စည်း ~ [Completed]

By borntoloveosh_

80.6K 7.1K 1.2K

အကယ်​၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမ​ကျော်​ခဲ့ကြရင်​ ဒီလိုနာကျင်စရာ​တွေဖြစ်​လာမှာမဟုတ်​ဘူး.... တကယ်​​တော့ ငါတ... More

part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-27
part-28
part-29
final~

part-18

2K 248 36
By borntoloveosh_

"အိုဆယ်​ဟွန်းရှီ မပါဘူးလား ဂျင်​ဟီး"

"ဟုတ်​တယ်​ သူအလုပ်​ရှိလို့လိုက်​မလာတာ"

ချန်း​ယောလ်​မျက်​နှာ​တွေ​တွေ​လေးဖြစ်​သွား၏..
ဂျင်​ဟီးနဲ့​တွေ့တိုင်း သူနဲ့​တွေ့နိုင်​ဖို့ချန်း​ယောလ်
အလုပ်​မအားသည့်​ကြားမှ ​မီ​ယောင်းနှင့်​အမြဲလိုက်​လာဖြစ်​သည်​....

သူက​တော့ ​ချန်း​ယောလ်​ကို​ရှောင်​ချင်​လို့
ချိန်းတိုင်းပါမလာခဲ့ဘူး....

"​မောင့်​!"

"ဟင်​!! အင်း ​ပြော​လေ"

"သဲတို့နှစ်​​ယောက်​ ရှိုးပွဲလုပ်​ဖို့​နေရာတစ်​ချက်​သွားကြည့်​ရအုံးမှာ အဲ့ဒါ​မောင်​လိုက်​အုံးမလား"

"​မောင်​ မလိုက်​​တော့ပါဘူး ချိန်းထားတာ
လေးလည်းရှိတယ်​"

"အွန်းပါ အဲ့ဆိုဂရုစိုက်​ပြန်​​နော်​"

"အင်း.."

"ပတ်​ချန်း​ယောလ်​ရှီ သွားခွင့်​ပြုပါအုံး​နော်​"

"အို​ကေ ဂျင်​ဟီး"

သူမတို့ထွက်​သွားပြီးသည်​ထိ ချန်း​ယောလ်​​ကော်​ဖီဆိုင်​မှာအ​တော်​ကြာ​အောင်​ထိုင်​​နေမိ...

တကယ်​ဆိုသူချိန်းထားတာလည်းမရှိပါဘူး
သူမတို့နဲ့မလိုက်​ချင်​လို့ တမင်​ညာ​ပြောလိုက်​ခြင်းပင်​....

အလုပ်​က​တော့တကယ်​ရှုပ်​​ပေမဲ့
အတွင်း​ရေးမှူးကိုအကုန်​လွဲမိထားတာ​တော့
ဒီ​နေ့ချန်း​ယောလ်​တွက်​ အားလပ်​ရက်​ဖြစ်​သွား၏.....

ချန်း​ယောလ်​​ကော်​ဖီ​သောက်​ပြီ
အိမ်​ပြန်​လာခဲ့​သည်​ အား​နေတာမို့ မာမီကိုဟင်းချက်​​ကျွေးဖို့စဉ်းစားမိသည်​မို့ ကုန်​တိုက်​ဝင်​ခဲ့တယ်​......

မာမီအကြိုက်​ဟင်းလျာတွက်​လိုအပ်​တာ​လေး​တွေဝယ်​ရင်း လူတစ်​​ယောက်​နဲ့တိုက်​မိ၏...

ကိုယ့်​ဘက်​ကမှားသွားတာမို့
အမြန်​​တောင်းပန်​လိုက်​တယ်​...

"​တောင်းပန်​ပါတယ်​ ကျ​တော်​မမြင်​လိုက်​လို့"

"ရပါတယ်​ ကျ​တော်​လည်း ဟင်​!! ချန်း​ယောလ်​!!

အသံအကျယ်​ကြီးနဲ့​အော်​လိုက်​တာမို့ တိုက်​မိသူကို​မော့ကြည့်​မိ​တော့...

"ကင်​ ကင်​ဂျူံဒယ်​!!!"

ကြည့်​စမ်း!! အထက်​တန်းတုန်းက
ကွဲသွားခဲ့တဲ့ သူငယ်​ချင်းကင်​ဂျူ.ံဒယ်

"​အေး ငါဂျူံဒယ်​ ဟာ ငါတို့မ​တွေ့တာ
ဘယ်​​လောက်​​တောင်​ကြာပြီလဲ"

"​အေးကွာ ငါမင်းကို​တွေ့ရတာ
ဝမ်းသာလိုက်​တာကွာ!!"

