အကြင်နာ.... မုန်း ( Completed)

By reta-nan

656K 61.2K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep -14
ep 15
ep -16
ep -17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep 7

18.9K 2.1K 391
By reta-nan

ရံုးခန္းထဲသို႔ ေလ်ွာက္လာရာလမ္းတြင္ စမတ္က်ၿပီး ဆြဲေဆာင္မႈျပည့္ဝသည့္ အမ်ိဳးသမီးတစ္ဦးသည္ ယံုၾကည္မႈ႐ွိေသာ ေျခလွမ္းျဖင့္ အႏႈိင္းမဲ့ ႐ွိရာသို႔တန္းတန္းမတ္မတ္ ေလ်ွာက္လာသည္ ။ ျဖဴေဖြးသြယ္လ်ွေသာ ေျခသလံုးသားတို႔သည္ နီရဲေသာ high heel shoe ေၾကာင့္ ပို၍ တင့္တယ္ေနသည္ ။ ကုမၸဏီအတြင္း႐ွိ လူအမ်ားစုသည္ သူမ၏ အလွတြင္ မိန္းေမာသြားၾကသည္ ။ သို႔ေသာ္ သူမ၏ အျပံဳးသည္ကား အႏႈိင္းမဲ့ တစ္ေယာက္တည္းဆီသာတြင္ ေ႐ွး႐ူေလသည္ ။

သူမ ကိုျမင္ေတာ့ အႏႈိင္းမဲ့ လူႀကီးလူေကာင္းဆန္စြာ ရပ္ၿပီး ႏူတ္ဆက္လိုက္သည္ ။

" မေတြ႔တာၾကာၿပီေနာ္.........ေငြရတီ ''

" အဟင္း............ဘုန္းက အရမ္းခန္႔လာလို႔ ေငြေတာင္ မနည္းၾကည့္ယူရတယ္ ''

" ေငြက ခုလို ေျမႇာက္ေျပာေတာ့ ကိုယ့္ဘက္က ေကာ္ဖီ ဝယ္တိုက္ရေတာ့မွာေပါ့ ၊ ကိုယ္နဲ႔အတူ ေကာ္ဖီေသာက္ဖို႔ ေငြ အားတယ္မလား ''

" အားပါတယ္ ႐ွင္ ၊ ေငြသာ ဘုန္းရဲ႕ အခ်ိန္ေတြကို ယူမိမွာ စိုးေနတာ ''

ႏွစ္ဦးသား၏ ျပန္လည္ေတြ႔ဆံုခန္းတြင္ အႏႈိင္းမဲ့၏ အေပ်ာ္တို႔သည္ လ်ွံက်သြား၍ ေဘးကပါလာသည့္ မုန္း ကိုပင္ ေမ့ေလ်ာ့သြားသည္ ။ ေနာက္မွ သတိရသြားဟန္နဲ႔ မုန္းဘက္လွည့္ကာ

" ေအာ္.... မင္း ရံုးခန္းထဲ အရင္သြားထားႏွင့္ ''

မုန္း အႏႈိင္းမဲ့၏ လက္ေကာက္ဝတ္ကို လွမ္းဆြဲထားလိုက္သည္ ။

" သခင္ေလး.... မုန္း ပါလိုက္ခဲ့မယ္ေလ ''

မ်က္ဝန္းစိမ္းစိမ္းနဲ႔ ျပန္ေျပာလာတဲ့စကားေတြက

" ကိုယ့္ေနရာကိုယ္သိစမ္း.... မုန္း ''

မုန္းလက္ထဲက သူ႔လက္ကို ေဆာင့္ရုန္းလိုက္ၿပီးေနာက္ အႏႈိင္းမဲ့က မိန္းမလွေလးကို ဦးေဆာင္ၿပီး ထြက္သြားေလသည္ ။

ထိုေနရာမွာ တစ္ေယာက္တည္း က်န္ခဲ့တဲ့ ေကာင္ေလးကေတာ့ ထြက္သြားသည့္ ေက်ာျပင္ႏွစ္ခုကို ေငးၾကည့္ကာ ရင္ထဲ တင္းက်ပ္သြားသည္ ။

နံေဘးမွာ ျဖတ္ေလ်ွာက္သြားသည့္ ဝန္ထမ္းတစ္ခ်ိဳ႕၏ စကားလံုးေတြကလည္း သူ႔နားထဲ သံရည္ပူေတြ ေလာင္းခ်ေနသလို ။

" ဟဲ့ ဥကၠ႒ နဲ႔ တြဲသြားတဲ့ မိန္းမလွေလးက နာမည္ႀကီး ပန္းခ်ီဆရာမ မလား၊ သူမ မွာ ကိုယ္ပိုင္ပန္းခ်ီ ျပခန္္းေတာင္ရွိတယ္ေနာ္ ၊ သူမ က အရမ္းလွၿပီး အရမ္းထက္ျမက္တာပဲေနာ္ ''

" ဟုတ္ပေအ..... သူမနဲ႔ ဥကၠ႒ နဲ႔က ေနနဲ႕လ ေရႊနဲ႔ျမ လိုဘဲ လိုက္ဖက္လြန္းတယ္ ''

ထိုအသံေတြကို မၾကားခ်င္စြာနဲ႔ မုန္း toilet ထဲကို ေျပးဝင္ကာ အခန္းတစ္ခန္းထဲ ပိတ္ေနလိုက္သည္ ။

ဟင့္အင္း....... သခင္ေလးက ဘယ္မိန္းမနဲ႔မွ မလိုက္ဖက္ဘူး ၊ အထူးသျဖင့္ ေငြရတီ ဆိုတဲ့ မိန္းမ ။ သူမွတ္မိတာေပါ့ ၊ သခင္ေလးနဲ႔ ေကာလဟာလ ေတြေပါင္းစံုထြက္ၿပီး အဆံုးသတ္က် အႏုပညာနယ္ပယ္က နာမည္ႀကီး အနုပညာရွင္တစ္ဦးနဲ႔ လက္ထပ္သြားမွာ ။ ေနာက္ဆံုးက်န္ရစ္တဲ့သူက သခင္ေလးျဖစ္ၿပီး ဖြင့္မေျပာျဖစ္ခဲ့သည့္ အခ်စ္တစ္ခုအတြက္ သခင္ေလး ေနာင္တေတြနဲ႕ က်န္ခဲ့မွာ ။ ဒါေၾကာင့္ သခင္ေလးဟာ ေနာက္ထပ္ ဘယ္မိန္းမနဲ႔မွ ပက္သက္ခဲ့တာမ်ိဳး မရွိေတာ့ ။ ေကာင္းသည္ .. သို႕ေသာ္ မေကာင္း ၊ ဘယ္မိန္းမ နဲ႔မွ မပက္သက္ေတာ့၍ မိန္းမကိစၥ ကင္းရွင္းသြားေသာ္လည္း သခင္ေလးသည္ အခ်စ္တစ္ခုကို ရင္ဆိုင္ရမွာ ေၾကာက္သြားၿပီး ဘ၀တစ္ခုလံုးကို တစ္ေယာက္တည္း ေနသြားရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္ ။ အခ်စ္ကို ေၾကာက္ရြံ႕သြားေသာ သခင္ေလးသည္ သူ႕ကိုပါ လက္မခံေတာ့မွာကို သိပ္ေၾကာက္သည္ ။

**************************

ရံုးခန္းထဲ ၀င္လာသည့္ ရယ္ေမာသံႏွစ္ခုေၾကာင့္ မုန္းမၾကားခ်င္စြာပင္ နူတ္ဆိတ္ကာ တစ္ဖက္သို႕ လွည့္ေနလိုက္သည္ ။ ေဆာ့လက္စ ဂိမ္းကို အသံအနည္းငယ္ ပိုခ်ဲ႕ကာ ကစားပြဲထဲ အာရံုစိုက္လိုက္သည္ ။

သူ႕ဧည့္သည္ ပါလာတာေတာင္ ကရုမစိုက္သလိုလုပ္ကာ ဂိမ္းေဆာ့မပ်က္သည့္ ေကာင္ေလးေၾကာင့္ အႏႈိုင္းမဲ့ မ်က္ေမွာင္ကုပ္သြားသည္ ။ သည္ေကာင္ေလး ေငြ ေရွ႕မွာ သူ႕ကို မေလးမစား လုပ္ရဲတယ္ ။

'' မုန္း ...................... ''

 မုန္း  ၾကားေသာ္လည္း ျပန္မထူးမိ ။ အႏႈိင္းမဲ့ သူရွိရာသို႔ ေလွ်ာက္လာၿပီး သူ႔လက္ထဲက ဖုန္းကို ဆြဲယူလိုက္သည္ ။

'' မုန္း .............. မင္း ငါ့ကို ဂရုမစိုက္တာလား ၊ ငါ့ ဧည့္သည္ တစ္ေယာက္လံုး ပါလာတာေတာင္ မင္းက ဧည့္သည္ေရွ႕မေလးမစား လုပ္ရဲတယ္ေပါ့ ၊ ငါ မင္းကို အခြင့္အေရးေပးထားတာ မင္း အရမ္းေတာ္ေနလို႔ မဟုတ္ဘူး ၊ မင္းကို သနားလို႔ ေပးထားတာ ''

ေအးစက္ေသာ စကားလံုးမ်ားသည္ အသြားထက္ေသာ ဓားသြားတစ္ခုလို မုန္း၏ ႏွလံုးအိမ္ကို ေျဖးေျဖးခ်င္း ထိုးႏွက္လ်ွက္ ။ မုန္း သခင္ေလးကို ျပန္မၾကည့္ေသးဘဲ စားပြဲခံုကိုသာ ေတြေတြႀကီး စိုက္ၾကည့္ေနမိသည္ ။ အရင္ေကာ ခုေကာ သူဟာ သခင္ေလး၏ အခ်စ္ကို ပိုင္ဆိုင္ခြင့္ မရခဲ့ ။  ၿပီးေတာ့ သူက တည့္တည့္စီးဆင္းေနသည့္ ျမစ္တစ္စင္း၏ လမ္းေၾကာင္းကို ေျပာင္းလဲမိသြား၍ အက်ိဳးဆက္သည္လည္း ေျပာင္းလဲသြားဟန္တူသည္ ။ အရင္က အေစခံဘ၀နဲ႔ သခင္ေလးသင္ၾကားေပးသမ်ွကို ခံယူကာ အနားမွာ ရွိေနခဲ့ေပမယ့္ သူေျပာင္းလဲလိုက္သည့္ အေၾကာင္းအရာ တစ္ခ်ိဳ႕ေၾကာင့္ သူနဲ႕ သခင္ေလး ပိုပိုၿပီး ေ၀းကြာလာသည္ဟု ထင္မိသည္ ။

