စည်း ~ [Completed]
By borntoloveosh_
80.6K 7.1K 1.2K
အကယ်​၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမ​ကျော်​ခဲ့ကြရင်​ ဒီလိုနာကျင်စရာ​တွေဖြစ်​လာမှာမဟုတ်​ဘူး.... တကယ်​​တော့ ငါတ... More
part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-27
part-28
part-29
final~
4.4K 341 136
By borntoloveosh_
"​ချန်း~ အဟင့်​ ချန်း!!!"
"သား သား သတိထားအုံး​လေ"
မေ​မေလှုပ်​နှိုးလိုက်​မှ ဆယ်​ဟွန်းလန့်​နိုး
သွားသည်​....
"​မေ​မေ~ သား သား ဘာဖြစ်​သွားတာလဲ?"
"ချန်း​လေးနဲ့​တွေ့ပြီးပြန်​လာကတည်းက
သား​လေးဖျား​နေတာ​လေ"
အဲ့ကျမှဆယ်​ဟွန်း ခပ်​မြန်​မြန်​ထထိုင်​ကာ
"​မေ​မေ သူ သူ​ရော ​ဒေါသတကြီး
ကား​မောင်းထွက်​သွားတယ်​ သားစိတ်​ပူတယ်​"
မေ​မေကဆယ်​ဟွန်းဆံပင်​​တွေက
ိုပွတ်​သတ်​​ပေးရင်း...
"သားချန်း​လေးဘာမှမဖြစ်​ပါဘူး
အခုမီ​ယောင်းတို့အိမ်​မှာ"
"​တော်​ ​တော်​​သေးတာ​ပေါ့"
"သူများကိုစိတ်​ပူမ​နေနဲ့ မနက်​ဖြန်​ကမင်္ဂလာ​ဆောင်​ သားအခုထိအဖျား​မ​ပျောက်​​သေးဘူး"
"သား သက်​သာပါပြီ"
"မနက်​ဖြန်​မှာသားကအ​ချောဆုံးဖြစ်​​နေရမှာ
အခုပြည့်​ပြည့်​ဝဝနားလိုက်​ ဘာမှ​မ​တွေးနဲ့
အားလုံးအဆုံးသတ်​ပြီးပြီ​လေ..."
ခေါင်းငြိမ့်​ပြလိုက်​သည်​ ​မေ​မေက ဆယ်​ဟွန်းပါး​လေးကိုနမ်းကာအခန်းအပြင်​ထွက်​သွား​လေသည်​.....
ဆယ်​ဟွန်း ကုတင်​​ပေါ်ပြန်​လှဲရင်း
မ​နေ့ကချန်း​ယောလ်​​ပြောခဲ့တဲ့စကား​တွေကို.ပြန်​ကြားကာ ငို​​နေမိ၏...
တီ....တီ....တီ...
ဖုန်းလာလို့ယူကြည့်​မိ​တော့ ကင်​မီ​ယောင်း
ချက်​ချင်းကိုင်​လိုက်​သည်​...
📱"ဟဲလို မီ​ယောင်းရှီ ချန်း​ရော~"
"သူအိပ်​​နေတယ်​ မ​နေ့ကဘားမှာအရမ်း​သောင်းကျန်း​နေလို့ ကျွန်​မ​သေချာပြန်​​ခေါ်လာရတယ်​"
တကယ်​ဆို မ​နေ့က မီ​ယောင်း
ဘောလုံးနား​နေ​ဆောင်​အပြင်​ကကား​ပေါ်ရှိသည်​....
သူတို့အဖြစ်​ပျက်​အားလုံးကိုမြင်​တယ်
ကား​မောင်းထွက်​သွားတဲ့​မောင်​​နောက်​ကိုလည်းစိတ်​ပူလို့်တိတ်​တဆိတ်​လိုက်​ခဲ့မိတယ်​...
"အဟင့်​ ​သေ ​သေချာဂရုစိုက်​​ပေးပါ
သူအရမ်းနာကျင်​​နေရတယ်​"
"စိတ်​ချပါ ​ကျေးဇူးတင်​ပါတယ်​ ဆယ်​ဟွန်းရှီ
တကယ်​ကိုအထူး​ကျေးဇူးတင်​ပါတယ်​"
"................."
"ဆယ်​ဟွန်းရှီက ကျွန်​မနဲ့က​လေး​လေးရဲ့ အသက်​သခင်​​ကျေးဇူးရှင်​ပါ အဲ့ဒါ​ပြောချင်​လို့ဖုန်းဆက်​လိုက်​တာပါ"
".............."
