အကြင်နာ.... မုန်း ( Completed)

By reta-nan

655K 61.2K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep -14
ep 15
ep -16
ep -17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep 24

14.3K 1.5K 142
By reta-nan

မုန္းကမ္းေပးလာေသာ စာအိတ္ကိုယူၿပီး အႏႈိင္းမဲ့သည္ အျပင္ခံကုတ္ကို၀တ္ကာ အစည္းေ၀းခန္းထဲသို႕ သြားရန္ျပင္လိုက္သည္ ။ မသြားခင္ေလးကို မုန္း၏ဆံစေတြကို ပြတ္သပ္ရင္းနဖူးျပင္ထက္ အနမ္းဖြဖြေလးေပးလိုက္သည္ ။

'' ကိုယ္အေစာႀကီးျပန္ခဲ့မယ္ အိမ္မွာပဲေစာင့္ေန ''

သခင္ေလး၏လက္ကို အသာအယာဖယ္ရင္း မုန္းမရယ္မၿပံဳးဘဲ ေျပာလိုက္သည္ ။

''Ok .............. ေအးေဆးေပါ့ ''

မုန္း၏မ်က္ႏွာမေကာင္းတာကို သတိထားမိေပမယ့္ အစည္းအေ၀းကသိပ္မၾကာခင္ စေတာ့မွာမလို႕ အႏႈိင္းမဲ့သည္ ေမးျမန္းရန္မအားေသးဘဲ အစည္းအေ၀းခန္းထဲသို႕ ဦးစြာထြက္ခဲ့လိုက္သည္ ။

သခင္ေလးထြက္သြားတာနဲ႕ မုန္းသည္ သခင္ေလး၏စားပြဲတြင္၀င္ထိုင္ကာ အံဆြဲေတြကို တစ္ခ်က္ဆြဲၾကည့္လိုက္သည္ ။

အဟက္ခ္ ........အကုန္လံုးကို ေသာ့ခတ္သြားတာဘဲ။

ဆက္ၿပီးစစ္ေဆးခ်င္စိတ္လည္း မရွိေတာ့၍ ေန႕လည္စာအတြက္ အစားအေသာက္တစ္ခ်ိဳ႕ကို မွာယူၿပီး သူဂိမ္းထိုင္ေဆာ့ေနလိုက္သည္ ။

မမုန္းခ်င္ဘူး ............ ။ အျပစ္မျမင္ခ်င္ဘူး။ စိတ္ရွိတုိင္းသာ မုန္းရရင္ ေနာင္ဘယ္ေတာ့မွ လွည့္ၾကည့္မိမွာမဟုတ္ေတာ့ဘူး ။ ေသးေသးေလးကစ အျပစ္ျမင္မိသြားၿပီိဆိုရင္ သူတို႕ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက အခ်ိန္မေရြးပ်က္စီးသြားႏိုင္တယ္မလား ။

*******************

အစည္ေ၀းၿပီးလို႕ ရံုးခန္းထဲျပန္ေရာက္တာနဲ႕ မုန္းကိုမေတြ႕လို႕ စိတ္ထဲတစ္မ်ိဳးႀကီးခံစားလိုက္ရသည္ ။ ဒီေကာင္ေလးအိမ္ျပန္သြားၿပီလားမသိ ။ မ်က္ႏွာလည္းမေကာင္းဘူးဆိုေတာ့ တစ္ခုခုမ်ားျဖစ္ထားတာလား ။ မျဖစ္ေခ်ဘူး အိမ္ကိုေစာေစာျပန္မွ ။

သူ႕ရဲ႕ကားေလး ၿခံ၀န္းထဲ၀င္လာတာနဲ႕ အိမ္အေပၚထပ္မွန္ျပတင္းေပါက္မွာ ရပ္ေနသည့္မုန္းသည္ သခင္ေလးျပန္လာတာကို ခါတိုင္းလိုထြက္မႀကိဳဘဲ လ်စ္လ်ဴရူကာ အခန္းထဲသို႕ျပန္၀င္သြားသည္ ။

အႏႈိင္းမဲ့သည္ အိမ္ထဲ၀င္လာတာနဲ႕ ပံုမွန္ထက္ပိုၿပီး တိတ္ဆိတ္လြန္းေနသည့္ အိမ္အေျခအေနေၾကာင့္ ဘ၀င္မက်ဘဲျဖစ္ေနမိသည္ ။ ပံုမွန္အတိုင္းဆို မုန္းက သူ႕ကိုထြက္ႀကိဳရင္ႀကိဳ ဒါမွမဟုတ္ အလုပ္သမားေတြကို ဆရာႀကီးလုပ္ၿပီး လူတတ္လုပ္ေနလိမ့္မည္ ။ ဒီေန႕မနက္ကတည္းက ျမင္လိုက္ရသည့္ မွန္း၏မသာမယာမ်က္ႏွာထားေၾကာင့္ သူပါအလုိလိုေနရင္း စိတ္က်ဥ္းက်ပ္လာသည္ ။ စိတ္ေကာက္ေနတယ္ဆိုရင္ေတာင္ မေန႔ညကအထိ သူနဲ႕မုန္းအဆင္ေျပေနတာမလား ။

မုန္းကို အိပ္ခန္းထဲမွာလည္းမေတြ႕ ဧည့္ခန္းထဲလည္းမေတြ႕၍ အႏႈိင္းမဲ့ အလိုမက်ျဖစ္ကာ အ၀တ္စားပင္မလဲအားဘဲ တစ္အိမ္လံုးပတ္ရွာေနမိသည္ ။ ေနာက္ဆံုးေတာ့ေတြ႕လိုက္ပါၿပီ ။ အခန္းလြတ္တစ္ခုမွာ အားကစားစက္ပစၥည္းေတြ ထည့္ထားၿပီး အေျပးစက္ေပၚတြင္ မိုင္ကုန္ေျပးေနသည့္မုန္းကို ။

သူအသံျပဳၿပီးအထဲကို ၀င္လာေပမယ့္ မုန္းကသူ႕႕ကိုလွည့္မၾကည့္ ။ အႏႈိင္းမဲ့အေျပးစက္နား သြားရပ္ကာ screen ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ speed က 10 ေတာင္ ။ ေျပးေနတာက ဆယ့္သံုးမိနစ္ပဲရွိေသးေပမယ့္ မုန္းသည္တစ္ကိုယ္လံုးေခြ်းေတြ ရႊဲနစ္ေနၿပီး ျဖဴ၀င္းေသာမ်က္ႏွာသည္ အနီေရာင္ပင္ သမ္းေနသည္ ။

'' မုန္း ............ ခဏနားပါဦး ။ ကိုယ္တို႕စကားေျပာရေအာင္ ''

'' ေနာက္တစ္နာရီေနမွေျပာမယ္ ''

မုန္းသည္ သူ႕ကိုလွည့္မၾကည့္တဲ့အျပင္ နားက်ပ္ကိုပါတပ္လိုက္ၿပီး ဆက္ေျပးေနေလသည္ ။ အႏႈိင္းမဲ့ကလည္း စိတ္မရွည္ခ်င္ေတာ့ ။ မုန္းက သူ႕ကိုစိတ္ဆိုးေနတာ ေသခ်ာၿပီမို႕ ေတ့ေတ့ဆိုင္ဆိုင္ေမးခ်င္လာ၍ ေျပးစက္ကို Stop လုပ္လိုက္သည္ ။ ထိုအခါ ေျပးစက္က အရွိန္တေျဖးေျဖးေႏွးလာၿပီး ရပ္တန္႕သြားသည္ ။

မုန္းသည္ သခင္ေလးကို တစ္ခ်က္ ေစြေစာင္းၿကည့္ကာ နံေဘးမွာတင္ထားသည့္ တဘတ္အျဖဴကိုယူၿပီး မ်က္ႏွာေပၚကေခြ်းေတြ သုတ္လိုက္သည္ ။ ထို႕ေနာက္ အသင့္ရွိေနသည့္ ေရဘူးကို တစ္ငံုေသာက္လိုက္ၿပီး သခင္ေလးဆီကမ္းေပးလိုက္သည္ ။

'' ေရေသာက္လိုက္ဦး ''

အႏႈိင္းမဲ့ကလည္း မုန္းကိုေခ်ာ့ဖို႔ရာပဲ အာရံုေရာက္ေနတာမို႕ ေရဘူးကိုတစ္၀က္က်ိဳးသြားတဲ့အထိ ေသာက္ခ်လိုက္မိသည္ ။ မုန္းကေတာ့ ဖာသိဖာသာပင္ သူ႕ဆံပင္ေတြကို ထိုးဖြကစားလိုက္သည္ ။

'' ဘာကိစၥမို႕ အခုခ်က္ခ်င္းႀကီးေျပာခ်င္ရတာလဲ ?"

'' မင္း ဘာျဖစ္ေနတာလဲ မုန္း ?"

'' မုန္းက ပံုမွန္အတိုင္းပဲေလ ။ သခင္ေလးက တစ္ခုခုကို အေတြးလြန္ေနတာလား "

'' မဟုတ္ဘူး ။ မင္း ငါ့ကိုစိတ္ဆိုးေနတာလား ။ ဘာေၾကာင့္လဲေျပာ ။ ငါမင္းကို စိတ္ဆိုးရေအာင္ တစ္ခုခုလုပ္ခဲ့မိလို႔႕လား ''

'' Nope ......., မုန္းကသာ သခင္ေလးစိတ္အေႏွာက္အယွက္ျဖစ္ေအာင္ လုပ္ခဲ့မိမွာကို စိုးရိမ္ေနတာ ''

တဘတ္အျဖဴကို လည္ပင္းေတြထိသုတ္ခ်ရင္း မုန္းသည္ အေပၚ၀တ္ကို ခြ်တ္ခ်လိုက္သည္ ။ အားကစားေဘာင္းဘီ တစ္ထည္တည္းနဲ႕ ခံုတစ္ခံုအေပၚ ဒီအတိုင္းေျခခ်ိတ္ထိုင္ေနပံုက သူေတြ႕ေနၾက မုန္းပံုစံနဲ႕ နည္းနည္းမွမတူ ။ ဒီတစ္ေလ်ွာက္လံုး သူသိခဲ့သည့္မုန္းသည္ ႏူးည့ံၿပီး အျပစ္ကင္းကာ ရွက္ရြံ႕တတ္သည့္သူ ၊ သူ႕ကို ခုလို စိတ္ဆိုးစိတ္ေကာက္ၿပီး စကားကို ခပ္ေထ့ေထ့ေျပာဖို႕မဆိုထားဘိ သူ႕စကားဆို ေသဆိုေသ ရွင္ဆိုရွင္နာခံသည့္လူမ်ိဳး ။ မုန္းမွာ တစ္ခုခုေျပာင္းလဲသြားၿပီဆိုတာ ေသခ်ာသည္ ။

အႏႈိင္းမဲ့သည္ မုန္း၏နံေဘးမွာ၀င္ထိုင္ရင္း ေခြ်းေတြနဲ႕ ကပ္စီးကပ္စီးျဖစ္ေနသည့္ ဆံစေတြကို လက္နဲ႕သပ္တင္ေပးကာ ေခ်ာ့ေမာ့ေမးလိုက္သည္ ။

'' ကိုယ္ မင္းအေပၚအမွားလုပ္မိတာရွိလား အခ်စ္ရယ္ ။ မင္းခုလိုပံုစံမ်ိဳးနဲ႕ ကိုယ့္ကိုမဆက္ဆံပါနဲ႕ ။ ကိုယ္တကယ္မေနတတ္ဘူး ''

