Hello...... My Ex-boyfriend...

By reta-nan

2.2M 190K 13.5K

ငါတို႔လမ္းခြဲၾကရေအာင္ ဆိုတဲ့ စကားရဲ႕အဆံုးသတ္မွာ ထပ္မံျဖစ္တည္လာတဲ့ အခ်စ္တစ္ခု ။ #ၿငိမ္းခ်မ္း #စြဲညိဳ႕ေစႏိုင္ More

info
ep 1
ep 2
ep 3 ( အတိတ္ပံုရိပ္ေဟာင္း )
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep16
ep 17
ep 18
ep 19
ep 20.2
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27 + အပိုင္းသစ္ျဖၫ့္စြက္
ep 28
ep 29
Ep 30 ( Final)
AN
Extra
Extra 2
Attention please
fic book

ep 20.1

48.3K 4.8K 313
By reta-nan

" ဟိုေလ.............. ကြ်န္မက ( ............) မွာေနတာပါ ။ ဒီလမ္းက သြားရင္ ေ၀းတယ္ ''

နီလာသည္ ေနာက္ခန္းမွာထိုင္ၿပီး စြဲညိဳ႕နဲ႕ ခ်မ္းက ေရွ႕ခန္းမွာထိုင္ေလ၏ ။ ကားေပၚေရာက္ေတာ့ စြဲညိဳ႕လက္ညိဳးထိုးျပတဲ့လမ္းကို ခ်မ္းက ေမာင္းတာမို႕ ဘုမသိဘမမသိနဲ႕လိုက္လာသည့္ နီလာကေနာက္ခန္းကေန သူ႕ကိုလွမ္းေျပာလာသည္ ။ ခ်မ္းက စြဲညိဳ႕ကိုလွမ္းအကဲခတ္ၾကည့္ေတာ့ စြဲညိဳ႕က မ်က္ႏွာေသနဲ႕ ခဏမွ်တိတ္ဆိတ္ေနၿပီး လမ္းဖက္ကိုလွည့္ၾကည့္လိုက္သည္ ။

" ရပ္လို႕ရၿပီ.............. ''

" ဘာ .......... ''

" ရွင္ ................. ''

စြဲညိဳ႕ဘာေျပာလိုက္ပါလိမ့္ ။ ခ်မ္းနဲ႕ နီလာဆီက အာေမဋိတ္သံၿပိဳင္တူထြက္လာ၍ စြဲညိဳ႕ သူတို႕ဖက္တစ္ဖန္ျပန္လွည့္လာသည္ ။

" ဒီေနရာကေန Taxi ငွါးသြားလိုက္ပါ အမိ ။ က်ဳပ္တျခားသြားစရာေနရာရွိေသးလို႕ အိမ္ထိ လိုက္မပို႕ေပးႏိုင္ေတာ့ဘူး ''

" ဒါေပမယ့္ ........ ကြ်န္မက ..........''

" ဘီယာေလး ႏွစ္ဘူးေလာက္ေသာက္ရံုနဲ႕ ဘယ္သူမွ မမူးႏိုင္ပါဘူး ။ ေက်းဇူးျပဳၿပီး တန္ဖိုးရွိတဲ့က်ဴပ္အခ်ိန္ေတြကို မျဖဳန္းေပးဖို႕ ေမွ်ာ္လင့္ပါတယ္ ''

မထင္မွတ္ထားတဲ့ စြဲညိဳ႕ရဲ႕တုန္႕ျပန္မႈက လူႀကီးလူေကာင္းမဆန္ေပမယ့္ အရမ္းျပတ္သားလြန္းသည္ ။ နီလာသည္ ရွက္ရြံ႕ေဒါသထြက္ေနေပမယ့္ ျပန္လည္ေခ်ပစရာစကားမရွိ ။ အဲ့အစား ခ်မ္းကို အားကိုတႀကီးၾကည့္လာသည္ကို စြဲညိဳ႕ ျမင္ျဖစ္ေအာင္ျမင္လိုက္၍ ခပ္မဲ့မဲ့တစ္ခ်က္ၿပံဳးလိုက္သည္ ။

" ၿငိမ္းခ်မ္း ............ မင္းသူ႕ကိုသေဘာက်ေနတာလား ။ ဒါဆုိရင္ သူနဲ႕အတူလိုက္ဆင္းလို႕ရတယ္ ။ မင္းတို႕ႏွစ္ေယာက္အေၾကာင္းကို ကုမၸဏီေရာက္ရင္ မရွိခဲ့ဖူးသလို ငါေနေပးမယ္ ''

" မဟုတ္ ............... အဲ့လုိမဟုတ္ပါဘူး ။ ငါနဲ႕နီလာၾကား နားလည္မႈေတြလဲြကုန္လို႕ပါ ။ အဲ့အတြက္ နီလာကိုလည္း ငါေတာင္းပန္ပါတယ္ ။ တကယ္ေတာ့ ............ ငါ့မွာ ရည္းစားရွိပါတယ္ ။ နင့္ကို လူေတြၾကားအထင္လႊဲေအာင္ လုပ္မိတာေတြအတြက္ စိတ္မေကာင္းပါဘူး ''

ၿငိမ္းခ်မ္းသည္ သူမဖက္ကိုလွည့္ကာ တစ္ခ်က္ေတာင္းပန္လိုက္ေတာ့ နီလာသည္ မ်က္စိမ်က္နွာအပ်က္ပ်က္နဲ႕ ကားတံခါးကို ဆြဲဖြင့္ကာ ေျပးထြက္သြားေလသည္ ။

