PRIDE

Par Kaichenchanbaek

24.2K 2.2K 41

Dika...(yaoi) မာနဆိုတဲ့အရာကို...ခဏ​လောက်​ အ​ဝေးကိုလွှင့်​ပစ်​​ပေးပါလား kai .....ငါ့အတွက်​ ရည်​ရွယ်​ပြီး​တော့​... Plus

part~~1
part 2
part-3
part-4
part-5
part~~6
part~~7
part~~8
part~~9
part~~10
part~~11
part~~12
part...13
part~~~14
part~~~15

part~~16

309 19 0
Par Kaichenchanbaek

             
ဘ၀မှာလဲ ဘာတွေ လုပ်ပြီး အချိန်ကုန်နေမိတာလဲ ဒါမှမဟုတ် အချိန် ဖြုန်းနေမိနေတာလား........

ဘယ် မဟုတ်တာ သူ့ကိုချစ်နေရတာ အချိန်ဖြုန်းနေတာမှမဟုတ်တာ .......

ကြိုးစားရင် ဘာမဆို ဖြစ်တယ် ဆိုတာကိုပြောခဲ့တဲ့ ပညာရှင်တွေ ဖြေရှင်းပေးကြပါအုန်း သူဘာလို့ ပြန်မချစ်တာလဲ.......

ဟယ် မဟုတ်တာ မချစ်သေးတာလဲ ဖြစ်နိုင်တာပဲလေ ဟူးးးးးး negative အတွေးတွေ မထားစမ်းနဲ့ kyung Soo ရ

အခု သူ့နှလုံးသားထဲကို ဘယ်အပေါက်၀င်ရမလဲ ပဲ ရှာနေရတာနဲ့တင် အလုပ်တောင် သေချာမလုပ်နိုင်တော့ဘူး

အခုလဲ အလုပ်သွားလမ်းမှာ လမ်းတောင်မလျှောက်ချင်ဘူး

"တီ~~~"

"Ashi......အလွတ်ကြီး လျှောက်နေတာ ဘယ်ကောင် ဟွန်းတီးးး"

အဲ့မှာ လဲသေလိုက် kyung Soo ရေ

"ဟာ ကန်တော့ ကန်တော့ Boss"

"ဘာတွေ‌တွေးနေတာလဲ Kyung Soo shi~ လမ်းလျှောက်တာ ငူငူငိုင်ငိုင်ကြီးနဲ့ "

"ဘ၀ရှေ့ရေးတွေ စဉ်းစားရင်း နဲနဲ ဟီး "

Boss နဲ့ ညားဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စီစဉ်နေတာ အိုမိုင်ဂေါ့ဒ် စိတ်ထဲကပြောရတာ အရသာရှိတာ

"အလုပ်ကိုတက်တက်ကြွကြွ သွားပါ အဲ့တာမှ အောင်မြင်မှာ‌ ပေါ့   ကိုယ် သွားပြီနော်"

မောင်းထွက်‌သွားသော ကားကိုကြည့်ကာ

"ဟယ် ဒီအတိုင်းကြီးသွားတယ် ကြည့်စမ်း အေးလေ သူက ဘာလို့ တင်ခေါ်ရမှာလဲ ဘ၀ကြီးက မအေးအေး၀င်း စီစဉ်တာမှမဟုတ်တာ "

သူ့ကားလေး တဖြည်းဖြည်းဝေးတာ ကြည့်ရင်းးးးး

ဟမ် ဘာလို့ရပ်သွားတာလဲ  ဟယ် ပြန်ဆုတ် လာပြီ

မအေးအေး၀င်း စီစဉ်ပြီ ထင်တယ်

"Boss ဘာဖြစ်လို့လဲ"

ဒီလိုပဲမေးရတာပေါ့ ဟိဟိ

"အစက Hotel ကို တိုက်ရိုက် မ၀င်လို့ မခေါ်ပဲထားခဲ့တာ ဒါပေမဲ့လဲ အဲ့ဘက်က သွားပြီး Kyung Soo shi  ကို ချပေးခဲ့မယ်လေ "

"ကျေးဇူးတင်ပါတယ်"

