လေပြည်မရှိသောအရပ် Season.1 (C...

By LavenderPan-7

1.7M 176K 11.8K

My second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creatio... More

Intro
ကောင်းကင်ပြာသည် ပြိုကျတတ်ပါသလား?
Part.2: ငရဲပြည် မှအတန်းဖော် ..
PART.3:: ခတ်နှင်း ဒဏ်ရာ မပျောက်စေသော်
Part.4း အမှန်တကယ်သေဆုံးနေ ့
Part :5:: လူသတ်ခွင့်ပြုပါ..။
Part.6:: လေပြည် ၏ စတင်ကျီစယ်ခြင်း
Part.7:: ကျူးလစ်ဖြူ ပွင့်သည့်နေ့။
Part. : 8: တစ်ခဏ ခိုနားခဲ့ဖူးပါသည္ ။
PARt:9: တူညီခြင်း ၏ခြားနားချက်
PART ::10 :: မင်းမသိလည်းဖြစ်တယ် ..
PART ;11:: လှောင်အိမ်ရှင် ၏ ရှာဖွေရာ
PART:12တစ်သက်တာအာမခံ.။
Part.13::ရင်မခုန်တတ်ပါ..။
PART :14 :: ထီးစိမ်းကလေး...
Part.16 ::မင်းမသိခဲ့သော
Part.17::ချန်ရစ်သူ နှင့် ချန်ထားသူ
Part.18::ပိုင်ရှင်ရှိ အရုပ်ငယ်
Part.19::ပြန်ဆုံဖြစ်ခဲ့ကြရင်
Part.20::ထပ်ပြီးချစ်ခွင့်ရမယ်ဆိုရင်
Part.21::ကြင်သူမြင်ပါလှည့်
Part.22::လေပြည်ဆိုသည်မှာ..
Part.23::ငါမဟုတ်တဲ့ငါ
Part.24::ဆွံ့အကလေးငယ်
Part.25::ငါမသိတဲ့ငါ့ဒဏ်ရာ
Part. 26::ဒီနေရာ လေးမှာ..ပဲ..
Part.27:: နာကျင်စေဦးမည် ဆိုပါလျှင်လည်း
Part.28::လူသားတစ်ယောက်၏ အတ္တ
Part.29::အဝေးဆုံးတွေ ဖြစ်ခဲ့ကြမယ်ဆိုရင်(1)
အဝေးဆုံးတွေဖြစ်ခဲ့ကြမယ်ဆိုရင်(2)
Part.30(အတိတ်ဟူသည်)
PART:31:: ကဗျာမဆန် ပန်းချီ မဟန်ခဲ့ပါသော်လည်း
Part 32:ပိုင်ရှင်မဲ့ဂီတာ
Part 33:ပြန်လမ်းမဲ့ခဲ့လေသော
Part.34(1):လွတ်မြောက်စေ
ငြိမ်းချမ်းပါစေ နေကြာပန်းငယ်
Part.35::ကျူးလစ်ဖြူတွေစိုက်တဲ့သူ
Part.36::စောင့်နေသူ
မင်းရှိသောအရပ် (final)
မောင်
လေပြည်မရှိသောအရပ်(Season-2)

PART:15::မှားယွင်းခဲ့သည်မှာ အစထဲက..

37.2K 4.3K 281
By LavenderPan-7

Zawgyi..
PART:15::မွားယြင္းခဲ့သည္မွာ အစထဲက..

ဗီလိန္ဆိုတဲ့..ေဝါဟာရကို.. ဘယ္လိုျမင္လဲ....!!

ကေလးေတြသတ္မွတ္ၾကသလို မေကာင္းဆိုးဝါး..ႀကီးလား??

လူေတြေျပာေနၾကလိုလူမဆန္တဲ့ သူမ်ားခ်စ္ျခင္းခြဲသူႀကီးလား??

နားခါးဖြယ္ဝါက်တစ္ခ်ိဳ႕ကို..မျငင္းပါဘူး.. တစ္ေလာကလံုးကို..အာ႐ုံစိုက္ေနဖို႔လဲ.. ကိုယ့္မွာအခ်ိန္မေပါေနဘူးေလ..။

ကိုယ့္အတြက္ေတာ့..ဗီလိန္ဆိုတာ..မွားယြင္းစြာခ်စ္ခဲ့မိသူသက္သက္ပဲ ။အဲမွားယြင္းျခင္းဟာမင္းျဖစ္ေနတဲ့အတြက္

အဆံုးမ႐ွိတဲ့..အမွားေတြမွာကိုယ္ေပ်ာ္ပါတယ္ ။အစထဲက..ကိုယ္ဟာေကာင္းတဲ့သူမွမဟုတ္ခဲ့ပဲ..

မင္းအခ်စ္ကိုရဖို႔..ကိစၥမ႐ွိသလို မင္းအမုန္းေတြခံရလဲ..ျပႆနာလို႔

ကိုယ္မေတြးပါဘူး..။မင္းမ်က္ရည္ေတြအတြက္လဲ ကိုယ္လုပ္ခဲ႔သမ်ွေနာင္တရဖို႔..အစီစဥ္မ႐ွိဘူး..။

ကဲ..ဘယ္လိုလဲ..ကိုယ္ဗီလိန္တစ္ေယာက္ ျဖစ္ခြင့္႐ွိမလား??

ေလျပည္ရဲ႕ခ်စ္သူ..

.....

."မူးေနတာလား..''

ေခါင္းေထာင္ရင္းေမာ့ၾကည့္မိေတာ့ လက္ႏွစ္ဖက္ကိုေဘာင္းဘီအိတ္ထဲထည့္ရင္း မီးဖိုေဆာင္တံခါးဝနံရံကိုမွီကာရပ္ေနခဲ့သည့္ အဲလူကဘယ္သူလဲ...မူးထံုေနေသာေခါင္းၾကားမတရားေခ်ာလြန္းတဲ့ဒီလူကိုစဥ္းစားမရ ။ဟင့္..အာ့ဘယ္သူတုန္းလို႔..

".က်ေနာ္ေလငိုခ်င္လို႔ နည္းနည္းေလး...ေသာက္ထားမိပါတယ္.

ဒီေလာက္ေလး..''

အားယူကာထရင္းအေျပာ အနည္းငယ္ယိုင္သြားေသာက်ေနာ့္ကိုယ္အား လွမ္းကာထိန္းသည္..။ေျခာက္ေပေက်ာ္ကာ...ခန္႔ညားျခင္းတို႔ျဖင့္

ျပည့္စံုေသာေယာက်ာ္းတစ္ေယာက္ရင္ခြင္အား မွီတြယ္လိုစိတ္တို႔က်ေနာ့္ရင္ထဲခိုဝင္လာသည္...။ သို႔ေသာ္..႐ုန္းထြက္မိသည္..။

ဒါအဲအယုတ္တမာရင္ခြင္မဟုတ္ဘူး

"ဒီမွာ..ခင္ဗ်ား''

"ေျပာေလ..ကေလး''

ေခါင္းေလးၿငိမ့္ကာခပ္ေအးေအးေျဖလာသူ ။အဟင့္....ဘာမဟုတ္တဲ့စကားေလးကအစ ရင့္က်က္တည္ၿငိမ္ေနပံုမ်ား...

"က်ေနာ္ေရာ...ခင္ဗ်ားလိုအရြယ္ေရာက္ရင္ အဲလိုပဲစမတ္က်က်နဲ႔တည္ၿငိမ္လာမွာလားဟင္''

ခပ္ေမာ့ေမာ့ေလးေမးမိေတာ့ က်ေနာ့္ဆံပင္ေတြကို ဖြဖြေလးလာပုတ္သည္..။

"ဟုတ္မွာေပါ့..''

"သူ႔ကိုေရာ..အဲလူယုတ္မာကိုေရာေမ့သြားေလာက္လား..''

ပိုင္ႏုိင္ေသာအျပံဳးတစ္ခ်က္ထိုလူႏႈတ္ခမ္းမွာေတြ႔ရသည္..။

"ေသခ်ာတာေပါ့..ကေလးငယ္''

"ဒါေပမယ့္က်ေနာ္မေမ့ခ်င္ဘူး က်ေနာ္အစတည္းကသိတယ္

သူကေလလူယုတ္မာမွန္း''

ဖ႐ုိဖရဲက်ဆင္းလာေသာမ်က္ရည္မ်ားအား လာတို႔ထိေသာလက္သြယ္သြယ္...

ဘာရယ္မဟုတ္ေ႐ွာင္လြဲမိသည္...။ဒီမ်က္ရည္ေတြ...က်ေနာ္ေပးမသုတ္လို...။ကမ္းလင့္ေသာ.လက္တစ္စံု..ပင္သည္လည္း

ပိုင္႐ွင္အလိုက်ေနာက္ဆုတ္၍သာပင္...

"က်ေနာ္..အရမ္းမူးသြားတယ္ထင္တယ္ ခြင့္ျပဳပါဦး''

လဲက်မလိုယိုင္လဲေနေသာက်ေနာ့္ကိုယ္အားသူသည္ေပြ႔ခ်ီဟန္ျပင္သည္လားမေသခ်ာ..

"ရတယ္..ေခါင္းေဆာင္..ေကာင္းေသာညပါ''

တစ္ေယာက္ေသာသူမွလြဲ မည္သူမွထိဟန္မေပးလိုေသာကိုယ္သည္ အေတာ္အမွတ္သည္းေျခနည္းသည္...။သို႔ေသာ္

အတင္းခ်ီေပြ႔လာေသာလက္ေတြဟာ ၾကမ္းတမ္းလြန္းသလိုခံစားရသည္..။ဖယ္ေပးဖို႔႐ုန္းေသာ္လည္းပို၍ပင္တင္းၾကပ္လာသလို.

"နာတယ္''

မွီကပ္ထားရတဲ့ရင္ခြင္ဟာအသက္႐ွဴသံျပင္းျပင္း ေဒါသထြက္ေနတာလား..

"သူေျပာခဲ့တယ္..မင္းေဘးမွာငါေတာ့႐ွိတာ ယံုေပးမလားတဲ့

သူပဲေျပာတာပဲေလ...သစၥာ႐ွိေပးမယ္တဲ့တဘဝလံုးတာဝန္ယူတဲ့..

အခုၾကမွလမ္းခြဲရေအာင္တဲ့..လူယုတ္မာ..''

လူလိမ္ႀကီးစိုင္း႐ွန္ဟတ္ ။ေအာက္မွေမြ႔ယာေၾကာင့္က်ေနာ့္အခန္းထဲ ျပန္ေရာက္ေနမွန္းသိလိုက္သည္..။ အမူးသမားတို႔ထံုးစံအရဖြင့္ဟစရာမ်ားေတာ့ မကုန္ႏုိင္ေသး...

"ဘာလို႔သူေျပာတဲ့အတိုင္းက်ေနာ္က နားေထာင္ရမွာတဲ့လဲ က်ေနာ္သူ႔ကိုလမ္းမခြဲေပးႏုိင္ဘူး.. လံုးဝပဲ..လံုးဝ က်ေနာ္ သူ ့ကို .............ခ်စ္.........တယ္''

.....

ခ်စ္တယ္ ။ အရင္ထဲကအခ်စ္ဆိုတဲ့အရာ ကိုယ္..တကယ္ပဲ..နားမလည္ပါဘူး.။သိခဲ့ရင္အစထဲက မင္းကိုကိုယ္႔ရင္ထဲလာဖို႔တံခါးမဖြင့္ထားခဲ့ဘူး အနည္းဆံုးေတာ့ မင္းျဖစ္လာမယ္မွန္း ေယာင္လို႔ေတာင္အိပ္မက္မမက္ခဲ့ပါဘူး။ ဒါဟာေသခ်ာသြားေတာ့မွ မင္းကထြက္ခြာဖို႔ျပင္တယ္..။ ဘာေၾကာင့္မ်ားလဲကေလးငယ္ အစထဲကမင္းကိုကိုယ္ေ႐ွာင္လြဲခ်င္ခဲ့ေပမယ့္ ကုတင္ေပၚမွာအိပ္ေနတဲ့ကေလးရဲ႕မ်က္ရည္ေတြက

ကိုယ့္ေဒါသကိုမီးလာဆြတယ္..။

ပံုေတြထဲမွာ ေတာင္ သူေပြ႔ခ်ီသမ်ွၿငိမ္ခံေနတဲ့မင္းေလးက ကိုယ့္ၾကမွအသိစိတ္မ႐ွိပဲနဲ႔ေတာင္႐ုန္းကန္ေနသတဲ့..