ေငြ သည္ ပိန္ပိန္ပါးပါး ေကာင္ေလးကို အကဲခတ္ၾကည့္လိုက္ေတာ့ ေကာင္ေလး၏ မ်က္၀န္းမ်ားကို ဖတ္မိသြားသည္ ။ မဟုတ္မွလြဲေရာ ဒီေကာင္ေလးက ဘုန္းကိုမ်ား ႀကိဳက္ေနတာလား ? ။ သူမ နဲ႔ ဘုန္းၾကားက ပက္သက္မႈသည္ သာမန္ပက္သက္မႈသာ ျဖစ္၍ ေကာင္ေလး၏ သ၀န္တိုမႈကို ရယ္ခ်င္သြားသည္ ။ သူမဟာ ေအာင္ျမင္သည့္ အႏုပညာရွင္တစ္ေယာက္ျဖစ္သည့္ အေလွ်ာက္ နူးညံ့ေသာ စိတ္ထားရွိၿပီး အခ်စ္ကို အခ်စ္ဟုသာ ခံယူထားေသာေၾကာင့္ ေယာက်ာၤးႏွစ္ေယာက္၏ ပက္သက္မႈကို အထူးအဆန္းျဖစ္မသြား ။

အဟင္း ............. စိတ္၀င္စားစရာ ဇာတ္လမ္းေလးဘဲ ။

'' ဘုန္း ........ သူက ရွင့္ေကာင္ေလးလား ''

'' ေငြ ........ ကိုယ့္ကို ေနာက္ေနတာလား ၊ သူက ေယာက်ာၤးေလးေနာ္ ၿပီးေတာ့ ကိုယ္ကလည္း ေယာက်ၤားတစ္ေယာက္ ''

မ်က္လံုးျပဴးမ်က္ဆန္ျပဴးနဲ႔ အတင္း ရွင္းျပေနသည့္ အႏႈိင္းမဲ့ကို ေငြက သေဘာက်သြားသလိုၿပံဳးကာ ရယ္သံလြင္လြင္ေလးနဲ႕ေျပာလိုက္သည္ ။

'' ဘုန္း ရွင္းျပမွဘဲ ပိုၿပီး သံသယ ၀င္ဖို႔ေကာင္းလာၿပီ ၊ မပူပါနဲ႕ ေငြက ဘယ္လိုအခ်စ္မ်ိဳးမဆို လက္ခံေပးႏိုင္တဲ့ သူမ်ိဳးပါ ၊ ဘုန္းသာ ကိုယ့္စိတ္ကို အတင္းႀကီး မျငင္းဆန္နဲ႔ ၊ ေနာက္မွ ေနာင္တရမယ္ ''

'' မဟုတ္ဘူး ေငြ ၊ အဲ့သေဘာမဟုတ္ဘူး ..........၊ သူနဲ႕ ကိုယ့္ၾကားက ဒီလို အထင္လြဲစရာ ပက္သက္မႈမရွိဘူး ၊ ကိုယ္ သူ႕ကို သနားလိ႕ု၀ယ္ခဲ့ရံု သက္သက္ဘဲ ''

အႏႈိင္းမဲ့၏ ေျဖရွင္းမႈက ေငြ႕  အေပၚသက္ေရာက္မႈ မရွိေသာ္လည္း မုန္းအေပၚတြင္ ႀကီးစြာေသာ ရိုက္ခတ္မႈ ခံလိုက္ရသည္။

သခင္ေလးက သူ႔ကို သနားရံု သက္သက္ပဲလား .........

အင္းေပါ့ .. သူက ဘာမလို႔လဲ ၊ သူက သိန္းတစ္ရာနဲ႔ သခင္ေလး ၀ယ္ခဲ့တဲ့ အေစခံ သက္သက္ဘဲေလ ၊ သူ႔မွာ သခင္ေလးကို ခ်စ္ပိုင္ခြင့္ေတာင္ မရွိတာ ခုလို မိုက္မိုက္ကန္းကန္း သခင္ေလး အနားမွာ ေနဖို႔ စဥ္းစားရဲတယ္ဆိုေတာ့ သူကသာ ကိုယ့္ေနရာကိုယ္ မသိတဲ့သူမ်ိဳး ။

မုန္းထရပ္ၿပီး သခင္ေလးကို ဦးညြတ္လိုက္သည္ ။

'' မုန္း မေႏွာက္ယွက္ေတာ့ပါဘူး ၊ အရင္ သြားႏွင့္ပါ့မယ္ သခင္ေလး ''

အၿမဲတမ္း မ်က္ႏွာေျပာင္စပ္စပ္နဲ႔  အျမင္ကတ္စရာေကာင္းေလာက္ေအာင္ ၿပံဳးရယ္ေနတတ္သည့္ ေကာင္ေလးသည္ ရုတ္တရက္ႀကီး မ်က္ႏွာထား တည္ၿငိမ္သြားကာ သူေရွ႕မွ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ထြက္သြား၍ အႏႈိင္းမဲ့ ေၾကာင္အမ္းကာ က်န္ခဲ့သည္ ။

'' ဘာလဲဟ .......... ကိုယ္က သူ႔သူေ႒းေလ  ၊ ကိုယ္ေျပာတာကို နားမေထာင္တဲ့အျပင္ ကလန္ကဆန္ ျပန္လုပ္သြားတာ ေငြျမင္တယ္ မလား ၊ ဒီလိုေကာင္ကို ကိုယ္နဲ႔ အထင္လြဲတယ္ဆိုေတာ့ ေငြမ်က္စိေမွာက္ေနတာလား ''

'' ခိခိ ...... ေငြ မ်က္စိေမွာက္ေနတာ မဟုတ္ဘူး ၊ ဘုန္း ကသာ မ်က္စိေမွာက္ေနတာ ၊ ကိုယ့္ရင္ဘတ္ကိုယ္ အရင္ျမင္ေအာင္ၾကည့္ၿပီးမွ ေငြ႕ကို မ်က္စိေမွာက္ေနလားလို႔ ျပန္ေျပာ ၊ ေငြ သိတဲ့ အႏႈိင္းမဲ့ဘုန္းဆိုတဲ့လူက ဘာမဟုတ္တဲ့လူတစ္ေယာက္ကို အနားမွာ မေခၚထားတတ္ပါဘူး ''

အႏႈိင္းမဲ့ ေငြ႕ကို ဘယ္လိုရွင္းျပမွ ေငြ အထင္လြဲေနတာ ေပ်ာက္သြားမလဲ သူ မစဥ္းစားတတ္ေတာ့ ။ ၿပီးေတာ့ ေငြက ဘာေၾကာင့္ သူ႕ကို ေယာက်ၤားခ်င္း ႀကိဳက္ေနတဲ့သူလို႔ ျမင္ေနမွန္းမသိေတာ့ေပ ၊ အမွန္ သူ တကယ္ႏွစ္သက္တာက သူမ ဆိုတာ ေငြ မရိပ္မိေလသလား ။

ဟိုေကာင္ေလးကိုေတာ့ စိတ္မပူေတာ့ ။ သူက ေမာင္းထုတ္ရင္ေတာင္ ထြက္မသြားႏိုင္သည့္ ေတာက္တဲ့လို ကပ္ေနမည့္သူ ျဖစ္ေနေသာေၾကာင့္ပင္တည္း ။ ေရွ႕ဆက္ၿပီး ေငြအထင္မလြဲေအာင္ ေငြ႕ေရွ႕တြင္ ထိုေကာင္ေလးကို အေနအထိုင္ ဆင္ျခင္ရန္ သတိေပးမွ ရေတာ့မည္ ။

Shit.... အခ်ိဳးကိုက မေျပဘူး ၊ ငါေျပာတဲ့အထဲ ဘာအမွားပါလို႔ ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔ ထြက္သြားရတာလဲ ။

***************************

ဦးလက္်ာသည္ ေခါင္းနည္းနည္း ၿငီစီစီျဖစ္လာ၍ အနားယူရန္ အိမ္သို႔ျပန္ရင္ ကားက ကုမၸဏီ ေပါက္၀မွာပင္ ရွိေနေသးစဥ္ ကုမၸဏီမွ bus stop သို႔ ထြက္လာသည့္ ေကာင္ေလးကို လွမ္းျမင္လိုက္ရေသာေၾကာင့္ ကားကို ခဏရပ္ခိုင္းၿပီး ထိုေကာင္ေလးကို ေစာင့္ၾကည့္လိုက္သည္ ။ မုန္း ဆိုေသာေကာင္ေလးသည္ ကားမွတ္တိုင္တြင္ အခ်ိန္အၾကာႀကီးထိုင္ေနၿပီး လာသမွ် မည္သည့္ကားေပၚသို႔မွ် မတက္ဘဲ ထိုင္ေနရာမွာသာ တုတ္တုတ္မ်ွမလုပ္ဘဲ ၿငိမ္ေနသည္ ။

ေတြ႕ကာစထက္ နည္းနည္းပိုျပည့္လာေသာ္လည္း ပိန္ၿပီး ေသးသြယ္ေသာ ခႏၶာကိုယ္ေလးသည္ လူႀကီးတစ္ေယာက္လံုး၀ မျဖစ္ေသးမွန္း သိသာလွသည္ ။ ေခါင္းငံု႕ကာအၾကာႀကီးထိုင္ေနၿပီးေနာက္ သူ႕ အက်ီၤလက္ေလးနဲ႔ မ်က္၀န္းနားတစ္၀ိုက္ကို သုတ္သပ္ေန၍ ေကာင္ေလးငိုေနသည္ကို သိလိုက္သည္ ။

ဘယ္သူ႔ေၾကာင့္ငိုေနတာလဲ ေကာင္ေလးရယ္..........

