အကြင်နာ.... မုန်း ( Completed)

By reta-nan

656K 61.2K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 9
ep 10
ep 11
ep 12
ep 13
ep -14
ep 15
ep -16
ep -17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep 8

18.1K 2K 324
By reta-nan


မုန္းက သူနဲ႔အတူ အစည္းအေဝး လိုက္တက္မယ္ဟု အတင္းဂ်ီက်၍ အႏႈိင္းမဲ့ မတတ္သာစြာဘဲ ေခၚသြားလိုက္ရသည္ ။ ဟိုေရာက္ရင္ ဘာစကားတစ္ခြန္းကိုမွ မဟဖို႔ကိုေတာ့ warning ႀကီးႀကီး ေပးထားရသည္ ။ ပင္ကိုယ္ဉာဏ္ဘယ္ေလာက္ေကာင္းေကာင္း စီးပြားေရးလုပ္ငန္းနဲ႔ ပက္သက္တဲ့ကိစၥေတြကို မသင္ဘဲ တတ္မွာ မဟုတ္ဘူး ။ မုန္းက ကေလးတစ္ေယာက္လို မ်က္လံုးပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေခါင္းညိတ္ျပ၍ မုန္းကို မယံုရဲေသာ္လည္း မလြန္ဆန္ႏိုင္၍ အစည္းအေဝးခန္းထဲ လိုက္ပါေစလိုက္သည္။

မ်က္ႏွာခ်င္းဆိုင္ထားေသာ ခံုတန္း႐ွည္ႀကီးတြင္ ႒ာနေပါင္းစံုက တာဝန္ခံမ်ား အသီးသီး ထိုင္ေနၾကၿပီး မုန္းက အႏႈိင္းမဲ့ေဘးတြင္ ကုပ္ကုပ္ေလး ထိုင္ေနလိုက္သည္ ။

တင္ျပေနသည့္ အစီရင္ခံစာေတြက မုန္းအတြက္ၾကားဖူးနားဝ ျဖစ္ေနၿပီး သာမန္အေၾကာင္းအရာမ်ားသာ ျဖစ္ေသာေၾကာင့္ စိတ္ဝင္စားမႈမ႐ွိဘဲ သခင္ေလးကိုသာ ခိုးခိုးၾကည့္ေနခဲ့သည္ ။ သခင္ေလးသည္  One music entertainmentကို ဝယ္ယူရန္ အားသန္ကာ ေဆြးေႏြးခ်က္ျပဳေသာ္လည္း ဒုဥကၠ႒ ျဖစ္သူ ဦးမင္းလက္်ာ ႏွင့္ ေငြစာရင္းဒါ႐ိုက္တာ ျဖစ္သူက ကန္႔ကြက္ေလသည္ ။

ထိုအေၾကာင္းအရာကို ၾကားေတာ့ ငိုက္ျမည္းခ်င္ေနသည့္ မုန္း၏ မ်က္လုံးသည္ အနည္းငယ္က်ယ္သြားၿပီး သူတို႔ေျပာသမ်ွ စကားကို နားစြင့္ေနလိုက္သည္။

One music entertainmentကို သူေကာင္းေကာင္း သိသည္ ။ ဘာေၾကာင့္ဆို ၂၀၁၅ ခုႏွစ္ မကုန္ခင္မွာ သူတို႔ထုတ္လုပ္ေရးက ျဖန္႔ခ်ီသည့္ Album သည္ တစ္ႏိုင္ငံလံုးတြင္ ဝက္ဝက္ကြဲေအာင္ျမင္ၿပီး ဝင္ေငြစံခ်ိန္ခ်ိဳးသြားလိမ့္မည္ ။ခုခ်ိန္မွာ One သည္ ေငြေၾကးအခက္ခဲတစ္ခ်ိဳ႕ကို ရင္ဆိုင္ရ၍ တစ္ခ်ိဳ႕ေသာ Albums ေတြကို မျဖန္႔ခ်ီႏိုင္ေသးဘဲ ႐ွိေနသည္ ။ ဒီအခ်က္ကို မည္သူကမွ သတိမထားမိ၍ One ကို ဝယ္ယူရန္ ကန္႔ကြက္ၾက၍ သခင္ေလးက လက္ေလ်ာ့ခဲ့ရလိမ့္မည္ ။ သို႔ေသာ္ ေနာင္တစ္ႏွစ္ေက်ာ္တြင္ ထိုအတြက္ ဤေဆြးေႏြးပြဲတြင္ ႐ွိေနေသာ လူအားလံုး နီးပါး ေနာင္တ ရေနၾကလိမ့္မည္ ။

" ေကာင္းၿပီ......  ဒါဆို ဒီတစ္ေခါက္ ရင္းႏွွီးျမႇပ္ႏွံမႈက One မဟုတ္ဘဲ အိမ္ယာစီမံကိန္းတစ္ခုမွာ ျမႇပ္ႏွံဖို႔ စဥ္းစားၾကတာေပါ့ ''

သခင္ေလး၏ အဆံုးအျဖတ္အသံကို ၾကားေတာ့ မုန္း ထရပ္လိုက္သည္ ။

" ခဏ............  ''

အစည္းအေဝးခန္းမတစ္ခုလံုး႐ွိ လူေတြ၏ အၾကည့္ေတြက သူ႔ဆီ စုပံုလာၿပီး စူးစမ္းၾကည့္လာၾကသည္ ။ ဒီခန္းမထဲမွာ အႏႈိင္းမဲ့နဲ႔ ဦးလက္်ာကလြဲၿပီး သူ႔ကို သိ႐ွိတဲ့သူ မ႐ွိ ။ အႏႈိင္းမဲ့က မုန္း ဘာထ႐ူပ္ျပန္ၿပီလဲ မသိဘူး ဆိုကာ စိတ္ညစ္သြားသည္။ ဒီေကာင္ေလးကို အစည္းအေဝးခန္းထဲ ေခၚလာမိတာ မွားၿပီ ထင္တယ္ ။ အႏႈိင္းမဲ့နဲ႔ မုန္းက လက္တစ္ကမ္းမက ကြာေဝး၍ မ်က္ရိပ္မ်က္ကဲ ျပၿပီး ထိုင္ခိုင္းေသာ္လည္း မုန္းက မျမင္သလိုခပ္တည္တည္ေနလိုက္သည္။

မုန္းက သူ႔မ်က္ႏွာကို ေမာ္ခ်ီထားကာ ခန္းမထဲ႐ွိ လူအားလံုးကို သိမ္းက်ံဳးၾကည့္ရင္း ေခ်ာင္းတစ္ခ်က္ ဟန္႔လိုက္သည္ ။

" အဟမ္း.........  ကြၽန္ေတာ္နဲ႔ မဆိုင္ေပမယ့္ နည္းနည္းေလာက္ ဝင္ေဆြးေႏြးလို႔ရမလား ၊ ဒါက....  သခင္.... sorry ဥကၠ႒ႀကီးေျပာတဲ့ One music entertainment ကို ဝယ္ဖို႔အၾကံကို ကြၽန္ေတာ္ ေထာက္ခံပါတယ္ ''

မင္းက ေထာက္ခံရေအာင္ ဒီထဲကလူေတြကို မင္းဘႀကီးေတြမ်ားထင္ေနလား ဟု စိတ္ထဲကေန ႀကိမ္ဆဲလိုက္ေသာ္လည္း အႏႈိင္းမဲ့သည္ အျပင္ပန္းမွာ မ်က္ႏွာမပ်က္ေအာင္ မနည္းတည္ထားရသည္ ။ မုန္းက ဟန္ပါပါပဲ ဆက္ေျပာေလသည္ ။

" One ဟာ ခုလက္႐ွိေတာ့ နာမည္ႀကီး entertainment တစ္ခု မဟုတ္ေသးေပမယ့္ ေနာင္တစ္ခ်ိန္မွာ ေသခ်ာေပါက္ ေအာင္ျမင္တဲ့ entertainment တစ္ခု ျဖစ္လာမွာ ေသခ်ာပါတယ္ ၊ သူတို႔ဆီမွာ အလားအလာ ေကာင္းတဲ့ တက္သစ္စ အႏုပညာ႐ွင္ေတြ အမ်ားႀကီး ႐ွိပါတယ္ ၊ မျဖန္႔ခ်ီရေသးတဲ့ Albums ေတြလည္း အမ်ားႀကီး ႐ွိတယ္ ၊ ကုမၸဏီက သူတို႔ကို ေမြးထုတ္ဖို႔ ေငြေၾကးအင္အား မလံုေလာက္ေသးလို႔သာ One  က တစ္ျခား entertainment ေတြထက္ အဆင့္ေအာက္က်န္ခဲ့တာပါ ၊ ဥကၠ႒ႀကီး ေျပာခဲ့သလိုဘဲ Noya သာ One ကို ဝယ္ၿပီး နည္းလမ္းအသစ္နဲ႔ ေစ်းကြက္ထဲ ထိုးေဖာက္မယ္ဆိုရင္ One ဟာ ေသခ်ာေပါက္ အေျခခိုင္ၿပီး တစ္ႏွစ္ေက်ာ္အတြင္း ဝင္ေငြအျမတ္အစြန္းအမ်ားႀကီး ရႏိုင္တဲ့ လမ္းေၾကာင္းတစ္ခု ျဖစ္လာမွာပါ ''

