အကြင်နာ.... မုန်း ( Completed)

By reta-nan

656K 61.2K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 15
ep -16
ep -17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep -14

17K 1.8K 351
By reta-nan

မုန္း ေကာ္ဖီဆိုင္မွာ ေကာ္ဖီေသာက္ေနရင္း ဂိမ္းေဆာ့ေနစဥ္ လူတစ္ဦးသည္ သူေရွ႕ ေကာ္ဖီ ေနာက္တစ္ခြက္ လာခ်ေပးၿပီး သူ႕မ်က္မွာခ်င္းဆိုင္မွာ ၀င္ထိုင္လိုက္ေလသည္ ။

'' ငါ မင္းနဲ႔ သူငယ္ခ်င္း လုပ္လို႕ ရမလား............ ''

ေယာက်ာၤးသံ တစ္သံထြက္ေပၚလာေတာ့ မုန္းထိုသူကို ေမာ္ၾကည့္လိုက္သည္ ။ သူ႕ပံုစံၾကည့္ရတာ မုန္းနဲ႕ အသက္တူတူေလာက္ပဲ ရွိမယ္ထင္မိ ။ မုန္း ထိုသူကို ၿပံဳးျပလိုက္ရင္း ဂိိမ္းကို အဆံုးသတ္လိုက္သည္ ။

'' ရၿပီ ...........၊ မင္း ကဘယ္သူလဲ ၊ ဘာလို႔ ငါနဲ႕ သူငယ္ခ်င္း ျဖစ္ခ်င္ရတာလဲ ''

'' မင္းကို မနက္တိုင္း ဒီနားမွာ ေကာ္ဖီ လာလာေသာက္ေနတတ္တာကို သတိထားမိေနလို႕ ၊ မင္းက စိတ္၀င္စားဖို႕ေကာင္းတယ္ ၊ ဒါေၾကာင့္ ငါတို႕ သူငယ္ခ်င္းလုပ္ရေအာင္ ''

မုန္း ခ်က္ခ်င္းျပန္မေျဖေသးဘဲ ထိုသူကို တစ္ခ်က္အကဲခတ္ၾကည့္လိုက္သည္ ။ အရင္တုန္းက သူ႕မွာ မိတ္ေဆြအေပါင္းအသင္း သူငယ္ခ်င္း ဆိုတာမ်ိဳး မရွိခဲ့ဖူး ။ သူသည္ သခင္ေလး၏ အမိန္႕ကို နာခံၿပီး သခင္ေလးေနာက္ကိုသာ လိုက္ခဲ့သည္မို႕ သူငယ္ခ်င္းမရွိခဲ့ဖူးတာ မဆန္း ။ ဒီေကာင္ေလးကို ဒီမတိုင္ခင္က တစ္ခါမွ မေတြ႕ဖူးေသာေၾကာင့္ ဒီေကာင္ေလးရဲ႕အက်င့္စရိုက္ကိုလည္း သူမသိ ။ သို႕႔ေသာ္ ရိုးသားပံုေပၚ၍

'' ဘာလို႕ ငါနဲ႕ သူငယ္ခ်င္း ျဖစ္ခ်င္ရတာလဲ ၊ ငါ့မွာ ေကာင္္းတဲ့အကြက္လည္း ဘာမွ မရွိဘဲ''

'' မင္းက ရုပ္ေခ်ာၿပီး ဂ်စ္ကန္ကန္ေလးေလ ၊ ဒါက ဆြဲေဆာင္မႈတစ္မ်ိဳးထင္တယ္ ၊ လြန္ခဲ့တဲ့ တစ္ပတ္ ငါဒီဆိုင္မွာ ေကာ္ဖီလာေသာက္ကတည္းက သတိထားမိေနတာ ၊ ဒီေန႕နဲ႕ဆို ေျခာက္ရက္ေျမာက္ေန႕ပဲ ၊ မင္းက ဂိမ္းေဆာ့တယ္ ေကာ္ဖီေသာက္တယ္ ၊တစ္ခါတေလ မုန္႕ေတြ အမ်ားႀကီးမွာစားတယ္ ၿပီးရင္ ထျပန္တယ္ ၊မင္းပံုစံၾကည့္ရတာ လံုး၀ လြပ္လပ္တယ္ ၊ ေဘးကေနၾကည့္ရင္ေတာင္ မင္းဆီက ဓာတ္ေတြက ငါ့ကို ကူးစက္ၿပီး ငါကိုယ္တိုင္ေတာင္ လြတ္လပ္ေပါ့ပါးသြားသလိုပဲ ''

'' မင္းဟာက ထူးဆန္းလိုက္တာ ၊ ငါ့ကို ေသခ်ာၾကည့္ ၊ ငါက မိန္းမတစ္ေယာက္မဟုတ္ဘူးေနာ္ ၊ မင္းစကားေျပာတဲ့ပံုက ရည္းစားစကားေျပာေနတဲ့ပံုမ်ိဳး ''

'' ရည္းစားစကားေျပာတာေတာ့ မဟုတ္ေပမယ့္ မင္းက စိတ္၀င္စားဖို႕ ေကာင္းတာကိုေတာ့ ၀န္ခံပါတယ္ ''

ထိုေကာင္ေလးသည္ ဆြဲေဆာင္မႈရွိရွိ ၿပံဳးလိုက္၍ မုန္းပင္ေငးခနဲ ျဖစ္သြားသည္ ။ ဒီေကာင္ ေခ်ာတာေတာ့ ေတာ္ေတာ္ေခ်ာသည္ ။ မုန္းနဲ႔ ကြာျခားတာ တစ္ခုက သူ႔၏ ဆြဲေဆာင္မႈသည္ ရင့္က်က္တည္ၿငိမ္မႈ ရွိၿပီး တစ္ဖက္သားကို ဖမ္းစားႏိုင္သည္ ။ ဒီလုိိဆိုျပန္ေတာ့လည္း မုန္းမွာလည္း ပင္ကိုယ္စရိုက္က ဆြဲေဆာင္မႈရွိၿပီးသား ။မ်က္၀န္းေတြက ညိဳ႕ယူတတ္ေပမယ့္ အားအားေန လူေတြကို လိုက္ညိဳ႕ယူေနတာမ်ိဳးမွ မဟုတ္တာ ။ ဒီတစ္ေခါက္အတိတ္ကို ျပန္ေရာက္လာၿပီးေနာက္ သူ႕ေခါင္းထဲ သခင္ေလးတစ္ေယာက္တည္းရွိ၍ ပတ္၀န္းက်င္ကိစၥေတြမွာ လူမႈဆက္ဆံေရးေတြ ေတာ္ေတာ္ေခါင္းပါးလာသည္ ။ သူ႕ကို ရဲတင္းစြာၾကည့္ေနေသာ ထိုေကာင္ေလးကို မုန္း ရင္ထဲက က်ိတ္ရယ္လိုက္သည္ ။

မင္း ညိဳ႕တတ္တာေလာက္မ်ား ပ်င္းေသးတယ္ ......... အဟက္

'' ေကာင္းၿပီေလ ......... မင္းနဲ႕ သူငယ္ခ်င္း ျဖစ္ဖို႕ ကိစၥကို ငါလက္ခံတယ္ ၊ ငါ့နာမည္က မုန္းအသေခ်ၤ ၊ မုန္းလို႕ ေခၚႏိုင္တယ္ ''

'' ငါ့နာမည္က မိုက္ခ္ ''

'' နာမည္ကေတာ့ အလန္းပဲ ''

" မင္းနာမည္ကိုလည္း ငါသေဘာက်ပါတယ္ ။ မိတ္ေဆြျဖစ္တဲ့ အထိမ္းအမွတ္အေနနဲ႔ ဒီေန႔ ငါဝယ္ေကြၽးမယ္ ''

ေယာက်ၤားခ်င္း မိတ္ဆက္တာမို႕ ရွည္ရွည္ေ၀းေ၀းေတြ ေျပာမေနေတာ့ပဲ သူတို႕ အခ်ိန္တိုေလးအတြင္း မိတ္ေဆြျဖစ္သြားေလသည္ ။ အရဲတင္းေသာ မိုက္ခ္သည္ မုန္းကို လက္ဆြဲႏူတ္ဆက္ခဲ့စဥ္က ခ်က္ခ်င္းမလြတ္ေပးဘဲ ခပ္တင္းတင္းဆုပ္ကိုင္ထား၍ မုန္းသည္ ေယာက်ာၤးမာန အက်မခံ အားကုန္သံုးၿပီး ျပန္ညႇစ္ထားလိုက္သည္ ။ ႏွစ္ဦးသား၏ ပထမဆံုးေတြ႕ဆံုခန္းသည္ ေ၀ခြဲမရေသာ အစျပဳျခင္းတို႕ ပါ၀င္ေနေလသည္ ။

********************

ဦးလက္်ာသည္ အနာဂတ္ကနည္းအတိုင္း အဓိကရွယ္ယာရွင္တစ္ခ်ိဳ႕ကို သူ႕လူျဖစ္ေအာင္စည္းရံုးၿပီး သခင္ေလး၏ အင္အားေလ်ာ့ပါးသြားေအာင္ စီစဥ္ေလသည္ ။ မုန္းက ႀကိဳသိထားေပမယ့္ ေလာေလာဆယ္အေနအထားအရ သူတားႏိုင္တာ ဘာမရွိေသး ။ ဦးလက္်ာဟာ Noya လုပ္ငန္းစုေအာက္က လုပ္ငန္းအေသးေလးတစ္ခ်ိဳ႔မွာ ျပသနာေသးေသးေလးေတြကို မသိမသာဖန္တီးၿပီး အႏႈိင္းမဲ့ကို အဖက္ဖက္ကေန ေသြးတိုးစမ္းခဲ့သည္ ။

အႏႈိင္းမဲ့သည္ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႕ ဥကၠ႒ရာထူးကို ဆက္ခံၿပီး Noya ကိုလက္လႊဲယူခဲ့တာမို႔ တစ္ခ်ိဳ႕ ရင္းႏွီးျမွပ္နွံသူေတြဟာ အႏႈိင္းမဲ့၏ လုပ္ႏိုင္စြမ္းအေပၚ ေမးခြန္းထုတ္လာၾကသည္ ။ မည္သို႔ပင္ဆိုေစကာမူ အႏႈိင္းမဲ့သည္ ယခုထိ မၿပိဳလဲေသးဘဲ ႀကံႀကံခံေနတုန္း ။

