Unicode
ဟိန်းသူနှင့်ဟိဏ်းဆက်တို့ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသည်။
"ကိုယ်တို့ဘယ်တော့လောက်လက်ထပ်ကြမလဲ"
"ဗျာ!"
"လက်ထပ်မယ်လေ၊ ညီ စိတ်ပြောင်းသွားတာလား၊ အဲ့လိုတော့မလုပ်ပါနဲ့နော်"
"အဲ့လိုမဟုတ်ပါဘူး၊ ရုတ်တရက်ဆိုတော့လန့်သွားလို့ပါ"
"ဒါဆို ဘယ်တော့လက်ထပ်ကြမလဲ"
"အင်း ... ဘွဲ့ရပြီးရင်"
ဟိဏ်းဆက်၏မျက်နှာသည် ပြုံးစိစိဖြစ်နေသည်။
"ဝေးတယ်ကွာ၊ မနက်ဖြန် လက်ထပ်ရအောင်"
"အစ်ကို! မနက်ဖြန်ကချက်ချင်းကြီး"
"ဟားဟား စတာပါကွာ၊ လန့်သွားတဲ့ရုပ်လေးက ချစ်ဖို့ကောင်းလိုက်တာ"
"တော်တော်နောက်လည်းနောက်နိုင်တယ်"
"စူပုပ်မနေပါနဲ့၊ ပြုံးပြုံးလေးနေ ... ဟုတ်ပြီလား၊ ညီ့သဘောအတိုင်း ညီဘွဲ့ရပြီးလို့ အခြေကျရင် ကိုယ်တို့လက်ထပ်ကြတာပေါ့"
"အင်း"
"အခုပြန်ကြရအောင် ... မိုးချုပ်နေပြီ"
"အင်း"
ကားပေါ်တွင် ဟိဏ်းဆက်တစ်ယောက် အစားသောင်းကျန်းနေသည်။ သရက်သီးသုတ်ကိုစားချင်လှပါချည်ရဲ့ဆိုလို့ ဝယ်ကျွေးလိုက်ရသည်။ ဟိဏ်းဆက် စပ်လို့နီရဲနေတဲ့နှုတ်ခမ်းလေးတွေ ပါးနှစ်ဖက်ရယ် ပုတ်ခက်ပုတ်ခက်လုပ်နေတဲ့မျက်လုံးလေးတွေကိုကြည့်ပြီး အသည်းတယားယားဖြစ်နေရသည်။ ဟိဏ်းဆက်၏ ရှပ်အင်္ကျီသည် ရင်ဘတ်ကကြယ်သီးနှစ်လုံးဖြုတ်ထားသည့်အခါ ဟိဏ်းဆက်၏ အသားဖြူဖြူဖွေးဖွေးလေးကို အတိုင်းသားမြင်နေရသည်။ ဟိန်းသူ၏အတွေးထဲသို့ အတွေးရိုင်းများဝင်ရောက်၍လာသည်။
ညီ့ကိုသာအမှတ်အသားလုပ်ပေးရင် ညီဘယ်လောက်တောင်လှနေလိုက်မလဲ။ ညီ့နဲ့သာ .....။ အတွေးတွေ ဝေးဝေးသွားစမ်း။ စိတ်ကိုထိန်းစမ်းပါဟိန်းသူ။ ညီ့ကိုတန်ဖိုးထားရမယ်။ ညီ့ကိုလက်ဖျားနဲ့တောင်မထိရဘူး။
"အစ်ကို အားတော့နာပါတယ်၊ ညီအရမ်းစပ်လို့ ရေဗူးလေးဝယ်ပေးပါလား"
"လုပ်ပြီ အစကတည်းကမစားပါနဲ့လို့ပြောသားပဲ"
"အစ်ကိုကလည်း ....."
ဟိဏ်းဆက်၏မျက်နှာလေးညှိုးငယ်သွားသည်နှင့် ဟိန်းသူမနေနိုင်ဖြစ်လာရသည်။ ချက်ချင်းကားကိုရပ်လိုက်ပြီး ဟိဏ်းဆက်အတွက် ရေဗူးသွားဝယ်လာပေးသည်။
"ဖြည်းဖြည်းသောက်နော်"
ဟိဏ်းဆက်သည် ဟိန်းသူ၏လက်ထဲမှရေဗူးကိုလှမ်းယူလိုက်ပြီး မော့သောက်လိုက်သည့်အခါ ရေအပြည့်အလျှံကြောင့် ဟိဏ်းဆက်အပေါ်သို့ ရေဖိတ်ကျကုန်ပါတော့သည်။ ရေစိုသွားသည့်အတွက် ဟိဏ်းဆက်၏ရင်ဘတ်ကလေးကို အတိုင်းသားမြင်နေရပါတော့သည်။
"ရေသောက်တာတောင် ဘယ်လိုတွေသောက်နေတာလဲ!"