မုန္းသည္ ယဲ့ယဲ့ေလးၿပံဳးရင္း သခင္ေလးနဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္ထိုင္လုိက္သည္ ။

'' မုန္းရဲ႕ မ်က္လံုးေတြကို တည့္တည့္ၾကည့္ၿပီးေျဖပါ ။ သခင္ေလး မုန္းကို တကယ္ခ်စ္ခဲ့လား ''

'' ဒါေပါ့ ........... ကိုယ္မင္းကို တကယ္ခ်စ္မိတာပါ ''

အႏႈိိင္းမဲ့သည္ ခ်က္ခ်င္းအားနည္းသြားသလို ခံစားလိုက္ရၿပီး မုန္း၏မ်က္၀န္းညိဳညိဳေတြေအာက္ ၿပိဳလဲသြားရသည္ ။ သူ႕ခ်စ္သူရဲ႕ မ်က္၀န္းေတြက ၾကည့္ေလလွေလပဲ ။ ဒီမ်က္၀န္းေတြကို သူအပိုင္စားရခ်င္လိုက္တာ ။ ဒီမ်က္၀န္းေတြေအာက္ ရုန္းမထြက္ခ်င္ေလာက္ေအာင္ကို ကပ္ညွိေနခ်င္မိတယ္ ။ မင္းတကယ္ျပဳစားတတ္တာပဲ မုန္း ။

မုန္းသည္ ပံုေဖာ္ရန္ခက္ခဲသည့္အၿပံဳးကို ေလးနက္ေနေအာင္ၿပံဳးကာ သခင္ေလး၏ မ်က္၀န္းေတြကို မလႊတ္တမ္းဖတ္ရင္း သူ႕ရဲ႕လက္ေတြက သခင္ေလး၏ပါးရိုးေတြဆီေရာက္လာၿပီး ဖြဖြေလး ပြတ္သပ္လိုက္မိသည္ ။ ထို႕ေနာက္လည္တိုင္အထိ ဆင္းလာကာ ရင္ဘတ္နားေရာက္လာသည္ ။

'' ဒါဆို မုန္းကိုလံုး၀ယံုၾကည္လား ''

'' ကိုယ္မင္းကို တကယ္ပဲ ယံုၾကည္ခ်င္တယ္ အခ်စ္ရာ ''

'' သေဘာကအျပည့္အ၀ မယံုၾကည္ဘူးဘဲ အဟက္ခ္ ။ တစ္ေန႕ေန႕မွာ သခင္ေလး ေသခ်ာေပါက္ေနာင္တရလိမ့္မယ္ သိလား ''

မုန္းဘာကိုဆိုလိုမွန္းသူနားမလည္ေသာ္လည္း သူ႕စိတ္ေတြတင္းက်ပ္ေနမွန္းေတာ့ သတိထားမိသည္ ။ သူအေျဖကိုမရွာတတ္ ။ မုန္းနားလည္ေအာင္လည္းမေျပာျပတတ္ ။ သူအခုအရမ္းကိုျဖစ္ခ်င္တာက သူ႕ေရွ႕က ဆြဲေဆာင္မႈအားျပင္းလြန္းတဲ့ ေကာင္ဆိုးေလးကို အနမ္းၾကမ္းၾကမ္းေတြ ေပးပစ္ခ်င္ေပမယ့္ အသိစိတ္ကင္းကြာေနသည့္ ဇြန္ဘီတစ္ေကာင္လို မုန္းကိုအာသာငမ္းငမ္းၾကည့္ေနရံုကလြဲၿပီး လက္ေတြေျခေတြက လႈပ္ရွားမလာခဲ့ ။

'' အလုပ္ပင္ပန္းလာတယ္မလား ............။ ခဏေန အခန္းထဲ၀င္ၿပီး ေအးေဆးအနားယူလိုက္ပါ ။ ဒီည မုန္းကို မေႏွာင့္ယွက္နဲ႕ ''

မုန္းက အရမ္းကိုေတာ္ပါတယ္ ။ သူကိုေသြးေတြဆူပြက္လာတဲ့အထိ ျပဳစားၿပီး အခန္းထဲတစ္ေယာက္တည္း ခ်န္ခဲ့ကာ ေရးခ်ိဳးရန္ထြက္သြားေလသည္ ။ မိနစ္အတန္ၾကာေတာ့ အႏႈိင္းမဲ့အရမ္းႀကီးအိပ္ခ်င္လာ၍ အခန္းထဲ၀င္ထိုးအိပ္လိုက္သည္ ။ မုန္းကိုေခ်ာ့ရမယ့္ကိစၥကို မအိပ္ခင္အခ်ိန္ထိ သတိရမိေပမယ့္ လူကအားအင္ကုန္ခမ္းေန၍ ေခါင္းအံုးနဲကထိလိုက္တာနဲ႕ လူက တန္းအိမ္ေပ်ာ္သြားသည္ ။

တိတ္ဆိတ္ေသာ ညအလယ္တြင္ အႏႈိင္းမဲ့၏အိပ္ခန္းတံခါးပြင့္လာၿပီး လူရိပ္တစ္ခု၀င္လာသည္ ။ ဒီအရိပ္က သူခ်စ္ရတဲ့ေကာင္ေလးအရိပ္ဆိုေပမယ့္ အႏႈိင္းမဲ့ သိႏိုင္ျခင္းမရွိဘဲ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ဆဲ ။

မုန္းသည္ သခင္ေလးေဘးတြင္ညင္သာစြာလွဲေလ်ွာင္းရင္း သခင္ေလး၏ေမးရိုးတစ္ေလွ်ာက္လံုးကို ဖြဖြေလးပြတ္သပ္လ်ွက္ ႏူတ္ခမ္းေလးကို အနမ္းေပးမိသြားသည္ ။

'' ၾကည့္ပါဦး ........... မုန္းကေလ သခင္ေလးမရွိဘဲ ခဏေလးေတာင္ မေနႏိုင္ဘူး ။ ဒါကို သခင္ေလးမသိဘူးလား ။ သခင္ေလးက တကယ္မေကာင္းဘူး ။ မုန္းရဲ႕ခံစားခ်က္ေတြကို နည္းနည္းမွ နားမလည္ဘူး ''

ညအိပ္ဝတ္အက်ႌသည္ ဟျပဲလ်ွက္႐ွိေနၿပီး မီးေရာင္ေအာက္က သခင္ေလး၏ ရင္ဘတ္သားတို႔သည္ ဝင္းဝါေန၍ မုန္း၏ လက္သည္မသိမသာနဲ႔တို္႔ထိမိသြားၿပီး ရင္ဘတ္နားကစ နမ္း႐ိူက္မိသြားသည္ ။ ထို႔ေနာက္လည္တိုင္နားထိပင္ တရစပ္နမ္း႐ိူက္ကာ လ်ွာဖ်ားေလးေတြနဲ႔ စုပ္ယူမိသြားသည္ ။

ထိုအခ်ိန္ အိပ္ေမာက်ေနသည့္ သခင္ေလးသည္ ညင္သာစြာႏိုးလာၿပီး မ်က္လံုးကို အားယူဖြင့္ၾကည့္ကာ သူ႕ကိုဖက္တြယ္ထားသည့္ မုန္းကို အံၾသတႀကီးၾကည့္လိုက္သည္ ။

" မင္း ကိုယ့္ကို စိတ္ဆိုးေျပၿပီလား......''

" ဟင္ သခင္ေလး ...... ဘယ္လိုျဖစ္ၿပီးႏိုးလာတာလဲ?''

မုန္း ႐ုတ္တရက္ႀကီးလန္႔ဖ်တ္သြားသည္ ။ ညေနက သခင္ေလးေသာက္သည့္ေရထဲ အိပ္ေဆးပါသည့္အျပင္ မုန္း သခင္ေလး၏စိတ္ကိုညိဳ႕ယူကာ အိပ္စက္ရန္အမိန္႔ေပးထားတယ္မလား ။ သူ႔ရဲ႕ညိဳ႕ဓာတ္က သခင္ေလးေပၚမွာ မသက္ေရာက္ဘူးလား ။

အႏႈိင္းမဲ့ကေတာ့ ညင္သာစြာျပံဳးလ်ွက္ ကုန္း႐ုန္းထလိုက္ၿပီး မုန္းကိုအေပၚစီးကေန တက္ခြထားလိုက္သည္ ။

" မိၿပီ..... အနမ္းသူခိုးေလး..... ကိုယ္အိပ္ေပ်ာ္ေနတုန္း ကိုယ့္ကို ၾကံစည္ဖို႔ ႀကိဳးစားတယ္ေပါ့ ''

" မဟုတ္ဘူး.... မုန္းက .....''

မုန္းဆက္႐ွင္းျပမည့္စကားေတြကို သူနားမေထာင္အားေတာ့ ။ ခုခ်ိန္ သူ႔ရဲ႕ေအာက္မွေရာက္ေနသည့္ ဒီေကာင္ေလးဟာ လွရက္ႏိုင္လြန္းၿပီး ညိဳ႕အားေကာင္းလြန္းေနတယ္မလား ။ ဘာကိုေကာက္လို႔ေကာက္ေနမွန္းမသိတဲ့ ေကာင္ဆိုးေလး၏ ႏူတ္ခမ္းပါးကို အႏႈိင္းမဲ့ၾကမ္းၾကမ္းတမ္းတမ္းပင္ စုပ္ယူနမ္း႐ိူက္လိုက္မိသည္ ။ ပထမ တစ္ခ်က္ႏွစ္ခ်က္ မုန္း ႐ုန္းကန္ေသးေသာ္လည္း အနမ္းေတြအ႐ွိန္ရလာေတာ့ မုန္းသည္ ၿငိမ္သက္သြားသည့္အျပင္ သူ႔ကိုျပန္လည္ဖက္တြယ္လာသည္ ။

အႏႈိင္းမဲ့သည္ အခ်ိန္နည္းနည္းေလးမွ ထပ္မေစာင့္ဆိုင္းလိုေတာ့ပဲ မုန္း၏ အက်ႌကို ခါးကေနဆြဲခြၽတ္လိုက္သည္ ။ အဝတ္ဗလာျဖစ္သြားေသာ မုန္း၏ ခႏၶာကိုယ္အႏွံ႕ကို သူ႔သြားေတြနဲ႔ ဖြဖြေလးကိုက္မိေသးသည္ ။ သူအတတ္ႏိုင္ဆံုး ညင္သာစြာဆက္ဆံခ်င္ခဲ့ေပမယ့္ မုန္းက သူ႔ကို ႐ူးေလာက္ေစတဲ့မ်က္ဝန္းေတြနဲ႔ညိဳ႕ငင္ၾကည့္လာကာ သူ႔ရဲ႕ေက်ာကုန္းကိုသိုင္းဖက္ရင္း နားစပ္နားတိုးတိုးေလးကပ္ေျပာလိုက္သည္ ။

" မုန္း သခင္ေလးေပးတဲ့ နာက်င္မႈကို အရမ္းျမတ္ႏိုးတယ္ ''

ခ်စ္ရသူဆီက ၾကက္သီးထဖြယ္ေကာင္းေသာ စကားကိုၾကားလိုက္ရေတာ့ အႏႈိင္းမဲ့၏ေသြးမ်ားဆူပြက္လာကာ ေက်နပ္စြာျပံဳးမိသြားသည္ ။

" အရမ္းခ်စ္တယ္......... ကိုယ့္အခ်စ္ဆံုး ''

အဲ့ဒီညက သခင္ေလးနမ္းခဲ့တာ သူ႔ႏူတ္ခမ္းတစ္စံုတင္မက သူ႔ရဲ႕ရင္ဘတ္ အျပင္ ႏူးည့ံတဲ့ေပါင္ရင္းသားေတြပါ နီရဲဥသြားတဲ့အထိ သိမ္ေမြ႔စြာတစ္လွည့္ ၾကမ္းတမ္းစြာတစ္လွည့္ သခင္ေလးစားသံုးခဲ့သည္ ။

အဲ့ဒီည မုန္းေမးစရာမလိုဘဲ သခင္ေလးအႀကိမ္ေရဖန္မ်ားစြာေျပာခဲ့တာက

" ကိုယ္မင္းကို အရမ္းခ်စ္တယ္ မုန္း.....''

