Hello...... My Ex-boyfriend...
By reta-nan
2.2M 190K 13.5K
ငါတို့လမ်းခွဲကြရအောင် ဆိုတဲ့ စကားရဲ့အဆုံးသတ်မှာ ထပ်မံဖြစ်တည်လာတဲ့ အချစ်တစ်ခု ။ #ငြိမ်းချမ်း #စွဲညို့စေနိုင် More
info
ep 1
ep 2
ep 3 ( အတိတ်ပုံရိပ်ဟောင်း )
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 13
ep 14
ep 15
ep16
ep 17
ep 18
ep 19
ep 20.1
ep 20.2
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27 + အပိုင်းသစ်ဖြည့်စွက်
ep 28
ep 29
Ep 30 ( Final)
AN
Extra
Extra 2
Attention please
fic book
ep 12
60.9K 5.6K 531
By reta-nan
Ringing...........
Ringing..............
" Hello........ သားရေ ''
" ဖေဖေ ............. နေကောင်းလား ''
ယုံကြည်မှုအပြည့်နဲ့ သူ စွဲညို့အိမ်ကို အရဲစွန့်လာခဲ့ပေမယ့် ဟိုရောက်တော့ စွဲညို့နဲ့အတူ အရင်က သူ သူဋ္ဌေးလို့ထင်ခဲ့တဲ့သူနဲ့ နှစ်ဦးသား ဂိမ်းဆော့နေသည်ကိုတွေ့လိုက်ရသည် ။
" ဟား ........... ဟေ့ကောင် ဇေယျာ ........ ချီးမို့ ကျန်ခဲ့တာလား ။ ငါ သေတော့မယ် ချီးပဲ''
" အင်း............ မင်းသဘောလေ ''
" အသေအချာပဲ......''
မပူပါနဲ့ .............ချမ်း
*****************
" ရေ....... ရေယူပေး ''
" Woo.......!! လန်းလိုက်တာ ။ ဒါငါ့အတွက်လား ''
----------------------------------
18.3.2019
Unicode
မနေ့ညက အဖြစ်အပျက်ပြီးနောက် ချမ်း အလုပ်သွားသင့် မသွားသင့် အကြာကြီးစဉ်းစားနေ၍ ပုံမှန်ထက် တစ်နာရီ နောက်ကျကာ အိမ်မှာပင် ရှိနေတုန်းဖြစ်သည် ။ ရှေ့တိုးရင်တိုး မတိုးရင်နောက်ဆုတ် ရွေးချယ်စရာနှစ်ခုပဲ ရှိတဲ့အခြေအနေမှာ ချမ်း ဘယ်တစ်ခုကို ရွေးချယ်ရမှန်း မသိတော့ ။ တစ်ဖက်တွင် သားအတွက် မျှော်လင့်ချက်တွေအကုန်ပုံအပ်ထားသည့် မိခင်နှင့် တစ်ဖက်တွင်လည်း သူ့ကိုမှ ရူးရူးမိုက်မိုက်ရွေးချယ်ချင်နေသည့် ချစ်ရသူကြား ငါသေသွားမှအေးမှာပါ ဟုတောင်အော်ညည်းလိုက်ချင်မိသည် ။
ဒီအတိုင်းဘာရယ်မဟုတ် နယ်မှာရှိနေတဲ့ အဖေ့ကိုသတိရလာ၍ ချမ်း ဖုန်းဆက်ခေါ်လိုက်သည် ။
Ringing...........
Ringing..............
" Hello........ သားရေ ''
" ဖေဖေ ............. နေကောင်းလား ''
" ကောင်းတာပေါ့ ......... ဖေဖေတို့ကို စိတ်မပူပါနဲ့ ။ ဖေဖေတို့ဒီမှာ အကုန်အဆင်ပြေတယ် ။ အော် ......... သတင်းကောင်းတစ်ခုရှိတယ် ။ မင်းညီလေးလေ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတာ ကျလာပြီ ။ မင်းတက်ခဲ့တဲ့ကျောင်းမှာ သူဝင်ခွင့်ရတယ် ။ အဲ့ကြောင့် နောက်လပိုင်းလောက်နေရင် သူ့ကို မင်းနဲ့အတူ ထားရင်ကောင်းမလားလို့ ''