"ပြီး​တော့ မင်္ဂလာပွဲတွက်​ဂုဏ်​ပြုပါတယ်​"
"မနက်​ကျရင်​ ​သေချာ​ပေါက်​ ချန်းကိုပါ
ခေါ်ခဲ့​ပေးပါ​နော်​ မီ​ယောင်းရှီ"
ချန်း​ယောလ်​မျက်​နှာကို ​နောက်​ဆုံးအကြိမ်​​လေး​တွေ့ခွင့်​ရချင်​လို့ပါ....
"​ဒါ​ပေါ့ ​ခေါ်ခဲ့ပါမယ်​ မနက်​ဖြန်
တွေ့ကြမယ်​​နော်​"
"အင်း"
"အားလုံးကို​မေ့ပြီး ​ပျော်​​ပျော်​ရွှင်​ရွှင်
နေသွားပါ​တော့"
မီ​ယောင်း​ပြောပြီး​တော့ တဖက်​ကဆယ်​ဟွန်းရှိုက်​သံ​တွေတ​ဖြေး​ဖြေးကျယ်​လာသည်​..
ပြီး​တော့ဖုန်းချသွားတယ်​...
"​တောင်းပန်​ပါတယ်​ ကျွန်​မကို
ခွင့်​လွှတ်​​ပေးပါ အတ္တကြီးပါရ​စေ​ ဟင့်​"
မီ​ယောင်းအားရ​အောင်​ ငိုပြီးမှ
မောင်​အိပ်​​နေတဲ့အခန်းထဲဝင်​လာသည်​..
အိပ်​​ပျော်​​နေတဲ့​မောင်​ တကယ့်​က​လေး​လေးပဲ
မ​နေ့ညက ရင်​ဘတ်​ထုထုပြီး ငို​နေတဲ့​မောင့်​ပုံစံကိုကိုမြင်​​တော့ မီ​ယောင်းအရမ်းသနားတယ်​..
မောင်​က​ပြောတယ်​ သူ့ဘဝမှာ အိုဆယ်​ဟွန်းကို အချစ်​ဆုံးတဲ့
မောင့်​မျက်​ရည်​​တွေသုတ်​​ပေးပြီး ​မောင့်​ကိုရင်​ခွင်​ထဲတစ်​ညလုံးထည့်​ကာ နှစ်​သိမ့်​​ပေးခဲ့သည်
အိပ်​​နေတုန်း ဟွန်း~ဆိုတဲ့ နာမည်​​ကို
ယောင်​တိုင်း မီ​ယောင်းရင်​ထဲနင့်​​နေ​အောင်​ခံစားရသည်​....
"စိတ်​ချပါ ​ရှေ့​လျှောက်​ ​မောင့်​ကို
အတတ်​နိုင်​ဆုံး​ပျော်​ရွှင်​​အောင်​လုပ်​​ပေးပါမယ်​"
ချန်း​ယောလ်​ဆံပင်​​လေးကိုအသာသပ်​​ပေးပြီး
မီ​ယောင်းပြုံးရင်း​ပြောလိုက်​သည်​...
.
.
.
"ဟွန်း~"
သတို့သမီးမိတ်​ကပ်​​ပြင်​​နေတဲ့ အခန်းထဲ
ဆယ်​ဟွန်းဝင်​လာခဲ့​တော့ ဂျင်​ဟီးက
ရှက်​ပြုံး​လေးနဲ့​ခေါင်းငုံသွား၏.....
"သား သမီး​လေးဂျင်​ဟီးက
အရမ်းလှတယ်​​နော်​"
မေ​မေအ​မေးကို ဆယ်​ဟွန်း
အသက်​မပါတဲ့အပြုံး​တွေနဲ့​ခေါင်းငြိမ့်​ပြလိုက်​တယ်​.....
မ​ကောင်းတက်​လို့ မိတ်​ကပ်​ပြင်​တာကို
ခဏကြည့်​​နေလိုက်​ပြီး ​မေ​မေကိုခွင့်​​တောင်းကာ သတို့သားနား​နေခန်းဆီပြန်​လာလိုက်​သည်​.....