ဟိန်းသူသည် ရုတ်တရက်ကြီး ဟိဏ်းတက်ကိုအော်လိုက်သည်။
"အစ်ကို! မတော်တဆလေးဖြစ်သွားတာပါ၊ ဘာလို့အော်ရတာလဲ"
"ဆောရီး ဆောရီး"
ဟိန်းသူသည်ကားမောင်းနေပါသော်လည်း ဟိဏ်းဆက်၏ရေစိုရွှဲသွားသောရင်ဘတ်ကလေးကိုသာ မြင်ယောင်နေမိသည်။ ဟိဏ်းဆက်သည် အိမ်သို့ပြန်ရောက်သည့်အခါ ရေခဲသေတ္တာထဲမှရေဗူးကိုထုတ်ပြီး စိတ်တိုင်းကျထိုင်သောက်ပါသေးသည်။
"ဟဲ့! ဒါကဘယ်လိုဖြစ်လာတာလဲ"
"စပ်လို့မေမေရဲ့ ... စပ်လို့"
"စားပြန်ပြီလား အစပ်တွေ"
"တစ်ခါတစ်လေပါ မေမေကလည်း"
"ကျွန်တော်တားတယ်နော်အန်တီ ... တားရဲ့သားနဲ့သူ့ဘာသာသူဝယ်စားတာ"
"အလယ်ကနေဆေးထိုးပြန်ပြီ"
ဟိန်းသူကဝင်ပြောသည်ကို ဆေးထိုးတယ်ဆိုပြီး ပွစိပွစိပြောကာ အခန်းထဲသို့ဝင်သွားသည်။ ဟိန်းသူသည် ဟိဏ်းဆက်၏အနောက်မှ ခပ်မြန်မြန်လိုက်ဝင်သွားသည်။
"အစ်ကိုနော် အစ်ကို မပြော ....."
ဟိန်းသူသည် အခန်းထဲဝင်ဝင်ချင်း သူ့ကိုကျောပေးထားသည့်ဟိဏ်းဆက်ကို သူ့ဘက်သို့ဆွဲလှည့်လိုက်ပြီး စပ်၍နီရဲနေသည့်နှုတ်ခမ်းတွေကို အတင်းဖိကပ်နမ်းလိုက်သည်။
"အွန်း ... အွန်း ... လွှတ်"
"ညီ တိတ်တိတ်နေ ... အန်တီတို့ကြားကုန်မယ်"
ဟိန်းသူသည် တွဲလာသည့်သက်တမ်းတစ်လျှောက် ထိန်းချုပ်လာသမျှတွေ အခုတော့ အကုန်ရေစုန်မျောကုန်သည်။ ဟိဏ်းဆက်သည် ဟိန်းသူကို အားဖြင့်တွန်းထုတ်ပစ်လိုက်သည်။
"အစ်ကို ဘာဖြစ်နေတာလဲ"
အတင်းနမ်းနေတဲ့ဟိန်းသူကိုတွန်းထုတ်ပြီး အသက်ကိုလုရှူကာစကားပြောနေရသည်။
"ညီ ... ကိုယ် ... ညီ့ကိုလိုချင်တယ်"
"အစ်ကို!!!"
ဟိန်းသူ၏စကားကြောင့် ဟိဏ်းဆက်လန့်ပြီးအော်လိုက်မိသည်။ ဟိဏ်းဆက်၏အသံကြောင့် ဟိန်းသူအသိပြန်ဝင်လာသည်။
"ဟာ ဆောရီး ဆောရီးညီ၊ ကိုယ်ရူးသွားပြီထင်တယ်၊ ဆောရီးပါ ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်ပြောခဲ့တာတွေမေ့လိုက်နော်"
"မဟုတ် ... အဲ့လိုမဟုတ်ပါဘူး၊ ညီကြောက်လို့"
ဟိဏ်းဆက်၏အသံလေးသည် တိုးတိုးလေးဖြစ်သွားသည်။ဟိန်းသူသည် ဟိဏ်းဆက်၏လက်ကလေးတွေတုန်နေသည်ကို အခုမှသတိထားမိသွားသည်။ တုန်ရီနေသည့်ဟိဏ်းဆက်၏လက်ကလေးတွေကို ဟိန်းသူဆုပ်ကိုင်ထားလိုက်သည်။
"ညီ!"
"ရုတ် ... ရုတ်တရက်ကြီးဆိုတော့လေ ... နည်းနည်း ... နည်းနည်းလန့်သွားလို့ပါ"
"ညီကြောက်ရင် ... အစ်ကို ညီ့ကိုဦးစားပေးပါ့မယ်"
ဟိဏ်းဆက်သည် မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ဟိန်းသူကို တအံ့တဩဖြင့် မော့ကြည့်နေသည်။
"အစ်ကို အဲ့လိုတော့မပြောပါနဲ့၊ ညီ့အပိုင်းကို ညီသေချာသိပါတယ်၊ အစ်ကိုအဲ့လိုလုပ်ရင် လူကြားလို့ဘယ်ကောင်းပါ့မလဲ"
"ဘာဖြစ်လဲ ... ဒီကိစ္စကညီနဲ့အစ်ကိုပဲသိတာလေ၊ လူတွေသိရမယ့်ကိစ္စမှမဟုတ်တာ"
"ဟင့်အင်း အစ်ကို ညီ့ကိုဦးစားပေးစရာမလိုပါဘူး၊ အရမ်းကြီးတော့မလုပ်နဲ့ မေမေတို့ကြားကုန်မယ်"
ဟိဏ်းဆက်သည် မျက်လုံးစုံမှိတ်ပြီး ခြေဖျားထောက်ကာ ဟိန်းသူ၏နှုတ်ခမ်းတွေဆီသို့ဦးတည်လိုက်သည်။တဖြည်းဖြည်းပြင်းရှလာသည့်အနမ်းတွေနဲ့အတူ ဟိန်းသူ၏လက်တွေကလည်း မြန်ဆန်လွန်းလှသည်။ တစ်ခါတစ်ခါခံစားရသည့်နာကျင်မှုသည် ဟိန်းသူပေးသည့်အနမ်းများကြောင့် ပျောက်ဆုံးသွားရသည်။ နာကျင်ပါသော်လည်းထိုနာကျင်မှုသည် ဟိန်းသူပေးသည့်နာကျင်မှုဖြစ်သည်ကြောင့် သာယာနေမိခဲ့လေတော့သည်။
"ညီ ကိုယ် ...."
