Unicode
ကျောင်းကန်တင်းတွင်ဟိန်းသူ၊ ဟိဏ်းဆက်၊ ကေသွယ်နဲ့ပိုင်ဇေတို့ထိုင်နေကြသည်။
ကေသွယ် - ဒါဆိုအခုအန်တီနဲ့ဦးလေးကအဲ့ကိစ္စလုံးဝမဟဘူးပေါ့
ဟိဏ်းဆက် - ဟဖို့နေနေသာသာငါ့ကိုတောင်စကားမပြောကြဘူး၊ အိမ်မှာငါကအပယ်ခံကြီးဖြစ်နေတာ
ဟိန်းသူ - ဒါပေမဲ့မေဖူးကတော့အဲ့လိုမဟုတ်ဘူးထင်တယ်၊ ဒီမနက်အစ်ကိုတို့နှစ်ယောက်ကိုပေးတွေ့တယ်
ပိုင်ဇေ - ဒါဆိုရင်တော့တော်သေးတာပေါ့
ဟိဏ်းဆက် - အမှန်ဆိုမေမေတို့ကအဲ့လိုကြီးနေနေကြတော့ငါစိတ်လည်းမကောင်းဘူး၊ ငါ့ကိုမုန်းသွားကြပြီလားမသိဘူး
ကေသွယ် - အဲ့လိုလည်းမဟုတ်ပါဘူး၊ မိဘကသားသမီးကိုမုန်းတယ်ဆိုတာမျိုးမရှိပါဘူး၊ အန်တီတို့အတွက်လည်းအချိန်လိုနေလို့ပါ
ပိုင်ဇေ - ဟုတ်ပါတယ်၊ လူငယ်တွေအတွက်ကဒီလိုကိစ္စတွေကမဆန်းပေမဲ့လူကြီးတွေအတွက်ကတော့ခက်ခဲတယ်လေ
ဟိန်းသူ - ကိုယ်လိုက်ခဲ့ရမလား၊ ညနေအိမ်ကိုလာခဲ့မယ်လေ၊ ကိုယ်တို့သေချာရင်ဆိုင်လိုက်ကြမလား
ဟိဏ်းဆက်ခေါင်းလေးငုံ့သွားသည်။ အချိန်တိုင်းသွက်လက်နေသည့်ဟိဏ်းဆက်သည်ငြိမ်ကုပ်နေသည်။
"ညီ! ကိုယ်တို့သတ္တိရှိလိုက်ကြရအောင်၊ ကိုယ်တို့တစ်နေ့နေ့လည်းရင်ဆိုင်ရမယ့်အရာပဲလေ၊ ကိုယ်တို့လူကြီးတွေဆီကခွင့်ပြုချက်ကိုသေချာရအောင်ယူကြတာပေါ့၊ အခုလိုအခြေအနေကြီးကကိုယ်တို့နှစ်ယောက်အတွက်လည်းအဆင်မပြေဘူးလေနော်"
ဟိဏ်းဆက်လေးခေါင်းညိတ်လိုက်သည်။ ဟိဏ်းဆက်သည်ဟိန်းသူကိုယုံကြည်ထားလျက်ဖေဖေနဲ့မေမေကိုထိပ်တိုက်ဝန်ခံတော့မည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။ကန်တင်းတွင်ထိုင်နေချိနိမေဖူးရောက်လာသည်။
"ဟဲ့! နင့်ကိုမေမေကညနေကျရင်ဟိန်းသူကိုအိမ်ခေါ်လာခဲ့တဲ့
"ဗျာ! မေမေကလား၊ သားကိုဘာလို့တိုက်ရိုက်မပြောတာလဲဟင်"
"အဲ့တာတော့ငါလည်းမသိဘူးဟယ်၊ ငါလည်းအတတ်နိုင်ဆုံးတော့မေမေ့ကိုမဲဆွယ်စည်းရုံးထားတာပဲ၊ မေမေ့ရဲ့ဆုံးဖြတ်ချက်ကဘယ်လိုလာမလဲတော့ငါလည်းမသိဘူး"