ကိုယ္ကသည္းခံမႈမွာ..ပါရမီအနည္းငယ္ေတာင္ ပါမလာတဲ့သူ...

"ဒါေနာက္ဆံုးအႀကိမ္သတိေပးျခင္းပဲမင္းခ ရပ္တန္းကရပ္ေတာ့..

ဒီမွာသူေပ်ာ္ေနရတယ္မင္းထင္လား''

ခက္ထန္ေနတဲ့မ်က္ႏွာထားနဲ႔သူရိန္ဟာ တံခါးကို က်ယ္က်ယ္ဟရင္း အိပ္ေပ်ာ္ေနတဲ့မင္းသားေလးရဲ႕မ်က္ရည္တခ်ိဳ႕ကို လက္ညႇိဳးထိုးရင္း

အထင္အ႐ွားျပတယ္..။ အိုး..အျပင္ကဝင္လာတဲ့အလင္းစူးစူးေၾကာင့္ ..ကိုယ့္မင္းသားငယ္အိပ္ရာကႏုိးသြားမွျဖင့္ ။။ ကိုယ္တကယ္ပဲစိုးရိမ္ပါတယ္..။

"လူတစ္ေယာက္ဟာအားနည္းခ်က္ တစ္ခုေတာင္မ႐ွိသင့္ေပမယ့္ စိုင္း႐ွန္ဟတ္ဆိုတဲ့ေကာင္ေလးမွာအားနည္းခ်က္

တစ္ခုမက႐ွိေနတယ္''

သူရိန္ဘာစကားကိုမွမဆိုခဲ့ေတာ့ ။နံပါတ္3ကိုတိုးတိုးတိတ္တိတ္ခိုင္းထားတဲ့အရာေတြ သူရိန္အကုန္သိၿပီးတဲ့ပံုပဲ

"မင္းဘာလို႔အဲေလာက္ရက္စက္ရလဲမင္းခ ဟိုကေလးကအခုမွဆယ္ေက်ာ္သက္အရြယ္

သူဘယ္ေလာက္ထက္ျမက္ပါေစ မင္းကိုတိုက္ႏုိင္တဲ့မလား..လႊတ္ထားလိုက္ပါေတာ့

ကေလးေတြကို''

ေျသာ္..ခက္သားရယ္..။ကေလးေရ..ကေလးကအစထဲကကိုယ့္အပိုင္မွန္း

ကိုယ့္အရိပ္ထဲမွာမွေပ်ာ္ရမယ္မွန္း ။ဒါေတြကခဏတာနာက်င္မႈဆိုတာ သူသိေအာင္..ကိုယ္ဘယ္လို႐ွင္းျပရပါ့..။

အိပ္ခန္းတံခါးကိုအသာဆြဲပိတ္ရင္း သူရိန္႔အားလ်ိဳ ့ဝွက္ခ်က္တစ္ခုေျပာျပဖို႔ေတြးမိသည္..။

"ညီမေလးကသူ႔ဘာသာသူသတ္ေသတယ္လို႔ တကယ္ပဲ..ထင္ေနတာလား..သူရိန္''

"မင္း''

ပါးနပ္တဲ့သူပီပီ ဆက္နားေထာင္ဖို႔မဝံ့ရဲစြာ..သူရိန္ဟာ လက္ညႇိဳးနဲ႔နားထင္ကိုအသာဖိထားတယ္

"ငါကိုယ္တိုင္သတ္ပစ္ခဲ့တာ..''

သူရိန္ရဲ႕ထိတ္လန္႔သြားေသာမ်က္ဝန္းမ်ားအား ရယ္သြမ္းေသြးမိသည္..။

"ငါအစြမ္းကုန္ခ်စ္ေပးခဲ့တယ္.. အေဖတစ္ေယာက္လိုအစ္ကိုတစ္ေယာက္လို

သူလိုသမ်ွငါဘာမျဖည့္ဆည္းေပးခဲ့တာ႐ွိလဲ ဒါေတာင္မွသူကငါ့ကိုထားခဲ့ၾကံခဲ့ေသးတယ္ေလ ငါအျပစ္ေပးတာမွားလား..''

"မင္းႏွလံုးသားကိုယ္မင္းျပန္သတ္ခဲ့တာပဲ..မင္းခ.''

သူရိန္ရဲ႕ ဆို႔နင့္စြာအက္ကြဲေသာစကား..သည္ တိုးျငင္းေသာ္ျငား..နာက်င္ဖြယ္ရာ.အတိၿပီးသည္.။ နာက်င္ခဲ့ပါတယ္...။ ကိုယ့္ႏွလံုးကိုယ္ျပန္ထိုးစိုက္ရသလိုမ်ိဳး..။မိုက္႐ူးရဲဆန္ေနတဲ့ကေလးကို အတတ္ႏုိင္ဆံုးအေလ်ာ့ေပးဖို႔ဆံုးျဖတ္ခဲ့သလို နားဝင္ေအာင္ေျပာဖို႔လဲေတြးခဲ့တယ္...။ဒါေပမယ့္ အဲကေလးကေျပာခဲ့တယ္..

"ကိုကို႔ကိုမုန္းတယ္..''တဲ့

အဲခံစားခ်က္ကိုေရာမင္းသိလား..သူရိန္..။ဟင့္အင္း...မင္းသိမယ္မထင္ဘူး ။ဘာမဟုတ္တဲ့ သူအတြက္ သူ႔ကိုႏွစ္ေပါင္းမ်ားစြာျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ ညီမေလးအတြက္..ဆိုတဲ့အေတြးနဲ႔..။ ေဖေဖနဲ႔ေမေမဆံုးခ်ိန္ ဆယ့္ေျခာက္ႏွစ္သားအရြယ္ထဲက လူသတ္ခဲ့ရတဲ့ .ေသနတ္ဒဏ္ရာတစ္ဖက္နဲ႔ ေသြးအလိမ္းလိမ္းက်ေနခ်ိန္မွာေတာင္

သူ႔ကိုေပြ႔ခ်ီရင္း.အသက္လုထြက္ေျပးခဲ့တဲ့ အစ္ကိုကိုေလ..

မုန္းသတဲ့..

ဘာမဟုတ္တဲ့ေကာင္အတြက္ သိပ္မုန္းသတဲ့..။ေသလုနီးပါး...ရင္တေျမ့ေျမ့နဲ႔.. နာက်င္တယ္..။အဲနာက်င္မႈကသူ႔ကိုငါ့လက္နဲ႔ကိုယ္တိုင္

သတ္မိတဲ့အထိ..။အဲလိုလုပ္ခဲ့မိလို႔လဲ.ရင္ကြဲမတတ္ နာက်င္တယ္..။ တစ္ေန႔မွမနာက်င္ပဲမေနခဲ့ဘူး.. ဒါေပမယ့္ ေနာင္တေတာ့မရခဲ့ဖူး... ။

ေနာင္တတကယ္ပဲမရခဲ့ပါဘူး..

ငိုခ်င္ရင္ငိုခ်လိုက္ပါ..ေပ်ာ္ခ်င္ရင္ရယ္ေမာလိုက္ပါ.. ဒါေပမယ့္ကိုယ့္လက္ထဲမွာပဲ.ျဖစ္ရမယ္.

လိမၼာတဲ့ကိုယ့္ကေလးကေတာ့.. ညီမေလးလို မဆိုးဘူး..မလား??

✴✴

အဆံုးအစမဲ့တဲ့ခ်စ္ျခင္းေမတၱာဟာ

အနက္႐ႈိင္းဆံုးစိတ္ဒဏ္ရာကို..ျဖစ္ေပၚေစတယ္..

✴✴✴

.ဆရာမလာခ်ေပးတဲ့အေျဖစာရြက္ကိုၾကည့္ေတာ့ ဆရာမကေက်နပ္စြာျပံဳးျပသည္..။ဒီတစ္ေခါက္ မင္းေက်းဇူးနဲ႔စာေမးပြဲေအာင္ခဲ့ေပမယ့္

ဒီအေျဖလႊာစာရြက္ကိုၾကည့္ၿပီး သေဘာတက်ျပံဳးေနမယ့္မင္းႏႈခမ္းကမွည့္နက္ေလးက ဘယ္မွာမ်ားလဲ??

စားခ်ိန္မမွန္တဲ့ငါ့ကို..ဆူပုတ္ပုတ္နဲ႔.. ေဘးမွာထိုင္ဆံုးမေနမယ့္..မင္းကဘယ္နားမွာလဲ??

ငါ့ေနာက္ေက်ာကိုတစ္ခ်ိန္လံုးခိုးေငးေနတတ္တဲ့ အဲမ်က္ဝန္းညိဳညိဳေလးေတြကေရာ...ဘယ္မွာလဲ??

လိုသလိုကစားသြားတဲ့သူ႔ကို နာၾကည္းသင့္မွန္းသိေပမယ့္

အဲမိန္းကေလးက..သိပ္လွၿပီးခ်စ္စရာေကာင္းေတာ့ မင္းနဲ႔သိပ္လိုက္ဖက္တာလို႔ဂုဏ္ျပဳေပးသင့္လား..။ သိတယ္ ငါကအစစအရာရာနိမ့္က်သူမွန္း။ လူသတ္သမားသား အျဖစ္သိမ္ငယ္ခဲ့ရသူမွန္း ဘာကိုမွမက္ေမာဖို႔မေကာင္းမွန္းသိေပမယ့္.. ဒီလိုလူတစ္ေယာက္ရဲ႕ႏႈတ္ခမ္းကို.. နမ္း႐ႈိက္ခဲ့တာလဲ မင္းပါပဲ..စိုင္း႐ွန္ဟတ္..ရယ္ ။သူဘာေၾကာင့္က်ေနာ့္ကိုထားသြားလည္း

အေျဖ႐ွာမရခဲ့ေတာ့ေပမယ့္...။

✴✴✴

ေက်ာင္းကိုလာလာခ်င္း မွတ္မိေနတဲ့သူ႔ပံုရိပ္နဲ႔လက္တြဲထားေသာ ထိုမိန္းကေလး... မျမင္ခ်င္ေယာင္ေဆာင္ကာ မ်က္ကြယ္ဟန္ျပဳမိသည္..။ ခဏတာရဖူးတဲ့ေႏြးေထြးမႈ တစ္ခ်ိဳ႕ က်ေနာ္ေမ့လိုက္သင့္ၿပီ..။

"ေဟ့..ဒီမွာစာခ်ဳပ္''

ဟိုးတစ္ေလာကပိုက္ဆံလာေတာင္းတဲ့ လူေတြမလား??

ခဏတိုင္းေတာင္းလြန္းလို႔စိတ္ညစ္ေနရၿပီ..။လူသာယူသြားေတာ့..

"မထြက္ေျပးပါနဲ႔ကြ..မင္းေကာင္ေလးကအကုန္ဆပ္ေပးၿပီးၿပိီ ဆိုတဲ့အေၾကာင္း..လာေျပာတာ''

စိုင္း႐ွန္ဟတ္..ဆပ္သြားတာလား?? မလိုေတာ့ဘူး..။သူ႔အကူအညီက်ေနာ္ဘယ္နည္းနဲ႔မွမလိုဘူး..

"မၿပီးေသးဘူး ''

က်ေနာ့္အားထိုလူေတြကအူေၾကာင္ေၾကာင္ ၾကည့္လာသည္..။

"ဒီပိုက္ဆံေတြ..သူ႔ကိုျပန္ေပးလိုက္က်ေနာ္နဲ႔သူကဘာမွမဆိုင္ေတာ့တဲ့လူေတြမလို႔က်ေနာ့္ပိုက္ဆံက်ေနာ့္ဘာသာျပန္ဆပ္မယ္

ေပး..အဲစာခ်ဳပ္''

"ေဟ့ေကာင္ေလး..မလုပ္နဲ႔ေလ..ဟာကြာ''

စာခ်ဳပ္အား တစ္စစီဆြဲျဖဲဟန္ျပင္ေသာက်ေနာ့္အား ဆြဲတားေသာလက္သည္

"အ႐ူးမထစမ္းနဲ႔..''

ပိုင္႐ွင္႐ွိေသာလက္..

"ရၿပီ..ခင္ဗ်ားတို႔ျပန္လို႔ရၿပီ..''

ထိုလူမ်ားအားႏွင္ကာ စာခ်ဳပ္ကိုအသာအယာလက္ထဲလာထည့္ေပးသည္..။ထြက္သြားေသာလူမ်ားအားၾကည့္ရင္း

က်ေနာ္အ႐ူးတစ္ေယာက္လိုငိုေႂကြးခ်င္လာသည္ ။ဘာကိစၥလာဂ႐ုစိုက္ျပန္တုန္း..လူယုတ္မာ..

