အကြင်နာ.... မုန်း ( Completed)

By reta-nan

656K 61.2K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep -14
ep 15
ep -16
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep -17

16.6K 1.6K 229
By reta-nan

အႏႈိင္းမဲ့သည္ ကုမၸဏီ၏ မနီးမေ၀းက စားေသာက္ဆိုင္မွာ ေက်ာင္းေနဖက္ သူငယ္ခ်င္းတစ္ဦးနဲ႕ ေန႕လည္စာ တူတူစားရင္း သာေၾကာင္းမာေၾကာင္းေျပာၿပီး စီးပြားေရးနဲ႔ ပတ္သက္တာေတြကိုေဆြးေႏြးေနခဲ့သည္ ။ သူ႕မွာ နဂိုတည္းက မိတ္ေဆြမ်ားမ်ားစားစား မရွိဘဲ စီးပြားေရးပါတနာမ်ားသာ ရွိေလေတာ့ ဒီေန႕ ေက်ာင္းေနဖက္သူငယ္ခ်င္းေဟာင္းျဖစ္သူ မိုးေ၀ နွင့္ စကားေတြ အမ်ားႀကီး ေျပာျဖစ္ေလသည္ ။

'' ငါ မင္းကို မိတ္ဆက္ေပးရမယ့္သူ ရွိတယ္ ၊ ငါ့ရဲ႕ညီေလးေပါ့ ၊ေဟာ ေျပာရင္းဆိုရင္း လာၿပီ ''

မိုးေ၀ ေျပာတဲ့ သူ႕ရဲ႕ ညီေလးဆိုသူသည္ သူတို႕စားပြဲ၀ိုင္းသို႕ တန္းတန္းေလွ်ာက္လာၿပီး အႏႈိင္းမဲ့ကို ယဥ္ေက်းညင္သာစြာပင္ ႏူတ္ဆက္လိုက္ေလသည္ ။

'' ေဆာရီး... ကြ်န္ေတာ္ နည္းနည္းေနာက္က်သြားတယ္ ''

ထိုအသံ ထိုမ်က္ႏွာကို အႏႈိင္းမဲ့ေကာင္းစြာမွတ္မိေန၍ ၀တ္ေက်တန္းေက် ျပန္ႏူတ္ဆက္လိုက္ေလသည္ ။

'' မင္းကိုး ....... ရပါတယ္ မသိတဲ့သူေတြမွ မဟုတ္တာ ''

'' ဟာ ....... မင္းတို႕ႏွစ္ေယာက္အစတည္းက သိႏွင့္ေနၾကတာလား ၊ ဒါဆို ငါမိတ္ဆက္ေပးတာေတာင္ေနာက္က်ေနေသးတယ္ေပါ့ ''

မိုးေ၀ က အံၾသတႀကီးထေျပာေတာ့ မိုက္ခ္က ရွိဴးတိုးရွန္႕တန္႕ပံုစံနဲ႕ ၿပံဳးေလသည္ ။

'' ညီတို႕ ႏွစ္ခါေလာက္ဆံုဖူးတယ္ေလ ၊ ဒီအကိုက အရမ္းၾကည့္ေကာင္းလို႕ ညီက မွတ္မိေနတာ ''

'' ဒါဆို အကိုမိတ္ဆက္ေပးဖို႕ လြယ္သြားၿပီေပါ့ ၊ သူက အကိုေက်ာင္းတုန္းက ေက်ာင္းေနဖက္ေလ ၊ ၿပီးေတာ့ Noya Group ရဲ႕ ဥကၠ႒ေပါ့ ၊ သူ႕အေၾကာင္းေျပာရင္ေတာ့ ကုန္မွာမဟုတ္ဘူး ၊ ဘုန္း သူက ငါ့ရဲ႕ တစ္ဦးတည္းေသာ ညီေလး၊ နာမည္က မိုက္ခ္ ''

အႏႈိင္းမဲ့သည္ လူႀကီးလူေကာင္းဆန္စြာပင္ ၿပံဳးျပႏႈတ္ဆက္လိုက္သည္ ။

''ေတြ႕ရတာ၀မ္းသာပါတယ္ မိုက္ခ္ ။ မိုးေ၀မွာ ညီေလးရွိမွန္း ၾကားဖူးေပမယ့္ မင္းျဖစ္ေနလိမ့္မယ္လို႕ မထင္ထားဘူး ''

'' ဟီး .......... တိုက္ဆိုင္သြားတာပါ ၊ ကြ်န္ေတာ္ေနာက္ခါ အကို႕ ရံုးခန္းကို လာလည္လို႕ရလား ဟင္ ''

'' အင္း ......... လမ္းႀကံဳရင္ေတာ့လာခဲ့ေပါ့ ''

အႏႈိင္းမဲ့က ေပါ့ေပါ့ပါးပါးပင္ ျပန္ေျဖလိုက္သည္ ။ မုန္းနဲ႕ရင္းႏွီးလို႕႕ အရင္က သေဘာမက်ခဲ့ေပမယ့္ ေလာေလာဆယ္အေနအထားအရ မခ်စ္ေသာ္လည္း ေအာင့္ကာ နမ္းရဦးမည္ ။ မိုးေ၀နဲ႕က မိတ္ေဆြသူငယ္ခ်င္းပတ္သက္မႈအျပင္ စီးပြားေရးပါတနာလည္းျဖစ္၍ မလိုအပ္တဲ့ တင္းမာမႈေတြ မဖန္တီးခ်င္ေသာေျကာင့္ ျဖစ္သည္ ။

မိုက္ခ္သည္ အသားျပားကို လွီးျဖတ္ေနရင္း အႏႈိင္းမဲ့ကို ေပၚေပၚထင္ထင္ပင္ စူးစိုက္ၾကည့္လိုက္သည္ ။ မုန္းနဲ႕ အရင္းႏွီးဆံုးလူ ၊ မုန္းကို ပိုင္ဆိုင္ေသာ ထိုလူကို မိုက္ခ္ နည္းနည္းမွ ေၾကာက္ရြံ႕ျခင္းမရွိဘဲ တေျဖးေျဖးနဲ႕ ရင္ဆိုင္သြားရန္ ခုကတည္းက ေျခလွမ္းေတြကို စတင္လွမ္းလိုက္ေလသည္ ။ သို႕ေသာ္ လူႀကီးလူေကာင္းပီသစြာပင္ ဤစားေသာက္၀ိုင္းတြင္ မဆိုင္သည့္ စကားေတြကို မဟဘဲ ႏွစ္ဦးသား ဟန္ေဆာင္ကာ တစ္ျခားအေၾကာင္းအရာမ်ားေပၚ ဦးတည္ေျပာသြားေလသည္ ။

********************

'' မိုက္ခ္ နဲ႕ မင္း ဘယ္ေလာက္ထိ ရင္းႏွီးလဲ မုန္း ''

တစ္ခါမွ သူ႕အေၾကာင္းနဲ႕ ပက္သက္ၿပီး စိတ္၀င္တစားမရွိေသာ သခင္ေလးသည္ ရုတ္တရက္ႀကီး သူ႕အေၾကာင္းေတြကို စိတ္၀င္တစားေမးလာေသာအခါ သူ႕ေရွ႕မွာ ရွိေနတဲ့သူက သခင္ေလးမွ ဟုတ္ရဲ႕လားဟု မုန္းထင္မိသြားသည္ ။ မည္သို႕ပင္ဆိုေစကာမူ သခင္ေလးက ခုလို ေမးတာကို မုန္းေပ်ာ္မိတာ အမွန္ပင္ ။

'' ဒီအတိုင္း သူငယ္ခ်င္းေတြပါပဲ ၊ ဘာလို႕လဲ သခင္ေလး ''

'' ဘာမဟုတ္ဘူး ၊ သိခ်င္လို႔႕ေမးၾကည့္တာ ၊ ေနာက္ခါ သူနဲ႕အတူ ႏွစ္ေယာက္တည္း ေသာက္ျဖစ္ခဲ့ရင္ ငါ့ကို ဖုန္းဆက္ ၊ မင္းကို ႀကိဳဖို႕ ငါလူလႊတ္လိုက္မယ္ ''

'' သခင္ေလး သ၀န္တိုေနတာလား ''

မုန္း သိခ်င္စိတ္ျပင္းျပစြာနဲ႕႕ သခင္ေလးမ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး ေမးလိုက္ေတာ့ သခင္ေလးသည္ ယဲ့ယဲ့သာၿပံဳးၿပီး သူ႕လက္ကို ဆုပ္ကိုင္လိုက္သည္ ။

'' အင္း အဲ့သေဘာလို႕ပဲ မွတ္ယူလိုက္ ''

'' စကားေျပာတာ ဘယ္လိုႀကီးလဲ ၊ ဒီထက္နည္းနည္း စိတ္လႈပ္ရွားဖို႔ေကာင္းေအာင္ ေျပာလို႕ မရဘူးလား ''

'' အႏုအရြေတြေျပာဖို႕ ငါမအားဘူး မုန္း ၊ မင္းက လိမ္မာပါးနပ္တဲ့ကေလးပါ ၊ ဘာကအေရးႀကီးလဲဆိုတာ သိသင့္တယ္ ၊ ငါ့ကို ပိုင္ဆိုင္ထားၿပီးၿပီပဲ ၊ ဘာေတြအမ်ားႀကီး ထပ္လိုခ်င္ေသးလို႕လဲ ''

မုန္း မ်က္လႊာခ်ကာ ေခါင္းငံု႕ေနလိုက္သည္ ။ မွန္တာေျပာရရင္ သခင္ေလးအခုထိ သူ႕ကို မခ်စ္ေသးဘူးလို႕ ခံစားေနရတုန္း ။ သခင္ေလးနဲ႕ ပတ္သက္ရင္ ခံစားခ်က္ေတြက တက္လိုက္က်လိုက္ႏွင့္ ။ သူ႕လက္ကို ဆုပ္ထားေသာ သခင္ေလး၏ လက္ကို သူဖယ္ရွားၿပီး မုန္း သက္ျပင္းကို ခပ္ျပင္းျပင္းခ်လိုက္သည္ ။

'' မုန္း ဘာလို႔ အနာဂတ္ကေန အတိတ္ကို ျပန္ေရာက္လာတာလဲ သိလား ''

'' မင္းမေျပာဘဲ ငါကဘယ္လိုသိမွာလဲ ''

အခ်ိန္ေတြၾကာလာေတာ့ အႏႈိင္းမဲ့ပင္ မုန္း၏ ယံုတမ္းပံုျပင္ေတြၾကား စီးေမ်ာတတ္လာေလသည္ ။ ဒီတစ္ေခါက္လည္း မုန္းဘာေတြ ဇာတ္လမ္းထြင္ဦးမလဲဆိုၿပီး အလိုက္သင့္ ျပန္ေျပာေပးလိုက္သည္ ။

မုန္း အတည္ၿငိမ္ဆံုးျဖစ္ေအာင္ေနလိုက္ၿပီး တတ္ႏိုင္သမ်ွ အသံကို ႏွိမ့္ေျပာလိုက္သည္ ။

'' အနာဂတ္မွာ မုန္းေပ်ာက္ကြယ္သြားလို႕ ''

'' ဘယ္လို.............''

