအောင်ခေါ်ထုတ်သွားပါ စိုင်းရှန်ဟတ်ငါဖြစ်တဲ့နည်းနဲ့ တားပေးမယ်မင်းခကို..''
.ဖွင့်ပေးသည့် တံခါးအတိုင်းဝင်လာတော့..ခမ်းနားလှတဲ့ အခန်းကျယ်နဲ့အတူထိုင်ခုံတစ်ခုပေါ်..မျက်စိမှိတ်နေတဲ့လူတစ်ယောက်
အပြိုပြိုလဲနေသော ဝိုင်ပုလင်းပေါင်းများစွာ..
"မင်းသွေးခ...''
သူ့ခေါ်သံအဆုံးတဖြည်းဖြည်း ဖွင့်ဟလာတဲ့မျက်ဝန်းတွေကရီဝေနေသလို...
တစ်ပြိုင်ထဲမှာပဲကြောက်မက်ဖွယ် စူးရဲနေသည်..။
"နောင်ဘယ်မှာလဲ..''
"စိုင်း ရှန်ဟတ်''
သူ့ကို မြင်တော့ အံသြဟန်မရှိ..။
နာမည်တစ်ခွန်းသာခေါ်ရင်းတိတ်ဆိတ်သွားသော အခြေအနေမှာခံစားချက်တွေ ကခါးသီးလာသည်..။
သူစိတ်မရှည်တော့..ပါ..အပြေးသွားကာ..ငွေရောင်ဓားကို သွေးကြောစိမ်းမြမြမြင်နေရတဲ့ လည်တိုင်ပေါ်..ထလုနီးပါးထောက်ထားရင်း...အံကြိတ်မိသည်..။
"နောင် ဘယ်မှာလဲ ခင်ဗျားကိုမေးနေတယ်..''
"ရှူး..''
လက်ညှိုး ရှည်ရှည်တစ်ချောင်းသည်ရှန်ဟတ်ရှေ့ လာထိကပ်သည်..။
"ကလေးလေးအိပ်နေတယ် မနိုးစေနဲ့စိုင်းရှန်ဟတ် ''
ထရပ်ရင်း နံရံပေါ်ဖိကပ်လိုက်တဲ့လက်တစ်ဖက်နံရံပေါ်မှာပေါ်လာတဲ့အခန်းတံခါးတစ်ခု
..ဒါကလှောင်ပိတ်ခံထားရတာလား.ယိုင်နဲ့သွားချင်တဲ့ ခြေလှမ်းတွေကိုအသာထိန်းထားရသည်..။
ရှေ့ကဝင်ကာသွားသည်နောက် သူ အသာလိုက်ခဲ့သည်..၊
အခန်းကြမ်းပြင်ပေါ်အကွဲကွဲပြိုလဲရင်းပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေကအခြေအနေအား တစ်စွန်းတစ်စသရုပ်ဖော်နေသလို..
"သူအမြဲ ပြောနေခဲ့တာမင်းနာမည်ကို အိပ်နေတဲ့အချိန်မှာတောင် မင်းနာမည်ကို ေsာင့်ရူးလို ပြောနေတာ
အားတစ်စက်မရှိတာတောင် မင်းနာမည်ကို ခေါ်နေဖို့မမေ့ဘူး..အခုတော့ တိတ်ဆိတ်သွားပြီ..ဘယ်အကြောင်းတရားနဲ့မှ
သူစကားမပြောတော့ဘူး''
မင်းသွေးခ တတွတ်တွတ်ပြောနေတဲ့စကားတွေကြည့်ပြီး ဘာကိုကြောက်ရွံမှန်းမသိကြောက်ရွံလာသည်။..
"ဒီလိုပုံစံနဲ့တောင်..ကိုယ့်ကလေးကလှနေတုန်းပဲမဟုတ်လား..စိုင်း..ရှန်ဟတ်...''
"အား....!!!''
