"ပါပါး"
ဇွဲထက်သန့် အသံက အက်ကွဲကာ တုန်ရီလှိုက်မော
နေသည်။ မျက်ရည်မကျအောင် အတင်းထိန်းထားရ
သည်မှာ ပြောစရာမလိုအောင်ပင် သွန်းခ သိနေ
သည်။ ကုတင်ပေါ်မှာတော့ ပိတ်ဖြူ လွှမ်းကာ ငြိမ်သက်နေတဲ့ ထိုပါပါးဆိုသည့် ဦးဇွဲမာန်။
"သား!"
တစ်ဖက်မှာတော့ ၀မ်းခေါင်းသံနဲ့အတူ ဦးလေးဘစိုင်
ရုတ်တရက်ကြည့်လိုက်လျှင် သက်ရှိလူတစ်ယောက်လို့တောင် ထင်ရက်စရာမရှိတော့တဲ့ တစ်ကိုယ်လုံး
နေရာလပ်မရှိအောင် ပတ်တီးအဖွေးသားနဲ့ သူရ~
မြင်ကွင်းနှစ်ခုလုံးမှာ တစ်ခုမှ စိတ်ချမ်းသာစရာမရှိ၊
ဘေးကကြည့်နေရတဲ့ သူတောင် စိတ်မသက်မသာ
ဖြစ်မိသည်မို့ သူတို့နဲ့သက်ဆိုင်တဲ့သူတွေသာဆိုလို့
ကတော့ ဘယ်လောက်ခံစားနေရမလဲဆိုတာ
သွန်းခ နားလည်မိသည်။
သွန်းခ ကိုဇွဲထက်သန့်နားကို သွားလိုက်ကာ အဲ့တစ်
ယောက်ရဲ့လက်ကြားလေးတွေထဲကို သူ့လက်
ချောင်းလေးတွေထည့်ကာ ယှက်သွယ်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဇွဲထက်သန့် သူ့ကို လှည့်ကြည့်လိုက်တဲ့ မျက်လုံး
တွေထောင့်မှာ ကြည်လဲ့လဲ့ မျက်ရည်တစ်ချို့က ရစ်
ဝိုင်းနေကြသည်။ တစ်လောကလုံးမှာ ဆွေမျိုးဆိုလို့
အဖေတစ်ယောက်သာ ရှိတဲ့ ဇွဲထက်သန့်ရဲ့ ဖခင်
တစ်ယောက်လုံး ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို သူ
ဝင်ပြီး စာနာမိသည်။
"တင်းမထားနဲ့"
ငိုချင်နေပေမဲ့ ဟန်ဆောင်ပြီး တင်းခံထားရတဲ့ ခံစား
ချက်က ပိုဆိုးစေသည်။ ခံစားချက်တွေကို မြိုသိပ်ထားရတာက အရမ်းပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာ ကြုံဖူးသူတွေမှ နားလည်နိုင်ကြလိမ့်မည်။
"သွန်း! ကိုယ်နဲ့ အပြင်ကို ခဏလောက်လိုက်ခဲ့ပေးပါလား"
သွန်းခ ခေါင်းညိမ့်ကာ ဇွဲထက်သန့် ခေါ်ရာနောက်ကို လိုက်လာခဲ့လိုက်သည်။ ဆေးရုံထဲမှာတော့ များပြားလှတဲ့ ၀န်ထမ်းတွေနဲ့ ပျားပန်းခတ် လှုပ်ရှားနေကြ
သည်။
လူရှင်းတဲ့ ကော်ရစ်တာဘက်အရောက်....
"သွန်း!"