'' အနာဂတ္မွာ မုန္းေသရမွာ ၊ ဒါေၾကာင့္ သခင္ေလးဆီက အခ်စ္ေတြ အကုန္မရခဲ့လို႕ ခု ပစၥပၸဳန္ကာလကို ျပန္လာၿပီး သခင္ေလးဆီက အခ်စ္ေတြကို ျပန္ရယူဖို႕ ႀကိဳးစားခဲ့တာ ၊ မုန္း ေလာဘႀကီးတယ္ သခင္ေလး ၊ အကယ္၍သာ သခင္ေလးဆီက အခ်စ္ေတြကို ခုဘ၀မွာလည္း မခံစားရဘဲ ထြက္သြားရမယ္ဆိုရင္ မုန္း ဒီကိုျပန္လာတာ ဘာမ်ားအက်ိဳးရွိမွာလဲ ''

အမွန္တရားတစ္ခ်ိဳ႕ကိုေတာ့ မုန္းလိမ္ညာၿပီး ေျပာမိသြားသည္ ။ အကယ္၍သာ အမွန္တကယ္ေသဆံုးရမယ့္သူက သူသာျဖစ္ေၾကာင္း သခင္ေလးသိလ်ွင္ မုန္းေျပာတာကို လက္မခံနိုင္ဘဲ မုန္းကို ရူးေနသူဟုသာ ထင္မွတ္ေနလိမ့္မည္ ။ မုန္း လိုခ်င္တာ သခင္ေလးဆီက အေၾကာက္တရားပင္ ။ သူ႕ကို ဆံုးရံူးရမွာေၾကာက္တဲ့ အေၾကာက္တရား ျမဴတစ္မံူေလာက္ေလာက္ရွိမယ္ဆိုရင္ေတာင္ ေက်နပ္မိမွာ ။

သို႕ေသာ္ မွန္းခ်က္နဲ႕ နွမ္းထြက္က မကိုက္ဘဲ သခင္ေလးက သူ႕ကို စိတ္ဆိုးသြားေလသည္ ။

'' အရင္က မင္းေျပာခဲ့ဖူးသမွ်ေတြဟာ တိုက္ဆိုင္လို႕ပဲျဖစ္ျဖစ္ ငါလက္ခံႏိုင္ေအာင္ ႀကိဳးစားေပးခဲ့တယ္ ။ ဒါေပမယ့္ မင္းတစ္ေန႕တစ္ျခား ပိုဆိုးလာပါလား မုန္း ။ မင္း ငါ့ကို ဘာေတြနဲ႕မ်ား ထပ္ၿပီး ခ်ည္ေႏွာင္ထားခ်င္ေသးလို႕လဲ ။ ဒီအတိုင္းေလးပဲ ေရာင့္ရဲတင္းတိမ္လို႕မရဘူးလား ဟမ္း ''

ေဒါသသံစြက္ေသာ တုန္႕ျပန္စကားေၾကာင့္ မုန္း ထိုေနရာမွာပင္ ၾကက္ေသေသ သြားသည္ ။ သူလိုခ်င္တာ ဒီလိုတုန္႕ျပန္မႈမ်ိဳးမွ မဟုတ္တာ ။

'' မွားေနၿပီ သခင္ေလး ၊ မုန္း လိမ္ေျပာေနတာ မဟုတ္ဘူး ၊ အနာဂတ္မွာ တကယ္ျဖစ္လာမွာ ''

'' ေတာ္ေတာ့ မုန္း ၊ အနာဂတ္ ...အနာဂတ္ နဲ႕ ၊ ငါ့ကို အဲ့ဒီစကားမ်ိဳး ေနာက္ထပ္ ထပ္မေျပာနဲ႕ေတာ့ ၊ ငါက သဘာ၀လြန္ျဖစ္ရပ္ဆန္းဆို ရုပ္ရွင္ကားေတာင္ မၾကည့္တာ ၊ ငါ့ကို ယုတၱိမရွိတဲ့ စကားေတြ သိပ္မေျပာနဲ႕ ''

သခင္ေလးသည္ စိတ္ဆိုးမာန္ဆုိးနဲ႕ မုန္းကို ခ်န္ထားၿပီး အခန္းထဲျပန္၀င္သြားေလေတာ့ စာၾကည့္ခန္းထဲမွာ မုန္းတစ္ေယာက္တည္း ေၾကာင္ေတာင္ေတာင္ျဖစ္ က်န္ရစ္ေနခဲ့ေလသည္ ။

ဆံုးရံူးဖူးမွ တန္ဖိုးသိမယ္တဲ့ ။ အကယ္၍သူ႕ကိုသာ သခင္ေလးက ဆံုးရံူးခဲ့ရရင္ေကာ သခင္ေလး သူ႕တန္ဖိုးကိုသိၿပီး သူ႕အခ်စ္ကို ျမင္လာမွာလား ။ ဟင့္အင္း ...... ဒါနဲ႕ ပက္သက္ၿပီး သူမစမ္းၾကည့္ရဲဘူး ၊ သူ႕မွာ ယံုၾကည္ခ်က္မရွိဘူး

******************

မုန္း သခင္ေလးနဲ႕ပက္သက္ၿပီး ၀မ္းနည္းခံစားေနရတာမို႕ ဒီေန႕ ကုမၸဏီကို သခင္ေလးနဲ႕အတူ မလိုက္ခဲ့ဘဲ ေနာက္က်မွ လိုက္လာခဲ့လိုက္သည္ ။ ေန႔လည္စာ စားခ်ိန္ေရာက္ၿပီမို႕ သခင္ေလးကို စားေသာက္ဆိုင္ေကာင္းေကာင္းကို ေခၚသြားၿပီးေခ်ာ့ခိုင္းရမည္ ။ အေတြးနဲ႕အတူ ေျမွာက္ၾကြတဲ့ ေျခလွမ္းေတြနဲ႕ ကားေပၚက ဆင္းလာခိုက္ သူ႕ကို တစ္စံုတစ္ေယာက္က ဆြဲယမ္းလိုက္ေသေၾကာင့္ မုန္းဟန္ခ်က္ပ်က္သြားၿပီး တစ္ဖက္လူနွင့္ နီးကပ္သြားသည္ ။

'' ငါ မင္းနဲ႕ ရွင္းစရာရွိတယ္ ''

ထိုသူက ဦးလက္်ာမို႕ မုန္း နည္းနည္းေတာ့ ေက်ာခ်မ္းသြားတာအမွန္ ။ သူလုပ္ခဲ့တာ သူအသိဆံုးမို႕ ဦးလက္်ာသည္ ရန္စလို႕ေကာင္းသည့္ လူတစ္ေယာက္မဟုတ္သည့္ အတြက္ သူေၾကာက္ရြံ႕သြားတာ အမွန္ပင္ ။ ဦးလက္်ာသည္ သူ႕ကို ဂုတ္ကေနဆြဲၿပီး နံေဘးမွာ ရပ္ထားသည့္ ကားအနက္ထဲသို႕ တြန္း၀င္လိုက္သည္ ။ ေျမေအာက္ကားပါကင္မို႕ လူျပတ္ေန၍ သူေအာ္ဟစ္ရင္ေတာင္ ကူညီမယ့္သူ ရွိမွာမဟုတ္ ။

'' ခင္ဗ်ား ....... ဒါဘာလုပ္ ၊ ေန႔ခင္းဖက္ႀကီး အၿကမ္းဖက္ေနတာလား ''

ဦးလက္်ာသည္ မည္သည့္စကားမွ မဆိုေသးဘဲ သူပါ ကားထဲသို႕ ၀င္လာကာ ကားတံခါးကို ပိတ္ခ်လိုက္သည္ ။

'' ဟုိေန႕က မင္းငါ့ကို ဘာလုပ္ခဲ့တာလဲ ေျပာ ၊ ငါ့ဆီက USB ကို မင္းယူသြားတာမလား ''

'' ေအာ္ ဒါလား ၊ ဒါက ခင္ဗ်ားရဲ႕ စိတ္အာရံုကို နည္းနည္းေလး လွည့္စားခဲ့ရံုသက္သက္ပါ ။ ဒါေပမယ့္ ခင္ဗ်ားည့ံလို႔ ခံရတာေလ ။ က်ဳပ္က ခင္ဗ်ားေလာက္ေတာ့ မညစ္ပတ္ပါဘူးဗ်ာ ''

'' မင္း ........''

