ep 26

46.9K 4.4K 380
                                    

ဧည့်သည်အဖြစ်ရောက်လာသော်လည်း သိပ်မကြာခင်မှာပင် အိမ်ရှင်ဖြစ်သွားသော ကောင်းမင်းထက်သည် စွဲညို့နဲ့လုံးဝကို တည့်ရှုနေပြီး အကိုအရင်းထက်ပင် ပိုရင်းနှီးလာကြသည် ။ စွဲညို့က ချမ်းကို စိတ်ကောက်ပြီဆိုရင် သူက ကောင်းမင်းထက်ကိုခေါ်ကာ အပြင်ထွက်လည်တာတို့ ဂိမ်းတူတူဆော့ကြတာတို့စသဖြင့် နှစ်ဦးကြား ထင်ထားတာထက် ပိုရင်းနှီးလာကြ၍ နောက်ဆုံး ချမ်းက မသိမသာနဲ့ အပိုလူလိုဖြစ်လာသောကြောင့် သူ့အနေနဲ့ သိပ်မကျေနပ်ချင်တော့။ ကိုယ့်ညီလေးက ဒီမှာအဆင်ပြေပြေနေနေရလို့ စွဲညို့ကိုကျေးဇူးတင်ပေမယ့် ကြာရင်ကောင်းမင်းထက်ကို ဖျက်ဆီးမိသလို ဖြစ်သွားမှာလည်း စိုးမိသေး၏ ။ စွဲညို့ကတော့ ကောင်းမင်းထက်အပေါ် ညီတစ်ယောက်ထက်ပိုကာ မွေးထားတဲ့သားတစ်ယောက်လို လိုလေသေးမရှိ ဖြည့်ဆည်းပေးရှာလေသည် ။

" ချမ်း ........... မင်းရဲ့ညီအတွက် ကိုယ် ဒရိုင်ဘာတစ်ယောက် ရှာပေးမို့ ။ ဒါမှ သူသွားရလာရ အဆင်ပြေမှာ ''

ခုပဲကြည့်လေ ။ ဒရိုင်ဘာနဲ့ကျောင်းသွားတက်ရအောင် ကောင်းမင်းထက်က ချမ်းသာတဲ့မိသားစုအိမ်ကသားတစ်ယောက်မှ မဟုတ်တာ ။ အလိုလိုက်တာက လိုက်တာပဲ ။ ဒါပေမယ့် အောက်ခြေလွှတ်သွားတဲ့အထိတော့ အလိုမလိုက်ချင်ပေ ။

" မဖြစ်ဘူး ........ ဒီအတိုင်း ကျောင်းကားနဲ့သွားခိုင်းလိုက်ပါ ။ ပြီးတော့ ဖယ်ရီက အိမ်ရှေ့ထိရောက်တာပဲလေ ။ သူ့ကိုကြပ်ကြပ်အလိုလိုက် ကြာရင် သူပျက်စီးသွားရင် မင်းကြောင့်ပဲ ''

" ဒါအလိုလိုက်တာမှ မဟုတ်တာ ။ ပြီးတော့ တက္ကသိုလ်ကျောင်းသားပဲ ဖြစ်နေပြီ ။ သူ့မှာကိုယ်ပိုင်ဆုံးဖြတ်ချချက်နိုင်တဲ့ အသိဉာဏ်လေးတော့ ရှိပါတယ် ။ ဒီလိုတိုင်းသာ ပျက်စီးနေမယ်ဆိုရင် ကမ္ဘာပေါ်မှာ ချမ်းသာတဲ့မိသားစုက သားသမီးတွေအကုန် ပျက်စီးတာကြာပေါ့ ''

" မတူဘူးလေ ။ မွေးကတည်းက ချမ်းသာလာတာနဲ့ ရုတ်တရက်ကြီး ရွှေပုံပေါ်ရောက်သွားတာက ကွာတယ် ။ တစ်သက်လုံး ပုံမှန်အတိုင်းနေလာကာမှ ခုမှရုတ်တရက်ကြီး သူဋ္ဌေးသားသမီးတစ်ယောက်လိုနေခိုင်းလိုက်ရင် ကလေးက အောက်ခြေလွှတ်သွားလိမ့်မယ် ။ မင်းမေ့မနေနဲ့ဦး .......... ၁၇ နှစ်အရွယ်ဆိုတာ စိတ်ကြီးဝင်ပြီး ပျက်စီးဖို့ အကောင်းဆုံးအရွယ်ပဲ ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now