"ရှူး! ညီ အိပ်ချင်ပြီ၊ ညီ ပင်ပန်းတယ်"
ဟိန်းသူသည်လည်း ဟိဏ်းဆက်ကိုရင်ခွင်ထဲဆွဲသွင်းကာ အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်သည်။ ညကပင်ပန်းထားသည့်အရှိန်ကြောင့် ဟိဏ်းဆက်မနက်ကိုးနာရီအထိ အိပ်ပျော်သွားခဲ့သည်။ ဟိဏ်းဆက်သည် လက်နှစ်ဖက်ဆန့်တန်းပြီး အပျင်းကြောဆွဲကာ ငုတ်တုပ်ထထိုင်လိုက်သည်။
"အာ့!"
ဟိဏ်းဆက်၏ အောက်ပိုင်းမှအနည်းငယ်နာကျင်သည့်အတွက် အသံထွက်သွားမိသည်။ ဟိဏ်းဆက်၏အသံကြောင့် ဟိန်းသူအခန်းထဲသို့ ဝင်လာသည်။
"ဟင်! အစ်ကို မပြန်သေးဘူးလား"
"ဟင့်အင်း ညီ့အတွက်ဆေးဝယ်လာတယ်၊ ဆေးသောက်လိုက်နော်၊ အရမ်းနာနေသေးရင်ဆေးလိမ်းရမယ်"
"ဆေး ... ဆေးသောက်ရင် ရ ... ရပါပြီ၊ ဘာ ... ဘာလို့ ... ဆေးကလိမ်းရမှာလဲ၊ ဆေး လုံးဝမလိမ်းဘူး"
"မဖြစ်မနေဆိုရင်တော့ လိမ်းရမှာပေါ့ညီရဲ့၊ ကိုယ့်ကြောင့်ဖြစ်ရတာ ကိုယ်တာဝန်ယူတယ်"
"ဘာ ... ဘာစကားတွေလာပြောနေတာလဲ၊ ဖေဖေနဲ့မေမေရော အလုပ်သွားကြပြီလား"
"အင်း သွားကြပြီ"
"အစ်ကိုပြန်တော့လေ ... အလုပ်နောက်ကျနေပြီမလား"
"အစ်ကိုဒီနေ့ခွင့်ယူထားတယ်"
"ဘာလို့လဲ အလုပ်သွားပါ၊ ဒေါ်လေးက ညီ့ကိုမုန်းနေဦးမယ်"
"မမုန်းပါဘူးဗျာ ... မနက်စာအကိုဝယ်ထားတယ်၊ မျက်နှာသွားသစ်တော့"
"အင်း ... အာ့!"
ဟိဏ်းဆက်သည် အရင်တုန်းကကဲ့သို့ စပ်စလူးနတ်ပူးပြီးထလိုက်သည်က အထိနာသွားသည်။
"ညီ အရမ်းနာနေတာလား"
"အင်း နာတယ်၊ တကယ်နာတာ အဟင့်"
ဟိဏ်းဆက်သည် မျက်ရည်တွေပါဝဲလာသည်။ ဟိန်းသူကို ဖက်ထားလိုက်ပြီး ပုခုံးပေါ်တွင် မေးလေးတင်ထားလိုက်သည်။
"ညီရယ်မငိုပါနဲ့ ... အစ်ကိုမှားသွားပါတယ်၊ အစာစားပြီးရင် ဆေးသောက်ရအောင်နော်"
ဟိဏ်းဆက်သည် မျက်ရည်လေးတွေဝဲပြီး ခေါင်းညိတ်ပြရှာသည်။
"အစ်ကိုချီရမလား ... လျှောက်နိုင်လား"
"အင်း ရတယ်၊ ညီ လျှောက်နိုင်တယ်"
ဟိန်းသူသည် ထမင်းစားပွဲတွင်ထိုင်စောင့်နေလိုက်သည်။ ဟိဏ်းဆက်သည် ရေချိုးပြီးထွက်လာသည်။
"အူးဝါး နန်းကြီးသုပ်!"
"ကြိုက်တယ်မလား"
"အင်း အရမ်းကြိုက်တယ်"
ဟိဏ်းဆက်တို့စားနေလိုက်တာ ခေါင်းတောင်မဖော်တော့ပါ။
"ဖြေးဖြေးစားလေ ဘယ်သူမှလုမစားဘူး"
ဟိန်းသူ၏စကားကို ခွန်းတုံ့တောင်မပြန်နိုင်ပါ။
"အစ်ကို ဆေးလေးယူပေးပါလား"
"အင်း အစ်ကိုသွားယူပေးမယ်"
ဟိန်းသူသည် ဝယ်လာသည့်ဆေးကို သွားယူပေးပြီး တိုက်လိုက်ရသည်။
"အစ်ကို ... မနက်ဖြန်တော့ ကျွန်တော်ကျောင်းသွားနိုင်မှာပါနော်"
"အင်း ... သွားနိုင်မှာပါ၊ စိတ်မပူနဲ့နော်"
ဟိန်းသူသည် စကားပြောနေပါသော်လည်း အနည်းငယ်တွေဝေနေသည့်ပုံ ဖြစ်နေသည်။
"အစ်ကို ... ငူငူငိုင်ငိုင်ကြီးနဲ့ဘာတွေတွေးနေတာလဲ"
"ဟင် ... ဘာမှမဟုတ်ပါဘူး"
"အစ်ကို ... မှားသွားပြီလို့တွေးနေတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး"
"အစ်ကို ညီ့ကိုသေချာကြည့်"