သူ ဦးလက္်ာ၏ ေဒါသကိုသိပ္ေတာ့ မဆြရဲေပ ။ သူနဲ႕ ဦးလက္်ာက အင္အားခ်င္းလည္း မ်ွတာမဟုတ္ဘူး ။ ဦးလက္်ာလို နတ္ဆိုးမ်ိဳးက အၿမဲတမ္း စိတ္သေဘာထား ႏူးည့ံႏိုင္တာမွ မဟုတ္တာ ။ မုန္း ေထာင့္ေလးနားမွာ ကုတ္ကုတ္ေလးေနကာ ဦးလက္်ာ၏ အေျခအေနကို ေစာင့္ၾကည့္ေနလိုက္သည္ ။ ဒီအေျခအေနမွာ ဦးလက်္ာသတ္လည္း ခံရံုသာ႐ွိေတာ့သည္ ။

ဦးလက္်ာသည္ လက္သီးကို တင္းေနေအာင္ဆုပ္ကာ ေဒါသကို မနည္းထိန္းထားရသည္ ။ ဒီမတိုင္ခင္တုန္းက ဒီေကာင္ေလးကို နည္းနည္းေလာက္ေတာ့ ပညာျပရမည္ဟု ႀကံဳး၀ါးထားေသာ္လည္း ယခု ဒီေကာင္ေလး၏ မ်က္ႏွာကို ျမင္ေတာ့ လုပ္ရက္စရာ တစ္ကြက္မွ မရွိ၍ သူ႕ကိုယ္သူပင္ ေဒါသ ျပန္ထြက္ေနမိသည္ ။

" မင္းမွာ ဘယ္လိုကြၽမ္းက်င္မႈေတြ႐ွိေနလို႔ ငါ့ကိုေတာင္ လွည့္စားရဲရတာလဲ မုန္း ။ မင္းေနရာမွာ တျခားတစ္ေယာက္ဆို ဒီေန႔အထိ အသက္႐ွဴခြင့္ေတာင္ ရလိုက္မွာမဟုတ္ဘူး ၊ ငါမင္းကို ခ်စ္မွန္းသိေတာ့ ၊ ငါ့ရဲ႕အားနည္းခ်က္က မင္းဆိုတာကို မင္းရိပ္မိေတာ့ ခုလို ငါ့လမ္းေၾကာင္းေတြကို ဝင္႐ူပ္ေနတာမလား ''

" က်ဳပ္ ခမ်ားႀကီးကို နည္းနည္းမွ သေဘာမက်ဘူးလို႔ အစကတည္းက ေျပာၿပီးသားေလ ။ ၿပီးေတာ့ က်ဳပ္က တမင္ ခင္ဗ်ားႀကီးကို လွည့္စားထားတာမ်ိဳးမ႐ွိဘူး ။ ခင္ဗ်ားႀကီးကသာ က်ဳပ္ေ႐ွ႕မွာေပၚလာလို႔ မလြဲသာမေ႐ွာင္သာဘဲ အခြင့္ေရးတစ္ခ်ိဴ႕ကို ယူမိသြားတာ ။ ဒီအတြက္ မေက်နပ္ရင္ က်ဳပ္ကို အပိုင္းပိုင္းခုတ္ပစ္လို႔ရတယ္ ။ သခင္ေလးကိုသာ ဒုကၡမေပးပါနဲ႔ ။ သူ႔အေဖလုပ္ခဲ့တာ သူနဲ႔မွ မဆိုင္တာ ''

ေၾကာက္ရြံ႕ေသာ္လည္း သူ ရဲတင္းစြာပင္ ဦးလက္်ာ၏ မ်က္ဝန္းတို႔ကို ေစ့ေစ့ၾကည့္ၿပီးေျပာလိုက္ရာ ဦးလက္်ာသည္ အံႀကိတ္လိုက္ရင္း

'' မင္း သတိထားေန မုန္း ။ ငါ့လမ္းေၾကာင္းေတြမွာ သိပ္ၿပီး ၀င္မပါနဲ႕ ။ မင္းတားနိုင္တာ ဘာမွမရွိဘူး ။ အခ်က္အလက္တစ္ခ်ိဳ႕ကို ဖ်က္စီးလိုက္ရံုနဲ႕ Game Over ျဖစ္သြားၿပီလို႕ ထင္ရင္ မင္းမွားသြားမွာေပါ့ ။ ဒါက အဆံုးသတ္မဟုတ္ဘူး ခုမွ စမွာ ။ မင္းကို သတိေပးေနရျခင္းအေၾကာင္းရင္းက မင္းကို မထိခိုက္ေစခ်င္လို႕ဘဲ ။ ေတာက္ခ္ .......... ငါ ဘာေၾကာင့္မ်ား မင္းလို အသံုးမ၀င္တဲ့ေကာင္အတြက္ ေတြးေပးေနမိမွန္း မသိေတာ့ဘူး ''

ဦးလက္်ာ၏ ခံျပင္းေဒါသစိတ္ေၾကာင့္ ေၾကာက္ရြံ႕ေနေသာ မုန္းပင္ ေၾကာင္အမ္းသြားကာ ေ၀ခြဲရခက္သြားသည္ ။ ဒီလူက တကယ္ပဲ သူ႕အတြက္ ေတြးေပးေနတာလား ။ သူ႕လမ္းေၾကာင္းကို ၀င္ရူပ္တဲ့အေၾကာင္းျပခ်က္နဲ႕တင္ မုန္းကို သတ္ပစ္ဖို႕ အေၾကာင္းရင္း လံုေလာက္ေနတာကို ခုလို လြယ္လြယ္နဲ႕ လႊတ္ေပးတာ ဦးလက္်ာမွ ဟုတ္ရဲ႕လားဟု သံသယရွိသြားသည္ ။

ဦးလက္်ာသည္ သူ႔၏ နက္ကတိုင္ကို ေျဖေလ်ာ့ကာ ကားေပၚမွ ဆင္းသြားၿပီး မုန္းကို လွည့္မၾကည့္ဘဲ ေျပာလိုက္သည္ ။

'' သြားေတာ့ ....... ။ မင္းေၾကာင့္ ငါအရမ္းကို စိတ္က်ဥ္းက်ပ္ရတယ္ ''

'' .................... ''

နတ္ဆိုးႀကီး သေဘာေကာင္းေကာင္းနဲ႕ သြားခြင့္ေပးတုန္း သူ ကားေပၚမွ လ်င္ျမန္စြာ ေျပးဆင္းသြားေလသည္ ။ က်န္ခဲ့ေသာ ဦးလက္်ာသည္ ေဒါသကို ကားမွန္ရိုက္ခြဲၿပီး ေျဖသိမ့္လိုက္ရရွာသည္ ။

ဒီေကာင္ေလးေၾကာင့္ ေတြေ၀သြားလို႔ မျဖစ္ဘူး ။ အႏႈိင္းမဲ့ကို ရေအာင္ ဖ်က္စီးမယ္ ၊ ဒီေကာင္ေလးကိုလည္း ရေအာင္ လုယူႏိုင္ရမယ္ ။ အႏႈိင္းမဲ့ကို ဘာအတြက္နဲ႕မွ အရံူးမေပးႏိုင္ဘူး ။ သူရသင့္ရထိုက္တာ အားလံုးကို ရေအာင္ ျပန္ယူမယ္ ။ မင္း အတြက္ ေန၀င္ခ်ိန္ေတြ ေရာက္လာေတာ့မွာပါ အႏႈိင္းမဲ့ရာ ။ ေစာင့္ေန သိပ္မၾကာေစရဘူး ။

ေနာက္ခါဆို သတိနဲ႔ေနမွရမယ္ ဆိုေသာ အေတြးနဲ႔အတူ မုန္းသည္ သခင္ေလး၏ ရံုးခန္းသုိ႔ ျမန္ဆန္ေသာ ေျခလွမ္းတို႔ျဖင့္ မေျပးရံုတမယ္ ထြက္လာခဲ့သည္ ။ သူ အသက္ေသရမွာမေၾကာက္ဘူး။ ဒါေပမယ့္ သခင္ေလးကို မကာကြယ္ေပးႏိုင္ဘဲ ေပ်ာက္ကြယ္သြားရမွာကို ေၾကာက္မိတယ္ ။ ဦးလက္်ာကို အရင္မ႐ွင္းထုတ္ရေသးခင္ သူကိုယ္တိုင္က တစ္ခုခု ထိခိုက္သြားလို႔မျဖစ္ဘူး ။ ဒီလိုဆို သခင္ေလးကို ကာကြယ္ေပးမယ့္သူမ႐ွိဘဲ ျဖစ္ေနလိမ့္မယ္ ။ သူကေတာ့ က်ားၿမီးသြားဆြဲမိၿပီ ။ ဒါေၾကာင့္ သတိနဲ႔ေနဖို႔ကလြဲၿပီး ေလာေလာဆယ္ သူလုပ္ႏိုင္တာ ဘာမ႐ွိေသးဘူး ။

ရံုးခန္းအျပင္မွာ အတြင္းေရးမွဳးမ႐ွိ၍ မုန္း ခြင့္ေတာင္းမေနေတာ့ဘဲ ဒီအတိုင္း တံခါးဖြင့္ၿပီး ဝင္သြားလိုက္သည္ ။

" သခင္ေလး မုန္းတို႔......''

မ်က္စိေ႐ွ႕က ျမင္ကြင္းေၾကာင့္ မုန္း၏ ေျခလွမ္းတို႔ ရပ္တန္႔သြားၿပီး ဆက္ေျပာရမည့္ စကားမ်ားေပ်ာက္ဆံုးသြားသည္ ။ မုန္းကို ေက်ာေပးထားေသာ လူတစ္ဦးသည္ သခင္ေလး၏ နက္ကတိုင္ကို ကိုင္ဆြဲထား၍ ႏွစ္ဦးသား နီးကပ္စြာ ႐ွိေနေသာေၾကာင့္ ျမင္ရသည့္ ခံစားခ်က္က မေကာင္းေပ ။

မုန္းဝင္လာတာ ျမင္ေတာ့ သခင္ေလးက ထိုသူကို တြန္းဖယ္လိုက္သည္ ။

" အာ.... ငါ့နက္ကတိုင္က ပံုမက်လို႔ သူကူညီေပးေနတာ ''

သခင္ေလး ရည္ၫြန္းေသာ သူ ဆိုသည့္ ထိုသူသည္ မုန္းဖက္သို႔ လွည့္လာၿပီး ျပံဳးျပေလသည္ ။ ထိုသူက မုန္း၏ တစ္ဦးတည္းေသာ သူငယ္ခ်င္းျဖစ္သူ မိုက္ခ္ ျဖစ္သည္ ။

" မင္း ေရာက္လာၿပီလား မုန္း ၊ ငါ မင္းကို အၾကာႀကီးေစာင့္ေနခဲ့ရတာ ၊ ကိုဘုန္းက မင္းမေန႔ည စိတ္ေကာက္ေနတယ္ေျပာလို႔ ငါ မင္းကို ဖုန္းမဆက္ေတာ့တာ ''

" ကိုဘုန္း.....''