အော်သံနက်ကြီးဖြင့် ကြေကွဲစွာဟစ်အော်ရင်းအထိန်းကွပ်မဲ့စွာကြမ်းပြင်ပေါ် အရုပ်ကျိုးပြတ်လဲ ကျသွားလေသည့်ရှန်ဟတ်..။
ဟက်ဟက်ပက်ပက်ရယ်မောနေပါသော မင်းသွေးခ။သွေးစတို့စိမ့်ထွက်နေသည့်
ပြတ်ကြောင်းရာကြီးတွေက မျက်နှာအပါဝင်တစ်ကိ်ုယ်လုံးထင်းလျက်
အရိုးတို့ရေတွက်၍ရနေသောကိုယ်ငယ်ပြာစုတ်စုတ် အက်ကွဲနေတဲ့နှုတ်ခမ်းတွေ...ဖိမှိတ်ထားတဲ့ မျက်ဝန်းတွေကချိုင့်ဝင်မည်းလျက်
အခန်းတွင်းရှိ လူသုံးယောက်သည်..ကိုယ်နဲ့..ခန္ဓာမြဲနေကြသည်မှန်ပါသော်လည်းအသိစိတ်တို့..ကင်းကွာလျက်ရှိသည်..။
ဒီလမ်းမှန်းသိရက်နဲ့..တွန်းပို့ခဲ့တဲ့..လက်တစ်စုံက..ကိုယ်တိုင်ပဲဖြစ်နေခဲ့တဲ့အခါ..
အသက်ရှူသံကအစ..နာကျင်ခြင်းတွေ..လွှမ်းတယ်.။
ပြောပေး..တစ်ယောက် ယောက်လောက်ဒါ...တကယ်မဟုတ်ပါဘူးလို့..
.ကျနော်မြင်နေရတာ တကယ်မဟုတ်ဘူးလို့
".နောင်...နောင်..မဟုတ်ဘူးမဟုတ်ဘူးလေ...အဲလို.''
ကပြာကယာ ထရပ်ရင်းမှရှန်ဟတ် နောင့်ဆီတိုးသွားသည်..။
သို့သော် လက်လေးတစ်ဖက်ထိဖို့တောင်သူ..မဝံ့ရဲ..။
ထိလိုက်ရုံနဲ ့။ကြိုးကျေသွားမည်စိုးသောကြောင့်
" မနောက်ပါနဲ့...နောင်
မောင်မှားပါတယ် အများကြီးမှားခဲ့ပါတယ်အရမ်းချစ်စရာကောင်းတဲ့ဒီကောင်လေးကို
မေ့ပစ်ခဲ့တယ်..လူဆိုးကြီးကွာ
မောင်မှားတယ်နော် အဲလိုမနောက်ပါနဲ့ထပါကွာနော် မောင်တောင်းပန်ပါတယ်
တောင်းပန်ပါတယ် မနောက်ပါနဲ့ မောင့်ကိုအဲလိုကြီးမနောက်ပါနဲ့..တစ်ခြားနည်းနဲ့ အပြစ်ပေးပါလားမောင့်အချစ်ရယ်.နော်''
ဒီလိုတွေ ကြုံခဲ့ပေးဆပ်ခဲ့ကြပြီးမှ..
.ပြန်ရခဲ့ကြတာ.. ဒီလိုအဆုံးသတ်တဲ့လား..။
"သူ ဘယ်တော့မှ နိုးလာတော့မှာမဟုတ်ဘူး..ခေါ်မနေနဲ့ဒီ..ကျင်စက်တွေကတောင်
အလကားပဲဘာမှသုံးစားမရဘူး.''
လက်ဖျံ တစ်လျောက် ညိုမည်းစွဲနေတဲ့အရာတွေက..ကျင်စက်။
တစ်ကိုယ်လုံး ထင်းနေတဲ့
ဒဏ်ရာစင်းကြောင်းတွေကြောင့်အနာတွေရင်းကာ သတိလစ်နေသူကိုကျင်စက်နဲ့ နှိုးတာတဲ့လား..
ရှန်ဟတ် နှလုံးတစ်ခုလုံးသံမှိုနဲ့ ဆောင့်ရိုက်သလို လွင့်ကနဲ..။
"ခင်ဗျား လူမဟုတ်ဘူး မင်း သွေး ခ''
"ဟား...''