သူမကို ခပ္လွမ္းလွမ္းကၾကည့္ၿပီး ခ်မ္းက စိတ္မသက္သာစြာနဲ႕ ေခါင္းတစ္ခ်က္ယမ္းကာ စြဲညိဳ႕ကိုၾကည့္လိုက္သည္ ။

" မင္းေတာ္ေတာ္ အူပုတ္တာပဲ ။ မိန္းကေလးတစ္ေယာက္ကို လမ္းမွာ ျဖစ္သလိုထားခဲ့လို႕ေကာင္းပါ့မလား ။ ခဏ ......... ငါ သူ႕ကို Taxi ငွါးကူလိုက္ဦးမယ္ ''

ခ်မ္း,သည္ ကားတံခါးကို ဆြဲဖြင့္ရန္အျပဳ စြဲညိဳ႕က အေရးမစိုက္သလိုနဲ႕ သြားၾကားထုိးတံေလးကို သြားၾကားညွပ္ရင္း စိမ့္ေျပနေျပထိုင္ထိုးကာ ကားကူရွင္ေပၚ မွီအိပ္လိုက္ရင္း ေျပာလိုက္သည္ ။

" မင္းက လူတကာအေပၚ ေမတၱာထားတတ္တာပဲ ။ ရတယ္ေလ ..... သြားပါ ။ ဒါေပမယ့္ မင္း သူ႕ဆီအခုသြားလိုက္တာနဲ႕ ေနာက္ရက္ ငါသူ႕ကို အလုပ္ထုတ္ၿပီးသားပဲ ''

" စြဲညိဳ႕ေစႏိုင္ ..............''

" ဗ်ာ ............... ဗ် ''

ခ်မ္း ေဒါသထြက္ေနတာေတာင္ စြဲညိဳ႕က မ်က္ႏွာေျပာင္မပ်က္ ။ ခ်မ္း စိတ္ပူေနတာ တစ္ခုရွိေသးသည္ ။ ဒါက .......

" မေတာ္လို႕ နီလာက ကုမၸဏီမွာ မင္း ဒီေန႕သူ႕ကို လုပ္ခဲ့တာကို မေကာင္းသတင္းျပန္ျဖန္႕ရင္ ဘယ္လိုလုပ္မလဲ ။ နဂိုတည္းက မင္းက Chairman ရဲ႕ သားမို႕ လူေတြက လူေပၚေၾကာ့ထင္ၿပီး အထင္အျမင္ေသးခ်င္ေနၾကတာေလ ''

" မပူနဲ႕ .......... နီလာ ဒီကိစၥကို လံုး၀ အစေဖာ္ရဲမွာမဟုတ္ဘူး ။ ဘာလို႕ဆို သူက သူ႕ကိုယ္သူ သိပ္အထင္ႀကီးၿပီး ေယာက်ာၤးတိုင္း သူ႕ကိုႀကိဳက္ေနတာလို႕ ထင္ေနတာေလ ။ သူသာ ကုမၸဏီမွာ ဒီေန႕ကိစၥကို ထုတ္ေျပာလိုက္ရင္ သူပဲ သိကၡာက်မွာ။ သူအဲ့လို အျဖစ္ခံမွာ မဟုတ္ဘူး ။ မယံုရင္ ေစာင့္ၾကည့္လုိက္ ...... ရက္ပိုင္းအတြင္း ရရာ ေယာက်ၤားတစ္ေယာက္ကို ေကာက္တြဲၿပီး သူဘယ္ေလာက္ စြံေၾကာင္း ၾကြားေနလိမ့္မယ္ ။ ေယာက်ၤားႏွစ္ေယာက္ဆီက ၿပိဳင္တူအျငင္းခံလိုက္ရၿပီး ကားေပၚကေန ေမာင္းခ်ခံရတယ္လို႕ လူသိခံမယ့္အစား ဘယ္ေယာက်ၤားကိုမဆိုု ေခါင္းေခါက္ယူလို႕ရတယ္ဆိုၿပီး မ႑ိဳင္တက္ျပလိမ့္မယ္ ''

"  မင္းအေတြးနဲ႕မင္းကေတာ့ ဟုတ္ေနတာပဲ ။ ဒါေၾကာင့္ နည္းနည္းမွ မအားနာပဲ သူ႕ကိုေမာင္းခ်တာေပါ့ ။ မင္းက လူမႈေရးေခါင္ပါးတယ္လို႕ထင္ရေပမယ့္ တစ္ခါတေလက် ဆံုးျဖတ္ခ်က္ျပတ္သားၿပီး အားမနာတတ္တဲ့ ဉာဏ္ႀကီးရွင္တစ္ေယာက္ပဲ ''

" ငါပါ...... မင္းရဲ႕ဘဲေလကြာ ၊ ဒီေလာက္ေတာ့ ေအးေဆးပါ ............. စြဲညိဳ႕ေစႏိုင္ဆိုတဲ့ေကာင္က ခ်မ္းဆိုတဲ့ ဘဲေခ်ာေလးတစ္ေယာက္တည္းကိုပဲ ေအာက္က်ခံတဲ့ေကာင္ပါကြ ။ က်န္တဲ့ဟာေတြကုိေတာ့ မ်က္စိစပါးေမႊးကို အစူးမခံဘူး ...... အကုန္ရွင္းထုတ္မွာ ............ အထူးသျဖင့္ မင္းနဲ႕ ပက္သက္လာရင္ေပါ့ ။ မင္းသိလား ......... ခ်မ္း ။ မင္းက ငါ့အတြက္ အရာရာပါ ။ ငါအသက္ရွင္ရျခင္းအေၾကာင္းရင္းကလည္း မင္းေၾကာင့္ပဲ ျဖစ္ေစခ်င္တာပါ ''

