နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌...

By kyalsin92

20.6K 2.2K 304

....ငါ‌မင်းကို‌ပေးနိုင်‌တဲ့ ‌ပျော်‌ရွှင်‌မှုထက်‌ သူမင်းကို ‌ပေး‌နိုင်‌တဲ့ ‌ပျော်‌ရွှင်‌မှုက ပိုများ‌နေတဲ့အခါ... More

\\1//
\\2//
\\3//
\\4//
\\5//
\\6//
\\7//

\\8//

1.8K 254 54
By kyalsin92

လမ်းမပေါ်က တရိပ်ရိပ်ပြေးနေတဲ့ ကားတွေကိုငေးကြည့်ပြီး အပြုံးပါးလေးဆင်မြန်းထားသူ...Baekhyunကို ကျနော် ကြည့်နေရင်း အောက်နှုတ်ခမ်းတစ်ချက်သပ်လိုက်မိတယ်...။

နဖူးပေါ်ခပ်ဝဲဝဲ ကျနေတဲ့ပန်းနုရောင်ဆံစတချို့..ဘေးတစောင်းအနေအထားအရ ဖြောင်းဆင်းနေတဲ့နှာတံရယ်..ပန်းရောင်သာသာလေးပြေးနေတဲ့ ပါးပြင်အိအိနဲ့ပါးစုံမို့မို့...။
သဘာဝအတိုင်းကိုအချိုးကျနေတဲ့ နှုတ်ခမ်းပါးတစ်စုံကလည်း အပြုံးတစ်ပွင့်ဖန်ဆင်းလိုက်တဲ့အခါ တော်တော်ကြည့်ကောင်းနေတာက....

Chanyeolကို သဘောကျနေတဲ့ ကျနော်တောင် ဒီကောင်လေးရဲ့ ပနံသင့်လွန်းတဲ့မျက်နှာကျကိုကြည့်ပြီး ချစ်ဖို့ကောင်းလွန်းတယ်လို့ မှတ်ချက်ချမိတာ..သူ့ကို ချစ်နေတဲ့Park Chanyeolသာဆိုရင်........။

Chanyeolဆိုမှ...

"Park Chanyeolနဲ့ ပြန်တည့်သွားပြီမလား??"

ကျနော့်အမေးကြောင့် အပြင်ကိုငေးနေတဲ့ ကောင်လေးရဲ့အကြည့်တွေက ကိုယ့်ဆီချက်ချင်းပြန်ရောက်လာပြီး မေးခွန်းကိုနားမလည်ဟန်နဲ့ မျက်ခုံးပင့်ပြလာရှာတယ်.။

"Chanyeol နဲ့ Baekhyun ပြန်အဆင်ပြေသွားပြီမလားလို့??"

"Aww....အဲ့ဒါက..."

အမေးစကားကို နားလည်သွားဟန်နဲ့ကောင်လေးက စကားထောက်တစ်ခုကိုအစပြုလာပြီး သူ့ရှေ့က မုန့်ပန်းကန်ကိုငုံ့ကြည့်ရင်း နှစ်နှစ်ရရပြုံးလိုက်ပြန်တယ်..။

ဘာအကြောင်းကြောင့်များ သူပြုံးရတာလဲ??

"အွန်း...ကျနော်တို့ပြန်တည့်သွားတယ်Pee..."

အပြုံးတစ်ခုနဲ့ အဖြေပြန်ပေးလာတဲ့ကောင်လေးကို ကျနော်ခေါင်းငြိမ့်ပြလိုက်မိတယ်..။
တော်ပါပြီ...ဆက်လည်းမမေးချင်တော့ပါဘူး..မေးမိရင်လည်း သူနဲ့Chanyeolကြားက နက်နဲတဲ့relationshipတစ်ခုအကြောင်းကိုပဲ စိတ်မချမ်းမြေ့စရာကောင်းအောင် ကြားရဦးမှာ သိနေမိတော့လည်း ကိုယ့်နှလုံးသားမနာကျင်ရဖို့ ဒီနေရာမှာပဲ စကားစဖြတ်လိုက်ပါတော့မယ်...။

Chanyeol ah...မင်းနဲ့သူနဲ့ကြားက ငါမမြင်ရနဲ့အတိတ်အကြောင်းတွေ...ငါမသိတဲ့မင်းအကြောင်းတွေကို သူကနေတဆင့် ငါမသိချင်မကြားချင်မိဘူး...

______နှလုံးသားဖြင့်ကြည့်၍မြင်သည်______

တတောက်တောက်နဲ့ နဘေးကနေTypingရိုက်နေတဲ့ Baekhyunရှိရာကို မီးပွိုင့်မိတဲ့အချိန်လေးမှာ ကျနော် စောင်းငဲ့ကြည့်လိုက်မိတယ်...။

မတုန်မလှုပ်ခပ်အေးအေးမျက်နှာထားတစ်ခုနဲ့ ဖုန်းကိုပဲအာရုံစိုက်လို့ Typingရိုက်နေတဲ့ကောင်လေးရဲ့ မျက်နှာထားက ကျနော့်ကို အံ့အားသင့်စေတာအမှန်...။

အိမ်ပြန်မယ့်သူနဲ့ရုံးကိုပြန်သွားရမယ့် ကျနော်...ကြားထဲကသွားရတဲ့လမ်းကလမ်းကြောသင့်နေတာကြောင့် လိုက်ပို့ပေးမယ်ပြောတုန်းက အသည်းအသန်ငြင်းခဲ့တဲ့ ကောင်လေးကိုမနည်းဆွဲခေါ်ပြီး ကော်ဖီဆိုင်လေးနားက ကိုယ့်siteထဲရပ်ထားတဲ့ကားပေါ်တင်ခေါ်ခဲ့ကတည်းက မပွင့်တပွင့်အပြုံးလေးနဲ့ပါလာခဲ့သူပါ...။

မှတ်တိုင်တစ်ခုကျော်အပြီးမှာမှ ဝင်လာတဲ့Lineက SMSတစ်စောင်ကို ဖွင့်ဖတ်ပြီး တတောက်တောက်နဲ့typingရိုက်လိုက်..ပြန်ပို့လာတဲ့စာကိုReplyလုပ်လိုက်နဲ့...အခုမှတ်တိုင်လေးငါးခုကျော်အပြီး ပွိုင့်အမိမှ ကျနော်သူ့ကိုကြည့်မိတယ်..။

အမြဲတစေပြုံးနေတတ်တဲ့ကောင်လေးက..အခုဘာကြောင့်နဲ့များ အေးစက်စက်မျက်နှာထားနဲ့တည်တံ့နေရတာလဲ??