"ဟူးးး"
ဟန်​​ဆောင်​ပြုံး​နေရတာ တကယ်​မလွယ်​ပါဘူးပဲ
သတို့သားဝတ်​စုံအဖြူရဲ့အ​ပေါ်ကုတ်​ကိုချွတ်​ကာ ထိုင်​ခုံ​ပေါ်ခဏမှိန်း​နေလိုက်​သည်​...
ချန်း​ယောလ်​ လာမှာပါ​နော်
လာမှဖြစ်​မှာ ဒါ​နောက်​ဆုံးပဲ
မင်္ဂလာပွဲပြီးပြီးခြင်း ဆယ်​ဟွန်းဂျပန်​ကိုအပြီး
ပြန်​​တော့မှာ ​မေ​မေကအားလုံးစီစဉ်​ပြီးသား
"ငါ့ကို​တွေ့ခွင့်​​လေး​တော့ ​ပေးပါ ချန်းရယ်​"
📱"ဟဲလို မီ​ယောင်း"
"ဂျင်​ဟီး ဂုဏ်​ယူပါတယ်​​နော်​ "
"အင်း "
"ဆယ်​ဟွန်းရှီအ​ခြေ​နေဘယ်လိုလဲ"
"မျက်​နှာ​တော့မ​ကောင်းဘူး ဒါမဲ့
နောက်​ကျရင်​​တော့ ​ပျော်​သွားမှာပါ"
"​မောင်​က​တော့ မ​နေ့ညကအရက်​​တွေအရမ်​​သောက်​​ပြီး အခုထိမနိုး​သေးဘူး"
"​မီ​ယောင်း~ ငါ ငါတို့လုပ်​ရပ်​​တွေမှား
နေလားဟင်​?"
"မမှားဘူး ဂျင်​ဟီး ငါလည်းငါချစ်​တဲ့သူတွက်​အတ္တကြီးတယ်​ နင်​လည်းနင့်မိဘအရှက်​သိက္ခာတွက်​အတ္တကြီးမိတယ်​...ဘာမှမမှားဘူး"
"ဒါမဲ့သူတို့​တွေနာကျင်​နေရတယ်​​လေ
အဲ့ဒါကိုမြင်​တိုင်းမှား​နေသလိုခံစား​နေရတယ်​"
"ဟင့်​အင်း မှားတာသူတို့ နဂိုကတည်းက
မဖြစ်​သင့်​တဲ့အချစ်​​တွေကိုလိုက်​ခံစားခဲ့ကြတာ​လေ... "
"အဟင့်​~"
"​ပျော့ညံ့မ​နေနဲ့ ဂျင်​ဟီး နင်​ကမှ​တော်​​သေးတယ်
ငါဆို ငါအရှက်​သိက္ခာကို​တောင်​မ​ထောက်​ထားပဲ ဆယ်​ဟွန်းရှီကိုက​လေးရှိ​နေပြီလို့လိမ်​လိုက်​ရတာ ဘယ်​​လောက်​ခက်​ခဲတယ်​မှတ်​လဲ?"
"ကင်​မီ​ယောင်း~"
ဂျင်​ဟီးနဲ့အပြင်​ထွက်​ဖုန်း​ပြော​နေတုန်း
အ​နောက်​က​မောင့်​ရဲ့​ခေါ်သံ
"ေ ​မောင်​~"
"ခုနဘာစကားလဲ? ဘာ! က​လေးရှိ​နေတယ်​လို့
လိမ်​တယ်​ ဟုတ်​လား??"
မီ​ယောင်းလက်​ထဲကဖုန်း​လေး ​အောက်​ကို
ပြုတ်​ကျသွားသည်​ထိတုန်​လှုပ်​သွားရ၏..
"မ မဟုတ်​ပါဘူး ​မောင်​ နားကြား
လွဲတာ​နေမယ်​"
"မှန်​ မှန်​ ​ပြော စမ်း ကင်​ မီ ​ယောင်း!!!"
"​မောင်​ ​မောင်​ သဲက​လေ ​မောင်​ချစ်​လို့
လုပ်​မိတာပါ ​မောင့်​ကိုမစွန့်​လွှတ်​နိုင်​လို့ ဟင့်​..
"ဟာ!"
ချန်း​ယောလ်​အရမ်းအံသြသွားရသည်
သူမကို သူဒီလို​အောက်​တန်းကျလိမ့်​မည်​လို့
ထင်​​တောင်​မထားဘူး...
