My Lover Is Eve
By ShinThantDaywi
525K 15.6K 937
လွတ်အောင်ပြေးထားငယ် ပျော်အောင်နေထား ကိုယ်ရှာတွေ့ရင်ငယ်ဟာကိုယ့်အပိုင်ပဲဖြစ်ရမယ် #ဓနဂုဏ် ဟင်အင့် တော်ပါတော့ ထပ်... More
My Lover is Eve
My Lover Is Eve 1
My lover is Eve (part-2)
My Lover is Eve part3
My Lover is Eve (Part -3)
Not update
My Lover is Eve (part 4)
My lover is Eve -5
Not update
My Lover is Eve 6
My Lover is Eve (real 6)
My lover is eve part 7
Attention plz
My Lover is Eve part8
My Lover is Eve part9
Seme 2
Seme3
My Lover is Eve 11
My Lover is Eve 12
My lover is Eve13
My lover is Eve 14
My Lover is Eve15
My Lover is Eve16
My Lover is Eve 17
😘
My Lover is Eve 18
Sorry about that
My Love is Eve
My Lover is Eve19
My lover is Eve (for Zawgyi)
My Lover is Eve (ep20)
My lover is Eve part10
11.6K 585 20
By ShinThantDaywi
" ဘာမှစိတ်မပူနဲ့ခလေး  ဟိုကိုရောက်ရင် လေဆိပ်မှာ ခလေးနာမည် ဘုတ်ပြားနဲ့  ဦးကြီးတစ်ယောက် စောင့်နေလိမ့်မယ် သူက ဦးဇော်အိမ်မှာ အလုပ်လုပ်သွားတဲ့လေလေးပဲ  ဦးဇော်အားလုံးစီစဉ်ပီးသွားပီး "
ငယ် ငြိမ်နေမိသည်။ဦးဇော်က ငယ့်ပခုံး၂ဖက်ကိုကိုင်ကာ ဘေးက ထိုင်ခုံးတွဲတွင်ထိုင်စေပီး သူပါငယ့်ဘေးတွင်ဝင်ထိုင်၏
" ငယ် ငယ် အဆင်ပြေမှာပါနော် ဦးဇော် သခင် ငယ့်ကို ပြန်မိသွားရင် ငယ် ---"
"ရှူး တော်ပီး မပြောနဲ့တော့ "
ဦးဇော်က ငယ့်နှုတ်ခမ်းထက် လက်ညိုးလေးအသာထိကာ တိတ်စေသည်။
" သွားတော့ငယ် ဟိုးးမှာတွေ့လား အဲ့gateကိုဖြတ်  ပြီးရင် ဒီpassport ကိုပေးလိုက် "
ငယ် ဦးဇော်ကို နှုတ်ဆက်ကာ ထိုအတိုင်းထွက်လာလိုက်သည်။ဦးဇော်ကို မှန်ဘောင်တစ်ဖက်မှ ထပ်မံနှုတ်ဆက် တာ့တာပြတော့ ဦးဇော်က ခေါင်းငြိမ့်ကာပြုံးပြလာသည်။ ထပ်မဆုံကြစို့  သခင်  ။
########################
အိမ်တော်ထဲတွင် အလုပ်သမားများတစ်ယောက်တစ်ပေါက်ဖြင့်အလုပ်ရှုပ်နေသည်။ ထိုအချိန်အလုပ်သမားတစ်ဦးက အားလုံးအားအော်ပြောလိုက်သည်
" ဟ မြန်မြန်တန်းစီ သခင်လေး ပြန်လာပီကွ လုပ်စရာရှိတာခဏထား
