ချစ်ရ​ပါသော"ညီ"

Par PannWintHlwar

908K 53.9K 1.5K

[Unicode]အဖေမရှိတော့ဘဲ မိထွေးရဲ့အရိပ်အောက်မှာကြီးပြင်းလာတဲ့ကောင်လေးနဲ့မိဘရဲ့အရိပ်အာဝါသအောက်မှာနွေးထွေးမှုအပြည... Plus

အမှာစာ
Main Characters
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
For readers
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
ဇာတ်သိမ်းပိုင်း
Book Version📚
Announcement
Announcement

အပိုင်း - ၂၃

24K 1.5K 93
Par PannWintHlwar

"မြိုင် ... မာမီကမြိုင့်ကိုတွေ့ချင်နေတဲ့ပုံပဲ"

"ကိုကြီးအဲ့တာပြောမယ်ဆို မြိုင်ပြန်‌တော့မယ်"

ဟိဏ်းဆက်လေးက‌တော့ ဟိန်းသူ၏မျက်နှာကိုသာအရိပ်တကြည့်ကြည့်နဲ့လိုက်ကြည့်နေသည်။ မနက်စာစားပြီးကြသည်နှင့်ကိုယ့်လုပ်ငန်းခွင်သို့ ကိုယ်စီဝင်ရန် ခွဲခွာခဲ့ကြသည်။ ဟိဏ်းဆက်တစ်နေကုန်အလုပ်ထဲတွင်အာရုံသိပ်မရှိ။ ဟိန်းသူဘယ်လောက်ပဲပြုံးနေနေ စိတ်ထဲကိုတော့ဟိဏ်းဆက်မြင်နေရသည်။ ညနေအိမ်ပြန်ရောက်သည့်အချိန်တွင် ဟိန်းသူက အိမ်ပြန်ရောက်နေပြီဖြစ်သည်။ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေသည့်ဟိန်းသူကိုတွေ့လိုက်ရသည်။ အိပ်ပျော်နေတဲ့ဟိန်းသူကိုကြည့်လိုက်သည့်အခါ မျက်လုံးလေးတွေတောင်ဖောင်းအစ်လို့နေသည်။ ဟိန်းသူငိုထားမှန်းအရမ်းသိသာလွန်းသည်။

ဘယ်လောက်တောင်ငိုထားရတာလဲအစ်ကိုရယ် ...

ဟိန်းသူကို စောင်လေးခြုံပေးပြီး အခန်းထဲမှထွက်လာလိုက်သည်။ တစ်ခါတစ်လေ အိပ်နေရင်းတောင် မေမေ မေမေနဲ့ယောင်တတ်သည်။ အခု ဘာတွေများပြောလိုက်လို့ ဒီလောက်တောင်ငိုထားရတာလဲ။ ဟိဏ်းဆက်တွေးနေစဥ် ဒေါ်မေဦးရောက်လာသည်။

"မေမေ ..."

"ဟိန်းလေးအခြေအနေသိချင်လို့လိုက်လာတာ ... အောက်မှာကားတွေ့ တယ် ... ဟိန်းလေးပြန်ရောက်နေပြီမလား"

"ဟုတ်တယ် ... အစ်ကိုငိုထားတယ်မေမေ ... ဘာတွေများပြောလိုက်လို့လဲဆိုတာ သားကိုလည်းမပြောပြသေးဘူး"

"လဲ့ကြည်ကသားနဲ့လမ်းခွဲပြီးသူ့ဆီလာဖို့ပြောခဲ့တာ ... မြိုင်ပြောပြလို့ မေမေလည်းသိခဲ့ရတာ ... ဟိန်းလေးကဒီကိစ္စကိုဖုံးထားတယ် ... မျက်နှာသိပ်မကောင်းလို့ မေမေပြန်လွှတ်လိုက်တာ"

"အစ်ကိုကလေညဘက်ဆို မေမေ မေမေနဲ့ယောင်တတ်တယ် ... ဖြစ်နေတာကြာပြီ ... အစ်ကို့အတွက်စိုးရိမ်တယ်"

"လဲ့ကြည်ကသူ့အတိတ်နဲ့ကလေးကို‌ရောထွေးနေတာ ... မချစ်မနှစ်သက်တဲ့သူနဲ့ရတဲ့ကလေးဆိုပြီး ဟိန်းလေးကိုရောထွေးနေတာ"

"မေမေ!"

ဟိန်းသူ အခန်းထဲကထွက်လာသည်။ ‌ဒေါ်မေဦးကိုမြင်လိုက်တော့ မျက်နှာလေးကနည်းနည်းလေးပြုံးလာသည်။

"သားကိုလွမ်းလို့လာတာလား"

"ဟုတ်ပါ့ရှင် ... ရုံးမှာတွေ့ရတာမဝလို့ အိမ်အထိလိုက်လာတာပါရှင်"

ဟိန်းသူကဒေါ်မေဦးနဲ့ဟိဏ်းဆက်တို့နှစ်ယောက်ကြားတွင်ဝင်ထိုင်လိုက်သည်။

"ဒီနေ့သားတို့ဘာစားချင်ကြလဲ ... မေမေညစာချက်ကျွေးမယ်လေ"

ဟိန်းသူ ဒေါ်မေဦးကိုဖက်လိုက်ပြီး ‌ဒေါ်မေဦး၏ပုခုံးပေါ်သို့ခေါင်းလေးတင်ထားသည်။

"အချွဲလေးပါလား ..."

"သားကိုမေမေကမချစ်ဘူး ..."

ဟိန်းသူ၏မျက်ရည်တွေ ‌ဒေါ်မေဦး၏ပုခုံးပေါ်သို့ကျကုန်သည်။ ဒေါ်မေဦး ဟိန်းသူ၏ကျောပြင်လေးကိုလက်ကလေးနဲ့အသာလေးပွတ်သပ်ပေးနေ သည်။

"သားကိုညီနဲ့လမ်းခွဲခိုင်းတယ် ... သားချစ်ရတဲ့သူနဲ့လမ်းခွဲခိုင်းတယ် ... လမ်းခွဲပြီးရင် အတူတူနေကြမယ်တဲ့ ... မေမေကဘာလို့သားကိုဒီလောက်မုန်းနေရတာလဲဟင်၊ သားကအတင်းမွေးခိုင်းခဲ့တာလည်းမဟုတ်ခဲ့ဘဲနဲ့ ... ဘာလို့ သားကိုအဲ့လောက်မုန်းနေရတာလဲ"

"အဲ့လိုမဟုတ်ပါဘူး ... မိဘကသားသမီးကိုမုန်းစရာလားကွယ် ... လဲ့ကြည်က သူ့အတိတ်ကနေရုန်းမထွက်နိုင်သေးလို့ပါ ..."