ဝေခွဲမရတဲ့စိတ်နဲ့ကျနော်သူ့ကို ကြည့်နေမိပေမယ့် Baekhyunကတော့ မျက်မှောင်ကြုတ်နေရင်းသာ SMSတစောင်ကိုReplyပြန်ဖို့ပဲ အာရုံစိုက်နေတယ်..။

စက္ကန့်ပိုင်းအကြာလောက်မှ ကျနော့်ကိုလှည့်ကြည့်လာတဲ့ ကောင်လေးက ထင်မှတ်ထားစရာမကောင်းအောင်ကိုပဲ  မျက်မှောင်ကြုတ်ရက်နဲ့ ကျနော့်ကိုကြည့်လာတယ်...။
ပြေလျော့မသွားသေးတဲ့သူ့မျက်ခုံးတွေရယ် ၊ အလိုမကျမှုတွေကြီးစိုးနေတဲ့ သူ့မျက်ဝန်းအရိပ်အယောင်တွေကိုကြည့်ပြီး ကျနော်အသည်းအသန်အဖြေရှာနေတုန်းမှာပဲ ဖြေးဖြေးချင်းဆီပြေလျော့သွားတဲ့ သူ့မျက်ခုံးတွေနဲ့ တရိပ်ရိပ်ကော့တက်လာတဲ့ သူ့နှုတ်ခမ်းပါးတစ်စုံ....

ပြောင်းလဲသွားတဲ့မျက်နှာထားကို ထူးထူးဆန်းဆန်း ကျနော်ငေးကြည့်နေမိတော့...

"Yeolနဲ့ရန်ဖြစ်နေတာ..Aheee...."

ကလေးတယောက်လိုအသံထွက်ရယ်ပြလာပြီး သူ့လက်ထဲက ဖုန်းလေးကိုကျနောရှိရာ ထောင်ပြလာခဲ့တဲ့ Baekhyunကို ကျနော်ပြုံးရုံသာပြုံးပြလိုက်ပြီး ပွိုင့်ကိုပဲအာရုံပြန်ပို့လိုက်မိတယ်...။

Park Chanyeol နဲ့ ရန်ဖြစ်နေတာတဲ့လား??ဒါဆိုစောစောက စာပို့တာက Chanyeol???
Huk...နေ့ခင်းထမင်းစားနားချိန်မှာတောင် SMSပို့ရတယ်လို့...၊
တအားချစ်ပြနေတတ်တယ်ပေါ့...ဟာသပဲ Park Chanyeol...

"T.."

"တော်ပြီ..မပြန်ချင်တော့ဘူး.."

ထပ်ဝင်လာခဲ့တဲ့SMSတစ်စောင်ကို လျစ်လျူရှုပြီး ဘောင်းဘီအိတ်ထဲဖုန်းပြန်ထိုးသွင်းလိုက်တဲ့ Baekhyunပုံစံကို ကျနော်မျက်လုံးထောင့်ကနေ မြင်လိုက်ရသေးတယ်..။

ဘာရယ်ကြောင့်များ ဒီကောင်လေးဟာ Chanyeolပေးတဲ့အရာတစ်ခုကို လျစ်လျူရှုရတာလဲ??
Chanyeolက သူ့ဖို့ပေးခဲ့တာတွေပဲ များနေလို့လား.

"Yeolက လာစနေတာလေ...၊ကျနော်ကြိုက်လားမသိ မကြိုက်လားမသိနဲ့.."

စကားအဆုံးသတ်ရောက်မှ ကျနော့်ကို လှမ်းကြည့်ပြီးပြောလာတာကြောင့် ကျနော်တစ်ချက်ပြန်ကြည့်လိုက်ကာ...

"Baekhyun ဘာကြိုက်တယ်ဘာမကြိုက်ဘူးဆိုတာ..သူအကုန်သိပါတယ်.."

"ဒါမယ့် ဒီတစ်ခါတော့တကယ်မသိတာ...၊ကျနော် လုံးဝမကြိုက်တာကြီးကို..၊ဒီတခါတော့ လုံးဝကိုစိတ်ဆိုးပစ်မှာ..."

သူစိတ်ဆိုးမယ့်အကြောင်းကို တရားဝင်ထုတ်ပြောပြလာခဲ့တဲ့ ပန်းနုရောင်ကောင်လေးရဲ့ ကလေးဆန်ပုံလေးကြောင့် ကျနော်ခပ်ဖွဖွပြုံးလိုက်မိတယ်...။

Chanyeolပစ်ကြွေလောက်မယ့် အပြုအမူတွေနဲ့ ကောက်စိန်လုပ်တော့မယ့်ကောင်လေး...။
Park Chanyeolတယောက် ဒီကောင်လေးစိတ်ပြေအောင် အသည်းအသန် ချော့ရတော့မယ့်ပုံ...

