အကြင်နာ.... မုန်း ( Completed)

By reta-nan

658K 61.3K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 1
ep 2
ep 3
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep -14
ep 15
ep -16
ep -17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep 4

22.4K 2.1K 372
By reta-nan

" ဥကၠ႒ က အခန္းထဲကို ဘယ္သူမွ ေပးမဝင္နဲ႔လို႔ မွာထားလို႔ပါ.........''

အတြင္းေရးမွဳးမေလး၏ စကားေၾကာင့္ ဦးမင္းလက္်ာက က်စ္ ဆိုၿပီး စုတ္သပ္လိုက္သည္ ။ အတြင္းေရးမွဳးမေလးမွာ နီးရာဓားကိုလည္း ေၾကာက္ရၿပီး တာဝန္ဝတၱရားကိုလည္းထိန္းသိမ္းရ၍ ေျပးစရာလမ္းက မ႐ွိ ။

ဦးမင္းလက္်ာ ဟက္ခနဲရယ္ကာ အတြင္းေရးမွဳးမေလး၏ ေမးဖ်ားကို ဆြဲယူေမာ့လိုက္သည္ ။

" မင္းကို ငါေသခ်ာမွတ္ထားတယ္ ၊ စိတ္မပူနဲ႔ မင္းရဲ႕ ဥကၠ႒ႀကီး နဲ႔အတူ ေအာက္ဆင္းဖို႔ အထုပ္ျပင္ထား''

ႀကိမ္းဝါးသံနဲ႔အတူ ေျခလွမ္းက်ဲႀကီးျဖင့္ ဥကၠ႒ ရံုးခန္းထဲသို႔ ဝင္သြားလိုက္သည္ ။ ရံုးခန္းက တိတ္ဆိတ္ေနၿပီး လူအရိပ္အေယာင္မျမင္ရ၍ မ်က္စိကစားၿပီး ၾကည့္လိုက္ေတာ့ ကူ႐ွင္ေပၚမွာ နာက်င္စြာ ေခြလဲေနသည့္ တူေတာ္ေမာင္ကို ဆီးႀကိဳေတြ႔လိုက္ရသည္ ။

" ဧည့္သည္လာတာကို မႀကိဳဘဲ တိတ္တိတ္ေလး ေနတယ္ေပါ့............. ''

သူ႔အသံကိုၾကားေတာ့ နာက်င္မႈေဝဒနာကို အံတုကာ ႀကိတ္မွိတ္ၿပီး အႏႈိင္းမဲ့ ထထိုင္လိုက္သည္ ။ တစ္႐ွဴးတစ္ရြက္ကို ဆြဲထုတ္ကာ ေခြၽးသီးေတြကို သုတ္လိုက္ရင္း

" ဒုဥကၠ႒ က ႀကိဳဖို႔လိုအပ္တဲ့ ဧည့္သည္မွ မဟုတ္တာ ၊ က်ဳပ္ကို အလစ္ဖမ္းဖို႔ လာတာ မဟုတ္လား ၊ အခုျမင္သြားၿပီဆိုေတာ့ သိပ္ေက်နပ္သြားမွာေပါ့ ''

" မင္း ငါ့အေပၚ အျမဲတမ္းရန္သူလို ဆက္ဆံေနတာ မပင္ပန္းဘူးလား......။ ငါေတာ့ မင္းအစား ပင္ပန္းတယ္ ''

ဦးမင္းလက္်ာ အႏႈိင္းမဲ့၏ ေ႐ွ႕တည့္တည့္တြင္ ေျခခ်ိတ္ထိုင္လိုက္သည္ ။ အႏိႈင္းမဲ့ က မည္သို႔မ်ွျပန္မတံု႔ျပန္ဘဲ အံႀကိတ္၍သာ ေန၍ ဦးမင္းလက္်ာ သည္ ႏူတ္ခမ္းတြန္႔ရံုမ်ွ ျပံဳးလိုက္သည္ ။

" မင္းပံုစံ ၾကည့္ရတာ ေတာ္ေတာ္ကို အေျခအေနဆိုးေနပံုဘဲ ၊ ေရာဂါအမည္က ဘာတဲ့လဲ ၊ ငါ့ရဲ႕ တစ္ဦးတည္းေသာ တူေလးအတြက္ ငါလည္း စိုးရိမ္ေပးဖို႔ သင့္တယ္ထင္လို႔ ''

" က်ဳပ္ဘာမွမျဖစ္ဘူး.......။ ဒီအတိုင္းေလေအာင့္တာ....... ။ လာရင္းကိစၥကို ေျပာၿပီး ခမ်ားျပန္ႏိုင္တယ္......''

ဦးမင္းလက္်ာ အႏႈိင္းမဲ့ကို ခပ္မဲ့မဲ့ျပံဳးရင္း စိုက္ၾကည့္ကာ

" ေနမေကာင္းရင္လည္း အိမ္မွာေအးေဆးနားပါလား အႏႈိင္းမဲ့ ၊ က်န္တဲ့ကိစၥေတြကို ငါက တာဝန္ယူမွာမလို႔ မင္း စိတ္မပူလည္းရတယ္ ''

ေၾကာက္ရြံ႕မႈကိုမျပေသာ္လည္း အႏႈိင္းမဲ့၏ မ်က္ဝန္းတို႔သည္ ေဒါသမာန္ေၾကာင့္ အနည္းငယ္ ခက္ထန္ေနသည္ ။ သူစိမ္းထက္ ေသြးရင္းက ပိုေၾကာက္ဖို႔ ေကာင္းတယ္ဆိုတာ တကယ္မွန္သည္ ။ သူနဲ႔ဦးလက္်ာ ဒီေနရာအတြက္ ၿပိဳင္ဆိုင္လာတာ ၅ ႏွစ္ခန္႔႐ွိေနၿပီ ျဖစ္သည္ ။ တိတိက်က်ေျပာရရင္ ဦးမင္းလက္်ာ၏ မိဘႏွစ္ပါး ကားအက္စီးဒင့္ေၾကာင့္ ဆံုးပါးသြားၿပီး ကတည္းက ျဖစ္သည္ ။ သို႔ေသာ္ သိပ္ပင္မၾကာလိုက္ အႏႈိင္းမဲ့၏ ဖခင္သည္လည္း ထိုလမ္းသို႔ လိုက္သြားေလသည္ ။ မိခင္သည္လည္း ဖခင္စိတ္ေၾကာင့္ အိပ္ယာထဲ ဘုန္းဘုန္းလဲသြားၿပီး ေနာက္ဆံုး သူ႔ကို တစ္ေယာက္တည္းခ်န္ထားကာ ဖခင္႐ွိရာသို႔ လိုက္သြားေလသည္ ။

အမုန္းတို႔၏ အားၿပိဳင္ပြဲသည္ ခုမွ ဇာတ္႐ွိန္ျမင့္လာၿပီး ဦးမင္းလက္်ာက သူ႔ေနရာကို ေပၚတင္ၿခိမ္းေျခာက္လာသည္ ။ ၿပီးေတာ့ သူ႔ေရာဂါကို သတိထားမိလာၿပီ ။ ေနဦး..... ဒါမျဖစ္သင့္ဘူး....။ သူေနမေကာင္းတဲ့ ကိစၥကို ဖံုးကြယ္ထားတာကို ဒီလူစီဖာနတ္ဆိုး ဘယ္က သိလာတာလဲ ။

" ဟက္........... ေနာက္ဆံုး ႐ွင္းပစ္ရမယ့္သူက က်ဳပ္ေပါ့.....ဟုတ္လား..... ဦးမင္းလက္်ာ ''

" မဆိုးဘူး........ မင္း ေတာ္ေတာ္ ဉာဏ္ေကာင္းတာဘဲ........။ ဒီေတာ့ ဘာကိုမွ မတြယ္ကပ္ဘဲ အကုန္လံုးကိုခ်န္ထားၿပီး ကိုယ္လြတ္႐ုန္းလိုက္ပါ.....။ မုန္းအသေခ်ၤ အပါအဝင္ေပါ့...,............''

တင္းတင္းဆုပ္ထားသည့္ လက္သီးတို႔သည္ မေပါက္ကြဲမိေအာင္ မနည္းထိန္းထားရသည္ ။

" ဒီေကာင္ေလးကို မေႏွာင့္ယွက္ပါနဲ႔......၊ ကြၽဲႏွစ္ေကာင္ခတ္တဲ့ၾကား ေျမစာပင္ျဖစ္ရေအာင္ ဒီကိစၥေတြက မုန္း နဲ႔ ဘာမပက္သက္ဘူး ''

" ဒါေပမယ့္........ မင္း သိပ္တန္ဖိုးထားတယ္မလား ၊ ဒါဆိုရၿပီ...... ငါက မင္းတန္ဖိုးထားတဲ့ ပစၥည္းေတြကို အကုန္ ဖ်က္စီးပစ္မွာ...... မုန္း ကလြဲလို႔ေပါ့ ၊သူ႔ကိုေတာ့ မင္းထက္မေလ်ာ့ဘဲ တန္ဖိုးထားေပးပါ့မယ္ ။ ငါ့လက္ထဲမွာ ပိုၿပီး အေရာင္ေတာက္လာေစရမယ္...... မင္းသာ မင္းနဲ႔အတူ ငရဲကို ဆြဲမေခၚသြားနဲ႔ ''

" ခမ်ားလိုလူက တန္ဖိုးဆိုတ့ဲ စကားရဲ႕အဓိပၸါယ္ကိုေကာ သိရဲ႕လား......။ နားလိုက္စမ္းပါ အကိုင္းႀကီးႀကီးတစ္ခုမွာ....... မုန္းက က်ဳပ္ သံပတ္ေပးထားတဲ့ ေကာ္႐ုပ္ ၊ သူက က်ဳပ္ကလြဲလို႔ ဘယ္သူ႔အမိန္႔ကိုမွ မနာခံဘူး ၊ သူက တန္ဖိုး႐ွိလို႔ေတာ့ မဟုတ္ဘူး....က်ဳပ္အတြက္ အသံုးဝင္လို႔ ခုလို သားေရေပၚမွာ တင္ထားေပးတာ ''

" ကြၽတ္....ကြၽတ္....... သိပ္သနားစရာေကာင္းတဲ့ေကာင္ ၊ ေသခါနီးတာေတာင္ ရိကၡာကို အကုန္သယ္သြားခ်င္ေနတယ္ ၊ ေလာဘသိပ္မႀကီးနဲ႔ အႏႈိင္းမဲ့ဘုန္း........ ေမ်ာက္သစ္ကိုင္းလႊတ္တာထက္ ဆိုးသြားမယ္......''

နာနာက်င္က်င္အံႀကိတ္လိုက္သည့္ အႏႈိင္းမဲ့ သည္ သူ႔ေ႐ွ႕က လူစီဖာနတ္ဆိုးကို သူနဲ႔အတူ ငရဲသို႔ ဘယ္ပံုဘယ္နည္းနဲ႔ ေခၚဆင္းရမွန္းမသိေတာ့ ။

" မပူနဲ႔ ဦးမင္းလက္်ာ......... က်ဳပ္ တစ္ေယာက္ထဲ ငရဲကိုမသြားဘူး...... ခမ်ားကိုပါ အပါေခၚသြားမွာ ၊ အဲ့က်မွ ခုလို အသံေကာင္း ဟစ္ႏိုင္ပါေစ ''

ထိုစဥ္ အခန္းတံခါးပြင့္လာၿပီး မုန္းဝင္လာတာကို ျမင္မိ၍ ဦးမင္းလက္်ာ ဆက္ေျပာမည့္ စကားတို႔သည္ ရပ္တန္႔သြားကာ အႏႈိင္းမဲ့ကို ၾကင္ၾကင္နာနာၾကည့္ၿပီး ေျပာလိုက္သည္ ။

" မင္းမႀကိဳက္ရင္လည္း မေျပာေတာ့ပါဘူး......၊ မင္းအတြက္ ငါတကယ့္ကို စိတ္ပူမိလို႔ပါ ''

အခန္းထဲမွာ ဦးမင္းလက္်ာ ကိုျမင္လိုက္ရ၍ မုန္း၏ မ်က္ခံုးတို႔က တြန္႔ခ်ိဴးစြာ

" သခင္ေလး......... ဟို ..... ကားလမ္းပိတ္ေနလို႔ နည္းနည္းေနာက္က်သြားတယ္ ''

မုန္းကို လွည့္မၾကည့္ဘဲ အႏႈိင္းမဲ့က ႏိုင္ထက္စီးနင္းအျပဳအမူျဖင့္ ျပံဳးရင္း

" မင္း ၅ မိနစ္ေနာက္က်တယ္ ၊ ျပစ္ဒဏ္ခံယူဖို႔ အဲ့မွာ ရပ္ေန...... ၊ ဘယ္လိုလဲ ဦးမင္းလက္်ာ.... တစ္ခါတည္း ၾကည့္သြားမွာလား ဒီေကာင္ေလးကို အျပစ္ေပးတဲ့ နည္း ''

" စိတ္ဝင္စားစရာဘဲ......... ၊ မင္းရဲ႕ ေခြးေပါက္က မင္းအမိန္႔ကို ဘယ္ေလာက္နာခံေၾကာင္း ငါ့ကို ႂကြားခ်င္တယ္ေပါ့ ''

" သိပ္ဟုတ္တာေပါ့....... သူက က်ဳပ္ရဲ႕စကားဆို ေသဆိုေသ ႐ွင္ဆို႐ွင္ တေသြမတိမ္းနားေထာင္တဲ့ သူမ်ိဳး ၊ ခမ်ားႀကီး ဘယ္ေလာက္ဘဲ ႀကိဳးစားႀကိဳးစား သူ႔အေပၚ အက်ိဳးသက္ေရာက္မွာမဟုတ္ဘူး ''

အႏႈိင္းမဲ့ ေျပာေျပာဆိုဆိုထရပ္ၿပီး သူ႔ခါးပတ္ကို ဆြဲခြၽတ္လိုက္ၿပီး မုန္း ဘက္လွည့္လိုက္သည္ ။

" ဒူးေထာက္.....''