သတင်းကောင်းဆိုလို့ ရုတ်တရက်ပျော်သွားပေမယ့် သူ့အခြေအနေကို ရုတ်တရက်ကြီး သတိရလာသောကြောင့် ချမ်း အသက်ရှူရကျပ်လာသည် ။ အကယ်၍ သူသာ စွဲညို့နဲ့ ဆက်ပြီး ပက်သက်နေဦးမယ်ဆိုရင် သူ့အလုပ်အကိုင်တွေ အဆင်ပြေတော့မှာ မဟုတ်ဘူး ။ သူ့မှာ အလုပ်မရှိရင် တစ်ဦးတည်းရှိတဲ့ညီလေးကို ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ဘူး ။ နယ်မှာကျောင်းတက်တုန်းကတော့ မိဘတွေ တာဝန်ဆိုပေမယ့် ခု သူဘွဲ့ရပြီ ။ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ပြီဆိုတော့ ဒီညီလေးတစ်ယောက်အတွက် သူ့အနားရှိတုန်း လိုအပ်တာတွေကို သူကပဲ ထောက်ပံ့ပေးချင်သည် ။ ဒါတွေက သူ အလုပ်ရှိမှ ............ အလုပ်အဆင်ပြေမှ ရမှာ ။
" သား ............ ဖေဖေပြောတာ ကြားလား ။ နေမကောင်းဘူးလား ။ အသံတိတ်နေလို့ ''
" အာ ..........ဆောရီးဖေဖေ ။ ကောင်းသားပဲ ......... ညီလေးရောက်လာတော့ သားလည်းအဖော်ရှိတာပေါ့ ။ သားလည်း အခုအလုပ်ရှိပြီဆိုတော့ ညီလေးရဲ့ကျောင်းစရိတ်အတွက် သားတာဝန်ယူနိုင်ပါပြီ ''
" ဖေဖေ့သားလေးက အရမ်းကို လိမ်မာလိုက်တာ ။ သားကြီးကော သားငယ်ကော ဆုံးမပဲ့ပြင်စရာမလိုလောက်အောင် လိမ်မာရေးခြားရှိကြလို့ သားတွေက ဖေဖေတို့အတွက် ဂုဏ်ယူစရာတွေပါ ''
ချမ်း နှစ်နှစ်ကာကာပင် ပြုံးမိသွားသည် ။ မိဘဆီက လိမ်မာတယ်လို့ချီးကျုးခံရတာ မပျော်တဲ့သူ ဘယ်သူရှိမှာတုန်း ။
" အိုကေ ............. ဖေဖေရေ ။ သားဖုန်းချလိုက်ပြီနော် ................. ။ ညီလေး တက်လာခါနီး သားကို ပြန်ပြီး အသိပေးဦး ''
" ကောင်းပါပြီ သားရယ် ............. အိုကေ ... ဖုန်းချလိုက်တော့ ''
လက်ထဲက ဖုန်းကို ပိတ်ချပြီးနောက် ချမ်း ရင်မောစွာပင် နံရံကိုမှီပြီး ထိုင်နေမိသည် ။ အလုပ်တစ်ခုရှိမှ ဖြစ်မယ် ။ စွဲညို့ဆီကအလုပ်က သူ့အမေသိတာနဲ့ သူပါကန်ထုတ်ခံရရုံသာမက ကျောင်းတက်နေတဲ့ ညီလေးကိုပါ ထိခိုက်နိုင်တာမလို့ အရင်ဆုံး စွဲညို့ဆီက အလုပ်ထွက်ရမယ် ။ ဟုတ်ပြီ ......... ခုပဲ သူ့ဆီသွားပြီး အလုပ်မဆင်းနိုင်တော့ဘူးလို့ပြောရမယ် ။ သူ ငါ့ကို ခက်ခဲအောင်တော့ မလုပ်လောက်ပါဘူး ။ ရှိခဲ့ဖူးတဲ့ သံယောဇဉ်တွေကိုထောက်ပြီး ငါ့ကို နားလည်ပေးလောက်မှာပါ။ ငါ့အခြေအနေကို သူလည်း သိနေတာပဲ ။
ယုံကြည်မှုအပြည့်နဲ့ သူ စွဲညို့အိမ်ကို အရဲစွန့်လာခဲ့ပေမယ့် ဟိုရောက်တော့ စွဲညို့နဲ့အတူ အရင်က သူ သူေဋ္ဌးလို့ထင်ခဲ့တဲ့သူနဲ့ နှစ်ဦးသား ဂိမ်းဆော့နေသည်ကိုတွေ့လိုက်ရသည် ။
နေပါဦး ........... သူတို့တွေက ဝမ်းကွဲတွေလား ။ ဘာကြောင့် ဒီလောက်ထိ ရင်းနှီးနေကြတာလဲ ။
" ဟော............ မင်း ဒီနေ့တော်တော်နဲ့ ပေါ်မလာလို့ ခွင့်ယူမယ်လို့ထင်ထားတာ ...........''