ျဖစ္ႏိုင္ရင္ ကားေပၚက ခ်က္ခ်င္းဆင္းေျပးၿပီး ေကာင္ေလးကို ေထြးေပြ႔ကာ ႏွစ္သိမ့္ေပးလိုက္ခ်င္သည္ ။ သို႔ေသာ္လည္း ဒီေကာင္ေလး သူ႕ကို ဘယ္ေလာက္ထိ မုန္းတီးေနမွန္း သူအသိဆံုးျဖစ္သည္ ။ မုန္းကို ေစာင့္ၾကည့္ေန၍ သူခံစားေနရသည့္ ေ၀ဒနာကိုပင္ ေမ့ေလ်ာ့သြားသည္ ။

မင္းေလးက တကယ့္ကို ၿပိဳင္ဘက္ကင္းပါပဲ မုန္းရယ္.............

နာရီ၀က္ခန္႕ၾကာေတာ့ မုန္းထရပ္ၿပီး ကုမၸဏီေအာက္ထပ္ကိုျပန္၀င္သြာေသာေၾကာင့္ မင္းလက္်ာ သက္ျပင္းကို တိုးတိုးခ်ကာ ဒရိုင္ဘာကို အိမ္သို႔ေမာင္းေစလိုက္သည္ ။

မငိုပါနဲ႔ ေကာင္ေလးငယ္ .......... မင္းေလးကို မ်က္ရည္က်ေစတဲ့သူကို ကိုယ္သတ္မိလိမ့္မည္ ။

ေနဦး  ............ ဒါ ငါအခ်စ္ကို ခံစားမိေနၿပီလား ?

တစ္စံုတစ္ေယာက္ေၾကာင့္ ႏွစ္ေတြအၾကာႀကီး ကင္းကြာခဲ့တဲ့ အခ်စ္ကို ျပန္ခံစားမိေနၿပီလား ?

ဒါေပမယ့္ ကိုယ္ေၾကာက္တယ္ ေကာင္ေလးရယ္ ........၊ ကိုယ့္အခ်စ္က အတၱႀကီးတယ္ ၊ ကိုယ္မွ မပိုင္ဆိုင္ရရင္ ဘယ္သူ႕ကိုမွ မပိုင္ဆိုင္ေစလိုတဲ့ ကိုယ့္ အတၱစိတ္ေၾကာင့္ နာက်င္မႈ အက်ိဳးဆက္ကို မင္းေလးခံစားလိုက္ရမွာ ကိုယ္အရမ္းေၾကာက္တယ္ ။

ခ်စ္ခ်င္တယ္ .......... မင္းေလးကို မနာက်င္ေစရဘဲ ပိုင္ဆုိင္ခြင့္ရေအာင္ ကိုယ္ဘယ္လိုလုပ္ရမလဲ ............. ေျဖေပးပါလား ေကာင္ေလးရယ္ ။

**************************

'' မင္း အလုပ္မလုပ္ေတာ့ဘူးလားေျပာ ''

အႏႈိင္းမဲ့ မုန္းကို စိတ္မရွည္ခ်င္ေတာ့ ။ အလုပ္ကို မယ္မယ္ရရမလုပ္ဘဲ သူ႔ေဘးမွာသာ ကပ္ေနေသာေၾကာင့္ သူေတာင္ဒီေကာင္ေလးကို သံသယ ၀င္လာၿပီ။ အရည္အခ်င္းရွိရက္နဲ႕ မသံုးမခ်တာ ဘာေၾကာင့္လဲ ။

မူန္ေတေတမ်က္ႏွာထားနဲ႔ မုန္းသည္ ႏွာေခါင္းကို တစ္ခ်က္ရံူကာ ပုခံုးကို တြန္႔လိုက္သည္ ။

'' မလုပ္ဘူး ......... မုန္းအသက္ 22 ႏွစ္ျပည့္ေတာ့မွ အလုပ္လုပ္မယ္ ၊ ဒီၾကားထဲ သခင္ေလးအနားမွာဘဲ ေနခ်င္တယ္ ၊ သခင္ေလးကို မ်က္စိေအာက္က အေပ်ာက္မခံခ်င္ဘူး ၊ အခ်ိန္ေတြက အရမ္းကုန္ျမန္တယ္ ။ မုန္း စိုးရိမ္ရမယ့္ေန႕ ကို ေက်ာ္လြန္သြားမွ မုန္း ဘ၀အတြက္ အလုပ္လုပ္မယ္ ၊ ခုထိေတာ့ မုန္း အခ်ိန္ေတြကို တျခားအတြက္ မသံုးခ်င္ေသးဘူး ''

မုန္း နွာေခါင္းရံူ႕လိုက္သည့္ပံုစံက သူ႕မ်က္လံုးထဲ အျမင္တစ္မ်ိဳးျဖစ္သြားကာ ဂ်စ္ကန္ကန္နဲ႕ ခ်စ္စရာေလးဟု အႏႈိင္းမဲ့ ျမင္မိသည္ ။ သို႔ေသာ္ ဒီကေလးကို အလိုလိုက္လို႕မျဖစ္ ။ အလိုလိုက္ကာမွ ကမ္းတက္ၿပီး ထင္တိုင္းျကဲေနမွာကို မလိုခ်င္၍

'' ေနပါဦး ............. မင္းေျပာေနတဲ့ပံုက ေယာက်ၤားတစ္ေယာက္က သူခ်စ္တဲ့ မိန္းမ တစ္ေယာက္ကို ကာကြယ္ေပးတဲ့ ေလသံမ်ိဳးနဲ႔ ၊ မင္းရူးေနတာလား . မုန္း ၊ ငါက မိန္းမ တစ္ေယာက္မဟုတ္သလို ...... မင္းရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈကို လုိအပ္တဲ့ အသက္မျပည့္ေသးတဲ့ ကေလးတစ္ေယာက္မဟုတ္ဘူး ၊ မင္းကသာ အုပ္ထိန္းသူ လိုအပ္ေနတဲ့ ကေလးဆိုတာ မင္းနားလည္လား ၊ ဒါေပမယ့္ မင္းက ငါ့ အုပ္ထိန္းမႈေအာက္မွာ ေနၿပီး ငါ့စကားေတြကို အကုန္ျပန္ခံေျပာေနတာ မင္းမွားေနၿပီလို႔ မထင္ဘူးလား ''

'' No......No ...... သခင္ေလးမွားေနၿပီ ၊ မုန္း သခင္ေလးကို ဆန္႕က်င္ၿပီး တဇြတ္ထိုး လုပ္ခ်င္တ့ဲ စိတ္မ်ိဳး မရွိပါဘူး ၊ မုန္းက သခင္ေလး အနား ေနခ်င္ရံု သက္သက္ပါ ။ သခင္ေလးက မုန္းကို အသံုးမခ်ဘဲ မုန္း အသံုး၀င္မ၀င္ ဘယ္သိမလဲ ''

'' မင္းကိုေတာ့ ေျပာစရာစကား တကယ္ကုန္သြားၿပီ ၊ မင္ေနခ်င္သလို ေနလို႔ရတယ္ ........... တစ္ခုဘဲ ငါ့ရဲ႕ presonal ကိစၥေတြမွာ ပါ၀င္စြက္ဖက္တာမ်ိဳးကို ငါခြင့္မျပဳဘူးေနာ္ ၊ ၿပီးေတာ့ ဟိုေန႕က ေငြ ေရွ႕မွာ ငါ့ကို စိတ္ဆိုးသြားတဲ့ လုပ္ရပ္မ်ိဳး ငါခြင့္မလႊတ္ဘူး ၊ မင္ေၾကာင့္ ေငြ ငါ့ကို အထင္လြဲသြားတယ္ ၊ ေနာက္ခါ အလားတူ လုပ္ရပ္မ်ိဳး ထပ္မျဖစ္ဖို႕ ေမ်ွာ္လင့္ပါတယ္ ''

မုန္း၏ ေလးနက္ေသာမ်က္ႏွာအေနအထားသည္ ရုတ္ခ်ည္းေျပာင္းလဲသြားၿပီး ေဘးႏူတ္ခမ္းကို တစ္ခ်က္တြန္႕လိုက္သည္ ။

'' ေငြရတီ ကို မေမ်ွာ္လင့္တာ ပိုေကာင္းမယ္ သခင္ေလး ၊ သူ႕စိတ္ထဲမွာ သခင္ေလးမရွိဘူး ၊ အဆံုးသတ္က် သူနဲ႕ ခံစားခ်က္ထပ္တူက်တဲ့ အႏုပညာရွင္ တစ္ေယာက္ကိုဘဲ သူေရြးခ်ယ္သြားမွာ ၊ ေငြရတီ လိုအပ္ေနတာ ေငြေၾကးဂုဏ္ပကာသန ေတြမဟုတ္ဘူး ၊ သူ႔လိုဘဲ အနုပညာကို တန္ဖိုးထားၿပီး သူ႕ကို နားလည္မႈေပးႏိုင္တဲ့ သူကို လိုအပ္တာ ။ အဲ့ဒီလူက သခင္ေလး မဟုတ္ဘူး ''

မုန္း၏ စကားေၾကာင့္ အႏႈိင္းမဲ့ ေဒါသ ရုတ္တရက္ထြက္သြားသည္ ။ ဒီေကာင္က ရာရာစစ စကားကို လက္လြတ္စပယ္ေျပာရဲတယ္ ။

'' မင္း ဒီစကားကို ဘယ္က ယံုၾကည္ခ်က္နဲ႔ေျပာလိုက္တာလဲ မုန္း ၊ ေငြ ကို တစ္ရက္ဘဲ ျမင္ဖူးၿပီး ေငြ႕အေၾကာင္း ခေရတြင္းေစ့ သိသလိုမ်ိဳး ေျပာရဲတယ္ ၊ ငါက မင္းလို ေငြ႕ကို မေန႕တစ္ေန႔႕ကမွ သိခဲ့တာ မဟုတ္ဘူး ၊ သူ႔ကို မင္းထက္ အရင္ သံုးႏွစ္ကတည္းက သိခဲ့တာ ၊ ေငြအေၾကာင္းေျပာတာ ဒီတစ္ခါေနာက္ဆံုး ျဖစ္ပါေစ ၊ ေနာက္တစ္ေခါက္ဆိုတာ ရွိလာရင္ မင္းက ဘယ္ေလာက္ဘဲ ေတာ္တတ္ေနပါေစဦး ငါမင္းကို စြန္႕လႊတ္ပစ္ဖို႔ ၀န္မေလးဘူး ''