ကလေးတစ်ယောက်လို သူ့ကို အားကုန်သိုင်းဖက်လိုက်တဲ့ ဇွဲထက်သန့်။ မျက်နှာကို သွန်းခရဲ့ ဘယ်ဘက်ပုခုံးပေါ်မှာ တင်လျက်။
"သွန်း! အခု ကိုယ့်မှာ သွန်းကလွဲရင် ဘယ်သူမှ ကိုယ့်အနား မရှိတော့ဘူး! ကိုယ့်ကို မထားခဲ့ပါနဲ့နော်
သွန်း"
ဇွဲထက်သန့် အသံက အက်ကွဲသံပါကာရှိုက်ဝင်သွားသည်။ စိုးရိမ်မှုနဲ့ ပူဆွေးမှုတွေလဲ ရောပြွန်းနေသည်။ သွန်းခကို လွတ်ထွက်သွားမည့်အလား ဖက်ထား
သည်မှာအသက်ရှူ တောင် မ၀ချင်တော့။
သွန်းခ သူ့ကို ကလေးတစ်ယောက်လိုမျိုး ဖက်တွယ်
ထားတဲ့ ဇွဲထက်သန့်အတွက် အားပေးစကားကိုရှာ
မရဖြစ်နေသည်။ သူကိုယ်တိုင်လဲ အခုကိစ္စအတွက်
အပြစ်မကင်းသလို ခံစားနေရသည်။ ဇွဲထက်သန့်သာ သူ့အနားမှာ ရှိမနေခဲ့ရင် ဒီကိစ္စတွေက ဖြစ်လာ
စရာအကြောင်းမရှိ။
သွန်းခ ဘေးနှစ်ဖက်မှာ ဆန့်တန်းချထားတဲ့ လက်
နှစ်ဖက်ကို အဲ့တစ်ယောက်ရဲ့ ကျောပြင်ပေါ်သို့် တင်
လိုက်ကာ ပုတ်ပေးနေမိသည်။ ပုခုံးက စိုစွတ်လာ
သည့် အတွေ့အထိကြောင့် ဇွဲထက်သန့် အသံတိတ်
ငိုနေမှန်း သူသိသည်။ ရှိုက်ရင်း တုန်တက်သွားတဲ့
ကျောပြင်ကလဲ သက်သေခံနေသည်။
"ကျွန်တော် ခင်ဗျားအနားက ဘယ်မှမသွားပါဘူး"
🎼🎵🎶📲📲📲
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းဝင်လာတာကြောင့်
သွန်းခ လက်တစ်ဖက်ကို အိတ်ထဲလျို နှိုက်လိုက်ပြီး
ဖုန်းကို ယူထုတ်လိုက်သည်။ ကြည့်လိုက်တော့ မမ
ဆီကမို့ ကိုင်လိုက်သည်။
"Hello! မမပြော"
"A မောင်လေး! အိမ်ကို အမြန်ပြန်လာဦး! နင် coffee shop မှာ waiter ၀င်လုပ်နေတာ အဖေသိသွားပြီဟ! ပြီးတော့...ပြီးတော့...."
ဝင့်ဝါခ အသံက ဆက်ပြောလို့မရဘဲ ထစ်နေသည်မို့
သွန်းခ စိတ်မရှည်တော့....
"ပြီးတော့ ဘာလဲဟ! ဆက်ပြောလေ"
"နင်နဲ့ ဇွဲထက်သန့်တို့ ကိစ္စကိုလဲ သိသွားပြီ"
"ဗျာ!!!!!!"
*************
*************
"တောက်! ဟျောင့်..ငါမွေးထားတာ ယောက်ျားလား
မိန်းမလား! ဟမ်! ဖြေလေ ဟျောင့်"
ဦးမြတ်သာ ဒေါသတွေက ငယ်ထိပ်ရောက်နေပြီဆိုသာ နီရဲနေတဲ့ မျက်နှာတစ်ခုလုံးက သက်သေထူနေ
သည်။ ထောင်မတ်နေတဲ့ လည်ပင်းကြောတွေကလဲ
အဆုံးစွန်သောဒေါသကို တွေ့နိုင်သည်။
"နှင်းပွင့်! နင်ဘာမှ မပြောတော့ဘူးလား ဟမ်! အခု
နင့်သား လုပ်ပုံက ငါတို့တစ်မိသားစုလုံးကို အရှက်ခွဲ
နေတယ်ဆိုတာကော နင်သိရဲ့လား!!!"
