စည်း ~ [Completed]

Par borntoloveosh_

80.6K 7.1K 1.2K

အကယ်​၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမ​ကျော်​ခဲ့ကြရင်​ ဒီလိုနာကျင်စရာ​တွေဖြစ်​လာမှာမဟုတ်​ဘူး.... တကယ်​​တော့ ငါတ... Plus

part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-19
part-20
part-21
part-22
part-24
part-25
part-26
part-27
part-28
part-29
final~

part-23

2K 228 12
Par borntoloveosh_

"​မောင်​~ ထည့်​စား​လေ အစားနည်းလိုက်​တာ
နေမ​ကောင်းဘူးလား?"

"မဟုတ်​ပါဘူး ​ကောင်းပါတယ်
သိပ်​ဗိုက်​မဆာလို့ပါ သဲရဲ့"

ဆယ်​ဟွန်း စား​နေရင်း သူတို့​ပြောသံ​ကြောင့်
မော့ကြည့်​မိသည်​...

ချန်း​ယောလ်​နဖူးကိုလက်​နဲ့စမ်းကာ
ဂရုစိုက်​​နေတဲ့မီ​ယောင်းကိုဒီ​နေ့အ​တော်​ကြည့်​မရ​တော့ပါ​လေ...

အဲ့ဒါ​ကြောင့်​ မျက်​နှာ​လေး နည်းနည်းတင်းထားမိတယ်​ ​မောင်​ ​မောင်​နဲ့တ​မောင်​ထဲ​မောင်​​နေတာနားကြားပြင်းကပ်​လာပြီး...

ချန်း​ယောလ်​ကလည်း တသဲထဲသဲ​နေတာ

"​အော်​ ကျမတို့ရှိုးပွဲရက်​ကိုသတ်​မှတ်​လိုက်​ပြီ"

"ဘယ်​​နေ့လဲ ဂျင်​ဟီးရှီ"

"လာမဲ့စ​နေ​နေ့ ည​နေပိုင်း"

"အိုးးး ဂုဏ်​ယူပါတယ်​ဗျာ"

"​ကျေးဇူးပဲ ချန်း​ယောလ်​ရှီ"

ချန်း​ယောလ်​ပြုံးရင်း ဆယ်​ဟွန်းဘက်​ကြည့်​မိ​တော့ဘာမှမ​ပြောပဲ အစားသာငုံစား​နေတာမို့
စားပွဲ​အောက်​က​နေ​ခြေ​ထောက်​​လေးကိုမသိမသာထိလိုက်​သည်​...

တစ်​ချက်​​မော့ကြည့်​လာပြီး ပြန်​ငုံသွားတယ်
ဘာလဲ စိတ်​​ကောက်​​နေတာလား??

ဘာ​ကြောင့်​စိတ်​​ကောက်​မှန်းမသိ​ပေမဲ့
အခုသူ့ပုံစံ​လေးကချစ်​စရာ​လေးမို့ ချန်း​ယောလ်​ရီလိုက်​မိသည်​.....

"ဟွန်း မ​နေ့ညကဘယ်​သွား​နေတာလဲ
ကျမ ဟွန်းတိုက်​ခန်းဆီ​ရောက်​​သေးတယ်​"

"အဟွတ်​ ဟွတ်​~"

ဂျင်​ဟီးအ​မေး​ကြောင့်​ ရုတ်​တရက်​ဆယ်​ဟွန်းလန့်​သွားကာထမင်းသီးပါ​လေ​ရော...

လန့်​မှာ​ပေါ့ မ​နေ့ညကချန်း​ယောလ်​တိုက်​ခန်းမှာ
အိပ်​တာကို .........

"​အော်​ ​ဖြေး​ဖြေးစား​လေ ဆယ်​ဟွန်းရဲ့"

ဆယ်​ဟွန်းသီး​တော့ ချန်း​ယောလ်​ကပြာပြာသလဲထကာ ​ရေတိုက်​ပြီး
ကျော​လေးကိုခပ်​ဖွဖွပုတ်​​ပေးလာ၏...