"ဒါ..လမ္းခြဲလက္ေဆာင္လို႔သေဘာထားလိုက္

မဟုတ္တဲ့မာနေတြႀကီးမေနနဲ႔..''

"မထားႏုိင္ဘူး..ငါမင္းနဲ႔လည္း" လမ္းမခြဲႏုိင္ဘူး......။သူဘယ္လိုဘယ္ပံုျဖစ္က်န္ခဲ့သည္လည္း က်ေနာ္မသိ။တစ္ခြန္းေသာစကားကိုဆိုကာ

က်ေနာ္သူ႔ေ႐ွ႕မွေျပးထြက္မိခဲ့ျပန္ျခင္းသည္ သူ႔ထံမွထိုစကားအားထပ္မၾကားလို၍..။

က်ေနာ္ ၾကိဳးစားသည္ ။အရင္လို သူမရွိပဲေနခဲ့ေသာေန ့မ်ားလိုၾကိဳးစားရင္း တစ္ရက္

ေက်ာင္းဆင္းကာနီးလြယ္အိတ္သိမ္းခိုက္ထိုမိန္းကေလးနဲ႔လက္တြဲရင္း ေကာ္ရစ္ဒါတေလ်ာက္ျဖတ္သန္းသြားသည့္သူအား

"အဲေကာင္မေလးနဲ႔အထက္တန္းၿပီးရင္ေစ့စပ္မယ္တဲ့''

လွမ္းၾကည့္ကာ ခပ္တိုးတိုး အတင္းခ်ေနေသာ.. ေက်ာင္းသူမိန္းကေလးမ်ားရဲ့ထိုစကားမ်ားေနာက္ သူ႐ူးပမာက်ေနာ္သည္ေျပးထြက္ခဲ့သည္..။

ထိုအခိုက္ထိုကာလ၌ သူ႔ကိုက်ေနာ္ဆံုး႐ႈံးရေတာ့မည္လားဟူေသာ အသိတစ္ခုမွလြဲ၍..။သိခ်င္သည္ ။။အနိုင္က်င့္ေနရင္းမွဘာလို ့ထေကာင္းေပးခဲ့တာလည္း သိခ်င္သည္ ။တစ္ညတစ္ရက္တည္း နဲ ့ ဘာလို ့စိမ္းကားသြားတာလဲ က်ေနာ္သိခ်င္သည္ ။ သူရဲ ့ေႏြးေထြးမႈ သူေပးအပ္ခဲ့သမွ်သည္ အတုအေယာင္ေတြ မဟုတ္ေၾကာင္းက်ေနာ္သိသည္ ။ဒါေပမယ့္ ဘာလို ့လဲ အစထဲက နားလည္ရခက္ေသာ သူမွန္းသိေပမယ့္ ဘာလို ့လဲ ။

"စိုင္း႐ွန္ဟတ္..''

သူသည္က်ေနာ့္အားတျဖည္းျဖည္း လွည့္ၾကည့္လာသည္..။ မ်က္ႏွာက်သိပ္ၾကည့္ေကာင္းေသာ္လည္း ပါး႐ုိးထင္းထင္းႏွစ္ဖက္က သူ႔မ်က္ႏွာမ်ားေခ်ာင္က်သြားသလို။ ထို႔ေနာက္စိတ္ပ်က္ဖြယ္..လုပ္ရပ္မ်ားကို က်ေနာ္..စတင္နိဒါန္းက်ဴးမိေတာ့သည္..။

"ဘာလို ့လဲ ဒီလိုထြက္သြားခဲ့မယ္ဆို အန္ုင္ပဲက်င့္ေနခဲ့ေရာေပါ့ အခုမွ ဘာလို ့လဲ မင္းမရွိပဲ ငါမေနတတ္'ေတာ့မွ '

မ်က္လံုးအစံုကိုတင္းတင္းမွိတ္ရင္း ရင္ကိုဖြင့္လွစ္မိသည္..။ေက်းဇူးျပဳ၍ သူျမင္ပါေစသား..ေဘးနားမွာထိုမိန္းကေလး႐ွိေနမွန္းသိေပမယ့္

မာနေတြက..သူ႔႔အတြက္ဆို..သိပ္အေရးမပါေတာ့ဘူး..ရယ္ ။

"ျပန္လာခဲ့ေပးရမလား''

မ်က္လံုးကိုတျဖည္းျဖည္းဖြင့္ၾကည့္ေတာ့ေငြေရာင္ဆံပင္ေတြေအာက္က...အရယ္အျပံဳးမဲ့ မ်က္ဝန္းညိဳေတြ...ျပန္လမ္းမ႐ွိတဲ့မ်က္ဝန္းတစ္စံုနဲ႔သူက်ေနာ့္ကို ဘာေျပာခဲ့တာလဲ??.. ျပန္လာေပးရမတဲ့လား??

က်ေနာ္သိတာေပါ့..သူက်ေနာ့္ကိုခဏတာစိတ္ကြက္တာမွန္း..

"ဒူးေထာက္လိုက္..အဲဒါဆိုရင္ ငါစဥ္းစားေပးမယ္ေလ''

ခဏ..သူဘာေျပာလိုက္လဲက်ေနာ္မၾကားဘူးရယ္တြႏု္႔ဆုတ္မိသြားတဲ့ေနာက္ ခပ္မဲ့မဲ့အျပံဳးတစ္ခ်က္က..က်ေနာ့္အခ်စ္ကို

ေလွာင္ေျပာင္လိုက္တာလား??။မထင္ပါနဲ႔... အဲေလာက္နဲ႔လဲၿပိဳတတ္ရင္..ဒါကို..အခ်စ္လို႔ ငါအမည္မတပ္ခဲ့ဘူး...

"ငါဒူးေထာက္ရင္ မင္းတကယ္ပဲျပန္လာေပးမလား''

သူ႔မ်က္ႏွာထက္ကအျပံဳးတစ္စ..တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတယ္။

"ငါဒူးေထာက္ရင္ မင္းတကယ္ပဲျပန္လာေပးမလား''

ခြပ္..!! ပါးေပၚအရွိန္ျပင္းျပင္းက်လာတဲ့ဒဏ္ခ်က္တစ္ခုကက်ေနာ့္ရဲ႕ဆုလာဘ္လား

"႐ူးေနတာလား...ဒူးေထာက္ျပလဲ..ငါကျပန္လာမယ္ထင္ေနလား''

သူနမ္း႐ႈိက္ခဲ့တဲ့က်ေနာ့္ႏႈတ္ခမ္းပါးက ေသြးစေတြထြက္လာေပမယ့္ က်ေနာ္္းမ႐ုန္းကန္ျဖစ္ခဲ့ဘူး ။

"ေျပာ.. ငါမင္းကိုခ်စ္တယ္လို႔ေျပာခဲ့ဖူးလို႔..လားမင္းက႐ူးေနတာလား..ဟမ္..ေျဖစမ္း''

အလဲလဲအကြဲကြဲျဖစ္ပ်က္ေနတဲ့ က်ေနာ္တို႔ႏွစ္ေယာက္ကို ေဘးကမိန္းကေလးက..ဆြံ ့အစြာေငးေနခဲ့တယ္..။ သူ..က်ေနာ့္ကိုဘယ္လိုသတ္ရမလဲ သူသိပံုရတယ္..။က်ေနာ့္ကို႐ုိက္ႏွက္ထားတဲ့ လက္တစ္ဖက္နဲ႔အဲမိန္းကေလးရဲ႕လက္ကို...

အျမတ္တနုိး..ဆြဲကိုင္လိုက္ရင္း ထြက္သြားတဲ့ နည္းလမ္းမ်ိဳးနဲ ့ေပါ့ ။

က်ေနာ့္အေပၚအုပ္မိုးလာတဲ့ေနာက္ထပ္ အရိပ္ေလးတစ္ခု.. က်ိန္းစပ္ေနတဲ့မ်က္ခြံကိုအားတင္းဖြင့္ၾကည့္မိေတာ့.

သီဟ..!!

"သိပ္သနားစရာေကာင္းတဲ့ေနာင္ မင္းသိလား...႐ွန္ဟတ္က မင္းကိုတျခားအနုိင္က်င့္တဲ့နည္းေတြက သိပ္မထိေရာက္လို ့အသည္းခြဲတဲ့နည္းကို ေရြးလိုက္တာေလ ။မင္းကိုသူတကယ္ခ်စ္တယ္မ်ား ထင္ေနလား ။.''

သီဟရဲ႕အသံကသိပ္မက်ယ္ေပမယ့္ လူသူမ႐ွိေတာ့တဲ့ေကာ္ရစ္ဒါတစ္ေလ်ွာက္ၾကားရသည္အထိ..လံုေလာက္သည္..။

အဲဒါဘာစကားႀကီးလဲ?? ေကာ္ရစ္ဒါအဆံုးကိုေရာက္ေနတဲ့ ႐ွန္ဟတ္ရဲ႕ေျခလွမ္းေတြရပ္တန္႔သြားသလို ထိုမိန္းကေလးရဲ႕လက္ကိုဆြဲျဖဳတ္ရင္း

"မင္းပါးစပ္ကိုပိတ္ထားစမ္း..သီဟ''

" မင္းသိလား ရွန္ဟတ္က ငယ္ငယ္ထဲက မင္းကိုပဲ အနိုင္က်င့္ေနခဲ့လဲ ။ ရွန္ဟတ္အေဖက ဘယ္သူလဲ "

ခပ္ေဝးေဝးကေန ေအာ္သံနက္နဲ႔အတူေျပးလာတဲ့ေငြေရာင္ဆံႏြယ္ေတြသူ..ဘာလို႔တားဆီးေနခဲ့သတဲ့လဲ??သူေျပးလႊားေနတဲ့ပံုကို

သီဟက..ျပက္လံုးတစ္ခုလိုသေဘာက်စြာရယ္ေမာေလရဲ႕..

".ရွန္ဟတ္အေဖ နာမည္က ....###..တဲ့''

ဝမ္းနည္းဖြယ္ ရင္းႏွီးေနေသာ...အမည္ကိုၾကားရခ်ိန္..ဒီနာမည္က... မျဖစ္ႏုိင္ေလာက္ဘူးမလား??တစ္ေလာကလံုးဘာမွမ႐ွိေတာ့သလို... သီဟအားသူဆြဲထိုးေနသံမ်ား မိန္းကေလးရဲ႕ဟစ္ေအာ္သံေတြ။သို႔ေသာ္က်ေနာ္မၾကား..

"ႀကီးႀကီးသိရသေလာက္ေသသြားတဲ့သူမွာ သားအရြယ္ကေလးတစ္ေယာက္႐ွိတယ္တဲ့...''

အဲကေလးက...အဲကေလးကေလ

က်ေနာ့္ကို

"လူသတ္သမားေတြဘယ္ေလာက္ရြံဖို႔ေကာင္းလဲ သိလား''လို႔ေျပာခဲ့ဖူးတဲ့သူလား??

"ေအာက္တန္းစားေကာင္..အဆင့္မ႐ွိတဲ့သူက အဲလိုပဲေနသင့္တယ္''ေျပာၿပီး တစ္ခ်ိန္လံုးအႏုိင္က်င့္ခဲ့တဲ့သူလား??

"ေမာင္႐ွိတယ္ယံုေပးမလားဆိုၿပီး က်ေနာ့္ကိုေထြးေပြ႔ကာကြယ္ေပးတတ္တဲ့သူလား??

လိုခ်င္တာရရင္ကေလးဆိုးတစ္ေယာက္လို ေက်နပ္တတ္တဲ့သူလား??

ဒါမွမဟုတ္က်ေနာ့္အခ်စ္ကို..အပိုင္ယူသြားတဲ့ က်ေနာ္..ဒူးေထာက္လိုက္ရတဲ့သူလား??

က်ေနာ့္အခ်စ္ဦးကက်ေနာ့္အေဖသတ္လိုက္တဲ့ သူရဲ႕သား.. ဒါ..သိပ္ကိုဟာသဆန္တဲ့ျပဇာတ္ပဲ ။ က်ေနာ္ငယ္ငယ္ထဲကေတြးဖူးတယ္

သူဘာလို႔က်ေနာ့္ကိုမုန္းေနခဲ့လဲ။ အျမဲသိခ်င္ခဲ့တဲ့ေမးခြန္းေတြရဲ့အေျဖက.. ဒီလိုမွန္းသိခဲ့ရင္.. က်ေနာ္ မ ေတာင္းဆိုခဲ့ဖူး..ဘာကိုမွ ။

"အဲဒါေၾကာင့္''

လူသံုးေယာက္ လံုးရဲ႕အၾကည့္က က်ေနာ့္ဆီ..ေရာက္႐ွိလာသည္..။

.