ဥကၠ႒ႀကီးရဲ႕ နံေဘးက ထိုေကာင္ေလးဟာ ဘာရာထူးရာခံမွ မ႐ွိဘဲ လူႀကီးစကားဝိုင္းထဲ ဝင္ေျပာေနပံုက စိန္ေကာင္းေက်ာက္ေကာင္းေရာင္းေနခ်ိန္ ေဆး႐ိုးသည္က ကန္႔လန္႔ဆိုသလို ။ အားလံုးရဲ႕ အၾကည့္ေတြက ေကာင္ေလးကို ေလွာင္ရယ္ခ်င္ေနၾကသည္ ။ သည္အထဲတြင္ အႏႈိင္းမဲ့ ႏွင့္ ဦးမင္းလက္်ာႏွစ္ဦးသာ သူ႔စကားကို အေလးနက္ နားေထာင္ေနဟန္တူသည္ ။

ေနာက္ထပ္ ၁၅ မိနစ္ေလာက္ကို ခိုင္လံုသည့္ အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ကို ဆြဲထုတ္ကာ မုန္း ဆက္လက္႐ွင္းျပေနလိုက္သည္ ။ ဦးမင္းလက္်ာ မုန္းကို ေသခ်ာစူးစိုက္ၾကည့္ၿပီး ေျပာလိုက္တာက

" ဒီအေၾကာင္းကို ေနာက္တစ္ခါ ျပန္ေဆြးေႏြးၾကတာေပါ့ ၊ မင္း အေနနဲ႔ ဒီထက္ပိုေကာင္းတဲ့ တင္ျပမႈေပးႏိုင္ရင္ Oneကို ဝယ္ဖို႔ ျပန္ညိွႏူိင္းေပးမယ္ ''

" ဟုတ္ ေက်းဇူးပါ ''

မုန္းက ၿငိမ္ၿငိမ္ေလး ျပန္ထိုင္ေနေတာ့ အားလံုးရဲ႕ အၾကည့္က မုန္းထံ တစ္ဖန္ျပန္ေရာက္လာသည္ ။ လြန္ခဲ့တဲ့ နာရီဝက္ကဘဲ ဒုဥကၠ႒ က အသည္းအသန္ကန္႔ကြက္ရာကေန ခု ႐ုတ္တရက္ႀကီးျပန္စဥ္းစားေပးမယ္ဆိုေတာ့ ဥကၠ႒ႀကီးေတာင္ မႏိုင္တဲ့ကိစၥကို ဒီကေလးက ႏိုင္သြားတာလား ။ ဒါေၾကာင့္ ဒီကေလးကို ဥကၠ႒ႀကီးက အနားမွာေခၚထားတာလား ဟူေသာ သို႔ေလာ သို႔ေလာ ေတြနဲ႔ ေမးခြန္းေတြ ျဖစ္လာေလသည္ ။

အႏႈိင္းမဲ့ သည္ မုန္းကို မသိမသာၾကည့္ရင္း တိတ္တခိုးေလး ျပံဳးလိုက္သည္ ။

မထင္ရဘူး......... မုန္းက လူေတြရဲ႕စိတ္ကို ႏိုင္သားဘဲ ။ ဦးမင္းလက္်ာလိုလူကေတာင္ သူ႔စကားကို နားေယာင္တယ္ဆိုေတာ့ ဒီေကာင္က ေပါ့ေသးေသးေတာ့ မဟုတ္ဘူး ။

အစည္းအေဝးၿပီးဆံုးတာနဲ႔ အႏႈိင္းမဲ့၏ ပစၥည္းေတြကို မုန္းက အတြင္းေရးမွဳးကိုယ္စား ပိုက္ကာ လိုက္ခဲ့ေလသည္ ။ လူေတြ အားလံုးအျမင္မွာ မုန္းက ကေလးသာသာ႐ွိေသးသည္ ။ သို႔ေသာ္ အထင္ေသး၍ မရ ။

မုန္းသည္ ေျမာက္ႂကြေျမာက္ႂကြနဲ႔ အႏႈိင္းမဲ့ေနာက္က လိုက္လာ၍ အႏႈိင္းမဲ့က မုန္းကို တစ္ခ်က္ေစြေစာင္းၾကည့္ကာ အိေႃႏၵရရေနရန္ မ်က္ရိပ္ျပလိုက္သည္ ။ ရံုးခန္းထဲေရာက္တာနဲ႔ အႏႈိင္းမဲ့ မုန္းကို မယံုရဲသလို ၾကည့္ကာ ေမးလိုက္သည္ ။

" One က အနာဂတ္မွာ ေအာင္ျမင္တဲ့ entertainment တစ္ခုျဖစ္မယ္ဆိုတာ မင္းဘယ္လို ခန္႔မွန္းမိတာလဲ ။ ငါေတာင္ လေတြအၾကာႀကီး ေလ့လာၿပီး သူတို႔ရဲ႕ တာဝန္႐ွိသူေတြန႔ဲ စကားေျပာၾကည့္ၿပီးမွ သိတဲ့ ကိစၥကို ''

" မုန္း က သခင္ေလးေျပာသမ်ွကို နားေထာင္ၿပီး ျဖစ္ႏိုင္ေျခ႐ွိတဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ဆြဲထုတ္ေျပာျပလိုက္တာပါ ၊ ဒါေပမယ့္ မုန္းရဲ႕ အားသာခ်က္က စကားေျပာေကာင္းၿပီး လူေတြကို သိမ္းသြင္းႏိုင္တာေလ ၊ ၿပီးေတာ့ ဒီမွာ အဓိက ကန္႔ကြက္ေနတဲ့သူက ဒုဥကၠ႒ ရယ္ ေငြစာရင္းဒါ႐ိုက္တာရယ္ ဆိုေတာ့ သူတို္႔ကို အဓိကထားၿပီး နားလည္ေအာင္ ေျပာျပရတာေပါ့ ''

အႏႈိင္းမဲ့ သူ႔ရဲ႕လက္သည္းကို ကိုက္ထားကာ မုန္း ကို ေသခ်ာ စူးစိုက္ၾကည့္လိုက္သည္ ။ ဒါ ဉာဏ္ေကာင္းတယ္လို႔ ဆိုတာထက္ ပိုသြားၿပီ ။ သူ႔မွာ ႐ွိတဲ့ လ်ိဳ႕ဝွက္ခ်က္က ဘာျဖစ္ႏိုင္မလဲ ။

မုန္းကေတာ့ အႏႈိင္းမဲ့ ဘာေတြးေနလဲ စိတ္မဝင္စားဘဲ အာလူးေၾကာ္တစ္ထုပ္ေဖာက္စားကာ cola တစ္ဘူးနဲ႔ ဇိမ္က်ေနသည္ ။ ဒီရံုးခန္းက တေျဖးေျဖး အႏႈိင္းမ့ဲ ရံုးခန္းနဲ႔မတူဘဲ မုန္း၏ ရံုးခန္းနဲ႔ တူလာၿပီ ။ ရံုးခန္းတစ္ခုလံုး သူ႔ေျခသူ႔လက္ေတြဘဲ ။ အိပ္တယ္ စားတယ္ ဂိမ္းေဆာ့တယ္ ၊ သူ သြားတဲ့ေနာက္ တေကာက္ေကာက္ လိုက္တယ္ ။ သူဝယ္လာတာ အေစခံမဟုတ္ဘဲ အ႐ွင္သခင္မ်ားလားမသိ ။

***********************

သန္႔စင္ခန္းထဲတြင္ မုန္းတစ္ေယာက္ မုန္ေ႐ွ႕မွာ  သူ႔ရဲ႕ဆံပင္ေတြကို သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ သပ္တင္ေနေလသည္ ။ သူ ႏူတ္ခမ္းေမႊး အရမ္းလိုခ်င္တာ ၊ ဒါေပမယ့္ ေရးေရးေလးသာ႐ွိၿပီး  ေခ်ာေမြ႕ေန၍ သူ႔ကိုယ္သူ ေယာက်ာၤးမပီသ သလို ခံစားေနရသည္ ။ ဒါေပမယ့္ အထင္ေတာ့မေသးနဲ႔ မ်က္ႏွာေပၚမွာဘဲ မ႐ွိတာ ၊ ႐ွိသင့္႐ွိထိုက္သည့္ ေနရာမွာေတာ့ ႐ွိပါတယ္ ။

စိတ္တိုင္းမက်စြာနဲ႔ သူ႔မ်က္ႏွာကို ဟိုလွည့္ဒီလွည့္ လုပ္ေနတုန္း toilet ထဲသို႔ တစ္စံုတစ္ေယာက္ ဝင္လာေလသည္ ။ မုန္း ထိုသူကို က႐ုမစိုက္ဘဲ သူ႔မ်က္ႏွာကိုသာ မွန္္ေ႐ွ႕ျပဴးျပဲၾကည့္ရင္း ရံူ႕မဲ့ေနလိုက္၏ ။ တစ္ဖက္ ေဘစင္တြင္ လက္ေဆးေနသည့္ လူႀကီးက သူ႔ဘက္ေစာင္းငဲ့ၾကည့္ကာ လက္ကို တစ္႐ွဴးနဲ႔ မသုတ္မီ ေရစက္ေတြကို မုန္းမ်က္ႏွာေ႐ွ႕ ခါယမ္းလိုက္သည္ ။

" Shit........ လခြမ္းဘဲ ''

မုန္း စိတ္ေပါက္ေပါက္နဲ႔ ထေအာ္လိုက္ေတာ့ ေျပာစရာမလိုေအာင္ပင္ တစ္ဖက္လူမွာ ဦးလက္်ာပင္ ။

" လူတစ္ေယာက္လံုး ႐ွိေနတာ မျမင္ဘူးလား.... ၊ ေတာ္ေတာ္ ႐ိုင္းစိုင္းတဲ့သူ ''

" ဒီေမးခြန္းကို မင္းကို ငါက ေမးရမွာ ၊ ငါ ႐ွိေနတာကို မင္းမျမင္ဘူးလား ။ ဘာေၾကာင့္ မွန္ကို အဲ့ေလာက္ျပဴးျပဲ ၾကည့္ေနရတာလဲ ။ ဒီေလာက္ဆိုလည္း လွၿပီးသားကို ''

မုန္း ဒီလိုကို စကားေျပာခ်င္စိတ္ နည္းနည္းမွ မ႐ွိ ။ ရန္လည္းမျဖစ္ခ်င္ ရြဲ႔ေစာင္းၿပီးလည္း မေျပာခ်င္၍ ထိုေနရာမွ ထြက္လာရန္ ျပင္လိုက္ေတာ့ မုန္း၏ေျခေထာက္ကို ဦးလက္်ာက သူ႔ေျခတံ႐ွည္ျဖင့္ ေျခထိုးခံလိုက္သည္ ။

" အာ............''

နည္းနည္းမဟုတ္ရင္ မုန္း ေမွာက္ရက္လွဲက်ေတာ့မည္ ။ အခ်ိန္မွီ ဘရိတ္အုပ္ႏိုင္၍ အ႐ွက္မကြဲဘဲ အိေႃႏၵဆယ္ႏိုင္သြားသည္ ။ ေနာက္ဆံုး သူစိတ္မ႐ွည္စြာနဲ႔ သက္ျပင္းတစ္ခ်က္ခ်ၿပီး ဦးလက္်ာကို စိတ္မ႐ွည္သလို ၾကည့္လိုက္သည္ ။

" ခင္ဗ်ား ဘာျဖစ္ခ်င္တာလဲ ေျပာ....... ''

ဦးလက္်ာ ပုခံုးတြန႔္လ်က္ ဟန္ပါပါျပံဳးကာ

" One ကို ဝယ္ဖို႔ကိစၥ ေဆြးေႏြးရေအာင္ ၊ မင္း ငါနဲ႔ တစ္နာရီ အခ်ိန္ေပးၿပီး ေအးေဆးေဆြးေႏြးမယ္ ဆိုရင္ ငါ့ဘက္က လက္ခံသင့္ မခံသင့္ ျပန္စဥ္းစားေပးမယ္ ၊အရာရာအားလံုးက မင္းအေပၚဘဲ မူတည္တယ္ ။ မင္းပါးနပ္ရင္ အႏႈိင္းမဲ့ အတြက္လည္း အဆင္ေျပတာေပါ့ ''

ဒီအဓိပၸါယ္က ဘာလဲဆိုတာ မသိရေလာက္ေအာင္ မုန္းက မတံုးအေပ ။ သခင္ေလးကို ငါးစာခ်ၿပီး သူ႔ကိုျမႇားေခၚသည့္ ဦးလက္်ာ၏ အၾကံကို သူလက္ဖ်ားခါသြားသည္ ။  မုန္း၏ မဲ့ျပံဳးသည္ လွပေသာ မ်က္ႏွာနဲ႔မွမလိုက္ ။

" ကေလးအကြက္ေတြနဲ႔..........  ေနဗ်ာ ၊ One ကို ဝယ္ႏိုင္ဖို႔ နည္းလမ္းအမ်ားႀကီး႐ွိတယ္ ။ ခမ်ားနားမွာ တစ္မိနစ္အသက္႐ွဴမယ့္အစား ငရဲကိုပဲ ဘီးနဲ႔လွိမ့္ဆင္းသြားလိုက္မယ္ ''

လွည့္ထြက္သြားေသာ လူငယ္၏ ေက်ာျပင္ကို ၾကည့္ၿပီး ဦးလက္်ာ ဟက္ဟက္ပက္ပက္ ရယ္လိုက္သည္ ။

ဒီေကာင္ေလးက ဘာနဲ႔ပဲ ျမႇားျမႇား မရဘူးဘဲ ။

******************

ကုမၸဏီ၏ စားေသာက္ခန္းတြင္ ေငြရတီ ႏွင့္အတူ ေကာ္ဖီထိုင္ေသာက္ေနသည့္ အႏႈိင္းမဲ့ကို မုန္းဖမ္းမိသြား၍ အႏႈိင္းမဲ့ ျမင္ႏိုင္ေလာက္မည့္ ေနရာတြင္ မုန္း ခံုတစ္လံုးကို ဆြဲယူထိုင္လိုက္သည္ ။ ပါးစပ္ထဲတြင္ ဝါးထားေသာ ပီေကကို ေထြးထုတ္ကာ ေကာ္ဖီတစ္ခြက္ကို မွာယူလိုက္သည္ ။

ေကာ္ဖီခြက္ႀကီးကို ေ႐ွ႕မွာထားၿပီး လံုးဝမတို႔မထိဘဲ စားပြဲေပၚ မွီအိပ္ကာ သခင္ေလးတို႔ဆီ လွမ္းၾကည့္လိုက္သည္ ။ ထိုစဥ္ သခင္ေလးက သူ႔ကိုုုုျမင္သြားၿပီး မ်က္ေမွာင္ကုပ္လိုက္တာကိုလည္း လွမ္းေတြ႔လိုက္သည္ ။ ေတြ႔မွာေပါ့.... သူကိုယ္တိုင္က သခင္ေလးနဲ႔ တစ္ဝိုင္းေက်ာ္မွာဘဲ ထိုင္ေနၿပီး သခင္ေလးရဲ႕ ေ႐ွ႕တည့္တည့္မွာကိုး ။

သူက အစြမ္းကုန္သြားျဖဲရယ္ျပလိုက္ေပမယ့္ သခင္ေလးက မၾကည္ျဖဴစြာနဲ႔ တစ္ဖက္သို႔ ျပန္လွည့္သြားသည္ ။ ထိုစဥ္ ေငြရတီက ေနာက္လွည့္ၾကည့္လာ၍ သူ႔ကိုျမင္သြားေတာ့ ျပံဳးျပေလသည္ ။ မုန္းကလည္း ဝတ္ေက်တန္းေက် ျပံဳးျပၿပီး တစ္ဖက္သို႔ ျပန္လွည့္အိပ္ေနလိုက္သည္ ။

သခင္ေလး မေကာင္းဘူး......... မုန္းကို နည္းနည္းမွ မၾကည့္ဘူး ။

သူ ခဏခဏ သခင္ေလးကို ခိုးၾကည့္ေနမိသည္ ။ တစ္ခါတရံ အၾကည့္ခ်င္းဆံုသြားေသာ္လည္း မုန္းရဲ႕ အၾကည့္က ႏူးည့ံေႏြးေထြးၿပီး သခင္ေလးအၾကည့္ကာ ေအးစက္က မလိုလားဟန္ေပၚေနသည္ ။ သို႔ေသာ္ မုန္း က႐ုမစိုက္ ။ အနာဂတ္မွာ ခ်စ္သူကို ဆံုးရံူးဖူးသည့္ ခံစားခ်က္ကို သိ႐ွိၿပီးေနာက္ လက္႐ွိမွာ ခ်စ္ရသူကို မ်က္စိေအာက္ကပင္ အေပ်ာက္မခံခ်င္ေတာ့။

သိပ္မၾကာမွီအခ်ိန္မွာပင္ ေငြရတီ ထသြား၍ မုန္း သခင္ေလး၏ ခံုသို႔ ကူးသန္းသြားလိုက္သည္ ။ မုန္းကို မၾကည္ေသာ္လည္း အႏႈိင္းမဲ့ ထိုင္ေနရာမွ ထမသြားေသးဘဲ မုန္း လာထိုင္မွာကို ေစာင့္ေနမိေလသည္ ။

" သခင္ေလး.......... မုန္းကိုလည္း ေကာ္ဖီ ဝယ္တိုက္ ''

" ငါ့ ဧည့္သည္ကို အေႏွာက္ယွက္ျဖစ္ေအာင္ လုပ္ၿပီး ငါ့ကို ေကာ္ဖီဝယ္တိုက္ခိုင္းရဲတယ္ ။ ငါ မင္းကိုေတာ့ ေျပာဆိုစရာ စကားကိုမ႐ွိေတာ့ဘူး ''

" မုန္း ဘာမွ မလုပ္ဘူးေလ ၊ မုန္း ဟိုေနရာမွာ ၿငိမ္ၿငိမ္ေလး အိပ္ေနတာ ''

မ်က္လံုး ကလယ္ကလယ္နဲ႔ ေျပာလာသည့္ ဒီဇိုင္းကိုက သူ႔မွာ တကယ္ဘဲ ဘာအျပစ္မွ မ႐ွိသလို ။ အႏႈိင္းမဲ့သည္လည္း မုန္းကို စိတ္ဆိုးရန္ အင္အားပင္မ႐ွိေတာ့ ။ စိတ္ဆိုးေနလည္း ကိုယ္သာေမာ၍ ထူးၿပီး စိတ္မဆိုးခ်င္ေတာ့ ။

" ေကာ္ဖီေသာက္မွာ မလား ။ မနက္က အစည္းအေဝးခန္းမထဲမွာ ငါ့ကို ကူညီခဲ့လို႔ ဒီအတြက္ ျပန္ဝယ္တိုက္မယ္ ''

" ဒါဆိုရင္ ေတာ္ဗ်ာ......။ မေသာက္ခ်င္ဘူး...... မုန္းက သခင္ေလး ေစတနာနဲ႔ ဝယ္တိုက္မယ့္ ေကာ္ဖီကိုဘဲ ေသာက္ခ်င္တာ ၊ တာဝန္တစ္ခုလို ျပန္ေပးမွ ျဖစ္မယ္ဆိုတဲ့ စိတ္နဲ႔ဆို မဝယ္တိုက္လည္း ရတယ္ ''

" က်စ္..... မင္း ေတာ္ေတာ့္ကို လက္ေပါက္ကပ္တဲ့ေကာင္ ၊ ေကာ္ဖီေသာက္ဖို႔ကိုေတာင္ အတန္းအစားခြဲေနတယ္ ၊ ေသာက္.... ႀကိဳက္သေလာက္ေသာက္ ၊ မင္းအတြက္ ေစတနာ ဗရပြန႔ဲ ဝယ္တိုက္မွာမို႔ စကားမမ်ားဘဲ ေသာက္ ''

ထိုအခါမွ မုန္းတစ္ေယာက္ ဇက္ေလးပုသြားၿပီး ရယ္က်ဲက်ဲနဲ႔ လုပ္ကာ ေကာ္ဖီအျပင္ သူ႔စိတ္ႀကိဳက္မုန႔္ေတြကို အကုန္မွာယူလိုက္သည္ ။ တစ္ဖက္ဝိုင္းမွာ က်န္ခဲ့သည့္ ေအးစက္စက္နဲ႔ ေကာ္ဖီတစ္ခြက္ကေတာ့ သိမ္ငယ္စြာပင္ ႐ွိေနဆဲ ။

ေပ်ာ္တယ္.......ခ်စ္ရသူ၏ ပိုက္ဆံကို ပိုင္စိုးပိုင္နင္းလုပ္ၿပီး ျဖဳန္းခ်င္ေသးတယ္ ။

ေနာင္အနာဂတ္မွာလည္း သခင္ေလး ႐ွာသမ်ွက သူ႔အတြက္ဘဲ ျဖစ္ရမယ္။

အရင္က ေဘးမွာေနျပီး တိတ္တခိုးခ်စ္ခဲ့ရသမ်ွ ခု ေပၚတင္ခ်စ္ၿပီး အျပည့္အဝ ႏြဲ႕ဆိုးျပရမည္ ။ သူလိုခ်င္တာ သခင္ေလးဆီက အၾကင္နာေတြ မဟုတ္လား ။

*****************

မုန္း ကို သူမႀကိဳက္တဲ့ အခ်က္တစ္ခု႐ွိသည္ ။ ဒါက သူ႔အိမ္တြင္းေရးေတြမွာ အရမ္းဝင္စြက္ဖက္တာကိုပဲ ။ အလုပ္သမားေတြနဲ႔လည္း မတည့္ဘူးၾကားသည္ ။ သို႔ေသာ္ သူ႔မ်က္စိေ႐ွ႕တြင္ေတာ့ အေျခအေနေကာင္းေနေသး၍ ဘာမွမေျပာဘဲ ေစာင့္ၾကည့္ေနလိုက္သည္ ။ မုန္းသည္ သူ႔အိမ္တြင္းေရးသာမဟုတ္ သူ႔ဘဝကိုလည္း အနည္းငယ္ဝင္စြက္ဖက္ေနသည္ဟု မသိမသာေလး ခံစားေနရသည္ ။ ကေလးမို႔ မသိဘူးဆိုရေအာင္လည္း မုန္း၏ ဉာဏ္ရည္သည္ သူ႔ထက္ပိုျမင့္မားသူျဖစ္သည္ ။

သူ႔အခန္းသန္႔႐ွင္းေရးလုပ္တာတို႔ ေကာ္ဖီေဖ်ာ္ေပးတာတို႔ စသည့္ကိစၥမ်ားတြင္ မုန္းက စစ္ေဆးေရးဝင္ကာ ဗ်စ္ေတာက္ဗ်စ္ေတာက္ ေျပာတတ္သည္ ။ ခုလည္းၾကည့္ ေကာ္ဖီယူလာေပးသည့္ အိမ္အကူကို တရားခံစစ္သလို ၾကည့္ၿပီး ေကာ္ဖီကို အနံ႕ခံေနသည္ ။

" သခင္ေလး..... ေကာ္ဖီ ျဖတ္လိုက္ပါလား ။ ဒါမွမဟုတ္ မုန္း ကိုယ္တိုင္ ေဖ်ာ္ေပးမယ္ ''

အႏႈိင္းမဲ့ မုန္းနဲ႔ပက္သက္ၿပီး ေတာ္ေတာ္ကို ေခါင္းကိုက္လာၿပီ ။ သူ႔ကို အေစခံလို ေနတတ္ေအာင္ ဘယ္လိုသင္ေပးရမွန္းမသိေတာ့ ။

အႏႈိင္းမဲ့ သည္ မုန္း၏ စကားကို မသိက်ိဳးႏြံ ျပဳကာ ေကာ္ဖီခြက္ကို လွမ္းယူၿပီး မုန္းကိုေျပာလိုက္သည္ ။

" ငါ အလုပ္လုပ္မယ္ မေႏွာက္ယွက္နဲ႔ ၊ မင္းအခန္း မင္းျပန္ေန ''

" ဟင့္အင္း......သခင္ေလး အနားမွာဘဲ ေနမယ္ ၊ မုန္း သခင္ေလးရဲ႕ အလုပ္ေတြ လုပ္ကူမယ္ေလ ''

" က်စ္...... မင္း ဒီအလုပ္ေတြအေၾကာင္း ဘာမ်ားသိလို႔လဲ မုန္း ။ ၾကက္ကန္းဆန္အိုးတိုးၿပီး ကိစၥတစ္ခ်ိဳ႕ကို ေျဖ႐ွင္းႏိုင္တာနဲ႔ဘဲ ငါက မင္းကို သူငယ္ခ်င္းေပါင္းေပါင္းၿပီး အလုပ္ေတြတူတူ လုပ္ရတဲ့အထိ ရင္းရင္းႏွီးႏွီး ေနရမွာလား ေျပာ ''

" ရင္းရင္းႏွီးႏွီး ေနခ်င္ေပမယ့္ သူငယ္ခ်င္းေပါင္း မေပါင္းလည္းရတယ္ သခင္ေလး ။ မုန္း အတြက္က သခင္ေလးနား႐ွိေနရံုကို ေက်နပ္တယ္ ''

သူ ဟာသေျပာေနတာမ်ား ထင္ေနလားမသိ ၊ မုန္းသည္ သူ႔စကားကို ပမာမခန္႔ လုပ္ရဲသည္ ။ ဒီေလာက္ ေျပာရဆိုရခက္သည့္ ကေလး ၊ မွတ္ေလာက္သားေလာက္ေအာက္ ပညာေပးရဦးမည္ ။ အရင္ဦးဆံုုး အေပ်ာ့နည္း အရင္သံုးရမည္ ။

" ငါ မင္းကို မလိုအပ္ဘူး မုန္း........။ မင္း ရိွေနျခင္းက ငါ့ကို ပိုလို႔ေတာင္ အေႏွာက္အယွက္ ျဖစ္ေစတယ္  ။ ေက်းဇူးျပဳၿပီး ငါနဲ႔ ေဝးေဝးမွာေနေပးပါလား ၊ ငါ ေတာင္းဆိုပါတယ္ ''

" သခင္ေလး...........  ''

ညိဳးငယ္သြားသည့္ မ်က္ဝန္းညိဳညိဳတစ္စံုသည္ သူ႔ကို ေငးစိုက္ၾကည့္လ်ွက္ ဝမ္းနည္းသြားဟန္ေပၚသည္ ။ သို႔ေသာ္ သူ မသနားမိ..... ။ အေစခံ တစ္ေယာက္ကို အခြင့္ထူးခံေပးရေလာက္ေအာင္ သူက ေမတၱာ ေစတနာ ေပါႂကြယ္သည့္ လူတစ္ဦးမဟုတ္ ။ ခုကတည္းက နာခံတတ္ေအာင္ သင္ေပးမွရေတာ့မည္ ။

