အကြင်နာ.... မုန်း ( Completed)

By reta-nan

659K 61.3K 9K

ကိုယ့္ဘဝမွာ အျဖစ္ခ်င္ဆံုး ဆႏၵတစ္ခု႐ွိတယ္ ၊ ဒါက အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရရင္ ဆုတ္ၿပီး အေဖ့ကို ရေအာင္ ကယ္... More

ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep -14
ep 15
ep -16
ep -17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29
ep 30
Ep 31
Final
စာအုပ်ထုတ်ဝေခြင်း

ep 1

89.7K 3.8K 334
By reta-nan

ညေလ၏ ေအးစိမ့္မႈေတြၾကား အသက္ ၁၈ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ ျမက္ခင္းစိမ္းေပၚမွာ ေခြလဲက်ေနသည္ ။ ႀကီးမားေသာ ျခံဝန္းက်ယ္တြင္ လူမ်ားစြာ ႐ွိေနေသာ္လည္း မည္သူတစ္စံုတစ္ေယာက္မွ ထိုေကာင္ေလးကို လာေရာက္ႏွစ္သိမ့္ ထူေပးျခင္းမျပဳၾက ။ အဲ့ဒီအစား သနားစရာေကာင္းေသာ မ်က္ဝန္းေသျဖင့္သာ စိုက္ၾကည့္သြားျကသည္ ။ ေကာင္ေလးသည္ ေအးခဲမႈေတြၾကားကေန အဓိပၸါယ္ေဖာ္ျပလို႔ မရသည့္ အျပံဳးကို ေတာက္ပစြာျပံဳးလိုက္သည္။

နာစရာမ႐ွိဘူး......။ အားကိုးစရာမ႐ွိဘူး....။ သည္အစား ကိုယ့္အားကိုယ္ကိုးရံုသာ ။

မင္း ဒီအိမ္ရဲ႕ အ႐ွင္သခင္ ဆီက အသိအမွတ္ျပဳခံခ်င္လား......။ မင္းရဲ႕ ေသြးေခြၽးကုန္ခမ္းသြားတဲ့အထိ ႀကိဳးစားၿပီး ၿပိဳင္ဘက္ကင္းစြာ ျပဳမူပါ ။ ဒါဟာ အသိအမွတ္ျပဳခံရတာအျပင္ မင္းအေနနဲ႔ ႐ွင္သန္ခြင့္ေလး ႐ွိသြားၿပီ ။

ဒီအျပစ္ေပးမႈက ဘယ္ႏွနာရီ ၾကာျမင့္မည္ မသိ ။ ထို္႔ေၾကာင့္ ေကာင္ေလးသည္ ေျမႀကီးေပၚလက္ေထာက္က အားျပဳရင္း မတ္တပ္ရပ္လိုက္သည္ ။ ေက်ာျပင္ေပၚက ႐ိုက္ႏွက္ခံထားရသည့္ ဒဏ္ရာေတြေၾကာင့္ နာက်င္ေနပါေသာ္လည္း သူ႔မ်က္ႏွာသည္ နာက်င္ေၾကာင္း လံုးဝမျပ ။

မုန္းအသေခ်ၤ ......................

ဟုတ္တယ္ ..... သူ႔နာမည္က မုန္းအသေခ်ၤ ပါ ၊ သိပ္လွတဲ့ နာမည္ေလး ၊ ဒီနာမည္ရဲ႕ ျဖစ္တည္မႈဟာ ခ်စ္ရသူက အဓိပၸါယ္သတ္မွတ္ခ်က္တစ္ခုနဲ႔ ေပးလိုက္တာ ။ လွသေလာက္ အမုန္းေတြ ျပည့္ဝေနတဲ့ နာမည္။

ခ်စ္သား ဆိုတဲ့ နာမည္ကေန မုန္းအသေခ်ၤ ဆိုတဲ့ နာမည္ကို သူပိုင္ဆိုင္ခြင့္ရခဲ့သည္ ။ သူ႔အတြက္ နာမည္က အေရးမွ မႀကီးတာဘဲ ။ ခ်စ္သား လို႔ လူေတြေခၚၾကတုန္းကလည္း သူက နာမည္နဲ႔လိုက္ဖက္ခဲ့တာမွ မဟုတ္တာ ။ခ်စ္သားဘဝတုန္းက အေဖရင္းကိုယ္တိုင္ရဲ႕ ေရာင္စားျခင္း ခံခဲ့ရသူမို႔ မုန္း အျဖစ္နဲ႔ ႐ွင္သန္ခဲ့တဲ့ အခ်ိန္မွာ သခင္ေလးဆီက အမုန္းနဲ႔ နာက်ည္းခ်က္ေတြကို လက္ခံဖို႔ သူ အသင့္႐ွိေနခ့ဲသည္ ။

မွားယြင္းစြာ ေမြးဖြားလာၿပီးေနာက္ ဆင္းရဲစြာျဖင့္ ေသဆံုးဖို႔ သူ႔ကိုယ္သူခြင့္မျပဳ ။ အင္အားႀကီးရမယ္...၊ ဒါမွ သူ႔ဘဝက သနားစရာ အဆံုးသတ္မျဖစ္မွာ ။ ဒါေပမယ့္ အခု သူ႔ဘဝက ေျခသုတ္ခံုေလာက္ေတာင္ တန္ဖိုးမ႐ွိေသးဘူး ။ ဒါေၾကာင့္ သူ႔ကိုယ္သူ အရင္ၾကံ႕ခိုင္ေအာင္ လုပ္ရမယ္ ။

ကြဲေၾကသြားေသာ စိတ္ႏွလံုးအစံုကို ကမန္းကတန္း ျပန္ဆက္ရင္း သူ႔ရဲ႕လက္ေလးကို ဆုပ္ထားမိသည္။ မ်က္ရည္မေဝ့ေသာ္လည္း နာက်င္ေနဟန္တူသည့္ မ်က္ဝန္းအစံုသည္ အိမ္၏ အေပၚထပ္ မွန္ျပတင္းေပါက္ဆီသို႔ လွမ္းေမ်ွာ္ၾကည့္လိုက္သည္ ။

" သခင္ေလး........... ''

သခင္ေလး အစစ္အမွန္ဘဲ ....... သူ႔အျမင္အာရံုေတြ ေဝဝါးသြားမယ္ဆိုရင္ေတာင္ သခင္ေလးကို ဘယ္လိုပံုစံဘဲ ျဖစ္ျဖစ္ မွတ္မိသည္ ။သခင္ေလးဟု ေခၚလိုက္ရာတြင္ သူ႔ရင္ဘတ္တစ္ခုလံုး ေႏြးေထြးသြားသည္ ။ သူ႐ွိရာကို ငံု႔ၾကည့္ေနေသာ သခင္ေလး၏ ပံုရိပ္ကို ျမင္လိုက္ရာတြင္ တင္းတင္းေစ့ထားေသာ ႏူတ္ခမ္းတစ္စံုသည္ ပြင့္ဟ လာသည္ ။

" ဟင့္အင္း....... ကြၽန္ေတာ့္ကို ငံု႔မၾကည့္နဲ႔ သခင္ေလး ။ ကြၽန္ေတာ္က သခင္ေလး ငံု႔ၾကည့္ဖို႔ေတာင္ မတန္တဲ့သူပါ ။ ခဏဘဲေစာင့္ေပး..... သခင္ေလး႐ွိရာကို လာမွာမလို႔..... ခဏေလး သည္းခံေစာင့္ေပး....''

သူျပန္ေမာ့ၾကည့္လိုက္သည့္ အခ်ိန္အပိုင္းအျခားတြင္ သခင္ေလးက သူ႔ကို အထင္ျမင္ေသးစြာ တစ္ခ်က္ၾကည့္ကာ ျပန္လွည့္ထြက္သြားသည္ ။ ျခံဝန္းထဲတြင္ ႐ွိေနေသးသည့္ ေကာင္ေလးကေတာ့ မွန္ျပတင္းေပါက္ကို အၾကာႀကီး စိုက္ၾကည့္လ်ွက္ပင္ နာက်င္စြာ ရပ္ေနေလရဲ႕ ။ ဒီအိမ္ကို ေရာက္ၿပီး သိပ္မၾကာခင္ သခင္ေလး သူ႔ကို စိတ္လိုလက္ရ ေျပာဖူးသည့္ စကားတစ္ခြန္းက

" ငါမင္းကို အေတာင္စံုတပ္ေပးမယ္ ၊ ၿပီးရင္ ငါ့အတြက္ မင္းပ်ံသန္းေပးရမယ္ ''

အသားေပၚ အပ္တင္ၿပီး အမွတ္အသားလုပ္မွ တက္တူးလို႔မေခၚဘူး ။မုန္းရဲ႕ ႏွလံုးသားထဲ သခင္ေလးရဲ႕ စကားဟာ ေသရာပါ တက္တူးတစ္ခုလို စြဲျမဲက်န္ခဲ့တာကလည္း တက္တူးထိုးထားတာဘဲ ။ အဲ့ဒီေန႔ကစ မုန္းရဲ႕ အသက္႐ွဴသံကိုေတာင္ သခင္ေလး ပိုင္ဆိုင္ခဲ့ပါတယ္။

ျမင္ျမင္ခ်င္း ခ်စ္မိတာဟာ အခ်စ္စစ္လား ၊ ဒါမွမဟုတ္ ခဏတာ စိတ္ကစားတာလား ။ မုန္း ေတာ့မထင္ဘူး.....မုန္း သခင္ေလးအေပၚ ခ်စ္ခဲ့မိတာဟာ ခဏတာအတြက္မဟုတ္ဘဲ တစ္ဘဝစာအတြက္ဆိုတာ သက္ေသျပခြင့္ရရင္ ျပခ်င္မိတယ္ ။