သူ့ကိုမြင်တော့ စွဲညို့က ဂိမ်းဆော့နေရင်း တန်းလန်း အော်ပြောလိုက်သည် ။ ချမ်းသည် အခြေအနေကို တစ်ချက်ကြည့်ပြီး စွဲညို့နံဘေးရပ်နေလိုက်သည် ။
" အင်း ........... ငါပြောစရာနည်းနည်းရှိလို့ လာခဲ့တာ ......... ဟို ...... ဟိုလေး ''
" ဟား ........... ဟေ့ကောင် ဇေယျာ ........ ချီးမို့ ကျန်ခဲဲ့တာလား ။ ငါ သေတော့မယ် ချီးပဲ''
ရုတ်တရက်ကြီး သူ့နံဘေးက လူကို ထအော်ဆဲနေသည့်စွဲညို့ကြောင့် ချမ်း ဆက်ပြောရမယ့် စကားများ လေထဲမှာပင် တန့်သွားသည် ။ ချမ်း သူတို့နှစ်ယောက်ကို ကြည့်လိုက်တော့ စွဲညို့က သူ့ခြေထောက်တစ်ဖက်ကို ဇေယျာ ဆိုသူရဲ့ ခြေထောက်ပေါ် တင်ထားသည်မို့ ချမ်း မျက်လုံးထဲ နည်းနည်း cross ဖြစ်သွားသည် ။
ဘာလား .... ဂိမ်းဆော့တာပဲ ။ ဝေးဝေးက ဆော့လို့ မရဘူးလား ။
အသလွှတ်ကြီး သဝန်တိုတယ်လို့ ဝန်မခံချင်ပေမယ့် ချမ်း မျက်လုံးထဲမှာတော့ အရမ်းကို ကန့်လန့်နိုင်လွန်းသည် ။ စွဲညို့သည် ဇေယျာကို ဆဲလို့ဝသွားပြီးမှ ချမ်းကို သတိရသွားဟန်နဲ့ ခေါင်းမော့ကြည့်လာသည် ။
" စောနက ဘာပြောလိုက်တယ် ............. ငါ ဒီမှာ ဂိမ်းထဲနည်းနည်း အာရုံရောက်နေလို့ ဆက်ပြော ၊ ငါနားထောင်နေတယ် ""
စွဲညို့ပုံစံက တကယ့်ကို ချမ်း ရှိတယ်လို့မထင်တဲ့ပုံမျိုး ။ ပြီးတော့ သူတို့ကြား ဘာပက်သက်မှုမှ မရှိခဲ့သလိုမျိုး သူစိမ်းဆန်လွန်းသည်ဟု တွေးမိတော့ ဘယ်ဖက်ရင်အုံက စူူးခနဲ ။ ဒါလည်း တစ်မျိုးကောင်းပါတယ် ။ ငါ အလုပ်ကို အေးဆေး ထွက်လို့ရတာပေါ့ ။
" ရတယ် ........... မင်း ဂိမ်းဆော့ပြီးမှ ပြောတော့မယ် ။ နှစ်ယောက်သား အေးဆေးဆော့နေကြ ။ ငါ ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်စောင့်နေမယ် ''
ရွဲ့တာလည်းမဟုတ် စောင်းတာလည်းမဟုတ်ဆိုပေမယ့် ကြည်ဖြူပုံမပေါ်ဘဲ သူ့ကို မျက်မှောင်ကုပ်ကြည့်သွားကာ ဆိုဖာပေါ် သွားထိုင်နေသည့် ချမ်း ကြောင့် စွဲညို့ ခိုးရယ်လိုက်မိသည် ။ ထိုအချင်းအရာကို ဇေယျာလည်းမြင်မိ၍ နှစ်ဦးသားသိတဲ့ အဓိပ္ပာယ်နဲ့ ပြိုင်တူရယ်မောလိုက်တော့ သူတို့နှစ်ဦးကို စိုက်ကြည့်နေသည့် ချမ်းမျက်နှာသည် မဲသထက်မဲလာသည် ။
ဂိမ်းထဲမှာ ဘာရယ်စရာများပါလို့ နှစ်ယောက်လုံးခေါင်းချင်းဆိုင်ရယ်နေကျတာလဲ ။ စွဲညို့ .... ခွေးကောင် ။ ငါ့မှာတော့ သူ့အတွက်စိတ်ပူလိုက်ရတာ ။ သူကတော့ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်အဆင်ပြေနေတဲ့ပုံပဲ ။
စွဲညို့သည်အမှန်တကယ်ပင် ဂိမ်းတစ်ပွဲပြီးဆုံးတဲ့အထိဆော့နေတာမို့ နာရီဝက်နီးပါးကြာသွားသည် ။ ဂိမ်းပြီးသွားမှ ချမ်း ကိုသတိရပြီး လှည့်ကြည့်လိုက်တော့ သူ့ကို မျက်ဝန်းသေတွေနဲ့ စိုက်ကြည့်နေသည့် ဆိုဖာပေါ်ကလူကိုမြင်လိုက်ရ၍ စွဲညို့လန့်ဖြန့်သွားတာအမှန်ပင် ။
" အာ ....... ငါ ဂိမ်းဆော့တာ နည်းနည်းကြာသွားတယ် ။ မင်း ဘာပြောစရာရှိလို့လဲ ပြောလေ ''
" ငါ မနက်ဖြန်ကစ အလုပ်မလာနိုင်တော့ဘူးဆိုတဲ့အကြောင်း မင်းသိအောင် လာပြောတာ ''
" အင်း............ မင်းသဘောလေ ''
စွဲညို့က အလွယ်တကူခွင့်ပြုလိုက်၍ ချမ်း မယုံကြည်နိုင်ဖြစ်နေတုန်း စွဲညို့နောက်ဖက်လှည့်ပြီး ဇေယျာကို လှမ်းပြောလိုက်သည် ။