စြဲညိဳ႕ရဲ႕ အေျပာေတြၾကား ခ်မ္းတစ္ေယာက္ မ်က္ရည္၀ဲတက္လာသည္ ။ အခ်စ္က တစ္ခါတေလ ဘာမဟုတ္တဲ့ စကားတစ္ခြန္းနဲ႕ေတာင္ လူကို အရည္ေပ်ာ္ေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္ ။

ခ်မ္း ရုတ္တရက္ႀကီး မ်က္ရည္ေလး စမ္းစမ္း စမ္းစမ္းနဲ႕ စြဲညိဳ႕ရဲ႕ ခါးကိုဖက္ကာ ရင္ခြင္ထဲ ခိုမွီလာေတာ့ စြဲညိဳ႕တစ္ေယာက္ ပီတိကို အားရပါးရစားသံုးက ခ်မ္းရဲ႕ ေက်ာျပင္ကုိ သာသာေလး ပြတ္သပ္ရင္း နားသယ္စကို တစ္္ခ်က္နမ္းရိူက္လိုုက္သည္ ။

" ေဟာ ........... ဘာလို႕ငို ။ ငါမင္းကို လက္ထပ္ခြင့္ေတာင္းေနတာမွ မဟုတ္ေသးတာ ။ ခုေတာင္ ဒီေလာက္၀မ္းသာလံုးစို႕ေနတာ ၊ ငါ မင္းကို လက္ထပ္ခြင့္ေတာင္းတဲ့ေန႕ေရာက္ရင္ အေပ်ာ္လြန္ၿပီး မူးလဲသြားမွာေတာင္ စိုုးရိမ္လာၿပီ "'

" အပိုေတြမေျပာနဲ႕ .. ............. ရွက္ပါတယ္ဆိုမွ ။ ဒါနဲ႕ စကားမစပ္ လက္ထပ္ခြင့္ေတာင္းတဲ့ေန႕က်ရင္ေလ ပန္းစည္းေတြ အရုပ္ေတြအစား မုန္႕ဘူးႀကီးေတြနဲ႕ေတာင္းေနာ္ ။ ဒါဆို လက္စြပ္လည္းရ ဗိုက္လည္း ၀တယ္ ''

" ဟား .................. မင္းေတာ့ နာေတာ့မယ္ ''

နာေတာ့မယ္ဆိုတာ စကားအျဖစ္ေျပာတာပါ ။ တကယ့္လက္ေတြ႕မွာ စြဲညိဳ႕တစ္ေယာက္ ခ်မ္းကို လက္ဖ်ားနဲ႕ေတာင္ မထိရက္ခဲ့ပါဘူး ။ ဒါေပမယ့္ ၾကင္ၾကင္နာနာ ႏူတ္ခမ္းဖ်ားနဲ႕ေတာ့ က်ီစားမိတာေပါ့။ ကာယကံရွင္က ၾကည္ျဖဴရင္ ျပဳလုပ္တဲ့သူအဖို႕လည္း အျပစ္မေျမာက္ဘူးမဟုတ္လား ။

နီလာ Taxi ေပၚေရာက္သြားမွ သူတို႕အိမ္ကို ျပန္လာခဲ့လိုက္ေလသည္ ။ အိမ္ေရာက္တာနဲ႕ စြဲညိဳ႕က ေရအရင္ခ်ိဳးၿပီး ခ်မ္းသည္ စြဲညိဳ႕၏ အလုပ္ခန္းကို ကူးလာလိုက္သည္ ။

" ငါ မင္းကို ကူညီႏိုင္တာ ဘာရွိလဲ ......... စြဲညိဳ႕ ''

" ရွိတယ္ .......... ဒီနားလာထိုင္ ။ မင္း ငါ့အနားရွိရင္ အလုပ္ပင္ပန္းရင္ေတာင္ စိတ္ခ်မ္းသာတယ္ ''

ခ်မ္း သည္ကိုေရာက္ကတည္းက အိမ္ေနရင္း အ၀တ္စားေတြဆို စြဲညိဳ႕ရဲ႕ အ၀တ္စားေတြကိုသာ အဆင္ေျပသလို ေကာက္စြပ္သည္မို႕ သူ႕အ၀တ္အစား ကိုယ့္အ၀တ္စားဆိုၿပီး ခြဲလို႕ေတာင္ သိပ္မရခ်င္ေတာ့ ။ ခ်မ္းက ထုိင္ခံုေလးတစ္ခံုယူကာ စြဲညိဳ႕အနားထိုင္ၿပီး စားပြဲေပၚေခါင္းမွီအိပ္လွ်က္ စြဲညိဳ႕မ်က္ႏွာကို ေငးေမာၾကည့္ေနလိုက္သည္ ။

" ငါ့ဘဲက ေခ်ာလိုက္တာ .................... ''

" ဘာ ........... ဘာႀကီး ။ မင္းဘာေျပာလုိက္တယ္ .............. ''