သခင့္အမိန္႔မို႔ ေတြေဝျခင္းအလ်ဥ္းမ႐ွိ မုန္း ဒူးအေထာက္မွာ စပ္ဖ်င္ဖ်င္း နာက်င္မႈနဲ႔အတူ ေက်ာျပင္ေပၚသို႔ က်လာသည့္ ခါးပတ္ႀကိဳး၏ လႊဲခ်က္မ်ား ။ မုန္း မငိုမိ ၊ မေအာ္ညည္းမိဘဲ အံကိုႀကိတ္လ်က္ ေခါင္းကို ငံု႔ထားျမဲ ။ သခင္ေလးရဲ႕ ႐ိုက္ခ်က္က အားေပ်ာ့သြားလိုက္တာ....... အရင္လို အားေတြမပါေတာ့ဘူး ၊ သခင္ေလး အားနည္းသြားတာလား ၊သူ႔ကို ညႇာတာတာလား ။

၁ ခ်က္
၂ ခ်က္
၃ ခ်က္ေျမႇာက္

" ရပ္လိုက္ေတာ့........ အႏႈိင္းမဲ့....... ။ မင္းေျပာတဲ့ ေျမစာပင္ရဲ႕ အဓိပၸာယ္ကို ငါနားလည္သြားၿပီမို႔ ဒီတစ္ခါေတာ့ ငါ့ကဘဲ လက္ေလ်ာ့လိုက္မယ္ ။ တကယ္တမ္း သနားစရာ ေကာင္းတာက မုန္း မဟုတ္ဘူး........ မင္းဘဲ ။ စိတ္မေကာင္းစရာက မင္းရဲ႕ ေနာင္တေတြအတြက္ ျပဳျပင္ဖု႔ိအခ်ိန္ေတြက မက်န္ေတာ့ဘူး ''

မည္သည့္ အဓိပၸါယ္နဲ႔ ဦးမင္းလက္်ာ ေျပာသြားမွန္း အႏႈိင္းမဲ့ ခ်က္ခ်င္းမရိပ္မိလိုက္ေသာ္လည္း မုန္း၏ ေခါင္းထဲတြင္ အခ်က္ေပးေခါင္းေလာင္းသံ ျမည္စြဲသြားသည္ ။

ဒါ နတ္ဆိုးရဲ႕ စိန္ေခၚသံဘဲ ................
မျဖစ္ဘူး.........သခင္ေလး ဘာမျဖစ္ရဘူး ။

အခန္းအျပင္သို႔ ဦးမင္းလက္်ာ ထြက္သြားၿပီးေနာက္ အႏႈိင္းမဲ့ သူ႔ခါးပတ္ကို ျပန္ဝတ္ထားလိုက္သည္။

" အဝတ္စားခြၽတ္............ ''

ေအးစက္စက္အမိန္႔သံၾကား မုန္း၏ မ်က္ႏွာငယ္ေလးသည္ ယုန္သူငယ္ေလးလိုပင္ ။ မည္သည့္အမိန္႔ကိုမဆို နာခံရမည့္ ဝတၱရားေၾကာင့္ မုန္း တုန္ရီစြာပင္ အက်ႌကို ခြၽတ္ခ်လိုက္သည္ ။

သူ႔ျမင္ကြင္းတြင္ ေပၚလာသည့္ ေက်ာင္ျပင္က ျဖဴေဖြးၿပီး မထိရက္မကိုင္ရက္စြာပင္ ။သို႔ေသာ္ သူေပးထားသည့္ ဒဏ္ရာသည္ကား ျမင္သာစြာပင္ နီရဲၿပီး ေသြးေျခဥေနသည္ ။

အရမ္းနာသြားလား......ေကာင္ေလး.......
ကိုယ္ အရမ္းအတၱႀကီးသြားၿပီထင္တယ္.......
မင္းေလးက ကိုယ္ပိုင္ေၾကာင္း သူ႔ကို သက္ေသျပခ်င္ခဲ့ရံုပါ ။ ဒါေပမယ့္ မင္းကို နာက်င္ေအာင္ လုပ္ရံုအျပင္ တျခားမေတြးတတ္ခဲ့ဘူး ။ သူ ကိုယ့္ဆီကေန မင္းကို လုယူသြားမွာ သိပ္ေၾကာက္တာဘဲ ေကာင္ေလးရယ္ ။

သခင္ေလးဆီက ေနာက္ထပ္ေပးမည့္ ျပစ္ဒဏ္ေတြကို သူ တိတ္ဆိတ္စြာေစာင့္ေနခဲ့ေပမယ့္ အဲ့အစား ႏူးည့ံတဲ့ လက္ေခ်ာင္းအစံုက ကပ္ညႇိလာ၍ သူ႔ေက်ာျပင္ တစ္ခ်က္ မတ္သြားသည္ ။

" ၿငိမ္ၿငိမ္ေန......... ငါ ေဆးထည့္ေပးေနတာ....''

" သခင္ေလး....... မုန္း ကို အရမ္းမုန္းေနတာလား ''

" မင္းကို ေမးခြန္းေမးဖို႔ ငါခြင့္ျပဳထားလား ၊ အခြင့္ေရးေပးတာန႔ဲ ကမ္းတက္မေနနဲ႔..... ''

မည္သို႔ပင္ဆိုေစကာမူ မုန္း ၾကည္ႏူးစြာျပံဳးေနမိသည္။ ခုလို ယုယေပးမယ္ဆိုရင္ သခင္ေလးေပးမယ့္ ျပစ္ဒဏ္တိုင္းက ခ်ိဴၿမိန္ပါတယ္ ။ မဆီမဆိုင္ ဦးမင္းလက္ယ်ာကိုလည္း ေက်းဇူးတင္မိသြားသည္ ။ ဒီအျပစ္ေပးမႈက ရဖူးသမ်ွထဲမွာ အသက္သာဆံုးနဲ႔ အခ်ိဳၿမိန္ဆံုး ျပစ္ဒဏ္မဟုတ္လား ။

******************

ဝုန္း.. .......!

ခလြမ္း............!

ပစၥည္းပစ္ခြဲသံေတြေၾကာင့္ သခင္ေလးအနား မည္သူမ်ွ မသြားဝံ႕က် ။ အနားမွာ ႐ွိေနသည့္ မုန္းကေတာ့ သခင္ေလး၏ ေဒါသအက်ိဳးဆက္အားလံုးကို ခံယူရန္အသင့္ ။

" မင္း က ဘာမို႔လို႔ ငါ့ကို တားရဲရတာလဲ ေျပာ... မုန္းအသေခ်ၤ ''

" သခင္ေလး ေကာ္ဖီအစား တျခားတစ္ခုခုကို ေသာက္ပါ မုန္းခ်က္ခ်င္း လုပ္ေပးပါ့့မယ္ ''

ေကာ္ဖီကို ေတာင္းေနသည့္ အခ်ိန္တြင္ သခင္ေလးသည္ ပံုမွန္ထက္ ပိုေဒါသထြက္ေနသည္ ။ ဘာနဲ႔တူလည္းဆို မူးယစ္ေဆးဝါးဆြဲေနသည့္ လူတစ္ဦးလိုပင္။ ကိုယ္အေလးခ်ိန္ေတြ အရမ္းကို က်သြားၿပီး မ်က္ႏွာေတြ ေခ်ာင္သြားေသာ သခင္ေလးသည္ ကုမၸဏီကို မသြားတာပင္ ရက္အေတာ္ၾကာေနၿပီ ။ အမည္မသိေရာဂါေဝဒနာေၾကာင့္ ဗိုက္ထဲက စူးနင့္ေအာင့္ေနသည့္ နာက်င္မႈက တစ္ရက္ထက္တစ္ရက္ ပိုမို ဆိုးရြားလာသည္ ။

" မလိုဘူး...... ငါ ဒီေကာ္ဖီကိုဘဲ ေသာက္မယ္ ၊ ခုခ်က္ခ်င္း ယူလာခိုင္း..... ''

" သခင္ေလး.......... မျဖစ္ဘူး.....။ တစ္ရက္တေလ မေသာက္ဘဲ ေနၾကည့္ပါလား......''

အႏႈိင္းမဲ့၏ မ်က္ႏွာသည္ နီရဲလာၿပီး မုန္း၏ အက်ႌစကို ဆုပ္ကိုင္ကာ နံရံသို႔ တိုးကပ္လိုက္ၿပီး က်န္လက္တစ္ဖက္က မုန္း၏ မ်က္ႏွာဆီသို႔ ရြယ္လိုက္သည္။

ဘန္း..........!

မုန္း မ်က္ဝန္းေတြကို မွိတ္ထားေသာ္လည္း အသံက သူ႔အနားက ထြက္ေပၚလာ၍ မဝံ့မရဲ မ်က္လံုးဖြင့္လိုက္ေတာ့ မ်က္ရည္စက္လက္နဲ႔ သခင္ေလးကို ျမင္လိုက္ရသည္ ။ သခင္ေလးသည္ မုန္း၏ ရင္ဘတ္ေပၚသို႔ ခိုမွီလိုက္ရင္း အသက္ကို ျပင္းစြာ႐ွဴေလေတာ့သည္ ။

" ငါ့ ကို ေကာ္ဖီေပးပါ........ ၊ ငါေတာင္းပန္ပါတယ္ကြာ....... ''

ဟင့္အင္း..... ဒီလိုမျဖစ္သင့္ဘူးေလ သခင္ေလး ။ သခင္ေလး က ေတာင္းပန္ရမွာမဟုတ္ဘူး ၊ စိတ္႐ွိလက္႐ွိေပါက္ကြဲၿပီး ပင္ပန္းလာရင္ အိပ္စက္ရမွာ ၊ မုန္းကို ခုလိုပံုစံ မျပပါနဲ႔လား ၊ မုန္း ခံႏိုင္ရည္ မ႐ွိလို႔ပါ။

" ေကာင္းၿပီ......မုန္း ယူခဲ့ခိုင္းလိုက္မယ္ ။ ဒါၿပီးရင္ အိပ္ယာဝင္ရမယ္ေနာ္........ သခင္ေလး ညမအိပ္တာ ေတာ္ေတာ္ၾကာၿပီ ''

သူ႔ပါးျပင္ေပၚသို႔ ေရာက္လာသည့္ သခင္ေလး၏ လက္တို႔က မ်က္ႏွာျပင္အႏွံ႕ဟိုစမ္းဒီစမ္းရင္း ေျပာလိုက္သည္က

" ဒီလိုမွေပါ့........ ငါမင္းအေပၚ မဆိုးခ်င္ဘူး မုန္း ၊ မင္းလည္း ငါ့ကို နားလည္ေပးပါ ''

ထိုေန႔ သခင္ေလး ေကာ္ဖီတစ္ခြက္ေသာက္ၿပီး ကတိအတိုင္း အိပ္ယာထဲ တန္းဝင္သည္ ။ သို႔ေသာ္ ထံုးစံအတိုင္း ဗိုက္ထဲက စူးေအာင့္သည့္ ေဝဒနာေၾကာင့္ အၾကာႀကီး လူးလိမ့္ေနခဲ့ရသည္ ။ မၾကည့္ရက္သည့္ မုန္းက သခင္ေလး၏ ေက်ာျပင္ကို သိုင္းဖက္ထားရင္း ႏွစ္သိမ့္ေပးလိုက္သည္ ။

" ဒီေဝဒနာေတြကို မုန္းဆီ ေပးပစ္လိုက္ပါ.....သခင္ေလး........... ''

႐ိူက္သံနဲ႔အတူ ထြက္လာသည့္အသံက သခင္ေလးမွ ဟုတ္ေလစ ။

" ငါ မင္းကို နာက်င္မႈေတြဘဲ ေပးမိျပန္ၿပီ....... ၊ ဟိုလူစီဖာနတ္ဆိုးေျပာတာ တကယ္မွန္တယ္ ၊ ငါ အခုေနာင္တရေနၿပီ ဒါေပမယ့္ ျပန္ျပင္လို႔မရေတာ့ဘူး ၊ ငါ့မွာ အခ်ိန္ေတြ မက်န္ေတာ့ဘူးဆိုတာ ငါ ခံစားေနရတယ္ ''

" သူ႔စကားကို နားမေယာင္နဲ႔ သခင္ေလး ၊ မုန္း သခင္ေလးဆီက ရခဲ့ဖူးတဲ့ အရာအားလံုးက မုန္းဘဝမွာ အေကာင္းဆံုး ဆုလာဘ္ေတြပါ ၊ သခင္ေလးသာ မ႐ွိရင္ မုန္း လြန္ခဲ့တဲ့ ေလးႏွစ္ကတည္းက အသက္႐ွင္ေနစရာ အေၾကာင္း႐ွိေတာ့မွာ မဟုတ္ဘူး ''

သူ႔ ေက်ာျပင္ကို မဝံ့မရဲ ျပန္ဖက္တြယ္လာသည့္ သခင္ေလးက ကေလးတစ္ေယာက္ပမာ ။ ေပ်ာ္သည္ သို႔ေသာ္ မေပ်ာ္ ၊ သခင္ေလးနဲ႔အနီးကပ္႐ွိေနခြင့္ရလို႔ ေပ်ာ္မိေပမယ့္ သခင္ေလး၏ ေဝဒနာေတြကို မကုသေပးႏိုင္၍ ကိုယ့္ကိုယ္ကို မုန္းမိသည္ ။ဒီေဝဒနာေတြ အဆံုးသတ္ပါေတာ့ ။ သခင္ေလး အိမ္မက္လွလွ မက္ပါေစ ။

သိပ္မၾကာမွီအခ်ိန္တြင္ သခင္ေလးအိပ္ေပ်ာ္သြား၍ သူ သက္ျပင္းခ်ကာ သခင္ေလး၏ မ်က္ႏွာကို အငမ္းမရ ေငးၾကည့္မိေတာ့သည္ ။

" အိပ္ေဆးက အလုပ္ျဖစ္သားဘဲ......''