မြန်မြန်လာကြဟေ့ "
ကားလေး စင်ဝင်အောက်ဆိုက်သည်နှင့် အကုန်ခေါင်းငုံ့ကာ ရပ်နေကြသည်။ ဓနဂုဏ် ထိုလူအုပ်ကြား ဖြတ်ကာ အပေါ်ထပ် ခလေးရှိတာအခန်းသို့ ဒုန်းစိုင်းပြေးတက်ခဲ့သည်။အခန်းတံခါးဖွင့်လိုက်တော့ ရှင်းလင်းနေသောအခန်းက ရင်ဝကိုပြေးကန်လိုက်သလိုပင်။သူမယုံနိုင်သေးပါ အခန်းထောင့်ရှိ ဘီဒိုသေးသေးထဲ သူဖွင့်ကြည့်မိသည်။ ငယ် ညအိပ့်ဝတ်နေကြ ဝတ်စုံခပ်နွမ်းနွမ်းကလွဲ  ကျန်တာနတ္ထိပင်။
ဟာာ ဓနဂုဏ် သက်ပြင်းအကြီးကြီးချမိကာ ငယ့်ကုတင်ဘေးထိုင်ချလိုက်ကာ ခေါင်းကိုကုတင်ပေါ်လန်ချလိုက်သည်။မြင်နေရတဲ့ မျက်နှာကျက် အဖြူကို အသက်မဲ့သလိုငေးနေမိသည်။
" သခင် "
အနားကိုရောက်လာတဲ့  အတွင်းရေးမှူးလည်းမျက်နှာမကောင်းပါ ။သူအိပ်နေရင်းပင် လှည့်မကြည့်ပဲမေးလိုက်သည်
"ပြော ဘာလဲ "
အတွင်းရေးမှူးက လေပူတစ်ချက်မှုတ်ထုတ်သံကိုသူကြားလိုက်သည်။
"ကျွန်တော်ခုပြောမဲ့ စကားကို သူဌေးစိတ်ငြိမ်ငြိမ်လေးထားပီး နားထောင်စေချင်တယ် "
ကျွတ် ဓနဂုတ် တစ်ချက်စုပ်သတ်လိုက်သည်။ဘာစကားမို့လေရှည်နေရတာလဲ
" လေးလေး ကောင်း ဆုံးပီးး သူဌေး "
" ဘာ ဘာပြောတယ် ဟျောင့် ပြန်ပြော စမ်း မင်းဒါနောက်စရာထင်နေလား ဟမ် ငါအဲ့လိုပေါ့ပျက်ပျက်စကားတွေမကြိုက်ဖူးကွ "
သူ့လည်ကွတ်ကို ဆွဲကာ ဒေါသတကြီးမေးနေတဲ့  သူဌေးကို သူအပြစ်မတင်ပါ။ကိုယ်ချင်းစာသလို သနားမိပါသည်။ပီးနောက် အိတ်ကပ်ထဲက တွန့်ကြေနေတဲ့  စာရွက်လေးကိုထုတ်ကာ သခင့်အားကမ်းပေးလိုက်သည်။
" ဒါ လေးကောင်း လက်ထဲက ရတဲ့စာရွက် "
စာရွက်ကိုခပ်မြန်မြန်ဖွင့်ဖတ်ကြည့်တော့
သို့
    သခင်လေး လေးကောင်း တစ်သက်လုံး အလုပ်ကျွေးမပြုနိုင်ခဲ့လို့  တောင်းပန်ပါတယ်လူလေးရယ်  လေးကောင်းအသက်နဲ့ရင်းပီးပေးဆပ်ခဲ့သမျှကိုထောက်ထားပီး အလင်းငယ်ကိုလိုက်မရှာပါနဲ့လူလေး ဘဘကိုဂတိပေးပါကွယ်   ဘဘမရှိတော့ပေမဲ့လည်း လူလေးကဂတိတည်မဲ့လူစားမျိုးဆိုတာ ဘဘယုံကြည်တယ်
ဓနဂုဏ် စာရွက်အား လုံးချေပစ်လိုက်သည်။ လေးကောင်း ဟာ သူ့အားဘေးနံကျပ်အောင်လုပ်သွားသည်ပဲ။ သူမျက်လွှာအသာချကာ စိတ်ကိုလျော့ချလိုက်သည်