Noya လက္ေအာက္ခံ ကုမၸဏီတစ္ခ်ိဳ႕သည္ အႏႈိင္းမဲ့၏ စီမံခန္႔ခြဲႏိုင္စြမ္းကို စမ္းသပ္လာၾကသည္ ။ ငယ္ရြယ္ေသာ ဥကၠ႒အစား ဝါရင့္ၿပီးပို၍ လုပ္ရည္ကိုင္ရည္႐ွိေသာ ဒုဥကၠ႒ကို လူေတြပိုသေဘာက်လာေလသည္ ။ ပါးနပ္ေသာ အႏႈိင္းမဲ့ကလည္း အုပ္ခ်ဳပ္ေရးႏွင့္ စီးပြားစီမံဌာနေတြမွာ ကြၽမ္းက်င္ပညာ႐ွင္ေတြကို ငွါးရမ္းကာ တတ္ႏိုင္သမ်ွ ထိန္းခ်ဳပ္ထားေလသည္ ။ ေလာေလာဆယ္ အေျခအေနအရ အႏႈိင္းမဲ့ႏွင့္ ဦးလက္်ာ၏ အင္အားသည္ မ်ွတေနေသးကာ သူမသာ ကိုယ္မသာ အေျခအေနမွာ ႐ွိေနသည္ ။

***************

" သခင္ေလး မုန္းတို႕ ဒိတ္လုပ္ရေအာင္ ''

စားပြဲေပၚလက္တင္ေမးေထာက္ၿပီး သူ႕ကို မ်က္၀န္းညိဳညိဳေလးနဲ႕ ညိဳ႕ယူေျပာေနသည့္ မုန္းေၾကာင့္ keyboard ေပၚေျပးလႊားေနသည့္ အႏိႈင္းမဲ့၏ လက္ေခ်ာင္းတို႕သည္ ရပ္တန္႕သြားသည္ ။

'' ငါ နဲ႕ ဒိတ္မယ္လို႕ ေျပာလုိက္တာလား မုန္း ၊ ငါ ဘယ္သူလဲဆိုတာ မင္းမသိဘူးလား ၊ ငါ က Noya Group တစ္ခုလံုးရဲ႕ ဥကၠ႒ေနာ္ ၊ ကေလးကလား အလုပ္ေတြလုပ္ၿပီး ေကာလဟာလ ထြက္ရင္ ကုမၸဏီအေပၚမွာ ဘယ္ေလာက္ထိ ဂယက္ရိုက္သြားမယ္ဆိုတာ မင္းမစဥ္းစားမိဘူးလား ''

'' မုန္းက ေကာလဟာလေတြ ျပန္႕ေအာင္လို႕ လုပ္ေနတာမွ မဟုတ္တာ ၊ ဒီအတိုင္း သခင္ေလးနဲ႕ ေလွ်ာက္လည္ၿပီး ညစာ အတူစားခ်င္ရံုကို ''

'' ခုလည္း မင္းငါနဲ႕ေန႕တိုင္း ညစာအတူစားေနတာပဲ မဟုတ္လား ၊ ငါတစ္ေယာက္တည္း စားေနလို႕လား ''

'' မဟုတ္ဘူးေလ..... မုန္းက သခင္ေလးနဲ႕ သီးသန္႕အခ်ိန္ျဖဳန္းခ်င္တာ ခ်စ္သူစံုတြဲေတြလုိ ''

အႏႈိင္းမဲ့၏ ေအးစက္ေသာ မ်က္၀န္းတို႕သည္ မုန္းထံပါးသို႕ ၀ဲလာေလသည္ ။ အလုပ္မအားပါဘူးဆို ဒီေကာင္ေလးက သူနဲ႕ ဒိတ္လုပ္ဖို႕ ေတြးေနေသးတယ္ ။ ဦးလက္ယ်ာက သူ႕ကို ေပၚတင္စိန္ေခၚလာၿပီမို႕ သူနည္းနည္းမွ သတိမလြတ္ရဲေတာ့ ။သူ႔ဖက္က တစ္ခ်က္မွားတာနဲ႕ ဦးလက္ယ်ာက သူ႕ေနရာကို ခ်က္ခ်င္းေရာက္သြားႏိုင္သည္ ။ ၿပီးလ်ွင္ သူ႕ကိုလည္း ေအးေအးခ်မ္းခ်မ္း ေနခြင့္ျပဳမွာ မဟုတ္ ။ သူ႕အေဖေျပာတာကို ၾကားဖူးသည္ ။ ဦးလက္ယ်ာသည္ ငယ္ငယ္ကတည္းက အျငိဳးအေတးႀကီးၿပီး ခံစားခ်က္မရွိတဲ့သူမွန္း ။ ေနာက္ေက်ာကထိုးမည့္ ဓားအတြက္ သူ႕အေနနဲ႕ တစ္ရက္မွ စိတ္ေအးလက္ေအးနဲ႔ မအိပ္ရဲ ။ ဒါေတြကို ဒီေကာင္ေလးကို ေျပာျပလို႕လည္း ဒီေကာင္ေလးက နားလည္မည္မထင္ ။

'' မုန္း ...... မဆိုးစမ္းနဲ႕ ၊ ငါ့မွာ ဒါေတြလုပ္ဖို႕ အစီအစဥ္မရွိေသးဘူး ၊ ပ်င္းေနရင္ ဟိုမွာထိုင္ၿပီး ဂိမ္းေဆာ့ေန ''

'' သခင္ေလး ဘာေတြရူပ္ေနတာလဲ ၊ မုန္း ဘာကူညီေပးရမလဲ ေျပာ ၊ ဒီအလုပ္ေတြကို အနာဂတ္မွာ သခင္ေလးသင္ေပးထားလုိ႕ မုန္း မလုပ္တတ္တာ မရွိဘူး ''

ေခါင္းရူပ္ေနပါတယ္ဆို မုန္း၏စကားေၾကာင့္ အႏႈိင္းမဲ့ နည္းနည္းၿပံဳးမိသြားသည္ ။ တကယ့္ကို ေပါက္ကရေတြေျပာေနျပန္ၿပီ ။ ဒါေပမယ့္ ........ ဒီေကာင္ေလးက နည္းနည္းေတာ့ ထူးဆန္းလြန္းတယ္ ။

သူ မုန္းကိုေမာ့ၾကည့္လိုက္ေတာ့ အသင့္ရွိတယ္ဆိုတဲ့ အေနအထားနဲ႕ မုန္းကို ေတြ႕လိုက္ေတာ့ မေသခ်ာေပမယ့္ ေသြးတိုးစမ္းမိသြားသည္ ။

'' အနာဂတ္မွာ ဦးမင္းလက္်ာ အေျခအေနက ဘယ္အတိုင္းအတာမွာ ရွိေနမွာလဲ ''

'' မုန္းက ၂၀၁၈ အထိပဲ ေနဖူးေတာ့ ၂၀၁၈ အတြင္း ဦးလက္်ာရဲ႕ အေျခအေနကို အၾကမ္းဖ်င္းသိတယ္ ။ သူ Paradise ကို သခင္ေလး လက္ထဲက ရေအာင္ယူလိမ့္မယ္ ၊ၿပီးေတာ့........ ''

'' ၿပီးေတာ့ ဘာဆက္ျဖစ္လဲ ..........''

'' သခင္ေလးရဲ႕ ေနရာကို ၿခိမ္းေျခာက္လာလိမ့္မယ္ ''

မျဖစ္ႏိုင္ဘူး..... ၊ ဟိုေန႕က ဦးလက္်ာ ၿခိမ္းေျခာက္သတိေပးသြားတဲ့ စကားေတြကို မုန္းၾကားမိသြားတာလား ။

မုန္းကေတာ့ သခင္ေလး၏ မ်က္ႏွာအေနအထားကို ၾကည့္ၿပီး ေပါ့ေပါ့ပါးပါး ရယ္လုိက္သည္ ။

'' မပူနဲ႕ .. အခု မုန္းရွိတယ္ေလ ၊ သူ႕ကို မုန္းက တားေပးမယ္ ''

'' မင္းလိုလူက တားႏိုင္တယ္ေပါ့ .........၊ မင္းေျပာတာကို ငါလက္ခံတယ္ ၊ အဲ့ဒီအေၾကာင္းေတြကို ဟိုေန႕ကတည္းက သူ တရား၀င္သတိလာေပးၿပီးသား ၊ ဒါေၾကာင့္ ငါ သတိလက္လြတ္မေနရဲတာ ၊ မင္း ငါ့ကို တကယ္ကူညီခ်င္တယ္ဆိုရင္ တစ္ဆိတ္ေလာက္ေပါက္ကရေျပာေနတာေတြကို ရပ္ေပး ''

သခင္ေလးဟာ ဒီေန႕အထိ သူ႕ကို နည္းနည္းမွ မယံုၾကည္ေသးတာမို႕ မုန္း နည္းနည္းေတာ့ စိတ္ကြက္မိတာအမွန္ပင္ ။ထိုစဥ္ တိုက္တိုက္ဆိုင္ဆိုင္ ဖုန္း၀င္လာ၍ contect name ကိုၾကည့္လိုက္တာ့

Mike

'' Hello............''

''...........''

'' Ok .......... ငါအခု လာခဲ့မယ္ ''

မုန္း ဖုန္းကိုခ်ၿပီး မသိခ်င္ေယာင္ေဆာင္ ထြက္ခဲ့ေတာ့ သခင္ေလးက လွမ္းေခၚသည္ ။

'' ဒါက ဘယ္လဲ ..........''

'' သူငယ္ခ်င္းဆီ ..................''

ေဘာက္ဆတ္ဆတ္ေျပာၿပီး အခန္းထဲက ထြက္လာေတာ့ က်န္ခဲ့သည့္ အႏႈိင္းမဲ့က စိတ္ထဲ နည္းနည္းေတာ့ ထင့္သြားသည္ ။

'' ဒီေကာင္ ဘယ္တုန္းက သူငယ္ခ်င္းရသြားတာလဲ .........''

ခုလိုက်ေတာ့ အႏႈိင္းမဲ့စိတ္ထဲ နည္းနည္းေတြေ၀သြားသည္ ။ သူ႕ကို မုန္းက စိတ္ေကာက္ၿပီး မဟုတ္မဟတ္ေတြေတာ့ မလုပ္ေလာက္ပါဘူးေနာ္ ။

********************

ကန္ေဘာင္ေပၚထိုင္ရင္း မုန္းနွင့္ မိုက္ခ္ နွစ္ဦးသား ဘီယာေတြ ထိုင္ေသာက္ေနတာ အခု မုန္းတစ္ေယာက္တည္းကိုပဲ ရွစ္ဘူးေလာက္ ရွိေနၿပီ ။ ေသာက္လည္းေသာက္ ခံစားခ်က္ေတြကိုလည္း ရင္ဖြင့္ေန၍ မုန္းတစ္ေယာက္ အသည္းကြဲေနသည့္ပံုပင္ ။

မိုက္ခ္ သည္ မုန္းနဲ႕အတူ အေဖာ္ျပဳရင္း ေသာက္ကူေပမယ့္ မုန္းေလာက္မေသာက္ ။ အကယ္၍သာ ႏွစ္ေယာက္လံုးမူးသြားရင္ အိမ္ကို ေလးဖက္ေထာက္ၿပီး ျပန္ရလိမ့္မည္ ။ သူ႕ေဘးက ေကာင္ေလးကို သေဘာက်စြာၾကည့္ကာ ၿပံဳးလ်ွက္

'' သူ႕ကို အဲ့ေလာက္ထိေတာင္ ခ်စ္လား .........''