သခင္ေလးသာ အိပ္ေပ်ာ္ရင္ နာက်င္မႈေဝဒနာကို ခဏ ေမ့သြားမွာမလို႔ သခင္ေလးေသာက္မဲ့ ေရထဲ အိပ္ေဆးခပ္ခဲ့ျခင္းျဖစ္သည္ ။ မနက္မိုးမလင္းခင္ အားလံုး အိပ္ေပ်ာ္ေနၿပီျဖစ္၍ မုန္း သခင္ေလးကို ဖက္ထားရာမွ လႊတ္ၿပီး မီးဖိုခန္းထဲသို႔ ဝင္လာလိုက္သည္ ။

ေကာ္ဖီဘူး............
ဘယ္မွာပါလိမ့္..........

ေတြ႔ၿပီ................

ေကာ္ဖီမႈန္႔တစ္ခ်ိဳ႕ကို ဘူးအေသးေလးထဲ ထည့္လိုက္ၿပီး အိပ္ကပ္ထဲဝွက္ထားကာ အသာျပန္ထြက္လာလိုက္သည္ ။

ၿပီးတာနဲ႔ အခန္းထဲ ျပန္ဝင္လာကာ သခင္ေလးေဘးမွာ ငုတ္တုတ္ထိုင္ေနမိသည္

" ပိန္သြားလိုက္တာ.......သခင္ေလးရယ္ ''

သခင္ေလး၏ မ်က္ႏွာျပင္ကို သူ႔လက္နဲ႔ ဖြဖြေလး စမ္းသပ္ၾကည့္လိုက္သည္ ။ ဒီႏွာတံျမင့္ျမင့္ေလးက ေယာက်ာၤးပီသၿပီး ဆြဲေဆာင္မႈ႐ွိလိုက္တာ ၊ ေအာက္ႏူတ္ခမ္းကနည္းနည္းထူၿပီး အေပၚႏူတ္ခမ္းက ပါးပါးေလး ၊ မ်က္ႏွာက နဂိုသြယ္ပါတယ္ဆို ခုလို ပိန္သြားေတာ့ လက္တစ္ဆုပ္စာဘဲ က်န္ေတာ့သည္ ။

မုန္း အားမလိုအားမရနဲ႔ သခင္ေလး၏ ရင္ခြင္ထဲကို တိုးဝင္မိသြားသည္ ။

သခင္ေလး သိမွာမွမဟုတ္တာ..... သိသြားရင္လည္း အျပစ္ေပးတာ ခံလိုက္ရံုေပါ့ ။ သခင္ေလးရဲ႕ အသက္႐ွဴသံက ျပင္းလိုက္တာ.......အရမ္းမ်ား ခက္ခဲပင္ပန္းေနလားမသိဘူး ။

မုန္း သခင္ေလး၏ မ်က္ႏွာကို ေမာ့ၾကည့္လိုက္ေတာ့ အျပစ္ကင္းစြာပင္ အိပ္စက္ေနဆဲ ။ ဆြဲေဆာင္မႈ႐ွိသည့္ ႏူတ္ခမ္းအစံုက အနည္းငယ္ ဟစိဟစိနဲ႔။

ရင္ခုန္လိုက္တာ.................

မုန္း အႏႈိင္းမဲ့၏ မ်က္ႏွာနားတိုးကပ္သြားကာ ႏူတ္ခမ္းပါးေလးကို အခ်ိန္အတန္ၾကာ စိုက္ၾကည့္ေနမိသည္ ။ ေပါက္တဲ့နဖူး မထူးေတာ့.....၊ ေနာင္ခါလာ ေနာင္ေစ်း....။ အခြင့္ေရးက ဘယ္ေတာ့မွ ထပ္ရမည္မသိ ။ ၿပီးေတာ့......သူက သခင္ေလးနဲ႔ ပက္သက္ရင္ အျမဲတမ္းေတာ့ တံုးအမေနပါဘူး ။

ႏူးည့ံစြာ ေပါင္းစည္းသြားသည့္ ႏူတ္ခမ္းအစံုတို႔ေၾကာင့္ ရင္ခုန္သံေတြက ထိတ္ခနဲ ။

ႏူးည့ံလိုက္တာ.......

ေျဖးညင္းစြာ ခ်လိုက္ေသာ မ်က္လႊာတို႔ေၾကာင့္ တဖက္လူ၏ ေကာ့တက္ျပံဳးလာသည့္ ႏူတ္ခမ္းပါးတို႔ကို မုန္းမျမင္လိုက္ေပ ။

ေမာနင္း......... သခင္ေလး....... ဒါမွမဟုတ္ ခ်စ္သူ၊ မုန္း ခမ်ားႀကီးကို အရမ္းခ်စ္တယ္ ။

ဒီအတိုင္းေလး ဖက္ထားပါရေစ သခင္ေလး ။ ဒီအခိုက္အတန္႔ ကြၽန္ေတာ့္ရဲ႕ အေပ်ာ္ရႊင္ဆံုးအခ်ိန္မို႔ ။

*********************

Ringing..........

မုန္း contact name ကို တစ္ခ်က္ၾကည့္ၿပီး ေကာက္ကိုင္လိုက္သည္ ။

" Hello......... ''

" ဓာတ္ခြဲခန္းက အေျဖထြက္ၿပီ....... ''

" ဘာေတြ႔လဲ........... ''

" မင္းထင္တဲ့ အတိုင္းဘဲ ၊ ဒါက ေကာ္ဖီမႈန္႔သက္သက္ မဟုတ္ဘူး......။ တျခား မထင္မွတ္ထားတာေတြလည္း ပါေနတယ္ ၊ ငါ မင္းရဲ႕ ဖုန္းထဲကို mail ပို႔လိုက္မယ္ အခု ''

"Ok...... ''

စကၠန္႔ပိုင္းအၾကာတြင္ mail တစ္ေစာင္ေရာက္လာ၍ သူ ခ်က္ခ်င္းဖြင့္ဖတ္လိုက္သည္ ။စစ္ေဆးခ်က္ရလဒ္ေတြက.........

ဟင္း...... မျဖစ္ႏိုင္ဘူး........ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ ။

ေကာ္ဖီမႈန္႔ထဲတြင္ ဘိန္းျဖဴ အျပင္ ေသးငယ္သည့္ အႏၱရယ္႐ွိေသာ အမႈန္႔မ်ားပါဝင္ေနသည္ ။ ျဖစ္ႏိုင္တာက ဆံပင္ကို မႈန္႔ေနေအာင္ ႀကိတ္ၿပီး ေကာ္ဖီနဲ႔ ေရာစပ္ထားတာ ။ ဒါေၾကာင့္ အစာအိမ္က ဆံပင္စေတြကို အစာမေခ်ေပးႏိုင္လို႔ ထိုဆံပင္စေတြက အူနံရံမွာ စိုက္ေနၿပီး သခင္ေလး ေန႔တိုင္းနီးပါး ဗိုက္ထဲ စူးေအာင့္ ေဝဒနာခံစားေနရတာ ။ ေရာဂါ႐ွာေဖြလို႔ မရခဲ့တာက ဒီ ေသးငယ္တဲ့ ဆံပင္အမႈန္႔ေတြေၾကာင့္ ။

မျဖစ္ႏိုင္ဘူး...... ဒီေလာက္ အႏၱာရယ္ မ်ားတဲ့ အရာေတြက သခင္ေလးရဲ႕ ဝမ္းထဲမွာ ႐ွိေနရတာလဲ ။ ဘိန္းျဖဴ....... ဟုတ္တယ္..... အဲ့ ဘိန္းျဖဴေၾကာင့္ သခင္ေလး ေကာ္ဖီကို တစ္စထက္တစ္စ စြဲမက္လာတာ ။ ေကာ္ဖီေသာက္ေနရင္ စိတ္ေပ်ာ္ေနၿပီး ေကာ္ဖီမေသာက္ရရင္ ထေသာင္းက်န္းသည္ ။ ဒါက ေကာ္ဖီထဲမွာပါသည့္ ဘိန္းျဖဴေၾကာင့္ ။ ၿပီးေတာ့ ၃ ႏွစ္ေက်ာ္ အူထဲမွာ စိုက္ဝင္ေနသည့္ ဆံစေတြက ခုေနာက္ပိုင္း ခံႏိုင္ရည္အား မ႐ွိေတာ့ဘဲ နာက်င္စူးေအာင့္လာတာ ။

ဒီေလာက္ထိ ေၾကာက္ဖို႔ေကာင္းတဲ့ ကိစၥကို ဘယ္သူက လုပ္တာလဲ...... ။ ဘာေၾကာင့္လဲ......? ျဖစ္ႏိုင္ေခ် တစ္ခုဘဲ႐ွိသည္ ။ သူက ဦးမင္းလက္ယ်ာ ။

သခင္ေလး..............

အသိက ႐ုတ္တရက္ျပန္ဝင္လာကာ အျပင္ခံကုတ္အက်ႌကို အျမန္ေကာက္ဝတ္ၿပီး အိမ္ေတာ္သို႔ ထြက္လာလိုက္သည္ ။ အိမ္ေတာ္မွာ သခင္ေလး တစ္ေယာက္တည္း က်န္ခဲ့သည္ ။ ခုခ်ိန္မွာ အိမ္ေတာ္မွာက ယံုၾကည္ရတဲ့သူ တစ္ေယာက္မ်ွပင္ မ႐ွိ ။ သခင္ေလးက အားနည္းေနၿပီး သူ႔အသက္ကို ႏုတ္ယူရန္ ေစာင့္ေနသည့္္ လူေတြက အသင့္ ။ ထိုအထဲတြင္ ေသမင္းလည္း ပါဝင္ေနသည္ ။

တစ္သက္လံုး ဘုရားကို မယံုၾကည္ခဲ့ေသာသူက ခုမွ ယံုၾကည္ျခင္းအလင္းကို ဝိုးတဝါး ျမင္လိုက္ၿပီး ဆုေတာင္းမိတာက

" အ႐ွင္ဘုရား ........သခင္ေလးကို ႐ွင္သန္ခြင့္ေပးပါ.......... ''

ဒါနဲ႔မၿပီးေသး........ နတ္ဆိုးမင္းကိုပင္ သူ ရန္ေထာင္လိုက္မိသည္ ။

" Lucifer........ သူ႔ကို လက္ဖ်ားနဲ႔ေတာင္ ထိဖို႔မႀကိဳးစားနဲ႔........ ၊ ငရဲျပည္ဆိုရင္ေတာင္ က်ဳပ္က ဖ်က္စီးပစ္မယ္.........''

သူ႔ကားေလး ျခံဝန္းထဲကို ထိုးရပ္လိုက္တာနဲ႔ သခင္ေလးဟာ ေရကူးကန္စပ္နားမွာ လူတစ္ဦးနဲ႔ စကားေျပာေနတာ ေတြ႔လိုက္ရ၍ မုန္း ရင္ထဲ စိုးရိမ္မႈေတြ ျပည့္ႏွက္သြားသည္ ။ မေတာ္လို႔ ေရထဲျပဳတ္က်သြားရင္ ဘယ္ႏွယ့္လုပ္မလဲ ။

သခင္ေလး နဲ႔ စကားေျပာေနသူရဲ႕ေနာက္ေက်ာကို ေတြ႔လိုက္ရံုနဲ႔ ဒါဘယ္သူလဲ မေျပာလည္း သိေနသည္ ။ သူ႔ေျခလွမ္းေတြကို ပံုမွန္ထက္ ႏွစ္ဆျမန္ကာ မေျပးရံုတမယ္ ေလ်ွာက္သြားလိုက္သည္ ။

" သခင္ေလး.............''

သူ႔ကို ျမင္ေတာ့ ဦးမင္းလက္်ာ က မ်က္ႏွာနည္းနည္းပ်က္သြားသည္ ။ ဒီေနရာမွာ ဒီေကာင္ေလးက ႐ွိမေနသင့္ဘူးေလ ။

" သခင္ေလး...... အဆင္ေျပရဲ႕လား.......''