" လေးကောင်း ဈာပန ကိုအခမ်းနားဆုံးလုပ်ပေးလိုက် ပြီးရင် ငယ့်အခန်းကို သေချာသန့်ရှင်းပြီး အပြင်က အသေပိတ်ထားလိုက် "
"ဟုတ် သူဌေး "
ဓနဂုဏ် အခန်းထဲရောက်သည်နှင့် ရေခ်ျုးခန်းထဲဝင်ကာ ရေပန်းအောက်တွင်ရပ်ကာ မျက်လုံးအစုံအားမှိတ်ချလိုက်သည်။ အာရုံထဲမှာပေါ်လာတဲ့  ငယ့်အပြုံး ငယ့်အသံကြောင့် သူမျက်လုံးများပြန်ဖွင့်လိုက်သည်။ နရံကပ်မှန်မှာပေါ်လာတဲ့  ငယ့်မျက်နှာ သွားစွယ်လေးများပေါ်အောင်ပြုံးပြနေတဲ့ငယ် ။ ဟက် မင်းကတော့ပျော်နေမှာပေါ့
" အားးးးးး မုန်းတယ် မင်းကိုသိပ်မုန်းတယ်   မင်းကိုချစ်နေတဲ့ငါ့ကိုယ်ငါလဲမုန်းတယ် ငါ့ကိုမချစ်တဲ့မင်းကို သိပ်မုန်းတယ် ကွာ "
သူမှန်နရံအားအဆက်မပြတ်ထိုးနေမိသည်။ ထွက်လာသောသွေးများကိုသူမမူ။
ရေချိုးခန်းထဲထွက်လာတော့ အခန်းထဲရှိရေခဲသေတ္တာ မှ အပြင်းစားအရက်အားဆွဲထုတ်ကာ ရေမရော ပုလင်းလိုက်သူမော့နေသည်။ အခန်းထဲတွင်ချိတ်ထားသော ငယ့်ဓာတ်ပုံရှေ့သူ ပုလင်းထောင်ကာ စိုက်ကြည့်နေမိသည်။သူ့အတွက်တစ်ပုံထဲသောပုံ။ငယ် ခြံထဲတွင် လိပ်ပြာလေးအားရယ်မောကာ စကားပြောနေတုန်း သူခိုးရိုက်ထားမိသည်။ ငယ် သူ့ရှေ့တွင် ဘယ်တုန်းခါမှပြုံးလေ့မရှိ။ငယ့်အပြုံးတွေကြည့်ကာ သူ့နှုတ်ခမ်းထက်အလိုလိုပြုံးလာသည်။ဒါပေမဲ့ ခဏပင် ရုတ်ချည်ဆိုသလို မျက်လုံးများနီရဲလာကာ ဆိုဖာတစ်ဖက်ပေါ်တင်ထားသည့်လက်များက တုန်ယင်လာသည်။ဟုတ်တယ် သူမုန်းရမှာ ငယ်လည်းသူ့အမေလိုပင် ချစ်ဟန်ဆောင်ပီးထားသွားခဲ့ပြန်ပီ လေးလေးကောင်းလဲမကောင်းဖူး
" ဟက် ဟက် မင်းဘယ်လောက်ပြေးပြေး ဘယ်နေရာရောက်ရောက် မင်းက ငါ့အပိုင်ပဲ  မင်းမွေးဖွားလာထဲက ဘုရားသခင်က မင်းကငါ့အတွက်ဆိုပီးတံဆိပ်နှိပ်ပီးသားကွ "
ဟားးးးးးး သူသာအရူးတစ်ယောက်လို အော်ဟစ်ပြောဆိုနေပေမဲ့
ဓာတ်ပုံထဲရှိကောင်လေးကတော့  အပြစ်ကင်းစွာပြုံးရယ်လို့ပင်
#တောင်းပန်ပါတယ် မကောင်းဖူးထင်တယ် သိတော့ဖူးး ဓနဂုဏ်မရူးခင် သာသာရူးတော့မယ် စကားမစပ် နောက်တပိုင်းဆို semeနောက်တစ်ယောက်ထပ်လာမယ်နော်
Continue Reading
You'll Also Like
500K 12K 49
579K 36.5K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
243K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...