ဟိန်းသူအငိုတိတ်အောင် ဒေါ်မေဦးအတော့်ကိုချော့ယူလိုက်ရသည်။ ညဘက်လည်းဟိဏ်းဆက်ရဲ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေနေသည်။ ဟိဏ်းဆက်ကဟိန်းသူ၏နဖူးလေးကိုနမ်းလိုက်တော့ ရင်ခွင်ထဲကနေမော့ကြည့်သည်။

"အစ်ကိုကအခုကျတော့လည်း တကယ့်ကလေးလေးပဲ"

"ကိုယ် မင်းနဲ့လမ်းမခွဲဘူးနော် ... ညီအထင်လွဲနေမှာစိုးလို့"

"မလွဲပါဘူး ... ညီကအစ်ကို့ကိုယုံတယ် ... အိပ်ပျော်အောင်အိပ်လိုက်နော် ... ဘာအကြောင်းအရာကိုမှမတွေးဘဲနဲ့ ညီ့ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်လိုက်ပါ"

ဟိန်းသူ ဟိဏ်းဆက်၏ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး မျက်လုံးလေးတွေကို မှိတ်ချထားပစ်လိုက်သည်။ ထိုညကဟိန်းသူကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ခဲ့လေသည်။

"ကိုဟိန်း ... ကိုဟိန်း ... ညီ့ကိုဒါလေးကူရေးပေး"

အခုတလောညီ့ရုံးကဆင်းလိုက်ရတဲ့အချိန်ပိုဆိုတာ တစ်ပတ်လောက်ရှိပြီ။ အချိန်ပိုဆင်းရလို့ အပြန်အေးဆေးနေရမယ်ထင်တာမှားတယ်။ အကြီးကြီးမှားတယ်။ အိမ်ကိုအလုပ်တွေသယ်လာရသေးတယ်။ သူပါလုပ်ရုံမကလို့ကိုယ်ပါဝိုင်းလုပ်ပေးလိုက်ရတယ်။ ညီ့ရုံးကိုသိပ်တော့မကျေနပ်ချင်ဘူး။ အားနေအလုပ်ပဲခိုင်းနေကြတာ။ ညီ့မျက်နှာလေးက ဇီးရွက်လောက်ပဲကျန်တော့တယ်။

"ညီ ထွက်လိုက်တော့"

"အင် ... ဘာကိုလဲကိုဟိန်းရဲ့"

"အလုပ် ... ညီအလုပ်ထွက်လိုက်တော့ ... အစိုးရအလုပ်မလုပ်နဲ့တော့"

"ဟာဗျာ ... မထွက်ချင်ပါဘူး ... ဘာလို့ထွက်ရမှာလဲ"

"ညီပင်ပန်းတယ်လေ၊ အခုလည်းကြည့် အချိန်ပိုဆင်းလို့လည်းမပြီး ... အိမ်ပါအလုပ်တွေသယ်လာရသေးတယ်၊ ဘယ်မှာလဲကိုယ့်အတွက်အချိန် ... မနက်ဆိုသွားပြီ ... ညဆိုမိုးချုပ်တယ်၊ ကိုယ့်အတွက်အချိန်ကအသာထား ... အခုညီပိန်သွားတာသိရဲ့လား ... ညီအရမ်းပင်ပန်းနေပြီ"

"ထွက်လိုက်တော့ ကျွန်တော်ကဘာသွားလုပ်ရမှာလဲ"

"အိမ်မှာနေ ... ကိုယ့်အနားမှာနေလေ"

"မထွက်နိုင်ပါဘူး ... ခက်ခက်ခဲခဲရထားတဲ့အလုပ်လေးကို ... မရဘူး မထွက်ဘူး"

"ညီ မဆိုးနဲ့ကွာ ... ထွက်ဆိုထွက်"

"မ ... ထွက် ... ဘူး၊ ပေးတော့ ကိုယ့်ဘာသာကိုယ်ပဲရေးတော့မယ်၊ အခန်းထဲဝင်မလာနဲ့ ... အဲ့ဆိုဖာပေါ်မှာအိပ် ... အဲ့ဒါ ကျွန်တော့်ကိုအလုပ်ထွက်ခိုင်းလို့အပြစ်ပေးတာ"

"ဟာ ... ညီ ... ညီ!!!"

ဟိဏ်းဆက်ကအခန်းတံခါးကိုလော့ပါချထားသည်။ ဟိန်းသူတစ်ယောက် တံခါးအရှေ့တွင်မတ်တပ်ကလေးရပ်ပြီး ...

"ညီ အဲ့လိုမလုပ်နဲ့လေ၊ ကိုယ့်အရပ်ကြီးနဲ့ဆိုဖာကသေးသေးလေးလေ ... ဘယ်လိုအိပ်ရမှာလဲ"

"မသိဘူး ... အိပ်ချင်သလိုအိပ်၊ တိုးတိုးနေ ... စာရင်းတွေမှားကုန်ရင် အစ်ကို့ကြောင့်ပဲ"

"ညီ ... ညစာမချက်တော့ဘူးလားဟင်"

"မချက်ဘူး ... ဗိုက်ဆာရင်လက်ကိုက်နေ"

"ညီ အဲ့လိုမလုပ်ပါနဲ့ ... ကိုယ်ဗိုက်ဆာတယ်လေ"

"ဆာရင်ကိုယ့်ဘာသာကိုယ်ချက်စား"

"ညီကရော မစားဘူးလား၊ ကိုယ်ကညီချက်ကျွေးတာလေးကိုစားချင်တာ"

"မစားဘူး ... ဒီညအစာငတ်ခံလိုက်မယ်"

ကုတင်အောက်ထဲကမုန့်ထုပ်ကလေးတွေကဟိန်းသူကိုလှောင်ရယ်နေပါတော့သည်။ ဟိန်းသူတစ်ယောက်ဧည့်ခန်းထဲတွင် စိတ်ပျက်စွာဖြင့်သက်ပြင်းတစ်ချက်ချရင်း ဆိုဖာပေါ်သို့ထိုင်ချလိုက်သည်။

ဟိုလူကြီးငြိမ်သွားပြီ။ စိတ်များဆိုးသွားပြီလားမသိဘူး။ အာ ...မသိတော့ ဘူးကွာ ... ခေါင်းရှုပ်လာပြီ။ နေရင်းထိုင်ရင်း ဘာလို့အလုပ်လာထွက်ခိုင်းမှန်းမသိဘူး။ ဒီကခက်ခက်ခဲခဲနဲ့ရထားတဲ့အလုပ်လေး ဘယ်ထွက်ချင်မှာလဲလို့။

ခဏအကြာတွင်ဟိဏ်းဆက်အခန်းထဲကနေချောင်းကြည့်သည်။ ဆိုဖာပေါ်တွင်ငုတ်တုပ်ကြီးထိုင်နေသည့်ဟိန်းသူကိုတွေ့တော့ ဟိဏ်းဆက် အခန်းထဲမှထွက်လာပြီး ဟိန်းသူအရှေ့တွင်ရပ်လိုက်သည်။

"အဟမ်း!"

"ညီ! ဘာလို့လဲ ... အစ်ကို့ကိုစိတ်ဆိုးနေသေးလားဟင် ... ပြောပါဦး၊ ညီ မထွက်ချင်ရင်လည်းမထွက်ပါနဲ့၊ အစ်ကိုကညီပင်ပန်းနေလို့ပြောတာပါ ... စိတ်မဆိုးနဲ့တော့နော်"

သူစိတ်ဆိုးမှာစိုးလို့ မျက်နှာငယ်လေးနဲ့လက်ကိုဆုပ်ကိုင်ပြီးပြောနေတဲ့ ကိုဟိန်းကြီးကတကယ့်ကိုချစ်စရာကြီး။

"အဟမ်း ... မဆိုးပါဘူး ... ဒီနေ့ညဘာစားမှာလဲ"

"ညီအဆင်ပြေတာလုပ် ... ကိုယ်လည်းကူလုပ်ပေးမယ်လေနော်"

"အင်း"

အရမ်ကိုခက်ခဲပင်ပန်းတဲ့ညစာကိုဟိဏ်းဆက်ကစီစဉ်လိုက်သည်။ ညစာကပန်းပွင့်ကြော်တဲ့။ အဲ့တာလည်ဟိန်းသူကြော်လိုက်ရတာနော်။