တတီတီနဲ့ထပ်ဝင်လာတဲ့ SMSသံတွေကို ကောင်လေးက ဟွန်းကနဲလုပ်ပြီး လျစ်လျူရှုနေပစ်လိုက်တယ်...။
မမြင်ရမှန်းသိနေတာတောင် စိတ်ဆိုးဟန်လုပ်ပြလာတာကြောင့် ကျနော်ခေါင်းခါပြုံးလိုက်မိပြန်ရော...။

ကလေးဆန်ချက် Baekhyunရယ်...

"မနက်ကတင်စိတ်ဆိုးပြေသွားတာဆို..ဒါကိုထပ်ဆိုးဦးမလို့လား?''

လမ်းညာဘက်ခြမ်းကို ကားကပ်ယူလိုက်ရင်း မေးလိုက်မိတဲ့ အမေးစကားဆုံးတော့ ကောင်လေးက ခပ်တိုးတိုးရယ်လာရှာတယ်..။
ကျနော့်စကားမှာ ရယ်စရာပါသွားလို့လား...

နားမလည်ဟန်နဲ့ကျနော်ကြည့်လိုက်မိတော့...

"ကျနော်နဲ့Yeolက စိတ်ဆိုးလည်းခဏပဲလေ Peeရဲ့.."

နှုတ်ခမ်းထောင့်စွန်းတွေကော့တက်သွားအောင်ကို ပြုံးရယ်ပြီးအဖြေပြန်ပေးလာတဲ့ Baekhyunစကားကြောင့် ကျနော်ခေါင်းတချက်ငြိမ့်ပြလိုက်ပြီး ကားမောင်းတာကိုပဲ အာရုံထည့်လိုက်တော့တယ်...။

နက်နဲတဲ့Relationshipတစ်ခုမှာ ကျနော် မသိတာတွေအများကြီးပါလား...။

"သူစိတ်ဆိုးလည်းကျနော်ချော့ရသလို ကျနော်စိတ်ဆိုးလည်း သူကပြန်ချော့တတ်တယ်လေ..၊ပြောတာပြောရတာပါ...Yeolကျနော့်ကို စိတ်ဆိုးတာက ခပ်ရှားရှားရယ်...ကျနော်ကသာ ဆိုးရစ်နေတာ..."

မတိုးမကျယ်ရယ်ရင်း သူ့စကားကိုအဆုံးသတ်သွားတဲ့ ကောင်လေး...
စကားထောက်မလုပ်ပေးပြန်ရင်လည်း...Noon Naungဟာ စိတ်သဘောထားမပြည့်ဝသူတယောက် ဖြစ်ဦးမှာ...
စကားဆက်ပေးလိုက်ရင်လည်း....သူတို့နှစ်ယောက်ကြားက ကျနော်ဝင်မဆံ့နိုင်တဲ့ အတိတ်အကြောင်းတွေ စိတ်သဘောထားတွေကြားနေရမှာ...

ငါဘာလုပ်သင့်လဲChanyeol....

"မနေ့ညက သူBaekhyunအကြောင်းတွေပြောပြပါတယ်..၊ငယ်ကတည်းက သူထိန်းလာခဲ့တဲ့အကြောင်းတွေလေ.."

ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မချရသေးခင်မှာပဲ လွှတ်ကနဲထွက်သွားမိတဲ့ ဒီပါးစပ်ဟာလေ...လောကွတ်သိပ်ချော်တတ်တာပဲ...

Baekhyunကတော့ ကျနော်ဘက် ကြည့်နေတာကို မျက်လုံးထောင့်ကနေမြင်နေရတယ်...။

"Yeollieက ကျနော့်ကို ငယ်ကတည်းက ထိန်းခဲ့တာ ဟုတ်တယ်....။သူ့ကိုခေါ်ဖို့အတွက်နာမ်စားကို သူကိုယ်တိုင်သင်ပေးခဲ့တာလေ..ကျနော့်ကို...၊Huk...Yeol..တဲ့...၊Hyungလို့မသင်ပေးခဲ့ဘဲ..Yeolတဲ့လေ...ကျနော်လည်းအဲ့တိုင်းပဲ ခေါ်ခဲ့တော့ အကျင့်ပါနေတာ...၊မူလတန်းစတက်မှ Hyungခေါ်ရမယ်ဆိုပြီး လူကြီးတွေကပြန်သင်ပေးလို့...ဒါမယ့် မရပါဘူး..ခုချိန်ထိနှုတ်စွဲနေတုန်းပဲ...."

စိတ်ပါလက်ပါရှင်းပြနေတဲ့ စကားတွေကို ကျနော်ခေါင်းတငြိမ့်ငြိမ့်နဲ့ပြုံးရင်းသာ နားထောင်နေမိတယ်...။

၇နှစ်လောက်ကွာဟတဲ့ ကလေးတယောက် ကိုယ့်ကိုခေါ်ဖို့သင်ပေးခဲ့တဲ့နာမ်စားက ကိုယ့်နာမည်ရဲ့အဆုံးသတ်စကားလေးတစ်လုံးတဲ့လား Chanyeolရာ....။
မင်းဟာ ငယ်ကတည်းက ဒီကလေးကို အလိုလိုက်ပေးနေတာပဲ...။

"အသက်အရွယ်ကွာဟချက်အရ အခြားလူတွေအတွက် ကြားရတာအဆင်မပြေပေမယ့်....."

ဆက်မပြောတော့ဘဲ ကားမှန်အပြင်ကိုသာ အကြည့်ပြန်လွှဲသွားတဲ့ ကောင်လေးကို ကျနော်လိုက်ကြည့်နေမိတုန်း ခပ်တိုးတိုးဆက်ပြောလာတဲ့ သူ့စကားကြောင့် မပွင့်တပွင့်ပြုံးရင်းနဲ့ပဲ ကျနော်အကြည့်ပြန်လွှဲခဲ့ရတော့တယ်...။

"အဲ့အခေါ်လေးက သူနဲ့ကျနော့်ကြားကိုနွေးထွေးစေတယ်လေ..."