" ကိုယ္ မင္းကို အဆံုးရံူးမခံႏိုင္ဘူး.... ''

မနက္ရဲ႕အလင္းေရာင္က မွန္ျပတင္းကေနတဆင့္ လိုက္ကာအေရာင္ႏုႏုေလးကိုေက်ာ္ကာ အခန္းထဲဝင္လာတာမို႔ အႏႈိင္းမဲ့ ဆက္လက္အိပ္စက္လို႔မရေတာ့ဘဲ ႏိုးထလာသည္ ။

မေန႕ညက နိုးတစ္၀က္ အိပ္တစ္၀က္နဲ႕ သူ မုန္းကိုခ်စ္ခဲ့တာကိုေတာ့ ေရးေရးေလးသတိရမိသည္ ။ သို႕ေသာ္ အလံုးစံုကိုျပန္စဥ္းစားလို႕ မရ၍ သူ႕ကိုယ္သူခံျပင္းေဒါသျဖစ္ေနမိသည္ ။ ဘာျဖစ္ျဖစ္မေန႕ညက စိတ္ခံစားခ်က္က ခုမနက္ထိမေသေသးဘဲ ရင္ထဲမွာ လိႈက္ခုန္ေမာတုန္း ။ သို႕ေပမယ့္ မေန႔ညက သူ႕ကိုသာယာမႈေတြေပးခဲ့သည္ ေကာင္ေလးက သူ႕အနားမွာမရွိေတာ့ ။ ဒါေပမယ့္ အနည္းဆံုးေတာ့ မုန္းကသူ႕ကို လက္ခံေသး၍ အေျခအေနေကာင္းသည္ ဆိုရမည္ ။

*****************

ဟိုတယ္တစ္ခုရဲ႕ ဓာတ္ေလွကားကို ေျမညီထပ္ကေန စစီးလာေတာ့ အႏႈိင္းမဲ့နဲ႕ မုန္းႏွစ္ေယာက္တည္း ။ ဒီေန႕ႏိုင္ငံျခားက ဧည့္သည္တစ္ခ်ိဳ႕နဲ႕ေတြ႕ဖို႔ရွိလို႕ အႏႈိင္းမဲ့သည္ အေၾကာင္းျပခ်က္ေကာင္းေကာင္းရၿပီး ဖုန္းနဲ႕ မ်က္ႏွာ မခြာသည့္ ေကာင္ေလးကိုေခ်ာ့ေမာ့ကာ ဒီအထိေခၚလာေလသည္ ။ အႏႈိင္းမဲ့သည္ မ်က္ႏွာတည္တင္းေနေသာ မုန္းကို ေခ်ာ့ျမဴရန္အတြက္ မုန္း၏ခါးေလးကို တို႕ၿပီး စေနာက္လိုက္သည္ ။

မုန္းသည္ ခႏၶာကိုယ္တစ္ခ်က္မပ်က္ မ်က္ႏွာတစ္ခ်က္မပ်က္ စိတ္လည္းမဆိုးရယ္လည္း မရယ္ဘဲ တည္တည္တင္းတင္းျပန္ၾကည့္လိုက္သည္ ။

'' ဘာလုပ္တာလဲ ? ကေလးဆန္လိုက္တာ ''

'' အခ်စ္ကေကာ ဘာျဖစ္ေနတာလဲ ? မေန႕ညက စိ္တ္ဆိုးေျပၿပီထင္ထားတာ ခု မနက္ေရာက္တာ့ မ်က္ႏွာႀကီးက ဆူပုတ္ေနတာပဲ ။ ဘာမ်ားျပသနာရွိလို႕လဲ ? ကိုယ့္ကိုေျပာေလ ''

'' မရွိဘူး.......။ မုန္း ခုရက္ပိုင္း စိတ္သိပ္မၾကည္လုိ႕႕ ''

ေျပာရရင္ မေန႕ညက စိတ္ဆိုးေျပခ်င္ခ်င္ျဖစ္ေနေပမယ့္ မနက္ေရာက္ေတာ့ စိတ္ကတစ္ခါ ျပန္မာလာသည္ ။ ေျပာရရင္ စိတ္ဆိုးေျပဖို႕ေနေနသာသာ ေတြးရင္းေတြးရင္းပိုၿပီးစိတ္ဆိုးမိလာသည္ ။ အစက သူငါ့ကိုတကယ္မခ်စ္ဘူးလို႕ေတြးမိၿပီး စိတ္မေကာင္းျဖစ္မိေပမယ့္ နာရီနဲ႕အမွ်ၾကာလာေလ သူငါ့ကိုမယံုၾကည္တာ သူငါ့ကို နည္းနည္ေလးေတာင္ မခ်စ္ေပးႏိုင္ဘူးဆိုၿပီး အေတြးေတြကမ်ားလာက ခံျပင္းစိတ္ေတြက တႏု႔ံႏုံ႕ ။

အႏႈိင္းမဲ့ကလည္း မုန္းဘာျဖစ္ေနမွန္းအတိအက်မသိေပမယ့္ စိတ္မၾကည္ဘူးဆိုတာ ေသခ်ာေနလို႕ မုန္းအနားတိုးကပ္ၿပီး မုန္း၏ေမးဖ်ားကို ဆြဲေမာ့ယူလိုက္သည္ ။

'' မင္း ကိုယ့္အေပၚ ဖံုးကြယ္ထားတာရွိလား........ မုန္း''

မုန္း မဲ့ၿပံဳးၿပံဳးလိုက္သည္ ။

'' ေသခ်ာေပါက္ ရွိတာေပါ့ ......... ။ မုန္းမွာ သခင္ေလး မသိေသးတဲ့ လ်ွဳိ႕၀ွက္ခ်က္ေတြ အမ်ားႀကီးရွိတယ္ ''

အႏႈိင္းမဲ့ မ်က္ႏွာရုတ္ခ်ည္းပ်က္သြားသည္ ။

'' ဘာမ်ားလဲ ကိုယ္သိလို႔႕ ရမလား ''

'' အဟက္ခ္ ........ အခ်ိန္တန္ရင္ သိမွာေပါ့ ''

'' မုန္း ............ ''

သူမုန္းကို ဆူေငါက္မည္အျပဳ ဓာတ္ေလွကားတံခါးပြင့္လာေသာေၾကာင့္ သခင္ေလးသည္ မုန္းကို စီးမိုးအုပ္ထားလိုက္ၿပီး ထိုလူေတြကို ေက်ာေပးထားလိုက္သည္ ။ ဓာတ္ေလွကားထဲကို လူေတြအမ်ားႀကီး ၀င္လာ၍ သခင္ေလးနဲ႕ မုန္းသည္ နံရံမွာ ကပ္သြားေလသည္ ။ ေတာ္ေသးသည္ေျပာရမည္ ဒီလူေတြထဲမွာ သူတို႕နဲ႕ရင္းႏွီးတဲ့သူမပါေသာေၾကာင့္ သူတို႕ကလည္း ဂရုမစိုက္သလို မုန္းတို႕ကလည္း ဂရုမစိုက္မိေခ် ။

ေစာနကအထိ မ်က္ႏွာထားတည္တင္းေနေသာ ေကာင္ဆိုးေလးသည္ သူ႕ရင္ခြင္ထဲမွာ နစ္၀င္ေနကာ သူ႕ကို မရဲမ၀ံ့နဲ႕ မ်က္လံုးလွန္ၾကည့္ေနရွာသည္ ။ ထိုေကာင္ေလး၏ပံုစံေလးသည္ အရမ္းအသည္းယားဖို႕ေကာင္းေန၍ ေဘးမွာလူေတြရွိေနတာေတာင္ အႏႈိင္းမဲ့သည္ မုန္း၏ နဖူးျပင္ေလးကို ဖ်တ္ခနဲ ခိုးနမ္းလိုက္သည္ ။ ထိုအခ်ိန္တြင္ ဘာေၾကာင့္မွန္းမသိ ႏွစ္ဦးသားစလံုး ဆယ္ေက်ာ္သက္ေလးေတြလို ရင္ခုန္သံျမန္လာၾကသည္ ။ လူေတြၾကားထဲ ခုလိုခိုးနမ္းရတာ တကယ့္ကို ရင္ခုန္ဖို႕ေကာင္းလြန္းသည္ ။

ဓာတ္ေလွကားထဲလူေတြအကုန္ထြက္သြားေတာ့ ေနာက္ဆံုး သူတို႕ႏွစ္ဦးပဲ က်န္ခဲ့ေလရာ မုန္း သခင္ေလးကို တြန္းထုတ္လိုက္သည္ ။

'' ကေလးဆန္တာထက္ကို ဆိုးသြားၿပီ ။ လူေတြ သခင္ေလးကိုိ ႏွာဗူးႀကီးလို႕ ေျပာမွာမေၾကာက္ဘူူးလား ''

'' အို........ ေျပာေျပာကြယ္ ။ ကိုယ္ကေတာ့ ဂရုမစိုက္ေပါင္ ။ ကိုယ့္ခ်စ္သူကို ကိုယ္နမ္းတာ ႏွာဗူးႀကီးဆိုလည္း ကိုယ္က တစ္သက္လံုး ႏွာဗူးႀကီးပဲ လုပ္ေတာ့မယ္ ''

တင္းထားတဲ့ၾကားထဲက မုန္း မသိမသာေလးၿပံဳးမိသြားသည္ ။ ဒီလူႀကီးကို ဘယ္လိုအင္အားနဲ႕ အႏိုင္ယူရက္ေတာ့မွာလဲ ? ။

ဧည့္သည္ေတြနဲ႕ စကားေျပာၿပီးေပမယ့္ တျခားအေၾကာင္းအရာေတြ ရွိေနေသးေသာေၾကာင့္ မုန္းတစ္ေယာက္တည္း ပ်င္းေနမွာစိုးလို႔ ကုမၸဏီကို အရင္ျပန္လႊတ္လိုက္ရသည္ ။

ႏွစ္နာရီေလာက္ၾကာမွ အႏႈိင္းမဲ့ ကုမၸဏီကို ျပန္ေရာက္လာၿပီး ရံုးခန္းထဲ၀င္လာသည္ ။ အရင္ဆံုးသူ႕ရဲ႕ အျပင္ခံကုတ္ကို ခြ်တ္ကာ ကူရွင္ေပၚတြင္ အိမ္ေမာက်ေနသည့္ မုန္း၏နံေဘးတြင္ ၀င္ထိုင္လိုက္သည္ ။ မ်က္ခံြမို႕မို႕ေလးက အသည္းယားခ်င္စရာေကာင္းၿပီး ဟစိဟစိျဖစ္ေနသည့္ ႏူတ္ခမ္းပါးေလးက တစ္ခ်က္ေလာက္ဆြဲကိုက္ရရင္ျဖင့္ ။