'' ခ်စ္တာေပါ့ ........... သူ႕ကို ငါ့အသက္ထက္ပိုခ်စ္တာ ၊ အရာအားလံုးထက္ကို ပုိခ်စ္တာ ၊ ဒါေပမယ့္ သူက ငါ့ကို နည္းနည္းေလးမွ မခ်စ္ဘူးလို႔ဘဲ ခံစားေနရတယ္ ''

ရီေ၀အက္ကြဲေနေသာအသံေၾကာင့္ မုန္းသည္ ေသာက္တတ္သည့္ လူတစ္ေယာက္မဟုတ္မွန္း သိသာလွသည္ ။ ဘယ္ႏွစ္ဗူးမွ မရွိေသးဘူး ဒီေကာင္ မူးခ်င္ေနၿပီ ။ ပံုမွန္အတိုင္းဆို အသည္းကြဲၿပီး မူးယစ္ေနသည့္ သူမ်ိဳးကို ႏွစ္သိမ့္ေပးဖို႕ ၀ါသနာ မပါေသာ္လည္း ဒီတစ္ေယာက္က ျခြင္းခ်က္မို႕

''မင္းအနားမွာ ငါက အၿမဲတမ္း သူငယ္ခ်င္းတစ္ေယာက္လို ရွိေနမွာမလို႕ ငါ့ကို မင္းယံုၾကည္လို႕ရတယ္ ၊ မင္းစိတ္တိုင္းက်ေပါက္ကြဲလိုက္ ၿပီးရင္ ျပန္ရေအာင္ ''

'' ေက်းဇူး မိုက္ခ္ ............ မဟုတ္ရင္ ငါ တစ္ေယာက္တည္း မြန္းက်ပ္ၿပီး ခံစားေနရမွာ ၊ ခုလိုတစ္ေယာက္ေယာက္ကို ရင္ဖြင့္လိုက္ရေတာ့ စိတ္ထဲ နည္းနည္းေပါ့သြားတာေတာ့ အမွန္ပဲ ''

'' မင္းလိုအပ္တိုင္း ငါ့ကို ေခၚလို႕ရပါတယ္ ............''

မုန္း၏ ပုခံုးကို ဆုပ္ကိုင္ထားေသာ မိုက္ခ္ လက္သည္အားမာန္ျပည့္၀ၿပီး မ်က္၀န္းေတြကလည္း ေတာက္ပေန၍ မုန္း ခပ္ေဖ်ာ့ေဖ်ာ့ေလး ရယ္လိုက္သည္ ။

" ငါ ေသးေပါက္ခ်င္တယ္ ''

" ဘာ.......''

အာေလးလ်ွာေလးနဲ႔ေျပာလာတဲ့ မုန္းစကားေၾကာင္႔ မိုက္ခ္ ေခါင္းနပန္းႀကီးသြားတာအမွန္ ။ဘီယာေတြ ဒီေလာက္အမ်ားႀကီးေသာက္ထားတာ ေသးမေပါက္ခ်င္ဘဲ ဘယ္ေနမလဲ ။ ဒီနား သန္႔စင္ခန္းမွမ႐ွိတာ ၊ ကားလမ္းတစ္ဖက္ကူးရင္ ကုန္တိုက္႐ွိေပမယ့္ ဒီအမူးသမားကို ဘယ္လိုတြဲၿပီး သြားရမွန္းမသိ ။ ထိုစဥ္ မုန္း မတ္တပ္ထရပ္ၿပီး သူ႔ေဘာင္းဘီဇစ္ကို အတင္းဆြဲခ်ေလသည္ ။

" မုန္း.... မင္း ဒီမွာ ကိစၥ႐ွင္းမွာေတာ့ မဟုတ္ပါဘူးေနာ္ ''

" ဒီမွာ မ႐ွင္းလို႔ ဘယ္သြားရမွာ ၊ အခု မ႐ွင္းလို႔မရဘူး ၊ သိပ္မၾကာခင္ ေပါက္ကြဲထြက္ကုန္ေတာ့မယ္ ''

ေျပာေျပာဆိုဆို ပန္းခင္းဖက္ မ်က္ႏွာမူကာ မုန္းတစ္ေယာက္ မ်က္လံုးေလးစင္းၿပီး ခ်ဳပ္တီးထားသမွ်ကို လႊတ္ခ်လိုက္သည္ ။ ညက အလင္းေရာင္နည္းေန၍သာ ေတာ္ေသးသည္ ။ လူေျခမမ်ားေသာ္လည္း ကြက္တိကြက္ၾကား႐ွိေန၍ ပတ္ဝန္းက်င္ကိုေတာ့ ဂ႐ုစိုက္ရတာအမွန္ ။ သူ႔ကိစၥၿပီးတာနဲ႔ မုန္းသည္ ဒယိမ္းဒယိုင္ နဲ႔ မိုက္ခ္ ဆီကို ေလွ်ာက္လာၿပီး လက္ညိဳးတထိုးထိုးနဲ႔ အက်ယ္ႀကီးေအာ္ကာ မိုက္ခ္၏ ရင္ခြင္ထဲသို႔ ၿပိဳက်သြားသည္ ။

" ဟာ.... ေဟ့ေရာင္၊ မုန္း သတိထားဦးေလ ဒီေလာက္နဲ႔ မူးသြားတာလား ၊ မင္းကြာ မေသာက္ႏိုင္ဘဲနဲ႔ အမ်ားႀကီးေသာက္သြားတယ္ ''

**************************

လူတစ္ေယာက္ကို တြဲလ်က္ ၀င္လာေသာ မုန္းသည္ အေတာ္ပင္ မူးေနဟန္တူသည္ ။ အစတုန္းကေတာ့ အႏႈိင္းမဲ့ စိတ္မပူမိေပမယ့္ ညနက္တဲ့ထိ ေပၚမလာ၍ ခုေတာ့ စိတ္ပူစြာနဲ႔ တံခါး၀မွာ ထိုင္ေစာင့္ေနရသည္ ။ ဖုန္းေခၚေတာ့လည္း ဖုန္းကမကိုင္ ေဟာ ျပန္လာေတာ့လည္း လူမွန္းသူမွန္းမသိေလာက္ေအာင္ မူးရူးေနသည္ ။ ဒီေကာင္ေလး ဘယ္က အတတ္ေကာင္းေတြ တတ္လာပါလိမ့္ ။

မုန္းကို တြဲလာေသာေကာင္ေလးသည္ မုန္းနဲ႕ရြယ္တူျဖစ္ၿပီး ၾကည့္ေကာင္းေသာ ရုပ္ရည္ရွိသည္ ။ ဒီေကာင္ေလးနဲ႕ တူတူေသာက္ရတဲ့အထိဆိုေတာ့ သူတို႕႔ၾကားက ပက္သက္မႈက ဘယ္အေနအထားမွာ ရွိေနလဲဟု အႏႈိင္းမဲ့ တစ္ဆိတ္စိုးရိမ္မိသြားသည္ ။ ေကာင္ေလးကေတာ့ သူ႕ကို ေဖာ္ေရြစြာပင္ ၿပံဳးျပကာ

'' သူ အရမ္းမူးေနတယ္ ထင္တယ္ ၊ဘယ္သူ႕ကို ဆက္သြယ္ရမွန္း မသိတာနဲ႕ဘဲ သူ႕ကို ကြ်န္ေတာ္ကိုယ္တိုင္ အိမ္ထိ ေခၚလာလိုက္တာ ''

'' ေက်းဇူးပဲ ........ သူ႕ကို ထားခဲ့လိုက္လို႕ရတယ္ ၊ ငါသယ္သြားလိုက္မယ္ ''

'' ဟုတ္ .........ဒါဆို ကြ်န္ေတာ္ျပန္လိုက္ဦးမယ္ ၊ မနက္မွပဲ သူ႕အေျခအေနကို ဖုန္းဆက္ေမးလိုက္ပါ့မယ္ ''

ထိုေကာင္ေလးက ရည္ရည္မြန္မြန္ၿပံဳးျပႏူတ္ဆက္ၿပီး ျပန္သြားေပမယ့္ အႏႈိင္းမဲ့၏ စိတ္ထဲတြင္ နည္းနည္းဘ၀င္မက်ျဖစ္မိသည္ ။ သူ႕ကိုၾကည့္ရတာ မုန္းအေပၚ လိုတာထက္ ပိုေကာင္းေနသလိုပဲ ။

ဒီကိစၥအသာထား ေလာေလာဆယ္ သူ႕လက္ထဲက အမူးသမားကို ဘယ္လုိလုပ္ရမွန္းမသိျဖစ္ေနသည္ ။ တျခားသူကိုလည္း မေခၚလို၍ သူကိုယ္တိုင္အခန္းထဲထိ ေရာက္ေအာင္ေပြ႕ခ်ီသြားလိုက္သည္ ။

ခ်စ္စရာေကာင္းေသာ အမူးသမားေလးသည္ သူ႔ရင္ဘတ္ကို တဘုန္းဘုန္းထုၿပီး ငိုေနေလသည္ ။

" အက်င့္မေကာင္းတဲ့လူႀကီး....။ ဒီေန႔ကစ ခင္ဗ်ားကို ဥေပကၡာျပဳျပမယ္ ။ ခင္ဗ်ားဘာျဖစ္ျဖစ္ က်ဳပ္နဲ႔ မဆိုင္သလိုေနမယ္ ၊ ခင္ဗ်ားကို မခ်စ္မိေအာင္ ႀကိဳးစားမယ္ ''

" ေတာ္ေတာ့ မင္းလက္ေတြ နာမယ္....''

