မနက်၇နာရီလောက် ဟိဏ်းဆက်နိုးလာသည်။ ဘေးကိုကြည့်လိုက်သည့်အခါ ဟိန်းသူကိုမတွေ့တော့ပါ။ ဟိဏ်းဆက်သည် အိပ်ချင်မူးတူးဖြင့်ထလိုက်သည်က ကုတင်ပေါ်မှပြုတ်ကျသွားပါတော့သည်။
"အာ့! နာလိုက်တာ"
ဟိဏ်းဆက်တစ်ယောက် ကုတင်အောက်မှာခွေခွေလေးဖြစ်နေသည်။ ဟိဏ်းဆက်၏အသံကြားလို့ဟိန်းသူအခန်းထဲသို့ဝင်လာသည်။
"အစ်ကို! ညီနာသွားပြီ"
ဟိဏ်းဆက်သည် မျက်နှာငယ်လေးနဲ့လှမ်းပြောရှာသည်။
"ဖြစ်ရမယ်ညီရယ်၊ ဘယ်လိုဖြစ်လို့ပြုတ်ကျရတာလဲ၊ ထနိုင်ရဲ့လား ထကြည့်ဦး"
အဆက်တို့ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါတွေက အလိုလိုထွက်လာတော့သည်။
"မရဘူးအစ်ကို၊ ခါးနာသွားပြီ ထလို့မရတော့ဘူး၊ မျက်နှာဘယ်လိုသစ်ရမလဲ ဟင့်"
ဟိဏ်းဆက်သည် ဟိန်းသူချီတာကိုသဘောကျ၍ တမင်ဟန်ဆောင်လိုက်သည်။ ဟိဏ်းဆက်၏ဟန်ဆောင်နေမှုကိုလည်း ဟိန်းသူကောင်းကောင်းကြီးသိပါသည်။ ဟိန်းသူသည် ဟိဏ်းဆက်ကိုပွေ့ချီလိုက်သည်။
"ဘာမှမဖြစ်မှန်းကိုယ်သိတယ်၊ အဲ့တော့ အခုတကယ်ခါးနာသွားအောင်ပစ်ချပေးမယ်"
ဟိဏ်းဆက်သည် ဟိန်းသူကို အတင်းအကြက်ဖက်ထားပါတော့သည်။
"အစ်ကိုကလည်း ညီကစတာကို အဲ့လိုတော့မလုပ်နဲ့လေ၊ မနာဘဲကျိုးသွားမှဖြင့် ဟီးဟီး"
"အဲ့တာဆိုငြိမ်ငြိမ်နေ"
ဟိဏ်းဆက်ကိုရေချိုးခန်းထဲထိပွေ့ချီသွားပြီး ရေချိုးကန်အုတ်ဘောင်ပေါ်တွင်တင်ပေးလိုက်သည်။
"အစ်ကို!"
ဟိန်းသူသည် ဟိဏ်းဆက်အတွက်သွားတိုက်ဆေးထည့်ပေးနေသည်ကို အငြိမ်မနေဘဲရေနဲ့လိုက်ပတ်နေသေးသည်။
"ညီ မဆော့နဲ့ ပြုတ်ကျမယ်"
"မဆော့ပါဘူး"
ရေတစ်ခွက်အပြည့်ခပ်လိုက်ပြီးဆိုပြီးဟိန်းသူအပေါ်သို့လောင်းချလိုက်သည်။
"ညီ! အဲ့လိုကြေးလား"
နှစ်ယောက်စလုံးသည် မျက်နှာသစ်ရုံတင်မကရေပါချိုးရတော့မယ့်အထိဖြစ်သွားတော့သည်။
YOU ARE READING
ချစ်ရပါသော"ညီ"
Romance[Unicode]အဖေမရှိတော့ဘဲ မိထွေးရဲ့အရိပ်အောက်မှာကြီးပြင်းလာတဲ့ကောင်လေးနဲ့မိဘရဲ့အရိပ်အာဝါသအောက်မှာနွေးထွေးမှုအပြည့်နဲ့ကြီးပြင်းလာတဲ့ကောင်လေး ထိုကောင်လေးနှစ်ယောက်ရဲ့တွေ့ဆုံခြင်းမှအစပြု၍........ တစ်ယောက်ကလည်းခပ်ချေချေ တစ်ယောက်ကလည်းအမြဲပြုံးပျော်နေတတ်သူ သူ...