ည သည္ တေျဖးေျဖးႏွင့္ နက္လာၿပီး တိုက္ခတ္လာေသာ ေလေအးတို႕က အ၀တ္ပါးကို ၀တ္ဆင္ထားေသာ ေကာင္ေလးအတြက္ ရန္သူသဖြယ္ျဖစ္လာသည္ ။ ေအးစက္ေနေသာ လက္ဖ်ား ေျဖဖ်ား တို႔သည္ အခ်င္းခ်င္းပြတ္သပ္လ်ွက္ ထိုေနရာမွာသာ ရပ္ေနမိသည္ ။ ထံုထိုင္းလာေသာ အေၾကာတို႔ေၾကာင့္ သူ ထိုင္စရာေနရာတစ္ခု လိုခ်င္မိေပမယ့္ မထိုင္ရဲ.....။ အခု သူက အျပစ္ေပးခံရတဲ့ သူမလား...။ သူ ထိုင္လိုက္ရင္ သူ႔ကို ေပ်ာ့ည့ံတဲ့သူလို႔ သခင္ေလး ထင္သြားလိမ့္မယ္ ။

တစ္ျခံလံုးမွာ ဆင္ထားတဲ့ အလွမီးေတြေၾကာင့္ ညက ညနဲ႔မတူဘဲ လွေနတာေတာ့ အမွန္ပင္ ။ ဒီေနရာက အရမ္းကို လွသည္ ။ သခင္ေလး႐ွိေနေတာ့ ပိုလွသည္ဟု ဆိုရမည္ ။

အဟက္... ဒီေလာက္ ေအးခဲေနတဲ့ၾကားထဲ ငါက အလွတရားေတြ ခံစားတတ္ေနပါလား ။

ဒီကို လြန္ခ့ဲတဲ့ တစ္ႏွစ္တည္းက ေရာက္႐ွိခဲ့သည္ ။ ေျပာရရင္ အရက္သမား အေဖကိုယ္တိုင္က သခင္ေလးဆီကို သူ႔ကို ေၾကးႀကီးႀကီးနဲ႔ ေရာင္းခဲ့တာဘဲ ။ သူက သခင္ေလး ဝယ္ထားတဲ့ အ႐ုပ္ ။ ဒါေၾကာင့္ သခင္ေလးက သူ႔စိတ္တိုင္းက် ပံုသြင္းသည္ကို လက္ခံရမွာ သူ႔တာဝန္ ။

နာက်င္ရတယ္....... ပင္ပန္းရတယ္ ဆိုရင္ေတာင္ သူေပ်ာ္မိတယ္ ။ သခင္ေလးရဲ႕အနီးကပ္မွာ ေနရတာေလာက္ ေကာင္းတဲ့ကံမ႐ွိ ။ ငရဲသည္ နိဗၺာန္ ျဖစ္ၿပီး မီးပင္လယ္သည္ ေအးျမသည္ဟု ထင္မိသည္ ။ သူ ေစ့ေစ့ မၾကည့္ရဲခဲ့ေသာ သခင္ေလးသည္ အရမ္းျမင့္ျမတ္လြန္းသည္ ။ သခင္ေလး၏ အ႐ွိန္အဝါသည္ ဧကရာဇ္ တစ္ပါးလိုပင္ ခန္းနားထည္ဝါလြန္းသည္ ။

သူက သခင္ေလး ဝယ္ထားသည့္ အ႐ုပ္တစ္႐ုပ္ ။ အခ်ိန္မေရြး စြန္႔ပစ္ခံရႏိုင္ေခ်႐ွိ၍ သူ႔ကိုယ္သူ သခင္ေလး ျမတ္ႏိုးရမည့္ လူတစ္ဦး ျဖစ္လာႏိုင္သည္အထိ ေျပာင္းလဲ ပစ္ရမည္ ။

အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားမွန္းမသိ ၊ သူ႔ေျခေထာက္သည္ ေသြးလည္ပတ္မႈမ႐ွိေတာ့သလို ထံုထိုင္းသြားၿပီး မ်က္လံုးေတြက အားနည္းလာသည္ ။

" ကြၽန္ေတာ္ ပင္ပန္းေနၿပီ သခင္ေလး......... ကြၽန္ေတာ္ အရမ္းကို ေအးေနၿပီ ၊ ကြၽန္ေတာ္ ဆက္မရပ္ႏိုင္ေတာ့ဘူး...:''

အိမ္၏ တံခါးမႀကီး ပြင့္လာၿပီး အျဖဴေရာင္ညအိပ္ဝတ္စံုကို ဝတ္ဆင္လ်ွက္ လူတစ္ဦး သူ႔ဆီဦးတည္လာသည္ကို သူ႔အျမင္အာရံုေတြ မေဝဝါးခင္ ေနာက္ဆံုး ျမင္ေတြ႔လိုက္ရသည္ ။

ျမက္ခင္းျပင္ေပၚ မလဲက်မွီ တစ္စံုတစ္ဦး၏ ဖမ္းဆြဲထားမႈေၾကာင့္ ဒီညေတာ့ သူ အျပင္မွာ မအိပ္ရေလာက္ေတာ့ဘူးဟု ထင္မိသြားသည္ ။

ဒါက အဆံုးသတ္မဟုတ္ေသးဘူး......ဒါက အစ... နာက်င္မႈတို႔၏ အစ ၊ ဘဝတစ္ခု၏ အစ ၊ ၿပီးေတာ့ အခ်စ္တစ္ခု၏ အစ ။

****************

သံုးႏွစ္အၾကာ....... ၂၀၁၈ ခုႏွစ္

ဆိတ္ၿငိမ္ေသာ အခန္းတစ္ခုထဲတြင္ အပ္က်သံပင္မၾကား အသက္႐ွဴသံသည္လည္း မျပင္းျပ ၊ အသက္ ၂၆ ႏွစ္အရြယ္ လူတစ္ဦးသည္ ထိုင္ခံုေပၚတြင္ ေျခခ်ိတ္ထိုင္လ်ွက္ သူ႔ေ႐ွ႕တြင္ ဒူးေထာက္ထိုင္လ်ွက္႐ွိသည့္ လူငယ္ေလးကို မမွိတ္မသုန္ၾကည့္ရင္း လက္ထဲက စီးကရက္ကို အကြင္းလိုက္ျဖစ္ေအာင္ ဖြာလိုက္သည္။

ထို႔ေနာက္ သူ႔ေ႐ွ႕ ဒူးေထာက္ထိုင္ေနသည့္ ေကာင္ေလး၏ ေမးဖ်ားကို သူ႔ေျခေထာက္ႏွင့္ ပင့္တင္လိုက္သည္ ။

" ငါ့ကို ေစ့ေစ့ ၾကည့္စမ္း......... ''

သူ႔ကို ျပန္ေမာ့ၾကည့္လာသည့္ ေကာင္ေလး၏ မ်က္ဝန္းေတြသည္ ျဖဴစင္ၾကည္လဲ့ေနကာ အျပစ္ကင္းဟန္တူသည္ ။ ထိုမ်က္ဝန္းေတြသည္ အရမ္းကို လွပသည္ ။ သလင္းေက်ာက္ကဲ့သို႔ ၾကည္လင္ၿပီး ႐ွည္လ်ားေသာ မ်က္ေတာင္တို႔သည္ ေယာက်ာၤးတစ္ေယာက္နဲ႔ မအပ္စပ္ဘဲ အရမ္းကို က်က္သေရ႐ွိ လွပသည့္ မိန္းမ တစ္ေယာက္တြင္သာ ႐ွိသင့္သည္ ။

" ႏွေျမာလိုက္တာ...........၊ မင္းဟာ အသံုးမက်တဲ့ မိဘဆီမွာ မေမြးဖြားဘဲ မင္းကို တန္ဖိုးထားတဲ့ မိသားစုဆီမွာ ေမြးဖြားခဲ့ရမွာ ။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ဘဲ ငါ့လက္ထဲကို ေရာက္လာတယ္ ။ ကြၽတ္....ကြၽတ္........ မင္းကို ႏွေျမာေပမယ့္ မသနားဘူး........၊ ၿပီးေတာ့ ဒီလို မ်က္လံုးလွလွေလးနဲ႔ ငါ့ကို စိုက္ၾကည့္မေနနဲ႔....... ငါ့မ်က္လံုးထဲ မင္းက သိပ္မုန္းစရာေကာင္းတယ္......၊ မင္းက ရြံစရာအေကာင္ဘဲ ၊ ငါ့ရဲ႕ အေစခံတစ္ေယာက္ျဖစ္တဲ့မင္းက တစ္ျခားတစ္ေယာက္ကို ျပံဳးျပရဲတယ္ေပါ့....။ ဘာလဲ....... မင္းက သူ႔ကို အထင္ႀကီးေနတာလား ။ ငါ့လက္ထဲက လြတ္ေျမႇာက္ဖို႔ မင္းက သူ႔ကို အားကိုးမယ္ေပါ့..... ဟက္ဟက္.... မင္းက ရယ္စရာေကာင္းေအာင္ သိပ္လုပ္တယ္.....၊ ေမ်ွာ္လင့္ခ်က္ေတြ အရမ္းႀကီးမထားနဲ႔.... သိၾကားမင္း ဆင္းကယ္ရင္ေတာင္ ဒီဘဝမွာ မင္းငါ့လက္က မလြတ္ဘူးစိတ္ခ်.....''