" သူအလုပ်ဝင်တဲ့နေ့က စာချုပ်ချုပ်ထားတယ်ဆို ။ အဲ့ဒါ ငါ့ဆီယူခဲ့ပေး ''
ထိုစာချုပ်ကို အမြဲတမ်း အသင့်ဆောင်ထားတာလားလို့ ထင်ရအောင်လို့ ဇေယျာသည် သူ့လက်စွဲအိတ်ထဲကနေ ချမ်း လက်မှတ်ပါသည့် သဘောတူစာချုပ်ကို ချက်ချင်းထုတ်လာသည် ။
" ဒီမှာတွေ့လား ........ မင်းကိုယ်တိုင် လက်မှတ်ထိုးထားတာ ။ အလုပ်ရှင်က ထွက်စာမပေးဘဲ ထွက်ရင် လစာရဲ့ ဆယ်ဆကိုပေးလျော်ရမယ်ဆိုတာ ၊ ထွက်မယ်ဆိုရင် သိန်းငါးဆယ်ယူပြီး လာခဲ့ ။ ငါထွက်စာပေးမယ် ''
သူ့လက်မှတ် ထင်ထင်ရှားရှားကြီးပါနေသည့် အလုပ်စာချုပ်ကြောင့် ချမ်း မျက်လုံးပြူးသွားသည် ။နေပါဦး ........ သူအစတုန်းက ဒါတွေကို သေချာမဖတ်ခဲ့မိဘူးလား ။ ဟုတ်သားပဲ ......... အဲ့တုန်းက အပျော်လွန်ပြီး စာချုပ်ပါ အချက်အလက်တွေကို အပေါ်ယံပဲဖတ်ပြီး လက်မှတ်ထိုးခဲ့တာလေ ။ သွားပြီ .......... အခုမှ တကယ် ကိုယ်ကျိုးနည်းတာပဲ ။
" ဒါပေမယ့် ............. ငါ ဒါတွေကိုမှ မသိခဲ့တာ ။ လက်မှတ်ထိုးဆိုလို့သာ ထိုးခဲ့လိုက်တာ ။ ပြီးတော့ ငါ့မှာ ဘယ်လိုလုပ် သိန်းငါးဆယ်ရှိနိုင်မှာလဲ ။ မင်း င့ါအခြေအနေကို မသိတာလည်း မဟုတ်ဘဲနဲ့ ။ သိပ်မကြာခင်လပိုင်းအတွင်း ငါ့ညီက တက္ကသိုလ်တက်ဖို့ ငါနဲ့လာနေတော့မှာ ။ ဒါကြောင့် ငါ့မှာ သေချာတဲ့ အလုပ်တစ်ခုရှိမှ ရမယ် ။ မင်းဆီမှာက ရေရှည်အဆင်မပြေနိုင်ဘူးဆိုတာ မင်းသိသားနဲ့ ။ မင်းအမေသာသိရင် အရင်တုန်းကလို လုပ်ပြီး ငါဘယ်နေရာမှ အလုပ်မရ ၊ ငါ့ညီလည်း ကျောင်းဆက်တက်မရ ၊ အဲ့လိုအခြေအနေမျိုး မင်းမြင်ချင်လို့လား ............ ဟမ်း ''
" မင်းအဓိကလိုချင်တာက အလုပ်တစ်ခုရယ် မင်းညီကျောင်းကိုအေးဆေးတက်နိုင်ဖို့ပဲ မဟုတ်လား ။ ဒီတော့ စိတ်ချလက်ချ မင်းညီကိုခေါ်ထားလို့ရတယ် ။ ငါ့အမေနဲ့ ပက်သက်ပြီး အရာအားလုံးကို ငါတာဝန်ယူတယ် ။ အခု မင်းရှေ့က စွဲညို့စေနိုင်က လွန်ခဲ့တဲ့ နှစ်နှစ်က ကိုယ့်ကိုယ်ကိုယ်တောင် တာဝန်မယူနိုင်တဲ့ စွဲညို့စေနိုင်မဟုတ်တော့ဘူး ''
ချမ်းရဲ့ မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး ယုံကြည်ချက်ရှိရှိပြောလာသည့် စကားတွေကြောင့် ချမ်း ခဏတာ ငေးငိုင်သွားသည် ။ သူ့အနေနဲ့ စွဲညို့ကို တစ်ခါလောက်ထပ်ပြီး ယုံကြည်ပေးသင့်လားဆိုတာ တစ်ယောက်ယောက်က ဖြေပေးကြပါ ။
" မင်းတာဝန်ယူတယ်လို့ပြောတယ်နော် ........ ဒါပေမယ့် မင်းကိုယ်တိုင်တောင် အလုပ်မရှိဘဲ မင်းအမေ ငါတို့ကို မနှောက်ယှက်အောင် ဘယ်လို တာဝန်ယူမှာလဲ ''
" လွယ်လွယ်လေးပါ .............. သူ မင်းကိုတစ်ခုခုလုပ်မယ်ဆိုရင် ငါ အစာငတ်ခံ ဆန္ဒပြလိုက်မယ်လေ ။ ငါ့အမေက ငါ့ကိုတော့ အငတ်မထားလောက်ပါဘူး ''
စောစာက တောက်ပနေသော ချမ်းရဲ့ မျက်နှာလေးသည် ချက်ချင်းအစိမ်းရောင်သမ်းသွားကာ ပါးစပ်လေး ဟစိဟစိဖြစ်သွားသည် ။
သောက်ကျိုးနည်း အတုယူသင့်တဲ့ တာဝန်ယူမှုကြီးပဲ ။ နည်းနည်းမဟုတ်ရင် ငါ သူ့ကိုယုံကြည်မိတော့မလို့ ။
" ဒါက နိုင်ငံရေးလုပ်နေတာမှမဟုတ်တာ..... ''
" ငါလည်း နိုင်ငံရေး ဝါသနာမပါပါဘူး.....''
