အပိုင်း - ၁၄

25.7K 2K 33
                                    

Unicode

ဟိဏ်းဆက်သည်ဟိန်းသူအခန်းဆီရောက်လာခဲ့သည်။ဒုတိယမြောက်အကြိမ်ရောက်ဖူးပါသော်လည်းဟိဏ်းဆက်အတွက်တော့ပထမဦးဆုံးအကြိမ်ရောက်လာသကဲ့သို့ရင်ခုန်နေသည်။

"ညီ ခဏထိုင်ဦး ၊ အစ်ကို အင်္ကျီလဲလိုက်ဦးမယ်"

"ဗျာ! အစ်ကို ညီအပြင်ထွက်ပေးမယ်လေ"

"အင်္ကျီလဲတာအပြင်ထွက်ပေးစရာလိုလို့လားကွာ"

"မဟုတ် မဟုတ်ဘူးလေ ၊ အဲ့တာက ညီက ဟို ......."

"ညီရာ ထိုင်နေပါကွာ ၊ ဘာမှမဖြစ်ဘူး"

အကိုကသာဘာမှမဖြစ်တာဗျ။ညီကရင်ခုန်လို့သေတော့မယ်။

ဟိန်းသူသည်ဟိဏ်းဆက်အရှေ့တွင်အင်္ကျီကြယ်သီးများကိုဖြုတ်လိုက်သည်။

"အစ်ကို ဟိုဟာလေ အောက်ထပ်မှာ ညီ ......."

"ညီရှက်နေတာလား"

ဟိန်းသူသည်ဟိဏ်းဆက်ဆီသို့လျှောက်လာသည်။ဟိဏ်းဆက်၏အနားသို့ဟိန်းသူရောက်လာသည်။

"မဟုတ် မဟုတ်ပါဘူး"

"ဒါဆိုဘာလို့မျက်နှာကြီးကနီရဲနေတာလဲ"

"ဟင်!"

ဟိဏ်းဆက်သည်သူ့မျက်နှာသူပြန်ကိုင်ကြည့်သေးသည်။ဟိန်းသူသည်ဟိဏ်းဆက်ကိုစားပွဲခုံပေါ်မတင်လိုက်ပြီးဟိဏ်းဆက်၏ဘေးတစ်ဖက်စီတွင်လက်ထောက်လိုက်သည်။

"ညီ ကိုယ့်ကိုကြည့်"

ဟိန်းသူသည်အဆက်မျက်နှာကို‌မေးဖျားလေးမှကိုင်၍မော့‌စေလိုက်သည်။

"ချစ်တယ်ညီ"

"ဗျာ!"

အစ်ကိုဘာဖြစ်နေတာလဲဗျာ။ညီ့ကိုအသေသတ်နေတာလားမသိဘူး။

ဟိန်းသူသည်ဟိဏ်းဆက်၏လက်ကိုဆွဲယူကာသူ့ခါးကိုဖက်စေသည်။ဟိန်းသူသည်ဟိဏ်းဆက်မျက်နှာအနားကပ်လာသည့်အခါအဆက်ကလေးအသက်ရှူတောင်မှားလာသည်။ဟိန်းသူသည်ဟိဏ်းဆက်ကိုမနမ်းခင်ဟိဏ်းဆက်၏မျက်လုံးလေးတွေကိုအနီးကပ်ကြည့်လိုက်သည်။

"ကိုယ့်ကိုနမ်းခွင့်ပြုပါ"

ဟိဏ်းဆက်သည်ဟိန်းသူကိုမျက်လုံးဝိုင်းဝိုင်းလေးဖြင့်မော့ကြည့်နေသည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now