ဟက်ဟက်ပက်ပက် ရယ်ချလိုက်တဲ့ထိုလူကို ကြည့်ရင်း ရှန်ဟတ်အသိစိတ်တွေ ပျောက်ဆုံးလာသည်...။
ဖေဖေဆုံးစဉ်က အသိစိတ်လွတ်ခဲ့သလို...ထိုလူသတ်သမားအား ဓားနဲ့စိုက်ကာ.မွှေပစ်ချင်သည့် ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့..
စိတ်ကူးလို...။အစိုးမရသော မုန်တီးမှုကအသွေးသားထဲ ဝင်ရောက်လာသည်။
....
ထိုလူရှိရာ..
"မောင်...''
သူ့ခြေလှမ်းတွေတိခနဲ ရပ်သွားသလိုမင်းသွေးခရဲ့ ရယ်သံတွေလည်း ပြတ်ကျသွားသည်.။
.သူ့အား မပွင့်တပွင့် လှမ်းကြည့်နေတဲ့
မျက်ဝန်းနက်လေး။
"ငါ ထပ်ပြီးအိပ်မက်မက်နေပြန်တာလား..''
ငြီးတွားနေတဲ့ခပ်တိုးတိုးစကားသံလေးအဆုံး ဓားကိုထောက်ခနဲမြည်အောင်ပစ်ချရင်း..ကိုယ်လုံးလေးကို ထွေးကာပြေးပွေ့သည်..။
မျက်ခွံတွေက မပွင့်တပွင့်..
"ငါ မနိုးချင်ဘူး..''
ဆံနွယ်ညိုလေးတွေအား အားမရစွာအထပ်ထပ်အဖန်ဖန် နမ်းရှိုက်မိသည်..။
"အိပ်မက်မဟုတ်ပါဘူး..မောင်ပါ မောင်ရှိနေပြီနော်..သည်းငယ် မောင်..ဒီမှာရှိနေပြီ''
ရှန်ဟတ်ရဲ့ စကားအဆုံးမှာခိုဝင်လာတဲ့ မျက်ရည်စီးကြောင်းတွေ
"မထားခဲ့ပါနဲ့ ''
"မောင်အလိုချင်ဆုံးကမင်း မောင့်ဘေးမှာ ရှိနေပေးဖို့ပဲ.ဒီအရာကို အရာအားလုံး ထက်
လက်မောင်းမှ ဒဏ်ရာက အရိုးပါပြန်ပေါ်လာသော်လည်း ဂရုမစိုက်မိ..နောင့်ကိုယ်လေးကိုသာ ရအောင်ပွေ့ယူလိုက်စဉ်
"ကိုယ့်ကလေးကို မင်းဘယ်မှခေါ်သွားပိုင်ခွင့်မရှိဘူး..''
နောင့်ကိုပွေ့ရင်း လှည့်ကြည့်တော့ သေနတ်တစ်လက်ကို ခပ်ဆဆကိုင်ကာ တစ်လှမ်းချင်း လှမ်းလာတဲ့ခြေလှမ်းတွေနောက်ထိုသေနတ်ပြောင်းဝက
ကျနော့်တည့်တည့် ဦးတည်ချိန်ထားခဲ့သည်..။
" စိုင်းရှန်ဟတ်..ဒီထိအပင်ပန်းခံလာခဲ့ရတာစိတ်မကောင်းပါ ဘူး''
"ဖြောင်း..''
ကန်ချက်တစ်ခုနဲ့အတူမင်းသွေးခရဲ့ လက်ဟာဆတ်ခနဲခါသွားရင်း သေနတ်က ခပ်ဝေးဝေးလွင့်သွားခဲ့သည်..။
"တော်လောက်ပြီ မင်းသွေးခ...''