"အဲဒါေၾကာင့္...ငါ့ကိုအႏုိင္က်င့္ခဲ့တာလားငါ့ကိုကစားခဲ့တာလား...

ဟုတ္လား...စိုင္း႐ွန္ဟတ္...ငါ့ကိုေျဖစမ္းပါ...''

အားတင္းထရပ္ရင္းသူ႔အက်ီစကိုဆြဲကိုင္ လႈပ္ယမ္းမိသည္။ ဆိတ္ဆိတ္ေနျခင္းဟာဝန္ခံသတဲ့...

"ဒါကိုေတာင္ငါကမသိပဲ.. မင္းရဲ႕ဂ႐ုစိုက္မႈေတြက..တကယ္ပဲလို႔ မင္းကငါ့ကိုတကယ္ခ်စ္ခဲ့တာလို႔ထင္ေနခဲ့မိေသး..''

တစ္ခ်ိန္လံုးၿငိမ္ေနခဲ့ေသာ အညိဳေရာင္ မ်က္ဆံမ်ားသည္ဖ်တ္ခနဲ လႈပ္႐ွားသြားၾကသလို..

"ေကာင္းၿပီေလ... မင္းျဖစ္ေစခ်င္တဲ့အတိုင္းပဲေပါ့..''

ဘာစကားတစ္ခြန္းကိုမွသူျပန္မဆို...အိပ္မက္ေယာင္ေနသလို.. မလႈပ္မယွက္.. .ဖြာဝဲေနေသာ ဆံပင္ေတြေအာက္က.. ခံစားခ်က္မ႐ွိေသာ....မ်က္ဝန္းေသေတြ..က ရင္းႏွီးခဲ့့ဖူးေသာ အေရာင္ေတာက္မ်က္ဝန္းမ်ားနဲ႔ ကြဲျပားလြန္းေနေလေသာ...

ထိုတစ္ေယာက္ေသာသူေက်နပ္ေစဖို႔ရာ

"..အတုအေယာင္ ဂ႐ုစိုက္မႈေတြကို အခ်စ္လို႔အထင္မွားသြားပံုပါပဲ....''

သူသည္နားေထာင္ေနသည္လားမေသခ်ာ..။သို႔ေသာ္က်ေနာ္အေျဖ႐ွာစရာမလိုေတာ့ဟုထင္သည္ ။

"ငါ့ကိုျမင္ရတာမင္းသိပ္နာက်င္လားဟင္မဟုတ္ဘူး..သိပ္နာက်င္မွာပဲ''

"ဟုတ္တယ္..''

အတန္ၾကာတိတ္ဆိတ္ၿပီးဖြင့္ဟလာေသာစကား ။သူနဲ႔ေဝးရာ..က်ေနာ္ေျခတစ္လွမ္း ေယာင္ယမ္းဆုတ္လွမ္းမိသည္..။

"မင္းကိုျမင္ရတာ..အရမ္းနာက်င္တယ္ေသမလိုပဲ..ငါ့မွာဘယ္သူမွမ႐ွိခဲ့ဖူး..ေနာင္

သိပ္ခ်စ္တတ္တဲ့အေဖတစ္ေယာက္ပဲ အဲတစ္ေယာက္ေသာသူကို. ရက္ရက္စက္စက္သတ္ခဲ့တဲ့မင္းအေဖရဲ႕သား

မင္းကိုျမင္ရတာ႐ူးေတာ့မလိုပဲ..ဒါေၾကာင့္မလို႔ ေက်းဇူးျပဳၿပီး. ဒီေလာက္နဲ႔ပဲ ငါ့ေဘးကေန..ေပ်ာက္ကြယ္သြားေပးေတာ့.''

"အဲဒါဆို..မင္းေပ်ာ္ရမွာေသခ်ာလား''

သူ႔ႏႈတ္ခမ္းတို႔ျပံဳးမေယာင္ေကြးၫြတ္လာခဲ့သည့္ေနာက္..က်န္တာမလိုအပ္ေတာ့ပါ.. က်ေနာ္သူ႔ကိုသတ္ေပးဖို႔

အႀကိမ္မ်ားမ်ား..ေတာင္းဆိုခဲ့ဖူးသည္..။ အခုသူက..ျဖည့္ဆည္းေပးခဲ့ၿပီ..။တင္းတင္းေစ့ကာ ပိတ္ထားေသာ

ႏႈတ္ခမ္းပါးထက္႐ွိ..မွည့္ေလးအား..တစ္ခ်က္ အသာ..နမ္း႐ႈိက္မိသည္..။သူသည္အနည္းငယ္ယိုင္သြားသေယာင္

ဒီခံစားခ်က္..ဒီရင္ခုန္သံဟာပူေႏြးေနခဲ့ဆဲ.။ထို႔ေနာက္ က်ေနာ္နံပါတ္.တစ္ခ်ိဳ႕.စတင္ေရတြက္မိသည္..။ တိတ္ဆိတ္သြားေသာဝန္းက်င္မွာေတာ့

က်ေနာ့္ရဲ႕ေျခသံနဲ႔အတူ သီဟရဲ႕ေျခာက္ကပ္ကပ္ရယ္သံတစ္ခ်ိဳ႕က ပ်ံ ့လြင့္လာခဲ့သည္...။

"တစ္..''

"ႏွစ္'''

သူနဲ႔က်ေနာ္ၾကားေဝးကြာလာေသာ ေျခလွမ္းမ်ားကို က်ေနာ္..ေရတြက္ေနခဲ့ျခင္းမဟုတ္..။ တစ္စဆီေၾကမြသြားေသာ ႏွလံုးသားအပိုင္းအစမ်ားကိုက်ေနာ္ ေရတြက္ေနခဲ့ျခင္း..။ အရာအားလံုးေမွာင္မိုက္ေနရင္း ထို႔ေနာက္ထြက္ေပါက္တစ္ခုကို..က်ေနာ္

႐ွာေဖြျဖစ္ခဲ့သည္..။ ေနာင္ဘ၀ထိတုိင္.ေမွာင္စပ်ိဳးေနတဲ့ ေနဝင္ဆည္းဆာေအာက္ တသြင္သြင္စီးဆင္းေနတဲ့ ေရျပင္က်ယ္ဟာ ေအးျမေနမည္လား..

" ျမိဳ႕..###တြင္ ##..တံတားေပၚမွ အဆံုးစီရင္သူတစ္ဦးအားေတြ႔႐ွိ.. စစ္ေဆးခ်က္မ်ားအရ..အဆံုးစီရင္သူမွာ

ငယ္ရြယ္ေသးၿပီး ##ေက်ာင္းသားဝတ္စံုကို.. ဝတ္ဆင္ထားပံုေၾကာင့္.. ထိုေက်ာင္း၏ေက်ာင္းသားတစ္ဦး ျဖစ္မည္ဟုခန္႔မွန္းၿပီး''

သတင္းထုတ္ျပန္သည္ႏွင့္တစ္ၿပိဳင္နက္ ျခံက်ယ္ႀကီးအတြင္း.ဝင္ခ်လာေသာ ကားတစ္စီး ။က်ဴးလစ္ျဖဴျဖဴေတြအနည္းငယ္ခ်ိဳးယူကာ

ဖန္ပုလင္းထဲထည့္ေနသည့္ မင္းေသြးခနဲ႔အတူ႐ွိေနရင္း ဝင္လာတဲ့ကားရဲ့အေမာင္းၾကမ္းပံုေၾကာင့္... ့သူရိန္... မ်က္ေမွာင္ၾကဳတ္မိေသာ္လည္း

ကားေပၚမွကေယာင္ကတမ္းေျပးလာသည့္ ခြန္းသမ်က္ႏွာေပၚမွ တစ္ခါမွမျမင္ဖူးသည့္အရာမ်ား

"ဒုေခါင္းေဆာင္... ကယ္ပါဦး... ကေလးေလးကေလ.အခု...အခု''

႐ႈိက္ႀကီးတငင္ငိုခ်လိုက္သည့္ခြန္းသ တဆက္တည္းမွာပဲ..။ေျမျပင္ေပၚ...မျမဲေသာလက္ေၾကာင့္ က်ဆင္းသြားသည့္ ဖန္ပုလင္းတစ္ခုကြဲအက္သံ...။သူရိန္လွည့္ၾကည့္မိေတာ့...က်ကြဲသြားသည့္ဖန္အပိုင္းအစမ်ားၾကားမွ က်ဴးလစ္ျဖဴျဖဴမ်ားကို ေငးၾကည့္ေနခဲ့သည့္... တည္ျငိမ္လြန္းပါသည္ဆိုေလေသာ မင္းေသြးခရဲ႕ေသြးပ်က္ဟန္...

ဘယ္လိုလဲမင္းေသြးခ ကိုယ့္နလံုးသားကိုယ္ႏွစ္ႀကိမ္ေျမာက္္ျပန္သတ္ရတာ ေက်နပ္ပါရဲ႕လား..??...

....

အေရးေပၚကယ္ေနရေသာ ႐ႈပ္ယွက္ခတ္ေနသည့္ပိုက္ႀကိဳးမ်ားေအာက္က ေကာင္ငယ္ေလးဟာ.. သူ႔စိတ္ကိုတကယ္ပဲ..႐ူးသြပ္ေစသည္..။ တကယ္ဆို.. လြန္ခဲ့ေသာႏွစ္လေက်ာ္ခန္႔မွစ အရာအားလံုးသည္အစျပဳရန္.. သူေစခဲ့သည္..။

"ဘယ္လိုျဖစ္သြားၿပီလဲ..နံပါတ္3'''

"ဟုတ္ကဲ့..သူ႔အေမနဲ႔ပေထြးျဖစ္သူက သူ႔အေဖ႐ွိစဥ္ကထားခဲ့တဲ့လုပ္ငန္းေတြကိုပဲ ဒီအတိုင္းအျမတ္ေငြသံုးခဲ့ၾကတာမလို႔

လုပ္ငန္းမကြၽမ္းက်င္ခဲ့ၾကဘူး အျမစ္ျပဳတ္ေအာင္လုပ္ဖို႔အလြယ္ေလးပါပဲ..''

နံပါတ္3ရဲ႕အေျဖက သူ႔ကိုအားရေစသည္..။ ဒီေလာက္လြယ္တဲ့အားနည္းခ်က္ေတြ႐ွိေနတာပဲ.. ။လုပ္ငန္းကစားေနၾကသူ႔အတြက္

သူဘာမွသိပ္အားစိုက္ထုတ္စရာေတာင္မလိုခဲ့..

"အခုနာမည္တုနဲ႔ေခ်းေငြေပးမယ္ေျပာလိုက္.. ၿပီးေတာ့..ေနာင့္ဆီကို..အေျကြးေတာင္းဖို့

လႊတ္ထားခိုင္းတဲ့လူေတြကေရာ''

"စိုင္း႐ွန္ဟတ္က..သူ႔နာမည္နဲ႔ဆပ္မယ္ေျပာပါတယ္တဲ့. "

သူ႔အကြက္ထဲလြယ္လြယ္ကူကူဝင္လာၾကတာပဲ ထို႔ေနာက္.. အရာအားလံုးဟာသူ႔စီမံခ်က္အတိုင္းျဖစ္ခဲ့သည္..။ အိမ္ကိုပါအပိုင္သိမ္းလာႏုိင္သည္အထိ မ်ားျပားလာေသာေခ်းေငြပမာဏ ။ အေမ ။ထိုအရာက...စိုင္း႐ွန္ဟတ္အတြက္အႀကီးမားဆံုး

ဖိအားျဖစ္ခဲ့ပံုရသည္..။စိုင္း႐ွန္ဟတ္ ဟာသူ႔အေမကုိ..နာက်င္ေစမယ့္လူမဟုတ္.. ။စိုင္း႐ွန္ဟတ္ အားအခ်ိန္ၾကာတစ္ဖက္သတ္ခ်စ္ခဲ့သည့္ သမီးျဖစ္သူရဲ႕ေပ်ာ္ရႊင္မႈအတြက္ ဖခင္တစ္ေယာက္ရဲ႕ေပးဆပ္ျခင္းကပင္

ျပႆနာရဲ႕အေျဖျဖစ္ခဲ့ေလသည္..။

ငယ္ရြယ္ေသးတဲ့ဆယ့္႐ွစ္ႏွစ္.. ဆယ္ေက်ာ္သက္..အရြယ္မွာ.. ဒီလိုေငြပမာဏကို႐ွာဖို႔နည္းလမ္းက အျခား႐ွိမည္မဟုတ္..။ ပိုက္ဆံအတြက္သားျဖစ္သူကိုေရာင္းစားရန္ ဝန္မေလးသည့္အေမျဖစ္သူအား ရြံ႐ွာမိေသာ္လည္းမင္းေသြးခအတြက္..အလြန္အသံုးဝင္ခဲ့သည္..။

ေနာက္ဆံုးၾကားရသည့္သတင္းက

စိုင္း႐ွန္ဟတ္ဟာ..သူ႔အေမရဲ႕မ်က္ရည္အတြက္ ထိုမိန္းကေလးကိုလက္ခံခဲ့ျပီး သူ႔ႏွလံုးသားကိုထိုးေကြၽးခဲ့သည္တဲ့..။ ဒါသူလိုခ်င္တဲ့အရာပဲေလ.. ။အေရးႀကီးဆံုးက..ကေလးငယ္ဟာသူ႔အပိုင္ျဖစ္လာဖို႔...

