စည်း ~ [Completed]

By borntoloveosh_

80.6K 7.1K 1.2K

အကယ်​၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမ​ကျော်​ခဲ့ကြရင်​ ဒီလိုနာကျင်စရာ​တွေဖြစ်​လာမှာမဟုတ်​ဘူး.... တကယ်​​တော့ ငါတ... More

part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-14
part-15
part-16
part-17
part-18
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-27
part-28
part-29
final~

part-13

2.1K 189 22
By borntoloveosh_

"သား! ​အောက်​မှာ သားချန်း​လေး​ရောက်​​နေတယ်​!!!"

မေ​မေ့ရဲ့အခန်းအပြင်​ကအသံ​ကြောင့်
စာလုပ်​​နေတဲ့ဆယ်​ဟွန်းမျက်​​မှောင်​ကျူံလိုက်​မိသည်​.....

အ​ပေါ်တက်​မလာပဲ ထူးထူးဆန်းဆန်း
အောက်​မှာဘာလုပ်​​နေတာတုန်းဒီ​ကောင်​က

စာ​မေးပွဲတွင်းမလာရဘူးလို့​ပြောထားလို့
ချန်း​ယောလ်​နဲ့သူမ​တွေ့ရတာ၃ရက်​​လောက်​ရှိပြီ

အောက်​ထပ်​ဆင်းသွား​တော့ ပြုံးဖြီးဖြီးနဲ့
ချန်း​ယောလ်​ကထိုင်​​နေသည်​...

"အ​ပေါ်တက်​မလာပဲ ဘာ​တွေအဆန်းလုပ်​ပြီးငါ့ကို​အောက်​ထပ်​လာခိုင်းတာလဲ?"

မေ​မေကမီးဖို​ချောင်​ထဲဝင်​သွားတာမို့
ချန်း​ယောလ်​ကဆယ်​ဟွန်းနားလာကပ်​ထိုင်​ကာ

"အခန်းထဲ​ရောက်​ရင်​ ငါဟွန်းကိုတစ်​ခုခု
လုပ်​ပြီးမှပြန်​နိုင်​မယ်​ထင်​လို့"

သူ့စကား​ကြောင့်​ ဆယ်​ဟွန်း
နှုတ်​ခမ်းကိုက်​ပြကာရီမိ​တော့သည်

မီးဖိုခန်းထဲ​မေ​မေရှိ​နေတာကို ဒီ​ကောင်​က​တော့

"​ပြော အခုဘာကိတ်​လဲ?"

"စာအုပ်​လာ​ပေးရင်း အလွမ်းလာ​ဖြေတာ"

".................."

"လွမ်းတယ်​ ဟွန်းရာ"

ငါလည်းမင်းနဲ့ထပ်​တူနီးပါးပါပဲချန်း​ယောလ်​ရယ်

"အပို​တွေ​ပြောမ​နေနဲ့ စာ​တွေကရပြီလား?
သဘက်​ခါ​ဆို​ဖြေရ​တော့မှာ​နော်​"

"​အေး​ဆေး အကုန်​ပိုင်​ပြီး တစ်​ခုပဲခက်​​နေတာ"

"ဘယ်​ဘာသာလဲ?? ​ပြော​လေ
ငါကူလုပ်​​ပေးမယ်​"

"ဟွန်းကိုလွမ်းတဲ့စိတ်​​လေ"

ထိုစကား​ကြောင့်​ ဆယ်​ဟွန်းမျက်​နှာ​လေး
ပန်း​ရောင်​သန်းသွားကာ ရှက်​ရှက်​နှင့်​ သူ့လက်​​မောင်းကိုထုရိုက်​လိုက်​၏...

"တကယ်​​ပြောတာ "

"စကား​တွေအရမ်းတက်​မ​နေနဲ့ သွား
ပြန်​​တော့​"

"အင်းပါ ဟွန်း~ စာ​မေးပွဲ​နောက်​ဆုံးရက်​​နော်​"

"​အေးပါဆို ပြန်​​တော့ကွာ!!"

ဆယ်​ဟွန်း​အော်​လိုက်​မှ ပြန်​သွား​လေသည်
သူ​ပေးခဲ့တဲ့စာအုပ်​​လေးအားယူကာအိမ်​​ပေါ်ပြန်​တက်​လာခဲ့သည်​....

အိပ်​ယာ​ပေါ်အိပ်​ရင်း အခုနက ချန်း​ယောလ်
ပြောစကားများကိုပြန်​ကြားကာ တစ်​​ယောက်​ထဲ
ရှက်​​သွေး​တွေဖြာ​နေခဲ့၏........