"အစ်ကို ပေါ့လိုက်တာ ... ကြက်သားမှုန့်ထပ်ထည့်"

"တော်ပြီ မထည့်တော့ဘူး ... အငံတွေအရမ်းမစားနဲ့"

"ဟာ ... ကိုဟိန်းကလည်း ... ထပ်မထည့်ရင် ညီ့ပါးစပ်ထဲမှာ ဘာအရသာမှ မရှိဘူးလေ"

ဟော ... လာပြီ ... လာပြီ။ လူကိုအရည်ပျော်စေတဲ့ ချစ်စရာအကြည့် တွေ။ ကျွန်တော်ကအဲ့လိုအကွက်တွေကို ခံနိုင်တယ်များထင်နေလား။

ဟိန်းသူ ဘာမှတောင်ပြန်မပြောနိုင်ဘဲ လက်ကကြက်သားမှုန့်အထုပ်ဆီတန်းနေအောင်သွားတော့သည်။

"အဲ့တာကြောင့်ကိုဟိန်းကိုချစ်တာ ... အူးမွ"

သူလိုချင်တာလေးများရသွားရင်ပြုံးဖြီးလို့နေတာပါပဲ။

"ကိုဟိန်း!"

"ပြောညီ"

"ဟိုလေ ... မနက်ဖြန်လေ ... အချိန်ပိုဆင်းရမယ်"

"ဘာ!!!"

ဒါတော့နည်းနည်းများသွားပြီ။ မနက်ဖြန်တနင်္ဂနွေနေ့လေ။ ကိုယ်ကတော့မနက်ဖြန်တစ်နေကုန်ညီနဲ့အတူရှိရမယ်ဆိုပြီး ပျော်နေတာ။ အခု သူကအချိန်ပိုတဲ့လား။ ဒါကတော့ များသွားပြီ။

"အဲ့တာလေ ကိုဟိန်းကိုပြောပြတာ ... ရုံးချိန်အတိုင်းပဲသွားရမှာ ... ညီတို့ဌာနတစ်ခုလုံးဆင်းရမှာ ... လူတွေအများကြီးပဲသိလား"

"အင်းပါ ... ဘယ်တတ်နိုင်ပါ့မလဲ၊ အထက်ကခိုင်းတဲ့အလုပ်ဆိုတော့လည်းဆင်းရမှာပေါ့"

ကျွန်တော်သိတာပေါ့ ... ကိုဟိန်းစိတ်မကောင်းဖြစ်သွားတာ။ မျက်နှာကြီးကိုမှိုင်တွေသွားတာ ကျွန်တော်သိတာပေါ့။

"ကိုဟိန်း!"

"တော်ပြီညီ ... မပြောနဲ့တော့ ... ကိုယ်မစားချင်တော့ဘူး"

"ကိုဟိန်း!"

အရမ်းစိတ်မကောင်းဖြစ်သွားတာလည်းကျွန်တော်သိတယ်။ ကျွန်တော်ခေါ်တာတောင်မထူးတော့ဘူးမလား။

"အဲ့တာပဲ ... အဲ့တာပဲ ... အဆက် နင်နည်းနည်းများသွားပြီ၊ ကိုဟိန်းကြီး သနားပါတယ်၊ နင့်အလုပ်ကလည်းလွန်တယ်အေ၊ ငါတို့တောင်ပိတ်ရက်ကိုအချိန်ပိုမဆင်းရဘူး"

ကိုဟိန်းကိုချော့ဖို့ကေသွယ်မဆီဖုန်းဆက်ပြီးအကူအညီလေးတောင်းမိပါရဲ့ ... ငါးပါးမှောက်တယ်။ သူတရားဟောနေတာပါနားထောင်လိုက်ရသည်။

"နင်ဟာလေ ကိုဟိန်းကိုဆို ...

"ကေသွယ်မ နင်ဒီနေ့ပြောလို့ပြီးသွားတာ ငါအရမ်းဝမ်းသာတယ်ဟာ၊ ငါ နားထဲကလည်းသွေးတွေတောင်စီးကျကုန်ပြီ သိလား၊ ငါမေးတာမဖြေဘဲ ဘာတွေပြောနေတာလဲဟာ"

"အေးပါ ဖြေပါ့မယ်၊ ကိုဟိန်းကြီးကို အာဘွားလေးပေးပြီးချော့လိုက် ... အဟိ ရင်ခုန်လိုက်တာ ... မနက်ဖြန် နင့်အလုပ်ကညအထိတော့မလုပ်ရဘူးမလား ... ညဘက်ကိုဒိတ်ကလေးလုပ်လိုက်ပေါ့ဟယ်

"အေး ရပြီ ... ကျေးဇူးပဲ"

"အေး ကျေးဇူးတင်ရင်တစ်ဝိုင်း ... ဝိုင်း ... ဟယ်လို ... ဟယ်လို ... အဆက် ဟယ်လို ..."

ကေသွယ့်အကြောင်းကိုသိနေသည့်ဟိဏ်းဆက်သည် ဖုန်းကိုအရင်ဆုံးချသွားလေ‌တော့သည်။

"ကိုဟိန်း!"

ဧည့်ခန်းထဲတွင်တီဗီထိုင်ကြည့်နေသည့်ဟိန်းသူဘေးတွင်ရပ်ပြီး ခေါ်လိုက်သည်။

"ပြော ညီ ... မနက်လိုက်ပို့ပေးရမှာလား"

"ဟင့်အင်း မပို့ပါနဲ့ အစ်ကိုအိမ်မှာနားပါ၊ ကျွန်တော်စောစောပြန်လာမှာ၊ အလုပ်တွေအမြန်ပြီးအောင်လုပ်ပြီး အစောကြီးပြန်လာမယ် ... ညဘက် အစ်ကိုနဲ့ဒိတ်လုပ်မယ်လေနော်

ဟိန်းသူကဘာမှပြန်မပြောဘဲ ခေါင်းကြီးသာငုံ့နေလေသည်။

"အစ်ကို ညီ့ကိုစိတ်ဆိုးနေတာလားဟင်"

ဟိန်းသူက အဆက်လက်ကိုဆောင့်ဆွဲလိုက်တော့ သူ့ရင်ခွင်ထဲကွက်တိရောက်သွားသည်။

"မဆိုးပါဘူး ... စိတ်မကောင်းဖြစ်မိတာပါ"

"အစ်ကို မနက်ဖြန်ဆိုအလုပ်တွေအကုန်ပြတ်ပါပြီ၊ နောက်ပိုင်းပုံမှန်ပြန်ဖြစ်ပြီလေနော်၊ နောက်ဆို အစ်ကို့အတွက်အချိန်အများကြီးပေးမယ်လေ၊ အစ်ကိုစိတ်ကျေနပ်အောင် ညီဘာလုပ်ပေးရမလဲဟင်၊ အစ်ကိုပြောကြည့်လေ ညီတတ်နိုင်သမျှလုပ်ပေးမယ်လေနော်"

"အဲ့လိုမဟုတ်ပါဘူး ... အရင်တုန်းက ကိုယ်ညီ့ကိုအချိန်မပေးနိုင်တဲ့အချိန်ကိုသွားသတိရမိလို့ပါ ... အဲ့တုန်းကညီဘယ်လောက်တောင်ခံစားခဲ့ရမလဲဆိုတာ အခုမှသေချာသိလို့ပါ"