ရင်းနှီးလွန်းနေတဲ့အသံ။
ခန် ့ညားရှိန်ဘယ်လိုများရောက်လာခဲ့ပါသလဲ..နောက်မှာတော့ ကျနော့်ကိုခေါ်လာပေးခဲ့သည့်မျက်မှန်နဲ့လူရပ်နေသည်..။
အနားကို လျှောက်လာကာCardတစ်ခုနဲ့အတူသော့တွဲတစ်စုံအားအိပ်ကပ်ထဲ ထည့်ပေးသည်..။
"ခေါ်သွားလိုက်ပြီးရင်..ဘယ်တော့မှ ပြန်မလာနဲ့တော့ ညီ အာ..ဆောရီးစိုင်းရှန်ဟတ် ''
"ကျေးဇူးပဲ..K''
"မဟုတ်တာတွေ..ည အဲ''
"ရတယ်ခေါ်ပါ...သွေးသားတော်စပ်မှမိသားစုဖြစ်တာမဟုတ်ဘူးလေ..''
ဝဲတတ်လာတဲ့ မျက်ရည်ကြည်တစ်ချို့နဲ့အတူနွေးထွေးစွာ ပြုံးပြလာသော.ခန် ့ညားရှိန် လက်တစ်ဖက် က
သူ့ဆံနွယ်ဖြူတွေထက် ကျရောက်လာရင်းဖွကာ ကျီစယ် သည်..။
"ပျော်အောင်နေ ရမယ်နော် ညီ''
သူ သေချာပေါက်ပျော်ရမှာပါ..။
"နှုတ်ဆတ်ပါတယ် K''
"အရာအားလုံး အတွက်တောင်းပန်တယ်..''
ခေါင်းတစ်ချက်သာဆတ်ပြလိုက်ရင်း ထွက်လာခဲ့လိုက်သည်..။
ရှော့တိုက်ခံရသည့် ခြေကျင်းဝတ်အရေပြားက အလွှာလိုက်.ပဲ့ကျလာပေမယ့် သူ့ခြေလှမ်းတွေသိပ်ကို သွက်နေခဲ့တယ်..
ဘဝတစ်ခုလုံးမှာ လျှောက်ခဲ့တဲ့ခြေလှမ်းတိုင်းထက်ဒီခြေလှမ်းတွေ..ဟာ အပေါ့ပါးဆုံးဆိုတာသူယုံကြည်ပါတယ်
လာပါ..။
မင်းအပိုင် နှလုံးသားတစ်စုံရှိရာဆီ..တွေဝေခြင်းမရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။
မင်းအတွက် ဒီရင်ခွင်မှာထာဝရ အနားယူပါ..ဝေးကွာခြင်း မျက်ရည်တွေကို..ချန်ထားခဲ့ကြရအောင်..။
လိုက်ခဲ့ပါ..
မင်းနဲ့မောင်နှစ်ယောက်တည်းရှိတဲ့နေရာလေးဆီဆိုင်းငံခြင်းမရှိ..မောင့်လက်ကိုတွဲပြီးလိုက်ခဲ့ပါ..။
ငြိမ်းချမ်းတဲ့...အဲနေရာလေးမှာထာဝရ နေထိုင်ကြရအောင်ပါ..နာကျင်ခြင်း အလွမ်းတွေကို မမှတ်မိတော့အောင် ချန််ထားခဲ့ကြရအောင်..။
ခပ်ဖွဖွအနမ်းတစ်ရှိုက်နဲ့ ကုသလိုက်ပါတယ်..
မောင့်နွေးထွေးခြင်းအားဖြင့် မင်း ရဲ့ကြောက်ရွံခြင်းတွေကင်းဝေးပါစေ..
မောင့်ကြင်နာခြင်းအားဖြင့်မင်းရဲ့နာကျင်မှုတွေ ပျောက်ကင်းပါစေ..
မောင့်ချစ်ခြင်းအားဖြင့်မင်းရဲ့ အပြုံးတွေ တည်မြဲပါစေ.။..
.....
မိနှစ်အနည်းငယ်ကြာ...စံအိမ်နဲ့ မနီးမဝေး..ကယ်လီဖိုးနီးယား လမ်းမထက်အရှိန်ပြင်းသော မီးတောက်တစ်ခုနဲ့အတူတစစီပေါက်ကွဲသွားတဲ့ ပြိုင်ကား အဖြူလေးတစ်စီး..