"​အေး ငါ​ရောပါ မင်းအခ်ျိန်​ရတယ်​မလား?
ကော်​ဖီဆိုင်​ခဏထိုင်​ရ​အောင်​ကွာ စကား​တွေအများကြီး​ပြောချင်​လို့"

"ရတယ်​ လာ သွားကြမယ်​"

ကျ​တော်​တို့နှစ်​​ယောက်​​အနီးနားက
ကော်​ဖီဆိုင်​ကို​ရောက်​ခဲ့ကြသည်​..

"ဝိုးး ပတ်​ချန်း​ယောလ်​ ​ပြောင်းလဲ
သွားလိုက်​တာကွာ!"

"ဟက်​~မင်း​ရောပါကွာ ဒါနဲ့ဘာ​တွေလုပ်​​နေလဲ ဆိုးလ်​ကို​ရောဘယ်​တုန်းက​ရောက်​တာလဲ?"

"ငါအခုရဲမှူးဖြစ်​​နေပြီကွ!! သိတဲ့အတိုင်းပဲ
ငါအ​ဖေကဒါပဲလုပ်​​စေချင်​တာ အဲ့​တော့​ကျောင်းပြီး​တော့ ဝင်​လိုက်​တာပဲ"

"ဟုတ်​လား?"

"အခုဆိုးလ်​ကိုအလုပ်​ကိစ္စနဲ့ခဏလာတာ
ငါ့ကမိန်းမရလို့က​လေး​တောင်​ရ​​နေပြီ"

"ဝိုးး ကင်​ဂျူံဒယ်​က​လေးအ​ဖေ​တောင်
ဖြစ်​​နေပြီ ကြည့့်စမ်း!"

"မင်းက​ရော?? အိမ်​​ထောင်​ကျပြီလား??
အခုဘာ​တွေလုပ်​​နေလဲ??"

"ဟင့်​အင်း ​စေ့စပ်​ထားတုန်းရှိ​သေးတယ်
ထုံးစံအတိုင်း ငါ့အ​ဖေဆုံး​တော့ ကုမ္ပဏီမှာပဲဝင်​ရ​တာ​ပေါ့...."

"​အန်​ကယ်​ဆုံးသွားပြီလား? အဲ့ဆို မင်းကဆက်​ခံလိုက်​ပြီ​ပေါ့ "

"အင်း.."

"စိတ်​မ​ကောင်းစရာပဲ ဒါနဲ့ မင်းမိန်းက​လေးနဲ့​နောက်​ရက်​မိတ်​ဆက်​​ပေးအုံး​လေ..."

"​အေး​ဆေး​ပေါ့ကွာ"

"​အော်​ ဒါနဲ့ ဆယ်​ဟွန်း! အိုဆယ်​ဟွန်း​ရော??"

ဆယ်​ဟွန်းအ​ကြောင်း​မေးလိုက်​​တော့
ချန်း​ယောလ်​ရီ​နေတာရပ်​သွားကာ..

"အင်း ငါနဲ့သူလည်းအထက်​တန်းပြီး​တော့ကွဲသွားတာကွ! သူဂျပန်​​ပြောင်းသွားတယ်​​လေ"

"ဟုတ်​လား? မင်းနဲ့​ရောအဆက်​သွယ်​မရဘူးလား???"

"မ မရဘူး ဒါမဲ့ သူဒီပြန်​​ရောက်​​နေတယ်​လို့​တော့ကြားတယ်​ ဖုန်းနံပတ်​​တော့ရှိ​တယ်
မင်းဆီ​ပေးခဲ့မယ်​​လေ ငါမအားလို့မဆက်​ဖြစ်​တာ...."

"​အေး​ ​ပေးကွာ!! ငါဆက်​လိုက်​မယ်
ငါတို့မနက်​ည​နေ​အေး​ဆေး​တွေ့ကြမယ်​!!"

ချန်း​ယောလ်​ပြုံးရင်း​ခေါင်းငြိမ့်​ပြလိုက်​သည်
ပြီး​တော့ နှစ်​​ယောက်​သား​ကျောင်းတုန်းကအ​ကြောင်း​တွေပြန်​​ပြောခဲ့ကြသည်​....

ဖုန်းနံပတ်​​တွေနဲ့​နေရပ်​လိပ်​စာ​တွေလည်း
အပြန်​လှန်​လဲခဲ့ကြ၏.....

ကျ​တော်​နဲ့ဆယ်​ဟွန်းအ​ကြောင်း​တော့
ဂျူံဒယ်​ကိုမ​ပြောပြဖြစ်​ခဲ့ဘူး....

.
.
.