"ဒါဆို စိတ်မကောင်းမဖြစ်နဲ့တော့နော်၊ မနက်ဖြန် ညီပြန်လာရင်ဒိတ်လုပ်ကြမယ်လေနော်

"ဟုတ်ပါပြီဗျာ ... အခုရော အလုပ်ကူလုပ်ပေးရဦးမှာလား"

"ဟင့်အင်း မလိုတော့ဘူး၊ အခု အစ်ကို့ဘေးမှာနေမလို့ ... ရတယ်မလား"

"ရတာပေါ့ ... ချစ်ဖို့ကောင်းလိုက်တာညီရာ"

ရှန်ပူအနံ့သင်းသင်းလေးမွှေးနေတဲ့ ညီ့ခေါင်းလုံးလုံးလေးကိုနမ်းလိုက်တော့ ရင်ခွင်ထဲအတင်းတိုးဝင်လာသည်။

ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲညီရာ။

"အန်တီကဒေါ်လဲ့ကြည့်ပါ ... ဟိန်းသူရဲ့အမေပါ"

သားကိုစည်းရုံးမရတော့ ဟိဏ်းဆက်ဆီသို့ရောက်လာသည်။ ဟိဏ်းဆက်အလုပ်လုပ်နေစဥ် ဖုန်းဝင်လာလို့ကိုင်လိုက်သည်က ဒေါ်လဲ့ကြည်ဖြစ်နေပြီး သူမနဲ့တွေ့ရန်ချိန်းဆိုသည်။ ညနေရုံးဆင်းတာနဲ့ချိန်းထားသည့်နေရာသို့ လာခဲ့လိုက်သည်။

"ဟုတ် အန်တီ ... ကျွန်တော်ကဟိဏ်းဆက်ပါ"

"သိပါတယ် ... မင်းကိုအန်တီ့သားကတမ်းတမ်းစွဲဖြစ်နေတယ်၊ မင်းဘယ်လိုများစည်းရုံးသိမ်းသွင်းထားတာလဲ၊ အခု အန်တီ့သားကိုပြန်ပေးပါ"

"အန်တီ ကျွန်တော်ငြင်းပါရစေ၊ ကျွန်တော်အစ်ကို့ကိုရိုးသားစွာချစ်တာပါ အစ်ကို့ပိုင်ဆိုင်မှုတွေကိုကျွန်တော်မမက်မောပါဘူး၊ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကဘယ်သူ့ကိုမှလည်းဒုက္ခမပေးပါဘူး၊ ကျွန်တော်တို့ဘာသာနေထိုင်တာပါ၊ ကျွန်တော်အစ်ကို့ကိုမပေးနိုင်ဘူးအန်တီ၊ ကျွန်တော် တောင်းပန်ပါတယ်"

"မင်း မင်းမရှက်ဘူးလား ... ယောကျာ်းအချင်းချင်းယူထားတာ"

"ဟင့်အင်းအန်တီ၊ ရှက်တယ်လို့ပြောရအောင်လည်း ကျွန်တော်တို့အရှက်ရမယ့်အပြုအမူလည်းမပြုမိပါဘူး၊ ဒါကိုရှက်စရာလို့မြင်နေတဲ့သူတွေက ဘယ်အထိတွေးနေမိလို့ဒီစကားထွက်လာရလဲ ကျွန်တော်လည်းမသိပါဘူး၊ ကျွန်တော်မရှက်ပါဘူးအန်တီ၊ အစ်ကိုကကျွန်တော့်အတွက် ရှက်စရာမဟုတ်ပါဘူး

ဟိဏ်းဆက်၏စကားက ‌ဒေါ်လဲ့ကြည်ကိုထိသွားစေသည်။ ဒေါ်လဲ့ကြည် ဒေါသတွေပေါက်ကွဲလာသည်။

"တော်တော်မျက်နှာပြောင်တိုက်ပါလား၊ အေးလေ ... မင်းနောင်တရလာလိမ့်မယ်နော်"

ဒေါ်လဲ့ကြည်ထကာ လှည့်ပြန်မည်အလုပ် ဟိဏ်းဆက်ကစကားဆက်ပြောလိုက်သည်။

"အန်တီ ကျွန်တော်တစ်ခုတော့ပြောပါရစေ၊ အန်တီအစ်ကို့ဘက်က ရပ်တည်ပေးလို့မရဘူးလား၊ အစ်ကိုကလေ အန်တီ့ကိုအရမ်းချစ်တာ ... မူးလာတဲ့အခါတို့ အိပ်နေရင်းတောင်လေ မေမေ မေမေနဲ့ခေါ်နေတာ၊ ကျွန်တော့်ထက်တောင် အန်တီ့ကိုပိုချစ်ပါတယ်အန်တီရယ်၊ အစ်ကို့ဘက်ကရပ်တည်ပေးပါလား၊ ကျွန်တော့်ကိုလက်ခံပေးဖို့မပြောပါဘူး၊ အန်တီ ပြန်စဉ်းစားပြီး သေချာပြန်ဆုံးဖြတ်ပေးပါ၊ အစ်ကိုကတော့ အန်တီ့ကိုလိုအပ်တယ်အန်တီ"

ဟိဏ်းဆက်၏စကားလုံးများကိုကြားလိုက်ရသည့်အခါ ဒေါ်လဲ့ကြည်၏စိတ်ထဲတွင် တစ်မျိုးတမည်ဖြစ်သွားရသည်။ သို့သော် ဒေါ်လဲ့ကြည်သည် ထိုနေရာမှထွက်လာခဲ့လိုက်သည်။

ငါမှားနေပြီထင်တယ် ...

ဇာတ်သိမ်းပိုင်းမျှော်

》》》》》》》》》》》

ကြာသွားလို့ပေါ်တင်ရိုက်ကြရင်လည်းရပါတယ်😁
အရေးအသားတွေisစုတ်ပြတ်သတ်နေပါပြီ။
သည်းခံပြီးဖတ်ပေးကြပါနော်😁
အားလုံးSaranghae❤

"ၿမိဳင္ ... မာမီကၿမိဳင့္ကိုေတြ႕ခ်င္ေနတဲ့ပုံပဲ"

"ကိုႀကီးအဲ့တာေျပာမယ္ဆို ၿမိဳင္ျပန္‌ေတာ့မယ္"

ဟိဏ္းဆက္ေလးက‌ေတာ့ ဟိန္းသူ၏မ်က္ႏွာကိုသာအရိပ္တၾကည့္ၾကည့္နဲ႕လိုက္ၾကည့္ေနသည္။ မနက္စာစားၿပီးၾကသည္ႏွင့္ကိုယ့္လုပ္ငန္းခြင္သို႔ ကိုယ္စီဝင္ရန္ ခြဲခြာခဲ့ၾကသည္။ ဟိဏ္းဆက္တစ္ေနကုန္အလုပ္ထဲတြင္အာ႐ုံသိပ္မရွိ။ ဟိန္းသူဘယ္ေလာက္ပဲၿပဳံးေနေန စိတ္ထဲကိုေတာ့ဟိဏ္းဆက္ျမင္ေနရသည္။ ညေနအိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ ဟိန္းသူက အိမ္ျပန္ေရာက္ေနၿပီျဖစ္သည္။ ကုတင္ေပၚမွာ ေကြးေကြးေလးအိပ္ေနသည့္ဟိန္းသူကိုေတြ႕လိုက္ရသည္။ အိပ္ေပ်ာ္ေနတဲ့ဟိန္းသူကိုၾကည့္လိုက္သည့္အခါ မ်က္လုံးေလးေတြေတာင္ေဖာင္းအစ္လို႔ေနသည္။ ဟိန္းသူငိုထားမွန္းအရမ္းသိသာလြန္းသည္။

ဘယ္ေလာက္ေတာင္ငိုထားရတာလဲအစ္ကိုရယ္ ...

ဟိန္းသူကို ေစာင္ေလးၿခဳံေပးၿပီး အခန္းထဲမွထြက္လာလိုက္သည္။ တစ္ခါတစ္ေလ အိပ္ေနရင္းေတာင္ ေမေမ ေမေမနဲ႕ေယာင္တတ္သည္။ အခု ဘာေတြမ်ားေျပာလိုက္လို႔ ဒီေလာက္ေတာင္ငိုထားရတာလဲ။ ဟိဏ္းဆက္ေတြးေနစဥ္ ေဒၚေမဦးေရာက္လာသည္။

"ေမေမ ..."

"ဟိန္းေလးအေျခအေနသိခ်င္လို႔လိုက္လာတာ ... ေအာက္မွာကားေတြ႕ တယ္ ... ဟိန္းေလးျပန္ေရာက္ေနၿပီမလား"

"ဟုတ္တယ္ ... အစ္ကိုငိုထားတယ္ေမေမ ... ဘာေတြမ်ားေျပာလိုက္လို႔လဲဆိုတာ သားကိုလည္းမေျပာျပေသးဘူး"

"လဲ့ၾကည္ကသားနဲ႕လမ္းခြဲၿပီးသူ႕ဆီလာဖို႔ေျပာခဲ့တာ ... ၿမိဳင္ေျပာျပလို႔ ေမေမလည္းသိခဲ့ရတာ ... ဟိန္းေလးကဒီကိစၥကိုဖုံးထားတယ္ ... မ်က္ႏွာသိပ္မေကာင္းလို႔ ေမေမျပန္လႊတ္လိုက္တာ"

"အစ္ကိုကေလညဘက္ဆို ေမေမ ေမေမနဲ႕ေယာင္တတ္တယ္ ... ျဖစ္ေနတာၾကာၿပီ ... အစ္ကို႔အတြက္စိုးရိမ္တယ္"

"လဲ့ၾကည္ကသူ႕အတိတ္နဲ႕ကေလးကို‌ေရာေထြးေနတာ ... မခ်စ္မႏွစ္သက္တဲ့သူနဲ႕ရတဲ့ကေလးဆိုၿပီး ဟိန္းေလးကိုေရာေထြးေနတာ"

"ေမေမ!"

ဟိန္းသူ အခန္းထဲကထြက္လာသည္။ ‌ေဒၚေမဦးကိုျမင္လိုက္ေတာ့ မ်က္ႏွာေလးကနည္းနည္းေလးၿပဳံးလာသည္။

"သားကိုလြမ္းလို႔လာတာလား"

"ဟုတ္ပါ့ရွင္ ... ႐ုံးမွာေတြ႕ရတာမဝလို႔ အိမ္အထိလိုက္လာတာပါရွင္"

ဟိန္းသူကေဒၚေမဦးနဲ႕ဟိဏ္းဆက္တို႔ႏွစ္ေယာက္ၾကားတြင္ဝင္ထိုင္လိုက္သည္။

"ဒီေန႕သားတို႔ဘာစားခ်င္ၾကလဲ ... ေမေမညစာခ်က္ေကြၽးမယ္ေလ"

ဟိန္းသူ ေဒၚေမဦးကိုဖက္လိုက္ၿပီး ‌ေဒၚေမဦး၏ပုခုံးေပၚသို႔ေခါင္းေလးတင္ထားသည္။

"အခြၽဲေလးပါလား ..."

"သားကိုေမေမကမခ်စ္ဘူး ..."

ဟိန္းသူ၏မ်က္ရည္ေတြ ‌ေဒၚေမဦး၏ပုခုံးေပၚသို႔က်ကဳန္သည္။ ေဒၚေမဦး ဟိန္းသူ၏ေက်ာျပင္ေလးကိုလက္ကေလးနဲ႕အသာေလးပြတ္သပ္ေပးေန သည္။

"သားကိုညီနဲ႕လမ္းခြဲခိုင္းတယ္ ... သားခ်စ္ရတဲ့သူနဲ႕လမ္းခြဲခိုင္းတယ္ ... လမ္းခြဲၿပီးရင္ အတူတူေနၾကမယ္တဲ့ ... ေမေမကဘာလို႔သားကိုဒီေလာက္မုန္းေနရတာလဲဟင္၊ သားကအတင္းေမြးခိုင္းခဲ့တာလည္းမဟုတ္ခဲ့ဘဲနဲ႕ ... ဘာလို႔ သားကိုအဲ့ေလာက္မုန္းေနရတာလဲ"

"အဲ့လိုမဟုတ္ပါဘူး ... မိဘကသားသမီးကိုမုန္းစရာလားကြယ္ ... လဲ့ၾကည္က သူ႕အတိတ္ကေန႐ုန္းမထြက္နိုင္ေသးလို႔ပါ ..."

ဟိန္းသူအငိုတိတ္ေအာင္ ေဒၚေမဦးအေတာ့္ကိုေခ်ာ့ယူလိုက္ရသည္။ ညဘက္လည္းဟိဏ္းဆက္ရဲ႕ရင္ခြင္ထဲမွာ ၿငိမ္ၿငိမ္ေလးေနေနသည္။ ဟိဏ္းဆက္ကဟိန္းသူ၏နဖူးေလးကိုနမ္းလိုက္ေတာ့ ရင္ခြင္ထဲကေနေမာ့ၾကည့္သည္။

"အစ္ကိုကအခုက်ေတာ့လည္း တကယ့္ကေလးေလးပဲ"

"ကိုယ္ မင္းနဲ႕လမ္းမခြဲဘူးေနာ္ ... ညီအထင္လြဲေနမွာစိုးလို႔"

"မလြဲပါဘူး ... ညီကအစ္ကို႔ကိုယုံတယ္ ... အိပ္ေပ်ာ္ေအာင္အိပ္လိုက္ေနာ္ ... ဘာအေၾကာင္းအရာကိုမွမေတြးဘဲနဲ႕ ညီ့ရင္ခြင္ထဲမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေအာင္အိပ္လိုက္ပါ"

ဟိန္းသူ ဟိဏ္းဆက္၏ရင္ခြင္ထဲမွာ ၿငိမ္ၿငိမ္ေလးေနၿပီး မ်က္လုံးေလးေတြကို မွိတ္ခ်ထားပစ္လိုက္သည္။ ထိုညကဟိန္းသူေကာင္းေကာင္းမြန္မြန္အိပ္စက္နိုင္ခဲ့ေလသည္။

"ကိုဟိန္း ... ကိုဟိန္း ... ညီ့ကိုဒါေလးကူေရးေပး"