တိုးတိုးလေးပြောလိုက်တဲ့ ကောင်လေးစကားရဲ့အဓိပ္ပါယ်မှာ နက်ရှိုင်းမှုတွေ အများကြီးပါနေခဲ့တယ်...။

အိမ်လမ်းထိပ်ထိစကားဆက်မပြောတော့တဲ့ Baekhyunကို ကျနော်ဘာစကားမှမစမိသလို သူ့ဘက်ကနေလည်း ကျနော့်ကိုဘာတခွန်းမှ ဆက်ပြောမလာခဲ့တော့....။

"Khob Khun Krab Pee....''

ကားပြတင်းပေါက်ကနေတဆင့် ခေါင်းငုံ့ကျေးဇူးစကားပြောလာပြန်တော့လည်း ကျနော်ခေါင်းခါပြုံးပြမိပြန်ရော...။

"ရပါတယ်..လမ်းကြောသင့်နေတာပဲဟာ...။PassCodeမှတ်မိတယ်မလား??''

ကျနော့်အမေးကြောင့်အသံထွက်ရယ်လာတဲ့ ကလေးငယ်...။
ကလေးတယောက်လို ရယ်လာတဲ့ Baekhyunကိုကြည့်ပြီး ကျနော်ပြုံးလိုက်မိပြန်တယ်...။

သူ့အပြုံးတွေကပဲ ကျနော့်ဆီ ကူးစက်လာလေသလား....ဒါမှမဟုတ် ကျနော်တွေးလိုက်မိတဲ့အတွေး...သူ့အပြုံးတွေအောက်မှာ Chanyeolကျရှုံးခဲ့သလား...ဆိုတဲ့အတွေးကြောင့်ပဲ ပြုံးလိုက်မိတာလား..သဲသဲကွဲကွဲတော့ကျနော်လည်းမသိလိုက်...။

"မှတ်မိပါတယ်Peeရဲ့...၊အာ...ဒါနဲ့အပြန်ကျ Peeနဲ့အတူတူ Yeolရောပြန်လာမှာလားဟင်??မနက်က အတူတူမသွားကြလို့လေ.....ဟို...မနေ့ညကဟာကို Peeကစိတ်ဆိုးနေသေးတာလား??''

မျက်နှာငယ်လေးနဲ့ သူသိချင်တာကို မေးလာပြန်တာကြောင့် ကျနော်ခေါင်းခါပြလိုက်ရင်း...

"စိတ်မဆိုးပါဘူး...၊Peeမနက်က အရင်ထွက်လာတာကလည်း...siteထဲစောစောသွားစရာရှိလို့ပါ...။Chanyeolကိုလည်း မနေ့ညကတည်းက ပြောပြထားပြီးသား...။ဒါနဲ့...သူမနက်က သူ့ကားနဲ့သွားတာလား??taxiစီးသွားတာလား??''

မနက်ကတည်းက ခုချိန်ထိမတွေ့ရသေးတော့...သူဘာနဲ့ဘယ်လိုအလုပ်သွားမှန်းလည်းမသိလိုက်...။

"Taxiနဲ့သွားမယ်ပြောတာပဲ...၊ကားသော့ကအထားမှားပြီး ပျောက်နေတယ်တဲ့လေ..."

မကျေမနပ်ဟန်နဲ့တိုင်တောလာတဲ့ Baekhyun...။
Chanyeolက တစ်လလုံးနေမှ သူ့ကားကိုသုံးခေါက်လောက်တောင် ထုတ်မမောင်းတော့..ကားသော့ပျောက်နေတာ ဆန်းကြယ်တဲ့ကိစ္စတော့မဟုတ်...။

"အဲ့ဆိုအတူတူပြန်လာခဲ့မှာ..."

ကျနော့်အဖြေပြန်ရမှ ခေါင်းငြိမ့်ပြုံးပြလာတဲ့ Baekhyunကို ကျနော်ပြန်ပြုံးနှုတ်ဆက်ပြီး ရုံးကိုပဲဆက်ထွက်လာခဲ့တော့တယ်...။

နောက်ကြည့်မှန်ကနေတဆင့် လှမ်းကြည့်လိုက်တော့ မြင်နေရတဲ့ ဆံပင်ပန်းနုရောင်နဲ့ကောင်လေးက ဘောင်းဘီအိတ်ထဲက သူ့ဖုန်းကိုထုတ်ပြီးcheckingလုပ်နေလေရဲ့...
သေချာတာက...Park Chanyeolသူ့ဆီပို့တဲ့ SMSတွေကိုစစ်နေတာနေမှာပါ...။

ဖုန်းကိုငုံ့ကြည့်ရင်း ပြုံးလိုက်တဲ့သူ့အပြုံး...ခပ်လှမ်းလှမ်းရောက်နေတဲ့ ကျနော်တောင် မြင်လိုက်ရတဲ့အထိကို နစ်နစ်နဲနဲပြုံးလိုက်တဲ့ အဲ့အပြုံး...

ဘာတွေကိုများ သဘောကျသွားရတာလဲ Baekhyun...Chanyeolကဘာတွေပြောထားလို့ မင်းကအဲ့လိုပြုံးရတာလဲ....။

ငါချစ်ရတဲ့ကောင်လေးက မင်းအပြုံးတွေကို ထပ်ဖန်ဆင်းပေးနေပြန်ပြီပဲ.....

______နှလုံးသားဖြင့်ကြည့်၍မြင်သည်______

"Ae Noon~~''

အနားကပ်ပြီး တိုးတိုးလေးခေါ်လာတဲ့ KhaYuကို ကျနော်မော့ကြည့်ပြီး မေးငေါ့ပြလိုက်တော့ သူနဲ့တနေရာလိုက်ခဲ့ဖို့ဟန်ပန်လုပ်ပြလာတယ်...။

စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး ရှေ့ကသွားတဲ့သကောင့်သားလေးနောက်ကို လိုက်လာခဲ့တဲ့အချိန်က ရုံးဆင်းဖို့နှစ်နာရီလောက်ပဲ လိုတော့တဲ့အချိန်....

