THE DEEPEST ( COMPLETED ) Uni...

By AliceAlice684

522K 33.2K 1.1K

ခင်​များက ​တော်​​တော်​ ရက်​စက်​ ယုတ်​မာ ​ ​အောက်​တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ်​ အလှဂုဏ်​​မော... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16 ( edit )
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26 ( Final )
ကဲ....ကဲ👏👏
Thank You...💜
Intro ( Unicode)
Part 1 ( Unicode )
Part 2 ( Unicode )
Part 3 ( Unicode )
Part 4 ( Unicode )
Part 5 ( Unicode )
Part 6 ( Unicode )
Part 7 ( Unicode )
Part 8 ( Unicode )
Part 9 ( Unicode )
Part 10 ( Unicode )
Part 11 ( Unicode )
Part 12 ( Unicode )
Part 13 ( Unicode )
Part 14 ( Unicode )
Part 15 ( Unicode )
Part 16 ( Unicode )
Part 17 ( Unicode )
Part 18 ( Unicode )
Part 19 ( Unicode )
Part 20 ( Unicode )
Part 21 ( Unicode )
Part 22 ( Unicode )
Part 23 ( Unicode )
Part 24 ( Unicode )
Part 25 ( Unicode )
Part 26 : Final ( Unicode )
💜💜💜

Part 8

8.5K 659 26
By AliceAlice684

မျက်​ခွံတို့​ဖောင်းအစ်​ကာ​နေ​လေသည်
တစ်​ကိုယ်​လုံးလဲ ထု​ထောင်းခံထားရသလို နာကျင်​​နေတာ​ကြောင့်​ အိပ်​ရာမှ နိုး​နေ​သော်​လည်း Taehyung မထနိုင်​ခဲ့ပါ
နှုတ်​ခမ်း​လေးအား လက်​​ချောင်း​လေးများဖြင့်​ အသာ​လေး ပွတ်​ထိဆွဲကာ ​ဆော့ကစား​နေရင်း
အ​တွေး​တွေက မ​နေ့ညကအ​ကြောင်းရာများဆီ......

မုန်းတယ်​~

ပထမဦးဆုံး ဦးဦးဖျားဖျား အနမ်း​လေးမို့ မုန်းသည်
ကိုယ့်​ကို မချစ်​ မနှစ်​သက်​သူက အတင်းလုယူသွားခဲ့၍ ပိုမုန်းရသည်

" ဒါမဲ့ သူ့နှုတ်​ခမ်း​လေး​တွေက အိ​နေ​ရော "

Taehyung အသိစိတ်​ပြန်​ဝင်​​စေရန်​ ကိုယ့်​ပါးကိုယ်​ပြန်​ရိုက်​မိသည်
Jungkook က သူ့အ​ပေါ် အနမ်းတို့​ခြွေခဲ့​ပေ​မယ့်​ သူတုံ့ပြန်​မိသည့်​ဖြစ်​ရပ်​ကို​တွေးမိ​တိုင်းလဲ ဝမ်းနည်းသလို စိတ်​မ​ကောင်းလိုဖြစ်​​နေရသည်

ငါလွန်​သွားလား~
မှားသွားပြီးလား~
အိုရ်​..... သူက ငါ့ကိုချစ်​တာမှ မဟုတ်​ဘဲ​လေ.....
ဒါဆို ဘာလို့ လာနမ်းတာလဲ
သူ့အနမ်း​တွေက ဘာအဓိပ္ပါယ်​လဲ
ငါသိချင်​တယ်​....

စိတ်​ကသာ တင်းခံ​နေ​ပေမယ့်​ ​ခြေ​ထောက်​တို့က
သူ့အခန်းဆီ တည့်​တည့်​မတ်​မတ်​​ရောက်​သွားခဲ့သည်
အ​ကြောင်းက​တော့ ည​နေ ၄ နာရီပင်​​ကျော်​​နေပြီ
Jungkook တစ်​​ယောက်​ အခန်းထဲက မထွက်​လာ​သော​ကြောင့်​ဖြစ်​သည်

" သူဘဲနမ်း သူဘဲရှက်​ပြီး အခန်းထဲက မထွက်​တာလား ဟွန့်​ အံ့သြပါ့ "

ဒါမဲ့ အလုပ်​ကရှိ​သေးတယ်​​လေ
အလုပ်​​တော့ ထ သွားသင့်​တယ်​မဟုတ်​လား
ခုထိ အိပ်​​နေတုန်းလား
သိချင်​စိတ်​တို့ထိန်းမရခဲ့
မာန နဲ့ စပ်​စုချင်​စိတ်​တို့က လွန်​ဆွဲ​နေ​လေပြီး
လက်​က​တော့ စည်းမ​စောင့်​စွာ တံခါးကိုဖွင့်​ပြီး​နေပြီး

ရှိ​စေ​တော့ဟာ~

" jungkook "

...............