ခုချိန်မှာ စွဲညို့နဲ့အပြိုင် ကန့်လန့်တိုက်လည်းအပိုပဲမို့ ချမ်း နားထင်ကို နာနာဖိထားပြီး အကြောတွေကို တစ်ချက်လျော့လိုက်သည် ။
" မင်းငါ့ကို အလုပ်ထွက်ခွင့် လုံးဝမပေးတာ သေချာတယ်ပေါ့''
" အသေအချာပဲ......''
" မင်းအမေနဲ့ပက်သက်ပြီး မင်း အပြည့်အဝတာဝန်ယူမယ်ဆိုတာလည်း သေချာတယ်နော် ''
" စိတ်ချ...... လုံးဝ တာဝန်ယူတယ်''
" ကောင်းပြီ..... ဒီကိစ္စကို ငါအိမ်ပြန်ပြီး သေချာစဉ်းစားလိုက်ဦးမယ် ''
ချမ်း စိတ်ရူပ်ခြင်းများစွာနဲ့ ထွက်သွားတော့ စွဲညို့နောက်ကနေ ကပ်အော်လိုက်သည် ။
" စာချုပ်ဖျက်ရင် သိန်းငါးဆယ်နော် ''
ပြီးမှပဲ ဆိုဖာပေါ်တွင် ထိုင်ချကာ စွဲညို့တစ်ယောက် ဟက်ဟက်ပက်ပက်ရယ်လိုက်သည် ။
" အဲ့ဒီ ကပ်စေးအိုးကြီးက သိန်းငါးဆယ်ကို ပေးပါလိမ့်မယ် အားကြီးကြီး ။ ကိတ်မုန့်တောင် မုန့်တိုက်က ဒိတ်လွန်ခါနီးမို့ လျော့လိုက်တဲ့ဟာကိုပဲ ဝယ်စားတဲ့ကောင်က ဘယ်တော့မှ သိန်းငါးဆယ်ကို လွယ်လွယ်မထုတ်ပေးဘူးဆိုတာ ငါလောင်းရဲတယ် ..........ဇေယျာ ''
" ဒါပေမယ့် .. ငါတို့စာချုပ်က ရှေ့နေလက်မှတ်မှ မပါတာ ။ ဒါဆို တရားမဝင်ဘူးလို့တောင်ဆိုလို့ရတယ်လေ ''
ဇေယျာက တခြားဖက်ကနေတွေးပြီး ဝင်ထောက်ပြတော့ စွဲညို့က လက်ကာပြသည် ။
" မပူနဲ့ ......... သူက အဲ့လောက်ထိ ဉာဏ်ကောင်းတဲ့ထဲမှာ မပါဘူး ။ ခုတောင် အတည်ထင်ပြီး လန့်သွားတာများ မှတ်တမ်းတောင် တင်ထားလိုက်ချင်သေး ''
" အေးပါကွာ ............ ရည်းစားဟောင်းကို ပြန်လိုက်တဲ့နည်းထဲမှာ မင်းရဲ့နည်းလမ်းက တုံးတယ်ထင်တာ မင်းရည်းစားက ပိုတုံးတာပဲ ''
" သူ အဲ့လို တုံးအ,လို့ ငါတို့လမ်းခွဲခဲ့ရတာလေ ။ သူသာ အတ္တစိတ်နည်းနည်းရှိမယ်ဆိုရင် ဒါမှမဟုတ် တစ်ဖက်သားကို မတွေးပေးတတ်ဘဲ သူ့အတွက်ပဲ သူတွေးမယ်ဆိုရင် ငါတို့ ဒီလောက်မြန်မြန်ကြီး လမ်းခွဲဖြစ်ခဲ့ကြမှာမဟုတ်ဘူး ''
စွဲညို့၏ ပြုံးနေသည့် မျက်ဝန်းများသည် တစ်ဖန် အသက်မဲ့သွားကာ လွန်ခဲ့တဲ့ နှစ်တွေဆီက ချမ်းရဲ့ အပြစ်ကင်းတဲ့ ပုံရိပ်လေးတွေကို ပြန်မြင်ယောင်မိကာ သူ့ကြောင့် ပြောင်းလဲသွားခဲ့ရတဲ့ အခြေအနေတစ်ချို့ကိုပါ ပြန်လည်သတိရမိသွားသည် ။
မပူပါနဲ့ .............ချမ်း
မင်းဆီကို ငါက အရာအားလုံးကို ပြန်ယူခဲ့ပေးပါ့မယ် ။