မြင်နေရတဲ့Chanyeolအလုပ်စားပွဲကို လှမ်းကြည့်လိုက်တော့ ကိုယ်တော်ချောက သူကိုင်ထားတဲ့ကော်ဖီခွက်ထဲကိုပဲ အာရုံစူးစိုက်ပြီးငုံ့ကြည့်နေတာ..မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးလို့...။

ကော်ဖီကအရသာမရှိဘူးထင်တယ်...ကလေးတယောက်လို အလိုမကျပုံနဲ့ အောက်နှုတ်ခမ်းကရှေ့ကို နည်းနည်းလေးဆူထွက်လာသေးတာ...။

"ကလေးဆန်တော့လည်း တမျိုးချစ်ဖို့ကောင်းပြန်ရော."

တကိုယ်ကြားရေရွတ်ရင်း KhaYuထွက်သွားတဲ့ အရေးပေါ်ထွက်ပေါက်ဘက်ကို ဦးတည်လိုက်မိတယ်..။
ဘာအရေးကြီးတာတွေပြောစရာရှိလို့...အပေါ်ဆုံးထပ်ထိတက်နေရတာလဲ??

"ပြောပါဦး..ဘာတွေအရေးကြီးနေလို့လဲ??''

အပေါ်ဆုံးထပ်လဟာပြင်ရောက်မှ လေပူတချက်မှုတ်ထုတ်ပြီး ကျနော်မေးလိုက်တော့ KhaYuက အောက်နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း....

"မင်း....ကိုရီးယားစာဖတ်တတ်လား??''

ဒါလေးမေးဖို့အရေး ဒီအထိတက်လာရတယ်..ဆိုတဲ့အသိကြောင့် ကျနော်မကျေမနပ် မျက်မှောင်တွန့်လိုက်ပြီး ခေါင်းရမ်းပြလိုက်မိတယ်..။

"ငါကအပြောနဲ့အကြားပဲ ရတယ်...၊အရေးအဖတ်က အရမ်းကြီးမရသေးဘူး..."

ကျနော့်အဖြေကို အားမလိုအားမရဖြစ်သွားဟန်နဲ့ ကျွတ်သပ်လာတဲ့KhaYu...

"ဘာလုပ်မလို့လဲ??Korea Customerတယောက်က ဒီဇိုင်းလာအပ်လို့လား??အဲ့ဆို Chanyeolရှိတယ်လေ...သူ့ဆီလွှဲပေးလိုက်ပေါ့..."

အကျိုးအကြောင်းသင့်နေတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်နေပေမယ့်...KhaYuက လက်မခံ..ခါးခါးသီးသီးခေါင်းခါရမ်းပြလာပြီး...

"Cusဆိုရင် တခါတည်း အဲ့ကောင်ဆီတန်းလွှတ်လိုက်မှာပေါ့..ငါကမင်းကို မေးနေမှာလား??"

Chanyeolမှာ ချစ်နေတဲ့ကောင်လေးရှိနေတယ်ဆိုတာ သိကတည်းက KhaYuကChanyeolကို မကျေမနပ်နဲ့နာမ်စားကို သုံးချင်တိုင်းသုံးနေတော့တာ..

"ဒါဆိုဘာလဲ??''

"Insta MyDayကွာ...အဲ့ဒါ ငါမဖတ်တတ်လို့.."

အသည်းအသန် အမြန်အဆန်ပဲ ကျနော့်ဦးနှောက်ကို အလုပ်ပေးလိုက်မိတယ်..။ဘယ်Insta MyDayတုန်း....ဘယ်သူတင်ထားတာကိုမဖတ်တတ်လို့လဲ??

"Arr...Lee JongSukတင်ထားတာလား??ဒါများChanyeol မေးလိုက်လေကွာ..."

KhaYuက Kdrama King Lee JongSukရဲ့ Wanfanဖြစ်တာကို သတိရသွားပြီး ကျနော်အကြံဥာဏ်ပေးလိုက်မိပေမယ့်....

"Baekhyun!Baekhyun!!.Baekhyun MyDayကို ဖတ်ချင်လို့ဟ ချီးတဲ့မှပဲ!!!''

စိတ်မရှည်ဟန်အော်ဆဲလာတဲ့ သကောင့်သားကို ကျနော်ကြောင်ကြည့်နေမိတယ်...။
သူကဘာအတွက်နဲ့ ဟိုကောင်လေးရဲ့ MyDayကို စိတ်ဝင်စားနေရတာလဲ??
မဟုတ်မှ...ဒီကောင်....

"အဲ့မျက်လုံးနဲ့မကြည့်နဲ့ငါ့ကို...Ae Naungငါမင်းဘက်ကလူပါ...."

ကျနော့်အကြည့်တွေကို ရိပ်မိသွားပြီးရှင်းပြလာတာကြောင့် ကျနော် ပြုံးပြလိုက်ပြီး...

"မသိဘူးလေကွာ...မင်းက ထူးထူးဆန်းဆန်း သူ့MyDayကို စိတ်ဝင်စားနေတယ်ဆိုလို့...၊ဆိုတော့..မင်းသူ့ကိုfollowထားတယ်ပေါ့..."

"အေး...သူနဲ့ဟိုကောင်အကြောင်း သိချင်လို့.."

ပေစောင်းစောင်းအကြည့်နဲ့ အဖြေပြန်လာတဲ့ သူငယ်ချင်းကို မကျေမနပ်ပြန်ကြည့်လိုက်မိတယ်...။

"အဲ့ကောင်လေးက သူ့insta MyDayတင်ထားတယ်လေ...ပုံကLine Conversationတစ်ခုဆိုပေမယ့်...အသိအသာကြီးကွာ...Park Chanyeolနဲ့ပြောထားတာဆိုတာ..."