" ဟဲ့ jungkook "

...............

" ငါ​ခေါ်တာကြားလား အလုပ်​​တော့သွားသင့်​တယ်​ "

တစ်​ဖက်​က တုံ့ပြန်​သံ တစ်​စုံတစ်​ရာ မကြားတာ​ကြောင့်​ Taehyung အသံကျယ်​ကျယ်​ ​အော်​မိခြင်းဖြစ်​သည်

ဟုတ်​တယ်​​လေ ​နေကလဲမ​ကောင်း ​ခြေ​ထောက်​ကလဲ နာ​နေတဲ့သူက အလုပ်​သွားဖို့ထိ လာ​ခေါ်ပြီး ​ပြောရတာ​တော့ လွန်​တယ်​မဟုတ်​လား။

ဘာလဲကွာ ဒီ​ကောင်​ လူကို ရှက်​​အောင်​လို့
ညတုန်းက​တော့ နမ်းချင်​တိုင်းနမ်းပြီး ခု​တော့
အဖက်​မလုပ်​​တော့ဘူး​ပေါ့​လေ
ဘယ်​လို​ကောင်​လဲဟ?

အခန်းထဲဝင်​ကာ ​စောင်​ကို ဆွဲဖယ်​​လိုက်​​တော့

" ဟင်​ jungkook "

တသိမ့်​သိမ့်​တုန်​ကာ ​စောင်​ကိုဆွဲဖယ်​ခံလိုက်​ရ​တော့ ဆက်​ခနဲတွန့်​သွားပြီး ခန္ဓာကိုယ်​ ကျုံ့နိုင်​သ​လောက်​ ကျုံ့ထားပြီး ​ကွေး​နေ​သော သူ.....
ချွေးတို့လဲ ရွှဲစို​နေတာ​ကြောင့်​ ​သေချာတယ်
Jungkook လဲဖျား​နေပြီး။

Taehyung လဲ ​ခြေ​ထောက်​နာ​တာ​တွေ ကိုယ်​တိုင်​ကပါ ဖျား​နေတာ​တွေ​မေ့ကာ ​ရေပက်​တိုက်​ဖို့ ပြင်​ဆင်​ရ​တော့သည်

အဆင်​သင့်​ဖြစ်​လို့ ​ဘေးနားအသာ​လေးလာထိုင်​​တော့မှ မျက်​လုံးတို့အနည်းငယ်​ဖွင့်​လာပြီး~

" Tae "

သူငါ့ကို Tae လို့​ခေါ်လိုက်​တာလား ......?
Tae ဆိုပြီး​တော့ တစ်​လုံးထဲကို​လေ~

" Taehyung ~ "

ပြီး​တော့ ကျွန်​​တော့်​ရဲ့ ခါးသွယ်​သွယ်​​လေးကို တင်းကြပ်​​နေ​အောင်​ ဖက်​ထားပြီး​တော့ ​ပေါင်​​ပေါ်​ခေါင်းအုံးကာ အနည်းငယ်​ ပူ​နေသ​ယောင်​​လေးရှိ​နေ​သော ​ဗိုက်​နားတွင်​ မျက်​နှာ​လေးကပ်​ကာ ​နေ​နေ​လေရဲ့
သူ့ရဲ့ ဝင်​သက်​ ထွက်​သက်​တိုင်းမှာ ပူ​နွေး​နေခြင်းနှင့်​တူ စိုစိုစွတ်​စွတ်​​လေးဖြစ်​လာတာ​ကြောင့်​ ပါး​လေးအား တယုတယကိုင်​ကာ အသာ​လေး jungkook မျက်​နှာအား ခွာမိ​တော့
ငို​နေ​သော​ကောင်​​လေးရယ်​​ပါ

ရှက်​သည်​ထင်​ပါရဲ့~
မျက်​နှာကိုအတင်း ဗိုက်​နားသို့ပြန်​ကပ်​​နေပြန်​သည်
ယားတယ်​ဟ ​စောက်​​ကောင်​​လေးရဲ့

" ဖယ်​ကွာ ဒီတိုင်း​နေလို့ မသက်​သာဘူး ​ရေပက်​တိုက်​မယ်​ "

" ဟင့်​အင်း "

" ဟင့်​အင်းလို့မရဘူး​လေ ​ရေပက်​တိုက်​မှ အပူကျမှာ​ပေါ့ "

" မင်းလဲဖျား​နေတာဘဲ​လေ "

သူ​ပြော​တော့မှ Taehyung လဲ သူ့ကိုသူ သတိရကာ

အော်​ Taehyung ​ရယ်​ ဘယ်​လိုဖြစ်​ရတာလဲ

ချစ်​မိ​နေပြီးထင်​တာဘဲ~

" ဒါမဲ့ "

" ဘာဖြစ်​လဲ ဒါ​ပေမယ့်​ "

