ep 29

43.9K 4.4K 453
                                    

စွဲညို့စေနိုင် စိတ်ကောက်နေပါသည် ။

စွဲညို့စေနိုင် အလုပ်မသွားတာ နှစ်ရက်ရှိပါပြီ ။

ထိုမျှမက စွဲညို့စေနိုင် စကားမပြောတာ နှစ်ရက်ရှိပြီဖြစ်သည် ။

အကြောင်းရင်းကိုတော့ ချစ်လှစွာသော ချမ်းတစ်ယောက်ခုထိ မသိသေး ။ သူသိတာက ဟိုနေ့က ပန်းခြံအတုနဲ့ပက်သက်ပြီး သဘောကျလွန်းအားကြီး၍ ထိုနေရာမှာ လက်ထပ်ခွင့်လိုချင်တယ်လို့ပြောမိသောကြောင့် စွဲညို့က အသံဆိုးကြီးနဲ့အော်ပြီး သူ့ကိုချန်ထားကာ တစ်ယောက်တည်းအိမ်ပြန်သွားခဲ့တယ် ဆိုတာပဲ ။ အဲ့ညကစပြီး စွဲညို့သူနဲ့မျက်နှာချင်းဆိုင်တောင်မထိုင်တော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေလေသည် ။ ညအိပ်ရင်လည်း သူက ဆိုဖာပေါ်သွားအိပ်တတ်၍ ချမ်း က ချော့မော့ခေါ်တာတောင် အကျိုးမထူးခဲ့ ။

သူအလုပ်မသွားတာက ခွင့်တိုင်စရာမလိုပေမယ့် ချမ်းအလုပ်မသွားတာက ရှော့ခ်ရှိတယ်လေ ။ ခွင့်မဲ့ပျက်ကွက်ရင် လစာထဲက အနူတ်ခံရမယ့်အပြင် warning ပါပေးခံရဦးမှာ ။ လီဆယ်ပြီး ခွင့်တိုင်ပြန်ကျတော့လည်း နှစ်ယောက်စလုံး အလုပ်မလာတာက သံသယ၀င်စရာကောင်းတယ်မို့လား ။ ဒါကြောင့် ချမ်းက အလုပ်ကိုတော့ ပုံမှန်သွားပြီး ပြန်လာရင် စွဲညို့ကို ချော့ဖို့ရာ လုပ်ရပြန်သည် ။

" စွဲညို့ ........... ငါ အမှားလုပ်ထားတာ တစ်ခုခုရှိလို့လား ''

ရေဆေးထားသော စပျစ်သီးမှည့်တွေကို တစ်လုံးချင်းဝါးပြီး ချမ်း စွဲညို့နံဘေးဝင်ထိုင်ကာ ပြောလိုက်သည် ။ ချမ်း သူ့နံဘေးဝင်ထိုင်တော့ စွဲညို့က ဘေးကိုနည်းနည်းတိုးကပ်သွားကာ မည်သည့်အဖြေမှပြန်မပေးဘဲ TV ကို ဆက်ကြည့်နေလိုက်သည် ။ စွဲညို့ဒီလောက်ထိခေါင်းမာတာမျိုး သူတစ်ခါမှမမြင်ဖူးသေးဘူး ။ ချမ်းတစ်ယောက် အကြံကုန်ဂဠုန်ဆားချက် TV remote ကိုယူကာ ပိတ်လိုက်ရင်း စွဲညို့အနားတစ်ဖန်ကပ်သွားသည် ။

" ဧကန်န ဟိုနေ့က လက်ထပ်ခွင့်တောင်းခိုင်းတဲ့ ကိစ္စနဲ့ပက်သက်နေလို့လား ။ အဲ့ကိစ္စနဲ့ပက်သက်ရင်တော့ မေ့ထားလိုက်တော့ ။ ပုံမှန်ဆို ငါက ဒီလို Propose တွေသိပ်မကြိုက်တတ်ပါဘူး ။ အဲ့နေ့က ပန်းခြံလေးက အရမ်းလှပြီး အသက်ဝင်လွန်းလို့ ငါအသိစိတ်လွတ်ပြီး ယောင်ယမ်းပြောမိသွားတာ ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now