Conversationတဲ့...တွေးလိုက်မိပါရဲ့ နေ့လည်ခင်းကပို့တဲ့SMSတွေများလားလို့လေ....

"သူကပုံမှာရေးထားသေးတယ် \\...Same2U...//..တဲ့လေ...အဲ့ကြောင့်မို့ ငါမေးကြည့်တာ မင်းများဖတ်တတ်လားလို့...ဖတ်တတ်ရင် ဟိုကောင်ဘာပြောတာလဲသိလို့ရတယ်..."

KhuYuရဲ့ တဗျစ်တောက်တောက်စကားတွေကို နားထောင်ပြီး ကျနော်ခေါင်းရမ်းပြလိုက်ရင်း "မသိချင်ပါဘူး..." လို့ပဲ ခပ်တိုးတိုးပြောလိုက်မိတယ်.။

စိတ်ပျက်သွားတဲ့ ကျနော့်ဟန်ကြောင့် KhaYuက မျက်နှာအပျက်ပျက်နဲ့....

"မင်း...မင်းကလည်းကွာ...အဲ့ဒါChanyeolနဲ့ ပြောတာဟုတ်ချင်မှဟုတ်မှာပါ...ဒီတိုင်း..ဟိုဘက်နိုင်ငံက သူ့သူငယ်ချင်းလည်းဖြစ်ချင်ဖြစ်မှာပေါ့...သူကConversationအကုန်တင်တာမှ မဟုတ်တာ..သူပြချင်တဲ့စာလေးပဲ Cropတင်ထားတာပါကွ...အဲ့တော့Chanyeolမဟုတ်နိုင်ပါဘူး..."

စောစောကတင် Chanyeolမှန်းအသိသာကြီးပါ ပြောထားပြီး ကျနော်စိတ်ညစ်သွားမှ မဟုတ်လောက်ဘူးပြန်ဖြေရှင်းလာပြန်တဲ့ KhaYuလေး...

"မင်းပဲစောစောက Chanyeolမှန်း အသိအသာကြီးပါဆို..."

"ထင်တာပြောတာပါ...၊စာအဆုံးမှာ heart emojiတွေရောပါလို့လေ..၊ဘာပဲပြောပြော Chanyeolမဟုတ်ပါဘူး..ငါသွေးပူပြီးထင်ချင်ရာထင်လိုက်မိတာ..။Profileပုံကလည်း Chanyeolပုံ မဟုတ်ဘူးရယ်...သူ့သူငယ်ချင်းလည်းဖြစ်နိုင်သလို..သူ့မိဘတွေလည်း ဖြစ်နိုင်တယ်...။ပြီးတော့....သူ့ရည်းစားမဟုတ်ဘူးလို့လည်း မပြောနိုင်ဘူးလေ.."

ထင်ကြေးတွေပေးပြီး ထင်ရာဖြေရှင်းနေပြန်တဲ့ KhaYuရဲ့ပခုံးစွန်းကို လက်သီးနဲ့ခပ်သာသာထိုးလိုက်မိတယ်...။

"Heart emojiတွေနဲ့ဆိုရင်...Chanyeolဟုတ်မှာပါ..."

"Park Chanyeolက အဲ့လောက်ကလေးမဆန်လောက်ပါဘူး.."

သန့်သန့်ပြန့်ပြန့်တည်တည်တံ့တံ့နေတတ်တဲ့ Chanyeolပုံစံကြောင့် Emojiမသုံးတတ်ဘူးထင်နေတဲ့ KhaYuကြောင့် ကျနော်နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး...

"Baekhyunအတွက်ဆို ငါတို့မမြင်နိုင်တဲ့ Chanyeolရဲ့တစ်ဖက်ခြမ်းက ကလေးဆန်ချင်ဆန်နေမှာပေါ့..."

ကျနော့်အပြောကြောင့် မျက်စောင်းထိုးအကြည့်လွှဲသွားရှာသူလေး....

Heart Emojiတဲ့လား...တော်တော်အနုအယွဆန်နေပါလားကွာ...ဒါမယ့်လည်း Chanyeolဟုတ်မဟုတ်တပ်အပ်မပြောနိုင်သေးပါဘူးလေ...။ProPicက သူမဟုတ်ဘူးတဲ့...ဒါဆိုဘယ်သူ့ပုံလဲ??

"KhaYu...အဲ့တော့ Profileထားထားတဲ့ပုံက ဘယ်သူ့ပုံလဲ??မင်းမြင်လိုက်လား...ယောက်ျားလေးလား မိန်းကလေးလား??ဘာပုံထားထားတာတုန်း??''

သိချင်စိတ်နဲ့ မြန်မြန်ဆန်ဆန်ထမေးလိုက်တော့ KhaYuက နားထင်စပ်ကိုလက်ညိုးနဲ့တချက်ကုပ်လိုက်ပြီး...

"လူပုံတော့မဟုတ်ဘူးကွ...ဘာလဲ??ဘယ်လိုပုံပါလိမ့်...အာ..အာ...လက်...လက်....လက်နှစ်ဖက်..၊ဘယ်လိုလဲတော့မသိပေမယ့်...လက်နှစ်ဖက်ကိုင်ထားတာပဲ..."

ကြားလိုက်ရတဲ့စကားကြောင့် ကျနော် သက်ပြင်းငွေ့ငွေ့ချလိုက်ပြီး....

"အဲ့ဒါChanyeolပဲ...၊ကလေးလေးရဲ့လက်ကိုနောက်ထပ်တယောက်က ကိုင်ထားတဲ့ပုံ...၊အဲ့တာChanyeol...သူပင်တိုင်သုံးတဲ့ပုံ.."