ဒေါ်နှင်းပွင့်ကတော့ အားလုံးရှေ့မှာ မျက်ရည်နဲ့မျက်
ခွက်။ တရှုတ်ရှုတ်ငိုကြွေးကာ ဆိုဖာပေါ်မှာ ထိုင်ပြီး
မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ထားသည်။
"မိဝါ! နင်သိပ်ချစ်ပါတယ်ဆိုတဲ့ နင့်မောင်က ဒီလိုဖြစ်
နေတာ နင်မတားဘူးလား ဟမ်! ဒါတွေအားလုံးက
နင်တို့တွေ အလိုလိုက်ထားလွန်းလို့ဖြစ်တယ်ဆိုတာကော သိကြရဲ့လား"
ဒေါ်နှင်းပွင့်ဘေးမှာ ရပ်နေတဲ့ ၀င့်ဝါခဆီသို့ မြှားဦးက
တစ်ဖန်လှည့်လာပြန်လေပြီ။
"ဒီမှာ ဖေဖေ! မောင်လေးက ငယ်တော့တာမှ မ
ဟုတ်တာ၊ သူ့ဦးနှောက်နဲ့သူ စဉ်းစားချင့်ချိန်တတ်တဲ့
အရွယ်ရောက်နေပါပြီ! ပြီးတော့ ဇွဲထက်သန့်ဆိုတဲ့
မောင်လေးကလဲ ယောက်ျားလေးဖြစ်နေတာကလွဲလို့ လူကောင်းလေးတစ်ယောက်ပါဖေဖေ"
"အဲဒီကောင်က လူကောင်းဖြစ်ဖြစ် လူစုတ်ဖြစ်ဖြစ်
ငါဂရုမစိုက်ဘူး၊အေး ငါဂရုစိုက်တာက ပတ်ဝန်းကျင်ကငါ့တို့မွေးထားတဲ့သားက အခြောက်တစ်ယောက်ပါလို့ ပြောလာကြမှာကိုပဲ"
"ဒီမှာ ဖေဖေ! ယောက်ျားလေး နှစ်ယောက်ချစ်ကြိုက်
တိုင်း ဘာလို့ အခြောက်လို့ ပြောနိုင်ရတာလဲ"
တစ်ချိန်လုံး ဖေဖေပြောသမျှကိုသာ ခေါင်းငုံ့ပြီး ထိုင်
နားထောင်ခဲ့ပေမဲ့ သွန်းခ ဒီတစ်ကြိမ်တော့ ၀င်ပြော
လိုက်မိသည်။ အဲ့ 'အခြောက်' ဆိုတဲ့ စကားလုံး
လေးက သူ့ရင်ကို ဆစ်ခနဲ နာကျင်စေသည့် ဆူးတစ်
ချောင်းနှယ်။ တစ်ချိန်တုန်းက သူလဲ အဲ့တစ်ယောက်
ကို အဲ့စကားလုံးနဲ့ပဲ ထူးနှက်ခဲ့ဖူးသည်။ အဲ့တစ်
ယောက်ကကော အဲ့အချိန်တုန်းက သူ့လိုမျိုးပဲ
နာကျင်ခဲ့တာလား။
သူ့နေရာကို ကိုယ်ရောက်လာမှ သူ့ခံစားချက်တွေကို
ပိုပြီး နက်နက်ရှိုင်းရှိုင်းသိမြင်လာရသည်။ သူ ကိုယ့်
အပေါ် အနွံတာ ခံမှုတွေ၊ ဂရုစိုက်မှုတွေကို ပိုပြီး
ကွက်ကွက်ကွင်းကွင်း သိမြင်လာရသည်။
"ဖေဖေသိလား! သူက ကျွန်တော့်အတွက်နဲ့ သူ့အဖေ တစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတယ်ဆိုတာ"
သွန်းခ စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွား
ခဲ့ရသည်။ ရှိုက်ပြီး ငိုနေတဲ့ မေမေတောင် ခဏတာမျှ
ငြိမ်သက်သွားခဲ့သည်။ လက်ကိုနောက်ပစ်ပြီး အခန်း
ထဲမှာ ခေါင်တုံ့ခေါက်ပြန်လျှောက်နေတဲ့ ဖေဖေလဲ
ရပ်တန့်သွားသည်။
"ဟုတ်တယ်! ကျွန်တော်တို့နောက်ကို လိုက်လာရင်း
သူ့အဖေ ကားအက်စီးဒင့် ဖြစ်ပြီး ဆုံးသွားပြီ။
ဖေဖေသိရဲ့လား! ကျွန်တော်သာ ဖေဖေ့ကို ဆုံးရှုံး
လိုက် ရရင်ဆိုတဲ့ ခံစားချက်ကို၊ ကျွန်တော် သူ့နေရာမှာ ၀င်ပြီး ခံစားပေးနိုင်တယ်၊ ပြီးတော့ သူ့မှာက
တစ်လောကလုံးမှာ ဆွေမျိုးမိဘဆိုလို့ ဒီအဖေတစ်
ယောက်ပဲ ရှိတာကော ဖေဖေသိရဲ့လား!!!!"