ဒါ​တွေကိုမသိပဲ ဆယ်​ဟွန်းကို
ကြမ်းကြမ်းတမ်းတမ်း​တွေ​ပြောဆိုပစ်​ခဲ့တယ်
"​မောင်​~ သဲ သဲကိုခွင့်​လွှတ်​ပါ​နော်​"
"မင်း မင်းတို့​တွေ ​တော်​​တော်
အောက်​တန်းကျတာပဲ"
"အဲ့လိုမ​ပြောပါနဲ့ ​မောင်​ရယ်​."
ချန်း​ယောလ်​ချက်​ချင်းပဲ ကား​သော့ဆွဲယူကာ
မင်္ဂလာခန်းမဆီသွားဖို့ပြင်​​တော့သည်​..
"​မောင်​ ​မောင်​မသွားပါနဲ့
အဟင့်​ သဲ ​တောင်းပန်​ပါတယ်​"
"လွှတ်​စမ်း!! အယုတ်​တမာမ!!"
ချန်း​ယောလ် သူမပါးကိုအားပြင်းပြင်း
ရိုက်​ချကာထွက်​လာခဲ့သည်​...
မီ​ယောင်း လဲ​နေရာမှ ချက်​ချင်းထကာ
ဂျင်​ဟီးဆီဖုန်းဆက်​လိုက်​သည်​...
📱"​အေး မီ​ယောင်း ဘာလို့
ဖုန်းချသွားတာလဲ?"
"အဟင့်​ ဂျင်​ ဂျင်​ဟီး ​မောင်​သိသွားပြီ"
"ဘာ!!!"
"အ အခုခန်းမကိုထွက်​သွားပြီ
လုပ်​ပါအုံး" 📱
ဂျင်​ဟီးချက်​ချင်းဖုန်းချကာ ​ဘေးနားထိုင်​​နေတဲ့ဆယ်​ဟွန်း​မေ​မေကိုအလန့်​တကြားကြည့်​မိသည်​...
"ဘာဖြစ်​လို့လဲ သမီး"
"ချန်း​ယောလ်​သိသွားပြီတဲ့ အန်​တီ!"
"ဘယ်​လို!!"
ဆယ်​ဟွန်း​မေ​မေချက်​ချင်းပဲ
သတို့သားနား​ခန်းဆီ​ပြေးထွက်​သွား​တော့တယ်
ဒီကိစ္စ​တွေကို သူမလည်းသိ​နေတယ်​​လေ...
.
.
.
"ကိုယ်​ ကိုယ်​​တောင်းပန်​ပါတယ်
ဟွန်းရယ်​"
ကား​မောင်းရင်း ဆယ်​ဟွန်းဆီ
ဖုန်းဆက်​လိုက်​သည်​...
"ဖုန်းကိုင်​ပါ ဟွန်းရယ်​"
ခဏကြာ​တော့မှ တဖက်​က
အသံတိုးတိုးအက်အက်​​​လေးထွက်​လာတယ်​..
📱"ချန်း~"
"ဟွန်း အ အခုချက်​ချင်း ခန်းမ​ရှေ့
ထွက်​ခဲ့​တော့!!"
"ချန်း ဘာ ဘာ​တွေဖြစ်​​နေတာလဲ"
"အဲ့ဒါ​တွေ​နောက်​မှ​ပြောပြမယ်
မီ​ယောင်းဆီမှာဘာက​လေးမှမရှိဘူး
ဟွန်းကိုလိမ်​ခဲ့ကြတာ ဂျင်​ဟီးနဲ့​ပေါင်းပြီး"
"ဘယ်​လို!!!"
"​အ အခုထွက်​ခဲ့ ဟွန်း​ကိုခေါ်​ပြေးဖို့
ကိုယ်​လာ​နေပြီ!"
"ဟုတ်​ ဟုတ်​" 📱
ဆယ်​ဟွန်းအံသြထိတ်​လန့်​​နေခ်ျိန်​မရပါ
ချက်​ချင်းအခန်းအပြင်​​ပြေးထွက်​​တော့..
"ဒါဘယ်​လဲ သား!!"
အခန်းဝမှာ ​မေ​မေနဲ့​တွေ့​လေသည်
"​မေ​မေ သား သား သွားပါရ​စေ"
မေ​မေကဆယ်​ဟွန်းလက်​ကိုအတင်းဆွဲထားကာအံကြိတ်​သံဖြင့်​...
"မသွားရဘူး သားကလိမ္မာပါတယ်​"
"ဟင့်​အင်း သား.သားကိုလွှတ်​ပါ"
"လာခဲ့!!"