မုန္း နာက်င္စြာ ျပံဳးလိုက္သည္ ။ သို႔ေသာ္ အျပံဳးေတြက အသက္ဝင္သည္ ။ ရင္ဘတ္တစ္ခုလံုး ေပါက္ထြက္မတတ္ျဖစ္ေနေသာ္လည္း မ်က္ဝန္းေတြသည္ ေရေသတစ္ခုထက္ပို၍ တည္ၿငိမ္သည္ ။ သူ႔ ေမးဖ်ားေအာက္မွာ ပင့္တင္ထားသည့္ သခင္ေလး၏ ေျခေခ်ာင္း ျဖဴျဖဴေလးကို သူငံု႔နမ္းခ်င္စိတ္ပင္ေပါက္မိသည္ ။ သူ႔မ်က္လႊာကို ေျဖးညင္းစြာခ်ရင္း တိုးတိမ္ေသာ အသံႏွင့္ေျပာလိုက္သည္ ။

" မုန္း သခင္ေလးဆီက လြတ္ေျမာက္ဖို႔ တစ္ခါမွ မေတြးဖူးသလို ထြက္ေျပးဖို႔လည္း ႀကိဳးစားမွာမဟုတ္ဘူး ။ မုန္းရဲ႕ အသက္႐ွဴသံကစ သခင္ေလးက ပိုင္တာမို႔ မုန္းရဲ႕ ႐ွင္ျခင္း ေသျခင္းကို လည္း သခင္ေလးက ဆံုးျဖတ္ပိုင္ခြင့္႐ွိပါတယ္.....''

သခင္ေလးဆိုသူက မဲ့ရြဲ႕စြာ ရယ္ရင္း သူ႔ေျခေထာက္ကို ျပန္႐ုတ္သိမ္းလိုက္သည္ ။ ၿပီးမွ ထိုင္ေနရာမွ ထရပ္ကာ သူ႔အဝတ္စားကို ေသသပ္စြာ ျပန္ျပင္ရင္း ေကာင္ေလးကို ေစာင္းငဲ့ ၾကည့္လိုက္သည္ ။

" ငါ့ခြင့္ျပဳခ်က္မရဘဲ သူ႔ကို ျပံဳးျပတဲ့အတြက္ မင္းကို အျပစ္ေပးရမယ္......။ ငါ ျပန္မလာမခ်င္း ဒီေနရာမွာဘဲ ဒူးေထာက္ ေစာင့္ေန ။ ငါ မျမင္ဘူးဆိုၿပီး ေရသာခိုရင္ မင္းအတြက္ ျပစ္ဒဏ္ပိုမ်ားသြားမယ္.....''

" မုန္း..... မလုပ္ဝ့ံပါဘူး........ ''

ဟက္.... သိပ္သိတာေပါ့......မင္းငါ့ကို မလြန္ဆန္ရဲတာ ။ မင္းက ငါ့အပိုင္ဘဲ...... ငါကလြဲၿပီး တျခားသူေ႐ွ႕မင္း ခစားစရာမလိုဘူး.....။ အို.... ကုန္ကုန္ေျပာရရင္ သူတို႔နဲ႔ မ်က္လံုးျခင္း ဆံုစရာေတာင္ မလိုဘူး.....။ ေနာက္တစ္ခါဆိုတာ ႐ွိရင္ ငါ မင္းရဲ႕ မ်က္လံုးကို ေဖာက္ထုတ္မယ္ ။

ဒီေၾကာက္စရာ စကားေတြကို ေကာင္ေလးသိေအာင္ပင္ မေျပာျပေတာ့ဘဲ သူ ျခံထဲသို႔ တစ္ခါ ျပန္ဆင္းလာလိုက္သည္ ။ မီးေရာင္ေတြ ထိန္ထိန္လင္းေနၿပီး ဂုဏ္သေရ႐ွိ ဧည့္သည္ေတာ္မ်ားသည္ အနည္းဆံုး လူငါးဆယ္ထက္မနည္း႐ွိသည္ ။

ဒီေန႔က သူ႔ေမြးေန႔......သူ႔ အသက္ ၂၆ ႏွစ္ျပည့္ ေမြးေန႔.....။ သူ ဆိုတာက......ဒီ အိမ္၏ အ႐ွင္သခင္ Noya လုပ္ငန္းစု၏ ဆက္ခံသူ အနႈိင္းမဲ့ဘုန္း ပင္ျဖစ္သည္ ။ သူ လာတာျမင္ေတာ့ ႐ုပ္ရည္သန္႔ျပန္႔သည့္ လူငယ္တစ္ဦးက သူ႔အနားကပ္လာသည္ ။

" ဘုန္း ..... ဟိုေကာင္ေလး ေကာ.....။ ဘယ္ေရာက္သြားတာလဲ..... ''

အႏႈိင္းမဲ့ ထိုသူကို မပြင့္မလင္းျပံဳးျပလိုက္ရင္း မ်က္ခံုးကို ပင့္တင္လိုက္သည္ ။

" မေျပာတတ္ဘူးေလ...... ငါက အေစခံ တစ္ေယာက္ရဲ႕ လႈပ္႐ွားမႈအကုန္ လိုက္ေစာင့္ၾကည့္ ေနရမွာလား ။ ငါ ဒီေလာက္မအားဘူး.......''

" မင္းကလည္း ဘာလို႔ သူ႔အေပၚ နည္းနည္းမွ အေကာင္းမျမင္ရတာလဲ..... သူက တကယ့္ကို သနားစရာေကာင္းတဲ့ေကာင္ေလးပါ ။ သူ႔ မ်က္လံုးေလးေတြက အရမ္းလွတယ္......။ မင္း သူ႔ကို သေဘာမက်ရင္ ငါ မင္းဆီကေန သူ႔ကို ဝယ္မယ္ကြာ....''

တဖက္သား၏ တန္ျပန္စကားေၾကာင့္ အႏိႈင္းမဲ့ ၏ ႏူတ္ခမ္းေတြ မဲ့သြားသည္ ။ ဒီေကာင္ေလးက ဘာမို႔လို႔ ခုမွ ေတြ႔ဖူးတဲ့ သူဆီက အာရံုစိုက္မႈကို ရေနတာလဲ ။ မျဖစ္သင့္ဘူး..., ဒီေကာင္ေလးက သူ႔အတြက္ဘဲ... သူက လြဲၿပီး ဘယ္သူ႔ဆီကမွ ခ်စ္ျခင္း မုန္းျခင္းေတြ မခံစားေစရဘူး....။

အႏိႈင္းမဲ့ သူ႔လက္ထဲက ဝိုင္ခြက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း တဖက္လူကို ခံစားခ်က္ကင္းမဲ့ေနသည့္ မ်က္ဝန္းေသႏွင့္ လွမ္းၾကည့္လိုက္သည္ ။

" ငါ ပိုင္တဲ့ ပစၥည္းက အမႈိက္တစ္ခု ျဖစ္ေနရင္ေတာင္ မဆိုင္တဲ့လူတစ္ေယာက္ဆီက ေဝဖန္တာမ်ိဳး မႀကိဳက္ဘူး......... ။ မင္း သိထားရမွာက ငါ မလိုခ်င္လို႔ စြန္႔ပစ္ဖို႔စဥ္းစားထားရင္ေတာင္ အေကာင္းပတိ အေနအထားနဲ႔ စြန္႔ပစ္မွာမဟုတ္ဘူး ။ သူ႔အေတာင္ပံေတြ အကုန္႐ိုက္ခ်ိဳးၿပီး သံုးစားလို႔ မရတဲ့အထိ လုပ္ၿပီးမွ မီးသၿဂိဳလ္ စက္ထဲ ထည့္ပစ္မွာ ''

ေျပာၿပီးတာနဲ႔ တျခားဧည့္သည္ေတြကို ႏူတ္ဆက္ရန္ သူထြက္လာခဲ့လိုက္သည္ ။ က်န္ခဲ့တဲ့လူေတြ ဘယ္လို ထင္ျမင္ခ်က္ေပးမလဲ သူ က႐ုမစိုက္ ၊ မည္သူမွ သူ႔အေၾကာင္းကို အတင္း လုပ္ၿပီး မေျပာရဲမွန္း ေသခ်ာေန၍ျဖစ္သည္ ။

မီးေရာင္ထိန္ထိန္လင္းၿပီး လူေတြ ျမဴးထူး ေပ်ာ္ပါးေနသည့္ ျခံဝန္းထဲက အေျခအေနနဲ႔ ဆန္႔က်င္စြာ အခန္းႀကီးႀကီး တစ္ခု မုန္းဟာ ခုထိ ဒူးေထာက္ ထိုင္ေနဆဲ ။ ငိုခ်င္ေသာ္လည္း မထြက္လာရဲသည့္ မ်က္ရည္စ တို႔သည္ ရင္ဝတြင္သာ တစ္ေနေလသည္ ။ ဒီေနရာက သခင္ေလး၏ စာဖတ္ခန္း ၊ တစ္နည္း လ်ွိ႕ဝွက္ခန္းဟု ဆိုလည္းရသည္ ။ ဒီ လ်ွိ႕ဝွက္ခန္းထဲ သခင္ေလး ဘာေၾကာင့္ သူ႔ကို ဒီလိုထားခဲ့ရဲတာလဲ ဆိုသည့္ အေၾကာင္းရင္းက တစ္ခုတည္း႐ွိသည္ ။ မုန္းသည္ သခင္ေလး အႏိႈင္းမဲ့ ၏ အမိန္႔အသံတို႔ကို တေသြမတိမ္း လိုက္နာၿပီး ဖီဆန္ရဲသည့္ သတိၱ မ႐ွိမွန္း သခင္ေလး သိေန၍ ျဖစ္သည္ ။

၁ နာရီ ေက်ာ္ၿပီျဖစ္ေသာ အခ်ိန္တြင္ သူ႔ေျခေထာက္တို႔သည္ ေသြးမေလ်ွာက္ေတာ့ဘဲ ထံုထိုင္းလာသည္ ။ သို႔ရာတြင္ သူ နည္းနည္းမွကို မလႈပ္ယွက္ရဲ ။