မင်းရဲ့ ပျော်ရွှင်မှုတစ်ချို့ ၊ လွတ်လပ်မှုတွေနဲ့အတူ နွေးထွေးမှီခိုလို့ရတဲ့ အချစ်တစ်ခုနဲ့ ငါ မင်းဘဝထဲ ပြန်လာခဲ့ပါရစေ ။ ကျေးဇူးပြုပြီး ငါ့ကို ဒီထက်ပို မငြင်းဆန်တော့ပဲ လွန်ခဲ့တဲ့ သုံးနှစ်ကလိုမျိုး ယုံကြည်မှုမျိုး ပြန်ပေးပါ ။ 
*****************
" ရေ....... ရေယူပေး ''
ထိုင်ရာကမထဘဲ ချမ်းကို အမိန့်ပေးလိုက်တဲ့ စွဲညို့ ။ အစကတော့ ရေတစ်ခွက်ခပ်ပေးတာများ အသားပဲ့ပါသွားတာမှမဟုတ်တာဆိုပြီး ခပ်ပေးပါသေးတယ် ။ ဒါပေမယ့် ဒင်းက ကမ်းတက်လာတယ်။
" ဗိုက်ဆာတယ်..... ထမင်းခူးပေး ''
" စွဲညို့...... ငါက မင်းရဲ့ယာဉ်မောင်းလေ ။ မင်းရဲ့ အိမ်အလုပ်သမားမဟုတ်ဘူး ။ ဘာကိစ္စ ထမင်းစားရေသောက် ငါ့ကိုအကုန်လုပ်ခိုင်းနေရတာလဲ ''
" ဘာလဲ...... မကြိုက်ဘူးလား ။ မင်းကို လစာအများကြီးပေးပြီး ယာဉ်မောင်းခန့်ထားပေမယ့် ဒီရက်ပိုင်း ငါမှသွားစရာမရှိဘဲ ။ ပြီးတော့ မင်းကလူရူပ်တဲ့နေရာတွေကို မကြိုက်ဘူးဆို ။ ငါ့မှာကလည်း သွားစရာ ကလပ်တွေ ၊ ဘားတွေပဲရှိတာ ။ အရမ်းပို့ချင်ရင်လည်း ညကျ လိုက်ပို့ချေ ''
" နေ...... နေ.... ဘာစားမလဲ ခုပဲပြင်ပေးမယ် ''
" ဒီလိုအလိုက်သိမှပေါ့ ။ မင်းကို အနိုင်ကျင့်တာ မဟုတ်ပါဘူးကွာ ၊ မင်းလက်ရာကို သတိရလို့ပါ ''
စွဲညို့တစ်ယောက် အတိတ်ကအမှတ်တရတွေကို တမင်ပြန်ဖော်နေသလားအောက်မေ့ရသည် ။ စွဲညို့၏ ကလေးဆန်မှုကို အမြင်ကတ်သော်လည်း ချမ်းကိုယ်တိုင် စိတ်လိုလက်ရ ချက်ပြုတ်ပေးခဲ့သည် ။ သို့သော် စေတနာမထားကောင်းတဲ့အထဲမှာ စွဲညို့တစ်ယောက်ထိပ်ဆုံးပါသည် ။ စားသောက်ပြီးစီးတာနဲ့ မဆိုးပါဘူး  ဟုတစ်ခွန်းတည်းပြောကာ စားပြီးသားပန်းကန်တွေကို လက်နဲ့တစ်ချက်မှမထိဘဲ ထသွားလို့ မနေနိုင်တဲ့ချမ်းကပဲ အကုန်ကောက်သိမ်းလိုက်ရသည် ။
" ငါတို့ တူတူဂိမ်းဆော့ရအောင်...... ချမ်း ''
ခိုင်းလို့ဝပြီဆိုတာနဲ့ နောက်တစ်မျိူးအပူကပ်သည် ။ ဒီတစ်ခါတော့ ချမ်းလည်းမတတ်နိုင်တော့ ။
" ငါမှဂိမ်းမဆော့တတ်တာ..... ပြီးတော့ ငါ့ဖုန်းက version နိမ့်လို့ ဂိမ်းအကြီးတွေ မနိုင်ဘူး ။ တစ်ယောက်တည်း အေးဆေးဆော့စမ်းပါကွာ..... ငါ ဘေးက ထိုင်ကြည့်ပေးမယ် ''
" ပြပါဦး..... မင်းရဲ့ဖုန်းက ဘယ်လောက်ထိတောင် နိမ့်လို့လဲ ''
ချမ်း သူ့အိတ်ကပ်ထဲက မော်ဒယ်နိမ့်ဖုန်းကို ထုတ်ယူပြီး စွဲညို့မြင်အောင် ခါယမ်းပြလိုက်သည် ။ ချမ်းရဲ့ဖုန်းကို မြင်တော့ စွဲညို့က နှာခေါင်းရူံ့လျက်....