သခင္ေလးကို မဖက္မိရံုတမယ္ အနားတိုးကပ္ၿပီး ဂ႐ုတစိုက္ ေမးလိုက္ေတာ့ သခင္ေလးက ခ်ိနဲ႔ေသာ မ်က္ဝန္းေတြနဲ႔ သူ႔ကို လွမ္းၾကည့္လိုက္သည္ ။

" ငါ မင္းကို ေနာက္ဆံုး အမိန္႔တစ္ခုေပးမယ္ ၊ မင္းကို ငါအခု လြတ္လပ္ခြင့္ေပးလိုက္ၿပီ ၊ မင္း ထြက္သြားလို႔ရၿပီ ၊ ဒီကို ဘယ္ေတာ့မွ ျပန္မလာပါနဲ႔ ၊ ဒါမင္းေသခ်ာေပါက္ လိုက္နာရမယ့္ အမိန္႔ဘဲ ''

" ဟင့္အင္း...... သခင္ေလး မ႐ွိတဲ့အရပ္မွာ ကြၽန္ေတာ္ ႐ွင္သန္ႏိုင္မွာ မဟုတ္ဘူး ၊ ကြၽန္ေတာ့္ကို ႏွင္ထုတ္တာက လြဲရင္ ႀကိဳက္တဲ့ အမိန္႔ေပးပါ ''

အႏႈိင္းမဲ့ က သူ႔ကို စိတ္ပ်က္သလို စုတ္တစ္ခ်က္သပ္ရင္း လွမ္းၾကည့္လိုက္သည္။

" ခုရက္ပိုင္း ေကာင္းျပတာနဲ႔ ကမ္းတက္လာတယ္ ၊ ငါ စကားကို ႏွစ္ခါမေျပာဘူး..... ခု ထြက္သြား ''

အေ႐ွ႕မွာ ရပ္ေနသည့္ ဦးမင္းလက္ယ်ာ သည္ မုန္းကို ခပ္စိမ္းစိမ္းၾကည့္ရင္း

" သူ ေျပာတာကို လက္ခံၿပီး ထြက္သြားလိုက္ပါ မုန္း.....ဒါ မင္းအတြက္ ေနာက္ဆံုး အခြင့္အေရးဘဲ ''

" ခမ်ားႀကီး ပါးစပ္ပိတ္ထား......... ၊ ခမ်ားႀကီး သခင္ေလးကို ဘာလုပ္ထားလဲ က်ဳပ္အကုန္သိတယ္ ၊ ခမ်ားႀကီးက သခင္ေလးကို သတ္ဖို႔ႀကိဳးစားေနတာ ၊ သခင္ေလးကို ေကာ္ဖီစြဲေအာင္လုပ္ၿပီး နာက်င္မႈေတြနဲ႔ တေျဖးေျဖးခ်င္း ညင္းဆဲသတ္ဖို႔ ႀကိဳးစားေနတာ က်ဳပ္ အကုန္သိတယ္ ''

အာေခါင္ျခစ္ၿပီး ေအာ္ဟစ္လိုက္သည့္ မုန္းေၾကာင့္ အႏႈိင္းမဲ့ ေကာ ဦးမင္းလက္်ာပါ သူ႔ကို အံျသမင္သက္စြာ ၾကည့္မိသြားသည္ ။ ထို႔ေနာက္မွ ဦးမင္းလက္်ာ၏ မ်က္ႏွာသည္ တေျဖးေျဖး ျပံဳးေယာင္သမ္းလာၿပီး ဟက္ဟက္ပက္ပက္ ရယ္လိုက္သည္ ။

" ဒီအမွန္တရားကို အႏႈိင္းမဲ့ ခမ်ာ မသိလိုက္ရဘဲ ေသသြားမယ္ ထင္ထားတာ ၊ ဘယ္ဆိုးလို႔လဲ.... မင္းေလ့က်င့္ေပးထားတဲ့ ေခြးေပါက္က အကင္းပါးသားဘဲ ။ ဒါဆိုလည္း ငါ ေကြ႔ပတ္မေနေတာ့ဘူး ၊ ႐ွယ္ယာလြဲေျပာင္းစာရြက္မွာ လက္မွတ္ထိုးၿပီး က်န္႐ွိတဲ့ ဘဝတစ္ေလ်ွာက္ကို အိပ္ယာထဲ လူးလိမ့္ၿပီး ကုန္ဆံုးေနလိုက္ပါ....... ။ ငါ မင္းကို ျမင္ေနရတာ စိတ္ကုန္လာၿပီ ၊ ဒီထက္ပို မျမင္ခ်င္ေတာ့ဘူး ''

အႏႈိင္းမဲ့ သူ႔ဗိုက္ကို ဖိႏွိပ္ထားရင္း ေျခာက္ကပ္စြာရယ္လိုက္သည္ ။

" လက္မွတ္ေလးတစ္ခုအတြက္ ကိုယ္တိုင္လာေတာင္းရလား......ဒုဥကၠ႒ ရယ္.....။ တစ္ေယာက္ေယာက္ကို လႊတ္လိုက္ေပါ့ ။ အခုေတာ့ အရမ္းကို အလုပ္မ်ားတဲ့ လူကို ကိုယ္တိုင္လာေစမိလို႔ ကြၽန္ေတာ္ကေတာင္ အားနာရျပန္တယ္ ။ ေပးပါ......... ကြၽန္ေတာ္ခုဘဲ လက္မွတ္ထိုးေပးလိုက္မယ္ ''

" အစကတည္းက ဒီလိုလိမ္မာသင့္တာ.....။ ငါ့မွာေတာ့ မလိုအပ္ဘဲ အပိုေတြ လုပ္မိသြားတယ္ ဟက္ဟက္ ''

႐ွယ္ယာလြဲေျပာင္းစာခ်ဳပ္ကို ဦးမင္းလက္်ာ၏ တပည့္က အႏႈိင္းမဲ့ ေ႐ွ႕ကို ကမ္းေပးလိုက္ေတာ့ အႏႈိင္းမဲ့ ခပ္ဆတ္ဆတ္ဆြဲယူၿပီး မခ်ိဳမခ်ဥ္ ျပံဳးကာ လက္မွတ္ေရးထိုးလိုက္သည္ ။

ထို႔ေနာက္ ဦးမင္းလက္်ာ ဆီကို ျပန္ကမ္းေပးလိုက္၍ ဦးမင္းလက္်ာ က ေအာင္ႏိုင္သူလို ျပံဳးၿပီး စာရြက္ကို ငံု႔အၾကည့္ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ မ်က္ႏွာတစ္ခုလံုး ေဒါသေၾကာင့္ နီရဲသြားသည္။

စာရြက္၏ ေအာက္ေျခတြင္ အႏႈိင္းမဲ့၏ လက္မွတ္အစား ေနရာယူထားသည့္ စာလံုးက

Fuck you

ဦးမင္းလက္်ာ၏ မ်က္ႏွာသည္ ပံုမွန္ထက္ပိုစြာ ခက္ထန္လာၿပီး ေဒါသရိပ္ေတြ ျပည့္ႏွက္သြားသည္ ။ ဒီေကာင္ ေနာက္ဆံုးအခ်ိန္အထိ ငါ့ကို စိတ္ဒုကၡ ေပးတုန္း ။

" မင္း က ေသမယ့္ေန႔ကို အေစာဆံုး ေရြးလိုက္တာဘဲ အႏႈိင္းမဲ့ ၊ ရတယ္ေလ.... ငါကလည္း ျဖည့္ဆည္းေပးရမွာေပါ့ ''

ခါးၾကားမွ ဆြဲထုတ္လာသည့္ ပစၥတို ေသနတ္က အႏႈိင္းမဲ့၏ ရင္ဝတည့္တည့္ ။

" ဒိုင္း.........''

" မလုပ္န႔ဲ............''

သို႔ေသာ္ မုန္းေနာက္က်သြားသည္ ။ သခင္ေလး၏ ရင္ဝသည္ ေသြးေတြပန္းထြက္လာၿပီး ခႏၶာကိုယ္က ေနာက္ကိုယိုင္သြား၍ မုန္းက ဖမ္းအဆြဲ ႏွစ္ဦးစလံုး ေရကူးကန္ထဲ ျပဳတ္က်သြားသည္ ။

ေရကူးကန္ေအာက္တြင္ မုန္း၏ အျမင္အာရံုတို္႔သည္ ေဝဝါးသြားသည္ ။ သခင္ေလး ဘယ္မွာလဲ ..... သခင္ေလး.........။ သူ အသက္႐ွဴက်ပ္လာသည္.....မျဖစ္ဘူး.... သူေသလို႔မျဖစ္ေသးဘူး ။ သခင္ေလးကို ကယ္ရမယ္ ။ သခင္ေလး...... မုန္း ေခၚေနတာ ၾကားလား..........။ အျမင္ေတြ ေထြျပားသြားၿပီး သူ ေလာကႀကီးနဲ႔ အဆက္သြယ္ျပတ္သြားသလို အသိေတြက လြတ္တစ္ခ်က္ မလြတ္တစ္ခ်က္ ။

ေနာက္ဆံုးျမင္လိုက္ရတာက ေရကူးကန္၏ ၾကမ္းျပင္ေအာက္မွာ ေခြလဲေနသည့္ သခင္ေလး ။ ေသြးေတြေၾကာင့္ဘဲလားမသိ ေရျပာက ေရနီအျဖစ္ေျပာင္းလဲသြား၍ မုန္း၏ အျမင္အာရံု ေထြျပားသြားသည္ ။

မ်က္ဝန္းေတြ တေျဖးေျဖးေလးလံလာၿပီး အသက္႐ွဴက်ပ္လာ၍ မုန္း နာက်င္စြာ ေအာ္ဟစ္လိုက္ခ်င္ေတာ့သည္ ။

မျဖစ္ရဘူး....... ငါေရကူးတတ္တယ္..... ဒီလို မျဖစ္ရဘူး.........။ ဘာလို႔ ငါ့ေျခေထာက္ေတြ လက္ေတြက လႈပ္႐ွားလို႔မရတာလဲ ။ သခင္ေလး.... မုန္းရဲ လက္ကို ဖမ္းဆြဲထားပါ......မုန္းေရကူးတတ္တယ္... မုန္း သခင္ေလးကို ကယ္ပါ့မယ္ ။

သခင္ေလး........ အသက္႐ွင္ေနပါ..................
အ႐ွင္ဘုရား........... သခင္ေလးကို အသက္႐ွင္ဖို႔ အခြင့္အေရးတစ္ခုေတာ့ ေပးပါ ။

ေနာက္ဆံုး သခင္ေလး၏ လက္ကို သူဖမ္းဆြဲမိၿပီဟု ခံစားလိုက္ရသည္ ။ ထို႔ေနာက္.........မုန္း၏ မ်က္ဝန္းတို႔သည္ ေလးလံစြာပင္ ပိတ္က်သြားသည္ ။

သခင္ေလး ဘယ္မွာလဲ...........

မြန္းက်ပ္လိုက္တာ..............

လူတစ္ဦးက သူ႔ဆံပင္ကေန ေဆာင့္ကိုင္ၿပီး ဆြဲယူလိုက္ေသာေၾကာင့္ သူ ေရမြန္းရာမွ လြတ္ေျမာက္ၿပီး အသက္႐ွဴ ခြင့္ရသြားသည္ ။ ေနပါဦး တစ္ေယာက္ေယာက္ သူ႔ကို ကယ္လိုက္တာလား..... ။ ဒါဆို သခင္ေလးကေကာ..............

ေျမျပင္ေပၚ အၾကမ္းပတမ္း ပစ္ခ်ခံရ၍ မုန္း အံျသထိတ္လန္႔သြားသည္ ။ ဒါက ဖုန္မႈန္႔ေတြ.....ေနပါဦး...... သခင္ေလးရဲ႕ ေရကူးကန္မွာ ေျမသားမ႐ွိမွန္း သူေကာင္းေကာင္းသိသည္ ။ ဒါက ဘယ္ေနရာလဲ.......?

ဘုန္း...........

" မွတ္ၿပီလား.......ငါ့ကို အာခံခ်င္တဲ့ေကာင္ ''

အင့္....... ! အားျပင္းေသာ ကန္ခ်က္က သူ႔ ဝမ္းဗိုက္ေပၚ ဆက္တိုက္ဝင္လာ၍ နာက်င္ျခင္းနဲ႔အတူ သူ ေၾကာင္အမ္းစြာ မ်က္စိဖြင့္လိုက္ေတာ့ ။

ဟင္း...........သူက ငါ့အေဖ ။ ေနပါဦး.......ဒါက သူအရင္ေနခဲ့တဲ့ က်ဴးေက်ာ္ရပ္ကြက္ ။

အဆက္မျပတ္ ေရာက္လာသည့္ ကန္ခ်က္နဲ႔အတူ အေဖ့၏ ဆဲသံေတြက မြန္ထူစြာ ။

" မင္းက မေမြးဖြားလာသင့္ဘူး....... မင္းေၾကာင့္ မင္းအေမ ေသခဲ့ရတာ ၊ မင္းက ၿဂိဳလ္ဆိုးေကာင္...... သံုးစားလို႔မရတဲ့ေကာင္.......၊ အကုသိုလ္ေကာင္....ေမြးကတည္းက ေကာင္းက်ိဳးမေပးတဲ့ေကာင္ ''

အံျသစိတ္ေတြေၾကာင့္ အေဖ့၏ ကန္ခ်က္ေတြက နာက်င္ရေကာင္းမွန္းသူမသိေတာ့ ။ ဒါက အိမ္မက္တစ္ခုလား........? ၊ ဒါက သဘာဝလြန္ ျဖစ္ရပ္ဆန္းမ်ိဳးလား...... ၊ အိမ္မက္ဆိုရင္လည္း ျပန္မႏိုးထပါနဲ႔ေတာ့ ..........၊ သခင္ေလး ေသဆံုးမွာကို ဘာမွမတတ္ႏိုင္စြာ ၾကည့္ေနရမွာခ်င္းတူတူ ဒီ အိမ္မက္ထဲမွာဘဲ ပိတ္မိေနတာ ပိုေကာင္းမယ္ ။

မည္သူမွန္း မသိေသာ္လည္း သူ႐ွိရာသို႔ တစ္စံုတစ္ဦးက ဦးတည္လာသည္ကို ေတြ႔လိုက္ရသည္ ။ ေနပါဦး ဒီျမင္ကြင္းကို သူေကာင္းေကာင္း ရင္းႏွီးေနတယ္ ။ ဒီလူက ဘယ္သူလဲ.....သူ႔မ်က္ႏွာ မျမင္ေသးေပမယ့္ သူ ေကာင္းေကာင္းရင္းႏွီးေနသည့္ ပံုရိပ္တစ္ခု ၊ထိုစဥ္ သူ႔မ်က္ႏွာေ႐ွ႕တြင္ ထိုလူႀကီးက ေျခစံုရပ္လိုက္သည္ ။

" မင္း ငါနဲ႔လိုက္ခဲ့မလား.......... ''

ဒါ သခင္ေလးအသံ..........
သူ႔စိတ္ထဲမွာ အျမဲမွတ္မိေနသည့္ ခ်စ္ရသူအသံ....