သူမတို့မျက်​လုံး​တွေကသူတို့ဆီမှာမလို့ ​ရေခွက်​လှမ်းယူတဲ့ဆယ်​ဟွန်းလက်​​တွေတုန်​ယင်​​နေ​တော့.....

ခွမ်းးး

ရေခွက်​​လေးက​အောက်​ပြုတ်​ကျသွားပြီ...

"​ဆော ​ဆောရီး ကျ​တော်​​သေချာ
မကိုင်​လိုက်​မိဘူး..."

ဆယ်​ဟွန်း​ပြောပြီး ဖန်​ခွက်​စ​တွေကို
ကောက်​မလို့ရှိ​သေးတယ်​..

"မ​ကောက်​နဲ့ ​နေ ​နေ လက်​ရှမယ်​"

ချန်း​ယောလ်​ကသူ့လက်​နှစ်​ဖက်​ကိုဆုပ်​ကိုင်​ကာ
ဘေးတွန်းလိုက်​ပြီး ကိုယ်​တိုင်​​ကောက်​လိုက်​၏..

"အ့!"

"ချန်း​ယောလ်​!!"

"​မောင်​!!"

ချန်း​ယောလ်​လက်​ဖန်​ကွဲရှသွားတာမို့
မီ​ယောင်းကခပ်​မြန်​မြန်​ထိုင်​ခုံမှ ထကာလက်​က​သွေး​တွေကိုသူမပါးစပ်​နဲ့စုပ်​​ပေးရှာသည်​...

အဲ့ချိန်​ဆယ်​ဟွန်းစိတ်​ထဲတစ်​မျိုး​လေးဖြစ်​သွားတယ်​ တကယ်​ဆိုအဲ့​နေရာကဆယ်​ဟွန်းဖြစ်​ရမှာ....အခု​တော့...

ချန်း​ယောလ်​ကလည်းဆယ်​ဟွန်းစိတ်​မ​ကောင်းသွားတာကိုသိပုံ​ပေါ်ပါတယ်​ ဆယ်​ဟွန်းထံ
ဆွေး​ဆွေး​မြေ့​မြေ့ကြည့်​​နေ​၏.....

"​မောင်​ အရမ်းနာသွားလား?"

"ဟင့်​အင်း မနာပါဘူး ရတယ်​"

လက်​ကိုအသာရုန်းကာ စားပွဲမှာပြန်​ထိုင်​လိုက်​သည်​ မီ​ယောင်းကစားပွဲထိုး​လေးတစ်​​ယောက်​ကို ​ခေါ်ပြီးရှင်းခိုင်းလိုက်​တယ်​...

"သဲ ကိုယ်​ပြန်​နှင့်​မယ်​ အလုပ်​​တွေ
ရှိ​သေးလို့"

"အင်း အင်း ပြန်​​လေ ​မောင်
ညမှဖုန်းဆက်​လိုက်​မယ်​​နော်​"

"အွန်းး ဂျင်​ဟီးရှီပြန်​လိုက်​အုံးမယ်
အိုဆယ်​ဟွန်းရှီ​ရော"

"အာ~ ဂရုစိုက်​ပြန်​ပါချန်း​ယောလ်​ရှီ"

"ဟုတ်​~"

ဆယ်​ဟွန်းနှင့်သူမတို့နှစ်​​ယောက်​သာ
ဆိုင်​တွင်​ကျန်​​နေခဲ့သည်​...

စား​သောက်​ပြီးစကားခဏကြာ​အောင်​​ပြောပြီးမှ
ဆယ်​ဟွန်း.သူမတို့အိမ်​​တွေဆီလိုက်​ပို့​ပေးကာ
မိမိတိုက်​ခန်းဆီပြန်​လာလိုက်​တယ်​....

တိုက်ခန်း​ရောက်​​တော့ ချန်း​ယောလ်​က
ရောက်​နှင့်​​နေပြီ.....