မုန္းသည္ မိုက္ခ္၏ စကားကို သံေယာင္လိုက္ရင္း တစ္ခုခုကို သံသယ႐ွိသြားသည္ ။

" သခင္ေလးနဲ႔ ဘယ္တုန္းက ရင္းႏွီးသြားတာလဲ ''

" အာ.. သခင္ေလးဆိုတာ ကိုဘုန္းကိုေျပာတာလား ၊သူက ငါ့အကိုရဲ႕ေက်ာင္းေနဖက္မို႔ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႔ရာကေန စကားစပ္မိတာနဲ႔ ရင္းႏွီးသြားတာ ။ ငါ မင္းကို ေစာင့္ေနတာ အၾကာႀကီးပဲ ေန႔လည္စာ တူတူစားရေအာင္ေလ ''

မုန္း သခင္ေလးကို တစ္လွည့္ မိုက္ခ္ကိုတစ္လွည့္ ၾကည့္လိုက္ေပမယ့္ ႏွစ္ဦးစလံုးက ပံုမွန္အေနအထားတိုင္းမို႔ သံသယတဝက္ေလ်ာ့သြားသည္ ။ သို႔ေပမယ့္ သူက ကန္းေနတဲ့သူမဟုတ္ ။ ေႁမြေႁမြခ်င္း ေျချမင္တာမို႔ ဘယ္သူ႔ကို သတိထားရမယ္ဆိုတာ တန္းသေဘာေပါက္မိသြားသည္ ။ ေလာကႀကီးမွာ ႏွစ္ခါထက္ ပိုတိုက္ဆိုင္ရင္ ဒါဟာ ေသြး႐ိုးသား႐ိုး တိုက္ဆိုင္ျခင္း မျဖစ္ႏိုင္ေတာ့ ။ မိုက္ခ္နဲ႔ ေတြ႔စရက္တည္းက တိုက္ဆိုင္တာ ဘာမွမ႐ွိခဲ့မွန္း သူေရးေရးေလး သေဘာေပါက္လာသည္ ။

အသက္တူေသာ္လည္း ေလာကႀကီးကို ျဖတ္သန္းလာတာ ဝါအရ သူက မိုက္ခ္ထက္ပို ဝါရင့္သည္မို႔ ဒီေကာင္ေလး ေရြ႕ေနတဲ့အကြက္ေလာက္နဲ႔ေတာ့ သခင္ေလးနဲ႔သူ႔ၾကား ယံုၾကည္မႈေတြ မယိုင္လဲႏိုင္ပါ ။ စိတ္ထဲမတင္မက်ျဖစ္ေနေသာ္လည္း မုန္းသည္ ခ်ိဳျမစြာျပံဳးလိုက္ရင္း မိုက္ခ္၏ ပုခံုးကို အားရပါးရ ရင္းႏွီးစြာ ဖက္လိုက္ေလသည္ ။

" မင္းဝယ္ေကြၽးရင္ စားမယ္ေလ ။ မင္းသိတယ္မလား ငါက အလုပ္မ႐ွိမွန္း ၊ ဒါေၾကာင့္ သူမ်ားစြန႔္ၾကဲတာပဲ

" ေအးပါကြာ ၊ သြားရေအာင္ ဒါဆို ''

" ခဏ ''

မုန္း သူ႔လက္ကို မုိက္ခ္၏ ပုခံုးေပၚကျဖဳတ္ခ်ကာ ထိုင္ခံုတြင္ ထိုင္ေနသည့္ သခင္ေလးဆီသို႔လွမ္းသြားကာ ခါးကိုင္းလိုက္ၿပီး သခင္ေလး၏ ႏူတ္ခမ္းကို ငံု႔နမ္းလိုက္သည္ ။ ဒီလူဟာ သူ႔ရဲ႕လူမွန္း အမွတ္အသားျပဳလုပ္လိုက္သည့္ သေဘာမ်ိဳး ။

" မနက္က မနမ္းလိုက္ရလို႔..... ျပန္လာရင္ ညစာတူတူစားမယ္ေနာ္ ''

မုန္း၏ ကေလးဆန္ေသာအျပဳအမူကို သခင္ေလးသည္ မႏိုင္ဟန္ျဖင့္ မ်က္ခံုးကို ပင့္တင္ရင္း ဘာမွမေျပာဘဲ ဆိတ္ဆိတ္ေနလိုက္သည္ ။ မုန္းသည္ ျပံဳးရယ္လွ်က္ပင္ မိုက္ခ္၏ ပုခံုးကို ပုတ္ကာ ထြက္သြားေလသည္ ။

မိုက္ခ္ကေတာ့ မ်က္ႏွာမပ်က္ အျပံဳးအရယ္မပ်က္ဘဲ မုန္းေနာက္ပါသြားေလသည္ ။

ရံုးခန္းတြင္ က်န္ခဲ့ေသာ အႏႈိင္းမဲ့သည္ မုန္း သူ႔ကို မိုက္ခ္နဲ႔ အထင္မလြဲသြားတာကိုဘဲ ေက်းဇူးတင္လိုက္မိသည္ ။ အကယ္၍ မုန္းသာ အထင္လြဲၿပီး သူ႔အက်င့္အတိုင္း တဇြတ္ထိုးေတြလုပ္လာရင္ မလိုလားအပ္ဘဲ စိတ္႐ူပ္ရတာပဲ အဖတ္တင္မည္ျဖစ္သည္ ။ ဒီေန႔မွ တိုက္တိုက္ဆိုင္ဆိုင္ မုန္း သူနဲ႔အတူ မပါလာခ်ိန္မွ မိုက္ခ္က ရံုးခန္းထဲေရာက္လာသည္ ။ သူက အိမ္႐ွင္မို႔ ဧည့္သည္အေပၚမ႐ိုင္းျပခ်င္၍ ေကာင္းေကာင္းမြန္မြန္ လက္ခံစကားေျပာရာမွ သူ႔နက္ကတိုင္ ပံုစံမက်ဘူးဟုဆိုကာ မိုက္ခ္က ျပင္ေပးစဥ္ မုန္းကေရာက္လာသည္ ။ ဇာတ္တိုက္ထားလ်ွင္ေတာင္ ဒီေလာက္ထိ တိုက္ဆိုင္မည္မထင္ ။

မုန္းနဲ႔ မိုက္ခ္ ဟာ တူတယ္ထင္ရေပမယ့္ တကယ္တမ္း အက်င့္စ႐ိုက္ေတြက နည္းနည္းကြဲထြက္ေနသည္ ။ မုန္း၏ မ်က္ဝန္းသည္ ညိဳ႕ငင္အား႐ွိၿပီး ျဖဴစင္ကာ မိုက္ခ္၏ မ်က္ဝန္းသည္ လွပၿပီး ခန္႔မွန္းရခက္သည္ ။ မုန္းသည္ ဉာဏ္ေကာင္းေသာ္လည္း ကေလးဆန္ကာ တဇြတ္ထိုးလုပ္တတ္သည္ ။ မိုက္ခ္ကေတာ့ ရင့္က်က္တည္ၿငိမ္ၿပီး ပြင့္လင္းရဲတင္းမႈ႐ွိသည္ ။ ဒါေပမယ့္ သူ႔စိတ္ထဲ ႐ွိတာ မုန္းတစ္ေယာက္တည္းမွန္း သူသာသိၿပီး ဒါကို မုန္းျမင္ေအာင္ သူမျပတတ္ ။

သူနားမလည္မိတာတစ္ခုက မုန္းအနားမွာအျမဲကပ္ေနသည့္ေကာင္က ဘာလို႔႐ုတ္တရက္ႀကီး သူ႔အနားကပ္လာပါလိမ့္ ။ မိုက္ခ္၏မ်က္ဝန္းေတြက သူ႔အေပၚတြင္ မ႐ိုးသားသည့္အရိပ္အေယာင္လည္းမျပပဲ ပံုမွန္အတိုင္းပင္ ။ သို႔ေပမယ့္ မုန္းန႔ဲပတ္သက္ရင္ တစ္ခုခုက အေလးအနက္ကို ႐ွိေနမွန္းသိသာလွသည္ ။

******************

ေန႔လည္စာဆိုေပမယ့္ ႏွစ္ဦးသား ေခါက္ဆြဲျပဳတ္တစ္ပြဲစီသာ မွာယူစားေသာက္ၾကေလသည္ ။ မုန္းသည္ ေခါက္ဆြဲျပဳတ္စားေနရင္းမွ မိုက္ခ္ကို အကဲခတ္ၾကည့္လိုက္သည္ ။

'' သခင္ေလးနဲ႕ ဘယ္တုန္းက သိသြားတာလဲ ''

'' မေန႕တစ္ေန႕ ကပဲဆိုပါေတာ့ ''

'' ဟုတ္လား .... အရမ္းရင္းႏွီးပံုျမင္ေတာ့ ငါေတာင္ ေၾကာင္သြားတာပဲ ။ သိတဲ့အတိုင္းပဲ သခင္ေလးမွာ မိတ္ေဆြအေပါင္းအသင္း သိပ္မရွိဘူးေလ ''

မုန္းသည္ တစ္ရွဴးတစ္ရြက္ဆြဲထုတ္ကာ သူ႕ႏူတ္ခမ္းသားေတြကို သုတ္လိုက္ၿပီး မိုက္ခ္ကို မသိမသာၾကည့္လိုက္ေတာ့ မိုက္ခ္က ေခါင္းေမာ့မလာေသးဘဲ ေခါက္ဆြဲျပဳတ္ကိုသာ ငံု႕စားေနကာ

'' သူက ဆြဲေဆာင္မႈ အရမ္းရွိတာပဲ ။ သူက မင္းရဲ႕သခင္ေလးျဖစ္ေနေတာ့ ငါေတာင္ မနာလိုျဖစ္မိသြားတယ္ ''

'' ငါ့ရဲ႕သခင္ေလးဆိုတာထက္ ငါ့ခ်စ္သူပါ ။ သူ႕ကို သခင္ေလးလို႕ ေခၚရတာကို ပိုသေဘာက်လို႕ ''

" ဟုတ္လား..... မင္းသူ႔အေပၚ ဘယ္ေလာက္ထိခ်စ္ႏိုင္လဲ ''

" ငါစာဖြဲ႔ၿပီးေျပာလိုက္ရင္ မင္းငါ့ကို ႐ူးေနတယ္လို႔ေတာင္ ထင္သြားဦးမယ္ ။ သခင္ေလးကို ငါ့ေလာက္ ဘယ္သူမွ ခ်စ္ႏိုင္မွာ မဟုတ္ဘူးဆိုတာကိုေတာ့ ငါယံုတယ္ ''

" မင္းက အေျပာေတာ့ႀကီးသား....ဟက္ဟက္ ''

လက္သီးလက္ေမာင္းတန္းၿပီး စစ္ထိုးေနတာမဟုတ္ေပမယ့္ ပညာသားပါပါ စကားေတြနဲ႕ ယွဥ္ၿပိဳင္လာၾကသည္ ။ ဒီေလာက္ဆို မိုက္ခ္ သူ႕ကို ေပၚတင္စိန္ေခၚလိုက္ၿပီမွန္း မုန္းသိလိုက္သည္ ။ ဒါေပမယ့္ မုန္း အၿပံဳးေတာ့ မပ်က္မိ ။ ဒါက အင္အားသံုးရတဲ့ တိုက္ပြဲမဟုတ္ဘူး ေခါင္းသံုးရမည့္ တိုက္ပြဲမို႕ ။