ခဏတာငြိမ်ကျသွားတဲ့ စကားဝိုင်း...။
Chanyeol က Baekhyunကို ချစ်နေတယ်ဆိုတာ သိနေရက်နဲ့ ကျနော်ဘာလို့ ဒီလိုအကြောင်းတွေကြားရင် ခံနိုင်ရည်မရှိသေးတာလဲ??

"သွားရအောင်ကွာ...ပျောက်လို့ဆူခံနေရဦးမယ်.."

မှိုင်ကျသွားတဲ့ကျနော့်ကို ပုခုံးကနေပုတ်ပြီး အသိပေးစကားပြောလို့ အောက်ဆင်းသွားတဲ့KhaYuနောက် ကျနော် ဖြေးဖြေးချင်းစီလိုက်လာခဲ့တော့တယ်...။

ဒီထက်ပိုတဲ့အနေထားတွေတောင် မျက်ဝါးထင်ထင်မြင်ခဲ့ရသေးတာပဲဟာ...အဓိပ္ပါယ်နားမလည်တဲ့ chart roomလေးတစ်ခုရယ်...emojiလေးတချို့ရယ်အတွက်နဲ့ ဘာလို့စိတ်ပျက်နေမိတာလဲ??

"ဝေး.....ဘာတွေတွေးနေတာလဲ??''

ရှေ့တည့်တည့်ကနေ လာရပ်ပြီး ကျနော့်ဆံပင်တွေကို ဆွဲဖွပစ်ပြီး အမေးထုတ်လာတဲ့Chanyeolကိုမြင်မှ ရုံးခန်းထဲပြန်ရောက်နေမှန်း သိတော့တယ်...။

အခုလိုskinshipမျိုးကို အရင်ကလည်း ခံရဖူးသလို..ခံရတိုင်းလည်း ရင်ခုန်တတ်စမြဲ..အခုသူကအခြားတယောက်ကို ချစ်နေမှန်းသိတာတောင်..ရင်ဆက်ခုန်နေဆဲပဲ...။

လှိုက်တက်သွားတဲ့ ရင်ခုန်သံကိုမသိကျိုးကျွံပြုလိုက်ပြီး ပွသွားတဲ့ဆံပင်တွေကို လက်နဲ့ပြန်ဖိသပ်လိုက်ကာ...

"ဟိုဟိုဒီဒီပါပဲ...၊ဘာလဲ...အပြန်ကျငါနဲ့လိုက်မယ် ပြောမလို့လား??''

ကျနော့်အပြောကို မကျေနပ်ပုံနဲ့ Chanyeolက နှာခေါင်းတစ်ချက်ရှုံ့ပြလာပြီး...

"လိုက်ရမှာပေါ့...ငါ့ကားမှယူမလာရတာ.."

"အထားမှားပြန်ပြီမလား??''

Chanyeolကခေါင်းတစ်ချက်ငြိမ့်ပြလာပြီး...

"အခုတော့ ပြန်တွေ့ပါပြီ.၊Baekhyunee စောစောကတင်ဖုန်းဆက်လာတယ်လေ...။သူပြန်ရှာတွေ့တယ်တဲ့..ငါ့ကုတင်အောက်ထဲကနေ.."

အဆုံးပိတ်ပြောရင်း သဘောတကျနဲ့ကို သူကခပ်တိုးတိုးရယ်လာလေရဲ့...။
ကျနော်ကတော့ သူ့အပြုံးမှာစီးမျောရင်း အမှန်တရားတစ်ခုကို ထပ်သိလိုက်ရပြန်တယ်...

သူ့ပစ္စည်းတွေကို အခြားသူကိုင်တာမကြိုက်တဲ့သူက Baekhyunကိုတော့ အခန်းထဲထိစိတ်တိုင်းကျ ပေးဝင်စေတယ်...တဲ့...

Chanyeol ah ငါ Byun Baekhyunကို မနာလိုတော့ဘူးကွာ....

______နှလုံးသားဖြင့်ကြည့်၍မြင်သည်______

"မနက်ဖြန် ပိတ်ရက်အပြင်ထွက်မှာလား Naung??''

လမ်းတစ်ဖက်ကို ကျွမ်းကျွမ်းကျင်ကျင် ချိုးကွေ့ရင်း Chanyeolမေးလာတာကြောင့် ကျနော်အသံတိတ်ခေါင်းခါပြလိုက်ပေမယ့် သူမြင်ကောင်းမြင်နိုင်လောက်ပါရဲ့....

နိုင်ငံတကာယာဉ်မောင်းလိုင်စင်ရထားတဲ့ သူက လက်တစ်ဖက်တည်းနဲ့စီတီယာတိုင်ကို ထိန်းကိုင်ပြီး ကျန်တစ်ဖက်က နားထင်ကို ခပ်သာသာဖိပွတ်နေတာမြင်လိုက်ရတော့....

"ဘာလဲ...ခေါင်းကိုက်နေလို့လား??''

တစ်ချက်သာဝေ့ဝဲကြည့်လာပြီး အကြည့်ပြန်လွှဲခေါင်းခါရမ်းပြလာသောသူ...

"ပိတ်ရက်လေ..."

"အေး...မနက်ဖြန်လေ.."

သူ့အပြောကို စကားထောက်လုပ်ပေးလိုက်တော့ Chanyeolက ခပ်ဖြေးဖြေးခေါင်းငြိမ့်ပြလာပြီး...

"အဲ့ဒါ....Baekhyuneeကို အပြင်လိုက်ပို့မလို့လေ...။ဘယ်ပို့ရမလဲလို့ စဉ်းစားနေတာ..."

နက်နက်နဲနဲကို စဉ်းစားနေတဲ့ပုံကြောင့် ကျနော် ဘာတခွန်းမှမပြောတော့ဘဲ ငြိမ်နေလိုက်မိတယ်..။
ပြောချင်စိတ်လည်းမရှိတော့ပါဘူး...