ဟိန်းသူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်သေချာထိန်းကိုင်ပြီး သူ့ဘက်ကိုလှည့်လိုက်သည်။
"အစ်ကို့ကို ညီကကြည်ကြည်ဖြူဖြူပေးခဲ့တာလေ၊ ဘာလို့ အစ်ကိုကသုန်မှုန်နေရတာလဲ၊ ညီအဆင်ပြေသွားမှာမို့လို့ အစ်ကိုစိတ်မပူပါနဲ့၊ ပြုံးပါဦး"
"ဟုတ်ပါပြီ၊ ဒါဆို ကိုယ်ပန်းကန်ဆေးလိုက်ဦးမယ်နော်"
"အင်း ... ဒါဆို ညီ အိမ်ရှေ့မှာထိုင်စောင့်နေမယ်နော်"
"အင်း ဖြေးဖြေးသွား"
ဧည့်ခန်းထဲတွင်ထိုင်နေလိုက်ပြီး Running manထိုင်ကြည့်ရင်း ရယ်နေရပါသေးသည်။
"အစ်ကို မေမေက ဘာပြောသွားသေးလဲ"
"ဘာမှတော့မပြောပါဘူး၊ ပြုံးစိစိနဲ့တော့ကြည့်သွားတယ်"
"ဗျာ! ဖေဖေကရော"
"ဦးလေးလည်း အဲ့လိုပဲ ... ပြုံးစိစိနဲ့"
"ဖေဖေနဲ့မေမေ သိသွားပြီလား မသိဘူး၊ အဲ့တာကြောင့် အစ်ကို့ကိုပြောပါတယ် အရှိန်လျှော့ပါလို့"
"ညီကအရမ်းလှနေတော့ ကိုယ်အရှိန်တွေဘာတွေ သိပါတော့ဦးမလား၊ သေချာစဉ်းစားကြည့်ပါဦး"
"မသိဘူးဗျာ၊ ဖေဖေနဲ့မေမေတော့အသေသတ်တော့မှာပဲ"
"မသိပါဘူး၊ အခန်းကအသံလုံပါတယ်"
"အစ်ကို!"
"ဟားဟား စိတ်ဆိုးပြန်ပြီလား၊အစ်ကိုကနောက်တာပါ၊ ဘာမှမဖြစ်ဘူး ... ဟုတ်ပြီလား"
"ဒါ နောက်စရာလား၊ တကယ်ထင်ပြီးလန့်သွားတာပဲ"
"ချစ်ဖို့ကောင်းလိုက်တာကွာ"
"ချောတယ်လို့ပြောပါ ... ချစ်ဖို့ကောင်းတယ်ဆိုတာ မိန်းကလေးတွေကိုပြောတာ၊ ညီကယောကျာ်းလေးဗျာ့"
"ညီကအစ်ကို့အတွက်တော့ ချစ်ဖို့ကောင်းတယ်"
ဟိန်းသူသည် ခေါင်းစောင်းလာပြီး ဟိဏ်းဆက်၏နှုတ်ခမ်းဆီသို့ ဦးတည်ခဲ့သည်။ သို့သော် ဟိဏ်းဆက်တွန်းထုတ်လိုက်တာကြောင့် ဆိုဖာပေါ်ကနေပြုတ်ကျသွားရသည်။
"ဒီနေ့တော့ လုံးဝပဲ"
"ဘာလို့လဲ ... ညီကလည်း"
"မသိဘူး ... လုံးဝပဲ"
ထိုနေ့တွင် ဟိန်းသူသည် ဟိဏ်းဆက်အနားကို ယောင်၍တောင် ကပ်၍မရခဲ့ပါ။
"ဒီနေ့လည်း ဖိုက်တင်းပါညီ"
"အစ်ကိုရောပဲ ဖိုက်တင်း"
"ဟုတ်ပါပြီဗျာ၊ အစ်ကို ညနေလာကြိုမယ်နော်"
"အင်း ... သွားတော့မယ်"
ဟိဏ်းဆက်သည် ကားပေါ်မှဆင်းမည်အလုပ် ဟိန်းသူသည်လက်ကိုလှမ်းဆွဲလိုက်ပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်ပါသည်။
"ဒါကအားဆေး"
"အသားယူရင်ယူတယ်ပေါ့ ...ဘာကိုအားဆေးလဲ၊ တော်ပြီ ... သွားတော့မယ်"
ဟိန်းသူတစ်ယောက်တည်း ကားပေါ်တွင်ရယ်ရင်း ကျန်ခဲ့သည်။
ညီက ကျွန်တော့်အတွက်တော့ ဘယ်အချိန်မဆို ချစ်ဖို့ကောင်းပြီး အသည်းယားနေရတဲ့လူသားလေးပါပဲ။
ဆက်ရန်
အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီးလာupသွားသည်။မနက်ဖြန်ယံယံကိုupမယ်နော်❤Saranghae❤
----------------------------------------------------------------------------------
Zawgyi
ဟိန္းသူႏွင့္ဟိဏ္းဆက္တို႔ စားေသာက္ဆိုင္တစ္ဆိုင္တြင္ ထိုင္ေနၾကသည္။
"ကိုယ္တို႔ဘယ္ေတာ့ေလာက္လက္ထပ္ၾကမလဲ"
"ဗ်ာ!"