'' ငါ့အကိုက ကိုဘုန္းနဲ႕ စီးပြားေရးပါတနာေတြေလ ။ ဒါေၾကာင့္ ေနာက္ပိုင္း ငါ ငါ့အကိုရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ ၀င္ကူျဖစ္ရင္ ကိုဘုန္းနဲ႕ မၾကာခဏ ပတ္သက္မႈရွိလာဦးမွာ ။ ဒါကို မင္းနားလည္မယ္လို႕ ထင္ပါတယ္ ''

'' ငါက ဒီေလာက္လည္း သေဘာထားမေသးပါဘူး ။ ေနာက္ခါ ငါတို႕သံုးေယာက္တစ္ရက္ေလာက္ တူတူေသာက္ရေအာင္ေလ ''

'' Ok, တစ္ရက္ေလာက္ဆံုၾကတာေပါ့ ''

ၿပံဳးေနၾကတာခ်င္းတူတူ မိုက္ခ္၏ အၿပံဳးက ပိုေတာက္ပေနသည္ဟု မုန္းထင္မိသည္ ။ သူ မိုက္ခ္ကို နည္းနည္းမွ ေလ်ာ့မတြက္ရဲဘူး ။ သူ စဥ္းစားလို႕ မရတာတစ္ခုက အနာဂတ္မွာ သခင္ေလးရဲ႕ေဘးကလူေတြကို ေသခ်ာျပန္ေတြးၾကည့္ရင္ မိုက္ခ္လံုး၀ မပါမွန္းေသခ်ာသည္ ။ ဒါေပမယ့္ အခ်ိန္ေတြ ေနာက္ျပန္ဆုတ္ၿပီးေနာက္ မိုက္ခ္က ဘာေၾကာင့္ သူတို႕ လမ္းေၾကာင္းထဲကို ၀င္လာမွန္း သူမသိေတာ့ ။ အနာဂတ္မွာ သူမေတြ႕ဖူးတဲ့သူမို႕ ေရွ႕ဆက္ မိုက္ခ္ဘာေတြ ႀကံစည္မယ္ဆိုတာ သူခုထိ မခန္႕မွန္းတတ္ေသး ။ ေသခ်ာတာတစ္ခုကေတာ့ မိုက္ခ္ေရာက္လာခ်င္းဟာ ေကာင္းေသာလာျခင္း မဟုတ္မွန္းေတာ့ သိသာသည္ ။

-------------------------------------------


Words 5870

23.1.2019


unicode



အနှိုင်းမဲ့သည် ကုမ္ပဏီ၏ မနီးမဝေးက စားသောက်ဆိုင်မှာ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးနဲ့ နေ့လည်စာ တူတူစားရင်း သာကြောင်းမာကြောင်းပြောပြီး စီးပွားရေးနဲ့ ပတ်သက်တာတွေကိုဆွေးနွေးနေခဲ့သည် ။ သူ့မှာ နဂိုတည်းက မိတ်ဆွေများများစားစား မရှိဘဲ စီးပွားရေးပါတနာများသာ ရှိလေတော့ ဒီနေ့ ကျောင်းနေဖက်သူငယ်ချင်းဟောင်းဖြစ်သူ မိုးေ၀ နှင့် စကားတွေ အများကြီး ပြောဖြစ်လေသည် ။

'' ငါ မင်းကို မိတ်ဆက်ပေးရမယ့်သူ ရှိတယ် ၊ ငါ့ရဲ့ညီလေးပေါ့ ၊ဟော ပြောရင်းဆိုရင်း လာပြီ ''

မိုးေ၀ ပြောတဲ့ သူ့ရဲ့ ညီလေးဆိုသူသည် သူတို့စားပွဲဝိုင်းသို့ တန်းတန်းလျှောက်လာပြီး အနှိုင်းမဲ့ကို ယဉ်ကျေးညင်သာစွာပင် နူတ်ဆက်လိုက်လေသည် ။

'' ဆောရီး... ကျွန်တော် နည်းနည်းနောက်ကျသွားတယ် ''

ထိုအသံ ထိုမျက်နှာကို အနှိုင်းမဲ့ကောင်းစွာမှတ်မိနေ၍ ဝတ်ကျေတန်းကျေ ပြန်နူတ်ဆက်လိုက်လေသည် ။

'' မင်းကိုး ....... ရပါတယ် မသိတဲ့သူတွေမှ မဟုတ်တာ ''

'' ဟာ ....... မင်းတို့နှစ်ယောက်အစတည်းက သိနှင့်နေကြတာလား ၊ ဒါဆို ငါမိတ်ဆက်ပေးတာတောင်နောက်ကျနေသေးတယ်ပေါ့ ''

မိုးေ၀ က အံသြတကြီးထပြောတော့ မိုက်ခ်က ရှိူးတိုးရှန့်တန့်ပုံစံနဲ့ ပြုံးလေသည် ။

'' ညီတို့ နှစ်ခါလောက်ဆုံဖူးတယ်လေ ၊ ဒီအကိုက အရမ်းကြည့်ကောင်းလို့ ညီက မှတ်မိနေတာ ''

'' ဒါဆို အကိုမိတ်ဆက်ပေးဖို့ လွယ်သွားပြီပေါ့ ၊ သူက အကိုကျောင်းတုန်းက ကျောင်းနေဖက်လေ ၊ ပြီးတော့ Noya Group ရဲ့ ဥက္ကဋ္ဌပေါ့ ၊ သူ့အကြောင်းပြောရင်တော့ ကုန်မှာမဟုတ်ဘူး ၊ ဘုန်း သူက ငါ့ရဲ့ တစ်ဦးတည်းသော ညီလေး၊ နာမည်က မိုက်ခ် ''

အနှိုင်းမဲ့သည် လူကြီးလူကောင်းဆန်စွာပင် ပြုံးပြနှုတ်ဆက်လိုက်သည် ။

''တွေ့ရတာဝမ်းသာပါတယ် မိုက်ခ် ။ မိုးဝေမှာ ညီလေးရှိမှန်း ကြားဖူးပေမယ့် မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ''

'' ဟီး .......... တိုက်ဆိုင်သွားတာပါ ၊ ကျွန်တော်နောက်ခါ အကို့ ရုံးခန်းကို လာလည်လို့ရလား ဟင် ''

'' အင်း ......... လမ်းကြုံရင်တော့လာခဲ့ပေါ့ ''

အနှိုင်းမဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည် ။ မုန်းနဲ့ရင်းနှီးလို့ အရင်က သဘောမကျခဲ့ပေမယ့် လောလောဆယ်အနေအထားအရ မချစ်သော်လည်း အောင့်ကာ နမ်းရဦးမည် ။ မိုးဝေနဲ့က မိတ်ဆွေသူငယ်ချင်းပတ်သက်မှုအပြင် စီးပွားရေးပါတနာလည်းဖြစ်၍ မလိုအပ်တဲ့ တင်းမာမှုတွေ မဖန်တီးချင်သောကြောင့် ဖြစ်သည် ။

မိုက်ခ်သည် အသားပြားကို လှီးဖြတ်နေရင်း အနှိုင်းမဲ့ကို ပေါ်ပေါ်ထင်ထင်ပင် စူးစိုက်ကြည့်လိုက်သည် ။ မုန်းနဲ့ အရင်းနှီးဆုံးလူ ၊ မုန်းကို ပိုင်ဆိုင်သော ထိုလူကို မိုက်ခ် နည်းနည်းမှ ကြောက်ရွံ့ခြင်းမရှိဘဲ တဖြေးဖြေးနဲ့ ရင်ဆိုင်သွားရန် ခုကတည်းက ခြေလှမ်းတွေကို စတင်လှမ်းလိုက်လေသည် ။ သို့သော် လူကြီးလူကောင်းပီသစွာပင် ဤစားသောက်ဝိုင်းတွင် မဆိုင်သည့် စကားတွေကို မဟဘဲ နှစ်ဦးသား ဟန်ဆောင်ကာ တစ်ခြားအကြောင်းအရာများပေါ် ဦးတည်ပြောသွားလေသည် ။

********************

'' မိုက်ခ် နဲ့ မင်း ဘယ်လောက်ထိ ရင်းနှီးလဲ မုန်း ''

တစ်ခါမှ သူ့အကြောင်းနဲ့ ပက်သက်ပြီး စိတ်ဝင်တစားမရှိသော သခင်လေးသည် ရုတ်တရက်ကြီး သူ့အကြောင်းတွေကို စိတ်ဝင်တစားမေးလာသောအခါ သူ့ရှေ့မှာ ရှိနေတဲ့သူက သခင်လေးမှ ဟုတ်ရဲ့လားဟု မုန်းထင်မိသွားသည် ။ မည်သို့ပင်ဆိုစေကာမူ သခင်လေးက ခုလို မေးတာကို မုန်းပျော်မိတာ အမှန်ပင် ။

'' ဒီအတိုင်း သူငယ်ချင်းတွေပါပဲ ၊ ဘာလို့လဲ သခင်လေး ''

'' ဘာမဟုတ်ဘူး ၊ သိချင်လို့မေးကြည့်တာ ၊ နောက်ခါ သူနဲ့အတူ နှစ်ယောက်တည်း သောက်ဖြစ်ခဲ့ရင် ငါ့ကို ဖုန်းဆက် ၊ မင်းကို ကြိုဖို့ ငါလူလွှတ်လိုက်မယ် ''

'' သခင်လေး သဝန်တိုနေတာလား ''

မုန်း သိချင်စိတ်ပြင်းပြစွာနဲ့ သခင်လေးမျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်တော့ သခင်လေးသည် ယဲ့ယဲ့သာပြုံးပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည် ။

'' အင်း အဲ့သဘောလို့ပဲ မှတ်ယူလိုက် ''

'' စကားပြောတာ ဘယ်လိုကြီးလဲ ၊ ဒီထက်နည်းနည်း စိတ်လှုပ်ရှားဖို့ကောင်းအောင် ပြောလို့ မရဘူးလား ''

'' အနုအရွတွေပြောဖို့ ငါမအားဘူး မုန်း ၊ မင်းက လိမ်မာပါးနပ်တဲ့ကလေးပါ ၊ ဘာကအရေးကြီးလဲဆိုတာ သိသင့်တယ် ၊ ငါ့ကို ပိုင်ဆိုင်ထားပြီးပြီပဲ ၊ ဘာတွေအများကြီး ထပ်လိုချင်သေးလို့လဲ ''

မုန်း မျက်လွှာချကာ ခေါင်းငုံ့နေလိုက်သည် ။ မှန်တာပြောရရင် သခင်လေးအခုထိ သူ့ကို မချစ်သေးဘူးလို့ ခံစားနေရတုန်း ။ သခင်လေးနဲ့ ပတ်သက်ရင် ခံစားချက်တွေက တက်လိုက်ကျလိုက်နှင့် ။ သူ့လက်ကို ဆုပ်ထားသော သခင်လေး၏ လက်ကို သူဖယ်ရှားပြီး မုန်း သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည် ။

'' မုန်း ဘာလို့ အနာဂတ်ကနေ အတိတ်ကို ပြန်ရောက်လာတာလဲ သိလား ''

'' မင်းမပြောဘဲ ငါကဘယ်လိုသိမှာလဲ ''

အချိန်တွေကြာလာတော့ အနှိုင်းမဲ့ပင် မုန်း၏ ယုံတမ်းပုံပြင်တွေကြား စီးမျောတတ်လာလေသည် ။ ဒီတစ်ခေါက်လည်း မုန်းဘာတွေ ဇာတ်လမ်းထွင်ဦးမလဲဆိုပြီး အလိုက်သင့် ပြန်ပြောပေးလိုက်သည် ။

မုန်း အတည်ငြိမ်ဆုံးဖြစ်အောင်နေလိုက်ပြီး တတ်နိုင်သမျှ အသံကို နှိမ့်ပြောလိုက်သည် ။

'' အနာဂတ်မှာ မုန်းပျောက်ကွယ်သွားလို့ ''

'' ဘယ်လို.............''