*သခင္ေလး................................
ေက်နပ္တယ္မလား.....?ကြၽန္ေတာ္က သခင္ေလး ပံုသြင္းတဲ့ သက္႐ွိအ႐ုပ္တစ္႐ုပ္ျဖစ္လာၿပီေလ ။ သခင္ေလး ဂုဏ္ယူလို႔ရၿပီ.....။ သခင္ေလး ေစလိုရာေစ ထားလိုရာထားႏိုင္တ့ဲ သက္႐ွိအ႐ုပ္တစ္႐ုပ္ကို ဖန္တီးႏိုင္ခဲ့ၿပီ ဆိုေတာ့။ ဒါေပမယ့္....... ဘာလို႔ ကြၽန္ေတာ့္ရဲ႕ ႏွလံုးသားက သခင္ေလး ထားလိုရာ မေနဘဲ ဘာလို႔ ဆန္႔က်င္စြာ ခုန္ေနတယ္.....။ ဒီအတြက္ ဘယ္လိုျပစ္ဒဏ္မ်ိဳးကိုမဆို ကြၽန္ေတာ္ ခံယူပါ့မယ္ ။ အခ်စ္မွာ အျပစ္မွမ႐ွိတာ...... မတန္မရာကို ေမ်ွာ္မွန္းမိတဲ့ ကြၽန္ေတာ္ကသာ အျပစ္႐ွိတာပါ ။*

သခင္ေလးဟာ တိမ္တိုက္တစ္ခုႏွင့္သာ တူသည္ ။ သူ႔စိတ္သည္ ခန္႔မွန္း၍မရ ၊ ပံုသ႑ာန္မ်ိဴးစံု အေရာင္မ်ိဳးစံု ေျပာင္းလဲတတ္သည္ ။ သူ႔ကို ႏွိမ့္က်တဲ့ဘဝကေန ဆြဲတင္ေပးခဲ့ေသာ ျမင့္ျမတ္သည့္ စိတ္ထား႐ွိသည့္ သခင္ေလးသည္ တစ္ခါတေလ ဘာေၾကာင့္ မာေၾကာခက္ထန္မွန္း သူမသိ ။ လူေတြ၏ စိတ္ကို ဖတ္တတ္ေသာ မုန္းသည္ သခင္ေလး၏ စိတ္ကို အစိုးမရ ။

တံခါးဖြင့္သံ မၾကားေပမယ့္ သခင္ေလး၏ ေျခသံကို အလြတ္ရေနေသာ မုန္း သည္ သခင္ေလးလာရာလမ္းကို လွည့္မၾကည့္ရဲ ၊ အရင္အတိုင္း ဒူးေထာက္ထားကာ မ်က္ႏွာက ၾကမ္းျပင္ကိုသာ စိုက္ၾကည့္လ်က္ ။

သခင္ေလးက သူ႔ေ႐ွ႕တြင္ ေျခစံုရပ္လ်ွက္႐ွိသည္ ။ အေမႊးပြ ေကာ္ေဇာထက္က သခင္ေလး၏ ေျခေခ်ာင္းျဖဴျဖဴသြယ္သြယ္ေလးသည္ သန္႔စင္ထားေသာ ဝါဂြမ္းစႏွင့္ပင္ တူသည္ ။ သူအျမဲတမ္း က႐ုစိုက္ ပံုသြင္းေပးေနၾက ေျခသည္းတို႔သည္ ပန္းေရာင္သမ္းေနသည္ ။ သူ သိပ္ကံေကာင္းတယ္ ၊ သခင္ေလး၏ ေျခေထာက္လွလွေတြကို သူတစ္ေယာက္တည္း ထိေတြ႔ခြင့္ ရခဲ့လို႔ ။

သခင္ေလးသည္ သူ႔မ်က္ႏွာ တည့္တည့္ ၾကည့္ႏိုင္ရင္ ေျခေထာက္တဖက္ကို ႏွိမ့္ခ်ကာ ထိုင္လိုက္ၿပီး သူ႔လက္ေလးနဲ႔ မုန္း၏ မ်က္ႏွာကို ဆြဲယူလိုက္သည္ ။ ႏူးည့ံအိစက္ေသာ အထိအေတြ႔ေၾကာင့္ မုန္း ၏ မ်က္ဝန္းအစံုသည္ ျပဴးက်ယ္သြားသည္ ။ ဒါ ပထမဆံုး သခင္ေလးက သူ႔မ်က္ႏွာကို လက္နဲ႔ ကိုင္တာဘဲ ။

ေအးစက္မာေၾကာေသာ မ်က္ဝန္းအစံုနဲ႔ ႏူးည့ံၿပီး လွပေသာ မ်က္ဝန္းအစံုတို႔ အၾကည့္ၿပိဳင္ရာတြင္ သခင္ေလး ႐ူံးသြားဟန္တူသည္ ။

ျဖန္း........!

အသံနဲ႔အတူ မုန္း ၏ မ်က္ႏွာသည္ တဖက္သို႔ လည္ထြက္သြားသည္ ။

သခင္ေလးက ထရပ္လိုက္ၿပီး အသင့္႐ွိေနသည့္ ပုဝါတစ္ထည္နဲ႔ သူ႔လက္ကို သန္႔စင္လိုက္သည္ ။

" မင္းကို ႐ိုက္ဖို႔ ငါ့လက္ကို သံုးရတာ မတန္လိုက္တာ........''

ဟုတ္တယ္...... မုန္း စိုးရိမ္တာက ႏူးည့ံတဲ့ သခင္ေလးလက္ ေသြးေျခဥ သြားမွာကိုဘဲ ။

" မင္း က သိပ္ရြံဖို႔ ေကာင္းတယ္.......။ မခုတ္တတ္တဲ့ ေၾကာင္လို ေနၿပီး ငါ့ ဧည့္သည္ေတြဆီက အာရံုစိုက္မႈကို လိုခ်င္တယ္ေပါ့ ။ မင္းကို ဧည့္ခံပြဲမွာ ကူဖို႔ ငါေျပာထားလား......... ။ ငါ မခိုင္းတဲ့ ကိစၥကို လုပ္တယ္ဆိုေတာ့ မင္း က အရမ္းေတာ္လွေနၿပီလို႔ ကိုယ့္ကိုကိုယ္ ထင္ေနတယ္ေပါ့....... ''

ဟင့္အင္း.....သခင္ေလး အထင္မွားေနၿပီ.... မုန္းဘဝမွာ သခင္ေလးက လြဲလို႔ ဘယ္သူ႔ကိုမွ အားမကိုးခ်င္ဘူး ၊ ဘယ္သူ႔ဆီကိုမွ မသြားႏိုင္ဘူး...။ ေသရမယ္ဆိုရင္ေတာင္ ခ်စ္ရသူ အနားမွာဘဲ ေနမွာ ။

" မဟုတ္ပါဘူး...... မုန္း သခင္ေလးကို မေတြ႔ရတာ ၂ ရက္ေလာက္႐ွိၿပီမို႔ ဧည့္ခံပြဲမွာ သခင္ေလး ႐ွိမယ္အထင္နဲ႔ ခဏေလး ျဖစ္ျဖစ္ ေတြ႔ရေအာင္လို႔ စားပြဲဝင္ထိုးကူတာပါ........''

ထို ခဏ ႏိႈင္းမဲ့ ၏ မ်က္ႏွာသည္ အေရာင္အနည္းငယ္မ်ွ ေျပာင္းလဲသြားသည္ ။ ဒီ ေကာင္ေလးက သူ႔ကို ေတြ႔ဖို႔ လာတယ္တဲ့လား.............

သို႔ေသာ္..................

" မင္းမွာ ငါ့ကို ေတြ႔ဖို႔ ထိုက္တန္တဲ့ အေၾကာင္းျပခ်က္မ်ား ႐ွိလို႔လား....... ဟမ္ ။ သနားစရာေကာင္..... ကိုယ့္အေျခကို ကိုယ္မသိဘူး....... ''

" ေတာင္းပန္ပါတယ္....... မုန္း စိတ္ခံစားခ်က္ကို ဦးစားေပးမိခဲ့တာ....... ''

" သြား...... ငါေရခ်ိဳးဖို႔ ေရသြားစပ္ေခ် .........။ ငါ ဒီေန႔ ပင္ပန္းတယ္......... ၊ ေရေႏြးစိမ္ရမယ္.....''

" ဟုတ္ကဲ့......... မုန္း လုပ္လိုက္ပါ့မယ္ ''

ဒူးေထာက္ထိုင္ထားတာ ၾကာေနၿပီျဖစ္ေသာေၾကာင့္ ႂကြက္သားေတြက ထံုက်င္ေနၿပီး မည္သည့္အရာကို အားျပဳရပ္ရမွန္း မသိ၍ သူ႔လက္ကို အရင္ေထာက္ၿပီး ရပ္လိုက္သည္ ။ ေသခ်ာ မတ္တပ္မရပ္ႏိုင္မွီ သူ႔ေျခေထာက္ အားမ႐ွိသလို ခံစားလိုက္ရ၍ တဖန္ ျပန္လဲက်သြားသည္ ။ သို႔ေသာ္ မာေၾကာေသာ ၾကမ္းျပင္ေပၚမဟုတ္ဘဲ ေႏြးေထြး က်ယ္ျပန္႔သည့္ ရင္ခြင္တစ္ခုထဲတြင္ ျဖစ္သည္ ။

ဟင္း...... ဒါက အိမ္မက္လား......