"လက္ထပ္မယ္ေလ၊ ညီ စိတ္ေျပာင္းသြားတာလား၊ အဲ့လိုေတာ့မလုပ္ပါနဲ႕ေနာ္"
"အဲ့လိုမဟုတ္ပါဘူး၊ ႐ုတ္တရက္ဆိုေတာ့လန႔္သြားလို႔ပါ"
"ဒါဆို ဘယ္ေတာ့လက္ထပ္ၾကမလဲ"
"အင္း ... ဘြဲ႕ရၿပီးရင္"
ဟိဏ္းဆက္၏မ်က္ႏွာသည္ ၿပဳံးစိစိျဖစ္ေနသည္။
"ေဝးတယ္ကြာ၊ မနက္ျဖန္ လက္ထပ္ရေအာင္"
"အစ္ကို! မနက္ျဖန္ကခ်က္ခ်င္းႀကီး"
"ဟားဟား စတာပါကြာ၊ လန႔္သြားတဲ့႐ုပ္ေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ"
"ေတာ္ေတာ္ေနာက္လည္းေနာက္နိုင္တယ္"
"စူပုပ္မေနပါနဲ႕၊ ၿပဳံးၿပဳံးေလးေန ... ဟုတ္ၿပီလား၊ ညီ့သေဘာအတိုင္း ညီဘြဲ႕ရၿပီးလို႔ အေျခက်ရင္ ကိုယ္တို႔လက္ထပ္ၾကတာေပါ့"
"အင္း"
"အခုျပန္ၾကရေအာင္ ... မိုးခ်ဳပ္ေနၿပီ"
"အင္း"
ကားေပၚတြင္ ဟိဏ္းဆက္တစ္ေယာက္ အစားေသာင္းက်န္းေနသည္။ သရက္သီးသုတ္ကိုစားခ်င္လွပါခ်ည္ရဲ႕ဆိုလို႔ ဝယ္ေကြၽးလိုက္ရသည္။ ဟိဏ္းဆက္ စပ္လို႔နီရဲေနတဲ့ႏႈတ္ခမ္းေလးေတြ ပါးႏွစ္ဖက္ရယ္ ပုတ္ခက္ပုတ္ခက္လုပ္ေနတဲ့မ်က္လုံးေလးေတြကိုၾကည့္ၿပီး အသည္းတယားယားျဖစ္ေနရသည္။ ဟိဏ္းဆက္၏ ရွပ္အကၤ်ီသည္ ရင္ဘတ္ကၾကယ္သီးႏွစ္လုံးျဖဳတ္ထားသည့္အခါ ဟိဏ္းဆက္၏ အသားျဖဴျဖဴေဖြးေဖြးေလးကို အတိုင္းသားျမင္ေနရသည္။ ဟိန္းသူ၏အေတြးထဲသို႔ အေတြးရိုင္းမ်ားဝင္ေရာက္၍လာသည္။
ညီ့ကိုသာအမွတ္အသားလုပ္ေပးရင္ ညီဘယ္ေလာက္ေတာင္လွေနလိုက္မလဲ။ ညီ့နဲ႕သာ .....။ အေတြးေတြ ေဝးေဝးသြားစမ္း။ စိတ္ကိုထိန္းစမ္းပါဟိန္းသူ။ ညီ့ကိုတန္ဖိုးထားရမယ္။ ညီ့ကိုလက္ဖ်ားနဲ႕ေတာင္မထိရဘူး။
"အစ္ကို အားေတာ့နာပါတယ္၊ ညီအရမ္းစပ္လို႔ ေရဗူးေလးဝယ္ေပးပါလား"
"လုပ္ၿပီ အစကတည္းကမစားပါနဲ႕လို႔ေျပာသားပဲ"
"အစ္ကိုကလည္း ....."
ဟိဏ္းဆက္၏မ်က္ႏွာေလးညွိုးငယ္သြားသည္ႏွင့္ ဟိန္းသူမေနနိုင္ျဖစ္လာရသည္။ ခ်က္ခ်င္းကားကိုရပ္လိုက္ၿပီး ဟိဏ္းဆက္အတြက္ ေရဗူးသြားဝယ္လာေပးသည္။
"ျဖည္းျဖည္းေသာက္ေနာ္"
ဟိဏ္းဆက္သည္ ဟိန္းသူ၏လက္ထဲမွေရဗူးကိုလွမ္းယူလိုက္ၿပီး ေမာ့ေသာက္လိုက္သည့္အခါ ေရအျပည့္အလွ်ံေၾကာင့္ ဟိဏ္းဆက္အေပၚသို႔ ေရဖိတ္က်ကဳန္ပါေတာ့သည္။ ေရစိုသြားသည့္အတြက္ ဟိဏ္းဆက္၏ရင္ဘတ္ကေလးကို အတိုင္းသားျမင္ေနရပါေတာ့သည္။
"ေရေသာက္တာေတာင္ ဘယ္လိုေတြေသာက္ေနတာလဲ!"
ဟိန္းသူသည္ ႐ုတ္တရက္ႀကီး ဟိဏ္းတက္ကိုေအာ္လိုက္သည္။
"အစ္ကို! မေတာ္တဆေလးျဖစ္သြားတာပါ၊ ဘာလို႔ေအာ္ရတာလဲ"
"ေဆာရီး ေဆာရီး"
ဟိန္းသူသည္ကားေမာင္းေနပါေသာ္လည္း ဟိဏ္းဆက္၏ေရစို႐ႊဲသြားေသာရင္ဘတ္ကေလးကိုသာ ျမင္ေယာင္ေနမိသည္။ ဟိဏ္းဆက္သည္ အိမ္သို႔ျပန္ေရာက္သည့္အခါ ေရခဲေသတၱာထဲမွေရဗူးကိုထုတ္ၿပီး စိတ္တိုင္းက်ထိဳင္ေသာက္ပါေသးသည္။
"ဟဲ့! ဒါကဘယ္လိုျဖစ္လာတာလဲ"
"စပ္လို႔ေမေမရဲ႕ ... စပ္လို႔"
"စားျပန္ၿပီလား အစပ္ေတြ"
"တစ္ခါတစ္ေလပါ ေမေမကလည္း"
"ကြၽန္ေတာ္တားတယ္ေနာ္အန္တီ ... တားရဲ႕သားနဲ႕သူ႕ဘာသာသူဝယ္စားတာ"
"အလယ္ကေနေဆးထိုးျပန္ၿပီ"
ဟိန္းသူကဝင္ေျပာသည္ကို ေဆးထိုးတယ္ဆိုၿပီး ပြစိပြစိေျပာကာ အခန္းထဲသို႔ဝင္သြားသည္။ ဟိန္းသူသည္ ဟိဏ္းဆက္၏အေနာက္မွ ခပ္ျမန္ျမန္လိုက္ဝင္သြားသည္။
"အစ္ကိုေနာ္ အစ္ကို မေျပာ ....."
ဟိန္းသူသည္ အခန္းထဲဝင္ဝင္ခ်င္း သူ႕ကိုေက်ာေပးထားသည့္ဟိဏ္းဆက္ကို သူ႕ဘက္သို႔ဆြဲလွည့္လိုက္ၿပီး စပ္၍နီရဲေနသည့္ႏႈတ္ခမ္းေတြကို အတင္းဖိကပ္နမ္းလိုက္သည္။
"အြန္း ... အြန္း ... လႊတ္"
"ညီ တိတ္တိတ္ေန ... အန္တီတို႔ၾကားကုန္မယ္"
ဟိန္းသူသည္ တြဲလာသည့္သက္တမ္းတစ္ေလွ်ာက္ ထိန္းခ်ဳပ္လာသမွ်ေတြ အခုေတာ့ အကုန္ေရစုန္ေမ်ာကုန္သည္။ ဟိဏ္းဆက္သည္ ဟိန္းသူကို အားျဖင့္တြန္းထုတ္ပစ္လိုက္သည္။
"အစ္ကို ဘာျဖစ္ေနတာလဲ"
အတင္းနမ္းေနတဲ့ဟိန္းသူကိုတြန္းထုတ္ၿပီး အသက္ကိုလုရႉကာစကားေျပာေနရသည္။
"ညီ ... ကိုယ္ ... ညီ့ကိုလိုခ်င္တယ္"
"အစ္ကို!!!"
ဟိန္းသူ၏စကားေၾကာင့္ ဟိဏ္းဆက္လန႔္ၿပီးေအာ္လိုက္မိသည္။ ဟိဏ္းဆက္၏အသံေၾကာင့္ ဟိန္းသူအသိျပန္ဝင္လာသည္။
"ဟာ ေဆာရီး ေဆာရီးညီ၊ ကိုယ္႐ူးသြားၿပီထင္တယ္၊ ေဆာရီးပါ ကိုယ္ေတာင္းပန္ပါတယ္၊ ကိုယ္ေျပာခဲ့တာေတြေမ့လိုက္ေနာ္"
"မဟုတ္ ... အဲ့လိုမဟုတ္ပါဘူး၊ ညီေၾကာက္လို႔"
ဟိဏ္းဆက္၏အသံေလးသည္ တိုးတိုးေလးျဖစ္သြားသည္။ဟိန္းသူသည္ ဟိဏ္းဆက္၏လက္ကေလးေတြတုန္ေနသည္ကို အခုမွသတိထားမိသြားသည္။ တုန္ရီေနသည့္ဟိဏ္းဆက္၏လက္ကေလးေတြကို ဟိန္းသူဆုပ္ကိုင္ထားလိုက္သည္။
"ညီ!"
"႐ုတ္ ... ႐ုတ္တရက္ႀကီးဆိုေတာ့ေလ ... နည္းနည္း ... နည္းနည္းလန႔္သြားလို႔ပါ"
"ညီေၾကာက္ရင္ ... အစ္ကို ညီ့ကိုဦးစားေပးပါ့မယ္"
ဟိဏ္းဆက္သည္ မ်က္လုံးဝိုင္းဝိုင္းေလးေတြျဖင့္ ဟိန္းသူကို တအံ့တဩျဖင့္ ေမာ့ၾကည့္ေနသည္။
"အစ္ကို အဲ့လိုေတာ့မေျပာပါနဲ႕၊ ညီ့အပိုင္းကို ညီေသခ်ာသိပါတယ္၊ အစ္ကိုအဲ့လိုလုပ္ရင္ လူၾကားလို႔ဘယ္ေကာင္းပါ့မလဲ"
"ဘာျဖစ္လဲ ... ဒီကိစၥကညီနဲ႕အကိုပဲသိတာေလ၊ လူေတြသိရမယ့္ကိစၥမွမဟုတ္တာ"
"ဟင့္အင္း အစ္ကို ညီ့ကိုဦးစားေပးစရာမလိုပါဘူး၊ အရမ္းႀကီးေတာ့မလုပ္နဲ႕ ေမေမတို႔ၾကားကုန္မယ္"
ဟိဏ္းဆက္သည္ မ်က္လုံးစုံမွိတ္ၿပီး ေျခဖ်ားေထာက္ကာ ဟိန္းသူ၏ႏႈတ္ခမ္းေတြဆီသို႔ဦးတည္လိုက္သည္။တျဖည္းျဖည္းျပင္းရွလာသည့္အနမ္းေတြနဲ႕အတူ ဟိန္းသူ၏လက္ေတြကလည္း ျမန္ဆန္လြန္းလွသည္။ တစ္ခါတစ္ခါခံစားရသည့္နာက်င္မႈသည္ ဟိန္းသူေပးသည့္အနမ္းမ်ားေၾကာင့္ ေပ်ာက္ဆုံးသြားရသည္။ နာက်င္ပါေသာ္လည္းထိုနာက်င္မႈသည္ ဟိန္းသူေပးသည့္နာက်င္မႈျဖစ္သည္ေၾကာင့္ သာယာေနမိခဲ့ေလေတာ့သည္။
"ညီ ကိုယ္ ...."