"အော် ပြောမလို့ ကိုယ့် အိမ်မှာ ပိတ်ရက် သူငယ်ချင်း နဲနဲ ဖိတ်ထားလို့ အလုပ်ကိစ္စလေးတွေလဲ ပြောစရာရှိတာနဲ့ အဲ့တာ kyung Soo shi ကို ထုတ်ကြွားချင်လို့"

ဟယ် သူ့ရည်းစားအနေနဲ့လား မသိဘူး ဒီဟာလဲ မအေးအေး၀င်း စီစဉ်လိုက်ကွာ

"Hotelရဲ့  အတော်ဆုံး Chef အနေနဲ့ "

ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ Boss ဘယ်ပီသပါ့မလဲ

"ဟုတ် ဘယ်အမယ်တွေ ချက်ပေးရမလဲ ကျွန်တော် "

"နောက်ကျရင် အကြောင်းပြန်လိုက်မယ် အခုတော့ ရောက်ပြီ ‌Have a nice day  ပါ"

ကျွန်တော်လဲ ဆင်းလာလိုက်ပြီး Hotel ထဲ ၀င်ကာ အဲ့နေ့ကို ကြိုးကြိုးစားစားနဲ့ ထပ်ပြီး ဖြတ်သန်းခဲ့ရပါတော့ သည်။

                          ********************
အချိန်ကား ညနေ 6နာရီ.....

လူလေး သုံးလေးယောက်ကို ပြင်ခိုင်းတာတွေကအများကြီး လူကို ပင်ပန်းအောင်

အော် အချစ်ကလေးခိုင်းတာပဲလေ ရပါတယ် ခိုင်းပလေ့စေ ခိုင်းပလေ့စေ

"Kyung Soo shi  ~~~ အရမ်းများနေလား ချက်ရတာ
သူတို့ကို အကုန်စားလို့ကောင်းတယ်ဆိုတာ ကြွားချင်ဇော နဲ့ အများကြီး ခိုင်းမိပြီ "

"ရပါတယ် Boss"

ဒီလိုလာပြော‌တော့လဲ အမောကိုပြေသွားတာပဲ

" Boss က Hotel အသစ်ထပ်ဖွင့်မလို့လား"

"မဟုတ်ဘူး ရွာတစ်ရွာမှာ အလှူ လုပ်မလို့ စီစဉ်နေတာ"

နတ်သားလေး တို့ အသဲလေးက

"ကောင်းတာပေါ့"

သူက ဘေးနားလာရပ်ပြီးပြောတော့ သူ့ရဲ့ ချောမောလှပမှုက ပိုရှင်းတယ် ပိုင်ဆိုင်ချင်လိုက်တာ....

"ကိုယ် ပြန်သွားအုန်းမယ် နော် ဓား ဘာတွေ သတိထားအုန်း အပူလဲ မလောင်စေနဲ့အုန်း"

သူ ဘာလို့ အရမ်းဂရုစိုက်ရတာလဲ ကျွန်တော် မျှော်လင့်ချက် ထားရမှာလား နဂိုကတည်းက မျှော်လင့်ချက်က ရှိသယောင်ယောင်ကို

                          *******************

သူ့သူငယ်ချင်းတွေ ပြန်သွားတော့ ကျွန်တော်တို့ နှစ်ယောက်ပဲကျန်တယ်

ဘာရယ်မဟုတ် ဒီနေ့ စင်ဒရဲလား ဖြစ်သွားတဲ့ကျွန်တော်

သိမ်းလိုက်ဆည်းလိုက်ရတဲ့ အစားအသောက်‌တွေ ဆေးလိုက်ရတဲ့ပန်းကန်တွေ သူ့ရဲ့အိမ်က အာဂျီးမားကလဲ အစောကြီးပြန်

သူ့ကိုမလုပ်ခိုင်းစေချင်‌တော့ ကိုယ်ပဲလုပ်ရင်း စင်ဒရဲလားဖြစ်သွားခဲ့တယ်

"Kyung Soo shi နား‌ပါတော့ လာ ကော်ဖီလာသောက် ဖျော်ပေးမယ်လေ "

"ဟုတ်..."