မင်းကသိပ်​ချစ်​ဖို့​ကောင်း​အောင်​ စကား
တက်​တာချန်း​ယောလ်​ရာ..

ငါ​တော့ မင်းကိုချစ်​မိ​နေပြီပဲ...

.
.
.

စာ​မေးပွဲတွင်းထဲ ဆယ်​ဟွန်းထံ
ချန်း​ယောလ်​လုံးဝမလာခဲ့ပါ....

သူနဲ့အတူတူတက္ကသိုလ်​တက်​ရန်
စာကြိုးစာ​နေခြင်းဖြစ်​သည်​....

မေ​မေက​တောင်​​မေး​နေ​သေးတယ်
ချန်း​ယောလ်​မလာလို့ ....

စာ​မေးပွဲတွင်းမို့​သေချာမလာခိုင်းတာလို့​ပြောလိုက်​​တော့ ချန်း​ယောလ်​ကြိုက်​တက်​တဲ့ဟင်း​တွေချက်​ပြီးသူ့အိမ်​ထိသွားပို့တဲ့​မေ​မေပါ​လေ ချန်း​ယောလ်​ကိုအရမ်းချစ်​တာ...

မ​တွေ့သာမ​တွေ့တာပါဖုန်းက​တော့
၁၅မိနစ်​ခြားတစ်​ခါဆက်​ပြီးလွမ်း​နေ​ကြောင်း
တဖွဖွ​ပြော​တက်​​သေးသည်​....

မ​နေ့ညက​တော့ ဖုန်းမဆက်​ပဲမက်​​ဆေ့ပို့လာတယ်​ .....

ဒီ​နေ့စာ​မေးပွဲ​နောက်​ဆုံး​နေ့မို့စာ​မေးပွဲအချိန်​ပြီးရင်​ သူ့ကိုအ​ဖြေ​ပေးရန်​ကစား​နေကြ​ဘောလုံးကွင်းထဲလာခဲ့ဖို့​လေ....

အဟိ သူ​တော့မသိဘူး ဆယ်​ဟွန်း​တော့
အ​ဖြေ​ပေးဖို့ရင်​ခုန်​​နေတယ်​...

ကျောင်းသွားရန်​အကုန်​ပြင်​ဆင်​ပြီး​အောက်​ထပ်​ဆင်းလာ​တော့မနက်​စာပြင်​​နေတဲ့​မေ​မေက

"သား ဒီ​နေ့စာ​မေးပွဲ​နောက်​ဆုံး​နေ့မလား??"

"ဟုတ်​ကဲ့ ​မေ​မေ"

"ပြီးရင်​​စော​စောပြန်​ခဲ့​နော်​ "

"ဘာလို့လဲ​မေ​မေ သား ချန်း​ယောလ်​နဲ့
ချိန်းထား​သေးတယ်​"

"​ပြောစရာရှိလို့ပါ ​မေ​မေနဲ့​တွေ့ပြီးမှ
သားချန်းနဲ့သွား​တွေ့​လေ"

"အဲ့ဆိုလည်း ပြန်​လာခဲ့ပါမယ်​ ချန်း​ယောလ်
ကို​နောက်​မှ​တွေ့ဖို့မက်​​ဆေ့ပို့လိုက်​မယ်​"

"အွန်း ​မေ​မေ​မျှော်​​နေမယ်
သေချာ​ဖြေခဲ့​နော်​"

"ဟုတ်​ကဲ့"

ဆယ်​ဟွန်း.အပြုံးနုနုဆင်​မြန်းထားတဲ့
မေ​မေပါးပြင်​ကိုအနမ်း​ပေးပြီး​ကျောင်းသို့ချီတက်​ခဲ့သည်​......

"ဟွန်း!!"

ကျောင်းသို့​ရောက်​​ရောက်​ခြင်းအ​ပေါက်​ဝမှာ
စောင့်​​​နေတဲ့ချန်း​ယောလ်​...

သူနဲ့ဆယ်​ဟွန်းကစာ​ဖြေခန်းမတူ​ပါ...