အႏႈိင္းမဲ့ မုန္းကို ေမြ႔ယာေပၚ သာသာေလးခ်ကာ သူ႔အက်ႌစကို ဆုပ္ကိုင္ထားသည့္ မုန္း၏ လက္ကို ေျဖခ်လိုက္သည္ ။ ၿပီးေနာက္ မုန္း၏ ဆံပင္စေတြကို လက္ေလးနဲ႔ သပ္တင္ေပးကာ

" ဘာေၾကာင့္ ဒီေလာက္ထိ ေသာက္လာရတာလဲ.. မင္းကြာ ၊ ေသာက္ႏိုင္တာလဲ မဟုတ္ဘဲ ''

" ခင္ဗ်ားႀကီးေၾကာင့္ ေသာက္တာေလ ။ ခင္ဗ်ားႀကီး မခ်စ္လို႔..... ခင္ဗ်ားႀကီးက က်ဳပ္ကို မခ်စ္လို႔ ''

မုန္းသည္ မုန္႔ေတာင္းစားသည့္ ကေလးတစ္ေယာက္လို တအိအိငိုတုန္း ။

ဒီေကာင္ေလးႏွယ္ စိတ္ေပ်ာ့လိုက္ရန္ေကာ

သူ ေမြ႔ယာေပၚ တက္ထိုင္ကာ မုန္း၏ ကိုယ္ေလးကို ဆြဲယူၿပီး သူ႔ရင္ခြင္ထဲ ဆြဲထည့္လိုက္သည္ ။

" ဘယ္သူေျပာလဲ.....မခ်စ္ဘူးလို႔ ''

" ဒါဆို ခ်စ္လား..........''

အမူးသမား၏ အေမးကို အႏႈိင္းမဲ့သေဘာက်စြာ ျပံဳးၾကည့္ရင္း နဖူးေပၚ အနမ္းေႏြးေႏြးတစ္ပြင့္ေခြၽလိုက္သည္ ။

" ခ်စ္တာေပါ့........ ၊ ငါ မင္းကို အရမ္းခ်စ္တယ္ ၊ ဒါေၾကာင့္ မငိုနဲ႔ေတာ့ ''

" မူးေနတယ္ဆိုၿပီး မမွတ္မိဘူးမထင္နဲ႔ ၊ မနက္ေရာက္တာနဲ႔ မသိဘူးလို႔ ျငင္းရင္ ဒီေကာင္က ခင္ဗ်ားႀကီးကို ဥေပကၡာျပဳၿပီး အေဝးႀကီးထြက္သြားပစ္မယ္''

" မင္းက အမူးပါးေလးဘဲ ဟဟ ''

အႏႈိင္းမဲ့ မုန္း၏ နဖူးေလးကို ဖြဖြေလးနမ္းလ်ွက္ တင္းက်ပ္ေနေအာင္ ေပြ႔ဖက္ထားလိုက္သည္ ။ ခ်စ္ဖို႔ေကာင္းတဲ့ အမူးသမားေလးကို အျပစ္ေပးခ်င္ေပမယ့္ မေပးရက္ဘူး ။ မ်က္ဝန္းေထာင့္စြန္းမွာ စိုေနတဲ့ မ်က္ရည္စေတြကို သူ႔အနမ္းနဲ႔ ေျခာက္ေသြ႕ေစၿပီး မုန္း၏ မ်က္ႏွာေသးေသးေလးကို သူ႔လက္တစ္ဖက္နဲ႔ ဆုပ္ကိုင္ထားလိုက္သည္ ။

" မင္း ငိုရင္ ငါစိတ္မခ်မ္းသာဘူး မုန္း၊ ငါဘာေၾကာင့္မ်ား မင္းကို အျမဲတမ္း မ်က္ရည္က်ေစမိမွန္း မသိေတာ့ဘူးကြာ ''

ခ်စ္သူ႔ရင္ခြင္ထဲ ေမွးစက္အိပ္ေပ်ာ္သြားေသာ မုန္းသည္ အိမ္မက္ထဲတြင္ ဇာတ္လိုက္ျဖစ္ၿပီး သခင္ေလးက သူ႔ရဲ႕ခ်စ္သူတဲ့ ။ အိမ္မက္က လွပလြန္း၍ သူမႏိုးထခ်င္ေတာ့ ။ သူ႔အိပ္ယာကလည္း ခါတိုင္းထက္ ေႏြးေနၿပီး ေခါင္းဦးကလည္း ခါတိုင္းထက္ ႏူးည့ံေနလို႔လားမသိ သူ တေရးတေမာေတာင္ မႏိုးထမိဘဲ အိပ္ေပ်ာ္သြားခဲ့သည္ ။

" အိမ္မက္လွလွမက္ပါေစ......မုန္း ''

အတိတ္ကိုျပန္ေရာက္ၿပီးေနာက္ အေၾကာင္းအရာတစ္ခ်ိဳ႕ကို မုန္းေျပာင္းလဲႏိုင္ခဲ့တယ္လို႔ ထင္မိသည္ ။ ဒီတစ္ေခါက္အတြက္ မုန္းက သခင္ေလးဆီက အိပ္ယာဝင္ စကားလက္ေဆာင္ကို ရလိုက္ေလသည္ ။

*****************

မေန႔ညက ဘယ္ေလာက္မွမေသာက္လိုက္ရဘဲ သူေတာ္ေတာ္ေလး မူးသြားသည္ ထင္ပါ့ ။ မနက္ထလာေတာ့ လူက မၾကည္မသာနဲ႔ ။

'' ေတာ္ပါေသးတယ္ အိမ္ကိုေတာ့ ေရာက္ေအာင္ျပန္ႏိုင္လို႕ ၊ ေနပါဦး... ဟိုေကာင္ မိုက္ခ္ ငါ့ကို အိမ္ျပန္ပို႕ေပးတာပဲ ျဖစ္မယ္ ၊ ကိိုယ့္ဖာကိုယ္ဆို ေလးဖက္ေထာက္ျပန္ရင္ေတာင္ အိမ္ေရာက္ဖို႕ မေသခ်ာဘူး ''

မုန္း သူ႕ကိုယ္သူျပန္ေျပာကာ မ်က္ႏွာသစ္ရန္ ထသြားလိုက္သည္ ။ သူ႕ အ၀တ္စားေတြကလည္း လဲထားၿပီးသားမို႕ သူ႕ကိုယ္သူ ေက်နပ္စြာၿပံဳးၾကည့္လိုက္သည္ ။

'' အံမား....... ငါက မူးသာမူးတာ ၊ အ၀တ္စားလဲဖို႕တာ့ မေမ့ဘူးဘဲ ၊ မုန္း ..မင္းအရမ္းေတာ္တယ္ ၊ မူးေပမယ့္ အသိစိတ္ေတာ့ ရွိေသးသား ''

မ်က္နွာသစ္ အ၀တ္စားလဲၿပီးတာနဲ႔႕ အိမ္ေအာက္ထပ္ဆင္းလာေတာ့ သတင္းစာႀကီး ဖတ္လ်ွက္နဲ႕ ထမင္းစားခန္းထဲမွာ ထိုင္ေနသည့္ သခင္ေလးကို ဆီးႀကိဳေတြ႕လိုက္သည္ ။

'' morning သခင္ေလး ၊ မုန္းမေန႕က အိမ္ျပန္နည္းနည္းေနာက္က်သြားတယ္ ထင္တယ္ ၊ ေသခ်ာမမွတ္မိေတာ့ဘူး ''

'' ဟုတ္လား ..... ထားလိုက္ မင္းအိမ္ျပန္ေနာက္က်တာကို ငါဘာမွမေျပာလိုဘူး ၊ ဒါေပမယ့္ လူမွန္းသူမွန္းမသိ မူးေအာင္ေသာက္လာၿပီး သူမ်ားကို တြဲျပန္ခိုင္းရတဲ့ အထိေသာက္ခဲ့တာေတာ့ ငါခြင့္မလႊတ္ဘူး ၊ ငါ ဖုန္းဆက္တာကိုလည္း မကိုင္ဘူး ၊ ျပန္လာေတာ့လည္း သူစိမ္းနဲ႕ ၊ ေျပာပါဦး သူက ဘယ္သူလဲ ၊ ဘယ္တုန္းက သိၾကတာလဲ ? မင္းမွာ သူငယ္ခ်င္းရွိမွန္း ငါမၾကားဖူးပါဘူး ''

သခင္ေလး၏ မူန္ေတေတမ်က္ႏွာထားနဲ႕ ေအးစက္စက္အသံသည္ သူ႕ကို စိတ္ဆိုးေနမွန္း သိသာလွ၍ မုန္းသြားၿဖဲကာ ရယ္ျပလိုက္သည္ ။

'' သိတာ သိပ္မၾကာေသးပါဘူး ၊ သူ႕ပံုစံၾကည့္ရတာ လူေကာင္းပါ ၊ မုန္း အေဖာ္မရွိလို႕ သူက အေဖာ္လုပ္ေပးတာ ၊ မုန္း ခုလိုေသာက္စားတာမ်ိဳး သခင္ေလးမႀကိဳက္ရင္ ေနာက္မေသာက္ေတာ့ပါဘူး ၊ မုန္းကို စိတ္မဆိုးေတာ့ဘူးမွတ္လား ''

'' ငါ့ကို မ်က္ႏွာခ်ိဳေသြးျပမေနနဲ႕ ၊ နံနက္စာစားမယ္ ထိုင္ေတာ့ ''

'' ဟုတ္.....ဟုတ္ ''

ထမင္းခ်က္ အေဒၚႀကီးနဲ႕ မုန္းက သိပ္အေစးမကပ္ေသးေသာ္လည္း သခင္ေလးေရွ႕မွာေတာ့ မုနး္က အဆင္ေျပေအာင္ေနေပးသည္ ။ ခုလည္း သူတို႕ျပင္ထားေပးသည့္ စြပ္ျပဳတ္ကို ကုန္ေအာင္ေသာက္ကာ သူတို႕ ဒီအိမ္ေပၚက ထြက္သြားေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာကို အႀကံကုန္ ဂဠဳန္ဆားခ်က္ စဥ္းစားေနမိသည္ ။

ပါးစပ္က တၿမံဳ႕ၿမံဳ႕၀ါးေနေသာ္လည္း စိတ္ကတျခားေရာက္ေနသည့္ မုန္းကို အႏႈိင္းမဲ့ မသိမသာခိုးၾကည့္ကာ မေနနိုင္တဲ့အဆံုး ေမးလိုက္မိသည္ ။

'' မင္း မေန႕ညက ဒီအိမ္ကုိ ဘယ္လိုျပန္ေရာက္လာတာလဲ မွတ္မိလား ''

'' အင္း.... မွတ္မိတာေပါ့ ဟိုေကာင္ မိုက္ခ္ လိုက္ပို႕တာမွတ္လား ''

'' မင္းကို အိပ္ယာထဲ ဘယ္သူျပန္ပို႔လဲဆိုတာေကာ မွတ္မိလား ''

'' အလုပ္သမားေတြျပန္ပို႕ေပးတာမလား ၊ မဟုတ္မွ လြဲေရာ.............''

မုနး္သည္ တစ္ခုခုကို စဥ္းစားေနဟန္နဲ႕ အႏႈိင္းမဲ့ရွိရာသို႕ ေစာင္းငဲ့ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္ ။

'' မုန္း အခန္းထဲထိ ေလးဘက္ေထာက္တက္သြားခဲ့တာလား ''

'' ေကာင္းကြာ...........''