သူ့အိမ်က ၀ရံတာလေးမှာ တူတူကော်ဖီသောက်ကြတယ်

တကယ်က ကျွန်တော်က ကော်ဖီသိပ်မသောက်ဘူး သို့ပေမဲ့ သိတယ်မလား အချစ်ကတိုက်တာလေ ပြီးတော့ သူကိုယ်တိုင် ဖျော်တာဆိုတော့

ဘေးချင်းယှဉ်ရပ်ပြီး ကော်ဖီသောက် နေတာ မသိရင် ရည်းစားတွေကျလို့

ဟော မိုးတွေ စရွာပြီ ကြည်နူးပြီဆို စောင်တလွဲတွေ လုပ်ပြီ ရာသီဥတုက အစ

"Kyung Soo shi ပင်ပန်းနေတယ်မလား အောက်ဆင်းပြီး မိုးရေချိုးရအောင် "

စောစောက ကျိန်ဆဲမိတာ ခွင့်လွှတ်ပါ ရာသီဥတုရေ

"အွန်းးးးးးးးး"

ကြည့်စမ်းပါအုန်း မိုးရေထဲမှာ ပြေးလွှားကစားနေတာ ဘယ်လောက်တောင် roလိုက်သလဲ

"Soo shi~~~"

"Nae?"

သူ ဘယ်လို ခေါ်လိုက်တယ်

" ဟို နဲနဲ ရင်းနှီးချင်လို့ ရတယ်မလား ခေါ်လို့"

"ရတာပေါ့ ခေါ်ပါ ဗျာ ကြိုက်သလို"

သူက မိုး‌ရေတွေ ရွဲတော့ ပို ကြည့်ကောင်းတယ် တကယ့်ပြည့်စုံမှုလေးက သူပဲ ‌ယောင်္ကျားပီသမှုကလဲ အပြည့်

ဘယ်လိုမချစ်ပဲနေနိုင်ရမှာလဲ ရူးတော့မှာပဲ

"ဒီနေ့အရမ်းကို ကျေးဇူးတင်တယ်  အဲ့အတွက် ကျွန်တော် ဘာပေးရမလဲ ဒီလ Bonu ပေးရမလား "

" ဟို တောင်းချင်တာ တစ်ခုရှိတယ် အဲ့တာ ပေးပါလား"

" ဘာများလဲ"

"ကျွန်တော် Boss ရဲ့ ပါးကို နမ်းလို့ရမလား"

ကဲ တောင်းချလိုက်ပြီ ‌သေမထူး နေမထူးပဲ  ဆွဲထိုးလဲခံမယ်ကွာ

သူမျက်လုံးလေးတွေ ပြူးသွားတယ် ရှက်သွားတာလားမသိ

"အဲ ဟို ဟုသားပဲ  ဖွင့်ပြောထားတာ မေ့နေတာ"

သူ တွေဝေနေပုံထောက်ရင်တော့ ‌ဆွဲမထိုးလောက်ဘူး

"တစ်ခါတော့ ရလောက်မယ်ထင်တယ်"

သူရှက်ရှက်နဲ့ ပြန်ဖြေတယ် အား မထိန်းနိုင်တော့ဘူး
ရင်တွေခုန်နေတာလား တုန်နေတာ လား မသဲကွဲ

ခြေဖျားလေးထောက်ပြီး ရေစိုနေတဲ့ သူ့ပါးလေးကို တစ်ချက် မွှေးလိုက်တယ် အားပါးပါး အိအိလေး

နောက်တစ်ချက်တောင် ထပ်မွှေးချင်ရဲ့

စိတ်ဆိုးသွားနေပါအုန်းမယ်

"ကျေးဇူးတင်ပါတယ် Boss  ကျွန်တော့်ကို စဉ်းစားပေးပါအုန်းနော်"

မိုးရေတွေကြားထဲ သူ့ပါးလေးကို နမ်းခွင့်ရတာနဲ့တင် ကျွန်တော် သိပ်ကံကောင်းနေပါတယ် ။။။။

*************
TBC........

Continuer la Lecture

Vous Aimerez Aussi

348K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
104K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
180K 24.5K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest