စည်း ~ [Completed]

Von borntoloveosh_

80.6K 7.1K 1.2K

အကယ်​၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမ​ကျော်​ခဲ့ကြရင်​ ဒီလိုနာကျင်စရာ​တွေဖြစ်​လာမှာမဟုတ်​ဘူး.... တကယ်​​တော့ ငါတ... Mehr

part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-28
part-29
final~

part-27

1.8K 227 98
Von borntoloveosh_

"ဆယ်​ဟွန်းရှီ~"

"ခ ခဏ​လေးပါ ​ကျေးဇူးပြုပြီး
ဘာမှမ​ပြောပါနဲ့လား??"

တဆတ်​ဆတ်​တုန်​ယင်​လာတဲ့နှုတ်​ခမ်းကို
အ​သေဖိကိုက်​ကာ ​ခေါင်းထဲဘာမှစဉ်းစားမရ​အောင်ဗလာနတ္တိဖြစ်​ကုန်​ပြီ...

ဘာပြန်​​ပြောရမှန်းကို မသိ​တော့တာ...
အချိန်​အ​တော်​ကြာထိ သူမကလည်း​အောက်​မှာဒူး​ထောက်​​နေသလို ဆယ်​ဟွန်းလည်းမတ်​တပ်​ကြီး ရပ်​ကာငြိမ်​​နေမိကြ၏....

"ပြန်​ ပြန်​လိုက်​ပါ​တော့"

"ကျွန်​မ တကယ်​​တောင်းဆိုတာပါ အရမ်းခက်​ခဲ​နေလို့ပါ ​မောင်​သာကျွန်​မကိုထားသွားရင်
ကျွန်​မ​တော့............"

အသံတိုးဝင်​သွားကာငိုချလိုက်​သည့်
သူမကို ဆယ်​ဟွန်းတ​ဖြေး​​ဖြေးလှည့်​ကြည့်​မိသည်​.......

မလိမ်​​လောက်​ပါဘူး ဘယ်​မိန်းမမှ ဒီလိုအဖြစ်​ပျက်​မျိုးကိုလိမ်​မ​ပြော​လောက်​ပါဘူး ...

အရှက်​​တွေကိုမငဲ့ကွက်​ပဲ​လေ....

"ချန်း ချန်းသိပြီးပြီလား??"

"ဟင့်​အင်း ဆယ်​ဟွန်းရှီ ​မောင့်​ကိုမ​ပြောပါနဲ့​နော်​ ​မောင်​သိသွားရင်​ ကိုယ်​ဝန်​ကိုဖျက်​ချခိုင်းမှာ
ပြီး​တော့ ကျွန်​မဂျင်​ဟီးကိုလည်း မ​ပြောရ​သေးပါဘူး ဆယ်​ဟွန်းရှီအရှက်​သိက္ခာအတွက်​"

ဆယ်​ဟွန်းအသက်​ကိုခပ်​ပြင်းပြင်းရှုကာ..

"အ အချိန်​​ပေးပါ စဉ်းစားပါရ​စေ အခု​တော့ပြန်​လိုက်​ပါ​တော့ "

"ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​"

မျက်​ရည်​သုတ်​ပြီး သူမထွက်​သွားမှ
ဆယ်​ဟွန်း​အားရပါးရရှိုက်​ငိုမိ​တော့သည်​..

ဘယ်​လိုဖြစ်​ပြီး ဒီလိုအဖြစ်​မျိုးက
ပေါ်လာရပြန်​တာလဲ??

အားလုံးအဆင်​​ပြေ​နေပြီဆိုမှ......

ငါဘယ်​လိုလုပ်​ရမလဲ ချန်း!

မိန်းမတစ်​​ယောက်​ကဒူး​ထောက်​​တောင်းပန်​ပြီး
သူ့ချစ်​သူနဲ့လမ်းခွဲခိုင်းတဲ့ထိကို ​စောင်​ရှက်​မရှိတဲ့
ယောက်ျားတစ်​​ယောက်​ဖြစ်​​နေပြီလား??