အႏႈိင္းမဲ့ စိတ္ပ်က္စြာနဲ႔ ေရရြတ္ၿပီး လက္ထဲက ဇြန္းခရင္းကို ခ်ထားလိုက္သည္ ။ ေသေလ အဲ့မွာ ...... ဘာမွမမွတ္မိဘူးဒင္းက ၊ သူ႕မွာ ခ်စ္တယ္လို႕သာေျပာလိုက္ရတာ ကာယကံရွင္ငမူးက ဘာမွမမွတ္မိ ။ ဒါေတာင္ ဒင္္းက ညတုန္းက ႀကိမ္း၀ါးလိုက္ေသးတယ္ ။ သူ မူးေနတယ္ဆိုၿပီး မမွတ္မိဘူး မထင္နဲ႕တဲ့ ။ ေကာင္းေရာ ..... ေနာက္မွပဲ ေသခ်ာေလးျပင္ဆင္ၿပီး ရည္းစားစကားေျပာေတာ့မယ္ ။

မုန္းကေတာ့ သူ႕ကို တြဲပို႕တဲ့သူမရွိဘဲ သူတစ္ေယာက္တည္း ေလးဘက္ေထာက္ၿပီး အခန္းထဲေရာက္ေအာင္ျပန္ခဲ့ရသည္ဟု ထင္မိၿပီး ၀မ္းနည္းသြားသည္ ။

သခင္ေလးအေနနဲ႕ ကိုယ္ခ်င္းစာတရားရွိရင္ အမူးသမားကို မၾကည္ျဖဴဘူးဆိုရင္ေတာင္ အလုပ္သမားေတြနဲ႔႕ သူ႕ကိုေတာ့ အိပ္ယာထဲ တြဲပို႔ သင့္တယ္လို႕ ထင္တယ္ ။ ဒီလိုတကိုယ္ေကာင္းဆန္စိတ္႐ွိလို႔ ဘယ္မိန္းမ မွ သူ႔ကိုမယူရဲတာ ။ မုန္းသာ အနစ္နာခံၿပီး မယူေပးရင္ သခင္ေလး ေသခ်ာေပါက္ လူပ်ိဳျကီး ျဖစ္မွာ ။ ဟြန္း..... အက်င့္မေကာင္းတဲ့လူႀကီး ။

------------------------


Words 6045

19.1.2019

Words



unicode


မုန်း ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေရင်း ဂိမ်းဆော့နေစဉ် လူတစ်ဦးသည် သူရှေ့ ကော်ဖီ နောက်တစ်ခွက် လာချပေးပြီး သူ့မျက်မှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်လေသည် ။

'' ငါ မင်းနဲ့ သူငယ်ချင်း လုပ်လို့ ရမလား............ ''

ယောကျာၤးသံ တစ်သံထွက်ပေါ်လာတော့ မုန်းထိုသူကို မော်ကြည့်လိုက်သည် ။ သူ့ပုံစံကြည့်ရတာ မုန်းနဲ့ အသက်တူတူလောက်ပဲ ရှိမယ်ထင်မိ ။ မုန်း ထိုသူကို ပြုံးပြလိုက်ရင်း ဂိမ်းကို အဆုံးသတ်လိုက်သည် ။

'' ရပြီ ...........၊ မင်း ကဘယ်သူလဲ ၊ ဘာလို့ ငါနဲ့ သူငယ်ချင်း ဖြစ်ချင်ရတာလဲ ''

'' မင်းကို မနက်တိုင်း ဒီနားမှာ ကော်ဖီ လာလာသောက်နေတတ်တာကို သတိထားမိနေလို့ ၊ မင်းက စိတ်ဝင်စားဖို့ကောင်းတယ် ၊ ဒါကြောင့် ငါတို့ သူငယ်ချင်းလုပ်ရအောင် ''

မုန်း ချက်ချင်းပြန်မဖြေသေးဘဲ ထိုသူကို တစ်ချက်အကဲခတ်ကြည့်လိုက်သည် ။ အရင်တုန်းက သူ့မှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ဆိုတာမျိုး မရှိခဲ့ဖူး ။ သူသည် သခင်လေး၏ အမိန့်ကို နာခံပြီး သခင်လေးနောက်ကိုသာ လိုက်ခဲ့သည်မို့ သူငယ်ချင်းမရှိခဲ့ဖူးတာ မဆန်း ။ ဒီကောင်လေးကို ဒီမတိုင်ခင်က တစ်ခါမှ မတွေ့ဖူးသောကြောင့် ဒီကောင်လေးရဲ့အကျင့်စရိုက်ကိုလည်း သူမသိ ။ သို့သော် ရိုးသားပုံပေါ်၍

'' ဘာလို့ ငါနဲ့ သူငယ်ချင်း ဖြစ်ချင်ရတာလဲ ၊ ငါ့မှာ ကောင်းတဲ့အကွက်လည်း ဘာမှ မရှိဘဲ''

'' မင်းက ရုပ်ချောပြီး ဂျစ်ကန်ကန်လေးလေ ၊ ဒါက ဆွဲဆောင်မှုတစ်မျိုးထင်တယ် ၊ လွန်ခဲ့တဲ့ တစ်ပတ် ငါဒီဆိုင်မှာ ကော်ဖီလာသောက်ကတည်းက သတိထားမိနေတာ ၊ ဒီနေ့နဲ့ဆို ခြောက်ရက်မြောက်နေ့ပဲ ၊ မင်းက ဂိမ်းဆော့တယ် ကော်ဖီသောက်တယ် ၊တစ်ခါတလေ မုန့်တွေ အများကြီးမှာစားတယ် ပြီးရင် ထပြန်တယ် ၊မင်းပုံစံကြည့်ရတာ လုံး၀ လွပ်လပ်တယ် ၊ ဘေးကနေကြည့်ရင်တောင် မင်းဆီက ဓာတ်တွေက ငါ့ကို ကူးစက်ပြီး ငါကိုယ်တိုင်တောင် လွတ်လပ်ပေါ့ပါးသွားသလိုပဲ ''

'' မင်းဟာက ထူးဆန်းလိုက်တာ ၊ ငါ့ကို သေချာကြည့် ၊ ငါက မိန်းမတစ်ယောက်မဟုတ်ဘူးနော် ၊ မင်းစကားပြောတဲ့ပုံက ရည်းစားစကားပြောနေတဲ့ပုံမျိုး ''

'' ရည်းစားစကားပြောတာတော့ မဟုတ်ပေမယ့် မင်းက စိတ်ဝင်စားဖို့ ကောင်းတာကိုတော့ ဝန်ခံပါတယ် ''

ထိုကောင်လေးသည် ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်၍ မုန်းပင်ငေးခနဲ ဖြစ်သွားသည် ။ ဒီကောင် ချောတာတော့ တော်တော်ချောသည် ။ မုန်းနဲ့ ကွာခြားတာ တစ်ခုက သူ့၏ ဆွဲဆောင်မှုသည် ရင့်ကျက်တည်ငြိမ်မှု ရှိပြီး တစ်ဖက်သားကို ဖမ်းစားနိုင်သည် ။ ဒီလိုဆိုပြန်တော့လည်း မုန်းမှာလည်း ပင်ကိုယ်စရိုက်က ဆွဲဆောင်မှုရှိပြီးသား ။မျက်ဝန်းတွေက ညို့ယူတတ်ပေမယ့် အားအားနေ လူတွေကို လိုက်ညို့ယူနေတာမျိုးမှ မဟုတ်တာ ။ ဒီတစ်ခေါက်အတိတ်ကို ပြန်ရောက်လာပြီးနောက် သူ့ခေါင်းထဲ သခင်လေးတစ်ယောက်တည်းရှိ၍ ပတ်ဝန်းကျင်ကိစ္စတွေမှာ လူမှုဆက်ဆံရေးတွေ တော်တော်ခေါင်းပါးလာသည် ။ သူ့ကို ရဲတင်းစွာကြည့်နေသော ထိုကောင်လေးကို မုန်း ရင်ထဲက ကျိတ်ရယ်လိုက်သည် ။

မင်း ညို့တတ်တာလောက်များ ပျင်းသေးတယ် ......... အဟက်

'' ကောင်းပြီလေ ......... မင်းနဲ့ သူငယ်ချင်း ဖြစ်ဖို့ ကိစ္စကို ငါလက်ခံတယ် ၊ ငါ့နာမည်က မုန်းအသင်္ချေ ၊ မုန်းလို့ ခေါ်နိုင်တယ် ''

'' ငါ့နာမည်က မိုက်ခ် ''

'' နာမည်ကတော့ အလန်းပဲ ''

" မင်းနာမည်ကိုလည်း ငါသဘောကျပါတယ် ။ မိတ်ဆွေဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့ ငါဝယ်ကျွေးမယ် ''

ယောင်္ကျားချင်း မိတ်ဆက်တာမို့ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ပဲ သူတို့ အချိန်တိုလေးအတွင်း မိတ်ဆွေဖြစ်သွားလေသည် ။ အရဲတင်းသော မိုက်ခ်သည် မုန်းကို လက်ဆွဲနူတ်ဆက်ခဲ့စဉ်က ချက်ချင်းမလွတ်ပေးဘဲ ခပ်တင်းတင်းဆုပ်ကိုင်ထား၍ မုန်းသည် ယောကျာၤးမာန အကျမခံ အားကုန်သုံးပြီး ပြန်ညှစ်ထားလိုက်သည် ။ နှစ်ဦးသား၏ ပထမဆုံးတွေ့ဆုံခန်းသည် ဝေခွဲမရသော အစပြုခြင်းတို့ ပါဝင်နေလေသည် ။

********************

ဦးလက်ျာသည် အနာဂတ်ကနည်းအတိုင်း အဓိကရှယ်ယာရှင်တစ်ချို့ကို သူ့လူဖြစ်အောင်စည်းရုံးပြီး သခင်လေး၏ အင်အားလျော့ပါးသွားအောင် စီစဉ်လေသည် ။ မုန်းက ကြိုသိထားပေမယ့် လောလောဆယ်အနေအထားအရ သူတားနိုင်တာ ဘာမရှိသေး ။ ဦးလက်ျာဟာ Noya လုပ်ငန်းစုအောက်က လုပ်ငန်းအသေးလေးတစ်ချို့မှာ ပြသနာသေးသေးလေးတွေကို မသိမသာဖန်တီးပြီး အနှိုင်းမဲ့ကို အဖက်ဖက်ကနေ သွေးတိုးစမ်းခဲ့သည် ။

အနှိုင်းမဲ့သည် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဥက္ကဋ္ဌရာထူးကို ဆက်ခံပြီး Noya ကိုလက်လွှဲယူခဲ့တာမို့ တစ်ချို့ ရင်းနှီးမြှပ်နှံသူတွေဟာ အနှိုင်းမဲ့၏ လုပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်လာကြသည် ။ မည်သို့ပင်ဆိုစေကာမူ အနှိုင်းမဲ့သည် ယခုထိ မပြိုလဲသေးဘဲ ကြံကြံခံနေတုန်း ။

Noya လက်အောက်ခံ ကုမ္ပဏီတစ်ချို့သည် အနှိုင်းမဲ့၏ စီမံခန့်ခွဲနိုင်စွမ်းကို စမ်းသပ်လာကြသည် ။ ငယ်ရွယ်သော ဥက္ကဋ္ဌအစား ဝါရင့်ပြီးပို၍ လုပ်ရည်ကိုင်ရည်ရှိသော ဒုဥက္ကဋ္ဌကို လူတွေပိုသဘောကျလာလေသည် ။ ပါးနပ်သော အနှိုင်းမဲ့ကလည်း အုပ်ချုပ်ရေးနှင့် စီးပွားစီမံဌာနတွေမှာ ကျွမ်းကျင်ပညာရှင်တွေကို ငှါးရမ်းကာ တတ်နိုင်သမျှ ထိန်းချုပ်ထားလေသည် ။ လောလောဆယ် အခြေအနေအရ အနှိုင်းမဲ့နှင့် ဦးလက်ျာ၏ အင်အားသည် မျှတနေသေးကာ သူမသာ ကိုယ်မသာ အခြေအနေမှာ ရှိနေသည် ။

***************

" သခင်လေး မုန်းတို့ ဒိတ်လုပ်ရအောင် ''

စားပွဲပေါ်လက်တင်မေးထောက်ပြီး သူ့ကို မျက်ဝန်းညိုညိုလေးနဲ့ ညို့ယူပြောနေသည့် မုန်းကြောင့် keyboard ပေါ်ပြေးလွှားနေသည့် အနှိုင်းမဲ့၏ လက်ချောင်းတို့သည် ရပ်တန့်သွားသည် ။

'' ငါ နဲ့ ဒိတ်မယ်လို့ ပြောလိုက်တာလား မုန်း ၊ ငါ ဘယ်သူလဲဆိုတာ မင်းမသိဘူးလား ၊ ငါ က Noya Group တစ်ခုလုံးရဲ့ ဥက္ကဋ္ဌနော် ၊ ကလေးကလား အလုပ်တွေလုပ်ပြီး ကောလဟာလ ထွက်ရင် ကုမ္ပဏီအပေါ်မှာ ဘယ်လောက်ထိ ဂယက်ရိုက်သွားမယ်ဆိုတာ မင်းမစဉ်းစားမိဘူးလား ''

'' မုန်းက ကောလဟာလတွေ ပြန့်အောင်လို့ လုပ်နေတာမှ မဟုတ်တာ ၊ ဒီအတိုင်း သခင်လေးနဲ့ လျှောက်လည်ပြီး ညစာ အတူစားချင်ရုံကို ''

'' ခုလည်း မင်းငါနဲ့နေ့တိုင်း ညစာအတူစားနေတာပဲ မဟုတ်လား ၊ ငါတစ်ယောက်တည်း စားနေလို့လား ''

'' မဟုတ်ဘူးလေ..... မုန်းက သခင်လေးနဲ့ သီးသန့်အချိန်ဖြုန်းချင်တာ ချစ်သူစုံတွဲတွေလို ''

အနှိုင်းမဲ့၏ အေးစက်သော မျက်ဝန်းတို့သည် မုန်းထံပါးသို့ ဝဲလာလေသည် ။ အလုပ်မအားပါဘူးဆို ဒီကောင်လေးက သူနဲ့ ဒိတ်လုပ်ဖို့ တွေးနေသေးတယ် ။ ဦးလက်ယျာက သူ့ကို ပေါ်တင်စိန်ခေါ်လာပြီမို့ သူနည်းနည်းမှ သတိမလွတ်ရဲတော့ ။သူ့ဖက်က တစ်ချက်မှားတာနဲ့ ဦးလက်ယျာက သူ့နေရာကို ချက်ချင်းရောက်သွားနိုင်သည် ။ ပြီးလျှင် သူ့ကိုလည်း အေးအေးချမ်းချမ်း နေခွင့်ပြုမှာ မဟုတ် ။ သူ့အဖေပြောတာကို ကြားဖူးသည် ။ ဦးလက်ယျာသည် ငယ်ငယ်ကတည်းက အငြိုးအတေးကြီးပြီး ခံစားချက်မရှိတဲ့သူမှန်း ။ နောက်ကျောကထိုးမည့် ဓားအတွက် သူ့အနေနဲ့ တစ်ရက်မှ စိတ်အေးလက်အေးနဲ့ မအိပ်ရဲ ။ ဒါတွေကို ဒီကောင်လေးကို ပြောပြလို့လည်း ဒီကောင်လေးက နားလည်မည်မထင် ။

'' မုန်း ...... မဆိုးစမ်းနဲ့ ၊ ငါ့မှာ ဒါတွေလုပ်ဖို့ အစီအစဉ်မရှိသေးဘူး ၊ ပျင်းနေရင် ဟိုမှာထိုင်ပြီး ဂိမ်းဆော့နေ ''

'' သခင်လေး ဘာတွေရူပ်နေတာလဲ ၊ မုန်း ဘာကူညီပေးရမလဲ ပြော ၊ ဒီအလုပ်တွေကို အနာဂတ်မှာ သခင်လေးသင်ပေးထားလို့ မုန်း မလုပ်တတ်တာ မရှိဘူး ''

ခေါင်းရူပ်နေပါတယ်ဆို မုန်း၏စကားကြောင့် အနှိုင်းမဲ့ နည်းနည်းပြုံးမိသွားသည် ။ တကယ့်ကို ပေါက်ကရတွေပြောနေပြန်ပြီ ။ ဒါပေမယ့် ........ ဒီကောင်လေးက နည်းနည်းတော့ ထူးဆန်းလွန်းတယ် ။

သူ မုန်းကိုမော့ကြည့်လိုက်တော့ အသင့်ရှိတယ်ဆိုတဲ့ အနေအထားနဲ့ မုန်းကို တွေ့လိုက်တော့ မသေချာပေမယ့် သွေးတိုးစမ်းမိသွားသည် ။

'' အနာဂတ်မှာ ဦးမင်းလက်ျာ အခြေအနေက ဘယ်အတိုင်းအတာမှာ ရှိနေမှာလဲ ''

'' မုန်းက ၂၀၁၈ အထိပဲ နေဖူးတော့ ၂၀၁၈ အတွင်း ဦးလက်ျာရဲ့ အခြေအနေကို အကြမ်းဖျင်းသိတယ် ။ သူ Paradise ကို သခင်လေး လက်ထဲက ရအောင်ယူလိမ့်မယ် ၊ပြီးတော့........ ''

'' ပြီးတော့ ဘာဆက်ဖြစ်လဲ ..........''

'' သခင်လေးရဲ့ နေရာကို ခြိမ်းခြောက်လာလိမ့်မယ် ''

မဖြစ်နိုင်ဘူး..... ၊ ဟိုနေ့က ဦးလက်ျာ ခြိမ်းခြောက်သတိပေးသွားတဲ့ စကားတွေကို မုန်းကြားမိသွားတာလား ။

မုန်းကတော့ သခင်လေး၏ မျက်နှာအနေအထားကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ရယ်လိုက်သည် ။

'' မပူနဲ့ .. အခု မုန်းရှိတယ်လေ ၊ သူ့ကို မုန်းက တားပေးမယ် ''

'' မင်းလိုလူက တားနိုင်တယ်ပေါ့ .........၊ မင်းပြောတာကို ငါလက်ခံတယ် ၊ အဲ့ဒီအကြောင်းတွေကို ဟိုနေ့ကတည်းက သူ တရားဝင်သတိလာပေးပြီးသား ၊ ဒါကြောင့် ငါ သတိလက်လွတ်မနေရဲတာ ၊ မင်း ငါ့ကို တကယ်ကူညီချင်တယ်ဆိုရင် တစ်ဆိတ်လောက်ပေါက်ကရပြောနေတာတွေကို ရပ်ပေး ''

သခင်လေးဟာ ဒီနေ့အထိ သူ့ကို နည်းနည်းမှ မယုံကြည်သေးတာမို့ မုန်း နည်းနည်းတော့ စိတ်ကွက်မိတာအမှန်ပင် ။ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဝင်လာ၍ contect name ကိုကြည့်လိုက်တာ့

Mike

'' Hello............''

''...........''

'' Ok .......... ငါအခု လာခဲ့မယ် ''

မုန်း ဖုန်းကိုချပြီး မသိချင်ယောင်ဆောင် ထွက်ခဲ့တော့ သခင်လေးက လှမ်းခေါ်သည် ။

'' ဒါက ဘယ်လဲ ..........''

'' သူငယ်ချင်းဆီ ..................''

ဘောက်ဆတ်ဆတ်ပြောပြီး အခန်းထဲက ထွက်လာတော့ ကျန်ခဲ့သည့် အနှိုင်းမဲ့က စိတ်ထဲ နည်းနည်းတော့ ထင့်သွားသည် ။

'' ဒီကောင် ဘယ်တုန်းက သူငယ်ချင်းရသွားတာလဲ .........''

ခုလိုကျတော့ အနှိုင်းမဲ့စိတ်ထဲ နည်းနည်းတွေဝေသွားသည် ။ သူ့ကို မုန်းက စိတ်ကောက်ပြီး မဟုတ်မဟတ်တွေတော့ မလုပ်လောက်ပါဘူးနော် ။

********************

ကန်ဘောင်ပေါ်ထိုင်ရင်း မုန်းနှင့် မိုက်ခ် နှစ်ဦးသား ဘီယာတွေ ထိုင်သောက်နေတာ အခု မုန်းတစ်ယောက်တည်းကိုပဲ ရှစ်ဘူးလောက် ရှိနေပြီ ။ သောက်လည်းသောက် ခံစားချက်တွေကိုလည်း ရင်ဖွင့်နေ၍ မုန်းတစ်ယောက် အသည်းကွဲနေသည့်ပုံပင် ။

မိုက်ခ် သည် မုန်းနဲ့အတူ အဖော်ပြုရင်း သောက်ကူပေမယ့် မုန်းလောက်မသောက် ။ အကယ်၍သာ နှစ်ယောက်လုံးမူးသွားရင် အိမ်ကို လေးဖက်ထောက်ပြီး ပြန်ရလိမ့်မည် ။ သူ့ဘေးက ကောင်လေးကို သဘောကျစွာကြည့်ကာ ပြုံးလျှက်

'' သူ့ကို အဲ့လောက်ထိတောင် ချစ်လား .........''

