PART.3:: ခတ်နှင်း ဒဏ်ရာ မပျောက်စေသော်

52.6K 5.8K 172
                                    

Zawgyi..


နောင် ဒီနေ့ အတန်းထဲစထိုင်သည်နှင့် ဘေးဘီဝေ့ရာကိုကြည့်မိတော့...စိုင်းရှန်ဟတ်သည်မရှိ..။ စိတ်ကူးပေါက်သလိုရေးထားမိသော ..ဂီတနုတ်ကိုထုတ်ရင်း..လက်စမ်းတီးကြည့်ချင်စိတ်ကထိန်းမရ..။

ကျောင်းချိန်တောင်တတ်ခါနီးပြီမလို့ နောင်ခြေသွက်သွက်လှမ်းရာက လူသူနည်းပါးသော အထီးကျန်ဂီတာအို ရှိရာ။ သူမရောက်ဖြစ်တာတောင်တစ်ပတ်ကျော်ရောပေါ့။ မနှစ်တုန်းက နောင် ဆရာမခိုင်းသည့် အဆောင်ဘက်သွားရင်းမှ လမ်းမှားကာ ထိုအဆောင်ပျက်ဘက် ရောက်သွားခဲ့ခြင်းဖြစ်သည်။

ဂီတာအို၏ ပိုင်ရှင်သည်မည်သည့်ကျောင်းသားဖြစ်ခဲ့သည်ကိုမသိသော်လည်း နှစ်အတော်ကြာ စွန့်ပစ်ခံခဲ့ရခြင်းကို ကြိုးတွေပေါ် အိမ်ခြံမြေ တိုးချဲ့နေပြီဖြစ်သည့် ပင့်ကူမျှင်တွေမှတစ်ဆင့် သိရှိနိုင်ပြီဖြစ်သည်။ နောင် အ၀တ်စိုတစ်ခုဖြင့်သန့်စင်ကာ ကြိုးအနည်ငယ်ညှိပြင်ရုံ ဖြင့် တန်ဖိုးကြီးလက်ရာမှန်းသိသာသွားသည်။ အရင်ဂီတာလေးပျက်သွားပြီးထဲက အသစ်ပြန်မ၀ယ် နိုင်တော့သော နောင့်အတွက် ရွှေထုပ်ကောက်ရသလိုပါပင်။

အဆောင်ပျက်နား ရောက်ခါနီး စကားသံခပ်တိုးတိုးတွေကြောင့် နောင် ခြေကိုဖော့နင်းလိုက်သည်။ အသံတွေက အဆောင်ပျက်ထဲကမဟုတ် ။ အဆောင်ပျက်နောက်က ကျောင်းအုတ်တံတိုင်းရဲ့အပြင်ဘက် က ။ အဲလမ်းကြားက ကျောင်းပြေးတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတွေ လောက်သာ အုတ်တံတိုင်းကျော်ဖို့ သုံးကြပြီး လူသွားလူလာရှိသည် မဟုတ်။

ကျောင်းဝန်းထဲမှာ မဟုတ်သည်မလို့ နောင်စိတ်ရဲသွားကာ အနည်းငယ် အက်နေတဲ့ အုတ်တံတိုင်း အပေါက်လေးကြားမှ ချောင်းကြည့်လိုက်သည်။ လူသုံးယောက် ဦးထုတ်တွေကို ခပ်ငိုက်ငိုက်ဆောင်းထားသည်။ အဲလူသုံးယောက်ထဲက တစ်ယောက်ကိုနောင်သိသည်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျောင်းထုတ်ခံလိုက်ရသည့် စီနီယာကျောင်းသား ။ ဆရာမအားလုံးအော့ကြောလန်ပြီး နာမည်ဆိုးဖြင့် သတင်းထွက်လွန်းသည့်သူမလို့ သာ နောင်မှတ်မိနေသည်။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now