"ဒီမှာဘာလုပ်​​နေလဲ စာကြည့်​မ​နေပဲ"

"စာ​တွေရ​နေပါပြီ ဟွန်းရဲ့ ဒါနဲ့စာ​မေးပွဲပြီးပြီး
ခြင်း ဟို​နေရာလာခဲ့​နော်​"

"အင်း အဲ့ဒါ​ပြောရအုံး ​မေ​မေက
အရင်​အိမ်​ပြန်​ခဲ့အုံးတဲ့ "

"ဟုတ်​လား အင်းပါ အန်​တီနဲ့​တွေ့ပြီးမှ
ကိုယ့်​ဆီလာခဲ့ ​စောင့်​​နေမယ်​"

"​အေး သွားပြီ​နော်​ စာ​မေးပွဲ​သေချာ​ဖြေခဲ့"

"ဟုတ်​ကဲ့ပါ ဆရာကြီး"

ပြောင်​စပ်​စပ်​လုပ်​​နေတဲ့ ချန်း​ယောလ်​ကို
မျက်​​စောင်းထိုးပြီးစာ​​ဖြေခန်းဘက်​ထွက်​လာခဲ့ရ​တော့သည်​....

စာ​မေးပွဲ​ဖြေပြီး​တော့ ဆယ်​ဟွန်း
အိမ်​သို့တန်းပြန်​လာခဲ့၏....

အိမ်​​ရောက်​​တော့ ဧည့်​ခန်းထဲ​ကော်​ဖီ
သောက်​​နေတဲ့​မေ​မေ

"သားပြန်​​ရောက်​ပြီ ​မေ​မေ ဘာ​ပြောမလို့လဲ"

"စာ​မေးပွဲ​ရော ​ဖြေနိုင်​ခဲ့ရဲ့လား?"

"လုံးဝ​ဖြေနိုင်​တယ်​"

"သားချန်း​ရော??"

"​ဖြေနိုင်​တယ်​လို့​တော့​ပြောတာပဲ"

"သား~~"

မေ​မေပုံစံတမျိုးဖြစ်​​နေတာ​ကြောင့်
ဆယ်​ဟွန်းစိုးရိမ်​သွားရ၏...

"​မေ​မေ ဘာဖြစ်​​နေတာလဲ?"

"................."

"​မေ​မေ့!!"

"​မေ​မေ​ပြောတာ​သေချာနား​ထောင်
မေ​မေတို့မိသားစုလိုက်​ မကြာခင်​ ဂျပန်​ကို​ပြောင်းကြရမယ်​ ​ကျောင်းကိုလည်းသားဟိုမှာဆက်​တက်​ရမယ်​"

ထိုစကား​ကြောင့်​ ဆယ်​ဟွန်း​ကြောင်​အ
သွားရသည်​...

"ဘာ ဘာလို့လဲ​မေ​မေ ရုတ်​တရက်​ကြီး"

"ဟုတ်​တယ်​ ရုတ်​တရက်​စီစဉ်​လိုက်​ရတာ"

"ဘာ ဘာကိစ္စရှိလို့လဲ"

မေ​မေကမ​ပြောပဲတိတ်​ဆိတ်​​နေသည်​​လေ...

"အလုပ်​​ကြောင့်​လား?? အဲ့လိုဆိုရင်​လည်း
သား ချန်း​ယောလ်တို့အိမ်​မှာ​နေခဲ့လို့ရမလား??
သား​ကျောင်းကိုဒီမှာပဲတက်​ချင်​တယ်​.."

"မရဘူး သား"

"ဘာလို့လဲ​မေ​မေရဲ့ "

"​မေ​မေတို့အခုလိုဆုံးဖြတ်​တာ သား​ကြောင့်​"

ဆယ်​ဟွန်းထိုစကားကိုနားမလည်​~~

"သား​ကြောင့်​??"

"အခု​မေ​မေ​ပြောတာ​သေချာနား​ထောင်
သားနဲ့ သားချန်းဘယ်​အ​ခြေ​နေထိ​ရောက်
နေတယ်​ဆိုတာ​မေ​မေတို့သိ​နေတယ်​"

မေ​မေစကား​ကြောင့်​ ဆယ်​ဟွန်း​ကြောက်​လန့်
တုန်​လှုပ်​သွားမိသည်​...

"​မေ​မေ~"

"ဟုတ်​တယ်​ ​မေ​မေတို့သိခဲ့တာ သားချန်း
ဆေးရုံ​တက်​ရကတည်းက သားတို့စာ​မေးပွဲ
မှာအ​နှောက်​ယှက်​ဖြစ်​မှာဆိုးလို့ ဘာမှမ​ပြောပဲမသိချင်​​ယောင်​​ဆောင်​ခဲ့တာ...."

မေ​မေတို့သိ​နေခဲ့တယ်​~

"​မေ​မေတို့ သားချန်းကို ချစ်​ပါတယ်​ ဒါမဲ့
ဒီလိုအ​ခြေ​နေက ​မေ​မေတို့အတွက်​​ရော
ပတ်​ဝန်းကျင်​အတွက်​ပါလုံးဝမဖြစ်​သင့်​တဲ့ကိစ္စ​လေ....."