"တော်လိုက်တော့ သွန်းခ! ဒါအစပဲ ရှိသေးတယ်လို့
သာမှတ်လိုက်! နောက်ပိုင်း မင်းတို့နှစ်ယောက်သာ
ဒီလို ဆက်နေသွားကြမယ်ဆိုရင် ကြုံလာမဲ့ အခက်အခဲတွေမှ အများကြီး။ ငါပြောတာ နားလည်တယ်မလား၊ ဒီနေ့ကစပြီး အပြင်ထွက်ဖို့ မစဉ်းစားနဲ့တော့!
မိဝါ! အရင်ကတော့ ငါဘာမှ မပြောခဲ့ပေမဲ့ ဒီတစ်ခါ
တော့ နင် နင့်မောင်ကို ကူညီရဲကူညီကြည့်နော်! နင်
ပါ အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမယ်မှတ်"
ဦးမြတ်သာ ရဲ့တစ်ချက်လွှတ်အမိန့်အောက်မှာ
ဝင့်ဝါခ ဇက်ပုသွားရသည်။ ဦးမြတ်သာကတော့
ပြောပြီးတာနဲ့ အခန်းထဲက ထွက်သွားသည်။
ဒေါ်နှင်းပွင့်ကလဲ သားဖြစ်သူကို ဂရုဏာအကြည့်နဲ့
တစ်ချက်မျှကြည့်ပြီး ဦးမြတ်သာနောက်ကို လိုက်သွားသည်မို့ အခန်းထဲမှာ ၀င့်ဝါခနဲ့ သွန်းခသာ ကျန်ခဲ့သည်။
"မောင်လေး! အခုအချိန်မှာ မောင်လေးတို့
့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာပေါ်မှာပဲ မူတည်တော့တယ်"
**************
**************
"ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်"
ဝင်ဝင်ချင်း ကောင်တာက အမတစ်ယောက်က
လှမ်းမေးလိုက်သည်မို့ သွန်းခ ခြေလှမ်းတွေရပ်တန့်သွားရသည်။
"ဟို...ဟို...ဒီကုမ္ပဏီက ဦးဇွဲမာန်ရဲ့သား ကိုဇွဲထက်
သန့်နဲ့ တွေ့ချင်လို့ပါ ခင်ဗျ"
"ဟုတ်ကဲ့! သူဋ္ဌေးလေးနဲ့ တွေ့ဖို့ ချိန်းထားသေးလား
ရှင့်"
အဲ့အမအမေးကြောင့် သွန်းခ နှုတ်ဆိတ်သွားမိသည်
ကိုယ်က သူ့ကို တွေ့ချင်လွန်းလို့သာ ဖေဖေ့အလစ်မှာ ခိုးထွက်လာရခြင်းဖြစ်သည်။ သူ အဆင်ပြေရဲ့လား ဆိုတာလဲ သိချင်မိသည်။
~ကျွန်တော် ချက်ချင်းပြန်လာခဲ့မယ်ကိုဇွဲထက်သန့်~
အဲ့နေ့က မမဖုန်းဆက်ခေါ်ပြီးတော့ အိမ်မပြန်ခင် သူ့ကိုအကြိမ်ကြိမ်ပေးခဲ့တဲ့ ကတိစကားတွေက နားထဲမှာပြန်ကြားယောင်လာမိသည်။
~သူ ကျွန်တော့်ကို စိတ်ဆိုးနေမလား~
သွန်းခ ဒီအတောအတွင်း အိမ်မှာနေရင်း သူ့အ
ကြောင်းသာတွေးနေမိသည်။ ဖခင်တစ်ယောက်လုံး
ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အပြင် သူငယ်ချင်း
ကလဲ ဆေးရုံမှာ သေမလားရှင်မလား မသိရသေးတာမို့ ရင်ထဲမှာ ခံစားချက်တွေပြင်းထန်လွန်းနေမည်မှာ အသေအချာပင်။ အဲ့အချိန် သူ့အနားမှာ ရှိမနေတဲ့ကိုယ့်ကိုကိုယ်လဲအပြစ်တင်နေမိသည်။ ဒီနေ့
တော့ လုံးဝမနေနိုင်တော့တာနဲ့ ဖေဖေ့အလစ်မှာ ခိုးထွက်လာခဲ့ရခြင်းဖြစ်သည်။
"မချိန်းတော့ မချိန်းထားဘူးခင်ဗျ! ပြောပေးလို့ကော
ရမလား! သွန်းခ လို့သာပြောပေးပါ"
"Aww! ဟိုမှာ သူဋ္ဌေးလေးလာနေပြီ!"