အိပ္ေနတာေတာင္ လက္ထဲက ဖုန္းကိုမခ်ဘဲ ေပါင္ေပၚတင္ထားေသာေၾကာင့္ အႏႈိင္းမဲ့က မုန္းလက္ထဲကဖုန္းကို သာသာေလးဆြဲထုတ္ၿပီး စားပြဲေပၚတင္ထားလိုက္သည္ ။ ၿပီးေနာက္အနီးကပ္ျမင္ေနရသည့္ မုန္း၏မ်က္ႏွာကို တစိမ့္စိမ့္ေငးစိုက္ၾကည့္ရင္း ဆံစေတြ႕ကို ဖြဖြေလးပြတ္သပ္ေပးမိသည္ ။ ဒီေလာက္ထိျဖဴစင္လြန္းအားျကီးၿပီး အျပစ္ေျပာခ်င္စရာတစ္ကြက္မွမရွိသည့္ ဒီေကာင္ေလးက သူ႕ဘ၀ထဲကို ဘယ္လိုအေၾကာင္းျပခ်က္ေၾကာင့္ ေရာက္လာပါလိမ့္ ။

မုန္း၏ပါးနုနုေလးကို သူ႕လက္ေလးနဲ႕ဖြဖြေလး တို႕ထိရင္း ငံု႕နမ္းမည္အျပဳ စားပြဲေပၚတြင္ တင္ထားသည့္ မုန္း၏ဖုန္းသည္ message တစ္ေစာင္၀င္လာေၾကာင္း အခ်က္ျပ၍ အႏႈိင္းမဲ့သည္ ရပ္တန္႕သြားၿပီး ဖုန္းကိုေကာက္ယူလိုက္သည္ ။ ဖုန္းက passwords ခံထားေသာ္လည္း screen ထက္တြင္ message ပို႕သူမွာ ဦးလက္်ာျဖစ္ေန၍ အႏႈိင္းမဲ့ မ်က္ေမွာင္တို႕သည္ ၾကဳတ္သြားကာ သံသယစိတ္ေလး ျဖတ္ေျပးသြားသည္ ။ ဒါေၾကာင့္အိပ္ေပ်ာ္ေနသည့္ မုန္း၏လက္ညိဳးကိုယူၿပီး ဖုန္း၏ fingerprint ျဖင့္ lock ဖြင့္လိုက္သည္ ။

ငါတစ္ခုခုကို ရွာေတြ႕ထားတယ္ ။ မင္းသိရင္ အရမ္းအံၾသသြားမွာ

ေသခ်ာတိက်စြာမေရးထားေသာ message တစ္ေၾကာင္းသည္ အႏႈိင္းမဲ့၏အေတြးကို သို႕ေလာသို႕ေလာနဲ႕ ေယာက္ယက္ခတ္ေစသည္ ။ ေရွ႕မွာလည္းပို႕ထားတဲ့ messages ေတြကိုမေတြ႕၍ ပို႕ၿပီးဖ်က္လိုက္တာလား ဒါမွမဟုတ္ တျခားအေၾကာင္းျပခ်က္ေၾကာင့္လားဆိုတာ အႏႈိင္းမဲ့မေတြးတတ္ေတာ့ ။

မုန္းနဲ႕ဦးလက္်ာဘယ္ေလာက္အထိ ပက္သက္ေနတာလဲ ? ဦးလက္်ာက တစ္ခုခုကိုႀကံစည္ေနတာလား ဒါမွမဟုတ္ မုန္းက တစ္ခုခုကိုဖံုးကြယ္ထားတာလား ? အေျဖကိုရွာမရ၍ အႏႈိင္းမဲ့စိတ္ေတြတင္းက်ပ္လာၿပီး ထိုင္ရာကထကာ အျပင္သို႕႔ထြက္သြားလိုက္သည္ ။ ဒီကိစၥကိုေသခ်ာသိရမွ ျဖစ္မယ္ ။ သံသယစိတ္ေတြက အရမ္းကိုပူေလာင္တာပဲ ။ ဒီေကာင္ေလးက သူ႕အေပၚလိုတာထက္ ပိုေကာင္းခဲ့တာေတြ သူ႕အေၾကာင္း သူ႕ရဲ႕စိတ္ကို အားလံုးထက္ပိုနားလည္ခဲ့တာေတြက တိုက္ဆိုင္မႈလား ဒါမွမဟုတ္ ႀကိဳတင္ႀကံစည္မႈလား အရမ္းသိခ်င္သည္ ။

အႏႈိင္းမဲ့အခန္းအျပင္ကို ေရာက္သြားေတာ့ ကူရွင္ကိုမွီအိပ္ေနသည့္ ခႏၶာကိုယ္ေလးသည္ လႈပ္လႈပ္ရွားရွားျဖစ္လာၿပီး ပိတ္ထားသည့္မ်က္၀န္းအစံုသည္ ေျဖးညင္းစြာပြင့္လာသည္ ။ ေသခ်ာတာထက္ပိုၿပီးေသခ်ာလာေသာ အေၾကာင္းအရာေၾကာင့္ မုန္းသည္ ၀မ္းနည္းစိတ္ကိုစတင္ခံစားရလာသည္ ။ ဒီထက္ပိုၿပီး၀မ္းနည္းရတာက သံသယစိတ္ေတြကိုထမ္းပိုးထားသည့္ သခင္ေလး၏စိတ္ပင္ပန္းမွာကိုပင္ ။

ခဏပဲေစာင့္ပါ သခင္ေလး ။ သခင္ေလးဆီမွာရွိေနတဲ့သံသယအားလံုးကို မုန္းေျဖေဖ်ာက္ေပးမယ္ ။

မုန္း မၾကည္မသာနဲ႕ စားပြဲေပၚက ဟင္းဘူးေတြကိုလွမ္းၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္ ။

ပူပူေႏြးေႏြးေကြ်းခ်င္ပါတယ္ဆိုမွ ထြက္သြားျပန္ၿပီ ။

******************

ဦးလက်္ာဆီက message ေၾကာင့္ မုန္းသူ႕ကိုဖုန္းေခၚလိုက္သည္ ။

'' မုန္း အံၾသေလာက္တဲ့ ရွာေဖြေတြ႕ရွိမႈက ဘာမ်ားလဲ ဒုဥကၠ႒ ။ အထင္လြဲခံရတာနဲ႕ တန္ေအာင္ အေၾကာင္းျပခ်က္ေကာင္းေကာင္းေပးပါဦး ''

'' အထင္လြဲခံရတယ္ ဟုတ္လား ? ဘယ္သူနဲ႕လဲ ? ကိုယ့္ရဲ႕ မက္ေဆ့ေၾကာင့္လား ''

'' ထားလိုက္ လိုရင္းကိုေျပာ ''

မုန္း၏အသံက စိတ္သိပ္မရွည္ခ်င္ေတာ့ ။ ဒါကလည္း ဦးလက်္ာအျပစ္မွမဟုတ္ဘဲ ။ သူတို႕ႏွစ္ေယာက္ၾကားက သံသယေတြကသူ႕ေၾကာင့္ပဲ စတင္ခဲ့တာပဲေလ ။

'' မင္းအေဖကို ငါ ရွာေတြ႕ထားတယ္ ''

'' မုန္းရဲ႕အေဖဟုတ္လား ? သူ ဒီၿမိဳ႕ကထြက္သြားၿပီေလ ''

'' ဟုတ္တယ္ .........။ ဒါေပမယ့္ တျခားၿမိဳ႕က ေလာင္းကစားေၾကြးေတြေၾကာင့္ သူဒီကိုျပန္ထြက္ေျပးလာတာ ''

'' ထားလိိုက္ ............ သူ႕အေၾကာင္း မုန္း စိတ္မ၀င္စားဘူူး ''

မုန္းက ဖုန္းခ်ရန္ျပင္ေတာ့ ဦးလက်္ာ၏ ၾကည္လင္ျပတ္သားေသာအသံသည္ လ်ွင္ျမန္စြာပင္ ထြက္လာသည္ ။

'' အကယ္၍ သူက သိပ္မၾကာခင္ ေသရေတာ့မယ္ဆိုရင္ေကာ ။ သူ႕ရဲ႕ အေၾကြးရွင္ေတြက သူ႕ကိုသတ္ဖို႕ လိုက္ရွာေနတယ္ ''

မုန္း ရုတ္တရက္ႀကီး ႏွလံုးေတြေအးစက္သြားသည္ ။ ခ်ရန္ႏိုးႏိုးျဖစ္ေနသည့္ လက္ထဲကဖုန္းသည္ နားရြက္မွာကပ္ထားတုန္း ။

အေဖက သိပ္မၾကာခင္ေသရေတာ့မယ္ ဆိုတဲ့စကားေၾကာင့္ အႏွစ္ႏွစ္အလလ အေဖဆိုသည့္ျဖစ္တည္မႈကိုေမ့ေနသည့္ မုန္းအဖို႕ တုန္လႈပ္သြားတာအမွန္ပင္ ။ သူ႕အေဖကို သံေယာဇဥ္ျဖတ္လိုက္ၿပီဆိုေပမယ့္ ေသပါေစဆိုၿပီးေတာ့လည္း ထိုင္မၾကည့္ရက္ဘူး ။ ေနပါဦး............. အနာဂတ္မွာ အေဖက ဘာမွမျဖစ္ဘူးေလ ။ သံုးျဖဳန္းၿပီး ဘ၀ပ်က္သြားေပမယ့္ အသက္ကေတာ့ ရွင္ပါေသးတယ္ ။ ဒါက သူအနာဂတ္တစ္ခ်ိဳ႕ကို ေျပာင္းလဲခဲ့တာေၾကာင့္လား ။

'' ေကာင္းၿပီ ......... သူွရွိတဲ့ ေနရာကိုသိလား ''

**************************

ကုမၸဏီကေန ကမူးရွဴးထိုးထြက္သြားသည့္ မုန္းကို အႏႈိင္းမဲ့အေ၀းကေန လွမ္းျမင္ေလရာ သူ႕ရဲ႕လက္ေထာက္ကို ဖုန္းလွမ္းဆက္လိုက္သည္ ။

'' သူ အခုဘယ္သြားတာလဲဆိုတာ သိေအာင္လုပ္ခဲ့ ''

'' ..........''

ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္ထားၿပီး အႏႈိင္းမဲ့သည္ ရံုးခန္းဆီကို ျပန္၀င္လာလိုက္သည္ ။ ဒီေကာင္ေလး အေလာတႀကီးထြက္သြားတာ ေစာနက ဦးလက်္ာဆီက မက္ေဆ့ေၾကာင့္ပဲျဖစ္မယ္ ။ ျဖစ္ႏိုင္ေခ်မ်ားေပမယ့္ အတည္ျပဳခ်င္စိတ္ေၾကာင့္ သူ႕လက္ေထာက္ကို ေနာက္ကလိုက္ခိုင္းလိုက္သည္ ။

သူ႕အလုပ္စားပြဲနားေရာက္ေတာ့ ထိုင္ခံုေပၚ ခပ္ေလ်ာ့ေလ်ာ့ ထိုင္ခ်ရင္း မ်က္ႏွာကို လက္၀ါးႏွစ္ဖက္နဲ႕ ခပ္ၾကမ္းၾကမ္းပြတ္ေခ်လိုက္သည္ ။

ရူးေတာ့မွာပဲ ............