သူမ်ား နားၾကားမွားသြားသလားဟု စြဲညိဳ႕က ေတြးထင္လွ်က္ ခ်မ္းကိုျပန္စိုက္ၾကည့္ကာ အထစ္ထစ္အေငါ့ေငါ့နဲ႕ေျပာလိုက္ေတာ့ ခ်မ္းက ေျပေျပေလးေျပာလိုက္သည္ ။

" မင္းက အရမ္းေခ်ာတာပဲ ............... မင္း အလုပ္လုပ္ေနတဲ့အခ်ိန္ဆို အရမ္းဆြဲေဆာင္မႈရွိလြန္းတယ္ ။ မင္းက အထင္ႀကီးဖို႕လည္းေကာင္းတယ္ ။ အသက္ငယ္တယ္ ၊ ရုပ္ေခ်ာတယ္ ၊ ပိုက္ဆံရွိတယ္ ၊ အရည္အခ်င္းရွိတယ္ ၊ မင္းဘာလုပ္လုပ္ ေလးစားစရာေကာင္းၿပီး မင္းစကားအခြန္းတိုင္းက ၾသဇာအာဏာျပည့္၀လြန္းတယ္ ။ မင္းက ျပည့္စံုတယ္ဆိုတာထက္ ပိုၿပီး ျပည့္စံုလြန္းတယ္ .......... စြဲညိဳ႕ ''

Keyboard ေပၚမွာတင္ထားတဲ့ စြဲညိဳ႕ရဲ႕ လက္ေခ်ာင္းတို႕သည္ အားမရွိသလိုပင္ေပ်ာ့ေခြသြားသည္ ။ ခ်စ္တယ္ဆိုတဲ့စကားကိုေတာင္ ကပ္ေစးနည္းစြာနဲ႕ ေခြ်တာေျပာတတ္တဲ့ ခ်စ္သူေလးက သူ႕ကိုခ်ီးမြမ္းခန္းဖြင့္သြားလို႕ လူက ေက်နပ္တာထက္ေက်နပ္မိသြားသည္ ။

" ခ်မ္း ................''

" ရတယ္ ............ ငါ့ကို ျပန္မခ်ီးမြမ္းနဲ႕ ။ ငါ့မွာက မင္းခ်ီးမြမ္းလို႕ထိုက္ေလာက္တဲ့ အရည္အခ်င္းမ်ိဳးမရွိဘူး ''

ခ်မ္းသည္ စားပြဲေပၚမွီအိပ္ထားရာမွ ခါးမတ္လိုက္ကာ လက္ကိုကာျပရင္း မ်က္ႏွာေျပာင္ျပေတာ့ စြဲညိဳ႕က ယုတ္မာတဲ့အၾကည့္နဲ႕ တစ္ခ်က္မဲ့ၿပံဳးၿပံဳးရင္း ခ်မ္း၏ ထိုင္ခံုကို သူ႕အနားထိေရာက္ေအာင္ ဆြဲယူလိုက္သည္ ။

" မဟုတ္ဘူး ............... မင္းကို ဆုေပးမလို႕ ။ သံုးနာရီဆက္တိုက္ kissing ဆြဲေပးရမလား ဒါမွမဟုတ္ မိုးလင္းေပါက္ ဂိမ္းကစားၾကမလား ႀကိဳက္တာေရြး ''

" မင္း မညစ္ပတ္နဲ႕ေနာ္ ............ စြဲညိဳ႕ ။ ငါ ေစာေစာအိပ္ ............. အြန္႕ ..... ''

စြဲညိဳ႕သည္ နည္းလမ္းႏွစ္ခုလံုးကို သူ႕သေဘာနဲ႕သူ ေရြးလိုက္ဟန္တူသည္ ။ ခုရက္ပိုင္း ဒီလိုေလးမထိေတြ႕ရတာ ဘယ္ေလာက္ေတာင္ၾကာၿပီမွတ္လဲ ။ အလုပ္လုပ္ရင္းနဲ႕ေတာ့ ေသမသြားခ်င္ပါဘူး ။ အခ်ိန္ရွိခိုက္ လံုးလစိုက္ .......... ခ်မ္းကို အခ်ိန္ရွိသေလာက္ ခ်စ္ပစ္လိုက္ခ်င္တာ ။

ခ်ယ္ရီသီးလို ခပ္ဖူးဖူးႏူတ္ခမ္းေလးကို ညင္သာစြာစုပ္ယူနမ္းရိူက္ၿပီးေနာက္ ေအာက္ႏူတ္ခမ္းေလးကို အတန္ၾကာ ခဲထားမိေလသည္ ။ အာေငြ႕ေႏြးေႏြးေလးနဲ႕ ခ်စ္သူရဲ႕မ်က္ႏွာျပင္အနွံ႕ကို ထိေတြ႕ေစၿပီး အရွိန္ကို ျမင့္တင္လိုက္၏ ။

" အ .... ခဏ ....... ခဏ ''

ခ်မ္း ရုတ္တရက္ႀကီး စြဲညိဳ႕ရင္ဘတ္ကို တြန္းထုတ္လိုက္၍ စြဲညိဳ႕က အလိုမက်စြာနဲ႕ မ်က္ခံုးေတြ တြန္႕ခ်ိဳးလာသည္ ။

" ဘာထျဖစ္တာလဲ .......... အကုန္လံုး အဆင္ေျပေနတဲ့ ဟာကို ''

" မင္းအဆင္ေျပေပမယ့္ ငါအဆင္မေျပဘူး ငလူးေကာင္ရဲ႕ ။ မင္းက ငါ့ေကာ္လံကို ဆြဲယူၿပီး ဇိမ္နဲ႕နမ္းေနတာ ၊ ငါက် ကုန္းကုန္းကြကြနဲ႕ ငံု႕နမ္းေနရတယ္ ။ ဒါ ေနရာမွားေနသလားလို႕ ............ ''