အခုတေလာညီ့႐ုံးကဆင္းလိုက္ရတဲ့အခ်ိန္ပိုဆိုတာ တစ္ပတ္ေလာက္ရွိၿပီ။ အခ်ိန္ပိုဆင္းရလို႔ အျပန္ေအးေဆးေနရမယ္ထင္တာမွားတယ္။ အႀကီးႀကီးမွားတယ္။ အိမ္ကိုအလုပ္ေတြသယ္လာရေသးတယ္။ သူပါလုပ္႐ုံမကလို႔ကိုယ္ပါဝိုင္းလုပ္ေပးလိုက္ရတယ္။ ညီ့႐ုံးကိုသိပ္ေတာ့မေက်နပ္ခ်င္ဘူး။ အားေနအလုပ္ပဲခိုင္းေနၾကတာ။ ညီ့မ်က္ႏွာေလးက ဇီး႐ြက္ေလာက္ပဲက်န္ေတာ့တယ္။

"ညီ ထြက္လိုက္ေတာ့"

"အင္ ... ဘာကိုလဲကိုဟိန္းရဲ႕"

"အလုပ္ ... ညီအလုပ္ထြက္လိုက္ေတာ့ ... အစိုးရအလုပ္မလုပ္နဲ႕ေတာ့"

"ဟာဗ်ာ ... မထြက္ခ်င္ပါဘူး ... ဘာလို႔ထြက္ရမွာလဲ"

"ညီပင္ပန္းတယ္ေလ၊ အခုလည္းၾကည့္ အခ်ိန္ပိုဆင္းလို႔လည္းမၿပီး ... အိမ္ပါအလုပ္ေတြသယ္လာရေသးတယ္၊ ဘယ္မွာလဲကိုယ့္အတြက္အခ်ိန္ ... မနက္ဆိုသြားၿပီ ... ညဆိုမိုးခ်ဳပ္တယ္၊ ကိုယ့္အတြက္အခ်ိန္ကအသာထား ... အခုညီပိန္သြားတာသိရဲ႕လား ... ညီအရမ္းပင္ပန္းေနၿပီ"

"ထြက္လိုက္ေတာ့ ကြၽန္ေတာ္ကဘာသြားလုပ္ရမွာလဲ"

"အိမ္မွာေန ... ကိုယ့္အနားမွာေနေလ"

"မထြက္နိုင္ပါဘူး ... ခက္ခက္ခဲခဲရထားတဲ့အလုပ္ေလးကို ... မရဘူး မထြက္ဘူး"

"ညီ မဆိုးနဲ႕ကြာ ... ထြက္ဆိုထြက္"

"မ ... ထြက္ ... ဘူး၊ ေပးေတာ့ ကိုယ့္ဘာသာကိုယ္ပဲေရးေတာ့မယ္၊ အခန္းထဲဝင္မလာနဲ႕ ... အဲ့ဆိုဖာေပၚမွာအိပ္ ... အဲ့ဒါ ကြၽန္ေတာ့္ကိုအလုပ္ထြက္ခိုင္းလို႔အျပစ္ေပးတာ"

"ဟာ ... ညီ ... ညီ!!!"

ဟိဏ္းဆက္ကအခန္းတံခါးကိုေလာ့ပါခ်ထားသည္။ ဟိန္းသူတစ္ေယာက္ တံခါးအေရွ႕တြင္မတ္တပ္ကေလးရပ္ၿပီး ...

"ညီ အဲ့လိုမလုပ္နဲ႕ေလ၊ ကိုယ့္အရပ္ႀကီးနဲ႕ဆိုဖာကေသးေသးေလးေလ ... ဘယ္လိုအိပ္ရမွာလဲ"

"မသိဘူး ... အိပ္ခ်င္သလိုအိပ္၊ တိုးတိုးေန ... စာရင္းေတြမွားကုန္ရင္ အစ္ကို႔ေၾကာင့္ပဲ"

"ညီ ... ညစာမခ်က္ေတာ့ဘူးလားဟင္"

"မခ်က္ဘူး ... ဗိုက္ဆာရင္လက္ကိုက္ေန"

"ညီ အဲ့လိုမလုပ္ပါနဲ႕ ... ကိုယ္ဗိုက္ဆာတယ္ေလ"

"ဆာရင္ကိုယ့္ဘာသာကိုယ္ခ်က္စား"

"ညီကေရာ မစားဘူးလား၊ ကိုယ္ကညီခ်က္ေကြၽးတာေလးကိုစားခ်င္တာ"

"မစားဘူး ... ဒီညအစာငတ္ခံလိုက္မယ္"

ကုတင္ေအာက္ထဲကမုန႔္ထုပ္ကေလးေတြကဟိန္းသူကိုေလွာင္ရယ္ေနပါေတာ့သည္။ ဟိန္းသူတစ္ေယာက္ဧည့္ခန္းထဲတြင္ စိတ္ပ်က္စြာျဖင့္သက္ျပင္းတစ္ခ်က္ခ်ရင္း ဆိုဖာေပၚသို႔ထိုင္ခ်လိဳက္သည္။

ဟိုလူႀကီးၿငိမ္သြားၿပီ။ စိတ္မ်ားဆိုးသြားၿပီလားမသိဘူး။ အာ ...မသိေတာ့ ဘူးကြာ ... ေခါင္းရႈပ္လာၿပီ။ ေနရင္းထိုင္ရင္း ဘာလို႔အလုပ္လာထြက္ခိုင္းမွန္းမသိဘူး။ ဒီကခက္ခက္ခဲခဲနဲ႕ရထားတဲ့အလုပ္ေလး ဘယ္ထြက္ခ်င္မွာလဲလို႔။

ခဏအၾကာတြင္ဟိဏ္းဆက္အခန္းထဲကေနေခ်ာင္းၾကည့္သည္။ ဆိုဖာေပၚတြင္ငုတ္တုပ္ႀကီးထိုင္ေနသည့္ဟိန္းသူကိုေတြ႕ေတာ့ ဟိဏ္းဆက္ အခန္းထဲမွထြက္လာၿပီး ဟိန္းသူအေရွ႕တြင္ရပ္လိုက္သည္။

"အဟမ္း!"

"ညီ! ဘာလို႔လဲ ... အစ္ကို႔ကိုစိတ္ဆိုးေနေသးလားဟင္ ... ေျပာပါဦး၊ ညီ မထြက္ခ်င္ရင္လည္းမထြက္ပါနဲ႕၊ အစ္ကိုကညီပင္ပန္းေနလို႔ေျပာတာပါ ... စိတ္မဆိုးနဲ႕ေတာ့ေနာ္"

သူစိတ္ဆိုးမွာစိုးလို႔ မ်က္ႏွာငယ္ေလးနဲ႕လက္ကိုဆုပ္ကိုင္ၿပီးေျပာေနတဲ့ ကိုဟိန္းႀကီးကတကယ့္ကိုခ်စ္စရာႀကီး။

"အဟမ္း ... မဆိုးပါဘူး ... ဒီေန႕ညဘာစားမွာလဲ"

"ညီအဆင္ေျပတာလုပ္ ... ကိုယ္လည္းကူလုပ္ေပးမယ္ေလေနာ္"

"အင္း"

အရမ္ကိုခက္ခဲပင္ပန္းတဲ့ညစာကိုဟိဏ္းဆက္ကစီစဥ္လိုက္သည္။ ညစာကပန္းပြင့္ေၾကာ္တဲ့။ အဲ့တာလည္ဟိန္းသူေၾကာ္လိုက္ရတာေနာ္။

"အစ္ကို ေပါ့လိုက္တာ ... ၾကက္သားမႈန႔္ထပ္ထည့္"

"ေတာ္ၿပီ မထည့္ေတာ့ဘူး ... အငံေတြအရမ္းမစားနဲ႕"

"ဟာ ... ကိုဟိန္းကလည္း ... ထပ္မထည့္ရင္ ညီ့ပါးစပ္ထဲမွာ ဘာအရသာမွ မရွိဘူးေလ"

ေဟာ ... လာၿပီ ... လာၿပီ။ လူကိုအရည္ေပ်ာ္ေစတဲ့ ခ်စ္စရာအၾကည့္ ေတြ။ ကြၽန္ေတာ္ကအဲ့လိုအကြက္ေတြကို ခံနိုင္တယ္မ်ားထင္ေနလား။

ဟိန္းသူ ဘာမွေတာင္ျပန္မေျပာနိုင္ဘဲ လက္ကၾကက္သားမႈန႔္အထုပ္ဆီတန္းေနေအာင္သြားေတာ့သည္။

"အဲ့တာေၾကာင့္ကိုဟိန္းကိုခ်စ္တာ ... အူးမြ"

သူလိုခ်င္တာေလးမ်ားရသြားရင္ၿပဳံးၿဖီးလို႔ေနတာပါပဲ။

"ကိုဟိန္း!"