ဤသို႔ဤပံု ႏွယ္ျဖင့္ကိုယ္တိုင္ေရးျပဇာတ္မွာ.. သူဟာဗီလိန္တစ္ေယာက္အျဖစ္ ကြၽမ္းက်င္ပိုင္ႏုိင္စြာကျပခဲ့ေလသည္..။ သူဘယ္လိုမွမထင္ထားသည့္.. အေျခအေနက အဲေကာင္ေလးေၾကာင့္သတ္ေသတာတဲ့လား..။ ကိုယ့္ဘဝထဲေရာက္လာခ်ိန္ကအစ

မင္းဘဝကိုမင္းမပိုင္ေတာ့တာသိသင့္တယ္..

အနာကိုဆားပက္သကဲ့သို႔.. ေဆး႐ုံခန္းျပင္ပမွာ႐ွိေနသည့္သူ႔အား ေပးပို႔လာသည့္ထိုးႏွက္ခ်က္ေအာက္ၿငိမ္ခံေနခဲ့တဲ့ပံုရိပ္ေတြ..

ေတာက္!!

ဖုန္းကိုနံရံထက္ပစ္ေပါက္ခြဲလိုက္ရင္း ေဆး႐ုံကုတင္ထက္ကေကာင္ငယ္ေလးဆီ အစဥ္နီျမန္းေနၾကေသာနီရဲေသာႏႈတ္ခမ္းတစ္စံု

အစား..ျပာႏွမ္းျဖဴေရာ္ေနေသာႏႈတ္ခမ္းပါးေလးကိုထိေတြ႔မိသည္..။

ဘယ္ေနရာထိထြက္သြားဖို႔ၾကံထားတာလဲ.. ကိုယ့္ကေလး..

အသက္တစ္ေခ်ာင္းစြန္႔ခြာေျပးေတာ့ ကိုယ္နဲ႔ေဝးမယ္. ။ဒီလိုမ်ိဳး.လြယ္လြယ္ေလးေတြးခဲ့တာမ်ားလား..။ေသမင္းဆီကျပန္ေတာင္းယူဖို႔..

စစ္ခင္းမွျဖစ္မယ္ဆိုလဲ..ကိုယ္ကအဆင္ေျပတာမလို႔..ဒီေလာက္နဲ႔ပဲ...ျပန္လာခဲ့ေတာ့..ကေလးငယ္..။ကိုယ့္စိတ္ကို..ခံႏုိင္ရည္စမ္းေနတာ

မင္း..ရပ္သင့္ၿပီ....

.....

Unicode::
PART:15::မှားယွင်းခဲ့သည်မှာ အစထဲက..

ဗီလိန်ဆိုတဲ့..ဝေါဟာရကို.. ဘယ်လိုမြင်လဲ....!!

ကလေးတွေသတ်မှတ်ကြသလို မကောင်းဆိုးဝါး..ကြီးလား??

လူတွေပြောနေကြလိုလူမဆန်တဲ့ သူများချစ်ခြင်းခွဲသူကြီးလား??

နားခါးဖွယ်ဝါကျတစ်ချို့ကို..မငြင်းပါဘူး.. တစ်လောကလုံးကို..အာရုံစိုက်နေဖို့လဲ.. ကိုယ့်မှာအချိန်မပေါနေဘူးလေ..။

ကိုယ့်အတွက်တော့..ဗီလိန်ဆိုတာ..မှားယွင်းစွာချစ်ခဲ့မိသူသက်သက်ပဲ ။အဲမှားယွင်းခြင်းဟာမင်းဖြစ်နေတဲ့အတွက်

အဆုံးမရှိတဲ့..အမှားတွေမှာကိုယ်ပျော်ပါတယ် ။အစထဲက..ကိုယ်ဟာကောင်းတဲ့သူမှမဟုတ်ခဲ့ပဲ..

မင်းအချစ်ကိုရဖို့..ကိစ္စမရှိသလို မင်းအမုန်းတွေခံရလဲ..ပြဿနာလို့

ကိုယ်မတွေးပါဘူး..။မင်းမျက်ရည်တွေအတွက်လဲ ကိုယ်လုပ်ခဲ့သမျှနောင်တရဖို့..အစီစဉ်မရှိဘူး..။

ကဲ..ဘယ်လိုလဲ..ကိုယ်ဗီလိန်တစ်ယောက် ဖြစ်ခွင့်ရှိမလား??

လေပြည်ရဲ့ချစ်သူ..

.....

."မူးနေတာလား..''

ခေါင်းထောင်ရင်းမော့ကြည့်မိတော့ လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ရင်း မီးဖိုဆောင်တံခါးဝနံရံကိုမှီကာရပ်နေခဲ့သည့် အဲလူကဘယ်သူလဲ...မူးထုံနေသောခေါင်းကြားမတရားချောလွန်းတဲ့ဒီလူကိုစဉ်းစားမရ ။ဟင့်..အာ့ဘယ်သူတုန်းလို့..

".ကျနော်လေငိုချင်လို့ နည်းနည်းလေး...သောက်ထားမိပါတယ်.

ဒီလောက်လေး..''

အားယူကာထရင်းအပြော အနည်းငယ်ယိုင်သွားသောကျနော့်ကိုယ်အား လှမ်းကာထိန်းသည်..။ခြောက်ပေကျော်ကာ...ခန့်ညားခြင်းတို့ဖြင့်

ပြည့်စုံသောယောကျာ်းတစ်ယောက်ရင်ခွင်အား မှီတွယ်လိုစိတ်တို့ကျနော့်ရင်ထဲခိုဝင်လာသည်...။ သို့သော်..ရုန်းထွက်မိသည်..။

ဒါအဲအယုတ်တမာရင်ခွင်မဟုတ်ဘူး

"ဒီမှာ..ခင်ဗျား''

"ပြောလေ..ကလေး''

ခေါင်းလေးငြိမ့်ကာခပ်အေးအေးဖြေလာသူ ။အဟင့်....ဘာမဟုတ်တဲ့စကားလေးကအစ ရင့်ကျက်တည်ငြိမ်နေပုံများ...

"ကျနော်ရော...ခင်ဗျားလိုအရွယ်ရောက်ရင် အဲလိုပဲစမတ်ကျကျနဲ့တည်ငြိမ်လာမှာလားဟင်''

ခပ်မော့မော့လေးမေးမိတော့ ကျနော့်ဆံပင်တွေကို ဖွဖွလေးလာပုတ်သည်..။

"ဟုတ်မှာပေါ့..''

"သူ့ကိုရော..အဲလူယုတ်မာကိုရောမေ့သွားလောက်လား..''

ပိုင်နိုင်သောအပြုံးတစ်ချက်ထိုလူနှုတ်ခမ်းမှာတွေ့ရသည်..။

"သေချာတာပေါ့..ကလေးငယ်''

"ဒါပေမယ့်ကျနော်မမေ့ချင်ဘူး ကျနော်အစတည်းကသိတယ်

သူကလေလူယုတ်မာမှန်း''

ဖရိုဖရဲကျဆင်းလာသောမျက်ရည်များအား လာတို့ထိသောလက်သွယ်သွယ်...

ဘာရယ်မဟုတ်ရှောင်လွဲမိသည်...။ဒီမျက်ရည်တွေ...ကျနော်ပေးမသုတ်လို...။ကမ်းလင့်သော.လက်တစ်စုံ..ပင်သည်လည်း

ပိုင်ရှင်အလိုကျနောက်ဆုတ်၍သာပင်...

"ကျနော်..အရမ်းမူးသွားတယ်ထင်တယ် ခွင့်ပြုပါဦး''

လဲကျမလိုယိုင်လဲနေသောကျနော့်ကိုယ်အားသူသည်ပွေ့ချီဟန်ပြင်သည်လားမသေချာ..

"ရတယ်..ခေါင်းဆောင်..ကောင်းသောညပါ''

တစ်ယောက်သောသူမှလွဲ မည်သူမှထိဟန်မပေးလိုသောကိုယ်သည် အတော်အမှတ်သည်းခြေနည်းသည်...။သို့သော်

အတင်းချီပွေ့လာသောလက်တွေဟာ ကြမ်းတမ်းလွန်းသလိုခံစားရသည်..။ဖယ်ပေးဖို့ရုန်းသော်လည်းပို၍ပင်တင်းကြပ်လာသလို.

"နာတယ်''

မှီကပ်ထားရတဲ့ရင်ခွင်ဟာအသက်ရှူသံပြင်းပြင်း ဒေါသထွက်နေတာလား..

"သူပြောခဲ့တယ်..မင်းဘေးမှာငါတော့ရှိတာ ယုံပေးမလားတဲ့

သူပဲပြောတာပဲလေ...သစ္စာရှိပေးမယ်တဲ့တဘဝလုံးတာဝန်ယူတဲ့..

အခုကြမှလမ်းခွဲရအောင်တဲ့..လူယုတ်မာ..''

လူလိမ်ကြီးစိုင်းရှန်ဟတ် ။အောက်မှမွေ့ယာကြောင့်ကျနော့်အခန်းထဲ ပြန်ရောက်နေမှန်းသိလိုက်သည်..။ အမူးသမားတို့ထုံးစံအရဖွင့်ဟစရာများတော့ မကုန်နိုင်သေး...

"ဘာလို့သူပြောတဲ့အတိုင်းကျနော်က နားထောင်ရမှာတဲ့လဲ ကျနော်သူ့ကိုလမ်းမခွဲပေးနိုင်ဘူး.. လုံးဝပဲ..လုံးဝ ကျနော် သူ ့ကို .............ချစ်.........တယ်''

.....

ချစ်တယ် ။ အရင်ထဲကအချစ်ဆိုတဲ့အရာ ကိုယ်..တကယ်ပဲ..နားမလည်ပါဘူး.။သိခဲ့ရင်အစထဲက မင်းကိုကိုယ့်ရင်ထဲလာဖို့တံခါးမဖွင့်ထားခဲ့ဘူး အနည်းဆုံးတော့ မင်းဖြစ်လာမယ်မှန်း ယောင်လို့တောင်အိပ်မက်မမက်ခဲ့ပါဘူး။ ဒါဟာသေချာသွားတော့မှ မင်းကထွက်ခွာဖို့ပြင်တယ်..။ ဘာကြောင့်များလဲကလေးငယ် အစထဲကမင်းကိုကိုယ်ရှောင်လွဲချင်ခဲ့ပေမယ့် ကုတင်ပေါ်မှာအိပ်နေတဲ့ကလေးရဲ့မျက်ရည်တွေက

ကိုယ့်ဒေါသကိုမီးလာဆွတယ်..။

ပုံတွေထဲမှာ တောင် သူပွေ့ချီသမျှငြိမ်ခံနေတဲ့မင်းလေးက ကိုယ့်ကြမှအသိစိတ်မရှိပဲနဲ့တောင်ရုန်းကန်နေသတဲ့..

ကိုယ်ကသည်းခံမှုမှာ..ပါရမီအနည်းငယ်တောင် ပါမလာတဲ့သူ...

"ဒါနောက်ဆုံးအကြိမ်သတိပေးခြင်းပဲမင်းခ ရပ်တန်းကရပ်တော့..

