Zawgyi...
PARt:9: တူညီခြင်း ၏ခြားနားချက်နေ့လည်ကျောင်း..ထမင်းစားဆင်းချိန်..ကန်တင်းရှိ ကျောင်းသားအတော်များများ.. ကိုယ့်ထမင်းကိုယ်မစားနိုင်ဖြစ်နေကြသည်..။ အကြောင်းရင်းမှာ လက်ကနာရီကိုကြည့်လိုက် မျက်မှောင်ကိုကြုတ်လိုက် မုန့်အိတ်တအိတ်နဲ့
ကန်တင်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော စိုင်းရှန်ဟတ်ကြောင့်ပင်..။
နေရောင်အောက်မှာ.ဖြူလွန်းနေသောအသားကကြည်လင်းလျက်ငွေရောင်ဆံပင်ကကျောက်ဖြူတွေလိုလက်နေသည်.။ကျောင်းဝတ်စုံအဖြူဆွတ်ဆွတ်က..သန့်နေကာ နှာတံထင်းထင်း.နီရဲသောနှုတ်ခမ်းပါးက တင်းတင်းစေ့လျက် ကြည့်လေကြည့်လေ ချောမောလွန်းသည်ထက်ပိုလာလေဖြစ်နေကာသိသိသာသာရော..မသိမသာရော ပါငေးနေကြသော်လည်း ကာယကံရှင်ကတော့ရှေ့နောက်လျှောက်နေမြဲ တချက်တချက်..အပေါ်ထပ်က စာသင်ခန်းပေါက်ဝကိုခပ်စူးစူးလှမ်းကြည့်နေသေးသည်..။
မကြာပါ။ စာသင်ခန်းဝကအိတ်လေးတစ်အိတ်ဆွဲကာ ထွက်လာသော..ဖြူဖြူရှည်ရှည်ပုံရိပ်လေးကို မြင်လိုက်ရပြီး ထိုပုံရိပ်လေးနောက်
ရှန်သည်ထပ်ကြပ်မကာလိုက်သွားလေသည်နှင့်အတူ ကျောင်းသားတွေအကုန်တစ်ဆက်တည်း တွေးလိုက်ကြသည်က စိုင်းရှန်ဟတ်တော့နောင်ကိုပညာပေးဖို့ တကူးတကတောင်စောင့်နေသကိုးဟူ၍ပင်..။
မနက်ကဈေးမှာ..လွယ်လွယ်ပဲဝယ်ခဲ့သည့် ထမင်းထုပ် လေးကိုယူရင်း နောင်လွတ်နေသည့်စာသင်ခန်းအဟောင်းသို့
ဝင်လိုက်သည်..။ဖွင့်ကြည့်လိုက်တော့ ထမင်းဖြူဖြူပေါ်တွင် ဝက်သားတုံးနှစ်တုံးသရက်ချဉ်လေးနှင့် ငါးခြောက်ကြော်အစပ်က
နောင့်အတွက်စားလို့ကောင်းမည့်ထမင်းတစ်နပ်ပါပင်..။
ကော်ဇွန်းလေးယူရင်းစားမည်ပြင်တုန်း ရှေ့ကိုရောက်လာသောအရိပ်ကြောင့် နောင်မျက်နှာလေးပျက်သွားမိရင်း ဘူးလေးကိုပိတ်ကာ
အိတ်ထဲအမြန်ထည့်မိသည်..။ ဒီစိုင်းရှန်ဟတ်ဟာ ဘယ်လိုများရအောင်တွေ့သည်လဲမသိတော့ အစုတ်အပြတ်တွေစားတယ်ဆိုကာ
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)