ပြီး​တော့ ကိုယ်​ဝန်​!

ငါအရမ်းချစ်​ရတဲ့ ပတ်​ချန်း​ယောလ်​ဆိုတဲ့
မင်းရဲ့​သွေးသား !

လူ​လောကထဲ​ရောက်​မလာ​သေးတဲ့
က​လေးတစ်​​ယောက်​ကို ငါဂရုမစိုက်​ပဲ
မျက်​နှာ​ပြောင်​တိုက်​ပြီစ မင်းနဲ့လက်​တွဲသွားလို့ဖြစ်​ပါ့မလား?

အ​တွေး​ အ​တွေး​တွေက ဆယ်​ဟွန်း​ခေါင်းထဲကို
အလုအယက်​ဝင်​လာကြပြီ

စားပွဲ​ပေါ်ကဖုန်း​လေးမြည်​လာတာ​တောင်
ဆယ်​ဟွန်းမကိုင်​နိုင်​ ချန်း​ယောလ်​ဆီကဆက်​တာမှန်းသိ​ပေမဲ့လည်း...

ဒီလိုအ​ခြေ​နေကြီးမှာ ချန်းနဲ့စကား​ပြောဖို့
အရမ်းအဆင်​မ​ပြေဘူး...

ငါ့ရင်​​တွေကွဲထွက်​​တော့မှာပဲ ချန်း!

.
.
.

"​ငါ.ငါဆယ်​ဟွန်းကို ​ပြောလိုက်​ပြီ!"

"ဘာ!"

"ဘယ်​လို!"

ဂျင်​ဟီး​ရောဂီချန်းပါ သူမစကား​ကြောင့်
အံသြသွားရသည်​..

သူတို့တိုင်​ပင်​ထားတဲ့ရက်​ကို​ရောက်​မှ​ပြောရမှာ​လေ အခုက ​..........?

"သူ သူတို့ထွက်​​ပြေးဖို့​ပြော​နေတာငါကြားတယ်
အဲ့ဒါ​ကြောင့်​အမြန်​လုပ်​လိုက်​တာ ငါ ငါ​ပြောပြီးမှ
အရမ်း​ကြောက်​တာပဲ အဟင့်​."

မီ​ယောင်းငိုချလိုက်​မိသည်​ ဘဝတစ်​​လျှောက်​ရိုးသားဖြူ.စင်​ခဲ့တဲ့ သူမအတွက်​​တော့ ဒါဟာအရမ်းခက်​ခဲပါတယ်​...

ပြီး​တော့ မိန်းမသားတစ်​​ယောက်​ရဲ့အရှက်​သိက္ခာ အားလုံးကိုရိုက်​ချိုးပစ်​ရတာ..

အရမ်းရှက်​ဖို့​ကောင်းသလို အရမ်းလည်း
ကြောက်​စရာ​ကောင်းတယ်

မောင်​~အဓိက က​မောင်​သာသိသွားရင်
သူမကို​သေချာ​ပေါက်​နာကျည်းမုန်းတီး
သွားလိမ့်​မည်​.....

ဒါမဲ့ ကျွန်​မ ​မောင့်​ကိုအရမ်းချစ်​လို့
လုပ်​ခဲ့မိပြီ....

အဲ့တွက်​ ကျွန်​မ​ တကယ်​​တောင်းပန်​ပါတယ်​....

"ဘာကို​ကြောက်​တာလဲ မီ​ယောင်း
နင်​သရုပ်​​ဆောင်​ မပီပြင်​ခဲ့လို့လား?"

"မ မဟုတ်​ဘူး ဆယ်​ဟွန်းရှီပုံစံကြည့့််​ရတာငါ့စကား​တွေကိုယုံတယ်​ ဒါမဲ့
မောင့်​ကို​ပြောလိုက်​ရင်​......."