"​မေ​မေ~"
မေ​မေကချက်​ချင်းပဲ ဆယ်​ဟွန်းလက်​ကိုဆွဲကာ
ခန်းမအပြင်​တံခါးဝနားက​ဖေ​ဖေရပ်​​နေတဲ့​နေရာရဲ့မလှမ်းမ​ဝေးဆီ​ခေါ်သွားပြီး
"မင်း​ဖေ​ဖေကိုကြည့်​စမ်း!!"
ဖေ​ဖေကဝင်​လာတဲ့ ဧည့်​သည်​​တွေကိုနှုတ်​ဆက်​ကာပြုံးရွှင်​​နေသည်​...
"​အခု​မင်း​ဖေ​ဖေ ​ပျော်​​နေတယ်​​နော်
အေး! မင်းချန်း​ယောလ်​​နောက်​လိုက်​သွားစမ်း
သူအဲ့​နေရာတင်​ လဲကျပြီး​သေသွားလိမ့်​မယ်​"
"​မေ​မေ!"
"​အဲ့ဒါအပြင်​ ​နောက်​တစ်​ရက်​မင်းကြားရလိမ့်​မယ်​ အိုလုပ်​ငန်းစုရဲ့သူ​ဌေးက​တော်​ ၁၅ထပ်​တိုက်​​ပေါ်ခုန်​ချတဲ့သတင်းကို"
"​မေ​မေ!! အဲ့ အဲ့လို​တွေမ​ပြောပါနဲ့"
"ငါမလုပ်​ဘူးမထင်​နဲ့ဆယ်​ဟွန်း!
နင်​​ရွေးစမ်း! နင့်​မိဘလား? ပတ်​ချန်း​ယောလ်​?"
"သား သားကိုအခက်​​တွေ့​အောင်​မလုပ်​ပါနဲ့"
"​အခက်​မ​တွေ့ချင်​ရင်​ ငါ​ပြောသလိုလုပ်​!"
"ဟုတ်​ ဟုတ်​ကဲ့ပါ ​မေ​မေ"
မေ​မေက သူ့အိတ်​ထဲကဖုန်းထုတ်​ကာ
ေ​ဖ​ဖေဆီဖုန်းဆက်​လိုက်​သည်​...
📱"​ယောက်ျား အခုချက်​ချင်း
မင်္ဂလာပွဲစမယ်​" 📱
ဖုန်းဆက်​ပြီး ဆယ်​ဟွန်းလက်​ကိုဆွဲကာ
မင်္ဂလာခန်းမဘက်​​ခေါ်လာခဲ့သည်​..
"​မေ​မေလည်း သားကို
တောင်းပန်​တယ်​​နော်​"
ဆယ်​ဟွန်းမျက်​ရည်​​တွေကို အသာယာ
သုတ်​​ပေးကာ ​မေ​မေ​ပြောလာသည်​..
တောင်းပန်​ပါတယ်​ ချန်း~
၁၅မိနစ်​​လောက်​လို​သေးတဲ့ မင်္ဂလာပွဲကို
ချက်​ချင်းပဲ ခပ်​မြန်မြန်​စလိုက်​​တော့သည်​..
ဆယ်​ဟွန်း​ကို လျှောက်​လမ်းအလယ်
အတင်းတွန်းပို့လိုက်​တဲ့​မေ​မေ...
ခဏကြာ​တော့ ဂျင်​ဟီးက သူ့​ဖေ​ဖေလက်​ကို
ကိုင်​ကာ ​တ​ဖြေး​ဖြေးဆယ်​ဟွန်းရှိရာ
လျှောက်​လာသည်​...
သူမ လက်​​တွေတုန်​​​နေသလို ဆယ်​ဟွန်းကိုလည်းမကြည့်​ရဲဘူး...
အေး​လေ အမှားလုပ်​ထားတာပဲ
မင်းတို့ သိပ်​​တော်​ပါတယ်​ .....
ချန်း​ယောလ်​ ခန်းမ​ရှေ့​ရောက်​​တော့
ကား​ပေါ်မှအမြန်​ဆင်းကာ ခန်းမထဲ​ပြေးဝင်​​တော့....