ဒီမှာသူပျော်နေရတယ်မင်းထင်လား''

ခက်ထန်နေတဲ့မျက်နှာထားနဲ့သူရိန်ဟာ တံခါးကို ကျယ်ကျယ်ဟရင်း အိပ်ပျော်နေတဲ့မင်းသားလေးရဲ့မျက်ရည်တချို့ကို လက်ညှိုးထိုးရင်း

အထင်အရှားပြတယ်..။ အိုး..အပြင်ကဝင်လာတဲ့အလင်းစူးစူးကြောင့် ..ကိုယ့်မင်းသားငယ်အိပ်ရာကနိုးသွားမှဖြင့် ။။ ကိုယ်တကယ်ပဲစိုးရိမ်ပါတယ်..။

"လူတစ်ယောက်ဟာအားနည်းချက် တစ်ခုတောင်မရှိသင့်ပေမယ့် စိုင်းရှန်ဟတ်ဆိုတဲ့ကောင်လေးမှာအားနည်းချက်

တစ်ခုမကရှိနေတယ်''

သူရိန်ဘာစကားကိုမှမဆိုခဲ့တော့ ။နံပါတ်3ကိုတိုးတိုးတိတ်တိတ်ခိုင်းထားတဲ့အရာတွေ သူရိန်အကုန်သိပြီးတဲ့ပုံပဲ

"မင်းဘာလို့အဲလောက်ရက်စက်ရလဲမင်းခ ဟိုကလေးကအခုမှဆယ်ကျော်သက်အရွယ်

သူဘယ်လောက်ထက်မြက်ပါစေ မင်းကိုတိုက်နိုင်တဲ့မလား..လွှတ်ထားလိုက်ပါတော့

ကလေးတွေကို''

သြော်..ခက်သားရယ်..။ကလေးရေ..ကလေးကအစထဲကကိုယ့်အပိုင်မှန်း

ကိုယ့်အရိပ်ထဲမှာမှပျော်ရမယ်မှန်း ။ဒါတွေကခဏတာနာကျင်မှုဆိုတာ သူသိအောင်..ကိုယ်ဘယ်လိုရှင်းပြရပါ့..။

အိပ်ခန်းတံခါးကိုအသာဆွဲပိတ်ရင်း သူရိန့်အားလျို ့ဝှက်ချက်တစ်ခုပြောပြဖို့တွေးမိသည်..။

"ညီမလေးကသူ့ဘာသာသူသတ်သေတယ်လို့ တကယ်ပဲ..ထင်နေတာလား..သူရိန်''

"မင်း''

ပါးနပ်တဲ့သူပီပီ ဆက်နားထောင်ဖို့မဝံ့ရဲစွာ..သူရိန်ဟာ လက်ညှိုးနဲ့နားထင်ကိုအသာဖိထားတယ်

"ငါကိုယ်တိုင်သတ်ပစ်ခဲ့တာ..''

သူရိန်ရဲ့ထိတ်လန့်သွားသောမျက်ဝန်းများအား ရယ်သွမ်းသွေးမိသည်..။

"ငါအစွမ်းကုန်ချစ်ပေးခဲ့တယ်.. အဖေတစ်ယောက်လိုအစ်ကိုတစ်ယောက်လို

သူလိုသမျှငါဘာမဖြည့်ဆည်းပေးခဲ့တာရှိလဲ ဒါတောင်မှသူကငါ့ကိုထားခဲ့ကြံခဲ့သေးတယ်လေ ငါအပြစ်ပေးတာမှားလား..''

"မင်းနှလုံးသားကိုယ်မင်းပြန်သတ်ခဲ့တာပဲ..မင်းခ.''

သူရိန်ရဲ့ ဆို့နင့်စွာအက်ကွဲသောစကား..သည် တိုးငြင်းသော်ငြား..နာကျင်ဖွယ်ရာ.အတိပြီးသည်.။ နာကျင်ခဲ့ပါတယ်...။ ကိုယ့်နှလုံးကိုယ်ပြန်ထိုးစိုက်ရသလိုမျိုး..။မိုက်ရူးရဲဆန်နေတဲ့ကလေးကို အတတ်နိုင်ဆုံးအလျော့ပေးဖို့ဆုံးဖြတ်ခဲ့သလို နားဝင်အောင်ပြောဖို့လဲတွေးခဲ့တယ်...။ဒါပေမယ့် အဲကလေးကပြောခဲ့တယ်..

"ကိုကို့ကိုမုန်းတယ်..''တဲ့

အဲခံစားချက်ကိုရောမင်းသိလား..သူရိန်..။ဟင့်အင်း...မင်းသိမယ်မထင်ဘူး ။ဘာမဟုတ်တဲ့ သူအတွက် သူ့ကိုနှစ်ပေါင်းများစွာပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ညီမလေးအတွက်..ဆိုတဲ့အတွေးနဲ့..။ ဖေဖေနဲ့မေမေဆုံးချိန် ဆယ့်ခြောက်နှစ်သားအရွယ်ထဲက လူသတ်ခဲ့ရတဲ့ .သေနတ်ဒဏ်ရာတစ်ဖက်နဲ့ သွေးအလိမ်းလိမ်းကျနေချိန်မှာတောင်

သူ့ကိုပွေ့ချီရင်း.အသက်လုထွက်ပြေးခဲ့တဲ့ အစ်ကိုကိုလေ..

မုန်းသတဲ့..

ဘာမဟုတ်တဲ့ကောင်အတွက် သိပ်မုန်းသတဲ့..။သေလုနီးပါး...ရင်တမြေ့မြေ့နဲ့.. နာကျင်တယ်..။အဲနာကျင်မှုကသူ့ကိုငါ့လက်နဲ့ကိုယ်တိုင်

သတ်မိတဲ့အထိ..။အဲလိုလုပ်ခဲ့မိလို့လဲ.ရင်ကွဲမတတ် နာကျင်တယ်..။ တစ်နေ့မှမနာကျင်ပဲမနေခဲ့ဘူး.. ဒါပေမယ့် နောင်တတော့မရခဲ့ဖူး... ။

နောင်တတကယ်ပဲမရခဲ့ပါဘူး..

ငိုချင်ရင်ငိုချလိုက်ပါ..ပျော်ချင်ရင်ရယ်မောလိုက်ပါ.. ဒါပေမယ့်ကိုယ့်လက်ထဲမှာပဲ.ဖြစ်ရမယ်.

လိမ္မာတဲ့ကိုယ့်ကလေးကတော့.. ညီမလေးလို မဆိုးဘူး..မလား??

✴✴

အဆုံးအစမဲ့တဲ့ချစ်ခြင်းမေတ္တာဟာ

အနက်ရှိုင်းဆုံးစိတ်ဒဏ်ရာကို..ဖြစ်ပေါ်စေတယ်..

✴✴✴

.ဆရာမလာချပေးတဲ့အဖြေစာရွက်ကိုကြည့်တော့ ဆရာမကကျေနပ်စွာပြုံးပြသည်..။ဒီတစ်ခေါက် မင်းကျေးဇူးနဲ့စာမေးပွဲအောင်ခဲ့ပေမယ့်

ဒီအဖြေလွှာစာရွက်ကိုကြည့်ပြီး သဘောတကျပြုံးနေမယ့်မင်းနှုခမ်းကမှည့်နက်လေးက ဘယ်မှာများလဲ??

စားချိန်မမှန်တဲ့ငါ့ကို..ဆူပုတ်ပုတ်နဲ့.. ဘေးမှာထိုင်ဆုံးမနေမယ့်..မင်းကဘယ်နားမှာလဲ??

ငါ့နောက်ကျောကိုတစ်ချိန်လုံးခိုးငေးနေတတ်တဲ့ အဲမျက်ဝန်းညိုညိုလေးတွေကရော...ဘယ်မှာလဲ??

လိုသလိုကစားသွားတဲ့သူ့ကို နာကြည်းသင့်မှန်းသိပေမယ့်

အဲမိန်းကလေးက..သိပ်လှပြီးချစ်စရာကောင်းတော့ မင်းနဲ့သိပ်လိုက်ဖက်တာလို့ဂုဏ်ပြုပေးသင့်လား..။ သိတယ် ငါကအစစအရာရာနိမ့်ကျသူမှန်း။ လူသတ်သမားသား အဖြစ်သိမ်ငယ်ခဲ့ရသူမှန်း ဘာကိုမှမက်မောဖို့မကောင်းမှန်းသိပေမယ့်.. ဒီလိုလူတစ်ယောက်ရဲ့နှုတ်ခမ်းကို.. နမ်းရှိုက်ခဲ့တာလဲ မင်းပါပဲ..စိုင်းရှန်ဟတ်..ရယ် ။သူဘာကြောင့်ကျနော့်ကိုထားသွားလည်း

အဖြေရှာမရခဲ့တော့ပေမယ့်...။

✴✴✴

ကျောင်းကိုလာလာချင်း မှတ်မိနေတဲ့သူ့ပုံရိပ်နဲ့လက်တွဲထားသော ထိုမိန်းကလေး... မမြင်ချင်ယောင်ဆောင်ကာ မျက်ကွယ်ဟန်ပြုမိသည်..။ ခဏတာရဖူးတဲ့နွေးထွေးမှု တစ်ချို့ ကျနော်မေ့လိုက်သင့်ပြီ..။

"ဟေ့..ဒီမှာစာချုပ်''

ဟိုးတစ်လောကပိုက်ဆံလာတောင်းတဲ့ လူတွေမလား??

ခဏတိုင်းတောင်းလွန်းလို့စိတ်ညစ်နေရပြီ..။လူသာယူသွားတော့..

"မထွက်ပြေးပါနဲ့ကွ..မင်းကောင်လေးကအကုန်ဆပ်ပေးပြီးပြိီ ဆိုတဲ့အကြောင်း..လာပြောတာ''

စိုင်းရှန်ဟတ်..ဆပ်သွားတာလား?? မလိုတော့ဘူး..။သူ့အကူအညီကျနော်ဘယ်နည်းနဲ့မှမလိုဘူး..

"မပြီးသေးဘူး ''

ကျနော့်အားထိုလူတွေကအူကြောင်ကြောင် ကြည့်လာသည်..။

"ဒီပိုက်ဆံတွေ..သူ့ကိုပြန်ပေးလိုက်ကျနော်နဲ့သူကဘာမှမဆိုင်တော့တဲ့လူတွေမလို့ကျနော့်ပိုက်ဆံကျနော့်ဘာသာပြန်ဆပ်မယ်

ပေး..အဲစာချုပ်''

"ဟေ့ကောင်လေး..မလုပ်နဲ့လေ..ဟာကွာ''

စာချုပ်အား တစ်စစီဆွဲဖြဲဟန်ပြင်သောကျနော့်အား ဆွဲတားသောလက်သည်

"အရူးမထစမ်းနဲ့..''

ပိုင်ရှင်ရှိသောလက်..

"ရပြီ..ခင်ဗျားတို့ပြန်လို့ရပြီ..''

ထိုလူများအားနှင်ကာ စာချုပ်ကိုအသာအယာလက်ထဲလာထည့်ပေးသည်..။ထွက်သွားသောလူများအားကြည့်ရင်း

ကျနော်အရူးတစ်ယောက်လိုငိုကြွေးချင်လာသည် ။ဘာကိစ္စလာဂရုစိုက်ပြန်တုန်း..လူယုတ်မာ..

"ဒါ..လမ်းခွဲလက်ဆောင်လို့သဘောထားလိုက်

မဟုတ်တဲ့မာနတွေကြီးမနေနဲ့..''

"မထားနိုင်ဘူး..ငါမင်းနဲ့လည်း" လမ်းမခွဲနိုင်ဘူး......။သူဘယ်လိုဘယ်ပုံဖြစ်ကျန်ခဲ့သည်လည်း ကျနော်မသိ။တစ်ခွန်းသောစကားကိုဆိုကာ

ကျနော်သူ့ရှေ့မှပြေးထွက်မိခဲ့ပြန်ခြင်းသည် သူ့ထံမှထိုစကားအားထပ်မကြားလို၍..။

ကျနော် ကြိုးစားသည် ။အရင်လို သူမရှိပဲနေခဲ့သောနေ ့များလိုကြိုးစားရင်း တစ်ရက်

ကျောင်းဆင်းကာနီးလွယ်အိတ်သိမ်းခိုက်ထိုမိန်းကလေးနဲ့လက်တွဲရင်း ကော်ရစ်ဒါတလျောက်ဖြတ်သန်းသွားသည့်သူအား

"အဲကောင်မလေးနဲ့အထက်တန်းပြီးရင်စေ့စပ်မယ်တဲ့''

လှမ်းကြည့်ကာ ခပ်တိုးတိုး အတင်းချနေသော.. ကျောင်းသူမိန်းကလေးများရဲ့ထိုစကားများနောက် သူရူးပမာကျနော်သည်ပြေးထွက်ခဲ့သည်..။

ထိုအခိုက်ထိုကာလ၌ သူ့ကိုကျနော်ဆုံးရှုံးရတော့မည်လားဟူသော အသိတစ်ခုမှလွဲ၍..။သိချင်သည် ။။အနိုင်ကျင့်နေရင်းမှဘာလို ့ထကောင်းပေးခဲ့တာလည်း သိချင်သည် ။တစ်ညတစ်ရက်တည်း နဲ ့ ဘာလို ့စိမ်းကားသွားတာလဲ ကျနော်သိချင်သည် ။ သူရဲ ့နွေးထွေးမှု သူပေးအပ်ခဲ့သမျှသည် အတုအယောင်တွေ မဟုတ်ကြောင်းကျနော်သိသည် ။ဒါပေမယ့် ဘာလို ့လဲ အစထဲက နားလည်ရခက်သော သူမှန်းသိပေမယ့် ဘာလို ့လဲ ။

"စိုင်းရှန်ဟတ်..''