မုန္းသည္ မ်က္လႊာခ်ၿပီး အံကိုဖြဖြေလးက်ိတ္လိုက္ကာ

" ဒါဆို မုန္း သြားလိုက္ဦးမယ္ ၊ သခင္ေလးကို အေႏွာက္အယွက္ မေပးေတာ့ပါဘူး ''

သူ႔ကို မ်က္လံုးလွန္ၾကည့္ကာ ပံုမွန္အတိုင္း လွည့္ထြက္သြားသည့္ ပံုက အရင္တစ္ေခါက္နဲ႔ ဆန္႔က်င္ဘက္ပင္ ။ တတ္လည္းတတ္ႏိုင္လြန္းသည့္ေကာင္ ၊ ေမာင္းထုတ္တဲ့လူကို ဇေဝဇဝါျဖစ္ေအာင္ လုပ္ၿပီး လွည့္ထြက္သြားတတ္တာ သူ႔အက်င့္လားမသိဘူး ။ ႐ိုင္းစိုင္းတယ္လို႔ ထင္ရေပမယ့္ တစ္ခါတေလက် သူမဟုတ္တဲ့အတိုင္း အမိန္႔ကို နာခံတတ္ပံုက ျသခ်ခ်င္စရာ ။

က်န္ေသးတယ္ ဒီေလာက္နဲ႔ မၿပီးဘူး မုန္း..... ။ ငါ့ဘဝကို ျခယ္လွယ္ခ်င္တိုင္း ျခယ္လွယ္ရေအာင္ မင္းက ဘာေကာင္မွ မဟုတ္ေသးဘူး ။ မင္း လာခဲ့တဲ့ေနရာကို ငါျပန္မပို႔ခ်င္ဘူး ။ အလိုက္သိၿပီး လိမ္မာစမ္းပါကြာ ။

-----------------------------------


Words 5192

7.1.2018


unicode


မုန်းက သူနဲ့အတူ အစည်းအဝေး လိုက်တက်မယ်ဟု အတင်းဂျီကျ၍ အနှိုင်းမဲ့ မတတ်သာစွာဘဲ ခေါ်သွားလိုက်ရသည် ။ ဟိုရောက်ရင် ဘာစကားတစ်ခွန်းကိုမှ မဟဖို့ကိုတော့ warning ကြီးကြီး ပေးထားရသည် ။ ပင်ကိုယ်ဉာဏ်ဘယ်လောက်ကောင်းကောင်း စီးပွားရေးလုပ်ငန်းနဲ့ ပက်သက်တဲ့ကိစ္စတွေကို မသင်ဘဲ တတ်မှာ မဟုတ်ဘူး ။ မုန်းက ကလေးတစ်ယောက်လို မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းညိတ်ပြ၍ မုန်းကို မယုံရဲသော်လည်း မလွန်ဆန်နိုင်၍ အစည်းအဝေးခန်းထဲ လိုက်ပါစေလိုက်သည်။

မျက်နှာချင်းဆိုင်ထားသော ခုံတန်းရှည်ကြီးတွင် ဋ္ဌာနပေါင်းစုံက တာဝန်ခံများ အသီးသီး ထိုင်နေကြပြီး မုန်းက အနှိုင်းမဲ့ဘေးတွင် ကုပ်ကုပ်လေး ထိုင်နေလိုက်သည် ။

တင်ပြနေသည့် အစီရင်ခံစာတွေက မုန်းအတွက်ကြားဖူးနားဝ ဖြစ်နေပြီး သာမန်အကြောင်းအရာများသာ ဖြစ်သောကြောင့် စိတ်ဝင်စားမှုမရှိဘဲ သခင်လေးကိုသာ ခိုးခိုးကြည့်နေခဲ့သည် ။ သခင်လေးသည် One music entertainmentကို ဝယ်ယူရန် အားသန်ကာ ဆွေးနွေးချက်ပြုသော်လည်း ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးမင်းလက်ျာ နှင့် ငွေစာရင်းဒါရိုက်တာ ဖြစ်သူက ကန့်ကွက်လေသည် ။

ထိုအကြောင်းအရာကို ကြားတော့ ငိုက်မြည်းချင်နေသည့် မုန်း၏ မျက်လုံးသည် အနည်းငယ်ကျယ်သွားပြီး သူတို့ပြောသမျှ စကားကို နားစွင့်နေလိုက်သည်။

One music entertainmentကို သူကောင်းကောင်း သိသည် ။ ဘာကြောင့်ဆို ၂၀၁၅ ခုနှစ် မကုန်ခင်မှာ သူတို့ထုတ်လုပ်ရေးက ဖြန့်ချီသည့် Album သည် တစ်နိုင်ငံလုံးတွင် ဝက်ဝက်ကွဲအောင်မြင်ပြီး ဝင်ငွေစံချိန်ချိုးသွားလိမ့်မည် ။ခုချိန်မှာ One သည် ငွေကြေးအခက်ခဲတစ်ချို့ကို ရင်ဆိုင်ရ၍ တစ်ချို့သော Albums တွေကို မဖြန့်ချီနိုင်သေးဘဲ ရှိနေသည် ။ ဒီအချက်ကို မည်သူကမှ သတိမထားမိ၍ One ကို ဝယ်ယူရန် ကန့်ကွက်ကြ၍ သခင်လေးက လက်လျော့ခဲ့ရလိမ့်မည် ။ သို့သော် နောင်တစ်နှစ်ကျော်တွင် ထိုအတွက် ဤဆွေးနွေးပွဲတွင် ရှိနေသော လူအားလုံး နီးပါး နောင်တ ရနေကြလိမ့်မည် ။

" ကောင်းပြီ...... ဒါဆို ဒီတစ်ခေါက် ရင်းနှီးမြှပ်နှံမှုက One မဟုတ်ဘဲ အိမ်ယာစီမံကိန်းတစ်ခုမှာ မြှပ်နှံဖို့ စဉ်းစားကြတာပေါ့ ''

သခင်လေး၏ အဆုံးအဖြတ်အသံကို ကြားတော့ မုန်း ထရပ်လိုက်သည် ။

" ခဏ............ ''

အစည်းအဝေးခန်းမတစ်ခုလုံးရှိ လူတွေ၏ အကြည့်တွေက သူ့ဆီ စုပုံလာပြီး စူးစမ်းကြည့်လာကြသည် ။ ဒီခန်းမထဲမှာ အနှိုင်းမဲ့နဲ့ ဦးလက်ျာကလွဲပြီး သူ့ကို သိရှိတဲ့သူ မရှိ ။ အနှိုင်းမဲ့က မုန်း ဘာထရူပ်ပြန်ပြီလဲ မသိဘူး ဆိုကာ စိတ်ညစ်သွားသည်။ ဒီကောင်လေးကို အစည်းအဝေးခန်းထဲ ခေါ်လာမိတာ မှားပြီ ထင်တယ် ။ အနှိုင်းမဲ့နဲ့ မုန်းက လက်တစ်ကမ်းမက ကွာဝေး၍ မျက်ရိပ်မျက်ကဲ ပြပြီး ထိုင်ခိုင်းသော်လည်း မုန်းက မမြင်သလိုခပ်တည်တည်နေလိုက်သည်။

မုန်းက သူ့မျက်နှာကို မော်ချီထားကာ ခန်းမထဲရှိ လူအားလုံးကို သိမ်းကျုံးကြည့်ရင်း ချောင်းတစ်ချက် ဟန့်လိုက်သည် ။

" အဟမ်း......... ကျွန်တော်နဲ့ မဆိုင်ပေမယ့် နည်းနည်းလောက် ဝင်ဆွေးနွေးလို့ရမလား ၊ ဒါက.... သခင်.... sorry ဥက္ကဋ္ဌကြီးပြောတဲ့ One music entertainment ကို ဝယ်ဖို့အကြံကို ကျွန်တော် ထောက်ခံပါတယ် ''

မင်းက ထောက်ခံရအောင် ဒီထဲကလူတွေကို မင်းဘကြီးတွေများထင်နေလား ဟု စိတ်ထဲကနေ ကြိမ်ဆဲလိုက်သော်လည်း အနှိုင်းမဲ့သည် အပြင်ပန်းမှာ မျက်နှာမပျက်အောင် မနည်းတည်ထားရသည် ။ မုန်းက ဟန်ပါပါပဲ ဆက်ပြောလေသည် ။

" One ဟာ ခုလက်ရှိတော့ နာမည်ကြီး entertainment တစ်ခု မဟုတ်သေးပေမယ့် နောင်တစ်ချိန်မှာ သေချာပေါက် အောင်မြင်တဲ့ entertainment တစ်ခု ဖြစ်လာမှာ သေချာပါတယ် ၊ သူတို့ဆီမှာ အလားအလာ ကောင်းတဲ့ တက်သစ်စ အနုပညာရှင်တွေ အများကြီး ရှိပါတယ် ၊ မဖြန့်ချီရသေးတဲ့ Albums တွေလည်း အများကြီး ရှိတယ် ၊ ကုမ္ပဏီက သူတို့ကို မွေးထုတ်ဖို့ ငွေကြေးအင်အား မလုံလောက်သေးလို့သာ One က တစ်ခြား entertainment တွေထက် အဆင့်အောက်ကျန်ခဲ့တာပါ ၊ ဥက္ကဋ္ဌကြီး ပြောခဲ့သလိုဘဲ Noya သာ One ကို ဝယ်ပြီး နည်းလမ်းအသစ်နဲ့ ဈေးကွက်ထဲ ထိုးဖောက်မယ်ဆိုရင် One ဟာ သေချာပေါက် အခြေခိုင်ပြီး တစ်နှစ်ကျော်အတွင်း ဝင်ငွေအမြတ်အစွန်းအများကြီး ရနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ ''