'' ချစ်တာပေါ့ ........... သူ့ကို ငါ့အသက်ထက်ပိုချစ်တာ ၊ အရာအားလုံးထက်ကို ပိုချစ်တာ ၊ ဒါပေမယ့် သူက ငါ့ကို နည်းနည်းလေးမှ မချစ်ဘူးလို့ဘဲ ခံစားနေရတယ် ''

ရီဝေအက်ကွဲနေသောအသံကြောင့် မုန်းသည် သောက်တတ်သည့် လူတစ်ယောက်မဟုတ်မှန်း သိသာလှသည် ။ ဘယ်နှစ်ဗူးမှ မရှိသေးဘူး ဒီကောင် မူးချင်နေပြီ ။ ပုံမှန်အတိုင်းဆို အသည်းကွဲပြီး မူးယစ်နေသည့် သူမျိုးကို နှစ်သိမ့်ပေးဖို့ ဝါသနာ မပါသော်လည်း ဒီတစ်ယောက်က ခြွင်းချက်မို့

''မင်းအနားမှာ ငါက အမြဲတမ်း သူငယ်ချင်းတစ်ယောက်လို ရှိနေမှာမလို့ ငါ့ကို မင်းယုံကြည်လို့ရတယ် ၊ မင်းစိတ်တိုင်းကျပေါက်ကွဲလိုက် ပြီးရင် ပြန်ရအောင် ''

'' ကျေးဇူး မိုက်ခ် ............ မဟုတ်ရင် ငါ တစ်ယောက်တည်း မွန်းကျပ်ပြီး ခံစားနေရမှာ ၊ ခုလိုတစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရတော့ စိတ်ထဲ နည်းနည်းပေါ့သွားတာတော့ အမှန်ပဲ ''

'' မင်းလိုအပ်တိုင်း ငါ့ကို ခေါ်လို့ရပါတယ် ............''

မုန်း၏ ပုခုံးကို ဆုပ်ကိုင်ထားသော မိုက်ခ် လက်သည်အားမာန်ပြည့်ဝပြီး မျက်ဝန်းတွေကလည်း တောက်ပနေ၍ မုန်း ခပ်ဖျော့ဖျော့လေး ရယ်လိုက်သည် ။

" ငါ သေးပေါက်ချင်တယ် ''

" ဘာ.......''

အာလေးလျှာလေးနဲ့ပြောလာတဲ့ မုန်းစကားကြောင့် မိုက်ခ် ခေါင်းနပန်းကြီးသွားတာအမှန် ။ဘီယာတွေ ဒီလောက်အများကြီးသောက်ထားတာ သေးမပေါက်ချင်ဘဲ ဘယ်နေမလဲ ။ ဒီနား သန့်စင်ခန်းမှမရှိတာ ၊ ကားလမ်းတစ်ဖက်ကူးရင် ကုန်တိုက်ရှိပေမယ့် ဒီအမူးသမားကို ဘယ်လိုတွဲပြီး သွားရမှန်းမသိ ။ ထိုစဉ် မုန်း မတ်တပ်ထရပ်ပြီး သူ့ဘောင်းဘီဇစ်ကို အတင်းဆွဲချလေသည် ။

" မုန်း.... မင်း ဒီမှာ ကိစ္စရှင်းမှာတော့ မဟုတ်ပါဘူးနော် ''

" ဒီမှာ မရှင်းလို့ ဘယ်သွားရမှာ ၊ အခု မရှင်းလို့မရဘူး ၊ သိပ်မကြာခင် ပေါက်ကွဲထွက်ကုန်တော့မယ် ''

ပြောပြောဆိုဆို ပန်းခင်းဖက် မျက်နှာမူကာ မုန်းတစ်ယောက် မျက်လုံးလေးစင်းပြီး ချုပ်တီးထားသမျှကို လွှတ်ချလိုက်သည် ။ ညက အလင်းရောင်နည်းနေ၍သာ တော်သေးသည် ။ လူခြေမများသော်လည်း ကွက်တိကွက်ကြားရှိနေ၍ ပတ်ဝန်းကျင်ကိုတော့ ဂရုစိုက်ရတာအမှန် ။ သူ့ကိစ္စပြီးတာနဲ့ မုန်းသည် ဒယိမ်းဒယိုင် နဲ့ မိုက်ခ် ဆီကို လျှောက်လာပြီး လက်ညိုးတထိုးထိုးနဲ့ အကျယ်ကြီးအော်ကာ မိုက်ခ်၏ ရင်ခွင်ထဲသို့ ပြိုကျသွားသည် ။

" ဟာ.... ဟေ့ရောင်၊ မုန်း သတိထားဦးလေ ဒီလောက်နဲ့ မူးသွားတာလား ၊ မင်းကွာ မသောက်နိုင်ဘဲနဲ့ အများကြီးသောက်သွားတယ် ''

**************************

လူတစ်ယောက်ကို တွဲလျက် ဝင်လာသော မုန်းသည် အတော်ပင် မူးနေဟန်တူသည် ။ အစတုန်းကတော့ အနှိုင်းမဲ့ စိတ်မပူမိပေမယ့် ညနက်တဲ့ထိ ပေါ်မလာ၍ ခုတော့ စိတ်ပူစွာနဲ့ တံခါးဝမှာ ထိုင်စောင့်နေရသည် ။ ဖုန်းခေါ်တော့လည်း ဖုန်းကမကိုင် ဟော ပြန်လာတော့လည်း လူမှန်းသူမှန်းမသိလောက်အောင် မူးရူးနေသည် ။ ဒီကောင်လေး ဘယ်က အတတ်ကောင်းတွေ တတ်လာပါလိမ့် ။

မုန်းကို တွဲလာသောကောင်လေးသည် မုန်းနဲ့ရွယ်တူဖြစ်ပြီး ကြည့်ကောင်းသော ရုပ်ရည်ရှိသည် ။ ဒီကောင်လေးနဲ့ တူတူသောက်ရတဲ့အထိဆိုတော့ သူတို့ကြားက ပက်သက်မှုက ဘယ်အနေအထားမှာ ရှိနေလဲဟု အနှိုင်းမဲ့ တစ်ဆိတ်စိုးရိမ်မိသွားသည် ။ ကောင်လေးကတော့ သူ့ကို ဖော်ရွေစွာပင် ပြုံးပြကာ

'' သူ အရမ်းမူးနေတယ် ထင်တယ် ၊ဘယ်သူ့ကို ဆက်သွယ်ရမှန်း မသိတာနဲ့ဘဲ သူ့ကို ကျွန်တော်ကိုယ်တိုင် အိမ်ထိ ခေါ်လာလိုက်တာ ''

'' ကျေးဇူးပဲ ........ သူ့ကို ထားခဲ့လိုက်လို့ရတယ် ၊ ငါသယ်သွားလိုက်မယ် ''

'' ဟုတ် .........ဒါဆို ကျွန်တော်ပြန်လိုက်ဦးမယ် ၊ မနက်မှပဲ သူ့အခြေအနေကို ဖုန်းဆက်မေးလိုက်ပါ့မယ် ''

ထိုကောင်လေးက ရည်ရည်မွန်မွန်ပြုံးပြနူတ်ဆက်ပြီး ပြန်သွားပေမယ့် အနှိုင်းမဲ့၏ စိတ်ထဲတွင် နည်းနည်းဘဝင်မကျဖြစ်မိသည် ။ သူ့ကိုကြည့်ရတာ မုန်းအပေါ် လိုတာထက် ပိုကောင်းနေသလိုပဲ ။

ဒီကိစ္စအသာထား လောလောဆယ် သူ့လက်ထဲက အမူးသမားကို ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေသည် ။ တခြားသူကိုလည်း မခေါ်လို၍ သူကိုယ်တိုင်အခန်းထဲထိ ရောက်အောင်ပွေ့ချီသွားလိုက်သည် ။

ချစ်စရာကောင်းသော အမူးသမားလေးသည် သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုပြီး ငိုနေလေသည် ။

" အကျင့်မကောင်းတဲ့လူကြီး....။ ဒီနေ့ကစ ခင်ဗျားကို ဥပေက္ခာပြုပြမယ် ။ ခင်ဗျားဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်သလိုနေမယ် ၊ ခင်ဗျားကို မချစ်မိအောင် ကြိုးစားမယ် ''

" တော်တော့ မင်းလက်တွေ နာမယ်....''

အနှိုင်းမဲ့ မုန်းကို မွေ့ယာပေါ် သာသာလေးချကာ သူ့အင်္ကျီစကို ဆုပ်ကိုင်ထားသည့် မုန်း၏ လက်ကို ဖြေချလိုက်သည် ။ ပြီးနောက် မုန်း၏ ဆံပင်စတွေကို လက်လေးနဲ့ သပ်တင်ပေးကာ

" ဘာကြောင့် ဒီလောက်ထိ သောက်လာရတာလဲ.. မင်းကွာ ၊ သောက်နိုင်တာလဲ မဟုတ်ဘဲ ''

" ခင်ဗျားကြီးကြောင့် သောက်တာလေ ။ ခင်ဗျားကြီး မချစ်လို့..... ခင်ဗျားကြီးက ကျုပ်ကို မချစ်လို့ ''

မုန်းသည် မုန့်တောင်းစားသည့် ကလေးတစ်ယောက်လို တအိအိငိုတုန်း ။

ဒီကောင်လေးနှယ် စိတ်ပျော့လိုက်ရန်ကော

သူ မွေ့ယာပေါ် တက်ထိုင်ကာ မုန်း၏ ကိုယ်လေးကို ဆွဲယူပြီး သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည် ။

" ဘယ်သူပြောလဲ.....မချစ်ဘူးလို့ ''

" ဒါဆို ချစ်လား..........''