မြင်​လိုက်​ရသည်​က ချန်း​ယောလ်​ကို
ရင်​နင့်​စွာဆီးကြို​နေသည့်​ မြင်​ကွင်း
ဆယ်​ဟွန်းနဲ့လီဂျင်​ဟီး အပြန်​လှန်
လက်​ထက်​လက်​စွပ်​လှဲဝတ်​​နေကြပြီ..
"အဟက်​~"
ခြောက်​ကပ်​ကပ်​ရီ​မောမိတယ်
နောက်​ဆုံး ​နောက်​ဆုံးအချိန်​ထိ
အိုဆယ်​ဟွန်းသစ္စာ​ဖေါက်​ခဲ့တာပဲ....
ဆယ်​ဟွန်းက ချန်း​ယောလ်​ကိုမြင်​တယ်
ပြီး​တော့ မျက်​ရည်​​တွေကျလာတယ်​...
ချန်း​ယောလ်​ တချက်​ပြုံးပြပြီး
အပြင်​ပြန်​ထွက်​လာခဲ့သည်​..
"​မောင်​~"
အ​နောက်​ကလိုက်​လာပုံရတဲ့
ကင်​မီ​ယောင်း...
သူ့ကိုလာဆွဲတဲ့သူမလက်​ကိုပုတ်​ထုတ်​ကာ
ဒီအ​ဆောက်​ဦးရဲ့​ခေါင်​မိုးထပ်​တက်​ခဲ့သည်​..
"​ဘယ်​ ဘယ်​သွားမလို့လဲ ​မောင်​~"
မီ​ယောင်းလည်းအ​နောက်​က​နေထပ်​ကြပ်​မခွာလိုက်​​နေမိ တစ်​ခုခုလုပ်​လိုက်​မှာ
စိုးရိမ်​လို့ပါ.....
ခေါင်​မိုးထပ်​​ရောက်​​တော့ .......
"ငါ​​နောက်​ဆက်​လိုက်မလာနဲ့
ကင်​မီ​ယောင်း...."
"​မောင်​ သဲ ​တောင်းပန်​ပါတယ်​"
"​ဘာမှမကြားချင်​ဘူး ဆက်​မလိုက်​လာနဲ့
ငါ​တောင်းဆိုတာပါ"
"​မောင်​!!"
ချန်း​ယောလ်​​ပြော​ပြောဆိုဆို ​ခေါင်​မိုးထပ်
အစွန်းက လက်​တန်း​ပေါ်မတ်​တပ်​ရပ်​လိုက်​သည်​.....
"လူ​တွေ လုံးဝသစ္စာမရှိကြဘူးပဲ!!"
"​မောင်​ ဘာ ဘာလုပ်​မလို့လဲဟင်
သဲ ​တောင်းပန်​ပါ​တယ်​ ပြန်​ဆင်းခဲ့ပါ​နော်​"
"ဟက်​ ဟား ဟား လာပြီး အမိန့်​​ပေး​နေတယ်​"
မီ​ယောင်း ​ကြောက်​​ကြောက်​လန့်​လန့်​ဖြင့်
ဂျင်​ဟီးဆီဖုန်းဆက်​ကာ ဆယ်​ဟွန်းပါ​ခေါ်ပြီး
ခေါင်​မိုးထပ်​တက်​ခဲ့ရန်​​ပြောလိုက်​သည်​...
"​မောင်​ သဲ သဲတို့​နောက်​ဆုတ်​​ပေးပါမယ်​​နော်
စိတ်​လိုက်​မာန်​ပါမလုပ်​လိုက်​ပါနဲ့"
"လိမ်​တယ်​ "
"တ တကယ်​ပါ အ အခု ဆယ်​ဟွန်းလာ​နေပြီ
ပြန်​ဆင်းခဲ့ပါ​နော်​ အဟင့်​"
"ငါမယုံ​တော့ဘူး.ဘယ်​သူကိုမှ."
အိုဆယ်​ဟွန်းလက်​ထက်​ပြီးတာ​တောင်
ငါ့ကိုယုံခိုင်းမ​နေနဲ့​တော့ ကင်​မီ​ယောင်း..
နောက်​ထပ်​အရူးမလုပ်​ခံ​တော့ဘူး.
"ချန်း​ယောလ်​!!!"
ခဏကြာ​​တော့ ဆယ်​ဟွန်းရယ်​ ဂျင်​ဟီးရယ်
ဆယ်​ဟွန်း​မေ​မေ​ရယ်က​ရောက်​လာကြသည်​...
"ဆယ်​ဟွန်းရှီ ​မောင်​ ​မောင့်​ကို
ကယ်​ပါအုံး..."