'' အနာဂတ်မှာ မုန်းသေရမှာ ၊ ဒါကြောင့် သခင်လေးဆီက အချစ်တွေ အကုန်မရခဲ့လို့ ခု ပစ္စပ္ပုန်ကာလကို ပြန်လာပြီး သခင်လေးဆီက အချစ်တွေကို ပြန်ရယူဖို့ ကြိုးစားခဲ့တာ ၊ မုန်း လောဘကြီးတယ် သခင်လေး ၊ အကယ်၍သာ သခင်လေးဆီက အချစ်တွေကို ခုဘဝမှာလည်း မခံစားရဘဲ ထွက်သွားရမယ်ဆိုရင် မုန်း ဒီကိုပြန်လာတာ ဘာများအကျိုးရှိမှာလဲ ''

အမှန်တရားတစ်ချို့ကိုတော့ မုန်းလိမ်ညာပြီး ပြောမိသွားသည် ။ အကယ်၍သာ အမှန်တကယ်သေဆုံးရမယ့်သူက သူသာဖြစ်ကြောင်း သခင်လေးသိလျှင် မုန်းပြောတာကို လက်မခံနိုင်ဘဲ မုန်းကို ရူးနေသူဟုသာ ထင်မှတ်နေလိမ့်မည် ။ မုန်း လိုချင်တာ သခင်လေးဆီက အကြောက်တရားပင် ။ သူ့ကို ဆုံးရူံးရမှာကြောက်တဲ့ အကြောက်တရား မြူတစ်မူံလောက်လောက်ရှိမယ်ဆိုရင်တောင် ကျေနပ်မိမှာ ။

သို့သော် မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ဘဲ သခင်လေးက သူ့ကို စိတ်ဆိုးသွားလေသည် ။

'' အရင်က မင်းပြောခဲ့ဖူးသမျှတွေဟာ တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် ငါလက်ခံနိုင်အောင် ကြိုးစားပေးခဲ့တယ် ။ ဒါပေမယ့် မင်းတစ်နေ့တစ်ခြား ပိုဆိုးလာပါလား မုန်း ။ မင်း ငါ့ကို ဘာတွေနဲ့များ ထပ်ပြီး ချည်နှောင်ထားချင်သေးလို့လဲ ။ ဒီအတိုင်းလေးပဲ ရောင့်ရဲတင်းတိမ်လို့မရဘူးလား ဟမ်း ''

ဒေါသသံစွက်သော တုန့်ပြန်စကားကြောင့် မုန်း ထိုနေရာမှာပင် ကြက်သေသေ သွားသည် ။ သူလိုချင်တာ ဒီလိုတုန့်ပြန်မှုမျိုးမှ မဟုတ်တာ ။

'' မှားနေပြီ သခင်လေး ၊ မုန်း လိမ်ပြောနေတာ မဟုတ်ဘူး ၊ အနာဂတ်မှာ တကယ်ဖြစ်လာမှာ ''

'' တော်တော့ မုန်း ၊ အနာဂတ် ...အနာဂတ် နဲ့ ၊ ငါ့ကို အဲ့ဒီစကားမျိုး နောက်ထပ် ထပ်မပြောနဲ့တော့ ၊ ငါက သဘာဝလွန်ဖြစ်ရပ်ဆန်းဆို ရုပ်ရှင်ကားတောင် မကြည့်တာ ၊ ငါ့ကို ယုတ္တိမရှိတဲ့ စကားတွေ သိပ်မပြောနဲ့ ''

သခင်လေးသည် စိတ်ဆိုးမာန်ဆိုးနဲ့ မုန်းကို ချန်ထားပြီး အခန်းထဲပြန်ဝင်သွားလေတော့ စာကြည့်ခန်းထဲမှာ မုန်းတစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ် ကျန်ရစ်နေခဲ့လေသည် ။

ဆုံးရူံးဖူးမှ တန်ဖိုးသိမယ်တဲ့ ။ အကယ်၍သူ့ကိုသာ သခင်လေးက ဆုံးရူံးခဲ့ရရင်ကော သခင်လေး သူ့တန်ဖိုးကိုသိပြီး သူ့အချစ်ကို မြင်လာမှာလား ။ ဟင့်အင်း ...... ဒါနဲ့ ပက်သက်ပြီး သူမစမ်းကြည့်ရဲဘူး ၊ သူ့မှာ ယုံကြည်ချက်မရှိဘူး ။

******************

မုန်း သခင်လေးနဲ့ပက်သက်ပြီး ဝမ်းနည်းခံစားနေရတာမို့ ဒီနေ့ ကုမ္ပဏီကို သခင်လေးနဲ့အတူ မလိုက်ခဲ့ဘဲ နောက်ကျမှ လိုက်လာခဲ့လိုက်သည် ။ နေ့လည်စာ စားချိန်ရောက်ပြီမို့ သခင်လေးကို စားသောက်ဆိုင်ကောင်းကောင်းကို ခေါ်သွားပြီးချော့ခိုင်းရမည် ။ အတွေးနဲ့အတူ မြှောက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကားပေါ်က ဆင်းလာခိုက် သူ့ကို တစ်စုံတစ်ယောက်က ဆွဲယမ်းလိုက်သေကြောင့် မုန်းဟန်ချက်ပျက်သွားပြီး တစ်ဖက်လူနှင့် နီးကပ်သွားသည် ။

'' ငါ မင်းနဲ့ ရှင်းစရာရှိတယ် ''

ထိုသူက ဦးလက်ျာမို့ မုန်း နည်းနည်းတော့ ကျောချမ်းသွားတာအမှန် ။ သူလုပ်ခဲ့တာ သူအသိဆုံးမို့ ဦးလက်ျာသည် ရန်စလို့ကောင်းသည့် လူတစ်ယောက်မဟုတ်သည့် အတွက် သူကြောက်ရွံ့သွားတာ အမှန်ပင် ။ ဦးလက်ျာသည် သူ့ကို ဂုတ်ကနေဆွဲပြီး နံဘေးမှာ ရပ်ထားသည့် ကားအနက်ထဲသို့ တွန်းဝင်လိုက်သည် ။ မြေအောက်ကားပါကင်မို့ လူပြတ်နေ၍ သူအော်ဟစ်ရင်တောင် ကူညီမယ့်သူ ရှိမှာမဟုတ် ။

'' ခင်ဗျား ....... ဒါဘာလုပ် ၊ နေ့ခင်းဖက်ကြီး အကြမ်းဖက်နေတာလား ''

ဦးလက်ျာသည် မည်သည့်စကားမှ မဆိုသေးဘဲ သူပါ ကားထဲသို့ ဝင်လာကာ ကားတံခါးကို ပိတ်ချလိုက်သည် ။

'' ဟိုနေ့က မင်းငါ့ကို ဘာလုပ်ခဲ့တာလဲ ပြော ၊ ငါ့ဆီက USB ကို မင်းယူသွားတာမလား ''

'' အော် ဒါလား ၊ ဒါက ခင်ဗျားရဲ့ စိတ်အာရုံကို နည်းနည်းလေး လှည့်စားခဲ့ရုံသက်သက်ပါ ။ ဒါပေမယ့် ခင်ဗျားညံ့လို့ ခံရတာလေ ။ ကျုပ်က ခင်ဗျားလောက်တော့ မညစ်ပတ်ပါဘူးဗျာ ''

'' မင်း ........''

သူ ဦးလက်ျာ၏ ဒေါသကိုသိပ်တော့ မဆွရဲပေ ။ သူနဲ့ ဦးလက်ျာက အင်အားချင်းလည်း မျှတာမဟုတ်ဘူး ။ ဦးလက်ျာလို နတ်ဆိုးမျိုးက အမြဲတမ်း စိတ်သဘောထား နူးညံ့နိုင်တာမှ မဟုတ်တာ ။ မုန်း ထောင့်လေးနားမှာ ကုတ်ကုတ်လေးနေကာ ဦးလက်ျာ၏ အခြေအနေကို စောင့်ကြည့်နေလိုက်သည် ။ ဒီအခြေအနေမှာ ဦးလကျ်ာသတ်လည်း ခံရုံသာရှိတော့သည် ။

ဦးလက်ျာသည် လက်သီးကို တင်းနေအောင်ဆုပ်ကာ ဒေါသကို မနည်းထိန်းထားရသည် ။ ဒီမတိုင်ခင်တုန်းက ဒီကောင်လေးကို နည်းနည်းလောက်တော့ ပညာပြရမည်ဟု ကြုံးဝါးထားသော်လည်း ယခု ဒီကောင်လေး၏ မျက်နှာကို မြင်တော့ လုပ်ရက်စရာ တစ်ကွက်မှ မရှိ၍ သူ့ကိုယ်သူပင် ဒေါသ ပြန်ထွက်နေမိသည် ။