တီ.....တီ.....📱

မိုး​အေး​အေးနဲ့စာအုပ်​ဖတ်​​နေတုန်း
ဖုန်းမြည်​လာ​​ကြောင့်​ ဆယ်​ဟွန်းကိုင်​လိုက်​၏...

📱"ဟဲလို အမိန့်​ရှိပါ"

"အိုဆယ်​ဟွန်းလား?"

"ဟုတ်​ကဲ့ ဘယ်​သူပါလဲ?"

"ဆယ်​ဟွန်းနီး ငါကင်​ဂျူံဒယ်​!"

"ဂျူံဒယ်​! ​ကျောင်းတုန်းကဂျူံ ဂျူံဒယ်​လား?"

"​အေး အာဗြဲ အာဗြဲ"

"ဂျူံဒယ်​ရား!!! ဟာ! မင်းကဘယ်​လိုလုပ်​!!
ငါ ငါဝမ်းသာလိုက်​တာ"

"ငါ​ရောပဲ ငါတို့မ​တွေ့တာဆယ်​စုနှစ်​​တောင်
ချီ​နေပြီ​လေကွာ!!!"

"ဟုတ်​တယ်​ ဒါနဲ့ ငါ့ဖုန်းနံပတ်​ဘယ်​ကရလဲ?"

"အဲ့ဒါကအ​ရေးမကြီးဘူး ငါတို့မနက်​ဖြန်​​တွေ့ရ​အောင်​ ငါမင်းကိုအရမ်း​တွေ့ချင်​​နေပြီကွ!!"

"​အေးပါ ငါလည်း​တွေ့ချင်​တယ်​ ငါဘယ်​လာ
ခဲ့ရမလဲဟင်​??"

"ငါတို့​ကျောင်းနားက အခု ဘားအသစ်​ဖွင့်​ထားတယ်​​လေ အဲ့ဒီကိုမနက်​ဖြန်​၆နာရီ​လောက်​လာခဲ့!"

"​အေး ​အေး သူငယ်​ချင်း ငါ​သေချာ​ပေါက်
လာခဲ့မယ်​"

"အဲ့ဒါဆို ဖုန်းချလိုက်​​တော့မယ်
မနက်​ဖြန်​​တွေ့မှစကား​တွေအများကြီး​ပြောကြမယ်​...."

"​အေး ​အေး" 📱

ဂျူံဒယ်​ဖုန်းချပြီးမှ......

"​အော်​ ​မေ့လိုက်​တာ ချန်း​ယောလ်​လည်း
လာမယ်​လို့ မ​ပြောလိုက်​ရဘူး"

"ဘာ​တွေ​မေ့​နေတာလဲ ကို"

"​အော်​ ​ဆော့​လေး ကိုယ်​တို့ငယ်​သူငယ်​ချင်း​တွေပါ​တွေ့ဖို့​ပြောထားကြတာလို့"

"ဘားမှာမှဟုတ်​ရဲ့လား??"

"အဟီး ​ဆော့​လေးကလည်း ​ယောက်ျား​တွေဆို​တော့ကွာ နည်းနည်း​ပေါ့ အစက​ဆော့​လေး​ရော​ခေါ်မလို့ပါ သမီးက​နေမ​ကောင်း​တော့​လေ"

"​တော်​စမ်းပါ ဆင်​​​ခြေ​တွေ"

"အဟီး ချစ်​တယ်​​လေကွာ"

မင်​​​​ဆော့ကမျက်​​စောင်းလှလှ​လေးထိုးကာ
အခန်းထဲဝင်​သွား​လေသည်​..

ဒါဟာ ဂျူံဒယ်​ကိုအထာ​ပေးတာ..

ဂျူံဒယ်​ပြုံးစိစိနဲ့အခန်းထဲလိုက်​သွား​လေရဲ့..

.
.
.

ဆယ်​ဟွန်း သီချင်းတညည်းညည်းနဲ့
အ​နွေးထည်​ဝတ်​​နေတာ..

ဒီ​နေ့သူ​ပျော်​​နေတယ်​..

ဂျူံဒယ်​နဲ့ပြန်​​တွေ့ရမှာမို့်​​လေ ကွဲသွားတာ
ဘယ်​​လောက်ကြာပြီလဲ..

ဂျူံဒယ်​အ​ကြောင်း​တွေး​နေတုန်း ချန်း​ယောလ်​ကိုဖျတ်​ခနဲသတိရမိသွားတယ်​..

ချန်း​ယောလ်​လည်းသိရင်​သိပ်​ဝမ်းသာမှာ
ပြောပြလိုက်​ရမလား??