"အဲ့လို​တော့ ဘယ်​​တော့မှဖြစ်​လာမှာ
မဟုတ်​ဘူး စိတ်​ချ! ဆယ်​ဟွန်း လုံးဝကို
နောက်​ဆုတ်​​ပေးလိမ့်​မယ်​"

ဂီချန်းကအတိကျကို​ပြော​နေတာပင်
ဂျင်​ဟီးက​တော့ ဘာမှ​တောင်​ဝင်​မ​ပြောနိုင်​...

သူမတို့နှစ်​​ယောက်​ အ​တွေးကိုယ်​စီနဲ့
မွန်းကြပ်​​နေတဲ့အချိန်​ ....

ဂီချန်းက​တော့ ပြုံး​နေခဲ့သည်​...

.
.
.

"ဟွန်း~"

ဆယ်​ဟွန်းတစ်​​ယောက်​ထဲ ငိုင်​​နေတုန်း
ချန်း​ယောလ်​​ရောက်​လာတယ်​...

"​အော်​~ ချန်း!"

"ဘာလို့ဖုန်းမကိုင်​တာလဲ!"

"ငါ ငါအသံမကြားလိုက်​လို့ ထင်​တယ်​"

"ဟွန်းရာ ကိုယ်​စိတ်​ပူသွားတာပဲ"

ကြည့်​ရတာ ကုမ္ပဏီက​နေ ချက်​ချင်း
ပြေးလာပုံရပါတယ်​ နဖူးမှာ ​ချွေး​တွေ
တောင်​စို့​နေတာ....

ချန်းရယ်​~~

ဆယ်​ဟွန်းသူ့ကို ဖက်​လိုက်​ပြီးမှ

"ဟက်​ ငါ​တောင်းပန်​ပါတယ်
စိတ်​ပူ​အောင်​လုပ်​မိပြီ"

"ဟွန်း? ဘာဖြစ်​​နေတာလဲ? ​နေမ​ကောင်းဘူးလား??"

"​ကောင်းပါတယ်​ "

"မသိဘူး ကိုယ်​စိတ်​ထဲ တစ်​မျိုးကြီးပဲ"

ချန်း​ယောလ်​ သူ့ကိုခွာကာ မျက်​နှာချင်းဆိုင်​မလို့ကိုအခွာမခံပဲအတင်းဖက်​ထားတဲ့..
ဲ့ဆယ်ဟွန်း...

"ခ ခဏ​လောက်​ဖက်​ထားရ​​အောင်​"

"ဟွန်း မဟုတ်​​တော့ဘူး တစ်​ခုခုကို
ဖြစ်​​နေပြီ ကိုယ့်​ကို​ပြောစမ်း!".

"မဟုတ်​ပါဘူး.​နေ့လယ်​အိပ်တုန်းက
အိပ်​မက်​မ​ကောင်းလို့"

ဆယ်​ဟွန်းလိမ်​လိုက်​သည်​ ​တော်​ကြာ
ချန်း​ယောလ်​ကရိပ်​မိ​တော့မှာ...

"ဘာ​တွေမက်​လို့လဲ??"

"အိမ်​မက်​ထဲမှာ မင်း မင်းနဲ့ငါ
ကွဲသွားတယ်​တဲ့!"

"​အော်​​ဟော့! ဘာများလဲလို့ အိမ်​မက်​က
ပြောင်းပြန်​​ကောက်​ရတယ်​တဲ့ စိတ်​သာချ​တော့
ဘယ်​​တော့မှမကွဲ​စေရဘူး"

"တကယ်​လား?"

"ဒါ​ပေါ့! ခင်​များ​လေးသာ တခြား​ကောင်​မ​လေး
မျက်​စိကျပီး ကိုယ့်​ကိုထားသွားကျိစမ်း!"

"ဘာလုပ်​မှာလဲ?"

