Part.18::ပိုင်ရှင်ရှိ အရုပ်ငယ်

35.8K 4K 268
                                    

Zawgyi..

PART :18:: ပိုင်ရှင်ရှိ အရုပ်ငယ်..။

"ဒီနှစ်Mအဖွဲ့က..နယ်မြေများဖို့ အလားအလာရှိနေတယ်''

ဒီနှစ်အတွက် ထိပ်သီးအစည်းအဝေးမစမီပင် သတင်းတို့က..အုံကြွလျက်...လွန်ခဲ့သည့်နှစ်မှာပင် အဖွဲ့ဝင်ခုနှစ်ဖွဲ့မှ အင်အားကြီးမားခဲ့သော..Yအဖွဲ့သည်.. အနိမ့်ဆုံးနေရာသို့ရောက်သွားခဲ့ရင်း အဖွဲ့ Mသည်ပို၍..နယ်မြေကြီးလာခဲ့သည်..။

ဥရောပတွင်ခြေ ချနေပြီးဖြစ်သော Kအဖွဲ့သည်... နယ်မြေချဲ့လိုသော Mအဖွဲ့နဲ့ မကြာခဏထိတ်တိုက်ရန်ဆိုင်ဖြစ်၍ နှစ်ဖွဲ့ကြားပိုမို..အငြိုးကြီးမားလာခဲ့သည်..။

သူဦးလျှင်သူသတ်သည်အထိ ဆိုးရွားလာသောရန်ပွဲများ...။ အစက..နည်းပညာပိုင်းတွင် Kသည်ထိပ်တန်းဖြစ်ခဲ့သော်လည်း ဆံပင်စိမ်းနဲ့ကောင်လေးတစ်ယောက်သည် Mအဖွဲ့ရဲ့..Hackerအဖြစ်နည်းပညာပွဲမှာ တတ်ရောက်လာပြီးနောက်ပိုင်း.. Kအဖွဲ့နဲ့လက်ရည်ချင်းညီလာသည်..။

ယခုနှစ်နယ်မြေအဆုံးအဖြတ်သည် အလျင်အမြန် တိုးတက်လာသောMအဖွဲ့

ဟုခန့်မှန်းနေကြသော်လည်း Kအဖွဲ့သည်..ကမ္ဘာ့နည်းပညာအုပ်စုရဲ့ လျို့ဝှက်အချက်အလက် ရရှိထားသည်ဟူသော သတင်းခပ်သဲ့သဲ့ထွက်နေသည်..။ အမှောင် လောကသားအားလုံး အပြိုင်အဆိုင်လုယက်လိုကြသော်လည်း Kအဖွဲ့ကိုရှိန်ကြသည်..။

သို့သော်..လုယူရန်ပြင်သောလူတစ်ယောက်က တော့ရှိနေသည်..။

Mအဖွဲ့ခေါင်းဆောင်မင်းသွေးခ

တကယ်ဟုတ်မဟုတ် ဘယ်သူမှမသိရသေးသော လျှို့ ဝှက်အချက်အလက်ပေါ်ထွက်လာခဲ့ခြင်း ။

Kနဲ့Mရဲ့ကြားကနှစ်ချို့ခဲ့သော လူမသိသည့်အငြိုးတေးအချို့ ။

ဤသည်ကပင်.. ငါးနှစ်ကြာသွေးအေးနေခဲ့သောဇာတ်လမ်းကို တစ်ဖန် အသက်ပြန်ဝင်စေမည့် .အစဖြစ်ခဲ့လေသည်..။

..."ဒု..ဒု..''

ခွန်းသရဲ့အော်သံကြောင့် တစ်ဖွဲ့လုံးကြောင်တောင်တောင်ဖြစ်သွားသည်..။

"ဘယ်သူတုန်း..ဒုဒုက''

"ဒုခေါင်းဆောင် ကိုခေါ်တာ''

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now