သူ႕စိတ္က မုန္းဟာ သူ႕အနားေရာက္လာတဲ့နည္းလမ္းေတြက မရိုးသားဘူးဆိုရင္ေတာင္ ခံစားခ်က္ေတြက ရိုးသားေလာက္မွာပါဟု အတင္းယံုမိခ်င္ေသးသည္ ။

သူ မုန္းကို မစြန္႕လႊတ္ႏိုင္ဘူး .........

မုန္း သူ႕အနားကထြက္သြားရင္ ဘယ္လိုလုပ္မလဲ ?

သူ႔အေနနဲ႕ ဒုဥကၠ႒နဲ႕ ထိပ္တိုက္ရင္ဆိုင္ၿပီး မုန္းရဲ႕အေ၀းကို ဆြဲထုတ္သြားရမလား ?

ေသခ်ာတာတစ္ခုက သူမုန္းကို အဆံုးရူံး မခံနိုင္ဘူးဆိုတာပဲ ။

နာရီ၀က္ေလာက္ၾကာေတာ့ သူ႕လက္ေထာက္ဆီက ဖုန္း၀င္လာသည္ ။

'' ဥကၠ႒ႀကီး မုန္းက အခု ဒုဥကၠ႒အိမ္ထဲ၀င္သြားတယ္ ။ သူ႕ကို ဆက္ေစာင့္ၾကည့္ေပးရမလား ''

'' ထားလိုက္ေတာ့ ..........။ သူ႕ကို ဒီေန႕ကစၿပီး ေစာင့္ၾကည့္စရာမလုိေတာ့ဘူး ''

တီ...........

ဖုန္းသံဆံုးသြားတာနဲ႕ အႏႈိင္းမဲ့သည္ အားမရွိေတာ့သလိုပင္ မ်က္ႏွာကခ်က္ခ်င္း အေရာင္ေျပာင္းသြားသည္ ။

ဒီလိုမွန္းသိရင္ အစကတည္းက ငါမင္းအေပၚအရမ္းေကာင္းခဲ့ပါတယ္ ။ ငါ့ရဲ႕လူျဖစ္ေအာင္ သိမ္းသြင္းၿပီး ဦးလက်္ာဆီက ဆြဲထုတ္ခဲ့ပါတယ္ ။ ငါ မင္းရဲ႕ စိတ္ကိုရယူဖို႕ အရမ္းမ်ားေနာက္က်သြားၿပီလား.............. မုန္း ။