"ဘယ်​ချိန်​ကတည်းက​ရောက်​​နေတာလဲ?"

"အွန်း အဲ့ကပြန်​လာကတည်းက"

"အဲ့ဒါများဖုန်း​တော့မဆက်​လိုက်​ဘူး"

ဆယ်​ဟွန်း​ပြောရင်းအ​ပေါ်အ​နွေးထည်​ချွတ်​ပြီး
ရေ​သောက်​ရန်​မီးဖို​ချောင်​ထဲဝင်​သွားသည်​..

ချန်း​ယောလ်​လည်းချက်​ချင်းအ​နောက်​က
လိုက်​သွားကာ ​ရေ​သောက်​​နေတဲ့သူ့ခါး​လေးကို​နောက်​က​နေသိုင်းဖက်​လိုက်​၏....

"ကိုယ့်​ကို စိတ်​ဆိုး​နေလားဟင်​?"

"မဆိုးပါဘူး ငါ့ပုံစံကအဲ့လိုပုံ
ဖြစ်​​နေလို့လား?"

"ည​နေစာစားပွဲဝိုင်းမှာ ဟွန်းမျက်​နှာ​လေး
သိသိသာသာဆူပုတ်​နေလို့​လေ ကိုယ်​​ခြေ​ထောက်​နဲ့ထိတာ​တောင်​အ​ရေးမလုပ်​ဘူး"

"မသိလိုက်​လို့ပါ"

ကြည့်​ စိတ်​ဆိုး​နေတာကို ဝန်​မခံဘူး..
ချန်း​ယောလ်​ သူ့လည်​ပင်း​လေးကို
ခပ်​ဖွဖွနမ်းရင်​.....

"ဘာအ​ကြောင်းမှန်းမသိ​ပေမဲ့
စိတ်​ဆိုးသွားရင်​ ကိုယ်​ကပဲ​တောင်းပန်​ပါတယ်​"

မျက်​နှာငယ်​​လေးနဲ့​ပြောလာတဲ့သူ့​ကြောင့်
ဆယ်​ဟွန်း ကိုယ်​ကိုအ​ရှေ့လှည့်​ကာသူ့ကိုသိုင်းဖက်​လိုက်​၏....

"ချန်း​ကတောင်းပန်​စရာမလိုပါဘူး
ဘာမှမမှားဘူး ငါကသာအကျင့်​ပုတ်​တာ"

"ဘယ်​လို~"

"မီ​ယောင်း​ခေါ်တဲ့အ​ခေါ်​ဝေါ်ကြီးကို
ငါတကယ်​မကြိုက်​ဘူး သူကလည်း ဒီ​နေ့မှ
ပါးစပ်​ဖျားကကိုမချ​တော့ဘူး..ပြီး​တော့
မင်းကလည်း သဲ သဲ နဲ့ ဟွန့်​!!"

"ဟ ဟ လက်​စသတ်​​တော့သဝန်​တို​နေတာပဲ
မ​ကျေနပ်​ရင်​မင်းပါလိုက်​​ခေါ်​လေကွာ"

ဆယ်​ဟွန်းသူ့​နောက်​​ကျောကိုထုလိုက်​ပြီး

"ဟာသလုပ်​မ​နေနဲ့ ငါတကယ်​​ပြော​နေတာ
ပြီး​တော့ မင်းလက်​ဒဏ်​ရာရသွား​တော့လည်း..

အသံတိုးဝင်​သွားတာမို့ ချန်း​ယောလ်​ပြာပြာသလဲ သူ့မျက်​နှာ​လေးကို​ပေါ်​မော့​စေကာအုပ်​ကိုင်​လိုက်​သည်​....

"ဟွန်း ~"

ဆယ်​ဟွန်းမျက်​ဝန်း​တွေမှာ မျက်​ရည်​စ​တွေ
ကပ်​ညှိ​နေတာကို​တွေ့လိုက်​ရ၏...

"စိတ်​မ​ကောင်းဖြစ်​သွားတာလား?"