ဥက္ကဋ္ဌကြီးရဲ့ နံဘေးက ထိုကောင်လေးဟာ ဘာရာထူးရာခံမှ မရှိဘဲ လူကြီးစကားဝိုင်းထဲ ဝင်ပြောနေပုံက စိန်ကောင်းကျောက်ကောင်းရောင်းနေချိန် ဆေးရိုးသည်က ကန့်လန့်ဆိုသလို ။ အားလုံးရဲ့ အကြည့်တွေက ကောင်လေးကို လှောင်ရယ်ချင်နေကြသည် ။ သည်အထဲတွင် အနှိုင်းမဲ့ နှင့် ဦးမင်းလက်ျာနှစ်ဦးသာ သူ့စကားကို အလေးနက် နားထောင်နေဟန်တူသည် ။

နောက်ထပ် ၁၅ မိနစ်လောက်ကို ခိုင်လုံသည့် အကြောင်းပြချက်တစ်ချို့ကို ဆွဲထုတ်ကာ မုန်း ဆက်လက်ရှင်းပြနေလိုက်သည် ။ ဦးမင်းလက်ျာ မုန်းကို သေချာစူးစိုက်ကြည့်ပြီး ပြောလိုက်တာက

" ဒီအကြောင်းကို နောက်တစ်ခါ ပြန်ဆွေးနွေးကြတာပေါ့ ၊ မင်း အနေနဲ့ ဒီထက်ပိုကောင်းတဲ့ တင်ပြမှုပေးနိုင်ရင် Oneကို ဝယ်ဖို့ ပြန်ညှိနိူင်းပေးမယ် ''

" ဟုတ် ကျေးဇူးပါ ''

မုန်းက ငြိမ်ငြိမ်လေး ပြန်ထိုင်နေတော့ အားလုံးရဲ့ အကြည့်က မုန်းထံ တစ်ဖန်ပြန်ရောက်လာသည် ။ လွန်ခဲ့တဲ့ နာရီဝက်ကဘဲ ဒုဥက္ကဋ္ဌ က အသည်းအသန်ကန့်ကွက်ရာကနေ ခု ရုတ်တရက်ကြီးပြန်စဉ်းစားပေးမယ်ဆိုတော့ ဥက္ကဋ္ဌကြီးတောင် မနိုင်တဲ့ကိစ္စကို ဒီကလေးက နိုင်သွားတာလား ။ ဒါကြောင့် ဒီကလေးကို ဥက္ကဋ္ဌကြီးက အနားမှာခေါ်ထားတာလား ဟူသော သို့လော သို့လော တွေနဲ့ မေးခွန်းတွေ ဖြစ်လာလေသည် ။

အနှိုင်းမဲ့ သည် မုန်းကို မသိမသာကြည့်ရင်း တိတ်တခိုးလေး ပြုံးလိုက်သည် ။

မထင်ရဘူး......... မုန်းက လူတွေရဲ့စိတ်ကို နိုင်သားဘဲ ။ ဦးမင်းလက်ျာလိုလူကတောင် သူ့စကားကို နားယောင်တယ်ဆိုတော့ ဒီကောင်က ပေါ့သေးသေးတော့ မဟုတ်ဘူး ။

အစည်းအဝေးပြီးဆုံးတာနဲ့ အနှိုင်းမဲ့၏ ပစ္စည်းတွေကို မုန်းက အတွင်းရေးမှုးကိုယ်စား ပိုက်ကာ လိုက်ခဲ့လေသည် ။ လူတွေ အားလုံးအမြင်မှာ မုန်းက ကလေးသာသာရှိသေးသည် ။ သို့သော် အထင်သေး၍ မရ ။

မုန်းသည် မြောက်ကြွမြောက်ကြွနဲ့ အနှိုင်းမဲ့နောက်က လိုက်လာ၍ အနှိုင်းမဲ့က မုန်းကို တစ်ချက်စွေစောင်းကြည့်ကာ အိန္ဒြေရရနေရန် မျက်ရိပ်ပြလိုက်သည် ။ ရုံးခန်းထဲရောက်တာနဲ့ အနှိုင်းမဲ့ မုန်းကို မယုံရဲသလို ကြည့်ကာ မေးလိုက်သည် ။

" One က အနာဂတ်မှာ အောင်မြင်တဲ့ entertainment တစ်ခုဖြစ်မယ်ဆိုတာ မင်းဘယ်လို ခန့်မှန်းမိတာလဲ ။ ငါတောင် လတွေအကြာကြီး လေ့လာပြီး သူတို့ရဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောကြည့်ပြီးမှ သိတဲ့ ကိစ္စကို ''

" မုန်း က သခင်လေးပြောသမျှကို နားထောင်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတစ်ချို့ကို ဆွဲထုတ်ပြောပြလိုက်တာပါ ၊ ဒါပေမယ့် မုန်းရဲ့ အားသာချက်က စကားပြောကောင်းပြီး လူတွေကို သိမ်းသွင်းနိုင်တာလေ ၊ ပြီးတော့ ဒီမှာ အဓိက ကန့်ကွက်နေတဲ့သူက ဒုဥက္ကဋ္ဌ ရယ် ငွေစာရင်းဒါရိုက်တာရယ် ဆိုတော့ သူတို့်ကို အဓိကထားပြီး နားလည်အောင် ပြောပြရတာပေါ့ ''

အနှိုင်းမဲ့ သူ့ရဲ့လက်သည်းကို ကိုက်ထားကာ မုန်း ကို သေချာ စူးစိုက်ကြည့်လိုက်သည် ။ ဒါ ဉာဏ်ကောင်းတယ်လို့ ဆိုတာထက် ပိုသွားပြီ ။ သူ့မှာ ရှိတဲ့ လျို့ဝှက်ချက်က ဘာဖြစ်နိုင်မလဲ ။

မုန်းကတော့ အနှိုင်းမဲ့ ဘာတွေးနေလဲ စိတ်မဝင်စားဘဲ အာလူးကြော်တစ်ထုပ်ဖောက်စားကာ cola တစ်ဘူးနဲ့ ဇိမ်ကျနေသည် ။ ဒီရုံးခန်းက တဖြေးဖြေး အနှိုင်းမဲ့ ရုံးခန်းနဲ့မတူဘဲ မုန်း၏ ရုံးခန်းနဲ့ တူလာပြီ ။ ရုံးခန်းတစ်ခုလုံး သူ့ခြေသူ့လက်တွေဘဲ ။ အိပ်တယ် စားတယ် ဂိမ်းဆော့တယ် ၊ သူ သွားတဲ့နောက် တကောက်ကောက် လိုက်တယ် ။ သူဝယ်လာတာ အစေခံမဟုတ်ဘဲ အရှင်သခင်များလားမသိ ။

***********************

သန့်စင်ခန်းထဲတွင် မုန်းတစ်ယောက် မုန်ရှေ့မှာ သူ့ရဲ့ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် သပ်တင်နေလေသည် ။ သူ နူတ်ခမ်းမွှေး အရမ်းလိုချင်တာ ၊ ဒါပေမယ့် ရေးရေးလေးသာရှိပြီး ချောမွေ့နေ၍ သူ့ကိုယ်သူ ယောကျာၤးမပီသ သလို ခံစားနေရသည် ။ ဒါပေမယ့် အထင်တော့မသေးနဲ့ မျက်နှာပေါ်မှာဘဲ မရှိတာ ၊ ရှိသင့်ရှိထိုက်သည့် နေရာမှာတော့ ရှိပါတယ် ။

စိတ်တိုင်းမကျစွာနဲ့ သူ့မျက်နှာကို ဟိုလှည့်ဒီလှည့် လုပ်နေတုန်း toilet ထဲသို့ တစ်စုံတစ်ယောက် ဝင်လာလေသည် ။ မုန်း ထိုသူကို ကရုမစိုက်ဘဲ သူ့မျက်နှာကိုသာ မှန်ရှေ့ပြူးပြဲကြည့်ရင်း ရူံ့မဲ့နေလိုက်၏ ။ တစ်ဖက် ဘေစင်တွင် လက်ဆေးနေသည့် လူကြီးက သူ့ဘက်စောင်းငဲ့ကြည့်ကာ လက်ကို တစ်ရှူးနဲ့ မသုတ်မီ ရေစက်တွေကို မုန်းမျက်နှာရှေ့ ခါယမ်းလိုက်သည် ။

" Shit........ လခွမ်းဘဲ ''

မုန်း စိတ်ပေါက်ပေါက်နဲ့ ထအော်လိုက်တော့ ပြောစရာမလိုအောင်ပင် တစ်ဖက်လူမှာ ဦးလက်ျာပင် ။

" လူတစ်ယောက်လုံး ရှိနေတာ မမြင်ဘူးလား.... ၊ တော်တော် ရိုင်းစိုင်းတဲ့သူ ''

" ဒီမေးခွန်းကို မင်းကို ငါက မေးရမှာ ၊ ငါ ရှိနေတာကို မင်းမမြင်ဘူးလား ။ ဘာကြောင့် မှန်ကို အဲ့လောက်ပြူးပြဲ ကြည့်နေရတာလဲ ။ ဒီလောက်ဆိုလည်း လှပြီးသားကို ''

မုန်း ဒီလိုကို စကားပြောချင်စိတ် နည်းနည်းမှ မရှိ ။ ရန်လည်းမဖြစ်ချင် ရွဲ့စောင်းပြီးလည်း မပြောချင်၍ ထိုနေရာမှ ထွက်လာရန် ပြင်လိုက်တော့ မုန်း၏ခြေထောက်ကို ဦးလက်ျာက သူ့ခြေတံရှည်ဖြင့် ခြေထိုးခံလိုက်သည် ။

" အာ............''