မုန္းကို စိမ္းစိမ္းႀကီးၾကည့္ကာ အႏႈိင္းမဲ့ တစ္ဖက္သို ႔လွည့္ထြက္သြားလိုက္သည္ ။ အသံမက်ယ္ေသာ္လည္း မာန္မဲလိုက္သည့္ စကားေတြေၾကာင့္ မုန္း ၿပံဳးရံုၿပံဳးလိုက္သည္ ။ ေစတနာနဲ႔ မတန္ဘူးဆိုေတာ့လည္း ထားလိုက္ရံုေပါ့ ။ အဆံုးက် သခင္ေလးက အသည္းကြဲသြားရင္ သူက ေဘးကေန တစ္ရွဴးေလးကိုင္ၿပီး  ႏွစ္သိမ့္ေပးလိုက္မယ္ ။ သခင္ေလးကလည္း သူသတိေပးတာကို မယံုခဲ့လို႕ ေနာင္တရမယ္ ။

ကဲ ........ ဘယ္ေလာက္ေတာင္ သူရဲေကာင္းဆန္လိုက္တဲ့ လုပ္ရပ္လဲ ။ ဗီလိန္ လုပ္ခ်င္တာေတာင္ သူရဲေကာင္း ျဖစ္သြားႏိုင္သည့္ အေျခအေနဘဲေလ ။ ေနာက္ ငါး လအတြက္ ေအာင္ပြဲခံဖို႔ ခုကတည္းက ရွဲန္ပိန္ပုလင္းေတြ ၀ယ္ထားသင့္လား သခင္ေလး ။

မုန္းက ပင္ကိုယ္စရိုက္ မဆိုးပါဘူး ..............  ဒါေပမယ့္ ဒီလိုျဖစ္ေအာင္ သခင္ေလး ကိုယ္တိုင္က လုပ္ေနတာေနာ္....... ေနာက္မွ ဒီအတြက္ေနာင္တ မရနဲ႕။

***********************

လက္ထဲက ဘီယာဘူးခြံကို တစ္ခ်က္ေခ်ၿပီး  သူထိုင္ေနတဲ့ ေနရာကေန သံုးေပ အကြာေလာက္မွာ ရွိေနသည့္ အမိႈက္ပံုးထဲကို လွမ္းပစ္လိုက္သည္ ။ သို႔ေသာ္ ဘီယာဘူးခြံက အမႈိက္ပံုးထဲ မေရာက္ဘဲ လူတစ္ေယာက္၏ ေျခေထာက္ေရွ႕က်သြားေလသည္ ။ ထိုလူက ဘီယာဘူးခြံကို ေကာက္ယူကာ အမႈိက္ပံုးထဲ ပစ္ထည့္ရင္း

'' အသက္မျပည့္ေသးဘဲ အရက္ေသစာ ေသာက္စားတာ မေကာင္းဘူးေနာ္ ၊ ၿပီးေတာ့ ေျမေအာက္ကားပါကင္မွာ ခိုးေသာက္ေနတယ္ဆိုေတာ့ စည္းမ်ဥ္းစည္းကမ္းအရ အေရးယူခံရမွာ မင္း မေၾကာက္ဘူးလား ''

သူ႔ကို တရားခ်ေနသည့္ ထိုလူႀကီးကို မုန္းတစ္ခ်က္ ေမာ့ၾကည့္ကာ မဲ့ရြဲ႕ရင္း ဟန္ပါပါၿပံဳးလိုက္သည္ ။

'' မျမင္ခ်င္ဘူးဆိုမွ ေတြ႕ကိုေတြ႕ႏိုင္လြန္းတယ္ ၊ က်ဳပ္အျဖစ္ကလည္း ပတ္ေျပးကာမွ တည့္တည့္တိုးတဲ့အျဖစ္ ၊    ေဟ့လူႀကီး ခင္မ်ား က်ဳပ္ေနာက္ကို တမင္လိုက္ေနတာလား ၊ ခင္မ်ားမွာ အခ်ိန္ေတြ အရမ္းပိုေနတယ္ထင္တယ္ ''

'' မင္းေနာက္ကို တမင္လိုက္ေနတာ မဟုတ္ေပမယ့္ ခုလို မၾကာခဏ တိုက္တိုက္ဆိုင္ဆိုင္ ဆံုတာမ်ိဳးကို ကိုယ္သေဘာက်တယ္ ၊ ဧကန္န မင္းနဲ႔ ကိုယ့္ၾကား ေရစက္ပါလာၿပီးေတာ့ ကံတရားက   ရိုမန္႕တစ္ခုကို တမင္မ်ား ဖန္တီးေပးတာလားလို႔ေတာင္ မာန္တက္ခ်င္ေနၿပီ ''

မုန္း ထိုင္ေနသည့္ေနရာမွ ထရပ္က သူ႕တင္ပါးေအာက္က ဖုန္ေတြကို တစ္ခ်က္ခါၿပီး ဦးလက္်ာကို မၾကည့္ဘဲ ေျပာလိုက္သည္ ။

'' ေရစက္ဆိုတဲ့ စကားကို မေျပာပါနဲ႔လား ၊ ရွိခဲ့ရင္ေတာင္ အရမ္းကို ဆိုးရြားတဲ့ ေရစက္ဆိုးပဲ ျဖစ္မွာ ၊ ခမ်ားနဲ႕ ေရစက္ျဖတ္တဲ့နည္းရွိရင္ ေသခ်ာေအာင္လို႕ အႀကိမ္တစ္ေထာင္မက ထပ္တစ္လဲလဲ ျဖတ္ပစ္မွာ ''

'' မုန္း .......... ငါက မင္းထက္ အသက္ထက္၀က္ႀကီးတယ္ေနာ္ ၊ မေလးစားရင္ေတာင္ မရိုင္းစိုင္းသင့္ဘူးထင္တယ္ ''

ဦးလက္်ာသည္ ေလးစားခံျခင္လို႕ေျပာခ်င္းမဟုတ္ဘဲ  တမင္ရန္စလိုက္ျခင္းျဖစ္သည္ ။ မုန္း၏ ဂ်စ္ကန္ကန္နဲ႕ မထီေလးစား အၾကည့္တို႕သည္ သူ႕ဆီကို တည့္တည့္ ေရာက္လာေလေတာ့သည္ ။

'' က်ဳပ္ က လူတိုင္းအေပၚ ေလးစားတယ္ ၊ ခမ်ားကေတာ့ ျခြင္းခ်က္ဘဲ ..........၊ ဘာလို႕လဲ သိလား ......? ၊ ဒီစၾကၤာဝဠာႀကီးမွာ ေဒ၀ဒတ္ၿပီးရင္ ခမ်ားက အဆိုးဆံုးလူသား ျဖစ္လာမွာ မလို႔ေလ ''

ဦးလက္်ာ မုန္း၏ လက္ေမာင္းကို လွမ္းကိုင္ဆြဲလိုက္သည္ ။

'' ဘာ ............. ေနပါဦး ၊ ငါ မေကာင္းတာ ဘာမ်ားလုပ္ထားလို႔႕ မင္းက ငါ့ကို အဆိုးဆံုး လူသားလို႔ ထင္ျမင္ေနရတာလဲ ''

'' သိုးေရၿခံဳထားတဲ့ ၀ံပုေလြႀကီး ၊ ခမ်ားက ဆင္ေသကို ဆိတ္သေရနဲ႔ ဖံုးခ်င္ေနတာ ၊ ခမ်ားလုပ္ထားတဲ့ မေကာင္းမွဴေတြကို လူမသိေအာင္ လူႀကီးလူေကာင္းအေရခြံကိုၿခံဳၿပီး ဟန္ပန္လုပ္ေနတဲ့သူ ၊ ေတာ္ဗ်ာ ....... ဆက္ေျပာရင္ က်န္မွာမဟုတ္ဘူး လြတ္........''

အတင္းရုန္းကန္ေသာ္လည္း ၿမဲၿမံစြာ ခ်ဳပ္ကိုင္ထားသည့္ လက္တစ္စံုကို မုန္း သည္မတြန္းလွန္နိုင္ဘဲ ျဖစ္ေနသည္။

'' မင္း ငါ့ကို ေစာ္ကားတာ အရမ္းမ်ားေနၿပီ မုန္းအသေခ်ၤ ''

''  ဒါဆို ေနာက္ခါ ေ၀းေ၀းေရွာင္ေလ ။ ေတြ႕ေနေသးသေရြ႕ေတာ့ ေျပာေနဦးမွာပဲ ''

'' မင္း..................''

ေနာက္လက္တစ္ဖက္က မုန္း၏ လည္ပင္းကို ညစ္ရန္အလုပ္ သူ႕ထံစူးနစ္စြာ ေရာက္လာသည့္ မ်က္၀န္းညိဳညိဳ တစ္စံုေၾကာင့္ ဦးလက္်ာ အသက္ရွဴဖို႔ ေမ့ေလ်ာ့သြားတဲ့အထိ သတိလြတ္သြားသည္ ။

လွလိုက္တဲ့ မ်က္၀န္းေတြ ...................

