ep 20.2

49.9K 4.9K 309
                                    

ကုမ္ပဏီရဲ့ မနီးမဝေးစားသောက်ဆိုင်တစ်ခုမှာ ချမ်းနဲ့ သူစိမ်းယောကျာင်္းတစ်ဦး နေ့လည်စာအတူစားနေကြသည်ကို စွဲညို့သည် ကားထဲကနေလှမ်းမြင်ရသော်လည်း ချက်ချင်းမဆင်းသေးဘဲ သူတို့နှစ်ဦး၏ အခြေအနေကို စောင့်ကြည့်နေလိုက်သည် ။ အမြဲတမ်း ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်သော ချမ်းသည် ခုလည်းပြုံးရယ်နေလိုက်တာမှ ပါးစပ်နဲ့နားရွက်တက်ချိတ်မတတ်ပင် ။

သ၀န်တိုတယ် .......... ။ ဒေါသထွက်တယ်........ ။ ၀မ်းနည်းတယ် ......... ။ ဖောက်ပြန်နေတာလည်းမဟုတ်ဘဲနဲ့ သာမာန်ပက်သက်မှုတွေမှာတောင် စွဲညို့တစ်ယောက် မထိန်းချုပ်နိုင်လောက်အောင် သ၀န်တိုမိသည် ။ ဒါတွေက တစ်နေ့တခြားပိုဆိုးလာတယ်လို့ပြောရင်ယုံကြမှာလားမသိ ။

တစ်ချို့စုံတွဲတွေအတွက် RS သက်တမ်းကြာလာလေ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိကာ လမ်းခွဲနိုင်ချေပိုများလာတတ်ပေမယ့် သူ့အတွက်က ချမ်းအကြောင်းပိုသိလာလေ ပိုချစ်မိလေပဲ ။

ချမ်းရဲ့ အချစ်က စမှတ်ဘယ်လောက်က စမှန်းသူမသိပေမယ့် သူ့အချစ်က သုညကစပြီး တစ်ရာထိ တဖြည်းဖြည်း ဒီဂရီမြင့်တက်လာသည် ။ ကြာလာလေ သူ့အချစ်က ပိုလာလေဖြစ်ပြီး ချမ်းကို ဆုံးရူံးရမှာစိုးတဲ့စိတ်က ပိုကြီးလာလေပဲ ။ ချမ်းကို ပျော်စေချင်တယ် ......... ဒါပေမယ့် သူ့ကြောင့်ဖြစ်တည်လာတဲ့ ပျော်ရွှင်မှုမျိုးပဲ ဖြစ်စေချင်တာ ။ ချမ်းကို အမြဲပြုံးစေချင်တယ် .......... ဒါပေမယ့် တခြားတစ်ယောက်ကြောင့် လောကကြီးကိုမေ့သွားတဲ့အထိ ပြုံးနေတာမျိုး မမြင်ချင်ဘူး ။ သူ့ကိုယ်သူ အတ္တကြီးမှန်းသိပေမယ့် ဒါက အရမ်းချစ်မိလို့ပါဆိုပြီး သူ့ကိုယ်သူပြန်ချေပနေမိခဲ့သည် ။

သူ ဆိုင်ထဲဝင်သွားသင့် မသင့် အကြာကြီးစဉ်းစားနေပြီးမှ ချမ်းက သူပိုင်ဆိုင်ကြောင်း မဆီမဆိုင်တံဆိပ်တပ်ချင်နေမိ၍ ဆယ့်ငါးမိနစ်လောက်စောင့်ကြည့်ပြီးနောက် စွဲညို့ဆိုင်ထဲကို ၀င်သွားလိုက်သည် ။

အ၀င်တံခါးပေါက်ကို ချမ်းက ကျောပေးထိုင်ထားတာမို့ သူဝင်လာတာကိုတော့မတွေ့နိုင်ပေ ။ အရင်ဆုံး စွဲညို့သည် ချမ်းထိုင်နေတဲ့ စားပွဲဝိုင်းကိုပင် တည့်တည့်သွားကာ ချမ်းနံဘေးကခုံကို ဆွဲယူထိုင်လိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now