နည်းနည်းမဟုတ်ရင် မုန်း မှောက်ရက်လှဲကျတော့မည် ။ အချိန်မှီ ဘရိတ်အုပ်နိုင်၍ အရှက်မကွဲဘဲ အိန္ဒြေဆယ်နိုင်သွားသည် ။ နောက်ဆုံး သူစိတ်မရှည်စွာနဲ့ သက်ပြင်းတစ်ချက်ချပြီး ဦးလက်ျာကို စိတ်မရှည်သလို ကြည့်လိုက်သည် ။

" ခင်ဗျား ဘာဖြစ်ချင်တာလဲ ပြော....... ''

ဦးလက်ျာ ပုခုံးတွန့်လျက် ဟန်ပါပါပြုံးကာ

" One ကို ဝယ်ဖို့ကိစ္စ ဆွေးနွေးရအောင် ၊ မင်း ငါနဲ့ တစ်နာရီ အချိန်ပေးပြီး အေးဆေးဆွေးနွေးမယ် ဆိုရင် ငါ့ဘက်က လက်ခံသင့် မခံသင့် ပြန်စဉ်းစားပေးမယ် ၊အရာရာအားလုံးက မင်းအပေါ်ဘဲ မူတည်တယ် ။ မင်းပါးနပ်ရင် အနှိုင်းမဲ့ အတွက်လည်း အဆင်ပြေတာပေါ့ ''

ဒီအဓိပ္ပါယ်က ဘာလဲဆိုတာ မသိရလောက်အောင် မုန်းက မတုံးအပေ ။ သခင်လေးကို ငါးစာချပြီး သူ့ကိုမြှားခေါ်သည့် ဦးလက်ျာ၏ အကြံကို သူလက်ဖျားခါသွားသည် ။ မုန်း၏ မဲ့ပြုံးသည် လှပသော မျက်နှာနဲ့မှမလိုက် ။

" ကလေးအကွက်တွေနဲ့.......... နေဗျာ ၊ One ကို ဝယ်နိုင်ဖို့ နည်းလမ်းအများကြီးရှိတယ် ။ ခများနားမှာ တစ်မိနစ်အသက်ရှူမယ့်အစား ငရဲကိုပဲ ဘီးနဲ့လှိမ့်ဆင်းသွားလိုက်မယ် ''

လှည့်ထွက်သွားသော လူငယ်၏ ကျောပြင်ကို ကြည့်ပြီး ဦးလက်ျာ ဟက်ဟက်ပက်ပက် ရယ်လိုက်သည် ။

ဒီကောင်လေးက ဘာနဲ့ပဲ မြှားမြှား မရဘူးဘဲ ။

******************

ကုမ္ပဏီ၏ စားသောက်ခန်းတွင် ငွေရတီ နှင့်အတူ ကော်ဖီထိုင်သောက်နေသည့် အနှိုင်းမဲ့ကို မုန်းဖမ်းမိသွား၍ အနှိုင်းမဲ့ မြင်နိုင်လောက်မည့် နေရာတွင် မုန်း ခုံတစ်လုံးကို ဆွဲယူထိုင်လိုက်သည် ။ ပါးစပ်ထဲတွင် ဝါးထားသော ပီကေကို ထွေးထုတ်ကာ ကော်ဖီတစ်ခွက်ကို မှာယူလိုက်သည် ။

ကော်ဖီခွက်ကြီးကို ရှေ့မှာထားပြီး လုံးဝမတို့မထိဘဲ စားပွဲပေါ် မှီအိပ်ကာ သခင်လေးတို့ဆီ လှမ်းကြည့်လိုက်သည် ။ ထိုစဉ် သခင်လေးက သူ့ကိုမြင်သွားပြီး မျက်မှောင်ကုပ်လိုက်တာကိုလည်း လှမ်းတွေ့လိုက်သည် ။ တွေ့မှာပေါ့.... သူကိုယ်တိုင်က သခင်လေးနဲ့ တစ်ဝိုင်းကျော်မှာဘဲ ထိုင်နေပြီး သခင်လေးရဲ့ ရှေ့တည့်တည့်မှာကိုး ။

သူက အစွမ်းကုန်သွားဖြဲရယ်ပြလိုက်ပေမယ့် သခင်လေးက မကြည်ဖြူစွာနဲ့ တစ်ဖက်သို့ ပြန်လှည့်သွားသည် ။ ထိုစဉ် ငွေရတီက နောက်လှည့်ကြည့်လာ၍ သူ့ကိုမြင်သွားတော့ ပြုံးပြလေသည် ။ မုန်းကလည်း ဝတ်ကျေတန်းကျေ ပြုံးပြပြီး တစ်ဖက်သို့ ပြန်လှည့်အိပ်နေလိုက်သည် ။

သခင်လေး မကောင်းဘူး......... မုန်းကို နည်းနည်းမှ မကြည့်ဘူး ။

သူ ခဏခဏ သခင်လေးကို ခိုးကြည့်နေမိသည် ။ တစ်ခါတရံ အကြည့်ချင်းဆုံသွားသော်လည်း မုန်းရဲ့ အကြည့်က နူးညံ့နွေးထွေးပြီး သခင်လေးအကြည့်ကာ အေးစက်က မလိုလားဟန်ပေါ်နေသည် ။ သို့သော် မုန်း ကရုမစိုက် ။ အနာဂတ်မှာ ချစ်သူကို ဆုံးရူံးဖူးသည့် ခံစားချက်ကို သိရှိပြီးနောက် လက်ရှိမှာ ချစ်ရသူကို မျက်စိအောက်ကပင် အပျောက်မခံချင်တော့။

သိပ်မကြာမှီအချိန်မှာပင် ငွေရတီ ထသွား၍ မုန်း သခင်လေး၏ ခုံသို့ ကူးသန်းသွားလိုက်သည် ။ မုန်းကို မကြည်သော်လည်း အနှိုင်းမဲ့ ထိုင်နေရာမှ ထမသွားသေးဘဲ မုန်း လာထိုင်မှာကို စောင့်နေမိလေသည် ။

" သခင်လေး.......... မုန်းကိုလည်း ကော်ဖီ ဝယ်တိုက် ''

" ငါ့ ဧည့်သည်ကို အနှောက်ယှက်ဖြစ်အောင် လုပ်ပြီး ငါ့ကို ကော်ဖီဝယ်တိုက်ခိုင်းရဲတယ် ။ ငါ မင်းကိုတော့ ပြောဆိုစရာ စကားကိုမရှိတော့ဘူး ''

" မုန်း ဘာမှ မလုပ်ဘူးလေ ၊ မုန်း ဟိုနေရာမှာ ငြိမ်ငြိမ်လေး အိပ်နေတာ ''

မျက်လုံး ကလယ်ကလယ်နဲ့ ပြောလာသည့် ဒီဇိုင်းကိုက သူ့မှာ တကယ်ဘဲ ဘာအပြစ်မှ မရှိသလို ။ အနှိုင်းမဲ့သည်လည်း မုန်းကို စိတ်ဆိုးရန် အင်အားပင်မရှိတော့ ။ စိတ်ဆိုးနေလည်း ကိုယ်သာမော၍ ထူးပြီး စိတ်မဆိုးချင်တော့ ။

" ကော်ဖီသောက်မှာ မလား ။ မနက်က အစည်းအဝေးခန်းမထဲမှာ ငါ့ကို ကူညီခဲ့လို့ ဒီအတွက် ပြန်ဝယ်တိုက်မယ် ''

" ဒါဆိုရင် တော်ဗျာ......။ မသောက်ချင်ဘူး...... မုန်းက သခင်လေး စေတနာနဲ့ ဝယ်တိုက်မယ့် ကော်ဖီကိုဘဲ သောက်ချင်တာ ၊ တာဝန်တစ်ခုလို ပြန်ပေးမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ဆို မဝယ်တိုက်လည်း ရတယ် ''