သူ အံျသထိတ္လန္႔စြာ ေမာ့ၾကည့္လိုက္ေတာ့ suit အျပည့္နဲ႔ စမတ္က်ေနသည့္ သခင္ေလး ။ ၿပီးေတာ့ ေနာက္ဆံုးျမင္ခဲ့ရသည့္ ပံုစံ အေနအထားမ်ိဴးမဟုတ္ဘဲ အသားအေရကစိုေျပေနၿပီး ျပည့္ျပည့္ေလး႐ွိေနသည္။ မ်က္တြင္းက်ေနမ်ိဳးလည္းမ႐ွိ ပါးႏွစ္ဖက္က ျပည့္ျပည့္တင္းတင္း ၊ ၿပီးေတာ့ သခင္ေလး၏ ပံုစံသည္ လံုးဝကို က်န္းမာေရး ေကာင္းမြန္သည့္ လူတစ္ဦးလို ။

ဒါ..... ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ.......?

ငါ ....... လြန္ခဲ့တဲ့ ေလးႏွစ္ သခင္ေလးန႔ဲ ေတြ႔ကာစ အခ်ိန္ကို ျပန္ေရာက္လာတာလား.........?

ဒါ......... ငါ အတိတ္ကို ျပန္ေရာက္လာတာလား....?

-----------------------------


Words 7326

2.12.019



unicode


" ဥက္ကဋ္ဌ က အခန်းထဲကို ဘယ်သူမှ ပေးမဝင်နဲ့လို့ မှာထားလို့ပါ.........''

အတွင်းရေးမှုးမလေး၏ စကားကြောင့် ဦးမင်းလက်ျာက ကျစ် ဆိုပြီး စုတ်သပ်လိုက်သည် ။ အတွင်းရေးမှုးမလေးမှာ နီးရာဓားကိုလည်း ကြောက်ရပြီး တာဝန်ဝတ္တရားကိုလည်းထိန်းသိမ်းရ၍ ပြေးစရာလမ်းက မရှိ ။

ဦးမင်းလက်ျာ ဟက်ခနဲရယ်ကာ အတွင်းရေးမှုးမလေး၏ မေးဖျားကို ဆွဲယူမော့လိုက်သည် ။

" မင်းကို ငါသေချာမှတ်ထားတယ် ၊ စိတ်မပူနဲ့ မင်းရဲ့ ဥက္ကဋ္ဌကြီး နဲ့အတူ အောက်ဆင်းဖို့ အထုပ်ပြင်ထား''

ကြိမ်းဝါးသံနဲ့အတူ ခြေလှမ်းကျဲကြီးဖြင့် ဥက္ကဋ္ဌ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည် ။ ရုံးခန်းက တိတ်ဆိတ်နေပြီး လူအရိပ်အယောင်မမြင်ရ၍ မျက်စိကစားပြီး ကြည့်လိုက်တော့ ကူရှင်ပေါ်မှာ နာကျင်စွာ ခွေလဲနေသည့် တူတော်မောင်ကို ဆီးကြိုတွေ့လိုက်ရသည် ။

" ဧည့်သည်လာတာကို မကြိုဘဲ တိတ်တိတ်လေး နေတယ်ပေါ့............. ''

သူ့အသံကိုကြားတော့ နာကျင်မှုဝေဒနာကို အံတုကာ ကြိတ်မှိတ်ပြီး အနှိုင်းမဲ့ ထထိုင်လိုက်သည် ။ တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်ကာ ချွေးသီးတွေကို သုတ်လိုက်ရင်း

" ဒုဥက္ကဋ္ဌ က ကြိုဖို့လိုအပ်တဲ့ ဧည့်သည်မှ မဟုတ်တာ ၊ ကျုပ်ကို အလစ်ဖမ်းဖို့ လာတာ မဟုတ်လား ၊ အခုမြင်သွားပြီဆိုတော့ သိပ်ကျေနပ်သွားမှာပေါ့ ''

" မင်း ငါ့အပေါ် အမြဲတမ်းရန်သူလို ဆက်ဆံနေတာ မပင်ပန်းဘူးလား......။ ငါတော့ မင်းအစား ပင်ပန်းတယ် ''

ဦးမင်းလက်ျာ အနှိုင်းမဲ့၏ ရှေ့တည့်တည့်တွင် ခြေချိတ်ထိုင်လိုက်သည် ။ အနှိုင်းမဲ့ က မည်သို့မျှပြန်မတုံ့ပြန်ဘဲ အံကြိတ်၍သာ နေ၍ ဦးမင်းလက်ျာ သည် နူတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည် ။

" မင်းပုံစံ ကြည့်ရတာ တော်တော်ကို အခြေအနေဆိုးနေပုံဘဲ ၊ ရောဂါအမည်က ဘာတဲ့လဲ ၊ ငါ့ရဲ့ တစ်ဦးတည်းသော တူလေးအတွက် ငါလည်း စိုးရိမ်ပေးဖို့ သင့်တယ်ထင်လို့ ''

" ကျုပ်ဘာမှမဖြစ်ဘူး.......။ ဒီအတိုင်းလေအောင့်တာ....... ။ လာရင်းကိစ္စကို ပြောပြီး ခများပြန်နိုင်တယ်......''

ဦးမင်းလက်ျာ အနှိုင်းမဲ့ကို ခပ်မဲ့မဲ့ပြုံးရင်း စိုက်ကြည့်ကာ

" နေမကောင်းရင်လည်း အိမ်မှာအေးဆေးနားပါလား အနှိုင်းမဲ့ ၊ ကျန်တဲ့ကိစ္စတွေကို ငါက တာဝန်ယူမှာမလို့ မင်း စိတ်မပူလည်းရတယ် ''

ကြောက်ရွံ့မှုကိုမပြသော်လည်း အနှိုင်းမဲ့၏ မျက်ဝန်းတို့သည် ဒေါသမာန်ကြောင့် အနည်းငယ် ခက်ထန်နေသည် ။ သူစိမ်းထက် သွေးရင်းက ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာ တကယ်မှန်သည် ။ သူနဲ့ဦးလက်ျာ ဒီနေရာအတွက် ပြိုင်ဆိုင်လာတာ ၅ နှစ်ခန့်ရှိနေပြီ ဖြစ်သည် ။ တိတိကျကျပြောရရင် ဦးမင်းလက်ျာ၏ မိဘနှစ်ပါး ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားပြီး ကတည်းက ဖြစ်သည် ။ သို့သော် သိပ်ပင်မကြာလိုက် အနှိုင်းမဲ့၏ ဖခင်သည်လည်း ထိုလမ်းသို့ လိုက်သွားလေသည် ။ မိခင်သည်လည်း ဖခင်စိတ်ကြောင့် အိပ်ယာထဲ ဘုန်းဘုန်းလဲသွားပြီး နောက်ဆုံး သူ့ကို တစ်ယောက်တည်းချန်ထားကာ ဖခင်ရှိရာသို့ လိုက်သွားလေသည် ။

အမုန်းတို့၏ အားပြိုင်ပွဲသည် ခုမှ ဇာတ်ရှိန်မြင့်လာပြီး ဦးမင်းလက်ျာက သူ့နေရာကို ပေါ်တင်ခြိမ်းခြောက်လာသည် ။ ပြီးတော့ သူ့ရောဂါကို သတိထားမိလာပြီ ။ နေဦး..... ဒါမဖြစ်သင့်ဘူး....။ သူနေမကောင်းတဲ့ ကိစ္စကို ဖုံးကွယ်ထားတာကို ဒီလူစီဖာနတ်ဆိုး ဘယ်က သိလာတာလဲ ။

" ဟက်........... နောက်ဆုံး ရှင်းပစ်ရမယ့်သူက ကျုပ်ပေါ့.....ဟုတ်လား..... ဦးမင်းလက်ျာ ''

" မဆိုးဘူး........ မင်း တော်တော် ဉာဏ်ကောင်းတာဘဲ........။ ဒီတော့ ဘာကိုမှ မတွယ်ကပ်ဘဲ အကုန်လုံးကိုချန်ထားပြီး ကိုယ်လွတ်ရုန်းလိုက်ပါ.....။ မုန်းအသင်္ချေ အပါအဝင်ပေါ့...,............''

တင်းတင်းဆုပ်ထားသည့် လက်သီးတို့သည် မပေါက်ကွဲမိအောင် မနည်းထိန်းထားရသည် ။

" ဒီကောင်လေးကို မနှောင့်ယှက်ပါနဲ့......၊ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်ဖြစ်ရအောင် ဒီကိစ္စတွေက မုန်း နဲ့ ဘာမပက်သက်ဘူး ''

" ဒါပေမယ့်........ မင်း သိပ်တန်ဖိုးထားတယ်မလား ၊ ဒါဆိုရပြီ...... ငါက မင်းတန်ဖိုးထားတဲ့ ပစ္စည်းတွေကို အကုန် ဖျက်စီးပစ်မှာ...... မုန်း ကလွဲလို့ပေါ့ ၊သူ့ကိုတော့ မင်းထက်မလျော့ဘဲ တန်ဖိုးထားပေးပါ့မယ် ။ ငါ့လက်ထဲမှာ ပိုပြီး အရောင်တောက်လာစေရမယ်...... မင်းသာ မင်းနဲ့အတူ ငရဲကို ဆွဲမခေါ်သွားနဲ့ ''

" ခများလိုလူက တန်ဖိုးဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကိုကော သိရဲ့လား......။ နားလိုက်စမ်းပါ အကိုင်းကြီးကြီးတစ်ခုမှာ....... မုန်းက ကျုပ် သံပတ်ပေးထားတဲ့ ကော်ရုပ် ၊ သူက ကျုပ်ကလွဲလို့ ဘယ်သူ့အမိန့်ကိုမှ မနာခံဘူး ၊ သူက တန်ဖိုးရှိလို့တော့ မဟုတ်ဘူး....ကျုပ်အတွက် အသုံးဝင်လို့ ခုလို သားရေပေါ်မှာ တင်ထားပေးတာ ''

" ကျွတ်....ကျွတ်....... သိပ်သနားစရာကောင်းတဲ့ကောင် ၊ သေခါနီးတာတောင် ရိက္ခာကို အကုန်သယ်သွားချင်နေတယ် ၊ လောဘသိပ်မကြီးနဲ့ အနှိုင်းမဲ့ဘုန်း........ မျောက်သစ်ကိုင်းလွှတ်တာထက် ဆိုးသွားမယ်......''

နာနာကျင်ကျင်အံကြိတ်လိုက်သည့် အနှိုင်းမဲ့ သည် သူ့ရှေ့က လူစီဖာနတ်ဆိုးကို သူနဲ့အတူ ငရဲသို့ ဘယ်ပုံဘယ်နည်းနဲ့ ခေါ်ဆင်းရမှန်းမသိတော့ ။

" မပူနဲ့ ဦးမင်းလက်ျာ......... ကျုပ် တစ်ယောက်ထဲ ငရဲကိုမသွားဘူး...... ခများကိုပါ အပါခေါ်သွားမှာ ၊ အဲ့ကျမှ ခုလို အသံကောင်း ဟစ်နိုင်ပါစေ ''

ထိုစဉ် အခန်းတံခါးပွင့်လာပြီး မုန်းဝင်လာတာကို မြင်မိ၍ ဦးမင်းလက်ျာ ဆက်ပြောမည့် စကားတို့သည် ရပ်တန့်သွားကာ အနှိုင်းမဲ့ကို ကြင်ကြင်နာနာကြည့်ပြီး ပြောလိုက်သည် ။

" မင်းမကြိုက်ရင်လည်း မပြောတော့ပါဘူး......၊ မင်းအတွက် ငါတကယ့်ကို စိတ်ပူမိလို့ပါ ''

အခန်းထဲမှာ ဦးမင်းလက်ျာ ကိုမြင်လိုက်ရ၍ မုန်း၏ မျက်ခုံးတို့က တွန့်ချိူးစွာ

" သခင်လေး......... ဟို ..... ကားလမ်းပိတ်နေလို့ နည်းနည်းနောက်ကျသွားတယ် ''

မုန်းကို လှည့်မကြည့်ဘဲ အနှိုင်းမဲ့က နိုင်ထက်စီးနင်းအပြုအမူဖြင့် ပြုံးရင်း

" မင်း ၅ မိနစ်နောက်ကျတယ် ၊ ပြစ်ဒဏ်ခံယူဖို့ အဲ့မှာ ရပ်နေ...... ၊ ဘယ်လိုလဲ ဦးမင်းလက်ျာ.... တစ်ခါတည်း ကြည့်သွားမှာလား ဒီကောင်လေးကို အပြစ်ပေးတဲ့ နည်း ''

" စိတ်ဝင်စားစရာဘဲ......... ၊ မင်းရဲ့ ခွေးပေါက်က မင်းအမိန့်ကို ဘယ်လောက်နာခံကြောင်း ငါ့ကို ကြွားချင်တယ်ပေါ့ ''

" သိပ်ဟုတ်တာပေါ့....... သူက ကျုပ်ရဲ့စကားဆို သေဆိုသေ ရှင်ဆိုရှင် တသွေမတိမ်းနားထောင်တဲ့ သူမျိုး ၊ ခများကြီး ဘယ်လောက်ဘဲ ကြိုးစားကြိုးစား သူ့အပေါ် အကျိုးသက်ရောက်မှာမဟုတ်ဘူး ''

အနှိုင်းမဲ့ ပြောပြောဆိုဆိုထရပ်ပြီး သူ့ခါးပတ်ကို ဆွဲချွတ်လိုက်ပြီး မုန်း ဘက်လှည့်လိုက်သည် ။

" ဒူးထောက်.....''