"ညီ့ကိုလက်မလွှတ်နိုင်ဘူး၊ မေဖူး! ငါကလေမေမေ့ကိုဆုံးရှုံးခဲ့ရပြီးပြီ၊ ငါအရမ်းချစ်ပြီးဂရုစိုက်ရတဲ့လူတစ်ယောက်ကိုငါလက်လွှတ်ခဲ့ရပြီးပြီ၊ ငါချစ်ရတဲ့ညီ့ကိုငါလုံးဝလက်မလွှတ်နိုင်ဘူး၊ အဆုံးရှုံးမခံနိုင်တော့ဘူး"
"ငါလည်းဒီလောက်အထိပဲပြောပေးနိုင်တယ်ဟိန်းသူရယ်"
"ငါအန်တီ့ကိုလာတွေ့ချင်ပေမဲ့ အခြေအနေတွေပိုဆိုးကုန်မှာစိုးလို့ငါငြိမ်နေတာ"
"အဲ့တာကောင်းတယ်၊ အခုခေါ်တယ်ဆိုတော့ဖေဖေနဲ့မေမေဆုံးဖြတ်ချက်တစ်ခုချပြီးသွားပြီထင်တယ်၊ ရဲရဲဝင့်ဝင့်သာတွေ့လိုက်ပါ၊ ငါနင်တို့ဘက်ကရှိပါတယ်"
"မကြီး ကျေးဇူးတင်ပါတယ်၊ သားကမကြီးပါသားကိုမုန်းနေပြီထင်တာ"
"မကြီးကဘာလို့မုန်းရမှာလဲ၊ ဘာတွေပဲဖြစ်နေဖြစ်နေမကြီးမောင်လေးဆိုတာကပြောင်းလဲမသွားဘူး၊ မောင်လေးပြောသလိုပဲ မောင်လေးရဲ့နှလုံးသားကိုတော့မကြီးချည်တုပ်မထားချင်ပါဘူး"
မေဖူးသည်ဟိဏ်းဆက်၏ပါးလေးကိုခပ်ဖွဖွပွတ်သပ်ရင်းပြောလိုက်သည်။ မေဖူးကိုဟိဏ်းဆက်၏ရင်ထဲမှလှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါသည်။
"မေမေ!"
"ရောက်လာကြပြီဆိုတော့ထိုင်ကြ"
"အန်တီ! ကျွန်တော်....."
"မင်းမိဘတွေရောသိလား"
"ဟုတ်ကဲ့ ကျွန်တော်ပြောပြထားလို့သိပါတယ်"
"သူတို့ကလက်ခံတယ်ပေါ့"
"အမှန်အတိုင်းပြောရရင် ကျွန်တော်ကမိဘမရှိတော့ပါဘူး၊ ဖေဖေကဆယ်တန်းနှစ်ကတည်းကဆုံးပါးသွားခဲ့ပါပြီ၊ မေမေကတော့ရှိသေးပေမဲ့ကျွန်တော်မေမေ့ကိုတွေ့ခွင်မရပါဘူး၊ ကျွန်တော့်အုပ်ထိန်းသူကဒေါ်လေးမေဦးနဲ့ယမင်းပါ၊ အန်တီ ကျွန်တော်စကားဖြတ်ပြောရတာတောင်းပန်ပါတယ်"
ဟိန်းသူသည်ခုံပေါ်တွင်ထိုင်နေရာမှမေမေ့အရှေ့တွင်ဒူးထောက်လိုက်သည်။
"ကျွန်တော်ညီ့ကိုအရမ်းချစ်ပါတယ်၊ ဘယ်အချိန်ကတည်းကဘယ်လိုချစ်မိသွားမှန်းတော့မသိပေမဲ့အရမ်းချစ်ပါတယ်၊ ညီ့ကိုချစ်လွန်းလို့ညီ့လက်ကိုမလွှတ်နိုင်ပါဘူး၊ ကျွန်တော်ချစ်ရတဲ့ဖေဖေနဲ့မေမေ့ကိုဆုံးရှုံးခဲ့ရပြီးပါပြီ၊ မျက်စိရှေ့မှာရှိနေတဲ့မေမေ့ကိုလည်းတွေ့ခွင့်မရလို့အဝေးကနေကြည့်ခဲ့ရပေါင်းမနည်းတော့ပါဘူး၊ အခုညီ့ကိုတော့ကျွန်တော်လက်မလွှတ်နိုင်ပါဘူး၊ ကျွန်တော်အဝေးကလည်းမကြည့်ချင်ပါဘူး၊ ကျေးဇူးပြုပြီး ညီနဲ့ကျွန်တော့်ကိုလက်ခံပေးပါ၊ အန်တီကျွန်တော့်ကိုမယုံလို့စောင့်ကြည့်ချင်သေးတယ်ဆိုလည်းစောင့်ကြည့်လို့ရပါတယ်၊ ညီနဲ့ကျွန်တော်မခွဲနိုင်ဘူး၊ ကျွန်တော်ချစ်ရတဲ့နောက်ထပ်လူတစ်ယောက်ကိုကျွန်တော်သေချာဆုပ်ကိုင်ထားချင်ပါတယ်အန်တီ"
"လမ်းခွဲလိုက်ကြ"
"အန်တီ! အဲ့လိုတော့မလုပ်ပါနဲ့ဗျာ၊ ကျွန်တေယ်ဘာလုပ်ပေးရမလဲ၊ အန်တီယုံအောင်ဘယ်လိုလုပ်ပေးရမလဲဟင်၊ ကျေးဇူးပြုပြီး ကျွန်တော်ဒီလိုတောင်းပန်ပါ့မယ်"
ဟိန်းသူသည်မေရှေ့တွင်ဒူးထောက်လျက်လက်အုပ်ချီကာတောင်းပန်ရှာသည်။
"အစ်ကို! ထတော့၊ အစ်ကိုအဲ့လိုလုပ်စရာမလိုပါဘူး၊ ဒေါ်လေးမေဦးမြင်ရင်စိတ်မကောင်းဖြစ်မှာ၊ ထပါတော့လို့!!!"
ဟိဏ်းဆက်အော်လိုက်သည့်အချိန်တွင်ဖေဖေအိမ်ပြန်ရောက်လာသည်။
"ရောက်နေကြပြီလား၊ နေပါဦး အခြေအနေကြီးကဘယ်လိုဖြစ်...."
"ကျွန်မသူတို့ကိုလမ်းခွဲခိုင်းတာ"
"ဟမ်! မိန်းမ မင်းမနေ့ညကပြောတော့ သားလေးအတွက်....."
"ရှင့်ပါးစပ်ပိတ်ထား!!!၊ ရှင်ဘာမှမခံစားရဘူးလား၊ ရှင့်သားချစ်နေတာယောကျာ်းလေးလေ ယောကျာ်းလေး"
"မင်းနာကျင်သလိုငါလည်းနာကျင်တာပေါ့၊ မင်းစိတ်ကိုလျော့ပါဦး"
ဖေဖေသည်မေမေ့ဘေးနားတွင်ဝင်ထိုင်လိုက်သည်။
"မင်းပဲမနေ့ညကပြောခဲ့တာလေ၊ သားလေးကဟိန်းသူနဲ့ဖုန်းပြောနေတာကြားခဲ့ရတယ်ဆို၊ သားလေးကပျော်နေတယ်ဆို၊ အကယ်၍ငါတို့သာအတင်းအကြပ်ကန့်ကွက်ရင်သားလေးဘယ်ပျော်နိုင်တော့မလဲလို့မင်းပြောခဲ့တာလေ၊ သားပျော်ရမယ့်လမ်းကိုမင်းရွေးမယ်ဆို၊ ကိုယ်ကမင်းရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပေးခဲ့တယ်လေ မဟုတ်ဘူးလား"
"ဒါပေမဲ့ ဒီကောင်လေးကိုမြင်ရင်ဒေါသထွက်လာလွန်းလို့ပါ၊ သားကိုဘယ်လိုများဆွဲဆောင်ခဲ့တာလဲ"
"သားကအရင်ဆွဲဆောင်ခဲ့တာ!!!၊ သားကအရင်လုပ်ခဲ့တာလို့၊ သားကအရင်အစ်ကို့ကိုစလိုက်ခဲ့တာလို့!!!"