" ဟဟား ............. ဒါေၾကာင့္ကိုး ။ ေရႊစိတ္ေတာ္မညိဳျငင္ပါနဲ႕ ေရႊမင္းသားေလးရယ္ ။ အရွင့္ကြ်န္သေဘာေပါက္ၿပီမို႕ ေနရာျပန္ခ်ိန္းေပးပါ့မယ္ ''

စြဲညိဳ႕ရဲ႕ တဟားဟားနဲ႕ ရယ္ေမာသံက အခန္းထဲမွာ ခ်မ္းရဲ႕ ဆဲသံနဲ႕အတူ ျပည့္လွ်ံသြားေလသည္ ။ ထိုေန႕ည အလုပ္စားပြဲေပၚက ဖိုင္တြဲေတြက အထီးက်န္စြာတဲ့ ပိုင္ရွင္ကို ေစာင့္ေနေသာ္လည္း ပိုင္ရွင္ျဖစ္သူက ထိုအလုပ္ခန္းသို႕ ေယာင္လို႕ပင္လိုက္မလာေတာ့ေခ် ။ ထို႕အစား အိပ္ခန္းထက္ဆီက ႏွစ္ေယာက္အိပ္ေမြ႕ယာႀကီးက ထိုအလုပ္ခန္းေလးကို ေျပာင္ေလွာင္ကာ ရယ္ေမာေနေလရဲ႕ ။

*******************

31.3.2019

Unicode

" ဟိုလေ.............. ကျွန်မက ( ............) မှာနေတာပါ ။ ဒီလမ်းက သွားရင် ဝေးတယ် ''

နီလာသည် နောက်ခန်းမှာထိုင်ပြီး စွဲညို့နဲ့ ချမ်းက ရှေ့ခန်းမှာထိုင်လေ၏ ။ ကားပေါ်ရောက်တော့ စွဲညို့လက်ညိုးထိုးပြတဲ့လမ်းကို ချမ်းက မောင်းတာမို့ ဘုမသိဘမမသိနဲ့လိုက်လာသည့် နီလာကနောက်ခန်းကနေ သူ့ကိုလှမ်းပြောလာသည် ။ ချမ်းက စွဲညို့ကိုလှမ်းအကဲခတ်ကြည့်တော့ စွဲညို့က မျက်နှာသေနဲ့ ခဏမျှတိတ်ဆိတ်နေပြီး လမ်းဖက်ကိုလှည့်ကြည့်လိုက်သည် ။

" ရပ်လို့ရပြီ.............. ''

" ဘာ .......... ''

" ရှင် ................. ''

စွဲညို့ဘာပြောလိုက်ပါလိမ့် ။ ချမ်းနဲ့ နီလာဆီက အာမေဋိတ်သံပြိုင်တူထွက်လာ၍ စွဲညို့ သူတို့ဖက်တစ်ဖန်ပြန်လှည့်လာသည် ။

" ဒီနေရာကနေ Taxi ငှါးသွားလိုက်ပါ အမိ ။ ကျုပ်တခြားသွားစရာနေရာရှိသေးလို့ အိမ်ထိ လိုက်မပို့ပေးနိုင်တော့ဘူး ''

" ဒါပေမယ့် ........ ကျွန်မက ..........''

" ဘီယာလေး နှစ်ဘူးလောက်သောက်ရုံနဲ့ ဘယ်သူမှ မမူးနိုင်ပါဘူး ။ ကျေးဇူးပြုပြီး တန်ဖိုးရှိတဲ့ကျူပ်အချိန်တွေကို မဖြုန်းပေးဖို့ မျှော်လင့်ပါတယ် ''

မထင်မှတ်ထားတဲ့ စွဲညို့ရဲ့တုန့်ပြန်မှုက လူကြီးလူကောင်းမဆန်ပေမယ့် အရမ်းပြတ်သားလွန်းသည် ။ နီလာသည် ရှက်ရွံ့ဒေါသထွက်နေပေမယ့် ပြန်လည်ချေပစရာစကားမရှိ ။ အဲ့အစား ချမ်းကို အားကိုတကြီးကြည့်လာသည်ကို စွဲညို့ မြင်ဖြစ်အောင်မြင်လိုက်၍ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်သည် ။

" ငြိမ်းချမ်း ............ မင်းသူ့ကိုသဘောကျနေတာလား ။ ဒါဆိုရင် သူနဲ့အတူလိုက်ဆင်းလို့ရတယ် ။ မင်းတို့နှစ်ယောက်အကြောင်းကို ကုမ္ပဏီရောက်ရင် မရှိခဲ့ဖူးသလို ငါနေပေးမယ် ''

" မဟုတ် ............... အဲ့လိုမဟုတ်ပါဘူး ။ ငါနဲ့နီလာကြား နားလည်မှုတွေလွဲကုန်လို့ပါ ။ အဲ့အတွက် နီလာကိုလည်း ငါတောင်းပန်ပါတယ် ။ တကယ်တော့ ............ ငါ့မှာ ရည်းစားရှိပါတယ် ။ နင့်ကို လူတွေကြားအထင်လွှဲအောင် လုပ်မိတာတွေအတွက် စိတ်မကောင်းပါဘူး ''