သူသည်ကျနော့်အားတဖြည်းဖြည်း လှည့်ကြည့်လာသည်..။ မျက်နှာကျသိပ်ကြည့်ကောင်းသော်လည်း ပါးရိုးထင်းထင်းနှစ်ဖက်က သူ့မျက်နှာများချောင်ကျသွားသလို။ ထို့နောက်စိတ်ပျက်ဖွယ်..လုပ်ရပ်များကို ကျနော်..စတင်နိဒါန်းကျူးမိတော့သည်..။

"ဘာလို ့လဲ ဒီလိုထွက်သွားခဲ့မယ်ဆို အန်ုင်ပဲကျင့်နေခဲ့ရောပေါ့ အခုမှ ဘာလို ့လဲ မင်းမရှိပဲ ငါမနေတတ်'တော့မှ '

မျက်လုံးအစုံကိုတင်းတင်းမှိတ်ရင်း ရင်ကိုဖွင့်လှစ်မိသည်..။ကျေးဇူးပြု၍ သူမြင်ပါစေသား..ဘေးနားမှာထိုမိန်းကလေးရှိနေမှန်းသိပေမယ့်

မာနတွေက..သူ့့အတွက်ဆို..သိပ်အရေးမပါတော့ဘူး..ရယ် ။

"ပြန်လာခဲ့ပေးရမလား''

မျက်လုံးကိုတဖြည်းဖြည်းဖွင့်ကြည့်တော့ငွေရောင်ဆံပင်တွေအောက်က...အရယ်အပြုံးမဲ့ မျက်ဝန်းညိုတွေ...ပြန်လမ်းမရှိတဲ့မျက်ဝန်းတစ်စုံနဲ့သူကျနော့်ကို ဘာပြောခဲ့တာလဲ??.. ပြန်လာပေးရမတဲ့လား??

ကျနော်သိတာပေါ့..သူကျနော့်ကိုခဏတာစိတ်ကွက်တာမှန်း..

"ဒူးထောက်လိုက်..အဲဒါဆိုရင် ငါစဉ်းစားပေးမယ်လေ''

ခဏ..သူဘာပြောလိုက်လဲကျနော်မကြားဘူးရယ်တွနု့်ဆုတ်မိသွားတဲ့နောက် ခပ်မဲ့မဲ့အပြုံးတစ်ချက်က..ကျနော့်အချစ်ကို

လှောင်ပြောင်လိုက်တာလား??။မထင်ပါနဲ့... အဲလောက်နဲ့လဲပြိုတတ်ရင်..ဒါကို..အချစ်လို့ ငါအမည်မတပ်ခဲ့ဘူး...

"ငါဒူးထောက်ရင် မင်းတကယ်ပဲပြန်လာပေးမလား''

သူ့မျက်နှာထက်ကအပြုံးတစ်စ..တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

"ငါဒူးထောက်ရင် မင်းတကယ်ပဲပြန်လာပေးမလား''

ခွပ်..!! ပါးပေါ်အရှိန်ပြင်းပြင်းကျလာတဲ့ဒဏ်ချက်တစ်ခုကကျနော့်ရဲ့ဆုလာဘ်လား

"ရူးနေတာလား...ဒူးထောက်ပြလဲ..ငါကပြန်လာမယ်ထင်နေလား''

သူနမ်းရှိုက်ခဲ့တဲ့ကျနော့်နှုတ်ခမ်းပါးက သွေးစတွေထွက်လာပေမယ့် ကျနော််းမရုန်းကန်ဖြစ်ခဲ့ဘူး ။

"ပြော.. ငါမင်းကိုချစ်တယ်လို့ပြောခဲ့ဖူးလို့..လားမင်းကရူးနေတာလား..ဟမ်..ဖြေစမ်း''

အလဲလဲအကွဲကွဲဖြစ်ပျက်နေတဲ့ ကျနော်တို့နှစ်ယောက်ကို ဘေးကမိန်းကလေးက..ဆွံ ့အစွာငေးနေခဲ့တယ်..။ သူ..ကျနော့်ကိုဘယ်လိုသတ်ရမလဲ သူသိပုံရတယ်..။ကျနော့်ကိုရိုက်နှက်ထားတဲ့ လက်တစ်ဖက်နဲ့အဲမိန်းကလေးရဲ့လက်ကို...

အမြတ်တနိုး..ဆွဲကိုင်လိုက်ရင်း ထွက်သွားတဲ့ နည်းလမ်းမျိုးနဲ ့ပေါ့ ။

ကျနော့်အပေါ်အုပ်မိုးလာတဲ့နောက်ထပ် အရိပ်လေးတစ်ခု.. ကျိန်းစပ်နေတဲ့မျက်ခွံကိုအားတင်းဖွင့်ကြည့်မိတော့.

သီဟ..!!

"သိပ်သနားစရာကောင်းတဲ့နောင် မင်းသိလား...ရှန်ဟတ်က မင်းကိုတခြားအနိုင်ကျင့်တဲ့နည်းတွေက သိပ်မထိရောက်လို ့အသည်းခွဲတဲ့နည်းကို ရွေးလိုက်တာလေ ။မင်းကိုသူတကယ်ချစ်တယ်များ ထင်နေလား ။.''

သီဟရဲ့အသံကသိပ်မကျယ်ပေမယ့် လူသူမရှိတော့တဲ့ကော်ရစ်ဒါတစ်လျှောက်ကြားရသည်အထိ..လုံလောက်သည်..။

အဲဒါဘာစကားကြီးလဲ?? ကော်ရစ်ဒါအဆုံးကိုရောက်နေတဲ့ ရှန်ဟတ်ရဲ့ခြေလှမ်းတွေရပ်တန့်သွားသလို ထိုမိန်းကလေးရဲ့လက်ကိုဆွဲဖြုတ်ရင်း

"မင်းပါးစပ်ကိုပိတ်ထားစမ်း..သီဟ''

" မင်းသိလား ရှန်ဟတ်က ငယ်ငယ်ထဲက မင်းကိုပဲ အနိုင်ကျင့်နေခဲ့လဲ ။ ရှန်ဟတ်အဖေက ဘယ်သူလဲ "

ခပ်ဝေးဝေးကနေ အော်သံနက်နဲ့အတူပြေးလာတဲ့ငွေရောင်ဆံနွယ်တွေသူ..ဘာလို့တားဆီးနေခဲ့သတဲ့လဲ??သူပြေးလွှားနေတဲ့ပုံကို

သီဟက..ပြက်လုံးတစ်ခုလိုသဘောကျစွာရယ်မောလေရဲ့..

".ရှန်ဟတ်အဖေ နာမည်က ....###..တဲ့''

ဝမ်းနည်းဖွယ် ရင်းနှီးနေသော...အမည်ကိုကြားရချိန်..ဒီနာမည်က... မဖြစ်နိုင်လောက်ဘူးမလား??တစ်လောကလုံးဘာမှမရှိတော့သလို... သီဟအားသူဆွဲထိုးနေသံများ မိန်းကလေးရဲ့ဟစ်အော်သံတွေ။သို့သော်ကျနော်မကြား..

"ကြီးကြီးသိရသလောက်သေသွားတဲ့သူမှာ သားအရွယ်ကလေးတစ်ယောက်ရှိတယ်တဲ့...''

အဲကလေးက...အဲကလေးကလေ

ကျနော့်ကို

"လူသတ်သမားတွေဘယ်လောက်ရွံဖို့ကောင်းလဲ သိလား''လို့ပြောခဲ့ဖူးတဲ့သူလား??

"အောက်တန်းစားကောင်..အဆင့်မရှိတဲ့သူက အဲလိုပဲနေသင့်တယ်''ပြောပြီး တစ်ချိန်လုံးအနိုင်ကျင့်ခဲ့တဲ့သူလား??

"မောင်ရှိတယ်ယုံပေးမလားဆိုပြီး ကျနော့်ကိုထွေးပွေ့ကာကွယ်ပေးတတ်တဲ့သူလား??

လိုချင်တာရရင်ကလေးဆိုးတစ်ယောက်လို ကျေနပ်တတ်တဲ့သူလား??

ဒါမှမဟုတ်ကျနော့်အချစ်ကို..အပိုင်ယူသွားတဲ့ ကျနော်..ဒူးထောက်လိုက်ရတဲ့သူလား??

ကျနော့်အချစ်ဦးကကျနော့်အဖေသတ်လိုက်တဲ့ သူရဲ့သား.. ဒါ..သိပ်ကိုဟာသဆန်တဲ့ပြဇာတ်ပဲ ။ ကျနော်ငယ်ငယ်ထဲကတွေးဖူးတယ်

သူဘာလို့ကျနော့်ကိုမုန်းနေခဲ့လဲ။ အမြဲသိချင်ခဲ့တဲ့မေးခွန်းတွေရဲ့အဖြေက.. ဒီလိုမှန်းသိခဲ့ရင်.. ကျနော် မ တောင်းဆိုခဲ့ဖူး..ဘာကိုမှ ။

"အဲဒါကြောင့်''

လူသုံးယောက် လုံးရဲ့အကြည့်က ကျနော့်ဆီ..ရောက်ရှိလာသည်..။

.

"အဲဒါကြောင့်...ငါ့ကိုအနိုင်ကျင့်ခဲ့တာလားငါ့ကိုကစားခဲ့တာလား...

ဟုတ်လား...စိုင်းရှန်ဟတ်...ငါ့ကိုဖြေစမ်းပါ...''

အားတင်းထရပ်ရင်းသူ့အကျီစကိုဆွဲကိုင် လှုပ်ယမ်းမိသည်။ ဆိတ်ဆိတ်နေခြင်းဟာဝန်ခံသတဲ့...

"ဒါကိုတောင်ငါကမသိပဲ.. မင်းရဲ့ဂရုစိုက်မှုတွေက..တကယ်ပဲလို့ မင်းကငါ့ကိုတကယ်ချစ်ခဲ့တာလို့ထင်နေခဲ့မိသေး..''

တစ်ချိန်လုံးငြိမ်နေခဲ့သော အညိုရောင် မျက်ဆံများသည်ဖျတ်ခနဲ လှုပ်ရှားသွားကြသလို..

"ကောင်းပြီလေ... မင်းဖြစ်စေချင်တဲ့အတိုင်းပဲပေါ့..''

ဘာစကားတစ်ခွန်းကိုမှသူပြန်မဆို...အိပ်မက်ယောင်နေသလို.. မလှုပ်မယှက်.. .ဖွာဝဲနေသော ဆံပင်တွေအောက်က.. ခံစားချက်မရှိသော....မျက်ဝန်းသေတွေ..က ရင်းနှီးခဲ့့ဖူးသော အရောင်တောက်မျက်ဝန်းများနဲ့ ကွဲပြားလွန်းနေလေသော...

ထိုတစ်ယောက်သောသူကျေနပ်စေဖို့ရာ

"..အတုအယောင် ဂရုစိုက်မှုတွေကို အချစ်လို့အထင်မှားသွားပုံပါပဲ....''

သူသည်နားထောင်နေသည်လားမသေချာ..။သို့သော်ကျနော်အဖြေရှာစရာမလိုတော့ဟုထင်သည် ။

"ငါ့ကိုမြင်ရတာမင်းသိပ်နာကျင်လားဟင်မဟုတ်ဘူး..သိပ်နာကျင်မှာပဲ''

"ဟုတ်တယ်..''