"ရႉး! ညီ အိပ္ခ်င္ၿပီ၊ ညီ ပင္ပန္းတယ္"
ဟိန္းသူသည္လည္း ဟိဏ္းဆက္ကိုရင္ခြင္ထဲဆြဲသြင္းကာ အိပ္စက္ျခင္းဆီသို႔ ဦးတည္လိုက္သည္။ ညကပင္ပန္းထားသည့္အရွိန္ေၾကာင့္ ဟိဏ္းဆက္မနက္ကိုးနာရီအထိ အိပ္ေပ်ာ္သြားခဲ့သည္။ ဟိဏ္းဆက္သည္ လက္ႏွစ္ဖက္ဆန႔္တန္းၿပီး အပ်င္းေၾကာဆြဲကာ ငုတ္တုပ္ထထိုင္လိုက္သည္။
"အာ့!"
ဟိဏ္းဆက္၏ ေအာက္ပိုင္းမွအနည္းငယ္နာက်င္သည့္အတြက္ အသံထြက္သြားမိသည္။ ဟိဏ္းဆက္၏အသံေၾကာင့္ ဟိန္းသူအခန္းထဲသို႔ ဝင္လာသည္။
"ဟင္! အစ္ကို မျပန္ေသးဘူးလား"
"ဟင့္အင္း ညီ့အတြက္ေဆးဝယ္လာတယ္၊ ေဆးေသာက္လိုက္ေနာ္၊ အရမ္းနာေနေသးရင္ေဆးလိမ္းရမယ္"
"ေဆး ... ေဆးေသာက္ရင္ ရ ... ရပါၿပီ၊ ဘာ ... ဘာလို႔ ... ေဆးကလိမ္းရမွာလဲ၊ ေဆး လုံးဝမလိမ္းဘူး"
"မျဖစ္မေနဆိုရင္ေတာ့ လိမ္းရမွာေပါ့ညီရဲ႕၊ ကိုယ့္ေၾကာင့္ျဖစ္ရတာ ကိုယ္တာဝန္ယူတယ္"
"ဘာ ... ဘာစကားေတြလာေျပာေနတာလဲ၊ ေဖေဖနဲ႕ေမေမေရာ အလုပ္သြားၾကၿပီလား"
"အင္း သြားၾကၿပီ"
"အစ္ကိုျပန္ေတာ့ေလ ... အလုပ္ေနာက္က်ေနၿပီမလား"
"အစ္ကိုဒီေန႕ခြင့္ယူထားတယ္"
"ဘာလို႔လဲ အလုပ္သြားပါ၊ ေဒၚေလးက ညီ့ကိုမုန္းေနဦးမယ္"
"မမုန္းပါဘူးဗ်ာ ... မနက္စာအကိုဝယ္ထားတယ္၊ မ်က္ႏွာသြားသစ္ေတာ့"
"အင္း ... အာ့!"
ဟိဏ္းဆက္သည္ အရင္တုန္းကကဲ့သို႔ စပ္စလူးနတ္ပူးၿပီးထလိုက္သည္က အထိနာသြားသည္။
"ညီ အရမ္းနာေနတာလား"
"အင္း နာတယ္၊ တကယ္နာတာ အဟင့္"
ဟိဏ္းဆက္သည္ မ်က္ရည္ေတြပါဝဲလာသည္။ ဟိန္းသူကို ဖက္ထားလိုက္ၿပီး ပုခုံးေပၚတြင္ ေမးေလးတင္ထားလိုက္သည္။
"ညီရယ္မငိုပါနဲ႕ ... အစ္ကိုမွားသြားပါတယ္၊ အစာစားၿပီးရင္ ေဆးေသာက္ရေအာင္ေနာ္"
ဟိဏ္းဆက္သည္ မ်က္ရည္ေလးေတြဝဲၿပီး ေခါင္းညိတ္ျပရွာသည္။
"အစ္ကိုခ်ီရမလား ... ေလွ်ာက္နိုင္လား"
"အင္း ရတယ္၊ ညီ ေလွ်ာက္နိုင္တယ္"
ဟိန္းသူသည္ ထမင္းစားပြဲတြင္ထိုင္ေစာင့္ေနလိုက္သည္။ ဟိဏ္းဆက္သည္ ေရခ်ိဳးၿပီးထြက္လာသည္။
"အူးဝါး နန္းႀကီးသုပ္!"