သခင့်အမိန့်မို့ တွေဝေခြင်းအလျဉ်းမရှိ မုန်း ဒူးအထောက်မှာ စပ်ဖျင်ဖျင်း နာကျင်မှုနဲ့အတူ ကျောပြင်ပေါ်သို့ ကျလာသည့် ခါးပတ်ကြိုး၏ လွှဲချက်များ ။ မုန်း မငိုမိ ၊ မအော်ညည်းမိဘဲ အံကိုကြိတ်လျက် ခေါင်းကို ငုံ့ထားမြဲ ။ သခင်လေးရဲ့ ရိုက်ချက်က အားပျော့သွားလိုက်တာ....... အရင်လို အားတွေမပါတော့ဘူး ၊ သခင်လေး အားနည်းသွားတာလား ၊သူ့ကို ညှာတာတာလား ။

၁ ချက်

၂ ချက်

၃ ချက်မြှောက်

" ရပ်လိုက်တော့........ အနှိုင်းမဲ့....... ။ မင်းပြောတဲ့ မြေစာပင်ရဲ့ အဓိပ္ပာယ်ကို ငါနားလည်သွားပြီမို့ ဒီတစ်ခါတော့ ငါ့ကဘဲ လက်လျော့လိုက်မယ် ။ တကယ်တမ်း သနားစရာ ကောင်းတာက မုန်း မဟုတ်ဘူး........ မင်းဘဲ ။ စိတ်မကောင်းစရာက မင်းရဲ့ နောင်တတွေအတွက် ပြုပြင်ဖု့ိအချိန်တွေက မကျန်တော့ဘူး ''

မည်သည့် အဓိပ္ပါယ်နဲ့ ဦးမင်းလက်ျာ ပြောသွားမှန်း အနှိုင်းမဲ့ ချက်ချင်းမရိပ်မိလိုက်သော်လည်း မုန်း၏ ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံ မြည်စွဲသွားသည် ။

ဒါ နတ်ဆိုးရဲ့ စိန်ခေါ်သံဘဲ ................

မဖြစ်ဘူး.........သခင်လေး ဘာမဖြစ်ရဘူး ။

အခန်းအပြင်သို့ ဦးမင်းလက်ျာ ထွက်သွားပြီးနောက် အနှိုင်းမဲ့ သူ့ခါးပတ်ကို ပြန်ဝတ်ထားလိုက်သည်။

" အဝတ်စားချွတ်............ ''

အေးစက်စက်အမိန့်သံကြား မုန်း၏ မျက်နှာငယ်လေးသည် ယုန်သူငယ်လေးလိုပင် ။ မည်သည့်အမိန့်ကိုမဆို နာခံရမည့် ဝတ္တရားကြောင့် မုန်း တုန်ရီစွာပင် အင်္ကျီကို ချွတ်ချလိုက်သည် ။

သူ့မြင်ကွင်းတွင် ပေါ်လာသည့် ကျောင်ပြင်က ဖြူဖွေးပြီး မထိရက်မကိုင်ရက်စွာပင် ။သို့သော် သူပေးထားသည့် ဒဏ်ရာသည်ကား မြင်သာစွာပင် နီရဲပြီး သွေးခြေဥနေသည် ။

အရမ်းနာသွားလား......ကောင်လေး.......

ကိုယ် အရမ်းအတ္တကြီးသွားပြီထင်တယ်.......

မင်းလေးက ကိုယ်ပိုင်ကြောင်း သူ့ကို သက်သေပြချင်ခဲ့ရုံပါ ။ ဒါပေမယ့် မင်းကို နာကျင်အောင် လုပ်ရုံအပြင် တခြားမတွေးတတ်ခဲ့ဘူး ။ သူ ကိုယ့်ဆီကနေ မင်းကို လုယူသွားမှာ သိပ်ကြောက်တာဘဲ ကောင်လေးရယ် ။

သခင်လေးဆီက နောက်ထပ်ပေးမည့် ပြစ်ဒဏ်တွေကို သူ တိတ်ဆိတ်စွာစောင့်နေခဲ့ပေမယ့် အဲ့အစား နူးညံ့တဲ့ လက်ချောင်းအစုံက ကပ်ညှိလာ၍ သူ့ကျောပြင် တစ်ချက် မတ်သွားသည် ။

" ငြိမ်ငြိမ်နေ......... ငါ ဆေးထည့်ပေးနေတာ....''

" သခင်လေး....... မုန်း ကို အရမ်းမုန်းနေတာလား ''

" မင်းကို မေးခွန်းမေးဖို့ ငါခွင့်ပြုထားလား ၊ အခွင့်ရေးပေးတာနဲ့ ကမ်းတက်မနေနဲ့..... ''

မည်သို့ပင်ဆိုစေကာမူ မုန်း ကြည်နူးစွာပြုံးနေမိသည်။ ခုလို ယုယပေးမယ်ဆိုရင် သခင်လေးပေးမယ့် ပြစ်ဒဏ်တိုင်းက ချိူမြိန်ပါတယ် ။ မဆီမဆိုင် ဦးမင်းလက်ယျာကိုလည်း ကျေးဇူးတင်မိသွားသည် ။ ဒီအပြစ်ပေးမှုက ရဖူးသမျှထဲမှာ အသက်သာဆုံးနဲ့ အချိုမြိန်ဆုံး ပြစ်ဒဏ်မဟုတ်လား ။

******************

ဝုန်း.. .......!

ခလွမ်း............!

ပစ္စည်းပစ်ခွဲသံတွေကြောင့် သခင်လေးအနား မည်သူမျှ မသွားဝံ့ကျ ။ အနားမှာ ရှိနေသည့် မုန်းကတော့ သခင်လေး၏ ဒေါသအကျိုးဆက်အားလုံးကို ခံယူရန်အသင့် ။

" မင်း က ဘာမို့လို့ ငါ့ကို တားရဲရတာလဲ ပြော... မုန်းအသင်္ချေ ''

" သခင်လေး ကော်ဖီအစား တခြားတစ်ခုခုကို သောက်ပါ မုန်းချက်ချင်း လုပ်ပေးပါ့မယ် ''

ကော်ဖီကို တောင်းနေသည့် အချိန်တွင် သခင်လေးသည် ပုံမှန်ထက် ပိုဒေါသထွက်နေသည် ။ ဘာနဲ့တူလည်းဆို မူးယစ်ဆေးဝါးဆွဲနေသည့် လူတစ်ဦးလိုပင်။ ကိုယ်အလေးချိန်တွေ အရမ်းကို ကျသွားပြီး မျက်နှာတွေ ချောင်သွားသော သခင်လေးသည် ကုမ္ပဏီကို မသွားတာပင် ရက်အတော်ကြာနေပြီ ။ အမည်မသိရောဂါဝေဒနာကြောင့် ဗိုက်ထဲက စူးနင့်အောင့်နေသည့် နာကျင်မှုက တစ်ရက်ထက်တစ်ရက် ပိုမို ဆိုးရွားလာသည် ။

" မလိုဘူး...... ငါ ဒီကော်ဖီကိုဘဲ သောက်မယ် ၊ ခုချက်ချင်း ယူလာခိုင်း..... ''

" သခင်လေး.......... မဖြစ်ဘူး.....။ တစ်ရက်တလေ မသောက်ဘဲ နေကြည့်ပါလား......''

အနှိုင်းမဲ့၏ မျက်နှာသည် နီရဲလာပြီး မုန်း၏ အင်္ကျီစကို ဆုပ်ကိုင်ကာ နံရံသို့ တိုးကပ်လိုက်ပြီး ကျန်လက်တစ်ဖက်က မုန်း၏ မျက်နှာဆီသို့ ရွယ်လိုက်သည်။

ဘန်း..........!

မုန်း မျက်ဝန်းတွေကို မှိတ်ထားသော်လည်း အသံက သူ့အနားက ထွက်ပေါ်လာ၍ မဝံ့မရဲ မျက်လုံးဖွင့်လိုက်တော့ မျက်ရည်စက်လက်နဲ့ သခင်လေးကို မြင်လိုက်ရသည် ။ သခင်လေးသည် မုန်း၏ ရင်ဘတ်ပေါ်သို့ ခိုမှီလိုက်ရင်း အသက်ကို ပြင်းစွာရှူလေတော့သည် ။

" ငါ့ ကို ကော်ဖီပေးပါ........ ၊ ငါတောင်းပန်ပါတယ်ကွာ....... ''

ဟင့်အင်း..... ဒီလိုမဖြစ်သင့်ဘူးလေ သခင်လေး ။ သခင်လေး က တောင်းပန်ရမှာမဟုတ်ဘူး ၊ စိတ်ရှိလက်ရှိပေါက်ကွဲပြီး ပင်ပန်းလာရင် အိပ်စက်ရမှာ ၊ မုန်းကို ခုလိုပုံစံ မပြပါနဲ့လား ၊ မုန်း ခံနိုင်ရည် မရှိလို့ပါ။

" ကောင်းပြီ......မုန်း ယူခဲ့ခိုင်းလိုက်မယ် ။ ဒါပြီးရင် အိပ်ယာဝင်ရမယ်နော်........ သခင်လေး ညမအိပ်တာ တော်တော်ကြာပြီ ''

သူ့ပါးပြင်ပေါ်သို့ ရောက်လာသည့် သခင်လေး၏ လက်တို့က မျက်နှာပြင်အနှံ့ဟိုစမ်းဒီစမ်းရင်း ပြောလိုက်သည်က

" ဒီလိုမှပေါ့........ ငါမင်းအပေါ် မဆိုးချင်ဘူး မုန်း ၊ မင်းလည်း ငါ့ကို နားလည်ပေးပါ ''

ထိုနေ့ သခင်လေး ကော်ဖီတစ်ခွက်သောက်ပြီး ကတိအတိုင်း အိပ်ယာထဲ တန်းဝင်သည် ။ သို့သော် ထုံးစံအတိုင်း ဗိုက်ထဲက စူးအောင့်သည့် ဝေဒနာကြောင့် အကြာကြီး လူးလိမ့်နေခဲ့ရသည် ။ မကြည့်ရက်သည့် မုန်းက သခင်လေး၏ ကျောပြင်ကို သိုင်းဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သည် ။

" ဒီဝေဒနာတွေကို မုန်းဆီ ပေးပစ်လိုက်ပါ.....သခင်လေး........... ''

ရိူက်သံနဲ့အတူ ထွက်လာသည့်အသံက သခင်လေးမှ ဟုတ်လေစ ။

" ငါ မင်းကို နာကျင်မှုတွေဘဲ ပေးမိပြန်ပြီ....... ၊ ဟိုလူစီဖာနတ်ဆိုးပြောတာ တကယ်မှန်တယ် ၊ ငါ အခုနောင်တရနေပြီ ဒါပေမယ့် ပြန်ပြင်လို့မရတော့ဘူး ၊ ငါ့မှာ အချိန်တွေ မကျန်တော့ဘူးဆိုတာ ငါ ခံစားနေရတယ် ''

" သူ့စကားကို နားမယောင်နဲ့ သခင်လေး ၊ မုန်း သခင်လေးဆီက ရခဲ့ဖူးတဲ့ အရာအားလုံးက မုန်းဘဝမှာ အကောင်းဆုံး ဆုလာဘ်တွေပါ ၊ သခင်လေးသာ မရှိရင် မုန်း လွန်ခဲ့တဲ့ လေးနှစ်ကတည်းက အသက်ရှင်နေစရာ အကြောင်းရှိတော့မှာ မဟုတ်ဘူး ''

သူ့ ကျောပြင်ကို မဝံ့မရဲ ပြန်ဖက်တွယ်လာသည့် သခင်လေးက ကလေးတစ်ယောက်ပမာ ။ ပျော်သည် သို့သော် မပျော် ၊ သခင်လေးနဲ့အနီးကပ်ရှိနေခွင့်ရလို့ ပျော်မိပေမယ့် သခင်လေး၏ ဝေဒနာတွေကို မကုသပေးနိုင်၍ ကိုယ့်ကိုယ်ကို မုန်းမိသည် ။ဒီဝေဒနာတွေ အဆုံးသတ်ပါတော့ ။ သခင်လေး အိမ်မက်လှလှ မက်ပါစေ ။

သိပ်မကြာမှီအချိန်တွင် သခင်လေးအိပ်ပျော်သွား၍ သူ သက်ပြင်းချကာ သခင်လေး၏ မျက်နှာကို အငမ်းမရ ငေးကြည့်မိတော့သည် ။

" အိပ်ဆေးက အလုပ်ဖြစ်သားဘဲ......''