အမူးသမား၏ အမေးကို အနှိုင်းမဲ့သဘောကျစွာ ပြုံးကြည့်ရင်း နဖူးပေါ် အနမ်းနွေးနွေးတစ်ပွင့်ချွေလိုက်သည် ။

" ချစ်တာပေါ့........ ၊ ငါ မင်းကို အရမ်းချစ်တယ် ၊ ဒါကြောင့် မငိုနဲ့တော့ ''

" မူးနေတယ်ဆိုပြီး မမှတ်မိဘူးမထင်နဲ့ ၊ မနက်ရောက်တာနဲ့ မသိဘူးလို့ ငြင်းရင် ဒီကောင်က ခင်ဗျားကြီးကို ဥပေက္ခာပြုပြီး အဝေးကြီးထွက်သွားပစ်မယ်''

" မင်းက အမူးပါးလေးဘဲ ဟဟ ''

အနှိုင်းမဲ့ မုန်း၏ နဖူးလေးကို ဖွဖွလေးနမ်းလျှက် တင်းကျပ်နေအောင် ပွေ့ဖက်ထားလိုက်သည် ။ ချစ်ဖို့ကောင်းတဲ့ အမူးသမားလေးကို အပြစ်ပေးချင်ပေမယ့် မပေးရက်ဘူး ။ မျက်ဝန်းထောင့်စွန်းမှာ စိုနေတဲ့ မျက်ရည်စတွေကို သူ့အနမ်းနဲ့ ခြောက်သွေ့စေပြီး မုန်း၏ မျက်နှာသေးသေးလေးကို သူ့လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားလိုက်သည် ။

" မင်း ငိုရင် ငါစိတ်မချမ်းသာဘူး မုန်း၊ ငါဘာကြောင့်များ မင်းကို အမြဲတမ်း မျက်ရည်ကျစေမိမှန်း မသိတော့ဘူးကွာ ''

ချစ်သူ့ရင်ခွင်ထဲ မှေးစက်အိပ်ပျော်သွားသော မုန်းသည် အိမ်မက်ထဲတွင် ဇာတ်လိုက်ဖြစ်ပြီး သခင်လေးက သူ့ရဲ့ချစ်သူတဲ့ ။ အိမ်မက်က လှပလွန်း၍ သူမနိုးထချင်တော့ ။ သူ့အိပ်ယာကလည်း ခါတိုင်းထက် နွေးနေပြီး ခေါင်းဦးကလည်း ခါတိုင်းထက် နူးညံ့နေလို့လားမသိ သူ တရေးတမောတောင် မနိုးထမိဘဲ အိပ်ပျော်သွားခဲ့သည် ။

" အိမ်မက်လှလှမက်ပါစေ......မုန်း ''

အတိတ်ကိုပြန်ရောက်ပြီးနောက် အကြောင်းအရာတစ်ချို့ကို မုန်းပြောင်းလဲနိုင်ခဲ့တယ်လို့ ထင်မိသည် ။ ဒီတစ်ခေါက်အတွက် မုန်းက သခင်လေးဆီက အိပ်ယာဝင် စကားလက်ဆောင်ကို ရလိုက်လေသည် ။

*****************

မနေ့ညက ဘယ်လောက်မှမသောက်လိုက်ရဘဲ သူတော်တော်လေး မူးသွားသည် ထင်ပါ့ ။ မနက်ထလာတော့ လူက မကြည်မသာနဲ့ ။

'' တော်ပါသေးတယ် အိမ်ကိုတော့ ရောက်အောင်ပြန်နိုင်လို့ ၊ နေပါဦး... ဟိုကောင် မိုက်ခ် ငါ့ကို အိမ်ပြန်ပို့ပေးတာပဲ ဖြစ်မယ် ၊ ကိုယ့်ဖာကိုယ်ဆို လေးဖက်ထောက်ပြန်ရင်တောင် အိမ်ရောက်ဖို့ မသေချာဘူး ''

မုန်း သူ့ကိုယ်သူပြန်ပြောကာ မျက်နှာသစ်ရန် ထသွားလိုက်သည် ။ သူ့ အဝတ်စားတွေကလည်း လဲထားပြီးသားမို့ သူ့ကိုယ်သူ ကျေနပ်စွာပြုံးကြည့်လိုက်သည် ။

'' အံမား....... ငါက မူးသာမူးတာ ၊ အဝတ်စားလဲဖို့တာ့ မမေ့ဘူးဘဲ ၊ မုန်း ..မင်းအရမ်းတော်တယ် ၊ မူးပေမယ့် အသိစိတ်တော့ ရှိသေးသား ''

မျက်နှာသစ် အဝတ်စားလဲပြီးတာနဲ့ အိမ်အောက်ထပ်ဆင်းလာတော့ သတင်းစာကြီး ဖတ်လျှက်နဲ့ ထမင်းစားခန်းထဲမှာ ထိုင်နေသည့် သခင်လေးကို ဆီးကြိုတွေ့လိုက်သည် ။

'' morning သခင်လေး ၊ မုန်းမနေ့က အိမ်ပြန်နည်းနည်းနောက်ကျသွားတယ် ထင်တယ် ၊ သေချာမမှတ်မိတော့ဘူး ''

'' ဟုတ်လား ..... ထားလိုက် မင်းအိမ်ပြန်နောက်ကျတာကို ငါဘာမှမပြောလိုဘူး ၊ ဒါပေမယ့် လူမှန်းသူမှန်းမသိ မူးအောင်သောက်လာပြီး သူများကို တွဲပြန်ခိုင်းရတဲ့ အထိသောက်ခဲ့တာတော့ ငါခွင့်မလွှတ်ဘူး ၊ ငါ ဖုန်းဆက်တာကိုလည်း မကိုင်ဘူး ၊ ပြန်လာတော့လည်း သူစိမ်းနဲ့ ၊ ပြောပါဦး သူက ဘယ်သူလဲ ၊ ဘယ်တုန်းက သိကြတာလဲ ? မင်းမှာ သူငယ်ချင်းရှိမှန်း ငါမကြားဖူးပါဘူး ''

သခင်လေး၏ မူန်တေတေမျက်နှာထားနဲ့ အေးစက်စက်အသံသည် သူ့ကို စိတ်ဆိုးနေမှန်း သိသာလှ၍ မုန်းသွားဖြဲကာ ရယ်ပြလိုက်သည် ။

'' သိတာ သိပ်မကြာသေးပါဘူး ၊ သူ့ပုံစံကြည့်ရတာ လူကောင်းပါ ၊ မုန်း အဖော်မရှိလို့ သူက အဖော်လုပ်ပေးတာ ၊ မုန်း ခုလိုသောက်စားတာမျိုး သခင်လေးမကြိုက်ရင် နောက်မသောက်တော့ပါဘူး ၊ မုန်းကို စိတ်မဆိုးတော့ဘူးမှတ်လား ''

'' ငါ့ကို မျက်နှာချိုသွေးပြမနေနဲ့ ၊ နံနက်စာစားမယ် ထိုင်တော့ ''

'' ဟုတ်.....ဟုတ် ''

ထမင်းချက် အဒေါ်ကြီးနဲ့ မုန်းက သိပ်အစေးမကပ်သေးသော်လည်း သခင်လေးရှေ့မှာတော့ မုန်းက အဆင်ပြေအောင်နေပေးသည် ။ ခုလည်း သူတို့ပြင်ထားပေးသည့် စွပ်ပြုတ်ကို ကုန်အောင်သောက်ကာ သူတို့ ဒီအိမ်ပေါ်က ထွက်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို အကြံကုန် ဂဠုန်ဆားချက် စဉ်းစားနေမိသည် ။

ပါးစပ်က တမြုံ့မြုံ့ဝါးနေသော်လည်း စိတ်ကတခြားရောက်နေသည့် မုန်းကို အနှိုင်းမဲ့ မသိမသာခိုးကြည့်ကာ မနေနိုင်တဲ့အဆုံး မေးလိုက်မိသည် ။

'' မင်း မနေ့ညက ဒီအိမ်ကို ဘယ်လိုပြန်ရောက်လာတာလဲ မှတ်မိလား ''

'' အင်း.... မှတ်မိတာပေါ့ ဟိုကောင် မိုက်ခ် လိုက်ပို့တာမှတ်လား ''

'' မင်းကို အိပ်ယာထဲ ဘယ်သူပြန်ပို့လဲဆိုတာကော မှတ်မိလား ''

'' အလုပ်သမားတွေပြန်ပို့ပေးတာမလား ၊ မဟုတ်မှ လွဲရော.............''

မုန်းသည် တစ်ခုခုကို စဉ်းစားနေဟန်နဲ့ အနှိုင်းမဲ့ရှိရာသို့ စောင်းငဲ့ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။

'' မုန်း အခန်းထဲထိ လေးဘက်ထောက်တက်သွားခဲ့တာလား ''

'' ကောင်းကွာ...........''

အနှိုင်းမဲ့ စိတ်ပျက်စွာနဲ့ ရေရွတ်ပြီး လက်ထဲက ဇွန်းခရင်းကို ချထားလိုက်သည် ။ သေလေ အဲ့မှာ ...... ဘာမှမမှတ်မိဘူးဒင်းက ၊ သူ့မှာ ချစ်တယ်လို့သာပြောလိုက်ရတာ ကာယကံရှင်ငမူးက ဘာမှမမှတ်မိ ။ ဒါတောင် ဒင်းက ညတုန်းက ကြိမ်းဝါးလိုက်သေးတယ် ။ သူ မူးနေတယ်ဆိုပြီး မမှတ်မိဘူး မထင်နဲ့တဲ့ ။ ကောင်းရော ..... နောက်မှပဲ သေချာလေးပြင်ဆင်ပြီး ရည်းစားစကားပြောတော့မယ် ။

မုန်းကတော့ သူ့ကို တွဲပို့တဲ့သူမရှိဘဲ သူတစ်ယောက်တည်း လေးဘက်ထောက်ပြီး အခန်းထဲရောက်အောင်ပြန်ခဲ့ရသည်ဟု ထင်မိပြီး ဝမ်းနည်းသွားသည် ။

သခင်လေးအနေနဲ့ ကိုယ်ချင်းစာတရားရှိရင် အမူးသမားကို မကြည်ဖြူဘူးဆိုရင်တောင် အလုပ်သမားတွေနဲ့ သူ့ကိုတော့ အိပ်ယာထဲ တွဲပို့ သင့်တယ်လို့ ထင်တယ် ။ ဒီလိုတကိုယ်ကောင်းဆန်စိတ်ရှိလို့ ဘယ်မိန်းမ မှ သူ့ကိုမယူရဲတာ ။ မုန်းသာ အနစ်နာခံပြီး မယူပေးရင် သခင်လေး သေချာပေါက် လူပျိုကြီး ဖြစ်မှာ ။ ဟွန်း..... အကျင့်မကောင်းတဲ့လူကြီး ။

------------------------

Words 6045

19.1.2019

Words 

Continue Reading

You'll Also Like

676K 93.5K 54
Zawgyi ခံစားခ်က္ေတြကို ဖြင့္ဟလိုက္ရင္ ခင္ဗ်ားတို႔နားလည္လာလိမ့္မယ္။ ပြင့္လင္းစြာခ်စ္ရျခင္းက ဘယ္ေလာက္ထိ စိတ္အာဟာရ ျဖစ္ေစသလဲဆိုတာ။ Unicode ခံစားချက်တ...
70.1K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...
236K 24.8K 21
"နှင်းတွေ​ဝေတဲ့​ဒီ​လိုဆောင်းမနက်ခင်း​လေးမှာကိုယ်တို့ပြန်​တွေ့ကြမယ်​နော်ရိပ်......." "အင်း​သေချာ​ပေါက်ပြန်​တွေ့ကြမယ်ဦးယာ...." "ႏွင္းေတြ​ေဝတဲ့​ဒီ​လိုေ...