" ဘိုးတော်ဘုရားလက်ထက်က ဟန်းဖုန်းကို သုံးနေတာပဲ ။ ဒီလောက် အသစ်အသစ်တွေ ပေါနေတဲ့ခေတ်မှာ ဘာလို့် အသစ်တစ်လုံးမဝယ်ကိုင်တာလဲ? "
" ပိုက်ဆံနှမြောလို့ပေါ့ဟ......... ပိုက်ဆံက တွင်းထဲက ထွက်လာတာမဟုတ်ဘူး ''
ချမ်း သူ့ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ရင်းပြောတော့ စွဲညို့သည် ချမ်းကိုတစ်ချက်ကြည့်ရင်း အခန်းထဲဝင်သွားလိုက်သည် ။
သူပြန်ထွက်လာတော့ လက်ထဲမှာ ပါကင်ပိတ်ထားသည့် ဖုန်းဘူးအသစ်တစ်ခု ။ စွဲညို့ ချမ်း,အရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး ထိုဘူးကို ဖောက်လိုက်သည် ။
" ဒါ ခုနောက်ဆုံးထွက် Xs Max လေ, လှတယ်မို့လား ''
" Woo.......!! လန်းလိုက်တာ ။ ဒါငါ့အတွက်လား ''
ချမ်း,ဝမ်းသာအားရနဲ့ ထိုဖုန်းအသစ်လေးကို မထိရက်မကိုင်ရက် ယူပြီး သွားရည်တမြမြနဲ့ကြည့်ကာ ပြောလိုက်တော့ စွဲညို့က ချက်ချင်းပြန်ဆွဲယူလေသည် ။
" ဆုတောင်းလေ........... ဘာကိစ္စ မင်းအတွက်ဖြစ်ရမှာလဲ ။ ဒါငါ့အတွက်ပဲ ''
အပိုင်လို့်တွက်ထားကာမှ ငြင်းဆန်ခံရ၍ ချမ်း,မျက်နှာလေး ညိုးငယ်ကာ ထိုဖုန်းအသစ်လေးကို သံယောဇဉ်မပြတ်နိုင်သလို တွေတွေကြီးစိုက်ကြည့်နေမိသည် ။
" မင်းလက်ရှိသုံးနေတဲ့ ဖုန်းကလည်း အသစ်ပဲမလား ။ ဘာလို့ ဖုန်းနှစ်လုံးကိုင်ပြီး လူကြွားကြီးလုပ်နေမှာလဲ ။ ခုမှသတိထားမိတယ် ။ မင်းရဲ့ဖုန်း နှစ်လုံး,လုံးကဆင်တူတွေဟ.......တစ်ပုံစံထဲ တစ်ရောင်တည်း ''
" တစ်လုံးဝယ် တစ်လုံးလက်ဆောင်ရလို့ ဆင်တူနှစ်လုံးဖြစ်နေတာ ။ ဒီဖုန်းကို တစ်လလောက်သုံးပြီးတော့ မကိုင်ချင်တော့လို့ ပစ်ထုတ်လိုက်တော့မလို့ ။ အခု ဒီအသစ်ကိုပဲ ကိုင်တော့မယ် ''
ချမ်း မရည်ရွယ်ဘဲ စွဲညို့ခေါင်းကို ရိုက်မိသွားသည် ။
" yarr...... ရူးနေတာလား ။ ဒီလောက်အကောင်းကြီးကို ဘာကိစ္စပစ်ထုတ်ရမှာလဲ။ မလိုချင်ရင် ငါ့ကိုပေး ။ second hand ဆိုရင်တောင် ငါကျေနပ်တယ် ''
ခေါင်းအရိုက်ခံလိုက်ရ၍ စွဲညို့ဒေါသပိစိလေးထွက်လာပြီး ချမ်းရဲ့ လက်ကောက်ဝတ်ကို ဆွဲထားကာ ကူရှင်ပေါ်မှီချလိုက်သည် ။
" စိတ်ချ...... ငါက နောက်ဆုံးပေါ် အသစ်အသစ်တွေကိုပဲ သုံးတာ ။ second hand ဆိုလို့ မင်းတစ်ယောက်တည်းကို နှစ်ခါပြန်လိုက်မိတာပဲ ရှိတာ ''
ဒါဘယ်လိုအခြေအနေမျိုးပါလိမ့် ။ သူ့ရဲ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီးပြောလာတဲ့ စွဲညို့ရဲ့နောက်ဆုံးစကားကြောင့် ချမ်း,နှလုံးသွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရသည် ။ သူ့ရင်ဘတ်ထဲကနေ တဒုတ်ဒုတ်မြည်နေသည့် ရင်ခုန်သံတွေကို မသိချင်ယောင်ဆောင်ရင်း ချမ်းသည် စွဲညို့ကိုတွန်းထုတ်ကာ ဖုန်းကို သရေတမြမြကြည့်နေလိုက်သည် ။
" ဖုန်းက မိုက်တယ်နော်..... ကြွရွနေတာပဲ ဟီးဟီး''