ငြိမ်းချမ်းသည် သူမဖက်ကိုလှည့်ကာ တစ်ချက်တောင်းပန်လိုက်တော့ နီလာသည် မျက်စိမျက်နှာအပျက်ပျက်နဲ့ ကားတံခါးကို ဆွဲဖွင့်ကာ ပြေးထွက်သွားလေသည် ။

သူမကို ခပ်လှမ်းလှမ်းကကြည့်ပြီး ချမ်းက စိတ်မသက်သာစွာနဲ့ ခေါင်းတစ်ချက်ယမ်းကာ စွဲညို့ကိုကြည့်လိုက်သည် ။

" မင်းတော်တော် အူပုတ်တာပဲ ။ မိန်းကလေးတစ်ယောက်ကို လမ်းမှာ ဖြစ်သလိုထားခဲ့လို့ကောင်းပါ့မလား ။ ခဏ ......... ငါ သူ့ကို Taxi ငှါးကူလိုက်ဦးမယ် ''

ချမ်း,သည် ကားတံခါးကို ဆွဲဖွင့်ရန်အပြု စွဲညို့က အရေးမစိုက်သလိုနဲ့ သွားကြားထိုးတံလေးကို သွားကြားညှပ်ရင်း စိမ့်ပြေနပြေထိုင်ထိုးကာ ကားကူရှင်ပေါ် မှီအိပ်လိုက်ရင်း ပြောလိုက်သည် ။

" မင်းက လူတကာအပေါ် မေတ္တာထားတတ်တာပဲ ။ ရတယ်လေ ..... သွားပါ ။ ဒါပေမယ့် မင်း သူ့ဆီအခုသွားလိုက်တာနဲ့ နောက်ရက် ငါသူ့ကို အလုပ်ထုတ်ပြီးသားပဲ ''

" စွဲညို့စေနိုင် ..............''

" ဗျာ ............... ဗျ ''

ချမ်း ဒေါသထွက်နေတာတောင် စွဲညို့က မျက်နှာပြောင်မပျက် ။ ချမ်း စိတ်ပူနေတာ တစ်ခုရှိသေးသည် ။ ဒါက .......

" မတော်လို့ နီလာက ကုမ္ပဏီမှာ မင်း ဒီနေ့သူ့ကို လုပ်ခဲ့တာကို မကောင်းသတင်းပြန်ဖြန့်ရင် ဘယ်လိုလုပ်မလဲ ။ နဂိုတည်းက မင်းက Chairman ရဲ့ သားမို့ လူတွေက လူပေါ်ကြော့ထင်ပြီး အထင်အမြင်သေးချင်နေကြတာလေ ''

" မပူနဲ့ .......... နီလာ ဒီကိစ္စကို လုံး၀ အစဖော်ရဲမှာမဟုတ်ဘူး ။ ဘာလို့ဆို သူက သူ့ကိုယ်သူ သိပ်အထင်ကြီးပြီး ယောကျာၤးတိုင်း သူ့ကိုကြိုက်နေတာလို့ ထင်နေတာလေ ။ သူသာ ကုမ္ပဏီမှာ ဒီနေ့ကိစ္စကို ထုတ်ပြောလိုက်ရင် သူပဲ သိက္ခာကျမှာ။ သူအဲ့လို အဖြစ်ခံမှာ မဟုတ်ဘူး ။ မယုံရင် စောင့်ကြည့်လိုက် ...... ရက်ပိုင်းအတွင်း ရရာ ယောကျၤားတစ်ယောက်ကို ကောက်တွဲပြီး သူဘယ်လောက် စွံကြောင်း ကြွားနေလိမ့်မယ် ။ ယောကျၤားနှစ်ယောက်ဆီက ပြိုင်တူအငြင်းခံလိုက်ရပြီး ကားပေါ်ကနေ မောင်းချခံရတယ်လို့ လူသိခံမယ့်အစား ဘယ်ယောကျၤားကိုမဆို ခေါင်းခေါက်ယူလို့ရတယ်ဆိုပြီး မဏ္ဍိုင်တက်ပြလိမ့်မယ် ''

"  မင်းအတွေးနဲ့မင်းကတော့ ဟုတ်နေတာပဲ ။ ဒါကြောင့် နည်းနည်းမှ မအားနာပဲ သူ့ကိုမောင်းချတာပေါ့ ။ မင်းက လူမှုရေးခေါင်ပါးတယ်လို့ထင်ရပေမယ့် တစ်ခါတလေကျ ဆုံးဖြတ်ချက်ပြတ်သားပြီး အားမနာတတ်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ ''

" ငါပါ...... မင်းရဲ့ဘဲလေကွာ ၊ ဒီလောက်တော့ အေးဆေးပါ ............. စွဲညို့စေနိုင်ဆိုတဲ့ကောင်က ချမ်းဆိုတဲ့ ဘဲချောလေးတစ်ယောက်တည်းကိုပဲ အောက်ကျခံတဲ့ကောင်ပါကွ ။ ကျန်တဲ့ဟာတွေကိုတော့ မျက်စိစပါးမွှေးကို အစူးမခံဘူး ...... အကုန်ရှင်းထုတ်မှာ ............ အထူးသဖြင့် မင်းနဲ့ ပက်သက်လာရင်ပေါ့ ။ မင်းသိလား ......... ချမ်း ။ မင်းက ငါ့အတွက် အရာရာပါ ။ ငါအသက်ရှင်ရခြင်းအကြောင်းရင်းကလည်း မင်းကြောင့်ပဲ ဖြစ်စေချင်တာပါ ''