ဒါ အိမ္မက္မဟုတ္ဘူးဆိုတာကို သခင္ေလးက သတိေပးလိုက္ဟန္တူသည္ ။ သူ႔ရဲ႕ ေသးသြယ္ပါးလ်သည့္ ခနၶာကိုယ္ကို သခင္ေလးက ေပြ႔ခ်ီၿပီး ဆိုဖာ ကူ႐ွင္ေပၚ အားနဲ႔ ပစ္တင္လိုက္သည္ ။ အ႐ွိန္က မ်ားလြန္း၍ မုန္း၏ လည္ပင္း႐ိုး က်ိဳးသြားမတတ္ပင္ နာက်င္မႈကို ခံစားလိုက္ရသည္ ။

သို႔ေပမယ့္ ေပ်ာ္သည္.......။ ဒါ ခ်စ္ရသူက လက္ေဆာင္ေပးလိုက္သည့္ နာက်င္မႈမဟုတ္လား ။

စိတ္႐ူပ္ေနဟန္တူသည့္ သခင္ေလးက သူ႔ကို ႀကိမ္းေမာင္းအျပစ္တင္လိုက္သည္ ။

" ေပ်ာ့တိေပ်ာ့ဖတ္နဲ႔ သိပ္စိတ္ပ်က္ဖို႔ေကာင္းတယ္.... မင္းကမ်ား အရဲတင့္လို႔ ငါ့ခႏၶာကိုယ္ေပၚ ျပဳတ္က်ရဲတယ္...... ။ ၁၅ မိနစ္အတြင္း ေရေႏြး အဆင္သင့္ ျဖစ္ေနပါေစ...... ''

နားမလည္သည့္ မ်က္ဝန္းေတြနဲ႔ က်န္ခဲ့သည့္ မုန္း ကို အႏိႈင္းမဲ့ ဆက္လက္႐ွင္းျပျခင္း မ႐ွိေတာ့ဘဲ ထိုေနရာမွ ေျခလွမ္းက်ဲႀကီးနဲ႔ လွည့္ထြက္လာခဲ့သည္။.

*ဒီေကာင္ အဟာရကို မ်ွမ်ွတတေကာ စားရဲ႕လား မသိ ။ ဘယ္လိုလူက ဒီေလာက္ထိ ေပါ့ပါးေနရတာလဲ..... shit...., ရာရာစစ ငါ့အေပၚ ပစ္လဲရဲတယ္ ။*

--------------------------

31.12.2018





unicode

ညလေ၏ အေးစိမ့်မှုတွေကြား အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက် မြက်ခင်းစိမ်းပေါ်မှာ ခွေလဲကျနေသည် ။ ကြီးမားသော ခြံဝန်းကျယ်တွင် လူများစွာ ရှိနေသော်လည်း မည်သူတစ်စုံတစ်ယောက်မှ ထိုကောင်လေးကို လာရောက်နှစ်သိမ့် ထူပေးခြင်းမပြုကြ ။ အဲ့ဒီအစား သနားစရာကောင်းသော မျက်ဝန်းသေဖြင့်သာ စိုက်ကြည့်သွားကြသည် ။ ကောင်လေးသည် အေးခဲမှုတွေကြားကနေ အဓိပ္ပါယ်ဖော်ပြလို့ မရသည့် အပြုံးကို တောက်ပစွာပြုံးလိုက်သည်။

နာစရာမရှိဘူး......။ အားကိုးစရာမရှိဘူး....။ သည်အစား ကိုယ့်အားကိုယ်ကိုးရုံသာ ။

မင်း ဒီအိမ်ရဲ့ အရှင်သခင် ဆီက အသိအမှတ်ပြုခံချင်လား......။ မင်းရဲ့ သွေးချွေးကုန်ခမ်းသွားတဲ့အထိ ကြိုးစားပြီး ပြိုင်ဘက်ကင်းစွာ ပြုမူပါ ။ ဒါဟာ အသိအမှတ်ပြုခံရတာအပြင် မင်းအနေနဲ့ ရှင်သန်ခွင့်လေး ရှိသွားပြီ ။

ဒီအပြစ်ပေးမှုက ဘယ်နှနာရီ ကြာမြင့်မည် မသိ ။ ထို့်ကြောင့် ကောင်လေးသည် မြေကြီးပေါ်လက်ထောက်က အားပြုရင်း မတ်တပ်ရပ်လိုက်သည် ။ ကျောပြင်ပေါ်က ရိုက်နှက်ခံထားရသည့် ဒဏ်ရာတွေကြောင့် နာကျင်နေပါသော်လည်း သူ့မျက်နှာသည် နာကျင်ကြောင်း လုံးဝမပြ ။

မုန်းအသင်္ချေ ......................

ဟုတ်တယ် ..... သူ့နာမည်က မုန်းအသင်္ချေ ပါ ၊ သိပ်လှတဲ့ နာမည်လေး ၊ ဒီနာမည်ရဲ့ ဖြစ်တည်မှုဟာ ချစ်ရသူက အဓိပ္ပါယ်သတ်မှတ်ချက်တစ်ခုနဲ့ ပေးလိုက်တာ ။ လှသလောက် အမုန်းတွေ ပြည့်ဝနေတဲ့ နာမည်။

ချစ်သား ဆိုတဲ့ နာမည်ကနေ မုန်းအသင်္ချေ ဆိုတဲ့ နာမည်ကို သူပိုင်ဆိုင်ခွင့်ရခဲ့သည် ။ သူ့အတွက် နာမည်က အရေးမှ မကြီးတာဘဲ ။ ချစ်သား လို့ လူတွေခေါ်ကြတုန်းကလည်း သူက နာမည်နဲ့လိုက်ဖက်ခဲ့တာမှ မဟုတ်တာ ။ချစ်သားဘဝတုန်းက အဖေရင်းကိုယ်တိုင်ရဲ့ ရောင်စားခြင်း ခံခဲ့ရသူမို့ မုန်း အဖြစ်နဲ့ ရှင်သန်ခဲ့တဲ့ အချိန်မှာ သခင်လေးဆီက အမုန်းနဲ့ နာကျည်းချက်တွေကို လက်ခံဖို့ သူ အသင့်ရှိနေခဲ့သည် ။

မှားယွင်းစွာ မွေးဖွားလာပြီးနောက် ဆင်းရဲစွာဖြင့် သေဆုံးဖို့ သူ့ကိုယ်သူခွင့်မပြု ။ အင်အားကြီးရမယ်...၊ ဒါမှ သူ့ဘဝက သနားစရာ အဆုံးသတ်မဖြစ်မှာ ။ ဒါပေမယ့် အခု သူ့ဘဝက ခြေသုတ်ခုံလောက်တောင် တန်ဖိုးမရှိသေးဘူး ။ ဒါကြောင့် သူ့ကိုယ်သူ အရင်ကြံ့ခိုင်အောင် လုပ်ရမယ် ။

ကွဲကြေသွားသော စိတ်နှလုံးအစုံကို ကမန်းကတန်း ပြန်ဆက်ရင်း သူ့ရဲ့လက်လေးကို ဆုပ်ထားမိသည်။ မျက်ရည်မဝေ့သော်လည်း နာကျင်နေဟန်တူသည့် မျက်ဝန်းအစုံသည် အိမ်၏ အပေါ်ထပ် မှန်ပြတင်းပေါက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည် ။

" သခင်လေး........... ''

သခင်လေး အစစ်အမှန်ဘဲ ....... သူ့အမြင်အာရုံတွေ ဝေဝါးသွားမယ်ဆိုရင်တောင် သခင်လေးကို ဘယ်လိုပုံစံဘဲ ဖြစ်ဖြစ် မှတ်မိသည် ။သခင်လေးဟု ခေါ်လိုက်ရာတွင် သူ့ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားသည် ။ သူရှိရာကို ငုံ့ကြည့်နေသော သခင်လေး၏ ပုံရိပ်ကို မြင်လိုက်ရာတွင် တင်းတင်းစေ့ထားသော နူတ်ခမ်းတစ်စုံသည် ပွင့်ဟ လာသည် ။

" ဟင့်အင်း....... ကျွန်တော့်ကို ငုံ့မကြည့်နဲ့ သခင်လေး ။ ကျွန်တော်က သခင်လေး ငုံ့ကြည့်ဖို့တောင် မတန်တဲ့သူပါ ။ ခဏဘဲစောင့်ပေး..... သခင်လေးရှိရာကို လာမှာမလို့..... ခဏလေး သည်းခံစောင့်ပေး....''

သူပြန်မော့ကြည့်လိုက်သည့် အချိန်အပိုင်းအခြားတွင် သခင်လေးက သူ့ကို အထင်မြင်သေးစွာ တစ်ချက်ကြည့်ကာ ပြန်လှည့်ထွက်သွားသည် ။ ခြံဝန်းထဲတွင် ရှိနေသေးသည့် ကောင်လေးကတော့ မှန်ပြတင်းပေါက်ကို အကြာကြီး စိုက်ကြည့်လျှက်ပင် နာကျင်စွာ ရပ်နေလေရဲ့ ။ ဒီအိမ်ကို ရောက်ပြီး သိပ်မကြာခင် သခင်လေး သူ့ကို စိတ်လိုလက်ရ ပြောဖူးသည့် စကားတစ်ခွန်းက

" ငါမင်းကို အတောင်စုံတပ်ပေးမယ် ၊ ပြီးရင် ငါ့အတွက် မင်းပျံသန်းပေးရမယ် ''

အသားပေါ် အပ်တင်ပြီး အမှတ်အသားလုပ်မှ တက်တူးလို့မခေါ်ဘူး ။မုန်းရဲ့ နှလုံးသားထဲ သခင်လေးရဲ့ စကားဟာ သေရာပါ တက်တူးတစ်ခုလို စွဲမြဲကျန်ခဲ့တာကလည်း တက်တူးထိုးထားတာဘဲ ။ အဲ့ဒီနေ့ကစ မုန်းရဲ့ အသက်ရှူသံကိုတောင် သခင်လေး ပိုင်ဆိုင်ခဲ့ပါတယ်။