"ႀကိဳက္တယ္မလား"
"အင္း အရမ္းႀကိဳက္တယ္"
ဟိဏ္းဆက္တို႔စားေနလိုက္တာ ေခါင္းေတာင္မေဖာ္ေတာ့ပါ။
"ေျဖးေျဖးစားေလ ဘယ္သူမွလုမစားဘူး"
ဟိန္းသူ၏စကားကို ခြန္းတုံ႕ေတာင္မျပန္နိုင္ပါ။
"အစ္ကို ေဆးေလးယူေပးပါလား"
"အင္း အစ္ကိုသြားယူေပးမယ္"
ဟိန္းသူသည္ ဝယ္လာသည့္ေဆးကို သြားယူေပးၿပီး တိုက္လိုက္ရသည္။
"အစ္ကို ... မနက္ျဖန္ေတာ့ ကြၽန္ေတာ္ေက်ာင္းသြားနိုင္မွာပါေနာ္"
"အင္း ... သြားနိုင္မွာပါ၊ စိတ္မပူနဲ႕ေနာ္"
ဟိန္းသူသည္ စကားေျပာေနပါေသာ္လည္း အနည္းငယ္ေတြေဝေနသည့္ပုံ ျဖစ္ေနသည္။
"အစ္ကို ... ငူငူငိုင္ငိုင္ႀကီးနဲ႕ဘာေတြေတြးေနတာလဲ"
"ဟင္ ... ဘာမွမဟုတ္ပါဘူး"
"အစ္ကို ... မွားသြားၿပီလို႔ေတြးေနတာေတာ့ မဟုတ္ပါဘူးေနာ္"
"မဟုတ္ပါဘူး"
"အစ္ကို ညီ့ကိုေသခ်ာၾကည့္"
ဟိန္းသူ၏မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ေသခ်ာထိန္းကိုင္ၿပီး သူ႕ဘက္ကိုလွည့္လိုက္သည္။
"အစ္ကို႔ကို ညီကၾကည္ၾကည္ျဖဴျဖဴေပးခဲ့တာေလ၊ ဘာလို႔ အစ္ကိုကသုန္မႈန္ေနရတာလဲ၊ ညီအဆင္ေျပသြားမွာမို႔လို႔ အစ္ကိုစိတ္မပူပါနဲ႕၊ ၿပဳံးပါဦး"
"ဟုတ္ပါၿပီ၊ ဒါဆို ကိုယ္ပန္းကန္ေဆးလိုက္ဦးမယ္ေနာ္"
"အင္း ... ဒါဆို ညီ အိမ္ေရွ႕မွာထိုင္ေစာင့္ေနမယ္ေနာ္"
"အင္း ေျဖးေျဖးသြား"
ဧည့္ခန္းထဲတြင္ထိုင္ေနလိုက္ၿပီး Running manထိုင္ၾကည့္ရင္း ရယ္ေနရပါေသးသည္။
"အစ္ကို ေမေမက ဘာေျပာသြားေသးလဲ"
"ဘာမွေတာ့မေျပာပါဘူး၊ ၿပဳံးစိစိနဲ႕ေတာ့ၾကည့္သြားတယ္"
"ဗ်ာ! ေဖေဖကေရာ"
"ဦးေလးလည္း အဲ့လိုပဲ ... ၿပဳံးစိစိနဲ႕"
"ေဖေဖနဲ႕ေမေမ သိသြားၿပီလား မသိဘူး၊ အဲ့တာေၾကာင့္ အစ္ကို႔ကိုေျပာပါတယ္ အရွိန္ေလွ်ာ့ပါလို႔"
"ညီကအရမ္းလွေနေတာ့ ကိုယ္အရွိန္ေတြဘာေတြ သိပါေတာ့ဦးမလား၊ ေသခ်ာစဥ္းစားၾကည့္ပါဦး"
"မသိဘူးဗ်ာ၊ ေဖေဖနဲ႕ေမေမေတာ့အေသသတ္ေတာ့မွာပဲ"
"မသိပါဘူး၊ အခန္းကအသံလုံပါတယ္"
"အစ္ကို!"
"ဟားဟား စိတ္ဆိုးျပန္ၿပီလား၊အစ္ကိုကေနာက္တာပါ၊ ဘာမွမျဖစ္ဘူး ... ဟုတ္ၿပီလား"
"ဒါ ေနာက္စရာလား၊ တကယ္ထင္ၿပီးလန႔္သြားတာပဲ"
"ခ်စ္ဖို႔ေကာင္းလိုက္တာကြာ"
"ေခ်ာတယ္လို႔ေျပာပါ ... ခ်စ္ဖို႔ေကာင္းတယ္ဆိုတာ မိန္းကေလးေတြကိုေျပာတာ၊ ညီကေယာက်ာ္းေလးဗ်ာ့"
"ညီကအစ္ကို႔အတြက္ေတာ့ ခ်စ္ဖို႔ေကာင္းတယ္"
ဟိန္းသူသည္ ေခါင္းေစာင္းလာၿပီး ဟိဏ္းဆက္၏ႏႈတ္ခမ္းဆီသို႔ ဦးတည္ခဲ့သည္။ သို႔ေသာ္ ဟိဏ္းဆက္တြန္းထုတ္လိုက္တာေၾကာင့္ ဆိုဖာေပၚကေနျပဳတ္က်သြားရသည္။
"ဒီေန႕ေတာ့ လုံးဝပဲ"
"ဘာလို႔လဲ ... ညီကလည္း"
"မသိဘူး ... လုံးဝပဲ"
ထိုေန႕တြင္ ဟိန္းသူသည္ ဟိဏ္းဆက္အနားကို ေယာင္၍ေတာင္ ကပ္၍မရခဲ့ပါ။
"ဒီေန႕လည္း ဖိုက္တင္းပါညီ"
"အစ္ကိုေရာပဲ ဖိုက္တင္း"
"ဟုတ္ပါၿပီဗ်ာ၊ အစ္ကို ညေနလာႀကိဳမယ္ေနာ္"
"အင္း ... သြားေတာ့မယ္"
ဟိဏ္းဆက္သည္ ကားေပၚမွဆင္းမည္အလုပ္ ဟိန္းသူသည္လက္ကိုလွမ္းဆြဲလိုက္ၿပီး ႏႈတ္ခမ္းေလးကိုနမ္းလိုက္ပါသည္။
"ဒါကအားေဆး"
"အသားယူရင္ယူတယ္ေပါ့ ...ဘာကိုအားေဆးလဲ၊ ေတာ္ၿပီ ... သြားေတာ့မယ္"
ဟိန္းသူတစ္ေယာက္တည္း ကားေပၚတြင္ရယ္ရင္း က်န္ခဲ့သည္။
ညီက ကြၽန္ေတာ့္အတြက္ေတာ့ ဘယ္အခ်ိန္မဆို ခ်စ္ဖို႔ေကာင္းၿပီး အသည္းယားေနရတဲ့လူသားေလးပါပဲ။
ဆက္ရန္
အျမန္ဆုံးနည္းနဲ႕ပန္းကန္လုံးစီးၿပီးလာupသြားသည္။မနက္ျဖန္ယံယံကိုupမယ္ေနာ္❤Saranghae❤