သခင်လေးသာ အိပ်ပျော်ရင် နာကျင်မှုဝေဒနာကို ခဏ မေ့သွားမှာမလို့ သခင်လေးသောက်မဲ့ ရေထဲ အိပ်ဆေးခပ်ခဲ့ခြင်းဖြစ်သည် ။ မနက်မိုးမလင်းခင် အားလုံး အိပ်ပျော်နေပြီဖြစ်၍ မုန်း သခင်လေးကို ဖက်ထားရာမှ လွှတ်ပြီး မီးဖိုခန်းထဲသို့ ဝင်လာလိုက်သည် ။

ကော်ဖီဘူး............

ဘယ်မှာပါလိမ့်..........

တွေ့ပြီ................

ကော်ဖီမှုန့်တစ်ချို့ကို ဘူးအသေးလေးထဲ ထည့်လိုက်ပြီး အိပ်ကပ်ထဲဝှက်ထားကာ အသာပြန်ထွက်လာလိုက်သည် ။

ပြီးတာနဲ့ အခန်းထဲ ပြန်ဝင်လာကာ သခင်လေးဘေးမှာ ငုတ်တုတ်ထိုင်နေမိသည်

" ပိန်သွားလိုက်တာ.......သခင်လေးရယ် ''

သခင်လေး၏ မျက်နှာပြင်ကို သူ့လက်နဲ့ ဖွဖွလေး စမ်းသပ်ကြည့်လိုက်သည် ။ ဒီနှာတံမြင့်မြင့်လေးက ယောကျာၤးပီသပြီး ဆွဲဆောင်မှုရှိလိုက်တာ ၊ အောက်နူတ်ခမ်းကနည်းနည်းထူပြီး အပေါ်နူတ်ခမ်းက ပါးပါးလေး ၊ မျက်နှာက နဂိုသွယ်ပါတယ်ဆို ခုလို ပိန်သွားတော့ လက်တစ်ဆုပ်စာဘဲ ကျန်တော့သည် ။

မုန်း အားမလိုအားမရနဲ့ သခင်လေး၏ ရင်ခွင်ထဲကို တိုးဝင်မိသွားသည် ။

သခင်လေး သိမှာမှမဟုတ်တာ..... သိသွားရင်လည်း အပြစ်ပေးတာ ခံလိုက်ရုံပေါ့ ။ သခင်လေးရဲ့ အသက်ရှူသံက ပြင်းလိုက်တာ.......အရမ်းများ ခက်ခဲပင်ပန်းနေလားမသိဘူး ။

မုန်း သခင်လေး၏ မျက်နှာကို မော့ကြည့်လိုက်တော့ အပြစ်ကင်းစွာပင် အိပ်စက်နေဆဲ ။ ဆွဲဆောင်မှုရှိသည့် နူတ်ခမ်းအစုံက အနည်းငယ် ဟစိဟစိနဲ့။

ရင်ခုန်လိုက်တာ.................

မုန်း အနှိုင်းမဲ့၏ မျက်နှာနားတိုးကပ်သွားကာ နူတ်ခမ်းပါးလေးကို အချိန်အတန်ကြာ စိုက်ကြည့်နေမိသည် ။ ပေါက်တဲ့နဖူး မထူးတော့.....၊ နောင်ခါလာ နောင်ဈေး....။ အခွင့်ရေးက ဘယ်တော့မှ ထပ်ရမည်မသိ ။ ပြီးတော့......သူက သခင်လေးနဲ့ ပက်သက်ရင် အမြဲတမ်းတော့ တုံးအမနေပါဘူး ။

နူးညံ့စွာ ပေါင်းစည်းသွားသည့် နူတ်ခမ်းအစုံတို့ကြောင့် ရင်ခုန်သံတွေက ထိတ်ခနဲ ။

နူးညံ့လိုက်တာ.......

ဖြေးညင်းစွာ ချလိုက်သော မျက်လွှာတို့ကြောင့် တဖက်လူ၏ ကော့တက်ပြုံးလာသည့် နူတ်ခမ်းပါးတို့ကို မုန်းမမြင်လိုက်ပေ ။

မောနင်း......... သခင်လေး....... ဒါမှမဟုတ် ချစ်သူ၊ မုန်း ခများကြီးကို အရမ်းချစ်တယ် ။

ဒီအတိုင်းလေး ဖက်ထားပါရစေ သခင်လေး ။ ဒီအခိုက်အတန့် ကျွန်တော့်ရဲ့ အပျော်ရွှင်ဆုံးအချိန်မို့ ။

*********************

Ringing..........

မုန်း contact name ကို တစ်ချက်ကြည့်ပြီး ကောက်ကိုင်လိုက်သည် ။

" Hello......... ''

" ဓာတ်ခွဲခန်းက အဖြေထွက်ပြီ....... ''

" ဘာတွေ့လဲ........... ''

" မင်းထင်တဲ့ အတိုင်းဘဲ ၊ ဒါက ကော်ဖီမှုန့်သက်သက် မဟုတ်ဘူး......။ တခြား မထင်မှတ်ထားတာတွေလည်း ပါနေတယ် ၊ ငါ မင်းရဲ့ ဖုန်းထဲကို mail ပို့လိုက်မယ် အခု ''

"Ok...... ''

စက္ကန့်ပိုင်းအကြာတွင် mail တစ်စောင်ရောက်လာ၍ သူ ချက်ချင်းဖွင့်ဖတ်လိုက်သည် ။စစ်ဆေးချက်ရလဒ်တွေက.........

ဟင်း...... မဖြစ်နိုင်ဘူး........ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ကော်ဖီမှုန့်ထဲတွင် ဘိန်းဖြူ အပြင် သေးငယ်သည့် အန္တရယ်ရှိသော အမှုန့်များပါဝင်နေသည် ။ ဖြစ်နိုင်တာက ဆံပင်ကို မှုန့်နေအောင် ကြိတ်ပြီး ကော်ဖီနဲ့ ရောစပ်ထားတာ ။ ဒါကြောင့် အစာအိမ်က ဆံပင်စတွေကို အစာမချေပေးနိုင်လို့ ထိုဆံပင်စတွေက အူနံရံမှာ စိုက်နေပြီး သခင်လေး နေ့တိုင်းနီးပါး ဗိုက်ထဲ စူးအောင့် ဝေဒနာခံစားနေရတာ ။ ရောဂါရှာဖွေလို့ မရခဲ့တာက ဒီ သေးငယ်တဲ့ ဆံပင်အမှုန့်တွေကြောင့် ။

မဖြစ်နိုင်ဘူး...... ဒီလောက် အန္တာရယ် များတဲ့ အရာတွေက သခင်လေးရဲ့ ဝမ်းထဲမှာ ရှိနေရတာလဲ ။ ဘိန်းဖြူ....... ဟုတ်တယ်..... အဲ့ ဘိန်းဖြူကြောင့် သခင်လေး ကော်ဖီကို တစ်စထက်တစ်စ စွဲမက်လာတာ ။ ကော်ဖီသောက်နေရင် စိတ်ပျော်နေပြီး ကော်ဖီမသောက်ရရင် ထသောင်းကျန်းသည် ။ ဒါက ကော်ဖီထဲမှာပါသည့် ဘိန်းဖြူကြောင့် ။ ပြီးတော့ ၃ နှစ်ကျော် အူထဲမှာ စိုက်ဝင်နေသည့် ဆံစတွေက ခုနောက်ပိုင်း ခံနိုင်ရည်အား မရှိတော့ဘဲ နာကျင်စူးအောင့်လာတာ ။

ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ ကိစ္စကို ဘယ်သူက လုပ်တာလဲ...... ။ ဘာကြောင့်လဲ......? ဖြစ်နိုင်ချေ တစ်ခုဘဲရှိသည် ။ သူက ဦးမင်းလက်ယျာ ။

သခင်လေး..............

အသိက ရုတ်တရက်ပြန်ဝင်လာကာ အပြင်ခံကုတ်အင်္ကျီကို အမြန်ကောက်ဝတ်ပြီး အိမ်တော်သို့ ထွက်လာလိုက်သည် ။ အိမ်တော်မှာ သခင်လေး တစ်ယောက်တည်း ကျန်ခဲ့သည် ။ ခုချိန်မှာ အိမ်တော်မှာက ယုံကြည်ရတဲ့သူ တစ်ယောက်မျှပင် မရှိ ။ သခင်လေးက အားနည်းနေပြီး သူ့အသက်ကို နုတ်ယူရန် စောင့်နေသည့်် လူတွေက အသင့် ။ ထိုအထဲတွင် သေမင်းလည်း ပါဝင်နေသည် ။

တစ်သက်လုံး ဘုရားကို မယုံကြည်ခဲ့သောသူက ခုမှ ယုံကြည်ခြင်းအလင်းကို ဝိုးတဝါး မြင်လိုက်ပြီး ဆုတောင်းမိတာက

" အရှင်ဘုရား ........သခင်လေးကို ရှင်သန်ခွင့်ပေးပါ.......... ''

ဒါနဲ့မပြီးသေး........ နတ်ဆိုးမင်းကိုပင် သူ ရန်ထောင်လိုက်မိသည် ။

" Lucifer........ သူ့ကို လက်ဖျားနဲ့တောင် ထိဖို့မကြိုးစားနဲ့........ ၊ ငရဲပြည်ဆိုရင်တောင် ကျုပ်က ဖျက်စီးပစ်မယ်.........''

သူ့ကားလေး ခြံဝန်းထဲကို ထိုးရပ်လိုက်တာနဲ့ သခင်လေးဟာ ရေကူးကန်စပ်နားမှာ လူတစ်ဦးနဲ့ စကားပြောနေတာ တွေ့လိုက်ရ၍ မုန်း ရင်ထဲ စိုးရိမ်မှုတွေ ပြည့်နှက်သွားသည် ။ မတော်လို့ ရေထဲပြုတ်ကျသွားရင် ဘယ်နှယ့်လုပ်မလဲ ။

သခင်လေး နဲ့ စကားပြောနေသူရဲ့နောက်ကျောကို တွေ့လိုက်ရုံနဲ့ ဒါဘယ်သူလဲ မပြောလည်း သိနေသည် ။ သူ့ခြေလှမ်းတွေကို ပုံမှန်ထက် နှစ်ဆမြန်ကာ မပြေးရုံတမယ် လျှောက်သွားလိုက်သည် ။

" သခင်လေး.............''

သူ့ကို မြင်တော့ ဦးမင်းလက်ျာ က မျက်နှာနည်းနည်းပျက်သွားသည် ။ ဒီနေရာမှာ ဒီကောင်လေးက ရှိမနေသင့်ဘူးလေ ။

" သခင်လေး...... အဆင်ပြေရဲ့လား.......''

သခင်လေးကို မဖက်မိရုံတမယ် အနားတိုးကပ်ပြီး ဂရုတစိုက် မေးလိုက်တော့ သခင်လေးက ချိနဲ့သော မျက်ဝန်းတွေနဲ့ သူ့ကို လှမ်းကြည့်လိုက်သည် ။

" ငါ မင်းကို နောက်ဆုံး အမိန့်တစ်ခုပေးမယ် ၊ မင်းကို ငါအခု လွတ်လပ်ခွင့်ပေးလိုက်ပြီ ၊ မင်း ထွက်သွားလို့ရပြီ ၊ ဒီကို ဘယ်တော့မှ ပြန်မလာပါနဲ့ ၊ ဒါမင်းသေချာပေါက် လိုက်နာရမယ့် အမိန့်ဘဲ ''

" ဟင့်အင်း...... သခင်လေး မရှိတဲ့အရပ်မှာ ကျွန်တော် ရှင်သန်နိုင်မှာ မဟုတ်ဘူး ၊ ကျွန်တော့်ကို နှင်ထုတ်တာက လွဲရင် ကြိုက်တဲ့ အမိန့်ပေးပါ ''

အနှိုင်းမဲ့ က သူ့ကို စိတ်ပျက်သလို စုတ်တစ်ချက်သပ်ရင်း လှမ်းကြည့်လိုက်သည်။

" ခုရက်ပိုင်း ကောင်းပြတာနဲ့ ကမ်းတက်လာတယ် ၊ ငါ စကားကို နှစ်ခါမပြောဘူး..... ခု ထွက်သွား ''

အရှေ့မှာ ရပ်နေသည့် ဦးမင်းလက်ယျာ သည် မုန်းကို ခပ်စိမ်းစိမ်းကြည့်ရင်း

" သူ ပြောတာကို လက်ခံပြီး ထွက်သွားလိုက်ပါ မုန်း.....ဒါ မင်းအတွက် နောက်ဆုံး အခွင့်အရေးဘဲ ''

" ခများကြီး ပါးစပ်ပိတ်ထား......... ၊ ခများကြီး သခင်လေးကို ဘာလုပ်ထားလဲ ကျုပ်အကုန်သိတယ် ၊ ခများကြီးက သခင်လေးကို သတ်ဖို့ကြိုးစားနေတာ ၊ သခင်လေးကို ကော်ဖီစွဲအောင်လုပ်ပြီး နာကျင်မှုတွေနဲ့ တဖြေးဖြေးချင်း ညင်းဆဲသတ်ဖို့ ကြိုးစားနေတာ ကျုပ် အကုန်သိတယ် ''