"ဘာလုပ်​မှာလဲ သိရင်​လုပ်​ကျိလိုက်​​လေ"

"အဟက်​ ဟက်​ အခုမှပဲ စိတ်​ထဲ
သက်​သာသွား​တော့တယ်​"

"ဘာမှ​တွေးမ​နေနဲ့ ဒီညကိုယ်​အတူတူ
အိပ်​​ပေးရမလား??"

"ဟင့်​အင်း ငါ ငါတစ်​​ယောက်​ထဲ​နေချင်​လို့
ပြီး​တော့ မနက်​ဂျင်​ဟီးလာမယ်​​ပြောတယ်​"

"ဟုတ်​ပါပြီ "

ဆယ်​ဟွန်း နဲ့ သူ ထိုအတိုင်းဖက်​ထားရင်း
စကား​တွေအကြာကြီး​ပြောခဲ့သည်​...

ဆယ်​ဟွန်းအိပ်​ခါနီးမှ ပြန်​​တော့တယ်
ဟာသ​တွေလုပ်​ပြီး​ပြော​နေတာ​လေ
ဆယ်​ဟွန်းစိတ်​ညစ်​​နေမှန်းသိလို့..
ဘာမှမသိတဲ့သူက​တော့​ရီ​နေ​ပေမဲ့...

ဆယ်​ဟွန်းက​တော့မရီနိုင်​ ဒါမဲ့
အပြင်​ပန်းမှာ​တော့ သူရိပ်​မိမှာစိုးလို့
ဟန်​​ဆောင်​ကာရီ​မော​ပေးရ​သေးသည်​​လေ...

သူပြန်​​တော့ ​တိုက်​ခန်း​အောက်​ထိ
လိုက်​ပို့​ပေးရင်း ချန်း​ယောလ်​ သူ့လက်​ကိုခပ်​ဖွ
ဖွလာကိုင်​ကာ....

"ဘာမှမ​တွေးပဲ ​စော​စောအိပ်​​နော်​!"

"အင်းပါ ဂရုစိုက်​ပြန်​!"

ဒါကိုမပြန်​​သေးပဲ ဆယ်​ဟွန်းကို
တ​ခေါက်​ပြန်​ဖက်​ပြီး...

"ဟွန်း​ အိမ်​မက်​မက်​သလို ဘယ်​​တော့မှ
ဖြစ်​လာမှာမဟုတ်​ဘူး စိတ်​ချ​နော်​~"

ဆယ်​ဟွန်းငိုချင်​စိတ်​ကိုထိန်းကာ
ခေါင်းငြိမ့်​ပြလိုက်​သည်​....

"ကိုယ်​ သဘက်​ခါကျရင်​ မီ​ယောင်းနဲ့
တွေ့ဖို့ခ်ျိန်းထားတယ်​"

".............."

"အဲ့ကျရင်​ ဂျင်​ဟီးကို​ပါ​ခေါ်ပြီး ဟွန်း​နဲ့ကိုယ်​အတူ​တူသွားမယ်​ ပြီး​တော့ သူတို့ကိုဖွင့်​​ပြောကြမယ်​​နော်​!"

ဆယ်​ဟွန်းပြန်​မ​ဖြေနိုင်​ပဲ ငြိမ်​​နေတယ်​...

"ဟွန်း?"

"အင်း အဲ့လိုလုပ်​ကြမယ်​"

"ကဲ ကိုယ်​သွား​တော့မယ်​ ​ဂွတ်​နှိုက်​​နော်​"

"ဟုတ်​ "

ဆယ်​ဟွန်း​ခေါင်း​လေးကို အသာဖွပြီး
နဖူးနမ်းကာချန်း​ယောလ်​ပြန်​သွားသည်​...

အဲ့ကျမှ ဆယ်​ဟွန်းတိုက်​ခန်းဆီပြန်​တက်​လာပြီး
မေ​မေဆီဖုန်းဆက်​လိုက်​သည်​...