"ေျပာညီ"

"ဟိုေလ ... မနက္ျဖန္ေလ ... အခ်ိန္ပိုဆင္းရမယ္"

"ဘာ!!!"

ဒါေတာ့နည္းနည္းမ်ားသြားၿပီ။ မနက္ျဖန္တနဂၤေႏြေန႕ေလ။ ကိုယ္ကေတာ့မနက္ျဖန္တစ္ေနကုန္ညီနဲ႕အတူရွိရမယ္ဆိုၿပီး ေပ်ာ္ေနတာ။ အခု သူကအခ်ိန္ပိုတဲ့လား။ ဒါကေတာ့ မ်ားသြားၿပီ။

"အဲ့တာေလ ကိုဟိန္းကိုေျပာျပတာ ... ႐ုံးခ်ိန္အတိုင္းပဲသြားရမွာ ... ညီတို႔ဌာနတစ္ခုလုံးဆင္းရမွာ ... လူေတြအမ်ားႀကီးပဲသိလား"

"အင္းပါ ... ဘယ္တတ္နိုင္ပါ့မလဲ၊ အထက္ကခိုင္းတဲ့အလုပ္ဆိုေတာ့လည္းဆင္းရမွာေပါ့"

ကြၽန္ေတာ္သိတာေပါ့ ... ကိုဟိန္းစိတ္မေကာင္းျဖစ္သြားတာ။ မ်က္ႏွာႀကီးကိုမွိုင္ေတြသြားတာ ကြၽန္ေတာ္သိတာေပါ့။

"ကိုဟိန္း!"

"ေတာ္ၿပီညီ ... မေျပာနဲ႕ေတာ့ ... ကိုယ္မစားခ်င္ေတာ့ဘူး"

"ကိုဟိန္း!"

အရမ္းစိတ္မေကာင္းျဖစ္သြားတာလည္းကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ္ေခၚတာေတာင္မထူးေတာ့ဘူးမလား။

"အဲ့တာပဲ ... အဲ့တာပဲ ... အဆက္ နင္နည္းနည္းမ်ားသြားၿပီ၊ ကိုဟိန္းႀကီး သနားပါတယ္၊ နင့္အလုပ္ကလည္းလြန္တယ္ေအ၊ ငါတို႔ေတာင္ပိတ္ရက္ကိုအခ်ိန္ပိုမဆင္းရဘူး"

ကိုဟိန္းကိုေခ်ာ့ဖို႔ေကသြယ္မဆီဖုန္းဆက္ၿပီးအကူအညီေလးေတာင္းမိပါရဲ႕ ... ငါးပါးေမွာက္တယ္။ သူတရားေဟာေနတာပါနားေထာင္လိုက္ရသည္။

"နင္ဟာေလ ကိုဟိန္းကိုဆို ...

"ေကသြယ္မ နင္ဒီေန႕ေျပာလို႔ၿပီးသြားတာ ငါအရမ္းဝမ္းသာတယ္ဟာ၊ ငါ နားထဲကလည္းေသြးေတြေတာင္စီးက်ကဳန္ၿပီ သိလား၊ ငါေမးတာမေျဖဘဲ ဘာေတြေျပာေနတာလဲဟာ"

"ေအးပါ ေျဖပါ့မယ္၊ ကိုဟိန္းႀကီးကို အာဘြားေလးေပးၿပီးေခ်ာ့လိုက္ ... အဟိ ရင္ခုန္လိုက္တာ ... မနက္ျဖန္ နင့္အလုပ္ကညအထိေတာ့မလုပ္ရဘူးမလား ... ညဘက္ကိုဒိတ္ကေလးလုပ္လိုက္ေပါ့ဟယ္

"ေအး ရၿပီ ... ေက်းဇူးပဲ"

"ေအး ေက်းဇူးတင္ရင္တစ္ဝိုင္း ... ဝိုင္း ... ဟယ္လို ... ဟယ္လို ... အဆက္ ဟယ္လို ..."

ေကသြယ့္အေၾကာင္းကိုသိေနသည့္ဟိဏ္းဆက္သည္ ဖုန္းကိုအရင္ဆုံးခ်သြားေလ‌ေတာ့သည္။

"ကိုဟိန္း!"

ဧည့္ခန္းထဲတြင္တီဗီထိုင္ၾကည့္ေနသည့္ဟိန္းသူေဘးတြင္ရပ္ၿပီး ေခၚလိုက္သည္။

"ေျပာ ညီ ... မနက္လိုက္ပို႔ေပးရမွာလား"

"ဟင့္အင္း မပို႔ပါနဲ႕ အစ္ကိုအိမ္မွာနားပါ၊ ကြၽန္ေတာ္ေစာေစာျပန္လာမွာ၊ အလုပ္ေတြအျမန္ၿပီးေအာင္လုပ္ၿပီး အေစာႀကီးျပန္လာမယ္ ... ညဘက္ အစ္ကိုနဲ႕ဒိတ္လုပ္မယ္ေလေနာ္

ဟိန္းသူကဘာမွျပန္မေျပာဘဲ ေခါင္းႀကီးသာငုံ႕ေနေလသည္။

"အစ္ကို ညီ့ကိုစိတ္ဆိုးေနတာလားဟင္"

ဟိန္းသူက အဆက္လက္ကိုေဆာင့္ဆြဲလိုက္ေတာ့ သူ႕ရင္ခြင္ထဲကြက္တိေရာက္သြားသည္။

"မဆိုးပါဘူး ... စိတ္မေကာင္းျဖစ္မိတာပါ"

"အစ္ကို မနက္ျဖန္ဆိုအလုပ္ေတြအကုန္ျပတ္ပါၿပီ၊ ေနာက္ပိုင္းပုံမွန္ျပန္ျဖစ္ၿပီေလေနာ္၊ ေနာက္ဆို အစ္ကို႔အတြက္အခ်ိန္အမ်ားႀကီးေပးမယ္ေလ၊ အစ္ကိုစိတ္ေက်နပ္ေအာင္ ညီဘာလုပ္ေပးရမလဲဟင္၊ အစ္ကိုေျပာၾကည့္ေလ ညီတတ္နိုင္သမွ်လုပ္ေပးမယ္ေလေနာ္"

"အဲ့လိုမဟုတ္ပါဘူး ... အရင္တုန္းက ကိုယ္ညီ့ကိုအခ်ိန္မေပးနိုင္တဲ့အခ်ိန္ကိုသြားသတိရမိလို႔ပါ ... အဲ့တုန္းကညီဘယ္ေလာက္ေတာင္ခံစားခဲ့ရမလဲဆိုတာ အခုမွေသခ်ာသိလို႔ပါ"