လုပ်နေပုံက ရိုက်သတ်ချင်စရာ ။ ဒါပေမယ့် ချစ်ဖို့ကောင်းလွန်းအားကြီးနေသောကြောင့် စွဲညို့ ညင်သာစွာပြုံးလိုက်မိသည်။
"မင်းလိုချင်ရင် ခုငါ့ဖုန်းအဟောင်းကိုယူလို့ရတယ် ။ ဒါပေမယ့် အထဲက data တွေနဲ့ ငါ့ရဲ့ပုံတွေကို ဖျက်မပစ်ရဘူး ''
စွဲညို့သူ့လက်ထဲက ဖုန်းကို ချမ်းရှေ့ထိုးပေးလိုက်တော့ ချမ်းတစ်ယောက်လုံးဝကို မငြင်းနိုင်ရှာဘဲ ချက်ချင်းပင်ဆွဲယူလိုက်မိသည် ။ ပိုက်ဆံရှိလူတန်းစားတွေကြား ရေပန်းစားနေတဲ့ နောက်ဆုံးပေါ်ပန်းသီးကို ခုမှ ကိုယ့်ရဲ့လက်နဲ့ထိတွေ့ကိုင်တွယ်ဖူးတော့သည် ။ သူ့ပုံတွေပါတာ ဘာအရေးလဲ ။ နဂိုတည်းက စွဲညို့ရဲ့ ပုံတွေကို social network ပေါ်ကနေ ခိုးခိုး save နေမိတဲ့သူမို့ ဒါကအပန်းမကြီးပါဘူး ။
" Gomawo...... Gomawo....., ပေးပြီးသားတော့ ပြန်မတောင်းဘူးမို့လား ''
" ငါမသိတဲ့စကားတွေ ညှပ်မပြောစမ်းနဲ့...... ပြန်မတောင်းဘူးစိတ်ချ ''
သေချာအောင်အထပ်ထပ်အခါခါ အတည်ပြုနေသည့် ချမ်းကြောင့် စွဲညို့ပြုံးမိသွားသည် ။ ချမ်းက သူ့အချစ်ကလွဲလို့ သူ့ဆီက ဘာမှကိုမငြင်းဆန်ပါလား ။ တော်သေးတယ်လို့ပဲ ပြောရမယ် ။ သူ့ပေးတာလည်း လက်မခံ ၊ သူ့မျက်နှာကိုလည်းမမြင်ချင်ဘူးဆိုပြီး ရှောင်ပုန်းနေတာထက်စာရင် ဒါက အရမ်းကိုအခြေအနေကောင်းလွန်းအားကြီးတယ်မလား ။
တစ်နေ့သာ စွဲညို့ရဲ့ ဝေယျာဝစ္စတွေကို လိုက်ကူပြီးနောက် ချမ်း bus stop ကို လမ်းလျှောက်လာလိုက်သည် ။ စွဲညို့အတွက် တစ်လသုံးထားပြီးသား second hand ဆိုပေမယ့် သူ့အတွက်ကတော့ အသစ်ပဲမလား ။ မိူရတဲ့မျက်နှာနဲ့ ချမ်းတစ်ယောက် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လျှောက်လာခဲ့လိုက်သည် ။
ထိုစဉ် ချမ်းအနားကို ကားအနက်တစ်စီးထိုးရပ်လာပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည့်လူတစ်ဦးသည် ဆင်းလာကာ ချမ်းအရှေ့တည့်တည့်ရပ်လိုက်သည် ။
" ဒီက အကိုလေးကို ဒေါ်သက်ထားသခင်က ကော်ဖီသောက်ဖို့ ဖိတ်လိုက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပေးပါ ''
----------------------------------
မနက်မအားလို့ ညပိုင်းပြောင်းတင်ပေးမယ်။ အနည်းဆုံးတော့ ညဖက်ဆို မန့်တွေ reply ဖို့်အချိန်ရှိတယ်ထင်လို့ ။ နောက်ဆို မနက်မမျှော်နဲ့တော့နော် ။ ခုတောင် ည ၇ နာရီတစ်ချက်ပြန်သွားရမှာ ။ အရင်ပိုင်းတွေလည်း reply မပြန်ရသေးဘူး အကြွေးတွေများနေပြီ ။
၁ ရက်တည်း ၂ ပိုင်းဒိတ်လိုက်ရ၍ စိတ်ကြီးဝင်နေပုံ 😎😎 ။
18.3.2019
Continue Reading
You'll Also Like
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
198K 20.4K 68
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
135K 19.8K 111
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
195K 4.8K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်