မြင်မြင်ချင်း ချစ်မိတာဟာ အချစ်စစ်လား ၊ ဒါမှမဟုတ် ခဏတာ စိတ်ကစားတာလား ။ မုန်း တော့မထင်ဘူး.....မုန်း သခင်လေးအပေါ် ချစ်ခဲ့မိတာဟာ ခဏတာအတွက်မဟုတ်ဘဲ တစ်ဘဝစာအတွက်ဆိုတာ သက်သေပြခွင့်ရရင် ပြချင်မိတယ် ။

ည သည် တဖြေးဖြေးနှင့် နက်လာပြီး တိုက်ခတ်လာသော လေအေးတို့က အဝတ်ပါးကို ဝတ်ဆင်ထားသော ကောင်လေးအတွက် ရန်သူသဖွယ်ဖြစ်လာသည် ။ အေးစက်နေသော လက်ဖျား ဖြေဖျား တို့သည် အချင်းချင်းပွတ်သပ်လျှက် ထိုနေရာမှာသာ ရပ်နေမိသည် ။ ထုံထိုင်းလာသော အကြောတို့ကြောင့် သူ ထိုင်စရာနေရာတစ်ခု လိုချင်မိပေမယ့် မထိုင်ရဲ.....။ အခု သူက အပြစ်ပေးခံရတဲ့ သူမလား...။ သူ ထိုင်လိုက်ရင် သူ့ကို ပျော့ညံ့တဲ့သူလို့ သခင်လေး ထင်သွားလိမ့်မယ် ။

တစ်ခြံလုံးမှာ ဆင်ထားတဲ့ အလှမီးတွေကြောင့် ညက ညနဲ့မတူဘဲ လှနေတာတော့ အမှန်ပင် ။ ဒီနေရာက အရမ်းကို လှသည် ။ သခင်လေးရှိနေတော့ ပိုလှသည်ဟု ဆိုရမည် ။

အဟက်... ဒီလောက် အေးခဲနေတဲ့ကြားထဲ ငါက အလှတရားတွေ ခံစားတတ်နေပါလား ။

ဒီကို လွန်ခဲ့တဲ့ တစ်နှစ်တည်းက ရောက်ရှိခဲ့သည် ။ ပြောရရင် အရက်သမား အဖေကိုယ်တိုင်က သခင်လေးဆီကို သူ့ကို ကြေးကြီးကြီးနဲ့ ရောင်းခဲ့တာဘဲ ။ သူက သခင်လေး ဝယ်ထားတဲ့ အရုပ် ။ ဒါကြောင့် သခင်လေးက သူ့စိတ်တိုင်းကျ ပုံသွင်းသည်ကို လက်ခံရမှာ သူ့တာဝန် ။

နာကျင်ရတယ်....... ပင်ပန်းရတယ် ဆိုရင်တောင် သူပျော်မိတယ် ။ သခင်လေးရဲ့အနီးကပ်မှာ နေရတာလောက် ကောင်းတဲ့ကံမရှိ ။ ငရဲသည် နိဗ္ဗာန် ဖြစ်ပြီး မီးပင်လယ်သည် အေးမြသည်ဟု ထင်မိသည် ။ သူ စေ့စေ့ မကြည့်ရဲခဲ့သော သခင်လေးသည် အရမ်းမြင့်မြတ်လွန်းသည် ။ သခင်လေး၏ အရှိန်အဝါသည် ဧကရာဇ် တစ်ပါးလိုပင် ခန်းနားထည်ဝါလွန်းသည် ။

သူက သခင်လေး ဝယ်ထားသည့် အရုပ်တစ်ရုပ် ။ အချိန်မရွေး စွန့်ပစ်ခံရနိုင်ချေရှိ၍ သူ့ကိုယ်သူ သခင်လေး မြတ်နိုးရမည့် လူတစ်ဦး ဖြစ်လာနိုင်သည်အထိ ပြောင်းလဲ ပစ်ရမည် ။

အချိန်တွေ ဘယ်လောက်ကြာသွားမှန်းမသိ ၊ သူ့ခြေထောက်သည် သွေးလည်ပတ်မှုမရှိတော့သလို ထုံထိုင်းသွားပြီး မျက်လုံးတွေက အားနည်းလာသည် ။

" ကျွန်တော် ပင်ပန်းနေပြီ သခင်လေး......... ကျွန်တော် အရမ်းကို အေးနေပြီ ၊ ကျွန်တော် ဆက်မရပ်နိုင်တော့ဘူး...:''

အိမ်၏ တံခါးမကြီး ပွင့်လာပြီး အဖြူရောင်ညအိပ်ဝတ်စုံကို ဝတ်ဆင်လျှက် လူတစ်ဦး သူ့ဆီဦးတည်လာသည်ကို သူ့အမြင်အာရုံတွေ မဝေဝါးခင် နောက်ဆုံး မြင်တွေ့လိုက်ရသည် ။

မြက်ခင်းပြင်ပေါ် မလဲကျမှီ တစ်စုံတစ်ဦး၏ ဖမ်းဆွဲထားမှုကြောင့် ဒီညတော့ သူ အပြင်မှာ မအိပ်ရလောက်တော့ဘူးဟု ထင်မိသွားသည် ။

ဒါက အဆုံးသတ်မဟုတ်သေးဘူး......ဒါက အစ... နာကျင်မှုတို့၏ အစ ၊ ဘဝတစ်ခု၏ အစ ၊ ပြီးတော့ အချစ်တစ်ခု၏ အစ ။

****************

သုံးနှစ်အကြာ....... ၂၀၁၈ ခုနှစ်

ဆိတ်ငြိမ်သော အခန်းတစ်ခုထဲတွင် အပ်ကျသံပင်မကြား အသက်ရှူသံသည်လည်း မပြင်းပြ ၊ အသက် ၂၆ နှစ်အရွယ် လူတစ်ဦးသည် ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်လျှက် သူ့ရှေ့တွင် ဒူးထောက်ထိုင်လျှက်ရှိသည့် လူငယ်လေးကို မမှိတ်မသုန်ကြည့်ရင်း လက်ထဲက စီးကရက်ကို အကွင်းလိုက်ဖြစ်အောင် ဖွာလိုက်သည်။

ထို့နောက် သူ့ရှေ့ ဒူးထောက်ထိုင်နေသည့် ကောင်လေး၏ မေးဖျားကို သူ့ခြေထောက်နှင့် ပင့်တင်လိုက်သည် ။

" ငါ့ကို စေ့စေ့ ကြည့်စမ်း......... ''

သူ့ကို ပြန်မော့ကြည့်လာသည့် ကောင်လေး၏ မျက်ဝန်းတွေသည် ဖြူစင်ကြည်လဲ့နေကာ အပြစ်ကင်းဟန်တူသည် ။ ထိုမျက်ဝန်းတွေသည် အရမ်းကို လှပသည် ။ သလင်းကျောက်ကဲ့သို့ ကြည်လင်ပြီး ရှည်လျားသော မျက်တောင်တို့သည် ယောကျာၤးတစ်ယောက်နဲ့ မအပ်စပ်ဘဲ အရမ်းကို ကျက်သရေရှိ လှပသည့် မိန်းမ တစ်ယောက်တွင်သာ ရှိသင့်သည် ။

" နှမြောလိုက်တာ...........၊ မင်းဟာ အသုံးမကျတဲ့ မိဘဆီမှာ မမွေးဖွားဘဲ မင်းကို တန်ဖိုးထားတဲ့ မိသားစုဆီမှာ မွေးဖွားခဲ့ရမှာ ။ ဒါပေမယ့် ကံဆိုးစွာနဲ့ဘဲ ငါ့လက်ထဲကို ရောက်လာတယ် ။ ကျွတ်....ကျွတ်........ မင်းကို နှမြောပေမယ့် မသနားဘူး........၊ ပြီးတော့ ဒီလို မျက်လုံးလှလှလေးနဲ့ ငါ့ကို စိုက်ကြည့်မနေနဲ့....... ငါ့မျက်လုံးထဲ မင်းက သိပ်မုန်းစရာကောင်းတယ်......၊ မင်းက ရွံစရာအကောင်ဘဲ ၊ ငါ့ရဲ့ အစေခံတစ်ယောက်ဖြစ်တဲ့မင်းက တစ်ခြားတစ်ယောက်ကို ပြုံးပြရဲတယ်ပေါ့....။ ဘာလဲ....... မင်းက သူ့ကို အထင်ကြီးနေတာလား ။ ငါ့လက်ထဲက လွတ်မြှောက်ဖို့ မင်းက သူ့ကို အားကိုးမယ်ပေါ့..... ဟက်ဟက်.... မင်းက ရယ်စရာကောင်းအောင် သိပ်လုပ်တယ်.....၊ မျှော်လင့်ချက်တွေ အရမ်းကြီးမထားနဲ့.... သိကြားမင်း ဆင်းကယ်ရင်တောင် ဒီဘဝမှာ မင်းငါ့လက်က မလွတ်ဘူးစိတ်ချ.....''

မုန်း နာကျင်စွာ ပြုံးလိုက်သည် ။ သို့သော် အပြုံးတွေက အသက်ဝင်သည် ။ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်မတတ်ဖြစ်နေသော်လည်း မျက်ဝန်းတွေသည် ရေသေတစ်ခုထက်ပို၍ တည်ငြိမ်သည် ။ သူ့ မေးဖျားအောက်မှာ ပင့်တင်ထားသည့် သခင်လေး၏ ခြေချောင်း ဖြူဖြူလေးကို သူငုံ့နမ်းချင်စိတ်ပင်ပေါက်မိသည် ။ သူ့မျက်လွှာကို ဖြေးညင်းစွာချရင်း တိုးတိမ်သော အသံနှင့်ပြောလိုက်သည် ။

" မုန်း သခင်လေးဆီက လွတ်မြောက်ဖို့ တစ်ခါမှ မတွေးဖူးသလို ထွက်ပြေးဖို့လည်း ကြိုးစားမှာမဟုတ်ဘူး ။ မုန်းရဲ့ အသက်ရှူသံကစ သခင်လေးက ပိုင်တာမို့ မုန်းရဲ့ ရှင်ခြင်း သေခြင်းကို လည်း သခင်လေးက ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်.....''

သခင်လေးဆိုသူက မဲ့ရွဲ့စွာ ရယ်ရင်း သူ့ခြေထောက်ကို ပြန်ရုတ်သိမ်းလိုက်သည် ။ ပြီးမှ ထိုင်နေရာမှ ထရပ်ကာ သူ့အဝတ်စားကို သေသပ်စွာ ပြန်ပြင်ရင်း ကောင်လေးကို စောင်းငဲ့ ကြည့်လိုက်သည် ။

" ငါ့ခွင့်ပြုချက်မရဘဲ သူ့ကို ပြုံးပြတဲ့အတွက် မင်းကို အပြစ်ပေးရမယ်......။ ငါ ပြန်မလာမချင်း ဒီနေရာမှာဘဲ ဒူးထောက် စောင့်နေ ။ ငါ မမြင်ဘူးဆိုပြီး ရေသာခိုရင် မင်းအတွက် ပြစ်ဒဏ်ပိုများသွားမယ်.....''

" မုန်း..... မလုပ်ဝံ့ပါဘူး........ ''

ဟက်.... သိပ်သိတာပေါ့......မင်းငါ့ကို မလွန်ဆန်ရဲတာ ။ မင်းက ငါ့အပိုင်ဘဲ...... ငါကလွဲပြီး တခြားသူရှေ့မင်း ခစားစရာမလိုဘူး.....။ အို.... ကုန်ကုန်ပြောရရင် သူတို့နဲ့ မျက်လုံးခြင်း ဆုံစရာတောင် မလိုဘူး.....။ နောက်တစ်ခါဆိုတာ ရှိရင် ငါ မင်းရဲ့ မျက်လုံးကို ဖောက်ထုတ်မယ် ။

ဒီကြောက်စရာ စကားတွေကို ကောင်လေးသိအောင်ပင် မပြောပြတော့ဘဲ သူ ခြံထဲသို့ တစ်ခါ ပြန်ဆင်းလာလိုက်သည် ။ မီးရောင်တွေ ထိန်ထိန်လင်းနေပြီး ဂုဏ်သရေရှိ ဧည့်သည်တော်များသည် အနည်းဆုံး လူငါးဆယ်ထက်မနည်းရှိသည် ။

ဒီနေ့က သူ့မွေးနေ့......သူ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့.....။ သူ ဆိုတာက......ဒီ အိမ်၏ အရှင်သခင် Noya လုပ်ငန်းစု၏ ဆက်ခံသူ အနှိုင်းမဲ့ဘုန်း ပင်ဖြစ်သည် ။ သူ လာတာမြင်တော့ ရုပ်ရည်သန့်ပြန့်သည့် လူငယ်တစ်ဦးက သူ့အနားကပ်လာသည် ။

" ဘုန်း ..... ဟိုကောင်လေး ကော.....။ ဘယ်ရောက်သွားတာလဲ..... ''

အနှိုင်းမဲ့ ထိုသူကို မပွင့်မလင်းပြုံးပြလိုက်ရင်း မျက်ခုံးကို ပင့်တင်လိုက်သည် ။

" မပြောတတ်ဘူးလေ...... ငါက အစေခံ တစ်ယောက်ရဲ့ လှုပ်ရှားမှုအကုန် လိုက်စောင့်ကြည့် နေရမှာလား ။ ငါ ဒီလောက်မအားဘူး.......''

" မင်းကလည်း ဘာလို့ သူ့အပေါ် နည်းနည်းမှ အကောင်းမမြင်ရတာလဲ..... သူက တကယ့်ကို သနားစရာကောင်းတဲ့ကောင်လေးပါ ။ သူ့ မျက်လုံးလေးတွေက အရမ်းလှတယ်......။ မင်း သူ့ကို သဘောမကျရင် ငါ မင်းဆီကနေ သူ့ကို ဝယ်မယ်ကွာ....''

တဖက်သား၏ တန်ပြန်စကားကြောင့် အနှိုင်းမဲ့ ၏ နူတ်ခမ်းတွေ မဲ့သွားသည် ။ ဒီကောင်လေးက ဘာမို့လို့ ခုမှ တွေ့ဖူးတဲ့ သူဆီက အာရုံစိုက်မှုကို ရနေတာလဲ ။ မဖြစ်သင့်ဘူး..., ဒီကောင်လေးက သူ့အတွက်ဘဲ... သူက လွဲပြီး ဘယ်သူ့ဆီကမှ ချစ်ခြင်း မုန်းခြင်းတွေ မခံစားစေရဘူး....။

အနှိုင်းမဲ့ သူ့လက်ထဲက ဝိုင်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တဖက်လူကို ခံစားချက်ကင်းမဲ့နေသည့် မျက်ဝန်းသေနှင့် လှမ်းကြည့်လိုက်သည် ။

" ငါ ပိုင်တဲ့ ပစ္စည်းက အမှိုက်တစ်ခု ဖြစ်နေရင်တောင် မဆိုင်တဲ့လူတစ်ယောက်ဆီက ဝေဖန်တာမျိုး မကြိုက်ဘူး......... ။ မင်း သိထားရမှာက ငါ မလိုချင်လို့ စွန့်ပစ်ဖို့စဉ်းစားထားရင်တောင် အကောင်းပတိ အနေအထားနဲ့ စွန့်ပစ်မှာမဟုတ်ဘူး ။ သူ့အတောင်ပံတွေ အကုန်ရိုက်ချိုးပြီး သုံးစားလို့ မရတဲ့အထိ လုပ်ပြီးမှ မီးသဂြိုလ် စက်ထဲ ထည့်ပစ်မှာ ''

ပြောပြီးတာနဲ့ တခြားဧည့်သည်တွေကို နူတ်ဆက်ရန် သူထွက်လာခဲ့လိုက်သည် ။ ကျန်ခဲ့တဲ့လူတွေ ဘယ်လို ထင်မြင်ချက်ပေးမလဲ သူ ကရုမစိုက် ၊ မည်သူမှ သူ့အကြောင်းကို အတင်း လုပ်ပြီး မပြောရဲမှန်း သေချာနေ၍ဖြစ်သည် ။

မီးရောင်ထိန်ထိန်လင်းပြီး လူတွေ မြူးထူး ပျော်ပါးနေသည့် ခြံဝန်းထဲက အခြေအနေနဲ့ ဆန့်ကျင်စွာ အခန်းကြီးကြီး တစ်ခု မုန်းဟာ ခုထိ ဒူးထောက် ထိုင်နေဆဲ ။ ငိုချင်သော်လည်း မထွက်လာရဲသည့် မျက်ရည်စ တို့သည် ရင်ဝတွင်သာ တစ်နေလေသည် ။ ဒီနေရာက သခင်လေး၏ စာဖတ်ခန်း ၊ တစ်နည်း လျှိ့ဝှက်ခန်းဟု ဆိုလည်းရသည် ။ ဒီ လျှိ့ဝှက်ခန်းထဲ သခင်လေး ဘာကြောင့် သူ့ကို ဒီလိုထားခဲ့ရဲတာလဲ ဆိုသည့် အကြောင်းရင်းက တစ်ခုတည်းရှိသည် ။ မုန်းသည် သခင်လေး အနှိုင်းမဲ့ ၏ အမိန့်အသံတို့ကို တသွေမတိမ်း လိုက်နာပြီး ဖီဆန်ရဲသည့် သတ္တိ မရှိမှန်း သခင်လေး သိနေ၍ ဖြစ်သည် ။

၁ နာရီ ကျော်ပြီဖြစ်သော အချိန်တွင် သူ့ခြေထောက်တို့သည် သွေးမလျှောက်တော့ဘဲ ထုံထိုင်းလာသည် ။ သို့ရာတွင် သူ နည်းနည်းမှကို မလှုပ်ယှက်ရဲ ။

*သခင်လေး................................

ကျေနပ်တယ်မလား.....?ကျွန်တော်က သခင်လေး ပုံသွင်းတဲ့ သက်ရှိအရုပ်တစ်ရုပ်ဖြစ်လာပြီလေ ။ သခင်လေး ဂုဏ်ယူလို့ရပြီ.....။ သခင်လေး စေလိုရာစေ ထားလိုရာထားနိုင်တဲ့ သက်ရှိအရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပြီ ဆိုတော့။ ဒါပေမယ့်....... ဘာလို့ ကျွန်တော့်ရဲ့ နှလုံးသားက သခင်လေး ထားလိုရာ မနေဘဲ ဘာလို့ ဆန့်ကျင်စွာ ခုန်နေတယ်.....။ ဒီအတွက် ဘယ်လိုပြစ်ဒဏ်မျိုးကိုမဆို ကျွန်တော် ခံယူပါ့မယ် ။ အချစ်မှာ အပြစ်မှမရှိတာ...... မတန်မရာကို မျှော်မှန်းမိတဲ့ ကျွန်တော်ကသာ အပြစ်ရှိတာပါ ။*

သခင်လေးဟာ တိမ်တိုက်တစ်ခုနှင့်သာ တူသည် ။ သူ့စိတ်သည် ခန့်မှန်း၍မရ ၊ ပုံသဏ္ဍာန်မျိူးစုံ အရောင်မျိုးစုံ ပြောင်းလဲတတ်သည် ။ သူ့ကို နှိမ့်ကျတဲ့ဘဝကနေ ဆွဲတင်ပေးခဲ့သော မြင့်မြတ်သည့် စိတ်ထားရှိသည့် သခင်လေးသည် တစ်ခါတလေ ဘာကြောင့် မာကြောခက်ထန်မှန်း သူမသိ ။ လူတွေ၏ စိတ်ကို ဖတ်တတ်သော မုန်းသည် သခင်လေး၏ စိတ်ကို အစိုးမရ ။

တံခါးဖွင့်သံ မကြားပေမယ့် သခင်လေး၏ ခြေသံကို အလွတ်ရနေသော မုန်း သည် သခင်လေးလာရာလမ်းကို လှည့်မကြည့်ရဲ ၊ အရင်အတိုင်း ဒူးထောက်ထားကာ မျက်နှာက ကြမ်းပြင်ကိုသာ စိုက်ကြည့်လျက် ။

သခင်လေးက သူ့ရှေ့တွင် ခြေစုံရပ်လျှက်ရှိသည် ။ အမွှေးပွ ကော်ဇောထက်က သခင်လေး၏ ခြေချောင်းဖြူဖြူသွယ်သွယ်လေးသည် သန့်စင်ထားသော ဝါဂွမ်းစနှင့်ပင် တူသည် ။ သူအမြဲတမ်း ကရုစိုက် ပုံသွင်းပေးနေကြ ခြေသည်းတို့သည် ပန်းရောင်သမ်းနေသည် ။ သူ သိပ်ကံကောင်းတယ် ၊ သခင်လေး၏ ခြေထောက်လှလှတွေကို သူတစ်ယောက်တည်း ထိတွေ့ခွင့် ရခဲ့လို့ ။

သခင်လေးသည် သူ့မျက်နှာ တည့်တည့် ကြည့်နိုင်ရင် ခြေထောက်တဖက်ကို နှိမ့်ချကာ ထိုင်လိုက်ပြီး သူ့လက်လေးနဲ့ မုန်း၏ မျက်နှာကို ဆွဲယူလိုက်သည် ။ နူးညံ့အိစက်သော အထိအတွေ့ကြောင့် မုန်း ၏ မျက်ဝန်းအစုံသည် ပြူးကျယ်သွားသည် ။ ဒါ ပထမဆုံး သခင်လေးက သူ့မျက်နှာကို လက်နဲ့ ကိုင်တာဘဲ ။

အေးစက်မာကြောသော မျက်ဝန်းအစုံနဲ့ နူးညံ့ပြီး လှပသော မျက်ဝန်းအစုံတို့ အကြည့်ပြိုင်ရာတွင် သခင်လေး ရူံးသွားဟန်တူသည် ။

ဖြန်း........!

အသံနဲ့အတူ မုန်း ၏ မျက်နှာသည် တဖက်သို့ လည်ထွက်သွားသည် ။

သခင်လေးက ထရပ်လိုက်ပြီး အသင့်ရှိနေသည့် ပုဝါတစ်ထည်နဲ့ သူ့လက်ကို သန့်စင်လိုက်သည် ။

" မင်းကို ရိုက်ဖို့ ငါ့လက်ကို သုံးရတာ မတန်လိုက်တာ........''

ဟုတ်တယ်...... မုန်း စိုးရိမ်တာက နူးညံ့တဲ့ သခင်လေးလက် သွေးခြေဥ သွားမှာကိုဘဲ ။

" မင်း က သိပ်ရွံဖို့ ကောင်းတယ်.......။ မခုတ်တတ်တဲ့ ကြောင်လို နေပြီး ငါ့ ဧည့်သည်တွေဆီက အာရုံစိုက်မှုကို လိုချင်တယ်ပေါ့ ။ မင်းကို ဧည့်ခံပွဲမှာ ကူဖို့ ငါပြောထားလား......... ။ ငါ မခိုင်းတဲ့ ကိစ္စကို လုပ်တယ်ဆိုတော့ မင်း က အရမ်းတော်လှနေပြီလို့ ကိုယ့်ကိုကိုယ် ထင်နေတယ်ပေါ့....... ''

ဟင့်အင်း.....သခင်လေး အထင်မှားနေပြီ.... မုန်းဘဝမှာ သခင်လေးက လွဲလို့ ဘယ်သူ့ကိုမှ အားမကိုးချင်ဘူး ၊ ဘယ်သူ့ဆီကိုမှ မသွားနိုင်ဘူး...။ သေရမယ်ဆိုရင်တောင် ချစ်ရသူ အနားမှာဘဲ နေမှာ ။

" မဟုတ်ပါဘူး...... မုန်း သခင်လေးကို မတွေ့ရတာ ၂ ရက်လောက်ရှိပြီမို့ ဧည့်ခံပွဲမှာ သခင်လေး ရှိမယ်အထင်နဲ့ ခဏလေး ဖြစ်ဖြစ် တွေ့ရအောင်လို့ စားပွဲဝင်ထိုးကူတာပါ........''

ထို ခဏ နှိုင်းမဲ့ ၏ မျက်နှာသည် အရောင်အနည်းငယ်မျှ ပြောင်းလဲသွားသည် ။ ဒီ ကောင်လေးက သူ့ကို တွေ့ဖို့ လာတယ်တဲ့လား.............

သို့သော်..................

" မင်းမှာ ငါ့ကို တွေ့ဖို့ ထိုက်တန်တဲ့ အကြောင်းပြချက်များ ရှိလို့လား....... ဟမ် ။ သနားစရာကောင်..... ကိုယ့်အခြေကို ကိုယ်မသိဘူး....... ''

" တောင်းပန်ပါတယ်....... မုန်း စိတ်ခံစားချက်ကို ဦးစားပေးမိခဲ့တာ....... ''

" သွား...... ငါရေချိုးဖို့ ရေသွားစပ်ချေ .........။ ငါ ဒီနေ့ ပင်ပန်းတယ်......... ၊ ရေနွေးစိမ်ရမယ်.....''

" ဟုတ်ကဲ့......... မုန်း လုပ်လိုက်ပါ့မယ် ''

ဒူးထောက်ထိုင်ထားတာ ကြာနေပြီဖြစ်သောကြောင့် ကြွက်သားတွေက ထုံကျင်နေပြီး မည်သည့်အရာကို အားပြုရပ်ရမှန်း မသိ၍ သူ့လက်ကို အရင်ထောက်ပြီး ရပ်လိုက်သည် ။ သေချာ မတ်တပ်မရပ်နိုင်မှီ သူ့ခြေထောက် အားမရှိသလို ခံစားလိုက်ရ၍ တဖန် ပြန်လဲကျသွားသည် ။ သို့သော် မာကြောသော ကြမ်းပြင်ပေါ်မဟုတ်ဘဲ နွေးထွေး ကျယ်ပြန့်သည့် ရင်ခွင်တစ်ခုထဲတွင် ဖြစ်သည် ။

ဟင်း...... ဒါက အိမ်မက်လား......

ဒါ အိမ်မက်မဟုတ်ဘူးဆိုတာကို သခင်လေးက သတိပေးလိုက်ဟန်တူသည် ။ သူ့ရဲ့ သေးသွယ်ပါးလျသည့် ခန္ဓာကိုယ်ကို သခင်လေးက ပွေ့ချီပြီး ဆိုဖာ ကူရှင်ပေါ် အားနဲ့ ပစ်တင်လိုက်သည် ။ အရှိန်က များလွန်း၍ မုန်း၏ လည်ပင်းရိုး ကျိုးသွားမတတ်ပင် နာကျင်မှုကို ခံစားလိုက်ရသည် ။

သို့ပေမယ့် ပျော်သည်.......။ ဒါ ချစ်ရသူက လက်ဆောင်ပေးလိုက်သည့် နာကျင်မှုမဟုတ်လား ။

စိတ်ရူပ်နေဟန်တူသည့် သခင်လေးက သူ့ကို ကြိမ်းမောင်းအပြစ်တင်လိုက်သည် ။

" ပျော့တိပျော့ဖတ်နဲ့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်.... မင်းကများ အရဲတင့်လို့ ငါ့ခန္ဓာကိုယ်ပေါ် ပြုတ်ကျရဲတယ်...... ။ ၁၅ မိနစ်အတွင်း ရေနွေး အဆင်သင့် ဖြစ်နေပါစေ...... ''

နားမလည်သည့် မျက်ဝန်းတွေနဲ့ ကျန်ခဲ့သည့် မုန်း ကို အနှိုင်းမဲ့ ဆက်လက်ရှင်းပြခြင်း မရှိတော့ဘဲ ထိုနေရာမှ ခြေလှမ်းကျဲကြီးနဲ့ လှည့်ထွက်လာခဲ့သည်။.

*ဒီကောင် အဟာရကို မျှမျှတတကော စားရဲ့လား မသိ ။ ဘယ်လိုလူက ဒီလောက်ထိ ပေါ့ပါးနေရတာလဲ..... shit...., ရာရာစစ ငါ့အပေါ် ပစ်လဲရဲတယ် ။*

--------------------------

Continue Reading

You'll Also Like

662K 62.7K 68
Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
181K 6.4K 57
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕
684K 94K 54
Zawgyi ခံစားခ်က္ေတြကို ဖြင့္ဟလိုက္ရင္ ခင္ဗ်ားတို႔နားလည္လာလိမ့္မယ္။ ပြင့္လင္းစြာခ်စ္ရျခင္းက ဘယ္ေလာက္ထိ စိတ္အာဟာရ ျဖစ္ေစသလဲဆိုတာ။ Unicode ခံစားချက်တ...
129K 7.5K 62
အာဏာရွင္=မင္းနဲ႔တူတဲ႔သူေတြ ေထာင္ေပါင္းမ်ားစြာရွိပါေစ ငါ့ရင္ခုန္သံက မင္းအနားမွာပဲႀကားရတယ္ ္ေႏြဦးသခင္=ညီညီ္ ကိုသာျပန္ေတြ႔ခဲ႔ရင္ အရာရာအားနာေနရမွာ ပိုင္...