"ချန်း~ အဲ့ အဲ့လိုမလုပ်​ပါနဲ့
လာ လာပြန်​ဆင်းခဲ့ပါ​နော်​"
ဆယ်​ဟွန်းငိုရင်း ​သူရှိရာတ​ဖြေး​ဖြေးတိုး
သွား​တော့...
"အနားကပ်​မလာနဲ့!!!!"
ဆယ်​ဟွန်း သူ့စကားအတိုင်း ထပ်​မကပ်​ရဲ့
တော်​ကြာတစ်​ခုခုလုပ်​လိုက်​မှဖြင့်​...
"ချန်းရယ်​ ငါ​တောင်းပန်​ပါတယ်
အဲ့လိုမလုပ်​ပါနဲ့ ငါတို့ အတူတူ​နေသွားကြမယ်​​လေ..."
"ဟက်​ ငါမင်းကိုမယုံ​တော့ဘူး~"
"ချန်း~ ငါ ငါမင်းကိုချစ်​တယ်​​လေ"
သူ့အကြားချင်​ဆုံးစကားကို ကြားလိုက်​ရတဲ့
ချန်း​ယောလ်​က သူ့ကိုအံသြတကြီးစိုက်​ကြည့်​လာသည်​....
"ငါမင်းကိုသိပ်​ချစ်​တယ်​ အဟင့်
ငါ​တောင်းပန်​ပါတယ်​​နော်​ "
"ဟွန်း မင်းငါ့ကိုညာ​ပြော​နေပြန်ပြီ​လား?"
"ဟင့်​အင်း ငါမညာပါဘူး မင်းကို
ဟိုးငယ်​ငယ်​​လေးကတည်းကချစ်​ခဲ့တာ
ငါမှာဖွင့်​​ပြောဖို့အခွင့်​​ရေးမရှိခဲ့လို့ပါ"
"ဟွန်း~"
"ချန်း​ယောလ်​ ပြန်​ဆင်းခဲ့ပါ​နော်
ငါ​တောင်းပန်​ပါတယ်​"
ချန်း​ယောလ်​ ခဏမျှငြိမ်​သွားပြီးမှ...
ဆယ်​ဟွန်းထံလက်​ကမ်း​ပေးလာရင်း...
"ဟွန်း~ ငါ ငါတို့နှစ်​​ယောက်​ထဲ
ရှိတဲ့ကမ္ဘာ​လေးဆီမသွားချင်​ဘူးလား?"
"ဟင်​??"
"ငါတို့ရဲ့နှစ်​​ယောက်​ထဲ​လေ လာပါ
ဘယ်​သူမှရှာလို့မရမဲ့​နေရာ ထွက်​သွားရ​အောင်​"
အစကဆယ်​ဟွန်းနားမလည်​ဘူး
နောက်​မှ ချန်း​ယောလ်​​ပြောတာ​တွေကို
တ​ဖြေး​ဖြေးသိလာ၏...
"အင်း ချန်းနဲ့သာဆိုရင်​ ငါ ငါ ဘယ်​​နေရာမှ
မ​ကြောက်​ဘူး လိုက်​ရဲတယ်​"
"လာ"
ဆယ်​ဟွန်းမျက်​ရည်​​တွေသုတ်​ကာ
သူ့ကမ်း​ပေးတဲ့လက်​ကိုဆုပ်​ကိုင်​ရင်း
သူပါ လက်​တန်း​ပေါ်တက်​လိုက်​သည်
"ဟွန်း!!!"
"သား!!"
"​မောင်​!!"
သူမတို့​ခေါ်သံ​တွေကို မကြားချင်​​ယောင်​​​ဆောင်​ထားကာ တစ်​​ယောက်​ကိုတစ်​​ယောက်​စိုက်​ကြည့်​ကာပြုံးမိလိုက်​ကြတယ်​..
"ချစ်​တယ်​ ဟွန်း~"
"အင်း ငါလည်း ချန်းကိုချစ်​တယ်​"
နှစ်​​ယောက်​သားလက်​ကိုတင်းတင်းကြပ်​ကြပ်
ဆုပ်​ကိုင်​ကာ မျက်​လုံးမှိတ်​ပြီး ​ပြိုင်​တူ
ခုန်​ချလိုက်​​တော့သည်​.....