မုန္း နူတ္ခမ္းကိုတစ္ခ်က္တြန္႕ကာ ဦးလက္်ာ လက္ကေန အသာအယာပင္ ရုန္းထြက္ၿပီး နူတ္ဆက္ျခင္း အလ်ဥ္းမရွိ လွည့္ထြက္သြားလိုက္သည္ ။

ဦးလက္်ာသည္ ေကာင္ေလး၏ ေက်ာျပင္ကိုစိုက္ၾကည့္ကာ ရင္ဘတ္ေတြတင္းက်ပ္လာၿပီး အသက္ရွဴပင္ က်ပ္လာသည္ ။

မုန္းသည္ အဝင္ဝတြင္ေတြ႔သည့္ လမ္းညႊန္ဘုတ္ျပားကို ေျခေထာက္နဲ႔ တစ္ခ်က္ကန္ၿပီး ကံတရားကို က်ိန္ဆဲလိုက္မိသည္ ။

ေလာကႀကီးရယ္........... မင္းဟာက တစ္ခုခုေတာ့ လြဲေနၿပီေလ ။

ဦးမင္းလက္်ာက ဇာတ္လိုက္မွ မဟုတ္တာ ၊ ဗီလိန္ေလ ............. ဘာေၾကာင့္ ခဏခဏ က်ဳပ္မ်က္စိေရွ႕ ထြက္လာခိုင္းတာလဲ ? ။

ၿပီးေတာ့ ဇာတ္လိုက္ျဖစ္တဲ့ သခင္ေလးကေကာ ဘာေၾကာင့္ က်ဳပ္နဲ႔ပိုေ၀းသြားသလို ခံစားေနရတာလဲ ? ။

ခုလို ေသာက္တလြဲဇာတ္ၫြန္းေတြ ေရးေနဦးမယ္ဆိုရင္ ဒီဇာတ္ခံုကေန က်ဳပ္ကို ဖယ္လိုက္ေတာ့ ။

-------------------------------------

TMZ2727 ေျဖးေျဖးခ်င္း ဝုန္းပါ ၊ cmt ေတြကို အကုန္ဖတ္ပါတယ္ ။ ဟိုအရင္တုန္းကေတာ့ သူ႔ မန္႔ေတြကို reply ေတာင္မျပန္ရဲဘူး အရမ္းေၾကာက္တာ 😂😂 ။ ခုေတာ့ သိပ္မေၾကာက္ေတာ့ဘူး ။ ဒီေန႔လည္း စိတ္ေကာက္သြားပံုရတယ္ ။ သူမွမဟုတ္ဘူး ႐ွိေသးတယ္... နာမည္မေျပာေတာ့ဘူး ။ သူတို႔မန္႔ေတြကို ၾကည့္ရင္ တကယ္အားရတယ္ ။တခါတေလ reply ေတြမွာေတာင္ ပြဲက ဘာစည္သလား မေမးနဲ႔ ။

ကဲ သူေလး အျပင္ စိတ္ေကာက္သြားက်တဲ့ အခ်စ္ေတာ္ အေပါင္းတို႔ တစ္ရက္ဘဲ ၂ ပိုင္း update ဖတ္ရေတာ့ ဝမ္းနည္းသြားၾကလား 😝😝။

Words 5649

6.1.2019



unicode


ရုံးခန်းထဲသို့ လျှောက်လာရာလမ်းတွင် စမတ်ကျပြီး ဆွဲဆောင်မှုပြည့်ဝသည့် အမျိုးသမီးတစ်ဦးသည် ယုံကြည်မှုရှိသော ခြေလှမ်းဖြင့် အနှိုင်းမဲ့ ရှိရာသို့တန်းတန်းမတ်မတ် လျှောက်လာသည် ။ ဖြူဖွေးသွယ်လျှသော ခြေသလုံးသားတို့သည် နီရဲသော high heel shoe ကြောင့် ပို၍ တင့်တယ်နေသည် ။ ကုမ္ပဏီအတွင်းရှိ လူအများစုသည် သူမ၏ အလှတွင် မိန်းမောသွားကြသည် ။ သို့သော် သူမ၏ အပြုံးသည်ကား အနှိုင်းမဲ့ တစ်ယောက်တည်းဆီသာတွင် ရှေးရူလေသည် ။

သူမ ကိုမြင်တော့ အနှိုင်းမဲ့ လူကြီးလူကောင်းဆန်စွာ ရပ်ပြီး နူတ်ဆက်လိုက်သည် ။

" မတွေ့တာကြာပြီနော်.........ငွေရတီ ''

" အဟင်း............ဘုန်းက အရမ်းခန့်လာလို့ ငွေတောင် မနည်းကြည့်ယူရတယ် ''

" ငွေက ခုလို မြှောက်ပြောတော့ ကိုယ့်ဘက်က ကော်ဖီ ဝယ်တိုက်ရတော့မှာပေါ့ ၊ ကိုယ်နဲ့အတူ ကော်ဖီသောက်ဖို့ ငွေ အားတယ်မလား ''

" အားပါတယ် ရှင် ၊ ငွေသာ ဘုန်းရဲ့ အချိန်တွေကို ယူမိမှာ စိုးနေတာ ''

နှစ်ဦးသား၏ ပြန်လည်တွေ့ဆုံခန်းတွင် အနှိုင်းမဲ့၏ အပျော်တို့သည် လျှံကျသွား၍ ဘေးကပါလာသည့် မုန်း ကိုပင် မေ့လျော့သွားသည် ။ နောက်မှ သတိရသွားဟန်နဲ့ မုန်းဘက်လှည့်ကာ

" အော်.... မင်း ရုံးခန်းထဲ အရင်သွားထားနှင့် ''

မုန်း အနှိုင်းမဲ့၏ လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်သည် ။

" သခင်လေး.... မုန်း ပါလိုက်ခဲ့မယ်လေ ''

မျက်ဝန်းစိမ်းစိမ်းနဲ့ ပြန်ပြောလာတဲ့စကားတွေက

" ကိုယ့်နေရာကိုယ်သိစမ်း.... မုန်း ''

မုန်းလက်ထဲက သူ့လက်ကို ဆောင့်ရုန်းလိုက်ပြီးနောက် အနှိုင်းမဲ့က မိန်းမလှလေးကို ဦးဆောင်ပြီး ထွက်သွားလေသည် ။

ထိုနေရာမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကောင်လေးကတော့ ထွက်သွားသည့် ကျောပြင်နှစ်ခုကို ငေးကြည့်ကာ ရင်ထဲ တင်းကျပ်သွားသည် ။

နံဘေးမှာ ဖြတ်လျှောက်သွားသည့် ဝန်ထမ်းတစ်ချို့၏ စကားလုံးတွေကလည်း သူ့နားထဲ သံရည်ပူတွေ လောင်းချနေသလို ။

" ဟဲ့ ဥက္ကဋ္ဌ နဲ့ တွဲသွားတဲ့ မိန်းမလှလေးက နာမည်ကြီး ပန်းချီဆရာမ မလား၊ သူမ မှာ ကိုယ်ပိုင်ပန်းချီ ပြခန်းတောင်ရှိတယ်နော် ၊ သူမ က အရမ်းလှပြီး အရမ်းထက်မြက်တာပဲနော် ''

" ဟုတ်ပအေ..... သူမနဲ့ ဥက္ကဋ္ဌ နဲ့က နေနဲ့လ ရွှေနဲ့မြ လိုဘဲ လိုက်ဖက်လွန်းတယ် ''

ထိုအသံတွေကို မကြားချင်စွာနဲ့ မုန်း toilet ထဲကို ပြေးဝင်ကာ အခန်းတစ်ခန်းထဲ ပိတ်နေလိုက်သည် ။

ဟင့်အင်း....... သခင်လေးက ဘယ်မိန်းမနဲ့မှ မလိုက်ဖက်ဘူး ၊ အထူးသဖြင့် ငွေရတီ ဆိုတဲ့ မိန်းမ ။ သူမှတ်မိတာပေါ့ ၊ သခင်လေးနဲ့ ကောလဟာလ တွေပေါင်းစုံထွက်ပြီး အဆုံးသတ်ကျ အနုပညာနယ်ပယ်က နာမည်ကြီး အနုပညာရှင်တစ်ဦးနဲ့ လက်ထပ်သွားမှာ ။ နောက်ဆုံးကျန်ရစ်တဲ့သူက သခင်လေးဖြစ်ပြီး ဖွင့်မပြောဖြစ်ခဲ့သည့် အချစ်တစ်ခုအတွက် သခင်လေး နောင်တတွေနဲ့ ကျန်ခဲ့မှာ ။ ဒါကြောင့် သခင်လေးဟာ နောက်ထပ် ဘယ်မိန်းမနဲ့မှ ပက်သက်ခဲ့တာမျိုး မရှိတော့ ။ ကောင်းသည် .. သို့သော် မကောင်း ၊ ဘယ်မိန်းမ နဲ့မှ မပက်သက်တော့၍ မိန်းမကိစ္စ ကင်းရှင်းသွားသော်လည်း သခင်လေးသည် အချစ်တစ်ခုကို ရင်ဆိုင်ရမှာ ကြောက်သွားပြီး ဘဝတစ်ခုလုံးကို တစ်ယောက်တည်း နေသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။ အချစ်ကို ကြောက်ရွံ့သွားသော သခင်လေးသည် သူ့ကိုပါ လက်မခံတော့မှာကို သိပ်ကြောက်သည် ။

**************************

ရုံးခန်းထဲ ဝင်လာသည့် ရယ်မောသံနှစ်ခုကြောင့် မုန်းမကြားချင်စွာပင် နူတ်ဆိတ်ကာ တစ်ဖက်သို့ လှည့်နေလိုက်သည် ။ ဆော့လက်စ ဂိမ်းကို အသံအနည်းငယ် ပိုချဲ့ကာ ကစားပွဲထဲ အာရုံစိုက်လိုက်သည် ။

သူ့ဧည့်သည် ပါလာတာတောင် ကရုမစိုက်သလိုလုပ်ကာ ဂိမ်းဆော့မပျက်သည့် ကောင်လေးကြောင့် အနှိုင်းမဲ့ မျက်မှောင်ကုပ်သွားသည် ။ သည်ကောင်လေး ငွေ ရှေ့မှာ သူ့ကို မလေးမစား လုပ်ရဲတယ် ။

'' မုန်း ...................... ''

မုန်း ကြားသော်လည်း ပြန်မထူးမိ ။ အနှိုင်းမဲ့ သူရှိရာသို့ လျှောက်လာပြီး သူ့လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည် ။

'' မုန်း .............. မင်း ငါ့ကို ဂရုမစိုက်တာလား ၊ ငါ့ ဧည့်သည် တစ်ယောက်လုံး ပါလာတာတောင် မင်းက ဧည့်သည်ရှေ့မလေးမစား လုပ်ရဲတယ်ပေါ့ ၊ ငါ မင်းကို အခွင့်အရေးပေးထားတာ မင်း အရမ်းတော်နေလို့ မဟုတ်ဘူး ၊ မင်းကို သနားလို့ ပေးထားတာ ''