--------------------------


7.2.2019


unicode


မုန်းကမ်းပေးလာသော စာအိတ်ကိုယူပြီး အနှိုင်းမဲ့သည် အပြင်ခံကုတ်ကိုဝတ်ကာ အစည်းဝေးခန်းထဲသို့ သွားရန်ပြင်လိုက်သည် ။ မသွားခင်လေးကို မုန်း၏ဆံစတွေကို ပွတ်သပ်ရင်းနဖူးပြင်ထက် အနမ်းဖွဖွလေးပေးလိုက်သည် ။'' ကိုယ်အစောကြီးပြန်ခဲ့မယ် အိမ်မှာပဲစောင့်နေ ''သခင်လေး၏လက်ကို အသာအယာဖယ်ရင်း မုန်းမရယ်မပြုံးဘဲ ပြောလိုက်သည် ။''Ok .............. အေးဆေးပေါ့ ''မုန်း၏မျက်နှာမကောင်းတာကို သတိထားမိပေမယ့် အစည်းအဝေးကသိပ်မကြာခင် စတော့မှာမလို့ အနှိုင်းမဲ့သည် မေးမြန်းရန်မအားသေးဘဲ အစည်းအဝေးခန်းထဲသို့ ဦးစွာထွက်ခဲ့လိုက်သည် ။သခင်လေးထွက်သွားတာနဲ့ မုန်းသည် သခင်လေး၏စားပွဲတွင်ဝင်ထိုင်ကာ အံဆွဲတွေကို တစ်ချက်ဆွဲကြည့်လိုက်သည် ။အဟက်ခ် ........အကုန်လုံးကို သော့ခတ်သွားတာဘဲ။ဆက်ပြီးစစ်ဆေးချင်စိတ်လည်း မရှိတော့၍ နေ့လည်စာအတွက် အစားအသောက်တစ်ချို့ကို မှာယူပြီး သူဂိမ်းထိုင်ဆော့နေလိုက်သည် ။မမုန်းချင်ဘူး ............ ။ အပြစ်မမြင်ချင်ဘူး။ စိတ်ရှိတိုင်းသာ မုန်းရရင် နောင်ဘယ်တော့မှ လှည့်ကြည့်မိမှာမဟုတ်တော့ဘူး ။ သေးသေးလေးကစ အပြစ်မြင်မိသွားပြီဆိုရင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အချိန်မရွေးပျက်စီးသွားနိုင်တယ်မလား ။*******************အစည်ဝေးပြီးလို့ ရုံးခန်းထဲပြန်ရောက်တာနဲ့ မုန်းကိုမတွေ့လို့ စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရသည် ။ ဒီကောင်လေးအိမ်ပြန်သွားပြီလားမသိ ။ မျက်နှာလည်းမကောင်းဘူးဆိုတော့ တစ်ခုခုများဖြစ်ထားတာလား ။ မဖြစ်ချေဘူး အိမ်ကိုစောစောပြန်မှ ။သူ့ရဲ့ကားလေး ခြံဝန်းထဲဝင်လာတာနဲ့ အိမ်အပေါ်ထပ်မှန်ပြတင်းပေါက်မှာ ရပ်နေသည့်မုန်းသည် သခင်လေးပြန်လာတာကို ခါတိုင်းလိုထွက်မကြိုဘဲ လျစ်လျူရူကာ အခန်းထဲသို့ပြန်ဝင်သွားသည် ။အနှိုင်းမဲ့သည် အိမ်ထဲဝင်လာတာနဲ့ ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်လွန်းနေသည့် အိမ်အခြေအနေကြောင့် ဘဝင်မကျဘဲဖြစ်နေမိသည် ။ ပုံမှန်အတိုင်းဆို မုန်းက သူ့ကိုထွက်ကြိုရင်ကြို ဒါမှမဟုတ် အလုပ်သမားတွေကို ဆရာကြီးလုပ်ပြီး လူတတ်လုပ်နေလိမ့်မည် ။ ဒီနေ့မနက်ကတည်းက မြင်လိုက်ရသည့် မှန်း၏မသာမယာမျက်နှာထားကြောင့် သူပါအလိုလိုနေရင်း စိတ်ကျဉ်းကျပ်လာသည် ။ စိတ်ကောက်နေတယ်ဆိုရင်တောင် မနေ့ညကအထိ သူနဲ့မုန်းအဆင်ပြေနေတာမလား ။မုန်းကို အိပ်ခန်းထဲမှာလည်းမတွေ့ ဧည့်ခန်းထဲလည်းမတွေ့၍ အနှိုင်းမဲ့ အလိုမကျဖြစ်ကာ အဝတ်စားပင်မလဲအားဘဲ တစ်အိမ်လုံးပတ်ရှာနေမိသည် ။ နောက်ဆုံးတော့တွေ့လိုက်ပါပြီ ။ အခန်းလွတ်တစ်ခုမှာ အားကစားစက်ပစ္စည်းတွေ ထည့်ထားပြီး အပြေးစက်ပေါ်တွင် မိုင်ကုန်ပြေးနေသည့်မုန်းကို ။သူအသံပြုပြီးအထဲကို ဝင်လာပေမယ့် မုန်းကသူ့ကိုလှည့်မကြည့် ။ အနှိုင်းမဲ့အပြေးစက်နား သွားရပ်ကာ screen ကိုတစ်ချက်ကြည့်လိုက်တော့ speed က 10 တောင် ။ ပြေးနေတာက ဆယ့်သုံးမိနစ်ပဲရှိသေးပေမယ့် မုန်းသည်တစ်ကိုယ်လုံးချွေးတွေ ရွှဲနစ်နေပြီး ဖြူဝင်းသောမျက်နှာသည် အနီရောင်ပင် သမ်းနေသည် ။'' မုန်း ............ ခဏနားပါဦး ။ ကိုယ်တို့စကားပြောရအောင် '''' နောက်တစ်နာရီနေမှပြောမယ် ''မုန်းသည် သူ့ကိုလှည့်မကြည့်တဲ့အပြင် နားကျပ်ကိုပါတပ်လိုက်ပြီး ဆက်ပြေးနေလေသည် ။ အနှိုင်းမဲ့ကလည်း စိတ်မရှည်ချင်တော့ ။ မုန်းက သူ့ကိုစိတ်ဆိုးနေတာ သေချာပြီမို့ တေ့တေ့ဆိုင်ဆိုင်မေးချင်လာ၍ ပြေးစက်ကို Stop လုပ်လိုက်သည် ။ ထိုအခါ ပြေးစက်က အရှိန်တဖြေးဖြေးနှေးလာပြီး ရပ်တန့်သွားသည် ။မုန်းသည် သခင်လေးကို တစ်ချက် စွေစောင်းကြည့်ကာ နံဘေးမှာတင်ထားသည့် တဘတ်အဖြူကိုယူပြီး မျက်နှာပေါ်ကချွေးတွေ သုတ်လိုက်သည် ။ ထို့နောက် အသင့်ရှိနေသည့် ရေဘူးကို တစ်ငုံသောက်လိုက်ပြီး သခင်လေးဆီကမ်းပေးလိုက်သည် ။'' ရေသောက်လိုက်ဦး ''အနှိုင်းမဲ့ကလည်း မုန်းကိုချော့ဖို့ရာပဲ အာရုံရောက်နေတာမို့ ရေဘူးကိုတစ်ဝက်ကျိုးသွားတဲ့အထိ သောက်ချလိုက်မိသည် ။ မုန်းကတော့ ဖာသိဖာသာပင် သူ့ဆံပင်တွေကို ထိုးဖွကစားလိုက်သည် ။'' ဘာကိစ္စမို့ အခုချက်ချင်းကြီးပြောချင်ရတာလဲ ?"'' မင်း ဘာဖြစ်နေတာလဲ မုန်း ?"'' မုန်းက ပုံမှန်အတိုင်းပဲလေ ။ သခင်လေးက တစ်ခုခုကို အတွေးလွန်နေတာလား "'' မဟုတ်ဘူး ။ မင်း ငါ့ကိုစိတ်ဆိုးနေတာလား ။ ဘာကြောင့်လဲပြော ။ ငါမင်းကို စိတ်ဆိုးရအောင် တစ်ခုခုလုပ်ခဲ့မိလို့လား '''' Nope ......., မုန်းကသာ သခင်လေးစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့မိမှာကို စိုးရိမ်နေတာ ''တဘတ်အဖြူကို လည်ပင်းတွေထိသုတ်ချရင်း မုန်းသည် အပေါ်ဝတ်ကို ချွတ်ချလိုက်သည် ။ အားကစားဘောင်းဘီ တစ်ထည်တည်းနဲ့ ခုံတစ်ခုံအပေါ် ဒီအတိုင်းခြေချိတ်ထိုင်နေပုံက သူတွေ့နေကြ မုန်းပုံစံနဲ့ နည်းနည်းမှမတူ ။ ဒီတစ်လျှောက်လုံး သူသိခဲ့သည့်မုန်းသည် နူးညံ့ပြီး အပြစ်ကင်းကာ ရှက်ရွံ့တတ်သည့်သူ ၊ သူ့ကို ခုလို စိတ်ဆိုးစိတ်ကောက်ပြီး စကားကို ခပ်ထေ့ထေ့ပြောဖို့မဆိုထားဘိ သူ့စကားဆို သေဆိုသေ ရှင်ဆိုရှင်နာခံသည့်လူမျိုး ။ မုန်းမှာ တစ်ခုခုပြောင်းလဲသွားပြီဆိုတာ သေချာသည် ။အနှိုင်းမဲ့သည် မုန်း၏နံဘေးမှာဝင်ထိုင်ရင်း ချွေးတွေနဲ့ ကပ်စီးကပ်စီးဖြစ်နေသည့် ဆံစတွေကို လက်နဲ့သပ်တင်ပေးကာ ချော့မော့မေးလိုက်သည် ။'' ကိုယ် မင်းအပေါ်အမှားလုပ်မိတာရှိလား အချစ်ရယ် ။ မင်းခုလိုပုံစံမျိုးနဲ့ ကိုယ့်ကိုမဆက်ဆံပါနဲ့ ။ ကိုယ်တကယ်မနေတတ်ဘူး ''မုန်းသည် ယဲ့ယဲ့လေးပြုံးရင်း သခင်လေးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ထိုင်လိုက်သည် ။'' မုန်းရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးဖြေပါ ။ သခင်လေး မုန်းကို တကယ်ချစ်ခဲ့လား '''' ဒါပေါ့ ........... ကိုယ်မင်းကို တကယ်ချစ်မိတာပါ ''အနှိုင်းမဲ့သည် ချက်ချင်းအားနည်းသွားသလို ခံစားလိုက်ရပြီး မုန်း၏မျက်ဝန်းညိုညိုတွေအောက် ပြိုလဲသွားရသည် ။ သူ့ချစ်သူရဲ့ မျက်ဝန်းတွေက ကြည့်လေလှလေပဲ ။ ဒီမျက်ဝန်းတွေကို သူအပိုင်စားရချင်လိုက်တာ ။ ဒီမျက်ဝန်းတွေအောက် ရုန်းမထွက်ချင်လောက်အောင်ကို ကပ်ညှိနေချင်မိတယ် ။ မင်းတကယ်ပြုစားတတ်တာပဲ မုန်း ။မုန်းသည် ပုံဖော်ရန်ခက်ခဲသည့်အပြုံးကို လေးနက်နေအောင်ပြုံးကာ သခင်လေး၏ မျက်ဝန်းတွေကို မလွှတ်တမ်းဖတ်ရင်း သူ့ရဲ့လက်တွေက သခင်လေး၏ပါးရိုးတွေဆီရောက်လာပြီး ဖွဖွလေး ပွတ်သပ်လိုက်မိသည် ။ ထို့နောက်လည်တိုင်အထိ ဆင်းလာကာ ရင်ဘတ်နားရောက်လာသည် ။'' ဒါဆို မုန်းကိုလုံးဝယုံကြည်လား '''' ကိုယ်မင်းကို တကယ်ပဲ ယုံကြည်ချင်တယ် အချစ်ရာ '''' သဘောကအပြည့်အ၀ မယုံကြည်ဘူးဘဲ အဟက်ခ် ။ တစ်နေ့နေ့မှာ သခင်လေး သေချာပေါက်နောင်တရလိမ့်မယ် သိလား ''မုန်းဘာကိုဆိုလိုမှန်းသူနားမလည်သော်လည်း သူ့စိတ်တွေတင်းကျပ်နေမှန်းတော့ သတိထားမိသည် ။ သူအဖြေကိုမရှာတတ် ။ မုန်းနားလည်အောင်လည်းမပြောပြတတ် ။ သူအခုအရမ်းကိုဖြစ်ချင်တာက သူ့ရှေ့က ဆွဲဆောင်မှုအားပြင်းလွန်းတဲ့ ကောင်ဆိုးလေးကို အနမ်းကြမ်းကြမ်းတွေ ပေးပစ်ချင်ပေမယ့် အသိစိတ်ကင်းကွာနေသည့် ဇွန်ဘီတစ်ကောင်လို မုန်းကိုအာသာငမ်းငမ်းကြည့်နေရုံကလွဲပြီး လက်တွေခြေတွေက လှုပ်ရှားမလာခဲ့ ။'' အလုပ်ပင်ပန်းလာတယ်မလား ............