စွဲညို့ရဲ့ အပြောတွေကြား ချမ်းတစ်ယောက် မျက်ရည်ဝဲတက်လာသည် ။ အချစ်က တစ်ခါတလေ ဘာမဟုတ်တဲ့ စကားတစ်ခွန်းနဲ့တောင် လူကို အရည်ပျော်အောင် စွမ်းဆောင်နိုင်ပါတယ် ။

ချမ်း ရုတ်တရက်ကြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ စွဲညို့ရဲ့ ခါးကိုဖက်ကာ ရင်ခွင်ထဲ ခိုမှီလာတော့ စွဲညို့တစ်ယောက် ပီတိကို အားရပါးရစားသုံးက ချမ်းရဲ့ ကျောပြင်ကို သာသာလေး ပွတ်သပ်ရင်း နားသယ်စကို တစ်ချက်နမ်းရိူက်လိုက်သည် ။

" ဟော ........... ဘာလို့ငို ။ ငါမင်းကို လက်ထပ်ခွင့်တောင်းနေတာမှ မဟုတ်သေးတာ ။ ခုတောင် ဒီလောက်ဝမ်းသာလုံးစို့နေတာ ၊ ငါ မင်းကို လက်ထပ်ခွင့်တောင်းတဲ့နေ့ရောက်ရင် အပျော်လွန်ပြီး မူးလဲသွားမှာတောင် စိုးရိမ်လာပြီ "'

" အပိုတွေမပြောနဲ့ .. ............. ရှက်ပါတယ်ဆိုမှ ။ ဒါနဲ့ စကားမစပ် လက်ထပ်ခွင့်တောင်းတဲ့နေ့ကျရင်လေ ပန်းစည်းတွေ အရုပ်တွေအစား မုန့်ဘူးကြီးတွေနဲ့တောင်းနော် ။ ဒါဆို လက်စွပ်လည်းရ ဗိုက်လည်း ဝတယ် ''

" ဟား .................. မင်းတော့ နာတော့မယ် ''

နာတော့မယ်ဆိုတာ စကားအဖြစ်ပြောတာပါ ။ တကယ့်လက်တွေ့မှာ စွဲညို့တစ်ယောက် ချမ်းကို လက်ဖျားနဲ့တောင် မထိရက်ခဲ့ပါဘူး ။ ဒါပေမယ့် ကြင်ကြင်နာနာ နူတ်ခမ်းဖျားနဲ့တော့ ကျီစားမိတာပေါ့။ ကာယကံရှင်က ကြည်ဖြူရင် ပြုလုပ်တဲ့သူအဖို့လည်း အပြစ်မမြောက်ဘူးမဟုတ်လား ။

နီလာ Taxi ပေါ်ရောက်သွားမှ သူတို့အိမ်ကို ပြန်လာခဲ့လိုက်လေသည် ။ အိမ်ရောက်တာနဲ့ စွဲညို့က ရေအရင်ချိုးပြီး ချမ်းသည် စွဲညို့၏ အလုပ်ခန်းကို ကူးလာလိုက်သည် ။

" ငါ မင်းကို ကူညီနိုင်တာ ဘာရှိလဲ ......... စွဲညို့ ''

" ရှိတယ် .......... ဒီနားလာထိုင် ။ မင်း ငါ့အနားရှိရင် အလုပ်ပင်ပန်းရင်တောင် စိတ်ချမ်းသာတယ် ''

ချမ်း သည်ကိုရောက်ကတည်းက အိမ်နေရင်း အဝတ်စားတွေဆို စွဲညို့ရဲ့ အဝတ်စားတွေကိုသာ အဆင်ပြေသလို ကောက်စွပ်သည်မို့ သူ့အဝတ်အစား ကိုယ့်အဝတ်စားဆိုပြီး ခွဲလို့တောင် သိပ်မရချင်တော့ ။ ချမ်းက ထိုင်ခုံလေးတစ်ခုံယူကာ စွဲညို့အနားထိုင်ပြီး စားပွဲပေါ်ခေါင်းမှီအိပ်လျှက် စွဲညို့မျက်နှာကို ငေးမောကြည့်နေလိုက်သည် ။

" ငါ့ဘဲက ချောလိုက်တာ .................... ''

" ဘာ ........... ဘာကြီး ။ မင်းဘာပြောလိုက်တယ် .............. ''

သူများ နားကြားမှားသွားသလားဟု စွဲညို့က တွေးထင်လျှက် ချမ်းကိုပြန်စိုက်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်တော့ ချမ်းက ပြေပြေလေးပြောလိုက်သည် ။

" မင်းက အရမ်းချောတာပဲ ............... မင်း အလုပ်လုပ်နေတဲ့အချိန်ဆို အရမ်းဆွဲဆောင်မှုရှိလွန်းတယ် ။ မင်းက အထင်ကြီးဖို့လည်းကောင်းတယ် ။ အသက်ငယ်တယ် ၊ ရုပ်ချောတယ် ၊ ပိုက်ဆံရှိတယ် ၊ အရည်အချင်းရှိတယ် ၊ မင်းဘာလုပ်လုပ် လေးစားစရာကောင်းပြီး မင်းစကားအခွန်းတိုင်းက သြဇာအာဏာပြည့်ဝလွန်းတယ် ။ မင်းက ပြည့်စုံတယ်ဆိုတာထက် ပိုပြီး ပြည့်စုံလွန်းတယ် .......... စွဲညို့ ''

Keyboard ပေါ်မှာတင်ထားတဲ့ စွဲညို့ရဲ့ လက်ချောင်းတို့သည် အားမရှိသလိုပင်ပျော့ခွေသွားသည် ။ ချစ်တယ်ဆိုတဲ့စကားကိုတောင် ကပ်စေးနည်းစွာနဲ့ ချွေတာပြောတတ်တဲ့ ချစ်သူလေးက သူ့ကိုချီးမွမ်းခန်းဖွင့်သွားလို့ လူက ကျေနပ်တာထက်ကျေနပ်မိသွားသည် ။

" ချမ်း ................''