" ဟို​လေ "

" အင်း "

" မင်းနဲ့ငါဘဲ အိမ်​မှာရှိတာ​လေ ငါမလုပ်​​ပေးရင်​ ဘယ်​သူလုပ်​​ပေးမလဲ "

ထိုသို့​ပြောမှ jungkook ငြိမ်​ကျသွားကာ မျက်​နှာကိုဖယ်​​ပေး​တော့သည်​။

ကြည့်​ပါဦး မျက်​လုံး​တွေနီ
နှာ​ခေါင်းထိပ်​​နား​တွင်​လဲ နီရဲ​နေကာ
Jungkook ​လေးက ခုလိုကျ​တော့လဲ တကယ့်​ကို က​လေး​လေးအတိုင်းပါဘဲ

ရေပက်​တိုက်​​ပေးဖို့လုပ်​​တော့~

" မလုပ်​​ပေးနဲ့ "

Taehyung လက်​တို့ ရပ်​တန့်​သွားရသည်

နားမလည်​နိုင်​တဲ့ အကြည့်​​တွေနဲ့ ကြည့်​လာတာ​ကြောင့်​ jungkook လဲ

" မင်းလဲ​နေမ​ကောင်း​နေတာကို ငါ့ကိုလာပြုစုပြီး အမှတ်​မလိုချင်​နဲ့ "

သေလိုက်​​တော့ jungkook !
မင်း​ပြောချင်​တာ ဒီစကားမဟုတ်​ဘူး​လေ
ခု​တော့ Tae အထင်​လွဲသွားပြီး

Taehyung က​တော့ အံ့သြမြဲ အံ့သြ​နေဆဲ
တဖြည်းဖြည်း ပြူးကျယ်​လာ​သော မျက်​လုံး​တွေက သက်​​သေ။
နှုတ်​ခမ်း​လေးကိုဖိကိုက်​ကာ ထိုသို့အ​ပြောခံလိုက်​ရ​သော​ကြောင့်​ ​မေးဖျား​လေး​တွေပါ အဖျားခပ်​ကာ တုန်​​နေ​လေသည်

Taehyung လဲ လက်​ကို ချက်​ချင်းပြန်​ရုတ်​သိမ်းလိုက်​သည်​။ ထသွားမယ်​လုပ်​​တော့မှ

" ဆရာဝန်​ဘဲ အိမ်​​ခေါ်လိုက်​ မင်းလဲပြလို့ရ​တာ​ပေါ့ "

" ok ​လေ ငါ jimin ဆီ ဖုန်းဆက်​လိုက်​မယ်​ "

ဟိုဂျပု​ကောင်​!
Jungkook နည်းနည်း​လေးမှ သ​ဘောမကျပါ

" သူ့ကိုမ​ခေါ်နဲ့ တခြားတစ်​​ယောက်​ကို​ခေါ် "

" အ့ဆိုလဲ hobi ကိုဘဲ ​ခေါ်လိုက်​​တော့မယ်​ "

အ​ဖြေပြန်​မ​ပေးဘဲ ​စောင်​ကိုဆွဲကာ တစ်​ဖက်​သို့ လှည့်​သွားတာ​ကြောင့်​ Taehyung လဲ hobi ကိုသာ ​ခေါ်လိုက်​ရသည်

" အဖျားကူးသွားတာ မနက်​ထဲက အစားစား ​ဆေး​သောက်​ရင်​​တော့ ခု​လောက်​ဆို သက်​သာ​နေမှာ ဒီတိုင်းဘဲ အခန်း​အောင်း​နေ​တော့ နည်းနည်း အဖျားတက်​သွားရုံဘဲ "

ခေါင်း​လေးတငြိမ့်​ငြိမ့်​နှင့်​ မျက်​လုံး​လေး​တွေ ပြူးကျယ်​ကျယ်​​လေးနှင့်​ hoseok ကို ကြည့်​​နေ​သော jungkook ​ကြောင့်​ hoseok လဲ ​ကြောင်​​တောင်​​တောင်​ဖြင့်

" မင်းကဖျားသွား​တော့လဲ လူပါ​ chg သွားသလိုဘဲ လုံးဝ က​လေးတစ်​​ယောက်​လိုဖြစ်​သွား​တော့တာဘဲ "

Hoseok အ​ပြော​ကြောင့်​ jungkook လဲ ​ချောင်းတစ်​ချက်​ဟန့်​ကာ မျက်​​မှောင်​တို့ကို ကျုံးထား​တော့သည်​ ။

" ကဲ Taehyung မင်းအလှည့်​ဘဲ သွားမယ်​ "

" မင်းတို့နှစ်​​ယောက်​က ဘယ်​သွားကြမလို့လဲ "

Jungkook ရဲ့ အ​မေး​ကြောင့်​ Taehyung က

" ငါ့အခန်း​ပေါ့ဟ ငါလဲ ​နေ​ကောင်းတဲ့သူမှ မဟုတ်​တာ ဆရာဝန်​ပြဖို့လိုတယ်​ "

Jungkook က မျက်​စိကိုပြူးပြလိုက်​ အံတကြိတ်​ကြိတ်​နှင့်​ လုပ်​​နေ​သော​ကြောင့်

" ပူမ​နေနဲ့ မင်းနဲ့ငါ အခန်းခွဲ​နေတာ သူတို့သိတယ်​ ကိစ္စမရှိဘူး ဟုတ်​ပြီလား သွားပြီး "

ပြောလဲ ပြီး​ရော hoseok ရဲ့ လက်​​မောင်းကို တွဲကာ ထွက်​သွား​သော Taehyung ကိုကြည့်​ရင်း
ကျန်​ခဲ့​သော Jungkook

စိတ်​မ​ကောင်းဘူး
ခုမှခံစားရတာ တစ်​မျိုးကြီးဖြစ်​​နေသလားလို့ Taehyung ဖျားတုန်းကဆို သူလဲဆရာဝန်​ဆိုတဲ့ စိတ်​နဲ့ တစ်​​ယောက်​ထဲသူ့ကို ပစ်​ထားခဲ့မိတာ
ညဘက်​ဆိုလဲ ​နောက်​ကျမှပြန်​လာတယ်
ပြုစုဖို့ မ​ပြောနဲ့ အခန်း​ရှေ့​တောင်​ ​ယောင်​လို့ သွားမကြည့်​မိခဲ့ဘူး
ဖိနပ်​ကို ​​တွေ့မိမှသာ သူသိခဲ့ရတာ
Tae အ​ပေါ် အရမ်းများ လွန်​​နေပြီလား

" မှန်​မှန်​​ပြော Taehyung "

" ဘာကိုလဲဟ "

" တကယ်​​ရော အခန်းခွဲ​နေတာ ဟုတ်​လို့လား "

" တကယ်​လဲ​နေတာဘဲ​လေ "

" ​သေချာလို့လား "

" ဒီမှာ သူနဲ့ငါက​လေ သူက night ငါက day ​ပြောရရင်​ တစ်​​နေ့ကို တစ်​ခါဘဲ​တွေ့ဖြစ်​တာ အ့ဒါကလဲ တိုက်​ဆိုင်​ရင်​​တွေ့တယ်​ မတိုက်​ဆိုင်​ရင်​ မ​တွေ့ဘူး
အိမ်​မှာဆိုလဲ သူတစ်​​ယောက်​ထဲ ​နေသလို ငါတစ်​​ယောက်​ထဲ​နေသလိုဘဲ စကားလဲမ​ပြောဖြစ်​ကြဘူး "

" ကိုင်း အ့ဆို ရှင်းစမ်းပါဦး အဖျားက ဘာကိစ္စ ကူးတာလဲ "

" ဟင်​ အဲ့ အဲ့ အဲ့ဒါက "

" Taehyung ​နော်​ Taehyung "

" ဘာလဲ ဟ "

" အရှက်​သည်း​နေတယ်​ဆိုထဲက "

" ဘယ်​မှာရှက်​လို့လဲ ငါက "

" မင်းတို့အဆင်​​ပြေ​နေပြီမလား လိမ်​မ​နေပါနဲ့ကွာ "

" မ​ပြေပါဘူး ဘယ့်​နှယ့်​ "

" ​ဟျောင့်​​နော်​ လိမ်​​နေလဲအပိုဘဲ​နော်​ "

" arrrr "

" ဟုတ်​တယ်​​လေ အ့ဆို ဘာကိစ္စ အဖျားက ကူးရတာတုန်း "

".......... "

" မင်းမ​ပြောရင်​ ငါ jungkook ကိုသွား​မေးမှာ​နေယ်​ "

" ​အယ်​ အ့လိုမလုပ်​နဲ့​လေ "

" အ့ဆို ​ပြောဟာ သိချင်​​နေပြီ "

" တကယ်​က​လေ "

" အင်း တကယ်​က ....... "

" သူက​လေ "

" Taehyung ငါစိတ်​မရှည်​​တော့ဘူး "

Jungkook ဆီသွားမယ်​ တကဲကဲလုပ်​​နေ​သော hoseok အား မနည်းဆွဲထားရသည်

" မ​နေ့ညက အနမ်းခံလိုက်​ရတယ်​ "

Taehyung ​အော်​​ပြောမိ​တော့
Taehyung အသံက Jungkook အခန်းထိ ကြားရတာ​ကြောင့်​ Jungkook မှာ ​ခေါင်းက ဆက်​ခနဲ

" ​ဟေ !!!! "

Hoseok လဲ အံ့သြကာ ပါးစပ်​ကြီး ဟကာ

" ဆက်​​ပြော ဆက်​​ပြော "

" ဘာဆက်​​ပြောရမှာလဲ အ့ဒါဘဲ​လေ "

" မင်းဟာက အရှိန်​ပျက်​တယ်​ "

" အရှိန်​ပျက်​ရ​အောင်​ ငါနဲ့ Jungkook က drama ရိုက်​​နေတာလဲ မဟုတ်​ ပြီး​တော့ ဒီလိုအနမ်းဆိုတာကလဲ သူများ​တွေလို ro မဆန်​ဘူး "

" ဘာလို့လဲဟ သူ့ဘက်​က​တောင်​ စ နမ်းလာပြီးကို "

" haha သူမှ ငါ့ကိုမချစ်​တာ ပြီး​တော့ ငါကလဲ သူ့ကိုမုန်းတယ်​ "

" ဘယ်​လို "

" ဟုတ်​တယ်​ သူလား ငါ့ကိုချစ်​မှာ ? "

" ဒါ​ပေမယ့်​လဲ နမ်းတယ်​​လေ "

" နမ်းတိုင်းချစ်​စရာလား "

" ..........."

" ငါ jungkook နဲ့ လက်​ထပ်​ပြီးတာ တစ်​လ​ကျော်​​နေပါပြီး သူက အမြဲ သူ့အရင်​လူဆီဘဲစိတ်​​ရောက်​​နေခဲ့တာ ငါ့ကိုဆိုလဲ တစ်​ခါမှ ​ကောင်း​ကောင်းဆက်​ဆံခဲ့တာမဟုတ်​ဘူး ပြီး​တော့ ငါလဲ သူ့ကိုချစ်​လို့ ယူခဲ့တာမဟုတ်​ဘူး အမြဲ လျစ်​လျူရှု ခဲ့လို့ အနိုင်​ယူချင်​ခဲ့ရုံဘဲ ပြီး​တော့ ဒါ​တွေကို အစက​နေ ပြန်​​ပြောပြ​နေရ​အောင်​ မင်း​ရော jimin ​ရော မသိတဲ့ကိစ္စမဟုတ်​ဘူး "

" ဘာဘဲ​ပြော​ပြော သူက မင်းရဲ့ First kiss ဘဲ "

" ဒါက​.....​တော့ ..... "

" ဒါ​တော့ မင်းငြင်းမရဘူး "

" ​အေး ငါ့ First kiss ကို ငါ့ကိုချစ်​တဲ့လူကိုဘဲ ​ပေးချင်​ခဲ့တာ ခု​တော့ "

" ခု​တော့မှ တကယ်​ချစ်​တဲ့သူ​တွေဘာ​တွေ လုပ်​မ​နေနဲ့ ​ယောက်ျားဘဲရ​နေပြီးကို "

" ငါ​နောင်​တရ​နေပြီးဟာ "

Taehyung မျက်​နှာ​လေး သိသိသာသာ ညှိုးကျသွားတာ​ကြောင့်​ Hoseok လဲ ဘာမှ​ပြောမ​နေ​တော့ဘဲ ​သောက်​ရမည့်​ ​ဆေးများကို ​သေ​သေချာ​ချာ​ပေးခဲ့ပီး မှာစရာရှိတာ မှာ​နေခဲ့သည်

အခန်းတံခါးဝက အရိပ်​​လေးတစ်​ခုကို​တော့ သူတို့နှစ်​​ယောက်​လုံး မမြင်​နိုင်​ခဲ့

First kiss တဲ့လား Tae~
အ့လိုမှန်းသိရင်​ ​သေချာတန်​ဖိုးထား​ပေးမှာ​ပေါ့
ကိုယ်​ မင်းကို ချစ်​တယ်​ဆိုတာ ​သေချာတဲ့​နေ့မှ
ကိုယ်​ အဲ့ဒီအနမ်း​တွေကို သိမ်းပိုက်​မှာ​ပေါ့
Tae ရဲ့ခွင့်​ပြုချက်​နဲ့​အတူ​ပေါ့
ခု​တော့ sry ပါ ကိုယ့်​ရဲ့မာနခဲ​လေး​ရယ်​.......

နှစ်​​ယောက်​လုံးလဲ အ​ခြေ​နေပြန်​​ကောင်းလာပြီးမို့
အလုပ်​စဆင်း​တော့သည်
Jungkook က​တော့ သူ့ရဲ့ ​ယောက္ခမကြီးထံ ခွင့်​​တောင်းကာ day duty ​ပြောင်းလိုက်​သည်
Taehyung နဲ့တူသွား​အောင်​လို့ပါ

သို့​သော်​ သူတို့နှစ်​​ယောက်​ အတူသွား အတူလာတာမျိုးမရှိ
မြင်​ရင်​လဲ မြင်​ချင်​​ယောင်​​ဆောင်​ကာ လှည့်​ထွက်​သွားတတ်​တဲ့ Tae
မ​ခေါ်မိ​အောင်​ တင်းခံထားရတဲ့ jungkook
အမြဲ​တွေ့​နေရ​ပေမယ့်​ သူတို့ ဆက်​ဆံ​ရေးက ထို​နေ့ကစ၍ အရင်​ကထက်​ ပိုတိတ်​ဆိတ်​​နေခဲ့သည်

Taehyung ဘက်​မှ သိသိသာသာပင်​ဖြစ်​သည်
အရင်​ကဆို ​ပေါက်​​ပေါက်​​ဖောက်​ နားငြီး​အောင်​ အနားမှာ စကားလာ​ပြော​လေ့ရှိ​သော်​လည်း ခုကျ​တော့ Park jimin မှ Park jimin ဖြစ်​ကာ ​တွေ့လိုက်​တိုင်း နှစ်​​ယောက်​တပူးပူးက ပိုများ​နေသည်

ထိုအခါမျိုးဆို jungkook လက်​ထဲမှာ ဘာရှိ​နေလဲ ဘာကိုင်​ထားလဲ ရှိတဲ့ ကိုင်​ထားတဲ့ အရာ​တွေနှင့်​ ​ပစ်​ပါက်​ချင်​သည့်​စိတ်​ကို ထိန်းထားရသည်
ထိုနှစ်​​ယောက်​ကို ပူးမြင်​​နေရသည်​ကို jungkook မနှစ်​မြို့~

အ့နှစ်​​ယောက်​ ​ဆေးရုံမှာဆိုတာ​ကော သတိရရဲ့လား
လူနာကြည့်​စရာ​ရောမရှိဘူးလား
သိပ်​ကိုအားယား​နေသလားဘဲ
တွေ့လိုက်​တိုင်း သ​ဝေထိုး​နေတာချည်း
ဘယ်​လိုဆရာဝန်​​တွေပါလိမ့်

ထိုစဉ်​..................

" Jungkook "

အဲ့ဒီအသံ
သိပ်​သိတာ​ပေါ့
အရမ်းချစ်​ခဲ့ရတဲ့ သူတစ်​​ယောက်​ရဲ့အသံ
ကြားလိုက်​တိုင်း ရင်​ခုန်​သံ​တွေမြန်​သွားခဲ့ဖူးတယ်
အချစ်​စိတ်​​တွေပိုခဲ့ဖူးတယ်
အခု​တော့..........

" ဘယ်​လိုဖြစ်​ပြီး​ရောက်​လာတာလဲ "

" ဒီလိုပါဘဲ ဒီနား ​နေ့လည်​စာ လာစားရင်း လမ်းကြုံလို့ ဝင်​လာတာပါ "

" awwnn "

" မင်း noona ကို စိတ်​ကွက်​​နေတာလား "

" ကျွန်​​တော်​က ? ဘာလို့လဲ ? "

" ဟိုတစ်​​နေ့က ​ဆေးရုံ​ရှေ့မှာ မင်းကားကို ​တွေ့လိုက်​တယ်​ "

" awwn "

" သူက ဒီတိုင်း noona ကို လိုက်​ကပ်​​နေတာပါ "

ဒါ​တွေက ကျွန်​​တော်​နဲ့ဘာဆိုင်​​တော့လို့လဲ လာ​ပြောပြ​နေရ​အောင်
အရင်​တုန်းက​တော့ လမ်းခွဲထားခဲ့ပြီး​တော့မှ
ခုမှ ဒါ​လေးကို စိတ်​ကွက်​မှာစိုးလို့ ဒီထိ​ရောက်​လာပြီး လာရှင်းပြရ​အောင်​လဲ ကျွန်​​တော်​နဲ့ noona က အရင်​လို ဆယ်​​ကျော်​သက်​​တွေလဲ မဟုတ်​ဘူး​လေ

သူ​ပြောဖို့ စကားပြင်​​နေတုန်းမှာဘဲ
ဟော ဒီ​ကောင်​​လေး
အနားးမှာရှိတဲ့ jimin ​လေးကိုမှ အားမနာ
ဒီဘက်​ကိုဘဲ စိုက်​ကြည့်​​နေ​လေရဲ့
သူကြည့်​​နေတာ လူမိသွားလို့​နေမှာ တခြားဘက်​သို့လှည့်​သွားပြီး ဘာမှမဖြစ်​သလို jimin နဲ့သာ ပြုံး​ပျော်​​နေ​လေရဲ့
ရော ဒီ​ကောင်​​လေးနဲ့​တော့ ခက်​ပြီး
ရတယ်​​လေ မင်းက ဒီလိုဆို​မှ​တော့လဲ.....

" noona တခြား​နေရာသွား​ရ​အောင်​ ဒီမှာ သိပ်​အဆင်​မ​ပြေဘူး "

" ok ​လေ တစ်​ခုခုသွား​သောက်​ကြရ​အောင်​ noona တိုက်​မယ်​ "

" ဟုတ်​ပြီး "

ထွက်​သွားတဲ့ သူတို့နှစ်​​ယောက်​ကို Taehyung မျက်​စိတစ်​ဆုံးလိုက်​ကြည့်​​နေမိသည်
ဒါကဘာအချိုးလဲ Jeon Jungkook

ငါနဲ့ တူရ​အောင်​ဆိုပြီး duty အချိန်​​တွေ ​ဖေ​ဖေ့ကို အတင်း​ပြောပြီး ​ပြောင်းခဲ့တာလဲ မင်းဘဲ
ငါနဲ့ jimin နဲ့ တူတူရှိ​နေတာကို​တွေ့တိုင်း
မျက်​စိပျက်​ မျက်​နှာပျက်​ ဂျယ်​လီ​တွေ အတုံးလိုက်​ အတစ်​လိုက်​ အ​တောင့်​လိုက်​ဝင်​​နေတာလဲ မင်းဘဲ
ခုကျ​တော့ အရင်​လူနဲ့ ​ပျော်​ပါးပြ​နေတာလဲ မင်းဘဲ
မင်းကဘာလဲ jungkook
ငါ့ကို ကစား​နေတာလား

Jungkook အရင်​က ပြန်​ကပ်​​နေတုန်းက အတင်း​တွေ ဖယ်​ထုတ်​​နေခဲ့တဲ့ အဲ့မိန်းမ
ခုကျမှ ဘယ်​လို​တွေဖြစ်​ကုန်​တာလဲ
မင်းတို့ ငါ့ကို ကစား​နေတာလား
ငါအရုပ်​တစ်​ရုပ်​မဟုတ်​ဘူး​နော်

" Tae Tae က အရုပ်​​လေးလိုဘဲ "

" ဟင်​ ? "

ကိုယ့်​အ​တွေးနဲ့ ကိုယ်​ ​ငေး​နေတုန်း jimin ထံမှ ထိုကဲ့သို့​ပြောလာ​တော့ ​ကြောင်​ အ သွား​သော Taehyung

" ဟုတ်​တယ်​ ​လေ ခုနက အပြင်​ဘက်​ကို ​ငေး​နေတည်းက ကြည့်​​နေမိတာ မင်းက အရုပ်​​လေးအတိုင်းဘဲ
အရမ်းလှလွန်းတယ်​ "

" ​မြှောက်​​နေတာလား ငါက​တော့ မင်းအရပ်​ကို ထိခိုက်​​နေတာက​နေ မရပ်​နိုင်​ပါဘူး​နော်​ "

မျက်​​စောင်း​လေးထိုးကာ ဆိုလာ​တော့ jimin ခပ်​ဟဟ​လေးရယ်​က

" ငါ့အရပ်​ကို စ တာနဲ့ မဆိုင်ဘူး​လေ မင်း စ ​တော့​ရော ဘယ်​တုန်းက စိတ်​ဆိုးဖူးလို့လဲ တကယ်​ လှလို့ လှတယ်​​ပြောတာကိုး "

" အင်းပါ ဟုတ်​ပါပြီး ဒီအ​အေးဖိုး ငါဘဲ ရှင်းလိုက်​ပါ့မယ်​ "

" အ့လို အလိုက်​သိမှ​ပေါ့ Tae Tae ရ "

ဒီလိုစကား​တွေ ကြားခဲ့​ပေါင်း​များ​နေပါပြီး
လူတိုင်းက သူ့ကိုလှတယ်​ ​ချောတယ်​ လိုချင်​ကြတယ်​ တပ်​မက်​ကြတယ်​ စွဲလမ်းကြတယ်
ဒါ​ပေမယ့်​......

Jeon jungkook~
သူ​ရော ?

Jungkook
မင်း​ရော ငါ့ကိုဘယ်​လိုမြင်​လဲ
ကိုယ့်​ကိုကိုယ်​ လှတယ်​ ​ချောတယ်​ဆိုတာသိ​ပေမယ့်
တစ်​ချိန်​လုံး ဂုဏ်​ယူ​နေခဲ့​ပေမယ့်
Jungkook ​ရှေ့မှာ​တော့ သူပိုလှချင်​မိသည်
ပို​ချောချင်​သည်​ ပိုပြီး ချစ်​ဖို့​ကောင်း​နေချင်​သည်

Jungkook က​ရော Tae ကိုဆို ဘယ်​လိုမြင်​လဲ
Tae သိချင်​တယ်
ဟိုမိန်းမထက်​ မပိုဘူးလားဟင်​......