" မင်းမှာ ဘယ်လိုကျွမ်းကျင်မှုတွေရှိနေလို့ ငါ့ကိုတောင် လှည့်စားရဲရတာလဲ မုန်း ။ မင်းနေရာမှာ တခြားတစ်ယောက်ဆို ဒီနေ့အထိ အသက်ရှူခွင့်တောင် ရလိုက်မှာမဟုတ်ဘူး ၊ ငါမင်းကို ချစ်မှန်းသိတော့ ၊ ငါ့ရဲ့အားနည်းချက်က မင်းဆိုတာကို မင်းရိပ်မိတော့ ခုလို ငါ့လမ်းကြောင်းတွေကို ဝင်ရူပ်နေတာမလား ''

" ကျုပ် ခများကြီးကို နည်းနည်းမှ သဘောမကျဘူးလို့ အစကတည်းက ပြောပြီးသားလေ ။ ပြီးတော့ ကျုပ်က တမင် ခင်ဗျားကြီးကို လှည့်စားထားတာမျိုးမရှိဘူး ။ ခင်ဗျားကြီးကသာ ကျုပ်ရှေ့မှာပေါ်လာလို့ မလွဲသာမရှောင်သာဘဲ အခွင့်ရေးတစ်ချိူ့ကို ယူမိသွားတာ ။ ဒီအတွက် မကျေနပ်ရင် ကျုပ်ကို အပိုင်းပိုင်းခုတ်ပစ်လို့ရတယ် ။ သခင်လေးကိုသာ ဒုက္ခမပေးပါနဲ့ ။ သူ့အဖေလုပ်ခဲ့တာ သူနဲ့မှ မဆိုင်တာ ''

ကြောက်ရွံ့သော်လည်း သူ ရဲတင်းစွာပင် ဦးလက်ျာ၏ မျက်ဝန်းတို့ကို စေ့စေ့ကြည့်ပြီးပြောလိုက်ရာ ဦးလက်ျာသည် အံကြိတ်လိုက်ရင်း

'' မင်း သတိထားနေ မုန်း ။ ငါ့လမ်းကြောင်းတွေမှာ သိပ်ပြီး ဝင်မပါနဲ့ ။ မင်းတားနိုင်တာ ဘာမှမရှိဘူး ။ အချက်အလက်တစ်ချို့ကို ဖျက်စီးလိုက်ရုံနဲ့ Game Over ဖြစ်သွားပြီလို့ ထင်ရင် မင်းမှားသွားမှာပေါ့ ။ ဒါက အဆုံးသတ်မဟုတ်ဘူး ခုမှ စမှာ ။ မင်းကို သတိပေးနေရခြင်းအကြောင်းရင်းက မင်းကို မထိခိုက်စေချင်လို့ဘဲ ။ တောက်ခ် .......... ငါ ဘာကြောင့်များ မင်းလို အသုံးမဝင်တဲ့ကောင်အတွက် တွေးပေးနေမိမှန်း မသိတော့ဘူး ''

ဦးလက်ျာ၏ ခံပြင်းဒေါသစိတ်ကြောင့် ကြောက်ရွံ့နေသော မုန်းပင် ကြောင်အမ်းသွားကာ ဝေခွဲရခက်သွားသည် ။ ဒီလူက တကယ်ပဲ သူ့အတွက် တွေးပေးနေတာလား ။ သူ့လမ်းကြောင်းကို ဝင်ရူပ်တဲ့အကြောင်းပြချက်နဲ့တင် မုန်းကို သတ်ပစ်ဖို့ အကြောင်းရင်း လုံလောက်နေတာကို ခုလို လွယ်လွယ်နဲ့ လွှတ်ပေးတာ ဦးလက်ျာမှ ဟုတ်ရဲ့လားဟု သံသယရှိသွားသည် ။

ဦးလက်ျာသည် သူ့၏ နက်ကတိုင်ကို ဖြေလျော့ကာ ကားပေါ်မှ ဆင်းသွားပြီး မုန်းကို လှည့်မကြည့်ဘဲ ပြောလိုက်သည် ။

'' သွားတော့ ....... ။ မင်းကြောင့် ငါအရမ်းကို စိတ်ကျဉ်းကျပ်ရတယ် ''

'' .................... ''

နတ်ဆိုးကြီး သဘောကောင်းကောင်းနဲ့ သွားခွင့်ပေးတုန်း သူ ကားပေါ်မှ လျင်မြန်စွာ ပြေးဆင်းသွားလေသည် ။ ကျန်ခဲ့သော ဦးလက်ျာသည် ဒေါသကို ကားမှန်ရိုက်ခွဲပြီး ဖြေသိမ့်လိုက်ရရှာသည် ။

ဒီကောင်လေးကြောင့် တွေဝေသွားလို့ မဖြစ်ဘူး ။ အနှိုင်းမဲ့ကို ရအောင် ဖျက်စီးမယ် ၊ ဒီကောင်လေးကိုလည်း ရအောင် လုယူနိုင်ရမယ် ။ အနှိုင်းမဲ့ကို ဘာအတွက်နဲ့မှ အရူံးမပေးနိုင်ဘူး ။ သူရသင့်ရထိုက်တာ အားလုံးကို ရအောင် ပြန်ယူမယ် ။ မင်း အတွက် နေဝင်ချိန်တွေ ရောက်လာတော့မှာပါ အနှိုင်းမဲ့ရာ ။ စောင့်နေ သိပ်မကြာစေရဘူး ။

နောက်ခါဆို သတိနဲ့နေမှရမယ် ဆိုသော အတွေးနဲ့အတူ မုန်းသည် သခင်လေး၏ ရုံးခန်းသို့ မြန်ဆန်သော ခြေလှမ်းတို့ဖြင့် မပြေးရုံတမယ် ထွက်လာခဲ့သည် ။ သူ အသက်သေရမှာမကြောက်ဘူး။ ဒါပေမယ့် သခင်လေးကို မကာကွယ်ပေးနိုင်ဘဲ ပျောက်ကွယ်သွားရမှာကို ကြောက်မိတယ် ။ ဦးလက်ျာကို အရင်မရှင်းထုတ်ရသေးခင် သူကိုယ်တိုင်က တစ်ခုခု ထိခိုက်သွားလို့မဖြစ်ဘူး ။ ဒီလိုဆို သခင်လေးကို ကာကွယ်ပေးမယ့်သူမရှိဘဲ ဖြစ်နေလိမ့်မယ် ။ သူကတော့ ကျားမြီးသွားဆွဲမိပြီ ။ ဒါကြောင့် သတိနဲ့နေဖို့ကလွဲပြီး လောလောဆယ် သူလုပ်နိုင်တာ ဘာမရှိသေးဘူး ။

ရုံးခန်းအပြင်မှာ အတွင်းရေးမှုးမရှိ၍ မုန်း ခွင့်တောင်းမနေတော့ဘဲ ဒီအတိုင်း တံခါးဖွင့်ပြီး ဝင်သွားလိုက်သည် ။

" သခင်လေး မုန်းတို့......''

မျက်စိရှေ့က မြင်ကွင်းကြောင့် မုန်း၏ ခြေလှမ်းတို့ ရပ်တန့်သွားပြီး ဆက်ပြောရမည့် စကားများပျောက်ဆုံးသွားသည် ။ မုန်းကို ကျောပေးထားသော လူတစ်ဦးသည် သခင်လေး၏ နက်ကတိုင်ကို ကိုင်ဆွဲထား၍ နှစ်ဦးသား နီးကပ်စွာ ရှိနေသောကြောင့် မြင်ရသည့် ခံစားချက်က မကောင်းပေ ။

မုန်းဝင်လာတာ မြင်တော့ သခင်လေးက ထိုသူကို တွန်းဖယ်လိုက်သည် ။

" အာ.... ငါ့နက်ကတိုင်က ပုံမကျလို့ သူကူညီပေးနေတာ ''

သခင်လေး ရည်ညွန်းသော သူ ဆိုသည့် ထိုသူသည် မုန်းဖက်သို့ လှည့်လာပြီး ပြုံးပြလေသည် ။ ထိုသူက မုန်း၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ မိုက်ခ် ဖြစ်သည် ။

" မင်း ရောက်လာပြီလား မုန်း ၊ ငါ မင်းကို အကြာကြီးစောင့်နေခဲ့ရတာ ၊ ကိုဘုန်းက မင်းမနေ့ည စိတ်ကောက်နေတယ်ပြောလို့ ငါ မင်းကို ဖုန်းမဆက်တော့တာ ''

" ကိုဘုန်း.....''

မုန်းသည် မိုက်ခ်၏ စကားကို သံယောင်လိုက်ရင်း တစ်ခုခုကို သံသယရှိသွားသည် ။

" သခင်လေးနဲ့ ဘယ်တုန်းက ရင်းနှီးသွားတာလဲ ''

" အာ.. သခင်လေးဆိုတာ ကိုဘုန်းကိုပြောတာလား ၊သူက ငါ့အကိုရဲ့ကျောင်းနေဖက်မို့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရာကနေ စကားစပ်မိတာနဲ့ ရင်းနှီးသွားတာ ။ ငါ မင်းကို စောင့်နေတာ အကြာကြီးပဲ နေ့လည်စာ တူတူစားရအောင်လေ ''

မုန်း သခင်လေးကို တစ်လှည့် မိုက်ခ်ကိုတစ်လှည့် ကြည့်လိုက်ပေမယ့် နှစ်ဦးစလုံးက ပုံမှန်အနေအထားတိုင်းမို့ သံသယတဝက်လျော့သွားသည် ။ သို့ပေမယ့် သူက ကန်းနေတဲ့သူမဟုတ် ။ မြွေမြွေချင်း ခြေမြင်တာမို့ ဘယ်သူ့ကို သတိထားရမယ်ဆိုတာ တန်းသဘောပေါက်မိသွားသည် ။ လောကကြီးမှာ နှစ်ခါထက် ပိုတိုက်ဆိုင်ရင် ဒါဟာ သွေးရိုးသားရိုး တိုက်ဆိုင်ခြင်း မဖြစ်နိုင်တော့ ။ မိုက်ခ်နဲ့ တွေ့စရက်တည်းက တိုက်ဆိုင်တာ ဘာမှမရှိခဲ့မှန်း သူရေးရေးလေး သဘောပေါက်လာသည် ။

အသက်တူသော်လည်း လောကကြီးကို ဖြတ်သန်းလာတာ ဝါအရ သူက မိုက်ခ်ထက်ပို ဝါရင့်သည်မို့ ဒီကောင်လေး ရွေ့နေတဲ့အကွက်လောက်နဲ့တော့ သခင်လေးနဲ့သူ့ကြား ယုံကြည်မှုတွေ မယိုင်လဲနိုင်ပါ ။ စိတ်ထဲမတင်မကျဖြစ်နေသော်လည်း မုန်းသည် ချိုမြစွာပြုံးလိုက်ရင်း မိုက်ခ်၏ ပုခုံးကို အားရပါးရ ရင်းနှီးစွာ ဖက်လိုက်လေသည် ။