သွန်းခ လှည့်ကြည့်လိုက်တော့ အနောက်တိုင်းဝတ်စုံ ကြက်သွေးရောင်ကို necktile နက်ပြာစင်းနဲ့
ကိုဇွဲထက်သန့်။ ရှင်းသန့်ကြည်လင်နေတဲ့ မျက်နှာမှာ ဆံပင်ကို နောက်လှန်ဖြီးထားတာမို့ မျက်နှာက ပိုပြီး
တည်ကြည်နေသည်။ တစ်လဆိုတဲ့ အချိန်အတော
အတွင်းမှာ အရင်ကထက် ပိုပြီးတည်ကြည်ကာ
ကြည့်ကောင်းလာတာတော့ အမှန်ပင်။
"သူဋ္ဌေးလေး! သူက သူဋ္ဌေးလေးနဲ့ တွေ့ချင်လို့တဲ့"
ခုနက အမက ကိုဇွဲထက်သန့်နားကို သွားကာ သူ့ကို
လက်ညိုးထိုးပြပြီးပြောလိုက်သည်။
"ကိုဇွဲထက်သန့်! ကျွန်တော်...."
သူ့ရဲ့ စူးရှတဲ့ အကြည့်စူးစူးတွေအောက်မှာ သွန်းခ
ဘာဆက်ပြောရမှန်းမသိတော့။ ကိုဇွဲထက်သန့်သာ
မျက်နှာတည်လိုက်ရင် အဲ့လောက်ကြောက်စရာ
ကောင်းမယ်မှန်း သူ မသိခဲ့။
"ငါ သူ့ကို မသိဘူး....."
သူ့ကို တစ်ချက်မျှ လှည့်ကြည့်ပြီး ပြောလိုက်တဲ့စကားက သွန်းခ ရင်ထဲ နင့်ခနဲ။ အပ်တစ်ချောင်းနဲ့ ရင်ဘတ်ထဲကို ထိုးမွှေလိုက်သလို။ သူ အဲ့တစ်
ယောက်ကို အစက ဒီလောက်ချစ်ခဲ့မှန်း မသိခဲ့။ အဲ့တစ်ယောက်ကတော့ ပြောပြီးတာနဲ့ မျက်နှာလွှဲကာ သူ့ရှေ့က ထွက်သွားလေပြီ။
"ကိုဇွဲထက်သန့်! ကိုဇွဲထက်သန့်!"
သွန်းခ ပြေးသွားကာ အဲ့တစ်ယောက်လက်ကို လှမ်း
ဆွဲထားလိုက်မိသည်။
"ကျွန်တော်......"
"ငါ့လက်ကို လွှတ်"
ဇွဲထက်သန့် လက်ကို ပြန်ရုန်းလိုက်တဲ့အချိန် အရှိန်နဲ့
ကြမ်းပြင်ပေါ်ကို ပစ်လဲသွားတဲ့ သွန်းခ။ မျက်နှာပျက်
သွားခြင်း အလျဉ်းမရှိဘဲ သူ့ကိုလျစ်လျူ ရှုကာ ထွက်
သွားတဲ့ ဇွဲထက်သန့်ရဲ့ ကျောပြင်ကျယ်ကို ကြည့်ကာ
သွန်းခ ပူနွေးတဲ့မျက်ရည်တွေက ပါးပြင်ပေါ်
လှိမ့်ဆင်းကျလာကြသည်။
'ဟုတ်တယ်! ခင်ဗျား ကျွန်တော့်ကိုမုန်းနေသင့်
တယ်ကျွန်တော်ကြောင့်သာ ခင်ဗျားအဖေ.....'
************
************