သွားကြမယ်​ ချန်း~
မင်း​ပြောတဲ့ ဘယ်​သူမှရှာလို့မရမဲ့​နေရာ
နာကျင်​မူ​တွေမရှိပဲ ​ပျော်​ရွှင်​မူ​တွေပဲရှိတဲ့
ငါတို့နှစ်​​ယောက်​ရဲ့ကမ္ဘာ​လေးဆီကို.....
တိုက်​​ပေါ်ကပြုတ်​ကျလာတဲ့ ​ကောင်​​လေးနှစ်​​ယောက်​ ခဏကြာ​တော့ တ​ဖြေး​ဖြေး လူ​တွေအများကြီးဝိုင်းအုံလာကြသည်​..
သူတို့တဝိုက်​လည်း ​သွေး​​တွေမှအများကြီးပဲ...
တစ်​​ယောက်​ကသာမန်​ဝတ်​စုံနဲ့
နောက်​တစ်​​ယောက်​ကသတို့သားဝတ်​စုံ​လေးနဲ့
လူ​တွေအကုန်​လုံးက သနားတဲ့မျက်​လုံး
တွေ
ထိုအ​ခြေ​နေကို အားလုံးအစဆုံး
မြင်​လိုက်​တဲ့ ဂီချန်း....
ပါးစပ်​အ​​ဟောင်းသားနဲ့ ​ကြောင်​အ​နေမိသည်​..
ပြီး​တော့ သူတို့ရုပ်​အ​လောင်း​တွေကို ရပ်​ကြည့်​​နေကြသည့်​ အဖြူ ​ရောင်​ဝိညာဉ်​​လေးနှစ်​​ယောက်​ကို သူတစ်​​ယောက်​ပဲ မြင်​ရသည်​​လေ..
"ဟွန်း~ လာ ကြည့်​မ​နေနဲ့​တော့
သွားကြမယ်​"
"အင်း ချန်း~"
လက်​တွဲကာထွက်​သွားကြ​လေရဲ့ ...
ပြီး​တော့ သူ့ကိုလည်းနှစ်​​ယောက်​လုံး
ပြုံးပြသွား​သေးတယ်​....
"အား!!!!!!"
ဂီချန်း​ကြောက်​လန့်​တကြား​အော်​လိုက်​မိသည်
ထို​နေ့မှစပြီး ဂီချန်းစိတ်​​တွေပုံမှန်​မဟုတ်​​တော့ပဲ
နောက်​ဆုံး စိတ္တဇ​ဆေးရုံပို့လိုက်​ရတဲ့ထိပဲ...
မီ​ယောင်းနဲ့ဂျင်​ဟီးလည်း တသက်​လုံး
အပြစ်​ရှိသူ​တွေလို ဘဝကို​နေထိုင်​သွားရတယ်
ဆယ်​ဟွန်​မိဘ​တွေနဲ့ ချန်း​ယာလ်မာမီ​ကေ​တာ့​သား​​တွေ စိတ်​နဲ့ ​ရှေ့ဆင့်​​နောက်​ဆင့်​ပဲဆုံးပါးသွားကြသည်
ပတ်​ချန်း​ယောလ်​နဲ့အိုဆယ်​ဟွန်းအ​ကြောင်းက​တော့ အခုချိန်ထိ ​ပုံပြင်​​လေးတစ်​ပုဒ်​လိုကျန်​ရစ်​​နေခဲ့သည်​​လေ......
THE END...............ಥ_ಥ
စာဖတ်သူ ​အားလုံးကို​ကျေးဇူးတင်​ပါတယ်​ 🙏
Continue Reading
You'll Also Like
6.6K 802 7
1.2M 52K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
13.7K 1.3K 15
Sawadee krub ကျွန်တော်နာမည်က Warut Chawalitrujiwong ပါ ။ မှတ်ရခက်တယ်မလား ဟဲဟဲ Prem လို့ခေါ်လဲရပါတယ် ။ ကျွန်တော် ဒီနေ့ ပြောပြမှာက လူတစ်ယောက်အကြောင်းပါ...
4.2K 440 15
Christmas story🎄[OFFGUN] ကိုယ်တို့ရဲ့ခန္ဓာကိုယ်က အနီးကပ်ဆုံးနေရာတစ်ခုထိ ရောက်ရှိသွားတဲ့အခါ ခြေကိုစုံရပ်ကြမယ် ဒါမှမဟုတ် ........ မင်းရဲ့ဖိနပ်တွေနဲ့ ကိ...