အေးစက်သော စကားလုံးများသည် အသွားထက်သော ဓားသွားတစ်ခုလို မုန်း၏ နှလုံးအိမ်ကို ဖြေးဖြေးချင်း ထိုးနှက်လျှက် ။ မုန်း သခင်လေးကို ပြန်မကြည့်သေးဘဲ စားပွဲခုံကိုသာ တွေတွေကြီး စိုက်ကြည့်နေမိသည် ။ အရင်ကော ခုကော သူဟာ သခင်လေး၏ အချစ်ကို ပိုင်ဆိုင်ခွင့် မရခဲ့ ။ ပြီးတော့ သူက တည့်တည့်စီးဆင်းနေသည့် မြစ်တစ်စင်း၏ လမ်းကြောင်းကို ပြောင်းလဲမိသွား၍ အကျိုးဆက်သည်လည်း ပြောင်းလဲသွားဟန်တူသည် ။ အရင်က အစေခံဘဝနဲ့ သခင်လေးသင်ကြားပေးသမျှကို ခံယူကာ အနားမှာ ရှိနေခဲ့ပေမယ့် သူပြောင်းလဲလိုက်သည့် အကြောင်းအရာ တစ်ချို့ကြောင့် သူနဲ့ သခင်လေး ပိုပိုပြီး ဝေးကွာလာသည်ဟု ထင်မိသည် ။

ငွေ သည် ပိန်ပိန်ပါးပါး ကောင်လေးကို အကဲခတ်ကြည့်လိုက်တော့ ကောင်လေး၏ မျက်ဝန်းများကို ဖတ်မိသွားသည် ။ မဟုတ်မှလွဲရော ဒီကောင်လေးက ဘုန်းကိုများ ကြိုက်နေတာလား ? ။ သူမ နဲ့ ဘုန်းကြားက ပက်သက်မှုသည် သာမန်ပက်သက်မှုသာ ဖြစ်၍ ကောင်လေး၏ သဝန်တိုမှုကို ရယ်ချင်သွားသည် ။ သူမဟာ အောင်မြင်သည့် အနုပညာရှင်တစ်ယောက်ဖြစ်သည့် အလျှောက် နူးညံ့သော စိတ်ထားရှိပြီး အချစ်ကို အချစ်ဟုသာ ခံယူထားသောကြောင့် ယောကျာၤးနှစ်ယောက်၏ ပက်သက်မှုကို အထူးအဆန်းဖြစ်မသွား ။

အဟင်း ............. စိတ်ဝင်စားစရာ ဇာတ်လမ်းလေးဘဲ ။

'' ဘုန်း ........ သူက ရှင့်ကောင်လေးလား ''

'' ငွေ ........ ကိုယ့်ကို နောက်နေတာလား ၊ သူက ယောကျာၤးလေးနော် ပြီးတော့ ကိုယ်ကလည်း ယောင်္ကျားတစ်ယောက် ''

မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အတင်း ရှင်းပြနေသည့် အနှိုင်းမဲ့ကို ငွေက သဘောကျသွားသလိုပြုံးကာ ရယ်သံလွင်လွင်လေးနဲ့ပြောလိုက်သည် ။

'' ဘုန်း ရှင်းပြမှဘဲ ပိုပြီး သံသယ ဝင်ဖို့ကောင်းလာပြီ ၊ မပူပါနဲ့ ငွေက ဘယ်လိုအချစ်မျိုးမဆို လက်ခံပေးနိုင်တဲ့ သူမျိုးပါ ၊ ဘုန်းသာ ကိုယ့်စိတ်ကို အတင်းကြီး မငြင်းဆန်နဲ့ ၊ နောက်မှ နောင်တရမယ် ''

'' မဟုတ်ဘူး ငွေ ၊ အဲ့သဘောမဟုတ်ဘူး ..........၊ သူနဲ့ ကိုယ့်ကြားက ဒီလို အထင်လွဲစရာ ပက်သက်မှုမရှိဘူး ၊ ကိုယ် သူ့ကို သနားလိ့ုဝယ်ခဲ့ရုံ သက်သက်ဘဲ ''

အနှိုင်းမဲ့၏ ဖြေရှင်းမှုက ငွေ့ အပေါ်သက်ရောက်မှု မရှိသော်လည်း မုန်းအပေါ်တွင် ကြီးစွာသော ရိုက်ခတ်မှု ခံလိုက်ရသည်။

သခင်လေးက သူ့ကို သနားရုံ သက်သက်ပဲလား .........

အင်းပေါ့ .. သူက ဘာမလို့လဲ ၊ သူက သိန်းတစ်ရာနဲ့ သခင်လေး ဝယ်ခဲ့တဲ့ အစေခံ သက်သက်ဘဲလေ ၊ သူ့မှာ သခင်လေးကို ချစ်ပိုင်ခွင့်တောင် မရှိတာ ခုလို မိုက်မိုက်ကန်းကန်း သခင်လေး အနားမှာ နေဖို့ စဉ်းစားရဲတယ်ဆိုတော့ သူကသာ ကိုယ့်နေရာကိုယ် မသိတဲ့သူမျိုး ။

မုန်းထရပ်ပြီး သခင်လေးကို ဦးညွတ်လိုက်သည် ။

'' မုန်း မနှောက်ယှက်တော့ပါဘူး ၊ အရင် သွားနှင့်ပါ့မယ် သခင်လေး ''

အမြဲတမ်း မျက်နှာပြောင်စပ်စပ်နဲ့ အမြင်ကတ်စရာကောင်းလောက်အောင် ပြုံးရယ်နေတတ်သည့် ကောင်လေးသည် ရုတ်တရက်ကြီး မျက်နှာထား တည်ငြိမ်သွားကာ သူရှေ့မှ ဆောင့်ဆောင့်အောင့်အောင့် ထွက်သွား၍ အနှိုင်းမဲ့ ကြောင်အမ်းကာ ကျန်ခဲ့သည် ။

'' ဘာလဲဟ .......... ကိုယ်က သူ့သူဋ္ဌေးလေ ၊ ကိုယ်ပြောတာကို နားမထောင်တဲ့အပြင် ကလန်ကဆန် ပြန်လုပ်သွားတာ ငွေမြင်တယ် မလား ၊ ဒီလိုကောင်ကို ကိုယ်နဲ့ အထင်လွဲတယ်ဆိုတော့ ငွေမျက်စိမှောက်နေတာလား ''

'' ခိခိ ...... ငွေ မျက်စိမှောက်နေတာ မဟုတ်ဘူး ၊ ဘုန်း ကသာ မျက်စိမှောက်နေတာ ၊ ကိုယ့်ရင်ဘတ်ကိုယ် အရင်မြင်အောင်ကြည့်ပြီးမှ ငွေ့ကို မျက်စိမှောက်နေလားလို့ ပြန်ပြော ၊ ငွေ သိတဲ့ အနှိုင်းမဲ့ဘုန်းဆိုတဲ့လူက ဘာမဟုတ်တဲ့လူတစ်ယောက်ကို အနားမှာ မခေါ်ထားတတ်ပါဘူး ''

အနှိုင်းမဲ့ ငွေ့ကို ဘယ်လိုရှင်းပြမှ ငွေ အထင်လွဲနေတာ ပျောက်သွားမလဲ သူ မစဉ်းစားတတ်တော့ ။ ပြီးတော့ ငွေက ဘာကြောင့် သူ့ကို ယောင်္ကျားချင်း ကြိုက်နေတဲ့သူလို့ မြင်နေမှန်းမသိတော့ပေ ၊ အမှန် သူ တကယ်နှစ်သက်တာက သူမ ဆိုတာ ငွေ မရိပ်မိလေသလား ။

ဟိုကောင်လေးကိုတော့ စိတ်မပူတော့ ။ သူက မောင်းထုတ်ရင်တောင် ထွက်မသွားနိုင်သည့် တောက်တဲ့လို ကပ်နေမည့်သူ ဖြစ်နေသောကြောင့်ပင်တည်း ။ ရှေ့ဆက်ပြီး ငွေအထင်မလွဲအောင် ငွေ့ရှေ့တွင် ထိုကောင်လေးကို အနေအထိုင် ဆင်ခြင်ရန် သတိပေးမှ ရတော့မည် ။

Shit.... အချိုးကိုက မပြေဘူး ၊ ငါပြောတဲ့အထဲ ဘာအမှားပါလို့ ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားရတာလဲ ။

***************************

ဦးလက်ျာသည် ခေါင်းနည်းနည်း ငြီစီစီဖြစ်လာ၍ အနားယူရန် အိမ်သို့ပြန်ရင် ကားက ကုမ္ပဏီ ပေါက်ဝမှာပင် ရှိနေသေးစဉ် ကုမ္ပဏီမှ bus stop သို့ ထွက်လာသည့် ကောင်လေးကို လှမ်းမြင်လိုက်ရသောကြောင့် ကားကို ခဏရပ်ခိုင်းပြီး ထိုကောင်လေးကို စောင့်ကြည့်လိုက်သည် ။ မုန်း ဆိုသောကောင်လေးသည် ကားမှတ်တိုင်တွင် အချိန်အကြာကြီးထိုင်နေပြီး လာသမျှ မည်သည့်ကားပေါ်သို့မျှ မတက်ဘဲ ထိုင်နေရာမှာသာ တုတ်တုတ်မျှမလုပ်ဘဲ ငြိမ်နေသည် ။

တွေ့ကာစထက် နည်းနည်းပိုပြည့်လာသော်လည်း ပိန်ပြီး သေးသွယ်သော ခန္ဓာကိုယ်လေးသည် လူကြီးတစ်ယောက်လုံး၀ မဖြစ်သေးမှန်း သိသာလှသည် ။ ခေါင်းငုံ့ကာအကြာကြီးထိုင်နေပြီးနောက် သူ့ အကျီၤလက်လေးနဲ့ မျက်ဝန်းနားတစ်ဝိုက်ကို သုတ်သပ်နေ၍ ကောင်လေးငိုနေသည်ကို သိလိုက်သည် ။

ဘယ်သူ့ကြောင့်ငိုနေတာလဲ ကောင်လေးရယ်..........

ဖြစ်နိုင်ရင် ကားပေါ်က ချက်ချင်းဆင်းပြေးပြီး ကောင်လေးကို ထွေးပွေ့ကာ နှစ်သိမ့်ပေးလိုက်ချင်သည် ။ သို့သော်လည်း ဒီကောင်လေး သူ့ကို ဘယ်လောက်ထိ မုန်းတီးနေမှန်း သူအသိဆုံးဖြစ်သည် ။ မုန်းကို စောင့်ကြည့်နေ၍ သူခံစားနေရသည့် ဝေဒနာကိုပင် မေ့လျော့သွားသည် ။

မင်းလေးက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ မုန်းရယ်.............