"ဘာ!!!"
ဟိဏ်းဆက်၏မေမေသတိလစ်ချင်သွားရသည်။ သူမ၏သားကဒီကောင်လေးကိုစပြီးသဘောကျခဲ့သည်တဲ့လား။ ဘယ်လိုတွေဖြစ်ကုန်ရတာပါလိမ့်။ ဘယ်နေရာကများစမှားခဲ့ရတာလဲ။ မေဖူးသည်လည်းသူမ၏အခန်းထဲမှထွက်လာသည်။
"မေမေ! မောင်လေးတို့ကိုအတင်းမကြပ်ပါနဲ့တော့၊ မေမေနေနိုင်တာလည်းမဟုတ်ဘဲနဲ့မေမေရယ်၊ မောင်လေးတို့ဘေးနားမှာသမီးတို့အတူတူမားမားမတ်မတ်ရပ်တည်ပေးလိုက်ကြရအောင်လေနော်၊ မေမေပဲပြောခဲ့တယ်လေ၊ သားနဲ့သမီးပျော်ရွှင်နေရင်မေမေစိတ်ချမ်းသာပါပြီဆို"
"နင်တို့တွေ......"
"မေမေ့ကိုသားမပြောပြမိခဲ့တာတောင်းပန်ပါတယ်၊ သားပြောမယ်လုပ်တိုင်းပြောမထွက်ခဲ့လို့ပါ၊ သားမေမေ့ကိုတောင်းပန်ပါတယ်မေမေ"
ဟိဏ်းဆက်သည်ဟိန်းသူနှင့်အတူဒူးထောက်လျက်မေမေ့လက်ကိုဆုပ်ကိုင်ကာပြောသည်။ မေမေ့ပေါင်ပေါ်ခေါင်းလေးတင်ကာငိုပါသေးသည်။ မေမေသည်လည်းမျက်ရည်တွေတသွင်သွင်စီးကျလို့နေသည်။
"ငါ့သားလေးပျော်အောင်ငါရွေးချယ်ခဲ့တာကို မင်းကငါ့သားလေးစိတ်ဆင်းရဲအောင်လုပ်ရင်မင်းကိုငါကိုယ်တိုင်သတ်ပစ်မယ်"
"ကျေးဇူးတင်ပါတယ်အန်တီ၊ တကယ်ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ တိုက်အရှေ့မှာတော့အီစီကလီတွေလာမလုပ်နဲ့၊ ငါတွေ့ရင်နှစ်ယောက်စလုံးကိုလုပ်မှာ"
"ဗျာ! ဟုတ်ဟုတ်၊ စိတ်ချပါအန်တီ"
ဟိန်းသူပြန်သည့်အချိန်တွင်ဟိဏ်းဆက်ကလမ်းထိပ်အထိပြန်လိုက်ပို့ပေးသည်။
"အခုမှပဲအလုံးကြီးကျသွားသလိုပဲ၊ အစ်ကိုရောဘယ်လိုခံစားရလဲဟင်"
"အစ်ကိုကတော့ရှိသမျှအကုန်လွှတ်ချလိုက်ရသလိုပဲ၊ အခုမှတကယ်ပေါ့ပါးသွားတာ"
"ဒါနဲ့လေ ခုဏကအစ်ကိုပြောတဲ့အထဲမှာလေ မေမေ့ကိုအဝေးကကြည့်နေရတယ်ဆိုတာကဘာကိုဆိုလိုတာလဲဟင်၊ အစ်ကိုပိုင်ဇေပြောတာအစ်ကို့မေမေကဆုံးပါးသွားပြီဆို"
"ပိုင်ဇေကအဲ့လိုပြောထားတာလား"