"အာ...မင်းလည်းနေ့လည်က Baekhyuneeနဲ့ နေ့လည်စာအတူစားဖြစ်သေးတယ်ဆို...သူပြောပြတယ်..."

ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီး...

"မင်းတောင်စာတွေပို့သေးတယ်မလား??''

ကျနော့်အပြောကြောင့် လျှာအစွန်ဖျားလေးသာထုတ်ပြီး ပြုံးစစလုပ်လာတဲ့Chanyeolပုံလေးက ကလေးနဲ့တူလိုက်တာ..။

"အေး..အဲ့ဒါကောက်တော်မူသွားလို့ ပြန်ချော့ရသေးတယ်..."

"မင်းကသူမကြိုက်တာသွားစတာဆို...."

ပွိုင့်တစ်ခုမီးနီမိတာနဲ့အံကိုက်ဖြစ်သွားတဲ့ ကျနော့်အမေးကို Chanyeolက ဘရိတ်ဖြေးဖြေးချင်းနင်းရပ်နေရာကနေ ကျနော်ရှိရာကို မျက်လုံးအဝိုင်းသားနဲ့လှည့်ကြည့်လာတယ်...။

အူကြောင်ကြောင် မျက်နှာထားလေးကြောင့် ဘာလဲဆိုတဲ့အထာနဲ့ ကျနော်မေးငေါ့ပြလိုက်တော့...

"ငါဘာပြောလိုက်တာလဲဆိုတာ မင်းသိတယ်လား??''

တအံ့တသြဖြစ်နေတဲ့ သူ့ပုံစံကြောင့် ကျနော်ပါရောယောင်ပြီး ကြောင်တောင်တောင်ဖြစ်သွားကာ ခေါင်းအမြန်ခါပြလိုက်ရတယ်...။

"မသိပါဘူး...၊သူကဒီတိုင်း သူမကြိုက်တာကို မင်းကလာစလို့ စိတ်ဆိုးတယ်ဆိုပြီး ငါ့လာပြောလို့ပါ... အခုပြန်ပြေသွားပြီမလား??မင်းပို့ထားတဲ့စာတောင် သူကInsta MyDayတင်ထားတယ်ဆို.."

နောက်တစ်ဖန် မျက်လုံးအဝိုင်းသားနဲ့ကြောင်ကြည့်လာပြန်တဲ့ တစ်ဖက်သက်ချစ်ရသူ...

"ငါပို့တဲ့စာကိုMyDay???ဟုတ်လား..အိုဟိုး...ကြည့်ရအောင်...."

ချက်ချင်းဆိုသလို အင်္ကျီအိတ်ထဲကဖုန်းကို ထုတ်ပြီး သွက်သွက်လက်လက်နဲ့Instagramထဲ ဝင်ကြည့်နေပြန်တယ်...။

အရင်ကpointမိလည်း ဒီအချိန်လောက်ပဲဆိုပေမယ့်..ဒီနေ့မှ ဘာလို့ကြာနေတယ်လို့ ကျနော်ထင်နေမိတာလဲ

"Ahuk...ကလေးဆိုး.."

MyDayစာမျက်နှာလေးကို လက်မနဲ့ဖိထားရင်း ပြုံးနေတဲ့Chanyeolအပြုံးက သူ့မျက်လုံးတွေထိကို ယောင်ပြန်ဟက်နေတာပဲ...
သြော်...မျက်လုံးတွေထိတိုင်အောင် ပြုံးတယ်ဆိုတာ ဒါမျိုးကို...။

ဖုန်းကိုပဲကြည့်ပြီးပြုံးနေတဲ့သူက ကျနော်ဘယ်လိုလုပ် ဒီအကြောင်းကိုသိသွားတာလဲဆိုတာ သတိထားမိဟန်မတူ...။
သူမေးလာခဲ့ပြန်ရင်လည်း ကျနော့်မှာ အဖြေစကားမရှိ..
KhaYuကနေတဆင့်သိပါတယ်ပြောရင်လည်း KhaYuကBaekhyunကို ဘယ်လိုသိတာလဲဆိုပြီး...မဆုံးနိုင်တဲ့အမေးတွေတန်းစီဝင်လာတော့မှာ...

"အာ..."

ရှေ့ကကားမောင်းထွက်သွားမှ အာမေဋိတ်တစ်ခုကို တိုးတိုးလေးရွတ်ပြီး ကားစထွက်လိုက်ပေမယ့် သူ့လက်ထဲမှာဖုန်းလေးကတော့ အရင်အတိုင်း..လက်မနဲ့ဆက်ဖိထားမြဲ...

"Screenshotရိုက်သိမ်းထားရမယ်...၊Same to Youတဲ့လား...ဟဟဟ..."

သဘောတကျရယ်ပြန်တာကြောင့် မနေနိုင်မထိုင်နိုင် ကောက်မေးလိုက်တဲ့မေးခွန်းက...

"မင်းကဘာပြောထားလို့လဲ??''

ဒီညအိပ်မပျော်နိုင်အောင်ကို စွမ်းဆောင်နိုင်မယ့်အဖြေတစ်ခု ပြန်ရခဲ့မယ်မှန်းသိရင်....ကျနော်ဘာလို့ဒီအမေးကိုမေးမိမှာမဟုတ်..။

ကျနော့်ကိုလှည့်ကြည့်ပြီး ဝမ်းသာအားရပြန်ဖြေလာတဲ့ Chanyeolအဖြေက...

"Baekhyuneeကလွဲပြီး Hyungဘယ်သူ့ကိုမှမချစ်ဘူး..".....

_____နှလုံးသားဖြင့်ကြည့်၍မြင်သည်_____

to be continued
8.2.2019(fri)







Continue Reading

You'll Also Like

280K 48.6K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
471K 64.9K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
148K 3.4K 7
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."