။ ခဏနေ အခန်းထဲဝင်ပြီး အေးဆေးအနားယူလိုက်ပါ ။ ဒီည မုန်းကို မနှောင့်ယှက်နဲ့ ''မုန်းက အရမ်းကိုတော်ပါတယ် ။ သူကိုသွေးတွေဆူပွက်လာတဲ့အထိ ပြုစားပြီး အခန်းထဲတစ်ယောက်တည်း ချန်ခဲ့ကာ ရေးချိုးရန်ထွက်သွားလေသည် ။ မိနစ်အတန်ကြာတော့ အနှိုင်းမဲ့အရမ်းကြီးအိပ်ချင်လာ၍ အခန်းထဲဝင်ထိုးအိပ်လိုက်သည် ။ မုန်းကိုချော့ရမယ့်ကိစ္စကို မအိပ်ခင်အချိန်ထိ သတိရမိပေမယ့် လူကအားအင်ကုန်ခမ်းနေ၍ ခေါင်းအုံးနဲကထိလိုက်တာနဲ့ လူက တန်းအိမ်ပျော်သွားသည် ။တိတ်ဆိတ်သော ညအလယ်တွင် အနှိုင်းမဲ့၏အိပ်ခန်းတံခါးပွင့်လာပြီး လူရိပ်တစ်ခုဝင်လာသည် ။ ဒီအရိပ်က သူချစ်ရတဲ့ကောင်လေးအရိပ်ဆိုပေမယ့် အနှိုင်းမဲ့ သိနိုင်ခြင်းမရှိဘဲ နှစ်ခြိုက်စွာအိပ်မောကျဆဲ ။မုန်းသည် သခင်လေးဘေးတွင်ညင်သာစွာလှဲလျှောင်းရင်း သခင်လေး၏မေးရိုးတစ်လျှောက်လုံးကို ဖွဖွလေးပွတ်သပ်လျှက် နူတ်ခမ်းလေးကို အနမ်းပေးမိသွားသည် ။'' ကြည့်ပါဦး ........... မုန်းကလေ သခင်လေးမရှိဘဲ ခဏလေးတောင် မနေနိုင်ဘူး ။ ဒါကို သခင်လေးမသိဘူးလား ။ သခင်လေးက တကယ်မကောင်းဘူး ။ မုန်းရဲ့ခံစားချက်တွေကို နည်းနည်းမှ နားမလည်ဘူး ''ညအိပ်ဝတ်အင်္ကျီသည် ဟပြဲလျှက်ရှိနေပြီး မီးရောင်အောက်က သခင်လေး၏ ရင်ဘတ်သားတို့သည် ဝင်းဝါနေ၍ မုန်း၏ လက်သည်မသိမသာနဲ့တို့်ထိမိသွားပြီး ရင်ဘတ်နားကစ နမ်းရိူက်မိသွားသည် ။ ထို့နောက်လည်တိုင်နားထိပင် တရစပ်နမ်းရိူက်ကာ လျှာဖျားလေးတွေနဲ့ စုပ်ယူမိသွားသည် ။ထိုအချိန် အိပ်မောကျနေသည့် သခင်လေးသည် ညင်သာစွာနိုးလာပြီး မျက်လုံးကို အားယူဖွင့်ကြည့်ကာ သူ့ကိုဖက်တွယ်ထားသည့် မုန်းကို အံသြတကြီးကြည့်လိုက်သည် ။" မင်း ကိုယ့်ကို စိတ်ဆိုးပြေပြီလား......''" ဟင် သခင်လေး ...... ဘယ်လိုဖြစ်ပြီးနိုးလာတာလဲ?''မုန်း ရုတ်တရက်ကြီးလန့်ဖျတ်သွားသည် ။ ညနေက သခင်လေးသောက်သည့်ရေထဲ အိပ်ဆေးပါသည့်အပြင် မုန်း သခင်လေး၏စိတ်ကိုညို့ယူကာ အိပ်စက်ရန်အမိန့်ပေးထားတယ်မလား ။ သူ့ရဲ့ညို့ဓာတ်က သခင်လေးပေါ်မှာ မသက်ရောက်ဘူးလား ။အနှိုင်းမဲ့ကတော့ ညင်သာစွာပြုံးလျှက် ကုန်းရုန်းထလိုက်ပြီး မုန်းကိုအပေါ်စီးကနေ တက်ခွထားလိုက်သည် ။" မိပြီ..... အနမ်းသူခိုးလေး..... ကိုယ်အိပ်ပျော်နေတုန်း ကိုယ့်ကို ကြံစည်ဖို့ ကြိုးစားတယ်ပေါ့ ''" မဟုတ်ဘူး.... မုန်းက .....''မုန်းဆက်ရှင်းပြမည့်စကားတွေကို သူနားမထောင်အားတော့ ။ ခုချိန် သူ့ရဲ့အောက်မှရောက်နေသည့် ဒီကောင်လေးဟာ လှရက်နိုင်လွန်းပြီး ညို့အားကောင်းလွန်းနေတယ်မလား ။ ဘာကိုကောက်လို့ကောက်နေမှန်းမသိတဲ့ ကောင်ဆိုးလေး၏ နူတ်ခမ်းပါးကို အနှိုင်းမဲ့ကြမ်းကြမ်းတမ်းတမ်းပင် စုပ်ယူနမ်းရိူက်လိုက်မိသည် ။ ပထမ တစ်ချက်နှစ်ချက် မုန်း ရုန်းကန်သေးသော်လည်း အနမ်းတွေအရှိန်ရလာတော့ မုန်းသည် ငြိမ်သက်သွားသည့်အပြင် သူ့ကိုပြန်လည်ဖက်တွယ်လာသည် ။အနှိုင်းမဲ့သည် အချိန်နည်းနည်းလေးမှ ထပ်မစောင့်ဆိုင်းလိုတော့ပဲ မုန်း၏ အင်္ကျီကို ခါးကနေဆွဲချွတ်လိုက်သည် ။ အဝတ်ဗလာဖြစ်သွားသော မုန်း၏ ခန္ဓာကိုယ်အနှံ့ကို သူ့သွားတွေနဲ့ ဖွဖွလေးကိုက်မိသေးသည် ။ သူအတတ်နိုင်ဆုံး ညင်သာစွာဆက်ဆံချင်ခဲ့ပေမယ့် မုန်းက သူ့ကို ရူးလောက်စေတဲ့မျက်ဝန်းတွေနဲ့ညို့ငင်ကြည့်လာကာ သူ့ရဲ့ကျောကုန်းကိုသိုင်းဖက်ရင်း နားစပ်နားတိုးတိုးလေးကပ်ပြောလိုက်သည် ။" မုန်း သခင်လေးပေးတဲ့ နာကျင်မှုကို အရမ်းမြတ်နိုးတယ် ''ချစ်ရသူဆီက ကြက်သီးထဖွယ်ကောင်းသော စကားကိုကြားလိုက်ရတော့ အနှိုင်းမဲ့၏သွေးများဆူပွက်လာကာ ကျေနပ်စွာပြုံးမိသွားသည် ။" အရမ်းချစ်တယ်......... ကိုယ့်အချစ်ဆုံး ''အဲ့ဒီညက သခင်လေးနမ်းခဲ့တာ သူ့နူတ်ခမ်းတစ်စုံတင်မက သူ့ရဲ့ရင်ဘတ် အပြင် နူးညံ့တဲ့ပေါင်ရင်းသားတွေပါ နီရဲဥသွားတဲ့အထိ သိမ်မွေ့စွာတစ်လှည့် ကြမ်းတမ်းစွာတစ်လှည့် သခင်လေးစားသုံးခဲ့သည် ။အဲ့ဒီည မုန်းမေးစရာမလိုဘဲ သခင်လေးအကြိမ်ရေဖန်များစွာပြောခဲ့တာက" ကိုယ်မင်းကို အရမ်းချစ်တယ် မုန်း.....''" ကိုယ် မင်းကို အဆုံးရူံးမခံနိုင်ဘူး.... ''မနက်ရဲ့အလင်းရောင်က မှန်ပြတင်းကနေတဆင့် လိုက်ကာအရောင်နုနုလေးကိုကျော်ကာ အခန်းထဲဝင်လာတာမို့ အနှိုင်းမဲ့ ဆက်လက်အိပ်စက်လို့မရတော့ဘဲ နိုးထလာသည် ။မနေ့ညက နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ သူ မုန်းကိုချစ်ခဲ့တာကိုတော့ ရေးရေးလေးသတိရမိသည် ။ သို့သော် အလုံးစုံကိုပြန်စဉ်းစားလို့ မရ၍ သူ့ကိုယ်သူခံပြင်းဒေါသဖြစ်နေမိသည် ။ ဘာဖြစ်ဖြစ်မနေ့ညက စိတ်ခံစားချက်က ခုမနက်ထိမသေသေးဘဲ ရင်ထဲမှာ လှိုက်ခုန်မောတုန်း ။ သို့ပေမယ့် မနေ့ညက သူ့ကိုသာယာမှုတွေပေးခဲ့သည် ကောင်လေးက သူ့အနားမှာမရှိတော့ ။ ဒါပေမယ့် အနည်းဆုံးတော့ မုန်းကသူ့ကို လက်ခံသေး၍ အခြေအနေကောင်းသည် ဆိုရမည် ။*****************ဟိုတယ်တစ်ခုရဲ့ ဓာတ်လှေကားကို မြေညီထပ်ကနေ စစီးလာတော့ အနှိုင်းမဲ့နဲ့ မုန်းနှစ်ယောက်တည်း ။ ဒီနေ့နိုင်ငံခြားက ဧည့်သည်တစ်ချို့နဲ့တွေ့ဖို့ရှိလို့ အနှိုင်းမဲ့သည် အကြောင်းပြချက်ကောင်းကောင်းရပြီး ဖုန်းနဲ့ မျက်နှာ မခွာသည့် ကောင်လေးကိုချော့မော့ကာ ဒီအထိခေါ်လာလေသည် ။ အနှိုင်းမဲ့သည် မျက်နှာတည်တင်းနေသော မုန်းကို ချော့မြူရန်အတွက် မုန်း၏ခါးလေးကို တို့ပြီး စနောက်လိုက်သည် ။မုန်းသည် ခန္ဓာကိုယ်တစ်ချက်မပျက် မျက်နှာတစ်ချက်မပျက် စိတ်လည်းမဆိုးရယ်လည်း မရယ်ဘဲ တည်တည်တင်းတင်းပြန်ကြည့်လိုက်သည် ။'' ဘာလုပ်တာလဲ ? ကလေးဆန်လိုက်တာ '''' အချစ်ကကော ဘာဖြစ်နေတာလဲ ? မနေ့ညက စိတ်ဆိုးပြေပြီထင်ထားတာ ခု မနက်ရောက်တာ့ မျက်နှာကြီးက ဆူပုတ်နေတာပဲ ။ ဘာများပြသနာရှိလို့လဲ ? ကိုယ့်ကိုပြောလေ '''' မရှိဘူး.......။ မုန်း ခုရက်ပိုင်း စိတ်သိပ်မကြည်လို့ ''ပြောရရင် မနေ့ညက စိတ်ဆိုးပြေချင်ချင်ဖြစ်နေပေမယ့် မနက်ရောက်တော့ စိတ်ကတစ်ခါ ပြန်မာလာသည် ။ ပြောရရင် စိတ်ဆိုးပြေဖို့နေနေသာသာ တွေးရင်းတွေးရင်းပိုပြီးစိတ်ဆိုးမိလာသည် ။ အစက သူငါ့ကိုတကယ်မချစ်ဘူးလို့တွေးမိပြီး စိတ်မကောင်းဖြစ်မိပေမယ့် နာရီနဲ့အမျှကြာလာလေ သူငါ့ကိုမယုံကြည်တာ သူငါ့ကို နည်းနည်လေးတောင် မချစ်ပေးနိုင်ဘူးဆိုပြီး အတွေးတွေကများလာက ခံပြင်းစိတ်တွေက တနုံ့နုံ့ ။အနှိုင်းမဲ့ကလည်း မုန်းဘာဖြစ်နေမှန်းအတိအကျမသိပေမယ့် စိတ်မကြည်ဘူးဆိုတာ သေချာနေလို့ မုန်းအနားတိုးကပ်ပြီး မုန်း၏မေးဖျားကို ဆွဲမော့ယူလိုက်သည် ။'' မင်း ကိုယ့်အပေါ် ဖုံးကွယ်ထားတာရှိလား........ မုန်း''မုန်း မဲ့ပြုံးပြုံးလိုက်သည် ။'' သေချာပေါက် ရှိတာပေါ့ ......... ။ မုန်းမှာ သခင်လေး မသိသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ် ''အနှိုင်းမဲ့ မျက်နှာရုတ်ချည်းပျက်သွားသည် ။'' ဘာများလဲ ကိုယ်သိလို့ ရမလား '''' အဟက်ခ် ........ အချိန်တန်ရင် သိမှာပေါ့ '''' မုန်း ............ ''သူမုန်းကို ဆူငေါက်မည်အပြု ဓာတ်လှေကားတံခါးပွင့်လာသောကြောင့် သခင်လေးသည် မုန်းကို စီးမိုးအုပ်ထားလိုက်ပြီး ထိုလူတွေကို ကျောပေးထားလိုက်သည် ။ ဓာတ်လှေကားထဲကို လူတွေအများကြီး ဝင်လာ၍ သခင်လေးနဲ့ မုန်းသည် နံရံမှာ ကပ်သွားလေသည် ။ တော်သေးသည်ပြောရမည် ဒီလူတွေထဲမှာ သူတို့နဲ့ရင်းနှီးတဲ့သူမပါသောကြောင့် သူတို့ကလည်း ဂရုမစိုက်သလို မုန်းတို့ကလည်း ဂရုမစိုက်မိချေ ။စောနကအထိ မျက်နှာထားတည်တင်းနေသော ကောင်ဆိုးလေးသည် သူ့ရင်ခွင်ထဲမှာ နစ်ဝင်နေကာ သူ့ကို မရဲမဝံ့နဲ့ မျက်လုံးလှန်ကြည့်နေရှာသည် ။ ထိုကောင်လေး၏ပုံစံလေးသည် အရမ်းအသည်းယားဖို့ကောင်းနေ၍ ဘေးမှာလူတွေရှိနေတာတောင် အနှိုင်းမဲ့သည် မုန်း၏ နဖူးပြင်လေးကို ဖျတ်ခနဲ ခိုးနမ်းလိုက်သည် ။ ထိုအချိန်တွင် ဘာကြောင့်မှန်းမသိ နှစ်ဦးသားစလုံး ဆယ်ကျော်သက်လေးတွေလို ရင်ခုန်သံမြန်လာကြသည် ။ လူတွေကြားထဲ ခုလိုခိုးနမ်းရတာ တကယ့်ကို ရင်ခုန်ဖို့ကောင်းလွန်းသည် ။ဓာတ်လှေကားထဲလူတွေအကုန်ထွက်သွားတော့ နောက်ဆုံး သူတို့နှစ်ဦးပဲ ကျန်ခဲ့လေရာ မုန်း သခင်လေးကို တွန်းထုတ်လိုက်သည် ။'' ကလေးဆန်တာထက်ကို ဆိုးသွားပြီ ။ လူတွေ သခင်လေးကို နှာဗူးကြီးလို့ ပြောမှာမကြောက်ဘူူးလား '''' အို........ ပြောပြောကွယ် ။ ကိုယ်ကတော့ ဂရုမစိုက်ပေါင် ။ ကိုယ့်ချစ်သူကို ကိုယ်နမ်းတာ နှာဗူးကြီးဆိုလည်း ကိုယ်က တစ်သက်လုံး နှာဗူးကြီးပဲ လုပ်တော့မယ် ''တင်းထားတဲ့ကြားထဲက မုန်း မသိမသာလေးပြုံးမိသွားသည် ။ ဒီလူကြီးကို ဘယ်လိုအင်အားနဲ့ အနိုင်ယူရက်တော့မှာလဲ ? ။ဧည့်သည်တွေနဲ့ စကားပြောပြီးပေမယ့် တခြားအကြောင်းအရာတွေ ရှိနေသေးသောကြောင့် မုန်းတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ ကုမ္ပဏီကို အရင်ပြန်လွှတ်လိုက်ရသည် ။နှစ်နာရီလောက်ကြာမှ အနှိုင်းမဲ့ ကုမ္ပဏီကို ပြန်ရောက်လာပြီး ရုံးခန်းထဲဝင်လာသည် ။ အရင်ဆုံးသူ့ရဲ့ အပြင်ခံကုတ်ကို ချွတ်ကာ ကူရှင်ပေါ်တွင် အိမ်မောကျနေသည့် မုန်း၏နံဘေးတွင် ဝင်ထိုင်လိုက်သည် ။ မျက်ခွံမို့မို့လေးက အသည်းယားချင်စရာကောင်းပြီး ဟစိဟစိဖြစ်နေသည့် နူတ်ခမ်းပါးလေးက တစ်ချက်လောက်ဆွဲကိုက်ရရင်ဖြင့် ။အိပ်နေတာတောင် လက်ထဲက ဖုန်းကိုမချဘဲ ပေါင်ပေါ်တင်ထားသောကြောင့် အနှိုင်းမဲ့က မုန်းလက်ထဲကဖုန်းကို သာသာလေးဆွဲထုတ်ပြီး စားပွဲပေါ်တင်ထားလိုက်သည် ။ ပြီးနောက်အနီးကပ်မြင်နေရသည့် မုန်း၏မျက်နှာကို တစိမ့်စိမ့်ငေးစိုက်ကြည့်ရင်း ဆံစတွေ့ကို ဖွဖွလေးပွတ်သပ်ပေးမိသည် ။ ဒီလောက်ထိဖြူစင်လွန်းအားကြီးပြီး အပြစ်ပြောချင်စရာတစ်ကွက်မှမရှိသည့် ဒီကောင်လေးက သူ့ဘဝထဲကို ဘယ်လိုအကြောင်းပြချက်ကြောင့် ရောက်လာပါလိမ့် ။မုန်း၏ပါးနုနုလေးကို သူ့လက်လေးနဲ့ဖွဖွလေး တို့ထိရင်း ငုံ့နမ်းမည်အပြု စားပွဲပေါ်တွင် တင်ထားသည့် မုန်း၏ဖုန်းသည် message တစ်စောင်ဝင်လာကြောင်း အချက်ပြ၍ အနှိုင်းမဲ့သည် ရပ်တန့်သွားပြီး ဖုန်းကိုကောက်ယူလိုက်သည် ။ ဖုန်းက passwords ခံထားသော်လည်း screen ထက်တွင် message ပို့သူမှာ ဦးလက်ျာဖြစ်နေ၍ အနှိုင်းမဲ့ မျက်မှောင်တို့သည် ကြုတ်သွားကာ သံသယစိတ်လေး ဖြတ်ပြေးသွားသည် ။ ဒါကြောင့်အိပ်ပျော်နေသည့် မုန်း၏လက်ညိုးကိုယူပြီး ဖုန်း၏ fingerprint ဖြင့် lock ဖွင့်လိုက်သည် ။ငါတစ်ခုခုကို ရှာတွေ့ထားတယ် ။ မင်းသိရင် အရမ်းအံသြသွားမှာသေချာတိကျစွာမရေးထားသော message တစ်ကြောင်းသည် အနှိုင်းမဲ့၏အတွေးကို သို့လောသို့လောနဲ့ ယောက်ယက်ခတ်စေသည် ။ ရှေ့မှာလည်းပို့ထားတဲ့ messages တွေကိုမတွေ့၍ ပို့ပြီးဖျက်လိုက်တာလား ဒါမှမဟုတ် တခြားအကြောင်းပြချက်ကြောင့်လားဆိုတာ အနှိုင်းမဲ့မတွေးတတ်တော့ ။မုန်းနဲ့ဦးလက်ျာဘယ်လောက်အထိ ပက်သက်နေတာလဲ ? ဦးလက်ျာက တစ်ခုခုကိုကြံစည်နေတာလား ဒါမှမဟုတ် မုန်းက တစ်ခုခုကိုဖုံးကွယ်ထားတာလား ? အဖြေကိုရှာမရ၍ အနှိုင်းမဲ့စိတ်တွေတင်းကျပ်လာပြီး ထိုင်ရာကထကာ အပြင်သို့ထွက်သွားလိုက်သည် ။ ဒီကိစ္စကိုသေချာသိရမှ ဖြစ်မယ် ။ သံသယစိတ်တွေက အရမ်းကိုပူလောင်တာပဲ ။ ဒီကောင်လေးက သူ့အပေါ်လိုတာထက် ပိုကောင်းခဲ့တာတွေ သူ့အကြောင်း သူ့ရဲ့စိတ်ကို အားလုံးထက်ပိုနားလည်ခဲ့တာတွေက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ကြိုတင်ကြံစည်မှုလား အရမ်းသိချင်သည် ။အနှိုင်းမဲ့အခန်းအပြင်ကို ရောက်သွားတော့ ကူရှင်ကိုမှီအိပ်နေသည့် ခန္ဓာကိုယ်လေးသည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ပိတ်ထားသည့်မျက်ဝန်းအစုံသည် ဖြေးညင်းစွာပွင့်လာသည် ။ သေချာတာထက်ပိုပြီးသေချာလာသော အကြောင်းအရာကြောင့် မုန်းသည် ဝမ်းနည်းစိတ်ကိုစတင်ခံစားရလာသည် ။ ဒီထက်ပိုပြီးဝမ်းနည်းရတာက သံသယစိတ်တွေကိုထမ်းပိုးထားသည့် သခင်လေး၏စိတ်ပင်ပန်းမှာကိုပင် ။ခဏပဲစောင့်ပါ သခင်လေး ။ သခင်လေးဆီမှာရှိနေတဲ့သံသယအားလုံးကို မုန်းဖြေဖျောက်ပေးမယ် ။မုန်း မကြည်မသာနဲ့ စားပွဲပေါ်က ဟင်းဘူးတွေကိုလှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည် ။ပူပူနွေးနွေးကျွေးချင်ပါတယ်ဆိုမှ ထွက်သွားပြန်ပြီ ။******************ဦးလကျ်ာဆီက message ကြောင့် မုန်းသူ့ကိုဖုန်းခေါ်လိုက်သည် ။'' မုန်း အံသြလောက်တဲ့ ရှာဖွေတွေ့ရှိမှုက ဘာများလဲ ဒုဥက္ကဋ္ဌ ။ အထင်လွဲခံရတာနဲ့ တန်အောင် အကြောင်းပြချက်ကောင်းကောင်းပေးပါဦး '''' အထင်လွဲခံရတယ် ဟုတ်လား ? ဘယ်သူနဲ့လဲ ? ကိုယ့်ရဲ့ မက်ဆေ့ကြောင့်လား '''' ထားလိုက် လိုရင်းကိုပြော ''မုန်း၏အသံက စိတ်သိပ်မရှည်ချင်တော့ ။ ဒါကလည်း ဦးလကျ်ာအပြစ်မှမဟုတ်ဘဲ ။ သူတို့နှစ်ယောက်ကြားက သံသယတွေကသူ့ကြောင့်ပဲ စတင်ခဲ့တာပဲလေ ။'' မင်းအဖေကို ငါ ရှာတွေ့ထားတယ် '''' မုန်းရဲ့အဖေဟုတ်လား ? သူ ဒီမြို့ကထွက်သွားပြီလေ '''' ဟုတ်တယ် .........။ ဒါပေမယ့် တခြားမြို့က လောင်းကစားကြွေးတွေကြောင့် သူဒီကိုပြန်ထွက်ပြေးလာတာ '''' ထားလိုက် ............ သူ့အကြောင်း မုန်း စိတ်မဝင်စားဘူူး ''မုန်းက ဖုန်းချရန်ပြင်တော့ ဦးလကျ်ာ၏ ကြည်လင်ပြတ်သားသောအသံသည် လျှင်မြန်စွာပင် ထွက်လာသည် ။'' အကယ်၍ သူက သိပ်မကြာခင် သေရတော့မယ်ဆိုရင်ကော ။ သူ့ရဲ့ အကြွေးရှင်တွေက သူ့ကိုသတ်ဖို့ လိုက်ရှာနေတယ် ''မုန်း ရုတ်တရက်ကြီး နှလုံးတွေအေးစက်သွားသည် ။ ချရန်နိုးနိုးဖြစ်နေသည့် လက်ထဲကဖုန်းသည် နားရွက်မှာကပ်ထားတုန်း ။အဖေက သိပ်မကြာခင်သေရတော့မယ် ဆိုတဲ့စကားကြောင့် အနှစ်နှစ်အလလ အဖေဆိုသည့်ဖြစ်တည်မှုကိုမေ့နေသည့် မုန်းအဖို့ တုန်လှုပ်သွားတာအမှန်ပင် ။ သူ့အဖေကို သံယောဇဉ်ဖြတ်လိုက်ပြီဆိုပေမယ့် သေပါစေဆိုပြီးတော့လည်း ထိုင်မကြည့်ရက်ဘူး ။ နေပါဦး............. အနာဂတ်မှာ အဖေက ဘာမှမဖြစ်ဘူးလေ ။ သုံးဖြုန်းပြီး ဘဝပျက်သွားပေမယ့် အသက်ကတော့ ရှင်ပါသေးတယ် ။ ဒါက သူအနာဂတ်တစ်ချို့ကို ပြောင်းလဲခဲ့တာကြောင့်လား ။'' ကောင်းပြီ ......... သူှရှိတဲ့ နေရာကိုသိလား ''**************************ကုမ္ပဏီကနေ ကမူးရှူးထိုးထွက်သွားသည့် မုန်းကို အနှိုင်းမဲ့အဝေးကနေ လှမ်းမြင်လေရာ သူ့ရဲ့လက်ထောက်ကို ဖုန်းလှမ်းဆက်လိုက်သည် ။'' သူ အခုဘယ်သွားတာလဲဆိုတာ သိအောင်လုပ်ခဲ့ '''' ..........''ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ထားပြီး အနှိုင်းမဲ့သည် ရုံးခန်းဆီကို ပြန်ဝင်လာလိုက်သည် ။ ဒီကောင်လေး အလောတကြီးထွက်သွားတာ စောနက ဦးလကျ်ာဆီက မက်ဆေ့ကြောင့်ပဲဖြစ်မယ် ။ ဖြစ်နိုင်ချေများပေမယ့် အတည်ပြုချင်စိတ်ကြောင့် သူ့လက်ထောက်ကို နောက်ကလိုက်ခိုင်းလိုက်သည် ။သူ့အလုပ်စားပွဲနားရောက်တော့ ထိုင်ခုံပေါ် ခပ်လျော့လျော့ ထိုင်ချရင်း မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်းပွတ်ချေလိုက်သည် ။ရူးတော့မှာပဲ ............သူ့စိတ်က မုန်းဟာ သူ့အနားရောက်လာတဲ့နည်းလမ်းတွေက မရိုးသားဘူးဆိုရင်တောင် ခံစားချက်တွေက ရိုးသားလောက်မှာပါဟု အတင်းယုံမိချင်သေးသည် ။သူ မုန်းကို မစွန့်လွှတ်နိုင်ဘူး .........မုန်း သူ့အနားကထွက်သွားရင် ဘယ်လိုလုပ်မလဲ ?သူ့အနေနဲ့ ဒုဥက္ကဋ္ဌနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး မုန်းရဲ့အဝေးကို ဆွဲထုတ်သွားရမလား ?သေချာတာတစ်ခုက သူမုန်းကို အဆုံးရူံး မခံနိုင်ဘူးဆိုတာပဲ ။နာရီဝက်လောက်ကြာတော့ သူ့လက်ထောက်ဆီက ဖုန်းဝင်လာသည် ။'' ဥက္ကဋ္ဌကြီး မုန်းက အခု ဒုဥက္ကဋ္ဌအိမ်ထဲဝင်သွားတယ် ။ သူ့ကို ဆက်စောင့်ကြည့်ပေးရမလား '''' ထားလိုက်တော့ ..........။ သူ့ကို ဒီနေ့ကစပြီး စောင့်ကြည့်စရာမလိုတော့ဘူး ''တီ...........ဖုန်းသံဆုံးသွားတာနဲ့ အနှိုင်းမဲ့သည် အားမရှိတော့သလိုပင် မျက်နှာကချက်ချင်း အရောင်ပြောင်းသွားသည် ။ဒီလိုမှန်းသိရင် အစကတည်းက ငါမင်းအပေါ်အရမ်းကောင်းခဲ့ပါတယ် ။ ငါ့ရဲ့လူဖြစ်အောင် သိမ်းသွင်းပြီး ဦးလကျ်ာဆီက ဆွဲထုတ်ခဲ့ပါတယ် ။ ငါ မင်းရဲ့ စိတ်ကိုရယူဖို့ အရမ်းများနောက်ကျသွားပြီလား.............. မုန်း ။--------------------------7.2.2019

Continue Reading

You'll Also Like

591K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
140K 10.3K 57
🚉Cover Artist By Akiko Ak🚉-Romance×Drama Theme- 🚉🚉ပျော်ရွှင်မှုတွေကိုအပြည့်အနှက်သယ်ဆောင်လာပြီးအရှိန်ပြင်းပြင်းနဲ့ခုတ်မောင်းလာတဲ့ အိမ်ထောင်ရေးရထား...
673K 93.4K 54
Zawgyi ခံစားခ်က္ေတြကို ဖြင့္ဟလိုက္ရင္ ခင္ဗ်ားတို႔နားလည္လာလိမ့္မယ္။ ပြင့္လင္းစြာခ်စ္ရျခင္းက ဘယ္ေလာက္ထိ စိတ္အာဟာရ ျဖစ္ေစသလဲဆိုတာ။ Unicode ခံစားချက်တ...
897K 47.8K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...