"ဒါဆို စိတ္မေကာင္းမျဖစ္နဲ႕ေတာ့ေနာ္၊ မနက္ျဖန္ ညီျပန္လာရင္ဒိတ္လုပ္ၾကမယ္ေလေနာ္

"ဟုတ္ပါၿပီဗ်ာ ... အခုေရာ အလုပ္ကူလုပ္ေပးရဦးမွာလား"

"ဟင့္အင္း မလိုေတာ့ဘူး၊ အခု အစ္ကို႔ေဘးမွာေနမလို႔ ... ရတယ္မလား"

"ရတာေပါ့ ... ခ်စ္ဖို႔ေကာင္းလိုက္တာညီရာ"

ရွန္ပူအနံ႕သင္းသင္းေလးေမႊးေနတဲ့ ညီ့ေခါင္းလုံးလုံးေလးကိုနမ္းလိုက္ေတာ့ ရင္ခြင္ထဲအတင္းတိုးဝင္လာသည္။

ဘာလို႔အဲ့ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းေနရတာလဲညီရာ။

"အန္တီကေဒၚလဲ့ၾကည့္ပါ ... ဟိန္းသူရဲ႕အေမပါ"

သားကိုစည္း႐ုံးမရေတာ့ ဟိဏ္းဆက္ဆီသို႔ေရာက္လာသည္။ ဟိဏ္းဆက္အလုပ္လုပ္ေနစဥ္ ဖုန္းဝင္လာလို႔ကိုင္လိုက္သည္က ေဒၚလဲ့ၾကည္ျဖစ္ေနၿပီး သူမနဲ႕ေတြ႕ရန္ခ်ိန္းဆိုသည္။ ညေန႐ုံးဆင္းတာနဲ႕ခ်ိန္းထားသည့္ေနရာသို႔ လာခဲ့လိုက္သည္။

"ဟုတ္ အန္တီ ... ကြၽန္ေတာ္ကဟိဏ္းဆက္ပါ"

"သိပါတယ္ ... မင္းကိုအန္တီ့သားကတမ္းတမ္းစြဲျဖစ္ေနတယ္၊ မင္းဘယ္လိုမ်ားစည္း႐ုံးသိမ္းသြင္းထားတာလဲ၊ အခု အန္တီ့သားကိုျပန္ေပးပါ"

"အန္တီ ကြၽန္ေတာ္ျငင္းပါရေစ၊ ကြၽန္ေတာ္အစ္ကို႔ကိုရိုးသားစြာခ်စ္တာပါ အစ္ကို႔ပိုင္ဆိုင္မႈေတြကိုကြၽန္ေတာ္မမက္ေမာပါဘူး၊ ကြၽန္ေတာ္တို႔ရဲ႕ ခ်စ္ျခင္းကဘယ္သူ႕ကိုမွလည္းဒုကၡမေပးပါဘူး၊ ကြၽန္ေတာ္တို႔ဘာသာေနထိုင္တာပါ၊ ကြၽန္ေတာ္အစ္ကို႔ကိုမေပးနိုင္ဘူးအန္တီ၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

"မင္း မင္းမရွက္ဘူးလား ... ေယာက်ာ္းအခ်င္းခ်င္းယူထားတာ"

"ဟင့္အင္းအန္တီ၊ ရွက္တယ္လို႔ေျပာရေအာင္လည္း ကြၽန္ေတာ္တို႔အရွက္ရမယ့္အျပဳအမူလည္းမျပဳမိပါဘူး၊ ဒါကိုရွက္စရာလို႔ျမင္ေနတဲ့သူေတြက ဘယ္အထိေတြးေနမိလို႔ဒီစကားထြက္လာရလဲ ကြၽန္ေတာ္လည္းမသိပါဘူး၊ ကြၽန္ေတာ္မရွက္ပါဘူးအန္တီ၊ အစ္ကိုကကြၽန္ေတာ့္အတြက္ ရွက္စရာမဟုတ္ပါဘူး

ဟိဏ္းဆက္၏စကားက ‌ေဒၚလဲ့ၾကည္ကိုထိသြားေစသည္။ ေဒၚလဲ့ၾကည္ ေဒါသေတြေပါက္ကြဲလာသည္။

"ေတာ္ေတာ္မ်က္ႏွာေျပာင္တိုက္ပါလား၊ ေအးေလ ... မင္းေနာင္တရလာလိမ့္မယ္ေနာ္"

ေဒၚလဲ့ၾကည္ထကာ လွည့္ျပန္မည္အလုပ္ ဟိဏ္းဆက္ကစကားဆက္ေျပာလိုက္သည္။

"အန္တီ ကြၽန္ေတာ္တစ္ခုေတာ့ေျပာပါရေစ၊ အန္တီအစ္ကို႔ဘက္က ရပ္တည္ေပးလို႔မရဘူးလား၊ အစ္ကိုကေလ အန္တီ့ကိုအရမ္းခ်စ္တာ ... မူးလာတဲ့အခါတို႔ အိပ္ေနရင္းေတာင္ေလ ေမေမ ေမေမနဲ႕ေခၚေနတာ၊ ကြၽန္ေတာ့္ထက္ေတာင္ အန္တီ့ကိုပိုခ်စ္ပါတယ္အန္တီရယ္၊ အစ္ကို႔ဘက္ကရပ္တည္ေပးပါလား၊ ကြၽန္ေတာ့္ကိုလက္ခံေပးဖို႔မေျပာပါဘူး၊ အန္တီ ျပန္စဥ္းစားၿပီး ေသခ်ာျပန္ဆုံးျဖတ္ေပးပါ၊ အစ္ကိုကေတာ့ အန္တီ့ကိုလိုအပ္တယ္အန္တီ"

ဟိဏ္းဆက္၏စကားလုံးမ်ားကိုၾကားလိုက္ရသည့္အခါ ေဒၚလဲ့ၾကည္၏စိတ္ထဲတြင္ တစ္မ်ိဳးတမည္ျဖစ္သြားရသည္။ သို႔ေသာ္ ေဒၚလဲ့ၾကည္သည္ ထိုေနရာမွထြက္လာခဲ့လိုက္သည္။

ငါမွားေနၿပီထင္တယ္ ...

ဇာတ္သိမ္းပိုင္းေမွ်ာ္

》》》》》》》》》》》

ၾကာသြားလို႔ေပၚတင္ရိုက္ၾကရင္လည္းရပါတယ္😁
အေရးအသားေတြisစုတ္ျပတ္သတ္ေနပါၿပီ။
သည္းခံၿပီးဖတ္ေပးၾကပါေနာ္😁
အားလုံးSaranghae❤

Continuer la Lecture

Vous Aimerez Aussi

1.1K 132 14
Short Storyလေးပါ။ သီတင်းကျွတ်ရဲ့အငွေ့အသက်လေးဖြစ်ချင်တာမို့ သီတင်းကျွတ်လကိုအခြေခံထားတဲ့ BoyLove Fctionလေးပါ။
414K 24.3K 78
သံမဏိနှင်း‌ဆီ-Book Announcement
1M 107K 41
သူ့နာမည်က လမင်းခကြွေ.... king အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ.. ကျောက်မျတ်ရတနာလောကမှာတော့ဘုရင်တစ်ပါးလိုပဲ... အားလုံးက တင်စားကြတာတော့ သူကငယ်င...
1.4M 177K 150
BL