အတန်ကြာတိတ်ဆိတ်ပြီးဖွင့်ဟလာသောစကား ။သူနဲ့ဝေးရာ..ကျနော်ခြေတစ်လှမ်း ယောင်ယမ်းဆုတ်လှမ်းမိသည်..။

"မင်းကိုမြင်ရတာ..အရမ်းနာကျင်တယ်သေမလိုပဲ..ငါ့မှာဘယ်သူမှမရှိခဲ့ဖူး..နောင်

သိပ်ချစ်တတ်တဲ့အဖေတစ်ယောက်ပဲ အဲတစ်ယောက်သောသူကို. ရက်ရက်စက်စက်သတ်ခဲ့တဲ့မင်းအဖေရဲ့သား

မင်းကိုမြင်ရတာရူးတော့မလိုပဲ..ဒါကြောင့်မလို့ ကျေးဇူးပြုပြီး. ဒီလောက်နဲ့ပဲ ငါ့ဘေးကနေ..ပျောက်ကွယ်သွားပေးတော့.''

"အဲဒါဆို..မင်းပျော်ရမှာသေချာလား''

သူ့နှုတ်ခမ်းတို့ပြုံးမယောင်ကွေးညွတ်လာခဲ့သည့်နောက်..ကျန်တာမလိုအပ်တော့ပါ.. ကျနော်သူ့ကိုသတ်ပေးဖို့

အကြိမ်များများ..တောင်းဆိုခဲ့ဖူးသည်..။ အခုသူက..ဖြည့်ဆည်းပေးခဲ့ပြီ..။တင်းတင်းစေ့ကာ ပိတ်ထားသော

နှုတ်ခမ်းပါးထက်ရှိ..မှည့်လေးအား..တစ်ချက် အသာ..နမ်းရှိုက်မိသည်..။သူသည်အနည်းငယ်ယိုင်သွားသယောင်

ဒီခံစားချက်..ဒီရင်ခုန်သံဟာပူနွေးနေခဲ့ဆဲ.။ထို့နောက် ကျနော်နံပါတ်.တစ်ချို့.စတင်ရေတွက်မိသည်..။ တိတ်ဆိတ်သွားသောဝန်းကျင်မှာတော့

ကျနော့်ရဲ့ခြေသံနဲ့အတူ သီဟရဲ့ခြောက်ကပ်ကပ်ရယ်သံတစ်ချို့က ပျံ ့လွင့်လာခဲ့သည်...။

"တစ်..''

"နှစ်'''

သူနဲ့ကျနော်ကြားဝေးကွာလာသော ခြေလှမ်းများကို ကျနော်..ရေတွက်နေခဲ့ခြင်းမဟုတ်..။ တစ်စဆီကြေမွသွားသော နှလုံးသားအပိုင်းအစများကိုကျနော် ရေတွက်နေခဲ့ခြင်း..။ အရာအားလုံးမှောင်မိုက်နေရင်း ထို့နောက်ထွက်ပေါက်တစ်ခုကို..ကျနော်

ရှာဖွေဖြစ်ခဲ့သည်..။ နောင်ဘ၀ထိတိုင်.မှောင်စပျိုးနေတဲ့ နေဝင်ဆည်းဆာအောက် တသွင်သွင်စီးဆင်းနေတဲ့ ရေပြင်ကျယ်ဟာ အေးမြနေမည်လား..

" မြို့..###တွင် ##..တံတားပေါ်မှ အဆုံးစီရင်သူတစ်ဦးအားတွေ့ရှိ.. စစ်ဆေးချက်များအရ..အဆုံးစီရင်သူမှာ

ငယ်ရွယ်သေးပြီး ##ကျောင်းသားဝတ်စုံကို.. ဝတ်ဆင်ထားပုံကြောင့်.. ထိုကျောင်း၏ကျောင်းသားတစ်ဦး ဖြစ်မည်ဟုခန့်မှန်းပြီး''

သတင်းထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် ခြံကျယ်ကြီးအတွင်း.ဝင်ချလာသော ကားတစ်စီး ။ကျူးလစ်ဖြူဖြူတွေအနည်းငယ်ချိုးယူကာ

ဖန်ပုလင်းထဲထည့်နေသည့် မင်းသွေးခနဲ့အတူရှိနေရင်း ဝင်လာတဲ့ကားရဲ့အမောင်းကြမ်းပုံကြောင့်... ့သူရိန်... မျက်မှောင်ကြုတ်မိသော်လည်း

ကားပေါ်မှကယောင်ကတမ်းပြေးလာသည့် ခွန်းသမျက်နှာပေါ်မှ တစ်ခါမှမမြင်ဖူးသည့်အရာများ

"ဒုခေါင်းဆောင်... ကယ်ပါဦး... ကလေးလေးကလေ.အခု...အခု''

ရှိုက်ကြီးတငင်ငိုချလိုက်သည့်ခွန်းသ တဆက်တည်းမှာပဲ..။မြေပြင်ပေါ်...မမြဲသောလက်ကြောင့် ကျဆင်းသွားသည့် ဖန်ပုလင်းတစ်ခုကွဲအက်သံ...။သူရိန်လှည့်ကြည့်မိတော့...ကျကွဲသွားသည့်ဖန်အပိုင်းအစများကြားမှ ကျူးလစ်ဖြူဖြူများကို ငေးကြည့်နေခဲ့သည့်... တည်ငြိမ်လွန်းပါသည်ဆိုလေသော မင်းသွေးခရဲ့သွေးပျက်ဟန်...

ဘယ်လိုလဲမင်းသွေးခ ကိုယ့်နလုံးသားကိုယ်နှစ်ကြိမ်မြောက််ပြန်သတ်ရတာ ကျေနပ်ပါရဲ့လား..??...

....

အရေးပေါ်ကယ်နေရသော ရှုပ်ယှက်ခတ်နေသည့်ပိုက်ကြိုးများအောက်က ကောင်ငယ်လေးဟာ.. သူ့စိတ်ကိုတကယ်ပဲ..ရူးသွပ်စေသည်..။ တကယ်ဆို.. လွန်ခဲ့သောနှစ်လကျော်ခန့်မှစ အရာအားလုံးသည်အစပြုရန်.. သူစေခဲ့သည်..။

"ဘယ်လိုဖြစ်သွားပြီလဲ..နံပါတ်3'''

"ဟုတ်ကဲ့..သူ့အမေနဲ့ပထွေးဖြစ်သူက သူ့အဖေရှိစဉ်ကထားခဲ့တဲ့လုပ်ငန်းတွေကိုပဲ ဒီအတိုင်းအမြတ်ငွေသုံးခဲ့ကြတာမလို့

လုပ်ငန်းမကျွမ်းကျင်ခဲ့ကြဘူး အမြစ်ပြုတ်အောင်လုပ်ဖို့အလွယ်လေးပါပဲ..''

နံပါတ်3ရဲ့အဖြေက သူ့ကိုအားရစေသည်..။ ဒီလောက်လွယ်တဲ့အားနည်းချက်တွေရှိနေတာပဲ.. ။လုပ်ငန်းကစားနေကြသူ့အတွက်

သူဘာမှသိပ်အားစိုက်ထုတ်စရာတောင်မလိုခဲ့..

"အခုနာမည်တုနဲ့ချေးငွေပေးမယ်ပြောလိုက်.. ပြီးတော့..နောင့်ဆီကို..အကြွေးတောင်းဖို့

လွှတ်ထားခိုင်းတဲ့လူတွေကရော''

"စိုင်းရှန်ဟတ်က..သူ့နာမည်နဲ့ဆပ်မယ်ပြောပါတယ်တဲ့. "

သူ့အကွက်ထဲလွယ်လွယ်ကူကူဝင်လာကြတာပဲ ထို့နောက်.. အရာအားလုံးဟာသူ့စီမံချက်အတိုင်းဖြစ်ခဲ့သည်..။ အိမ်ကိုပါအပိုင်သိမ်းလာနိုင်သည်အထိ များပြားလာသောချေးငွေပမာဏ ။ အမေ ။ထိုအရာက...စိုင်းရှန်ဟတ်အတွက်အကြီးမားဆုံး

ဖိအားဖြစ်ခဲ့ပုံရသည်..။စိုင်းရှန်ဟတ် ဟာသူ့အမေကို..နာကျင်စေမယ့်လူမဟုတ်.. ။စိုင်းရှန်ဟတ် အားအချိန်ကြာတစ်ဖက်သတ်ချစ်ခဲ့သည့် သမီးဖြစ်သူရဲ့ပျော်ရွှင်မှုအတွက် ဖခင်တစ်ယောက်ရဲ့ပေးဆပ်ခြင်းကပင်

ပြဿနာရဲ့အဖြေဖြစ်ခဲ့လေသည်..။

ငယ်ရွယ်သေးတဲ့ဆယ့်ရှစ်နှစ်.. ဆယ်ကျော်သက်..အရွယ်မှာ.. ဒီလိုငွေပမာဏကိုရှာဖို့နည်းလမ်းက အခြားရှိမည်မဟုတ်..။ ပိုက်ဆံအတွက်သားဖြစ်သူကိုရောင်းစားရန် ဝန်မလေးသည့်အမေဖြစ်သူအား ရွံရှာမိသော်လည်းမင်းသွေးခအတွက်..အလွန်အသုံးဝင်ခဲ့သည်..။

နောက်ဆုံးကြားရသည့်သတင်းက

စိုင်းရှန်ဟတ်ဟာ..သူ့အမေရဲ့မျက်ရည်အတွက် ထိုမိန်းကလေးကိုလက်ခံခဲ့ပြီး သူ့နှလုံးသားကိုထိုးကျွေးခဲ့သည်တဲ့..။ ဒါသူလိုချင်တဲ့အရာပဲလေ.. ။အရေးကြီးဆုံးက..ကလေးငယ်ဟာသူ့အပိုင်ဖြစ်လာဖို့...

ဤသို့ဤပုံ နှယ်ဖြင့်ကိုယ်တိုင်ရေးပြဇာတ်မှာ.. သူဟာဗီလိန်တစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာကပြခဲ့လေသည်..။ သူဘယ်လိုမှမထင်ထားသည့်.. အခြေအနေက အဲကောင်လေးကြောင့်သတ်သေတာတဲ့လား..။ ကိုယ့်ဘဝထဲရောက်လာချိန်ကအစ

မင်းဘဝကိုမင်းမပိုင်တော့တာသိသင့်တယ်..

အနာကိုဆားပက်သကဲ့သို့.. ဆေးရုံခန်းပြင်ပမှာရှိနေသည့်သူ့အား ပေးပို့လာသည့်ထိုးနှက်ချက်အောက်ငြိမ်ခံနေခဲ့တဲ့ပုံရိပ်တွေ..

တောက်!!

ဖုန်းကိုနံရံထက်ပစ်ပေါက်ခွဲလိုက်ရင်း ဆေးရုံကုတင်ထက်ကကောင်ငယ်လေးဆီ အစဉ်နီမြန်းနေကြသောနီရဲသောနှုတ်ခမ်းတစ်စုံ

အစား..ပြာနှမ်းဖြူရော်နေသောနှုတ်ခမ်းပါးလေးကိုထိတွေ့မိသည်..။

ဘယ်နေရာထိထွက်သွားဖို့ကြံထားတာလဲ.. ကိုယ့်ကလေး..

အသက်တစ်ချောင်းစွန့်ခွာပြေးတော့ ကိုယ်နဲ့ဝေးမယ်. ။ဒီလိုမျိုး.လွယ်လွယ်လေးတွေးခဲ့တာများလား..။သေမင်းဆီကပြန်တောင်းယူဖို့..

စစ်ခင်းမှဖြစ်မယ်ဆိုလဲ..ကိုယ်ကအဆင်ပြေတာမလို့..ဒီလောက်နဲ့ပဲ...ပြန်လာခဲ့တော့..ကလေးငယ်..။ကိုယ့်စိတ်ကို..ခံနိုင်ရည်စမ်းနေတာ

မင်း..ရပ်သင့်ပြီ....

.....
(See you next week)

Continue Reading

You'll Also Like

777K 50.5K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
155K 7K 35
-နိုင်းနိုပိုင်- *ငါအဆင်ပြေပါတယ် ဒါဟာငါအမြဲလိမ်ညာနေကျစကားတစ်ခွန်း... ငါအဆင်ပြေပါတယ်...* -သက်တံကို- *ဘာ့ကြောင့်ဆိုတာ ငါမသိဘူး သိလဲမသိချင်ဘူး သူနဲ့ပတ်သ...
91.6K 4K 34
-ဆုေတာင္းေတြသာအမွန္ျပည့္မယ္ဆိုရင္ ကြၽန္ေတာ့္ေဘးနားအၾကင္သူ႐ွိေနေစဖို႔ကို အပူကပ္မိမွာအမွန္ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူ...
893K 47.6K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...