ဟင့်​အင်း ​နောက်​မှ​ပြောပါ​တော့မယ်​​လေ
အခု​ပြောပြလိုက်​လို့ ​ချိန်းထားတဲ့​နေရာ​ရောက်​ချလာရင်​ သူ​ရောဆယ်​ဟွန်းပါအ​နေကြပ်
လိမ့်​မည်​.....

တကယ်​ဆို ဒီအချိန်​က​ပျော်​စရာအချိန်​​လေးပဲကို

နောက်​မှသူနဲ့ဂျူံဒယ်​ သီးသန့်​​တွေ့ပါ​စေ

ဆယ်​ဟွန်းဆုံးဖြတ်​ကာ ထီးယူပြီး
ချိန်းထားတဲ့ဆိုင်​ကိုထွက်​ခဲ့၏...

ကားယူမ​နေ​တော့ပါ ​တက္ကစီဖြင့်​သာ ထွက်​ခဲ့၏...သောက်​မှာဆို​​တော့ ဆယ်​ဟွန်းက​သောက်​ပြီးရင်​ကား​မောင်းလို့မရဘူး ပြီး​တော့မိုးကရွာ​နေ​သေးတာ....

ဆယ်​ဟွန်းဆိုင်​​ရှေ့​ရောက်​​တော့
၆နာရီ​တောင်​​ကျော်​​နေပြီ...

နောက်​ကျ​နေပြီမို့ပြီ အမြန်​ပဲဆိုင်​ထဲ
ပြေးဝင်​ခဲ့၏...

အဆင့်​မြင့်​ဘားမို့တိတ်​ဆိတ်​ကာ သီချင်းသံသဲ့သဲ့သာကြားရ၏...

ဆိုင်​အတွင်း မျက်​လုံး​လေး​ဝေ့ကာ
ဂျူံဒယ်​ကိုရှာမိ​တော့တယ်​..

တွေ့ပါပြီ ​ထောင့်​ကျတဲ့ဝိုင်းမှာထိုင်​​နေတာ
တစ်​စုံတစ်​​ယောက်​နဲ့​ဘာ​ပြောပြီးရီ​နေလဲမသိဘူး
အရင်​တိုင်းအရီသန်​ဆဲပင်​​နောက်​​ကျော​ပေးထားတဲ့လူကို​တော့ ဘယ်​သူမှန်းဆယ်​ဟွန်းမသိ....ဂျူံဒယ်​သူငယ်​ချင်းဖြစ်​ပါလိ​မ့်​မည်​...

ဝမ်းသာအားရ...

"ဂျူံဒယ်​ရားးး"

ဂျူံဒယ်​ကဆယ်​ဟွန်းလည်းမြင်​​ရော
နေရာမှထကာ လက်​​တွေရမ်းပြ​နေ​လေရဲ့..

ဆယ်​ဟွန်းခပ်​မြန်​မြန်​သူတို့ဝိုင်းနားအသွား
နောက်​​ကျော​ပေးထားတဲ့လူက လှည့်​ကြည့်​လာ​တော့....ဆယ်​ဟွန်း​ခြေလမ်း​တွေရပ်​တန့့်​သွားရ၏....

ပန်း​ရောင်​နှုတ်​ခမ်း​လေးမှလည်း
နာမည်​တစ်​ခုအံသြစွာ ထွက်​ကျလာ၏..

"ချန်း ချန်း​ယောလ်​~"

ချန်း​ယောလ်​က​တော့ သူ့ကိုနှစ်​လိုဖွယ်
အပြုံးတို့ဖြင့်​ကြိုဆို​နေ​လေရဲ့.....

TBC....

တိုသွားတာသိတယ်​ ​နောက်​တစ်​ပိုင်း
ရှည်​ရှည်​​လေး​ရေး​ပေးမယ်​​နော်​ 😚

Continue Reading

You'll Also Like

34K 493 26
Y/n is a young witch, in fact she is one of the only two witches left in Narnia. She knows how to use dreadful spells but she manly just likes to mak...
13.9K 845 15
ကျွန်​တော့်​ချစ်​သူက မိန်းကလေးတစ်​ယောက်​ မဟုတ်​ခဲ့ဘူး။ ဒါပေမယ့်​ ကျွန်​တော်​သူ့ကို အရမ်းချစ်​တယ်​။ ...
566K 20.5K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
6.3K 159 21
သူ့ကောင်လေးကို ထိလာသမျှ ဘယ်သူကိုမဆို ချေမှုန်းဖို့အသင့်ရှိနေတဲ့ ကောင်လေး တစ်ယောက်ရယ် ဘယ်သူ့အပေါ်စိတ်ရောက်နေလဲ မခွဲခြားတတ်တဲ့ ကောင်လေးတစ်ယောက်ရယ် သူ့...