📱"ဟဲလို ​မေ​မေလား?"

"သား​လေး အိပ်​ချိန်​ကြီး ဘာလို့ဖုန်းဆက်​တာလဲ
ဘာဖြစ်​လို့လဲ ​နေမ​ကောင်းလို့လား??"

တဖက်​က​မေ​မေက စိတ်​ပူကာ အသံ​တွေတုန်​​နေပြီး ​မေးခွန်း​တွေတရပ်​စပ်.....

ဆယ်​ဟွန်း တိတ်​တဆိတ်​ငိုချလိုက်​မိသည်

"သား​လေး??"

"​မေ​မေ အ အခုသား​ပြောတာ​တွေ
သေချာနား​ထောင်​​ပေးပါ​နော်​~"

"​​ပြော​ ​ပြော သား​လေး"

"​မေ​မေတို့ ကိုရီးယားကို မနက်​ဖြန်
ချက်​ချင်းလိုက်​လာခဲ့ကြပါ~"

"ဘာလို့လဲ သားရဲ့."

"ပြီး​တော့ သား သားနဲ့ဂျင်​ဟီး
မင်္ဂလာပွဲကို ချက်​ချင်းစီစဉ်​​ပေးပါ"

"ဟင်​! အ​လောတကြီး! ​မေ​မေစိတ်​ပူလာပြီ
ဘာများဖြစ်​လို့လဲသားရယ်​"

"တခြားဘာမှထပ်​မ​မေးပါနဲ့​တော့​မေ​မေ
သားမ​ပြောနိုင်​ဘူး သား​ပြောသလို မင်္ဂလာပွဲကိုသာ ခပ်​မြန်​မြန်​စီစဉ်​​ပေးပါ"

"​အေးပါ ​အေးပါ ​မေ​မေတို့
မနက်​ဖြန်​လာခဲ့မယ်​​နော်​"

"ဂွတ်​နှိုက်​ ​မေ​မေ.~" 📱

မေ​မေပြန်​အ​ပြော​တောင်​မ​စောင့်​ပဲ
ဖုန်းချပစ်​လိုက်​သည်​...

"အဟင့်​ ဟီး အင့်​ ငါ ငါ​တောင်းပန်​ပါတယ်
ချန်းရယ်​~ အင့်​ အဟင့်​"

ငါဒီလိုမှမလုပ်​ရင်​ မင်းကိုမစွန့်​လွှတ်​နိုင်​ဘူး
ဖြစ်​သွားလိမ့်​မယ်​ ချန်းရဲ့...

ငါတို့ရဲ့ အချစ်​​​တွေ နှလုံးသား​တွေကိုပါ
စ​တေးပြီး...

ဖြစ်​ချင်​တာထက်​ ဖြစ်​သင့်​တာကို
ဦးစား​ပေးလိုက်​ကြရ​အောင်​ ချန်း~

TBC.....

မ​နေ့ကတည်း​ရေးထားပြီးသား စစ်​ပြီး တင်​ရုံကို လူကအရင်​ရက်​ကမိုးမိပြီး ​နေမ​ကောင်းချင်​တာ ဘယ်​လိုမှမဟန်​နိုင်​ဘူး အဲ့ဒါနဲ့ဒီ​နေ့မှ 😆

SE 😎









Weiterlesen

Das wird dir gefallen

65.1K 2.9K 22
သူ့wink​လေး ကို စွဲလမ်း​နေမိပြီ....???စမြင်​ကာစက​တော့......ကြည့်​မရ​ပေမယ့်​.....​နောက်​ပိုင်းမှာ ချစ်​မိသွားတဲ့ ကိုယ့်​ကိုယ်​ကို အံ့သြမိတယ်​....☺☺☺
7.9K 142 6
Tom and Jerry have sex and then have a kid. Then something happens.
690K 15.5K 44
In wich a one night stand turns out to be a lot more than that.
2.3M 118K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...