" ကျစ်..... မင်း တော်တော့်ကို လက်ပေါက်ကပ်တဲ့ကောင် ၊ ကော်ဖီသောက်ဖို့ကိုတောင် အတန်းအစားခွဲနေတယ် ၊ သောက်.... ကြိုက်သလောက်သောက် ၊ မင်းအတွက် စေတနာ ဗရပွနဲ့ ဝယ်တိုက်မှာမို့ စကားမများဘဲ သောက် ''

ထိုအခါမှ မုန်းတစ်ယောက် ဇက်လေးပုသွားပြီး ရယ်ကျဲကျဲနဲ့ လုပ်ကာ ကော်ဖီအပြင် သူ့စိတ်ကြိုက်မုန့်တွေကို အကုန်မှာယူလိုက်သည် ။ တစ်ဖက်ဝိုင်းမှာ ကျန်ခဲ့သည့် အေးစက်စက်နဲ့ ကော်ဖီတစ်ခွက်ကတော့ သိမ်ငယ်စွာပင် ရှိနေဆဲ ။

ပျော်တယ်.......ချစ်ရသူ၏ ပိုက်ဆံကို ပိုင်စိုးပိုင်နင်းလုပ်ပြီး ဖြုန်းချင်သေးတယ် ။

နောင်အနာဂတ်မှာလည်း သခင်လေး ရှာသမျှက သူ့အတွက်ဘဲ ဖြစ်ရမယ်။

အရင်က ဘေးမှာနေပြီး တိတ်တခိုးချစ်ခဲ့ရသမျှ ခု ပေါ်တင်ချစ်ပြီး အပြည့်အဝ နွဲ့ဆိုးပြရမည် ။ သူလိုချင်တာ သခင်လေးဆီက အကြင်နာတွေ မဟုတ်လား ။

*****************

မုန်း ကို သူမကြိုက်တဲ့ အချက်တစ်ခုရှိသည် ။ ဒါက သူ့အိမ်တွင်းရေးတွေမှာ အရမ်းဝင်စွက်ဖက်တာကိုပဲ ။ အလုပ်သမားတွေနဲ့လည်း မတည့်ဘူးကြားသည် ။ သို့သော် သူ့မျက်စိရှေ့တွင်တော့ အခြေအနေကောင်းနေသေး၍ ဘာမှမပြောဘဲ စောင့်ကြည့်နေလိုက်သည် ။ မုန်းသည် သူ့အိမ်တွင်းရေးသာမဟုတ် သူ့ဘဝကိုလည်း အနည်းငယ်ဝင်စွက်ဖက်နေသည်ဟု မသိမသာလေး ခံစားနေရသည် ။ ကလေးမို့ မသိဘူးဆိုရအောင်လည်း မုန်း၏ ဉာဏ်ရည်သည် သူ့ထက်ပိုမြင့်မားသူဖြစ်သည် ။

သူ့အခန်းသန့်ရှင်းရေးလုပ်တာတို့ ကော်ဖီဖျော်ပေးတာတို့ စသည့်ကိစ္စများတွင် မုန်းက စစ်ဆေးရေးဝင်ကာ ဗျစ်တောက်ဗျစ်တောက် ပြောတတ်သည် ။ ခုလည်းကြည့် ကော်ဖီယူလာပေးသည့် အိမ်အကူကို တရားခံစစ်သလို ကြည့်ပြီး ကော်ဖီကို အနံ့ခံနေသည် ။

" သခင်လေး..... ကော်ဖီ ဖြတ်လိုက်ပါလား ။ ဒါမှမဟုတ် မုန်း ကိုယ်တိုင် ဖျော်ပေးမယ် ''

အနှိုင်းမဲ့ မုန်းနဲ့ပက်သက်ပြီး တော်တော်ကို ခေါင်းကိုက်လာပြီ ။ သူ့ကို အစေခံလို နေတတ်အောင် ဘယ်လိုသင်ပေးရမှန်းမသိတော့ ။

အနှိုင်းမဲ့ သည် မုန်း၏ စကားကို မသိကျိုးနွံ ပြုကာ ကော်ဖီခွက်ကို လှမ်းယူပြီး မုန်းကိုပြောလိုက်သည် ။

" ငါ အလုပ်လုပ်မယ် မနှောက်ယှက်နဲ့ ၊ မင်းအခန်း မင်းပြန်နေ ''

" ဟင့်အင်း......သခင်လေး အနားမှာဘဲ နေမယ် ၊ မုန်း သခင်လေးရဲ့ အလုပ်တွေ လုပ်ကူမယ်လေ ''

" ကျစ်...... မင်း ဒီအလုပ်တွေအကြောင်း ဘာများသိလို့လဲ မုန်း ။ ကြက်ကန်းဆန်အိုးတိုးပြီး ကိစ္စတစ်ချို့ကို ဖြေရှင်းနိုင်တာနဲ့ဘဲ ငါက မင်းကို သူငယ်ချင်းပေါင်းပေါင်းပြီး အလုပ်တွေတူတူ လုပ်ရတဲ့အထိ ရင်းရင်းနှီးနှီး နေရမှာလား ပြော ''

" ရင်းရင်းနှီးနှီး နေချင်ပေမယ့် သူငယ်ချင်းပေါင်း မပေါင်းလည်းရတယ် သခင်လေး ။ မုန်း အတွက်က သခင်လေးနားရှိနေရုံကို ကျေနပ်တယ် ''

သူ ဟာသပြောနေတာများ ထင်နေလားမသိ ၊ မုန်းသည် သူ့စကားကို ပမာမခန့် လုပ်ရဲသည် ။ ဒီလောက် ပြောရဆိုရခက်သည့် ကလေး ၊ မှတ်လောက်သားလောက်အောက် ပညာပေးရဦးမည် ။ အရင်ဦးဆုံး အပျော့နည်း အရင်သုံးရမည် ။

" ငါ မင်းကို မလိုအပ်ဘူး မုန်း........။ မင်း ရှိနေခြင်းက ငါ့ကို ပိုလို့တောင် အနှောက်အယှက် ဖြစ်စေတယ် ။ ကျေးဇူးပြုပြီး ငါနဲ့ ဝေးဝေးမှာနေပေးပါလား ၊ ငါ တောင်းဆိုပါတယ် ''

" သခင်လေး........... ''

ညိုးငယ်သွားသည့် မျက်ဝန်းညိုညိုတစ်စုံသည် သူ့ကို ငေးစိုက်ကြည့်လျှက် ဝမ်းနည်းသွားဟန်ပေါ်သည် ။ သို့သော် သူ မသနားမိ..... ။ အစေခံ တစ်ယောက်ကို အခွင့်ထူးခံပေးရလောက်အောင် သူက မေတ္တာ စေတနာ ပေါကြွယ်သည့် လူတစ်ဦးမဟုတ် ။ ခုကတည်းက နာခံတတ်အောင် သင်ပေးမှရတော့မည် ။

မုန်းသည် မျက်လွှာချပြီး အံကိုဖွဖွလေးကျိတ်လိုက်ကာ

" ဒါဆို မုန်း သွားလိုက်ဦးမယ် ၊ သခင်လေးကို အနှောက်အယှက် မပေးတော့ပါဘူး ''

သူ့ကို မျက်လုံးလှန်ကြည့်ကာ ပုံမှန်အတိုင်း လှည့်ထွက်သွားသည့် ပုံက အရင်တစ်ခေါက်နဲ့ ဆန့်ကျင်ဘက်ပင် ။ တတ်လည်းတတ်နိုင်လွန်းသည့်ကောင် ၊ မောင်းထုတ်တဲ့လူကို ဇဝေဇဝါဖြစ်အောင် လုပ်ပြီး လှည့်ထွက်သွားတတ်တာ သူ့အကျင့်လားမသိဘူး ။ ရိုင်းစိုင်းတယ်လို့ ထင်ရပေမယ့် တစ်ခါတလေကျ သူမဟုတ်တဲ့အတိုင်း အမိန့်ကို နာခံတတ်ပုံက သြချချင်စရာ ။

ကျန်သေးတယ် ဒီလောက်နဲ့ မပြီးဘူး မုန်း..... ။ ငါ့ဘဝကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ရအောင် မင်းက ဘာကောင်မှ မဟုတ်သေးဘူး ။ မင်း လာခဲ့တဲ့နေရာကို ငါပြန်မပို့ချင်ဘူး ။ အလိုက်သိပြီး လိမ်မာစမ်းပါကွာ ။

-----------------------------------

Words 5192

7.1.2018

Continue Reading

You'll Also Like

297K 20.2K 41
Each part is written with Unicode and Zawgyi fonts. Start date : 10. 9 .2020 End date : 26 . 10.2020
324K 25.9K 29
Mini Story Uni Life Style Sweet Romance
236K 24.8K 21
"နှင်းတွေ​ဝေတဲ့​ဒီ​လိုဆောင်းမနက်ခင်း​လေးမှာကိုယ်တို့ပြန်​တွေ့ကြမယ်​နော်ရိပ်......." "အင်း​သေချာ​ပေါက်ပြန်​တွေ့ကြမယ်ဦးယာ...." "ႏွင္းေတြ​ေဝတဲ့​ဒီ​လိုေ...
712K 7.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...