အာခေါင်ခြစ်ပြီး အော်ဟစ်လိုက်သည့် မုန်းကြောင့် အနှိုင်းမဲ့ ကော ဦးမင်းလက်ျာပါ သူ့ကို အံသြမင်သက်စွာ ကြည့်မိသွားသည် ။ ထို့နောက်မှ ဦးမင်းလက်ျာ၏ မျက်နှာသည် တဖြေးဖြေး ပြုံးယောင်သမ်းလာပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်သည် ။

" ဒီအမှန်တရားကို အနှိုင်းမဲ့ ခမျာ မသိလိုက်ရဘဲ သေသွားမယ် ထင်ထားတာ ၊ ဘယ်ဆိုးလို့လဲ.... မင်းလေ့ကျင့်ပေးထားတဲ့ ခွေးပေါက်က အကင်းပါးသားဘဲ ။ ဒါဆိုလည်း ငါ ကွေ့ပတ်မနေတော့ဘူး ၊ ရှယ်ယာလွဲပြောင်းစာရွက်မှာ လက်မှတ်ထိုးပြီး ကျန်ရှိတဲ့ ဘဝတစ်လျှောက်ကို အိပ်ယာထဲ လူးလိမ့်ပြီး ကုန်ဆုံးနေလိုက်ပါ....... ။ ငါ မင်းကို မြင်နေရတာ စိတ်ကုန်လာပြီ ၊ ဒီထက်ပို မမြင်ချင်တော့ဘူး ''

အနှိုင်းမဲ့ သူ့ဗိုက်ကို ဖိနှိပ်ထားရင်း ခြောက်ကပ်စွာရယ်လိုက်သည် ။

" လက်မှတ်လေးတစ်ခုအတွက် ကိုယ်တိုင်လာတောင်းရလား......ဒုဥက္ကဋ္ဌ ရယ်.....။ တစ်ယောက်ယောက်ကို လွှတ်လိုက်ပေါ့ ။ အခုတော့ အရမ်းကို အလုပ်များတဲ့ လူကို ကိုယ်တိုင်လာစေမိလို့ ကျွန်တော်ကတောင် အားနာရပြန်တယ် ။ ပေးပါ......... ကျွန်တော်ခုဘဲ လက်မှတ်ထိုးပေးလိုက်မယ် ''

" အစကတည်းက ဒီလိုလိမ်မာသင့်တာ.....။ ငါ့မှာတော့ မလိုအပ်ဘဲ အပိုတွေ လုပ်မိသွားတယ် ဟက်ဟက် ''

ရှယ်ယာလွဲပြောင်းစာချုပ်ကို ဦးမင်းလက်ျာ၏ တပည့်က အနှိုင်းမဲ့ ရှေ့ကို ကမ်းပေးလိုက်တော့ အနှိုင်းမဲ့ ခပ်ဆတ်ဆတ်ဆွဲယူပြီး မချိုမချဉ် ပြုံးကာ လက်မှတ်ရေးထိုးလိုက်သည် ။

ထို့နောက် ဦးမင်းလက်ျာ ဆီကို ပြန်ကမ်းပေးလိုက်၍ ဦးမင်းလက်ျာ က အောင်နိုင်သူလို ပြုံးပြီး စာရွက်ကို ငုံ့အကြည့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီရဲသွားသည်။

စာရွက်၏ အောက်ခြေတွင် အနှိုင်းမဲ့၏ လက်မှတ်အစား နေရာယူထားသည့် စာလုံးက

Fuck you

ဦးမင်းလက်ျာ၏ မျက်နှာသည် ပုံမှန်ထက်ပိုစွာ ခက်ထန်လာပြီး ဒေါသရိပ်တွေ ပြည့်နှက်သွားသည် ။ ဒီကောင် နောက်ဆုံးအချိန်အထိ ငါ့ကို စိတ်ဒုက္ခ ပေးတုန်း ။

" မင်း က သေမယ့်နေ့ကို အစောဆုံး ရွေးလိုက်တာဘဲ အနှိုင်းမဲ့ ၊ ရတယ်လေ.... ငါကလည်း ဖြည့်ဆည်းပေးရမှာပေါ့ ''

ခါးကြားမှ ဆွဲထုတ်လာသည့် ပစ္စတို သေနတ်က အနှိုင်းမဲ့၏ ရင်ဝတည့်တည့် ။

" ဒိုင်း.........''

" မလုပ်နဲ့............''

သို့သော် မုန်းနောက်ကျသွားသည် ။ သခင်လေး၏ ရင်ဝသည် သွေးတွေပန်းထွက်လာပြီး ခန္ဓာကိုယ်က နောက်ကိုယိုင်သွား၍ မုန်းက ဖမ်းအဆွဲ နှစ်ဦးစလုံး ရေကူးကန်ထဲ ပြုတ်ကျသွားသည် ။

ရေကူးကန်အောက်တွင် မုန်း၏ အမြင်အာရုံတို့်သည် ဝေဝါးသွားသည် ။ သခင်လေး ဘယ်မှာလဲ ..... သခင်လေး.........။ သူ အသက်ရှူကျပ်လာသည်.....မဖြစ်ဘူး.... သူသေလို့မဖြစ်သေးဘူး ။ သခင်လေးကို ကယ်ရမယ် ။ သခင်လေး...... မုန်း ခေါ်နေတာ ကြားလား..........။ အမြင်တွေ ထွေပြားသွားပြီး သူ လောကကြီးနဲ့ အဆက်သွယ်ပြတ်သွားသလို အသိတွေက လွတ်တစ်ချက် မလွတ်တစ်ချက် ။

နောက်ဆုံးမြင်လိုက်ရတာက ရေကူးကန်၏ ကြမ်းပြင်အောက်မှာ ခွေလဲနေသည့် သခင်လေး ။ သွေးတွေကြောင့်ဘဲလားမသိ ရေပြာက ရေနီအဖြစ်ပြောင်းလဲသွား၍ မုန်း၏ အမြင်အာရုံ ထွေပြားသွားသည် ။

မျက်ဝန်းတွေ တဖြေးဖြေးလေးလံလာပြီး အသက်ရှူကျပ်လာ၍ မုန်း နာကျင်စွာ အော်ဟစ်လိုက်ချင်တော့သည် ။

မဖြစ်ရဘူး....... ငါရေကူးတတ်တယ်..... ဒီလို မဖြစ်ရဘူး.........။ ဘာလို့ ငါ့ခြေထောက်တွေ လက်တွေက လှုပ်ရှားလို့မရတာလဲ ။ သခင်လေး.... မုန်းရဲ လက်ကို ဖမ်းဆွဲထားပါ......မုန်းရေကူးတတ်တယ်... မုန်း သခင်လေးကို ကယ်ပါ့မယ် ။

သခင်လေး........ အသက်ရှင်နေပါ..................

အရှင်ဘုရား........... သခင်လေးကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုတော့ ပေးပါ ။

နောက်ဆုံး သခင်လေး၏ လက်ကို သူဖမ်းဆွဲမိပြီဟု ခံစားလိုက်ရသည် ။ ထို့နောက်.........မုန်း၏ မျက်ဝန်းတို့သည် လေးလံစွာပင် ပိတ်ကျသွားသည် ။

သခင်လေး ဘယ်မှာလဲ...........

မွန်းကျပ်လိုက်တာ..............

လူတစ်ဦးက သူ့ဆံပင်ကနေ ဆောင့်ကိုင်ပြီး ဆွဲယူလိုက်သောကြောင့် သူ ရေမွန်းရာမှ လွတ်မြောက်ပြီး အသက်ရှူ ခွင့်ရသွားသည် ။ နေပါဦး တစ်ယောက်ယောက် သူ့ကို ကယ်လိုက်တာလား..... ။ ဒါဆို သခင်လေးကကော..............

မြေပြင်ပေါ် အကြမ်းပတမ်း ပစ်ချခံရ၍ မုန်း အံသြထိတ်လန့်သွားသည် ။ ဒါက ဖုန်မှုန့်တွေ.....နေပါဦး...... သခင်လေးရဲ့ ရေကူးကန်မှာ မြေသားမရှိမှန်း သူကောင်းကောင်းသိသည် ။ ဒါက ဘယ်နေရာလဲ.......?

ဘုန်း...........

" မှတ်ပြီလား.......ငါ့ကို အာခံချင်တဲ့ကောင် ''

အင့်....... ! အားပြင်းသော ကန်ချက်က သူ့ ဝမ်းဗိုက်ပေါ် ဆက်တိုက်ဝင်လာ၍ နာကျင်ခြင်းနဲ့အတူ သူ ကြောင်အမ်းစွာ မျက်စိဖွင့်လိုက်တော့ ။

ဟင်း...........သူက ငါ့အဖေ ။ နေပါဦး.......ဒါက သူအရင်နေခဲ့တဲ့ ကျူးကျော်ရပ်ကွက် ။

အဆက်မပြတ် ရောက်လာသည့် ကန်ချက်နဲ့အတူ အဖေ့၏ ဆဲသံတွေက မွန်ထူစွာ ။

" မင်းက မမွေးဖွားလာသင့်ဘူး....... မင်းကြောင့် မင်းအမေ သေခဲ့ရတာ ၊ မင်းက ဂြိုလ်ဆိုးကောင်...... သုံးစားလို့မရတဲ့ကောင်.......၊ အကုသိုလ်ကောင်....မွေးကတည်းက ကောင်းကျိုးမပေးတဲ့ကောင် ''

အံသြစိတ်တွေကြောင့် အဖေ့၏ ကန်ချက်တွေက နာကျင်ရကောင်းမှန်းသူမသိတော့ ။ ဒါက အိမ်မက်တစ်ခုလား........? ၊ ဒါက သဘာဝလွန် ဖြစ်ရပ်ဆန်းမျိုးလား...... ၊ အိမ်မက်ဆိုရင်လည်း ပြန်မနိုးထပါနဲ့တော့ ..........၊ သခင်လေး သေဆုံးမှာကို ဘာမှမတတ်နိုင်စွာ ကြည့်နေရမှာချင်းတူတူ ဒီ အိမ်မက်ထဲမှာဘဲ ပိတ်မိနေတာ ပိုကောင်းမယ် ။

မည်သူမှန်း မသိသော်လည်း သူရှိရာသို့ တစ်စုံတစ်ဦးက ဦးတည်လာသည်ကို တွေ့လိုက်ရသည် ။ နေပါဦး ဒီမြင်ကွင်းကို သူကောင်းကောင်း ရင်းနှီးနေတယ် ။ ဒီလူက ဘယ်သူလဲ.....သူ့မျက်နှာ မမြင်သေးပေမယ့် သူ ကောင်းကောင်းရင်းနှီးနေသည့် ပုံရိပ်တစ်ခု ၊ထိုစဉ် သူ့မျက်နှာရှေ့တွင် ထိုလူကြီးက ခြေစုံရပ်လိုက်သည် ။

" မင်း ငါနဲ့လိုက်ခဲ့မလား.......... ''

ဒါ သခင်လေးအသံ..........

သူ့စိတ်ထဲမှာ အမြဲမှတ်မိနေသည့် ချစ်ရသူအသံ....

သူ အံသြထိတ်လန့်စွာ မော့ကြည့်လိုက်တော့ suit အပြည့်နဲ့ စမတ်ကျနေသည့် သခင်လေး ။ ပြီးတော့ နောက်ဆုံးမြင်ခဲ့ရသည့် ပုံစံ အနေအထားမျိူးမဟုတ်ဘဲ အသားအရေကစိုပြေနေပြီး ပြည့်ပြည့်လေးရှိနေသည်။ မျက်တွင်းကျနေမျိုးလည်းမရှိ ပါးနှစ်ဖက်က ပြည့်ပြည့်တင်းတင်း ၊ ပြီးတော့ သခင်လေး၏ ပုံစံသည် လုံးဝကို ကျန်းမာရေး ကောင်းမွန်သည့် လူတစ်ဦးလို ။

ဒါ..... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.......?

ငါ ....... လွန်ခဲ့တဲ့ လေးနှစ် သခင်လေးနဲ့ တွေ့ကာစ အချိန်ကို ပြန်ရောက်လာတာလား.........?

ဒါ......... ငါ အတိတ်ကို ပြန်ရောက်လာတာလား....?

-----------------------------

Words 7326

2.12.019

Continue Reading

You'll Also Like

661K 62.6K 68
Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
680K 93.8K 54
Zawgyi ခံစားခ်က္ေတြကို ဖြင့္ဟလိုက္ရင္ ခင္ဗ်ားတို႔နားလည္လာလိမ့္မယ္။ ပြင့္လင္းစြာခ်စ္ရျခင္းက ဘယ္ေလာက္ထိ စိတ္အာဟာရ ျဖစ္ေစသလဲဆိုတာ။ Unicode ခံစားချက်တ...
666K 74.4K 58
Cover - Artist Ma Jue Swar Story Genre: Romance, Melodrama Age Restriction: 12 years and older Plot: တင်းကျပ်လွန်းတဲ့ဖခင်ဆီကနေထွက်ပြေးဖို့ ပင်းတယမှာပ...
237K 24.8K 21
"နှင်းတွေ​ဝေတဲ့​ဒီ​လိုဆောင်းမနက်ခင်း​လေးမှာကိုယ်တို့ပြန်​တွေ့ကြမယ်​နော်ရိပ်......." "အင်း​သေချာ​ပေါက်ပြန်​တွေ့ကြမယ်ဦးယာ...." "ႏွင္းေတြ​ေဝတဲ့​ဒီ​လိုေ...