နာရီဝက်ခန့်ကြာတော့ မုန်းထရပ်ပြီး ကုမ္ပဏီအောက်ထပ်ကိုပြန်ဝင်သွာသောကြောင့် မင်းလက်ျာ သက်ပြင်းကို တိုးတိုးချကာ ဒရိုင်ဘာကို အိမ်သို့မောင်းစေလိုက်သည် ။

မငိုပါနဲ့ ကောင်လေးငယ် .......... မင်းလေးကို မျက်ရည်ကျစေတဲ့သူကို ကိုယ်သတ်မိလိမ့်မည် ။

နေဦး ............ ဒါ ငါအချစ်ကို ခံစားမိနေပြီလား ?

တစ်စုံတစ်ယောက်ကြောင့် နှစ်တွေအကြာကြီး ကင်းကွာခဲ့တဲ့ အချစ်ကို ပြန်ခံစားမိနေပြီလား ?

ဒါပေမယ့် ကိုယ်ကြောက်တယ် ကောင်လေးရယ် ........၊ ကိုယ့်အချစ်က အတ္တကြီးတယ် ၊ ကိုယ်မှ မပိုင်ဆိုင်ရရင် ဘယ်သူ့ကိုမှ မပိုင်ဆိုင်စေလိုတဲ့ ကိုယ့် အတ္တစိတ်ကြောင့် နာကျင်မှု အကျိုးဆက်ကို မင်းလေးခံစားလိုက်ရမှာ ကိုယ်အရမ်းကြောက်တယ် ။

ချစ်ချင်တယ် .......... မင်းလေးကို မနာကျင်စေရဘဲ ပိုင်ဆိုင်ခွင့်ရအောင် ကိုယ်ဘယ်လိုလုပ်ရမလဲ ............. ဖြေပေးပါလား ကောင်လေးရယ် ။

**************************

'' မင်း အလုပ်မလုပ်တော့ဘူးလားပြော ''

အနှိုင်းမဲ့ မုန်းကို စိတ်မရှည်ချင်တော့ ။ အလုပ်ကို မယ်မယ်ရရမလုပ်ဘဲ သူ့ဘေးမှာသာ ကပ်နေသောကြောင့် သူတောင်ဒီကောင်လေးကို သံသယ ဝင်လာပြီ။ အရည်အချင်းရှိရက်နဲ့ မသုံးမချတာ ဘာကြောင့်လဲ ။

မူန်တေတေမျက်နှာထားနဲ့ မုန်းသည် နှာခေါင်းကို တစ်ချက်ရူံကာ ပုခုံးကို တွန့်လိုက်သည် ။

'' မလုပ်ဘူး ......... မုန်းအသက် 22 နှစ်ပြည့်တော့မှ အလုပ်လုပ်မယ် ၊ ဒီကြားထဲ သခင်လေးအနားမှာဘဲ နေချင်တယ် ၊ သခင်လေးကို မျက်စိအောက်က အပျောက်မခံချင်ဘူး ၊ အချိန်တွေက အရမ်းကုန်မြန်တယ် ။ မုန်း စိုးရိမ်ရမယ့်နေ့ ကို ကျော်လွန်သွားမှ မုန်း ဘဝအတွက် အလုပ်လုပ်မယ် ၊ ခုထိတော့ မုန်း အချိန်တွေကို တခြားအတွက် မသုံးချင်သေးဘူး ''

မုန်း နှာခေါင်းရူံ့လိုက်သည့်ပုံစံက သူ့မျက်လုံးထဲ အမြင်တစ်မျိုးဖြစ်သွားကာ ဂျစ်ကန်ကန်နဲ့ ချစ်စရာလေးဟု အနှိုင်းမဲ့ မြင်မိသည် ။ သို့သော် ဒီကလေးကို အလိုလိုက်လို့မဖြစ် ။ အလိုလိုက်ကာမှ ကမ်းတက်ပြီး ထင်တိုင်းကြဲနေမှာကို မလိုချင်၍

'' နေပါဦး ............. မင်းပြောနေတဲ့ပုံက ယောင်္ကျားတစ်ယောက်က သူချစ်တဲ့ မိန်းမ တစ်ယောက်ကို ကာကွယ်ပေးတဲ့ လေသံမျိုးနဲ့ ၊ မင်းရူးနေတာလား . မုန်း ၊ ငါက မိန်းမ တစ်ယောက်မဟုတ်သလို ...... မင်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို လိုအပ်တဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်မဟုတ်ဘူး ၊ မင်းကသာ အုပ်ထိန်းသူ လိုအပ်နေတဲ့ ကလေးဆိုတာ မင်းနားလည်လား ၊ ဒါပေမယ့် မင်းက ငါ့ အုပ်ထိန်းမှုအောက်မှာ နေပြီး ငါ့စကားတွေကို အကုန်ပြန်ခံပြောနေတာ မင်းမှားနေပြီလို့ မထင်ဘူးလား ''

'' No......No ...... သခင်လေးမှားနေပြီ ၊ မုန်း သခင်လေးကို ဆန့်ကျင်ပြီး တဇွတ်ထိုး လုပ်ချင်တဲ့ စိတ်မျိုး မရှိပါဘူး ၊ မုန်းက သခင်လေး အနား နေချင်ရုံ သက်သက်ပါ ။ သခင်လေးက မုန်းကို အသုံးမချဘဲ မုန်း အသုံးဝင်မဝင် ဘယ်သိမလဲ ''

'' မင်းကိုတော့ ပြောစရာစကား တကယ်ကုန်သွားပြီ ၊ မင်နေချင်သလို နေလို့ရတယ် ........... တစ်ခုဘဲ ငါ့ရဲ့ presonal ကိစ္စတွေမှာ ပါဝင်စွက်ဖက်တာမျိုးကို ငါခွင့်မပြုဘူးနော် ၊ ပြီးတော့ ဟိုနေ့က ငွေ ရှေ့မှာ ငါ့ကို စိတ်ဆိုးသွားတဲ့ လုပ်ရပ်မျိုး ငါခွင့်မလွှတ်ဘူး ၊ မင်ကြောင့် ငွေ ငါ့ကို အထင်လွဲသွားတယ် ၊ နောက်ခါ အလားတူ လုပ်ရပ်မျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ် ''

မုန်း၏ လေးနက်သောမျက်နှာအနေအထားသည် ရုတ်ချည်းပြောင်းလဲသွားပြီး ဘေးနူတ်ခမ်းကို တစ်ချက်တွန့်လိုက်သည် ။

'' ငွေရတီ ကို မမျှော်လင့်တာ ပိုကောင်းမယ် သခင်လေး ၊ သူ့စိတ်ထဲမှာ သခင်လေးမရှိဘူး ၊ အဆုံးသတ်ကျ သူနဲ့ ခံစားချက်ထပ်တူကျတဲ့ အနုပညာရှင် တစ်ယောက်ကိုဘဲ သူရွေးချယ်သွားမှာ ၊ ငွေရတီ လိုအပ်နေတာ ငွေကြေးဂုဏ်ပကာသန တွေမဟုတ်ဘူး ၊ သူ့လိုဘဲ အနုပညာကို တန်ဖိုးထားပြီး သူ့ကို နားလည်မှုပေးနိုင်တဲ့ သူကို လိုအပ်တာ ။ အဲ့ဒီလူက သခင်လေး မဟုတ်ဘူး ''

မုန်း၏ စကားကြောင့် အနှိုင်းမဲ့ ဒေါသ ရုတ်တရက်ထွက်သွားသည် ။ ဒီကောင်က ရာရာစစ စကားကို လက်လွတ်စပယ်ပြောရဲတယ် ။

'' မင်း ဒီစကားကို ဘယ်က ယုံကြည်ချက်နဲ့ပြောလိုက်တာလဲ မုန်း ၊ ငွေ ကို တစ်ရက်ဘဲ မြင်ဖူးပြီး ငွေ့အကြောင်း ခရေတွင်းစေ့ သိသလိုမျိုး ပြောရဲတယ် ၊ ငါက မင်းလို ငွေ့ကို မနေ့တစ်နေ့ကမှ သိခဲ့တာ မဟုတ်ဘူး ၊ သူ့ကို မင်းထက် အရင် သုံးနှစ်ကတည်းက သိခဲ့တာ ၊ ငွေအကြောင်းပြောတာ ဒီတစ်ခါနောက်ဆုံး ဖြစ်ပါစေ ၊ နောက်တစ်ခေါက်ဆိုတာ ရှိလာရင် မင်းက ဘယ်လောက်ဘဲ တော်တတ်နေပါစေဦး ငါမင်းကို စွန့်လွှတ်ပစ်ဖို့ ဝန်မလေးဘူး ''

မုန်းကို စိမ်းစိမ်းကြီးကြည့်ကာ အနှိုင်းမဲ့ တစ်ဖက်သို့လှည့်ထွက်သွားလိုက်သည် ။ အသံမကျယ်သော်လည်း မာန်မဲလိုက်သည့် စကားတွေကြောင့် မုန်း ပြုံးရုံပြုံးလိုက်သည် ။ စေတနာနဲ့ မတန်ဘူးဆိုတော့လည်း ထားလိုက်ရုံပေါ့ ။ အဆုံးကျ သခင်လေးက အသည်းကွဲသွားရင် သူက ဘေးကနေ တစ်ရှူးလေးကိုင်ပြီး နှစ်သိမ့်ပေးလိုက်မယ် ။ သခင်လေးကလည်း သူသတိပေးတာကို မယုံခဲ့လို့ နောင်တရမယ် ။

ကဲ ........ ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်တဲ့ လုပ်ရပ်လဲ ။ ဗီလိန် လုပ်ချင်တာတောင် သူရဲကောင်း ဖြစ်သွားနိုင်သည့် အခြေအနေဘဲလေ ။ နောက် ငါး လအတွက် အောင်ပွဲခံဖို့ ခုကတည်းက ရှဲန်ပိန်ပုလင်းတွေ ဝယ်ထားသင့်လား သခင်လေး ။

မုန်းက ပင်ကိုယ်စရိုက် မဆိုးပါဘူး .............. ဒါပေမယ့် ဒီလိုဖြစ်အောင် သခင်လေး ကိုယ်တိုင်က လုပ်နေတာနော်....... နောက်မှ ဒီအတွက်နောင်တ မရနဲ့။