" မင်းဝယ်ကျွေးရင် စားမယ်လေ ။ မင်းသိတယ်မလား ငါက အလုပ်မရှိမှန်း ၊ ဒါကြောင့် သူများစွန့်ကြဲတာပဲ

" အေးပါကွာ ၊ သွားရအောင် ဒါဆို ''

" ခဏ ''

မုန်း သူ့လက်ကို မိုက်ခ်၏ ပုခုံးပေါ်ကဖြုတ်ချကာ ထိုင်ခုံတွင် ထိုင်နေသည့် သခင်လေးဆီသို့လှမ်းသွားကာ ခါးကိုင်းလိုက်ပြီး သခင်လေး၏ နူတ်ခမ်းကို ငုံ့နမ်းလိုက်သည် ။ ဒီလူဟာ သူ့ရဲ့လူမှန်း အမှတ်အသားပြုလုပ်လိုက်သည့် သဘောမျိုး ။

" မနက်က မနမ်းလိုက်ရလို့..... ပြန်လာရင် ညစာတူတူစားမယ်နော် ''

မုန်း၏ ကလေးဆန်သောအပြုအမူကို သခင်လေးသည် မနိုင်ဟန်ဖြင့် မျက်ခုံးကို ပင့်တင်ရင်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်သည် ။ မုန်းသည် ပြုံးရယ်လျှက်ပင် မိုက်ခ်၏ ပုခုံးကို ပုတ်ကာ ထွက်သွားလေသည် ။

မိုက်ခ်ကတော့ မျက်နှာမပျက် အပြုံးအရယ်မပျက်ဘဲ မုန်းနောက်ပါသွားလေသည် ။

ရုံးခန်းတွင် ကျန်ခဲ့သော အနှိုင်းမဲ့သည် မုန်း သူ့ကို မိုက်ခ်နဲ့ အထင်မလွဲသွားတာကိုဘဲ ကျေးဇူးတင်လိုက်မိသည် ။ အကယ်၍ မုန်းသာ အထင်လွဲပြီး သူ့အကျင့်အတိုင်း တဇွတ်ထိုးတွေလုပ်လာရင် မလိုလားအပ်ဘဲ စိတ်ရူပ်ရတာပဲ အဖတ်တင်မည်ဖြစ်သည် ။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မုန်း သူနဲ့အတူ မပါလာချိန်မှ မိုက်ခ်က ရုံးခန်းထဲရောက်လာသည် ။ သူက အိမ်ရှင်မို့ ဧည့်သည်အပေါ်မရိုင်းပြချင်၍ ကောင်းကောင်းမွန်မွန် လက်ခံစကားပြောရာမှ သူ့နက်ကတိုင် ပုံစံမကျဘူးဟုဆိုကာ မိုက်ခ်က ပြင်ပေးစဉ် မုန်းကရောက်လာသည် ။ ဇာတ်တိုက်ထားလျှင်တောင် ဒီလောက်ထိ တိုက်ဆိုင်မည်မထင် ။

မုန်းနဲ့ မိုက်ခ် ဟာ တူတယ်ထင်ရပေမယ့် တကယ်တမ်း အကျင့်စရိုက်တွေက နည်းနည်းကွဲထွက်နေသည် ။ မုန်း၏ မျက်ဝန်းသည် ညို့ငင်အားရှိပြီး ဖြူစင်ကာ မိုက်ခ်၏ မျက်ဝန်းသည် လှပပြီး ခန့်မှန်းရခက်သည် ။ မုန်းသည် ဉာဏ်ကောင်းသော်လည်း ကလေးဆန်ကာ တဇွတ်ထိုးလုပ်တတ်သည် ။ မိုက်ခ်ကတော့ ရင့်ကျက်တည်ငြိမ်ပြီး ပွင့်လင်းရဲတင်းမှုရှိသည် ။ ဒါပေမယ့် သူ့စိတ်ထဲ ရှိတာ မုန်းတစ်ယောက်တည်းမှန်း သူသာသိပြီး ဒါကို မုန်းမြင်အောင် သူမပြတတ် ။

သူနားမလည်မိတာတစ်ခုက မုန်းအနားမှာအမြဲကပ်နေသည့်ကောင်က ဘာလို့ရုတ်တရက်ကြီး သူ့အနားကပ်လာပါလိမ့် ။ မိုက်ခ်၏မျက်ဝန်းတွေက သူ့အပေါ်တွင် မရိုးသားသည့်အရိပ်အယောင်လည်းမပြပဲ ပုံမှန်အတိုင်းပင် ။ သို့ပေမယ့် မုန်းနဲ့ပတ်သက်ရင် တစ်ခုခုက အလေးအနက်ကို ရှိနေမှန်းသိသာလှသည် ။

******************

နေ့လည်စာဆိုပေမယ့် နှစ်ဦးသား ခေါက်ဆွဲပြုတ်တစ်ပွဲစီသာ မှာယူစားသောက်ကြလေသည် ။ မုန်းသည် ခေါက်ဆွဲပြုတ်စားနေရင်းမှ မိုက်ခ်ကို အကဲခတ်ကြည့်လိုက်သည် ။

'' သခင်လေးနဲ့ ဘယ်တုန်းက သိသွားတာလဲ ''

'' မနေ့တစ်နေ့ ကပဲဆိုပါတော့ ''

'' ဟုတ်လား .... အရမ်းရင်းနှီးပုံမြင်တော့ ငါတောင် ကြောင်သွားတာပဲ ။ သိတဲ့အတိုင်းပဲ သခင်လေးမှာ မိတ်ဆွေအပေါင်းအသင်း သိပ်မရှိဘူးလေ ''

မုန်းသည် တစ်ရှူးတစ်ရွက်ဆွဲထုတ်ကာ သူ့နူတ်ခမ်းသားတွေကို သုတ်လိုက်ပြီး မိုက်ခ်ကို မသိမသာကြည့်လိုက်တော့ မိုက်ခ်က ခေါင်းမော့မလာသေးဘဲ ခေါက်ဆွဲပြုတ်ကိုသာ ငုံ့စားနေကာ

'' သူက ဆွဲဆောင်မှု အရမ်းရှိတာပဲ ။ သူက မင်းရဲ့သခင်လေးဖြစ်နေတော့ ငါတောင် မနာလိုဖြစ်မိသွားတယ် ''

'' ငါ့ရဲ့သခင်လေးဆိုတာထက် ငါ့ချစ်သူပါ ။ သူ့ကို သခင်လေးလို့ ခေါ်ရတာကို ပိုသဘောကျလို့ ''

" ဟုတ်လား..... မင်းသူ့အပေါ် ဘယ်လောက်ထိချစ်နိုင်လဲ ''

" ငါစာဖွဲ့ပြီးပြောလိုက်ရင် မင်းငါ့ကို ရူးနေတယ်လို့တောင် ထင်သွားဦးမယ် ။ သခင်လေးကို ငါ့လောက် ဘယ်သူမှ ချစ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ငါယုံတယ် ''

" မင်းက အပြောတော့ကြီးသား....ဟက်ဟက် ''

လက်သီးလက်မောင်းတန်းပြီး စစ်ထိုးနေတာမဟုတ်ပေမယ့် ပညာသားပါပါ စကားတွေနဲ့ ယှဉ်ပြိုင်လာကြသည် ။ ဒီလောက်ဆို မိုက်ခ် သူ့ကို ပေါ်တင်စိန်ခေါ်လိုက်ပြီမှန်း မုန်းသိလိုက်သည် ။ ဒါပေမယ့် မုန်း အပြုံးတော့ မပျက်မိ ။ ဒါက အင်အားသုံးရတဲ့ တိုက်ပွဲမဟုတ်ဘူး ခေါင်းသုံးရမည့် တိုက်ပွဲမို့ ။

'' ငါ့အကိုက ကိုဘုန်းနဲ့ စီးပွားရေးပါတနာတွေလေ ။ ဒါကြောင့် နောက်ပိုင်း ငါ ငါ့အကိုရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ကူဖြစ်ရင် ကိုဘုန်းနဲ့ မကြာခဏ ပတ်သက်မှုရှိလာဦးမှာ ။ ဒါကို မင်းနားလည်မယ်လို့ ထင်ပါတယ် ''

'' ငါက ဒီလောက်လည်း သဘောထားမသေးပါဘူး ။ နောက်ခါ ငါတို့သုံးယောက်တစ်ရက်လောက် တူတူသောက်ရအောင်လေ ''

'' Ok, တစ်ရက်လောက်ဆုံကြတာပေါ့ ''

ပြုံးနေကြတာချင်းတူတူ မိုက်ခ်၏ အပြုံးက ပိုတောက်ပနေသည်ဟု မုန်းထင်မိသည် ။ သူ မိုက်ခ်ကို နည်းနည်းမှ လျော့မတွက်ရဲဘူး ။ သူ စဉ်းစားလို့ မရတာတစ်ခုက အနာဂတ်မှာ သခင်လေးရဲ့ဘေးကလူတွေကို သေချာပြန်တွေးကြည့်ရင် မိုက်ခ်လုံး၀ မပါမှန်းသေချာသည် ။ ဒါပေမယ့် အချိန်တွေ နောက်ပြန်ဆုတ်ပြီးနောက် မိုက်ခ်က ဘာကြောင့် သူတို့ လမ်းကြောင်းထဲကို ဝင်လာမှန်း သူမသိတော့ ။ အနာဂတ်မှာ သူမတွေ့ဖူးတဲ့သူမို့ ရှေ့ဆက် မိုက်ခ်ဘာတွေ ကြံစည်မယ်ဆိုတာ သူခုထိ မခန့်မှန်းတတ်သေး ။ သေချာတာတစ်ခုကတော့ မိုက်ခ်ရောက်လာချင်းဟာ ကောင်းသောလာခြင်း မဟုတ်မှန်းတော့ သိသာသည် ။

-------------------------------------------

Words 5870

23.1.2019

Continue Reading

You'll Also Like

70.1K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...
183K 13.7K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
141K 10.3K 57
🚉Cover Artist By Akiko Ak🚉-Romance×Drama Theme- 🚉🚉ပျော်ရွှင်မှုတွေကိုအပြည့်အနှက်သယ်ဆောင်လာပြီးအရှိန်ပြင်းပြင်းနဲ့ခုတ်မောင်းလာတဲ့ အိမ်ထောင်ရေးရထား...
947K 49.9K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...