"အင်း တကယ်​ဆို အဲ့​နေရာက ငါဖြစ်​ရမှာ
အဲ့ချိန်​မှာငါခံစားရလိုက်​တာက မင်းတွက်​ ငါကဘာမှအသုံးမဝင်​ပဲ ​ဘေးလူကြီးလိုပဲ"

"ဟွန်း အဲ့လို​တွေမ​တွေးပါနဲ့ကွာ.."

ဆယ်​ဟွန်းသူ့ရင်​ခွင်​ထဲအတင်းပြန်​တိုးဝင်​ကာ..

"ငါတို့နှစ်​​ယောက်​အ​ကြောင်း ဖွင့်​​ပြောရမဲ့
နေ့ကိုမြန်​မြန်​​ရောက်​ချင်​လာပြီ"

"သိပ်​မလို​တော့ပါဘူး"

"ချန်း တကယ်​လို့သူတို့က ငါတို့ကိုလက်​မခံရင်
ဘယ်​သူမှမသိတဲ့​နေရာကိုထွက်​​ပြေးကြမယ်​​နော်​..."

"ဒါ​ပေါ့ စိတ်​ချ ဟွန်းကို ဘယ်​​တော့မှ
လက်​လွှတ်​မခံဘူး "

"​ငါ့ကိုသိပ်​ချစ်​​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ ချန်း"

"​ကျေးဇူးတင်​ရင်​ မနက်​ဖြန်​အိမ်​လိုက်​ခဲ့"

"ဟင်​! ဘာလိုက်​လုပ်​ရမှာလဲ?"

"ဟွန်းဒီပြန်​​ရောက်​ကတည်းက မာမီနဲ့မ​တွေ့ရ​သေးဘူး​လေ ဟွန်းကိုမာမီသာ​တွေ့ရင်​ သိပ်​ဝမ်းသာမှာ.."

"အင်းဟုတ်​တယ်​​နော်​ အန်​တီနဲ့မ​တွေ့ရတာ​တောင်​ကြာပြီ ဒါနဲ့ မီ​ယောင်းသိသွားရင်​...."

"အဲ့တွက်​ဘာမှမပူနဲ့ မနက်​ဖြန်​မီ​ယောင်းနဲ့ဂျင်​ဟီးပွဲတွက်​​နေရာကိုသွားပြင်​ကြမှာ တစ်​​နေ့လုံးအားမှာမဟုတ်​ကြဘူး..."

"အဲ့ဆို လိုက်​ခဲ့မယ်​ ငါလည်း မင်းအခန်း
လေးကိုကြည့်​ချင်​လို့"

"ဟ ဟ.အရင်​တုန်းကအတိုင်း​လေးပါပဲ"

"ဟုတ်​လား?"

"အွန်း မနက်​ဖြန်​ဟွန်းကို ကိုယ့်​အိမ်​ကို​ရော
ကုမ္ပဏီကိုပါ​ခေါ်သွားမယ်​"

"ဟုတ်​"

ထိုညက သဝန်​တိုတက်​တဲ့​ကောင်​​လေးကို
တညလုံးအနမ်း​တွေနဲ့​ချော့မြူ ခဲ့၏...

နောက်​ပြီး မီ​ယောင်းကို သဲလို့
နောက်​ထပ်​မ​ခေါ်မိ​စေဖို့ သတိထားရ​​တော့မည်

TBC.....

Continuer la Lecture

Vous Aimerez Aussi

352K 12.8K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
66.5K 1.6K 9
--This is the sequel to my first story called When Hearts Collide.-- Sophia and Edward are back! Follow Sophia on her transition into becoming a hybr...
89.2K 1.7K 47
bts has liked your post. exo has commented on your post. ~~~~~~~~~~~~ Yoon Tae-min is an 18 year old college student simply just living life as a nor...
2.8K 233 17
သူငယ်ချင်း သူငယ်ချင်း ငါတို့ဝေးနေခဲ့တာ သူငယ်ချင်းဆိုတဲ့စည်းလေးကြောင့်လား