မေ​မေ​ပြောတာ​တွေ ဆယ်​ဟွန်းဘာမှပြန်​မ​ပြောနိုင်​ပဲမျက်​ရည်​အဝဲသားနှင့်​နား​ထောင်​​နေရသည်​.....

"​မေ​မေတို့ မိဘ​တွေရဲ့သိက္ခာကိုလည်း
ငဲ့ကွက်​ကြပါအုံး ပြီး​တော့ သားတို့နှစ်​​ယောက်​ရဲ့
ဘဝ​ရှေ့​ရေး~ အားလုံးကဝိုင်းလက်​ညှိုးထိုးကြမှာ.....

မေ​မေ့သား​လေးကို အဲ့လိုအဖြစ်​မခံနိုင်
မေ​မေတို့ကသားကိုအရမ်း​မျှော်​လင့်​ထားတာ"

"................"

"ပြီး​တော့ ​အိုမျိုးနွယ်​တွက်​ မျိုးဆက်​က
သားပဲရှိ​တော့သလို သားချန်းဘက်​မှာလည်းအဲ့လိုပဲ​လေ...."

"​မေ​မေ သား သား​လေ~~"

"မေ​မေအပြတ်​​ပြောမယ်​ သားချန်းကို
သားရဲ့သူငယ်​ချင်းအဖြစ်​ပဲလက်​ခံနိုင်​တယ်
သမက်​အဖြစ်​​တော့ လုံးဝလက်​မခံနိုင်​ဘူး

သား​ဖေ​ဖေလည်းဒီကိစ္စကိုသိ​နေတယ်
မေ​မေတားထားလို့ သားတို့ကိုဘာမှမလုပ်​တာ"

ဆယ်​ဟွန်း ငိုချလိုက်​မိသည်​...

"မငိုပါနဲ့ သားရယ်​~~"

"အဟင့် သား သားချန်း​ယောလ်​ကို
အရမ်းချစ်​တယ်​​မေ​မေ"

"​မေ​မေသိတာ​ပေါ့ အဲ့ဒါ​ကြောင့်​လည်း
သားချန်းကိုအ​ဖြေမ​ပေးခင်​အရင်​ဆုံး​မေ​မေ တားလိုက်​တာ..."

"သား သားတို့ချစ်​သူအဖြစ်​​နေသွားလို့
မရဘူးလား လွှတ်​ထား​ပေးလို့မရဘူးလား"

မေ​မေကလည်း ငိုရင်းဆယ်​ဟွန်း
ဘက်​ကြည့်​ကာ..

"​မေ​​မေတို့​သေတာမြင်​ချင်​ရင်
သားကြိုက်​သလို​နေလို့ရပါတယ်​"

မေ​မေက ချက်​ချင်းကြီးကို ခြိမ်း​ခြောက်
လိုက်​​တော့တာပဲ....

"​မေ​မေ!! အဟင့်​ အဲ့လိုကြီးမ​ပြောပါနဲ့"

"​မေ​မေစကား ဒါအကုန်​ပဲ သား
ကြိုက်​သလိုဆုံးဖြတ်​ပါ..."

အခန်းထဲဝင်​သွားပြီဖြစ်​တဲ့​မေ​မေကို
ကြည့်​ရင်းဆယ်​ဟွန်းအားပါးရငိုမိ​တော့သည်

ငို​နေတုန်းဖုန်းသံမြည်​လာလို့ကြည့်​လိုက်​​တော့
ချန်း​ယောလ်​ထံကပင်​...

ဆယ်​ဟွန်းဖုန်းကိုချက်​ချင်းစက်​ပိတ်​ပစ်​ကာ
အိမ်​အ​ပေါ်ထပ်​ကမိမိအခန်းထဲ​ပြေးတက်​ခဲ့သည်​....

အခန်းထဲကအိပ်​ယာ​ပေါ်​မှောက်​ရက်​အိပ်​ရင်း
ထပ်​မံငို​ကျွေး​ကြွေး​နေမိပြန်​သည်​...

"ငါ အဟင့်​ ငါဘယ်​လိုလုပ်​ရမလဲ ချန်းရယ်​"

TBC.......

အဟစ်​ 😎

Continue Reading

You'll Also Like

1M 18.6K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
374K 11.4K 91
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
2.3M 118K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
7.9K 142 6
Tom and Jerry have sex and then have a kid. Then something happens.