" ရတယ် ............ ငါ့ကို ပြန်မချီးမွမ်းနဲ့ ။ ငါ့မှာက မင်းချီးမွမ်းလို့ထိုက်လောက်တဲ့ အရည်အချင်းမျိုးမရှိဘူး ''

ချမ်းသည် စားပွဲပေါ်မှီအိပ်ထားရာမှ ခါးမတ်လိုက်ကာ လက်ကိုကာပြရင်း မျက်နှာပြောင်ပြတော့ စွဲညို့က ယုတ်မာတဲ့အကြည့်နဲ့ တစ်ချက်မဲ့ပြုံးပြုံးရင်း ချမ်း၏ ထိုင်ခုံကို သူ့အနားထိရောက်အောင် ဆွဲယူလိုက်သည် ။

" မဟုတ်ဘူး ............... မင်းကို ဆုပေးမလို့ ။ သုံးနာရီဆက်တိုက် kissing ဆွဲပေးရမလား ဒါမှမဟုတ် မိုးလင်းပေါက် ဂိမ်းကစားကြမလား ကြိုက်တာရွေး ''

" မင်း မညစ်ပတ်နဲ့နော် ............ စွဲညို့ ။ ငါ စောစောအိပ် ............. အွန့် ..... ''

စွဲညို့သည် နည်းလမ်းနှစ်ခုလုံးကို သူ့သဘောနဲ့သူ ရွေးလိုက်ဟန်တူသည် ။ ခုရက်ပိုင်း ဒီလိုလေးမထိတွေ့ရတာ ဘယ်လောက်တောင်ကြာပြီမှတ်လဲ ။ အလုပ်လုပ်ရင်းနဲ့တော့ သေမသွားချင်ပါဘူး ။ အချိန်ရှိခိုက် လုံးလစိုက် .......... ချမ်းကို အချိန်ရှိသလောက် ချစ်ပစ်လိုက်ချင်တာ ။

ချယ်ရီသီးလို ခပ်ဖူးဖူးနူတ်ခမ်းလေးကို ညင်သာစွာစုပ်ယူနမ်းရိူက်ပြီးနောက် အောက်နူတ်ခမ်းလေးကို အတန်ကြာ ခဲထားမိလေသည် ။ အာငွေ့နွေးနွေးလေးနဲ့ ချစ်သူရဲ့မျက်နှာပြင်အနှံ့ကို ထိတွေ့စေပြီး အရှိန်ကို မြင့်တင်လိုက်၏ ။

" အ .... ခဏ ....... ခဏ ''

ချမ်း ရုတ်တရက်ကြီး စွဲညို့ရင်ဘတ်ကို တွန်းထုတ်လိုက်၍ စွဲညို့က အလိုမကျစွာနဲ့ မျက်ခုံးတွေ တွန့်ချိုးလာသည် ။

" ဘာထဖြစ်တာလဲ .......... အကုန်လုံး အဆင်ပြေနေတဲ့ ဟာကို ''

" မင်းအဆင်ပြေပေမယ့် ငါအဆင်မပြေဘူး ငလူးကောင်ရဲ့ ။ မင်းက ငါ့ကော်လံကို ဆွဲယူပြီး ဇိမ်နဲ့နမ်းနေတာ ၊ ငါကျ ကုန်းကုန်းကွကွနဲ့ ငုံ့နမ်းနေရတယ် ။ ဒါ နေရာမှားနေသလားလို့ ............ ''

" ဟဟား ............. ဒါကြောင့်ကိုး ။ ရွှေစိတ်တော်မညိုငြင်ပါနဲ့ ရွှေမင်းသားလေးရယ် ။ အရှင့်ကျွန်သဘောပေါက်ပြီမို့ နေရာပြန်ချိန်းပေးပါ့မယ် ''

စွဲညို့ရဲ့ တဟားဟားနဲ့ ရယ်မောသံက အခန်းထဲမှာ ချမ်းရဲ့ ဆဲသံနဲ့အတူ ပြည့်လျှံသွားလေသည် ။ ထိုနေ့ည အလုပ်စားပွဲပေါ်က ဖိုင်တွဲတွေက အထီးကျန်စွာတဲ့ ပိုင်ရှင်ကို စောင့်နေသော်လည်း ပိုင်ရှင်ဖြစ်သူက ထိုအလုပ်ခန်းသို့ ယောင်လို့ပင်လိုက်မလာတော့ချေ ။ ထို့အစား အိပ်ခန်းထက်ဆီက နှစ်ယောက်အိပ်မွေ့ယာကြီးက ထိုအလုပ်ခန်းလေးကို ပြောင်လှောင်ကာ ရယ်မောနေလေရဲ့ ။

*******************

31.3.2019

Continue Reading

You'll Also Like

299K 24.1K 29
Mini Story Uni Life Style Sweet Romance
922K 49K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
205K 5.3K 56
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
3.3M 211K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်