တွေးရင်းဖြင့်​ ​ကျောခိုင်းထွက်​သွား​သော ​ကျောပြင်​ နှစ်​ခုအားပြန်​​ယောင်ကာ ရင်​ထဲ ဆို့နင့်​နင့်​ဖြင့်​~

" noona မလိုက်​လာသင့်​ဘူး "

" ဘာလို့ jungkook "

" ကျွန်​​တော်​လဲ အိမ်​​ထောင်​ကျ​နေပြီ ပြီး​တော့ noona မှာလဲ ​နောက်​​တော့ရှိလာမှာပါ "

" noona မင်းကို ​မေ့မရဘူး "

" ဒါဆို ဘာလို့လမ်းခွဲခဲ့တာလဲ "

" ......... "

" ဘာလို့ အတင်း​မောင်းထုတ်​ရတာလဲ အ​ဝေးကိုတွန်းပို့ခဲ့ရတာလဲ "

" noona လဲ ​မေ့လို့ရမယ်​ ထင်​ခဲ့လို့ပါ "

" ခုမှ​တော့ ​မေ့နိုင်​​အောင်​ဘဲ ထပ်​ကြိုးစားပါ noona "

ပြောပြီး ထထွက်​သွား​သော jungkook အားကြည့်​ကာ မျက်​ရည်​များဝဲတတ်​လာတယ်

ဟုတ်​တယ်​ မဆိုင်​​တော့ဘူး
ဒါမဲ့ မင်းကို တစ်​​နေ့မှ ​မေ့မရခဲ့ဘူး jungkook
မင်းကိုချစ်​​နေ​သေးတယ်
အရင်​က ကိစ္စ​တွေကိုလဲ အခွင့်​​ရေးရခဲ့ရင်​ ​တောင်းပန်​ချင်​​သေးတယ်
မင်းနဲ့မခွဲနိုင်​ဘူး jungkook
လူ​တွေ​ပြောလဲ​ပြောကြပါ​စေ​တော့
ပတ်​ဝန်းကျင်​ရဲ့ စကား​တွေကို ​ကြောက်​ခဲ့မိလို့ noona သတ္တိမရှိခဲ့တာကို ​နောင်​တရတယ်
ခု အချိန်​ရှိ​သေးရင်​ ပြန်​ကြိုးစားချင်​​သေးတယ်
ဘာကိုမှ ဂရုမစိုက်​​တော့ဘဲ မင်းကိုဘဲ ရဲရဲကြီး
ချစ်​ပစ်​ချင်​​သေးတယ်​ jungkook
noona မင်းကို ချစ်​​နေ​သေးတယ်​...........

သူ​တောင်​ အလုပ်​မပြီး​သေးဘူး
ထို​ကောင်​​လေးက​တော့ အိမ်​သို့​စောပြန်​သွားပြီတဲ့
သူ့စိတ်​ထင်​ လာကစားတယ်​ထင်​​နေလားမသိ
သူလဲနာရီတကြည့်​ကြည့်​ဖြင့်
အချိန်​ပို တစ်​​နာရီခန့်​​လောက်​ ​နေ​ပေးပြီး​တော့
အိမ်​ကိုသာ အ​ပြေးပြန်​ရ​တော့သည်
အိမ်​က ကျက်​သ​ရေတုံး​လေးကို ​တွေ့ချင်​လှပြီး​လေ


ဟော ​တွေ့ပါပြီး ဆိုဖာ​ပေါ် ​ခြေချိတ်​ထိုင်​​နေတာ​လေးကိုက ဖျက်​ရိုက်​ချင်​စရာ​လေး
အိမ်​ထဲဝင်​လာ​တာ​တွေ့​တော့ မျက်​လုံးတစ်​ချက်​ပင့်​ကြည့်​ကာ
မသိသလိုပြန်​​နေ​နေပြီး

ပြောထွက်​လာ​သော စကားတစ်​ခွန်း~

" Jungkook ငါတို့ကွာရှင်းရ​အောင်​ "

~~~~~~~~~~~~~~~~~~~~~~~~~~~~
Part 8 end!

နည်းနည်းပျင်းဖို့​ကောင်း​နေလား
Update ​တောင်းကြလို့ up ​ပေးတာပါ
ကျေနပ်​မယ်​ထင်​ပါတယ်
မြန်​မြန်​ up ​ပေးဖို့ လာ​ပြော​ပေးတာ​ကြောင့်​လဲ ​ပျော်​တယ်​💜 ချစ်​တယ်​💜 ဟီး
ဟိုတ​လောက ဖျားသွားလို့ လုံးဝ idea မရဘူးဖြစ်​​နေတာ အ့ဒါ​ကြောင့်​ ကြာသွားတာ

ခုလဲ ​တွေးတာနဲ့ ​ရေးတာ တခြားစီပါဘဲ XD
Words 5329 ထိ type ထား​ပေးတယ်​.....

ဖတ်​​ပေးတာ​ကျေးဇူးပါ~
Arigatou💜

Continue Reading

You'll Also Like

944K 51.2K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1M 97.1K 40
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
372K 43.5K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
611K 32.5K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...