အကြောင်းရင်းကားထောက်ချောက်ဆင်ထားသည့်.ဗုံးဟူသောကြောင့်
ကျယ်လောင်စွာ မြည်ဟီးတဲ့ပေါက်ကွဲသံကြားကြားချင်းမှာပဲလက်ခုပ်တီးကာ ထရယ်မောလိုက်တဲ့..မင်းသွေးခ
"ဗုံးဆင်တာ သိပ်ကြာပေမယ့်ပေါက်ကွဲတာကတော့ သိပ်ကိုမြန်တယ်..ဟား ''
သူရိန်လည်း ဆွံအသွားခဲ့သလိုခန့်ညားရှိန်ကတော့ အသက်မဲ့သူလို
ငြိမ်သက်ကာသွားသည်..။
ဗုံးကွဲရာမှ ထွက်ပေါ်လာတဲ့ညှော်နံအပိုင်းအစတွေက လေထုမှတစ်ဆင့် ဝဲကာ ပျံ့လို့...
"ပထမအကြိမ်ကျရှုံးခဲ့ပေမယ့်ဒုတိယအကြိမ် ဆိုရင်တော့..သေချာပေါက် အောင်မြင်သင့်တယ်..''
စကား ကအစအဆုံးမရှိပေမယ့်အခန်းထဲရှိလူသုံးယောက်လုံး ထဲထဲဝင်ဝင် နားလည်နေခဲ့သည်..။
"ဘာကြောင့် မင်းဒီလောက်တောင်..''
ဆို့နင့်နေတဲ့ ရင်အပြည့်နဲ့K အသံက တိုးလျလျ..
"ဒီအတိုင်းသွားခွင့်ပေးမယ်လို့..မင်းကထင်တယ်လား..ဒီတိုင်းလွှတ်ပေးမယ်ထင်တဲ့မင်းတို့ မင်းတို့ကမှ ရူးတာမဟုတ်ဘူးလား...''
မသိတော့..ခန့်ညားရှိန်အရှေ့မှာရပ်နေတဲ့ဒီသူကမကောင်းဆိုးဝါး ပဲလားဆိုတာ..
"ဘယ်လိုလဲ K..သိပ်ချစ်ရတဲ့ညီအရင်းအပြင်ညီအတုပါ ငါ့ကြောင့် ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့နောက်..ခံစားချက်လေး..''
တကယ်ပဲ...အဆုံးသတ်သွားတာလား..ခုနကတင် သူ့ကိုနှုတ်ဆတ်သွားတဲ့ညီက..ပျော်အောင်နေပါမယ်ဆိုတဲ့ ညီက..စိတ်တွေ ဆောက်တည်ရာမရပဲတဖြည်းဖြည်းယိမ်းယိုင်လာခဲ့သည်..
။စိုင်းရှန်ဟတ်ကိုပထမဆုံး စတွေ့ချိန် ပြန်အမှတ်ရလာမိသည်..။
ဒဏ်ရာတွေနဲ့ သိပ်နာကျင်နေတဲ့ ကလေး ။ကျနော် သူ့ကို ထားမသွားနိုင်ဘူးတဲ့။
ရှင်သန်လိုစိတ်ပြင်းပြစွာ တောင်းဆိုနေခဲ့တဲ့မျက်ဝန်းညိုတွေ ။
လောကကြီးက တကယ်ကို မမျှတဘူးပဲ..
မင်းသွေးခကတော့ သွေးပျက်သွားသည့် သူတို့နှစ်ဦးအားကြည့်ကာ
ကျေနပ်စွာ ပြုံးနေဆဲ..
..
သို့ ..
ကိုယ့်ရဲ့ ငှက်ငယ်လေးရေ..
ကိုယ်နဲ့ သိပ်ဝေးချင်လွန်းသောမင်းလေးအား ထာဝရလွတ်မြောက်ခွင့်ပြုလိုက်တယ်... ။
ကိုယ့်ရဲ့ လှောင်အိမ်မဲ့သွားခဲ့တဲ့ ငှက်ငယ်လေး မင်းပျော်ပါစေကွယ် ....။
...