***********************

လက်ထဲက ဘီယာဘူးခွံကို တစ်ချက်ချေပြီး သူထိုင်နေတဲ့ နေရာကနေ သုံးပေ အကွာလောက်မှာ ရှိနေသည့် အမှိုက်ပုံးထဲကို လှမ်းပစ်လိုက်သည် ။ သို့သော် ဘီယာဘူးခွံက အမှိုက်ပုံးထဲ မရောက်ဘဲ လူတစ်ယောက်၏ ခြေထောက်ရှေ့ကျသွားလေသည် ။ ထိုလူက ဘီယာဘူးခွံကို ကောက်ယူကာ အမှိုက်ပုံးထဲ ပစ်ထည့်ရင်း

'' အသက်မပြည့်သေးဘဲ အရက်သေစာ သောက်စားတာ မကောင်းဘူးနော် ၊ ပြီးတော့ မြေအောက်ကားပါကင်မှာ ခိုးသောက်နေတယ်ဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အရေးယူခံရမှာ မင်း မကြောက်ဘူးလား ''

သူ့ကို တရားချနေသည့် ထိုလူကြီးကို မုန်းတစ်ချက် မော့ကြည့်ကာ မဲ့ရွဲ့ရင်း ဟန်ပါပါပြုံးလိုက်သည် ။

'' မမြင်ချင်ဘူးဆိုမှ တွေ့ကိုတွေ့နိုင်လွန်းတယ် ၊ ကျုပ်အဖြစ်ကလည်း ပတ်ပြေးကာမှ တည့်တည့်တိုးတဲ့အဖြစ် ၊ ဟေ့လူကြီး ခင်များ ကျုပ်နောက်ကို တမင်လိုက်နေတာလား ၊ ခင်များမှာ အချိန်တွေ အရမ်းပိုနေတယ်ထင်တယ် ''

'' မင်းနောက်ကို တမင်လိုက်နေတာ မဟုတ်ပေမယ့် ခုလို မကြာခဏ တိုက်တိုက်ဆိုင်ဆိုင် ဆုံတာမျိုးကို ကိုယ်သဘောကျတယ် ၊ ဧကန်န မင်းနဲ့ ကိုယ့်ကြား ရေစက်ပါလာပြီးတော့ ကံတရားက ရိုမန့်တစ်ခုကို တမင်များ ဖန်တီးပေးတာလားလို့တောင် မာန်တက်ချင်နေပြီ ''

မုန်း ထိုင်နေသည့်နေရာမှ ထရပ်က သူ့တင်ပါးအောက်က ဖုန်တွေကို တစ်ချက်ခါပြီး ဦးလက်ျာကို မကြည့်ဘဲ ပြောလိုက်သည် ။

'' ရေစက်ဆိုတဲ့ စကားကို မပြောပါနဲ့လား ၊ ရှိခဲ့ရင်တောင် အရမ်းကို ဆိုးရွားတဲ့ ရေစက်ဆိုးပဲ ဖြစ်မှာ ၊ ခများနဲ့ ရေစက်ဖြတ်တဲ့နည်းရှိရင် သေချာအောင်လို့ အကြိမ်တစ်ထောင်မက ထပ်တစ်လဲလဲ ဖြတ်ပစ်မှာ ''

'' မုန်း .......... ငါက မင်းထက် အသက်ထက်ဝက်ကြီးတယ်နော် ၊ မလေးစားရင်တောင် မရိုင်းစိုင်းသင့်ဘူးထင်တယ် ''

ဦးလက်ျာသည် လေးစားခံခြင်လို့ပြောချင်းမဟုတ်ဘဲ တမင်ရန်စလိုက်ခြင်းဖြစ်သည် ။ မုန်း၏ ဂျစ်ကန်ကန်နဲ့ မထီလေးစား အကြည့်တို့သည် သူ့ဆီကို တည့်တည့် ရောက်လာလေတော့သည် ။

'' ကျုပ် က လူတိုင်းအပေါ် လေးစားတယ် ၊ ခများကတော့ ခြွင်းချက်ဘဲ ..........၊ ဘာလို့လဲ သိလား ......? ၊ ဒီစင်္ကြာဝဠာကြီးမှာ ဒေဝဒတ်ပြီးရင် ခများက အဆိုးဆုံးလူသား ဖြစ်လာမှာ မလို့လေ ''

ဦးလက်ျာ မုန်း၏ လက်မောင်းကို လှမ်းကိုင်ဆွဲလိုက်သည် ။

'' ဘာ ............. နေပါဦး ၊ ငါ မကောင်းတာ ဘာများလုပ်ထားလို့ မင်းက ငါ့ကို အဆိုးဆုံး လူသားလို့ ထင်မြင်နေရတာလဲ ''

'' သိုးရေခြုံထားတဲ့ ဝံပုလွေကြီး ၊ ခများက ဆင်သေကို ဆိတ်သရေနဲ့ ဖုံးချင်နေတာ ၊ ခများလုပ်ထားတဲ့ မကောင်းမှူတွေကို လူမသိအောင် လူကြီးလူကောင်းအရေခွံကိုခြုံပြီး ဟန်ပန်လုပ်နေတဲ့သူ ၊ တော်ဗျာ ....... ဆက်ပြောရင် ကျန်မှာမဟုတ်ဘူး လွတ်........''

အတင်းရုန်းကန်သော်လည်း မြဲမြံစွာ ချုပ်ကိုင်ထားသည့် လက်တစ်စုံကို မုန်း သည်မတွန်းလှန်နိုင်ဘဲ ဖြစ်နေသည်။

'' မင်း ငါ့ကို စော်ကားတာ အရမ်းများနေပြီ မုန်းအသင်္ချေ ''

'' ဒါဆို နောက်ခါ ဝေးဝေးရှောင်လေ ။ တွေ့နေသေးသရွေ့တော့ ပြောနေဦးမှာပဲ ''

'' မင်း..................''

နောက်လက်တစ်ဖက်က မုန်း၏ လည်ပင်းကို ညစ်ရန်အလုပ် သူ့ထံစူးနစ်စွာ ရောက်လာသည့် မျက်ဝန်းညိုညို တစ်စုံကြောင့် ဦးလက်ျာ အသက်ရှူဖို့ မေ့လျော့သွားတဲ့အထိ သတိလွတ်သွားသည် ။

လှလိုက်တဲ့ မျက်ဝန်းတွေ ...................

မုန်း နူတ်ခမ်းကိုတစ်ချက်တွန့်ကာ ဦးလက်ျာ လက်ကနေ အသာအယာပင် ရုန်းထွက်ပြီး နူတ်ဆက်ခြင်း အလျဉ်းမရှိ လှည့်ထွက်သွားလိုက်သည် ။

ဦးလက်ျာသည် ကောင်လေး၏ ကျောပြင်ကိုစိုက်ကြည့်ကာ ရင်ဘတ်တွေတင်းကျပ်လာပြီး အသက်ရှူပင် ကျပ်လာသည် ။

မုန်းသည် အဝင်ဝတွင်တွေ့သည့် လမ်းညွှန်ဘုတ်ပြားကို ခြေထောက်နဲ့ တစ်ချက်ကန်ပြီး ကံတရားကို ကျိန်ဆဲလိုက်မိသည် ။

လောကကြီးရယ်........... မင်းဟာက တစ်ခုခုတော့ လွဲနေပြီလေ ။

ဦးမင်းလက်ျာက ဇာတ်လိုက်မှ မဟုတ်တာ ၊ ဗီလိန်လေ ............. ဘာကြောင့် ခဏခဏ ကျုပ်မျက်စိရှေ့ ထွက်လာခိုင်းတာလဲ ? ။

ပြီးတော့ ဇာတ်လိုက်ဖြစ်တဲ့ သခင်လေးကကော ဘာကြောင့် ကျုပ်နဲ့ပိုဝေးသွားသလို ခံစားနေရတာလဲ ? ။

ခုလို သောက်တလွဲဇာတ်ညွန်းတွေ ရေးနေဦးမယ်ဆိုရင် ဒီဇာတ်ခုံကနေ ကျုပ်ကို ဖယ်လိုက်တော့ ။

-------------------------------------

TMZ2727 ဖြေးဖြေးချင်း ဝုန်းပါ ၊ cmt တွေကို အကုန်ဖတ်ပါတယ် ။ ဟိုအရင်တုန်းကတော့ သူ့ မန့်တွေကို reply တောင်မပြန်ရဲဘူး အရမ်းကြောက်တာ 😂😂 ။ ခုတော့ သိပ်မကြောက်တော့ဘူး ။ ဒီနေ့လည်း စိတ်ကောက်သွားပုံရတယ် ။ သူမှမဟုတ်ဘူး ရှိသေးတယ်... နာမည်မပြောတော့ဘူး ။ သူတို့မန့်တွေကို ကြည့်ရင် တကယ်အားရတယ် ။တခါတလေ reply တွေမှာတောင် ပွဲက ဘာစည်သလား မမေးနဲ့ ။

ကဲ သူလေး အပြင် စိတ်ကောက်သွားကျတဲ့ အချစ်တော် အပေါင်းတို့ တစ်ရက်ဘဲ ၂ ပိုင်း update ဖတ်ရတော့ ဝမ်းနည်းသွားကြလား 😝😝။

Words 5649

6.1.2019

Continue Reading

You'll Also Like

935K 49.6K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
9.8K 581 7
ကြ်န္ေတာ့္ရဲ႕ဘ၀မွာ တဦးတည္းေသာ တေယာက္တည္းေသာ မိသားစု၀င္အထိ ခ်စ္ရတဲ့ ခ်စ္သူတေယာက္ရွိခဲ့တယ္။ သူ႕ကို ရင္ထဲနင့္ေအာင္ ဘာေႀကာင့္ခ်စ္တယ္ဆိုတာ ဒီမွာ ေဖာ္ျပနိ...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
197K 9.8K 57
နွင္းဆီနီနီေတြကသိပ္လွတယ္......သိပ္လွတဲ႕ႏွင္းဆီေတြကို လူေတြကလွပတဲ႕အဓိပၸါယ္တစ္ခုပါသတ္မွတ္ေပးထားၾကတယ္ေလ...... အကယ္၍မ်ား......ႏွင္းဆီနီရဲ႕အဓိပၸါယ္က...'...