"အဲ အဲ! အဲ့တာကညီတို့ကအတင်းမေးလို့သူဖြေရတာပါ၊ အဲ့တုန်းကညီကအစ်ကို့ကိုသဘောကျနေတာဆိုတော့အစ်ကို့အကြောင်းသိချင်လို့အတင်းမေးလို့ပါ၊ အစ်ကိုပိုင်ဇေ့ကိုအပြစ်မပြောပါနဲ့နော်"
"မပြောပါဘူး"
ဟိန်းသူသည်ဟိဏ်းဆက်၏လက်ကလေးကိုတွဲလိုက်ပြီူလမ်းဆက်လျှောက်သည်။
"မေမေကနောက်အိမ်ထောင်ပြုထားတယ်၊ နောက်အိမ်ထောင်ဆိုပေမဲ့အမျိုးသားကတော့အချစ်ဦးထင်ပါတယ်၊ ဖေဖေနဲ့ကျတော့ပေးစားလို့ယူခဲ့ရတာလေ၊ အဲ့တော့ကိုယ်ကအချစ်မပါဘဲမွေးလာတာပေါ့၊ ကိုယ်အသက်ဆယ့်နှစ်နှစ်လောက်မှာဖေဖေနဲ့မေမေကကွာရှင်းတယ်၊ ကိုယ်ထင်ခဲ့တာကဖေဖေကဖောက်ပြန်တယ်လို့ပဲထင်ခဲ့တာ၊ အမှန်ကမေမေကသူမလိုချင်တဲ့ဘဝကထွက်ပြေးသွားတာ၊ မေမေကသူ့ကိုယ်သူဆုံးပြီလို့ကိုယ့်ကိုပြောခိုင်းပြီးတော့ကိုအဆက်ဖြတ်သွားခဲ့တာ၊ ဖေဖေမဆုံးခင်ဒေါ်လေးမေဦးကိုကိုယ့်အုပ်ထိန်းသူနေရာမှာထားဖို့လက်ထပ်လိုက်ကြတယ်၊ ဖေဖေ့ကိုမုန်းခဲ့တာ၊ ဒေါ်လေးမေဦးကိုလည်းမုန်းခဲ့တာ၊ ကိုယ်ညီ့ဆီလာငိုတဲ့ညကကိုယ်အမှန်တရားတွေအားလုံးကိုသိခဲ့တာ၊ မေမေမသေသေးဘူးဆိုတာသိလိုက်ရပေမဲ့မေမေကတော့ကိုယ့်ကိုငြင်းဆန်နေခဲ့တာအခုထက်ထိပဲ"
"ဘယ်လောက်အထိတောင်သည်းခံနေခဲ့ရတာလဲ၊ ဘယ်လိုခံနိုင်ရည်တွေနဲ့များခံနိုင်ခဲ့တာလဲ၊ မေမေ့ကိုမမုန်းဘူးလားဟင်"
"မမုန်းပါဘူး၊ ဘာတွေဘယ်လိုပဲဖြစ်နေနေမေမေကမေမေပဲလေ၊ ကိုယ့်ကိုမွေးပေးခဲ့တဲ့မေမေ့ကိုကိုယ်ဘယ်လိုမုန်းရမှာလဲ"
"အရမ်းစိတ်ပင်ပန်းနေခဲ့ရမှာပဲ"
"အခုတော့ညီရှိနေလို့အဆင်ပြေပါတယ်၊ ညီသာရှိနေရင်ကိုယ်ဘာတွေပဲဖြစ်နေဖြစ်နေအဆင်ပြေတယ်"
"အားသွင်းပေးမယ်"
ကားနားရောက်သည့်အခါမျက်နှာချင်းဆိုင်ရပ်လိုက်ပြီးခြေဖျားလေးထောက်လျက်ဟိန်းသူကိုဖက်လိုက်သည်။ ဟိန်းသူသည်ခါးကိုအနည်းငယ်ကိုင်းလျက်ပြန်ဖက်ထားလိုက်သည်။
"အားတွေပြည့်ပြီလား"
"လိုသေးတယ်နည်းနည်း၊ ဖက်ထားပေးဦး"
"အများကြီးဖက်ပေးမယ်"
"ကျေးဇူးတင်ပါတယ်ကိုယ့်အနားမှာရှိနေပေးလို့"
"ညီရောပဲ၊ ညီ့လက်ကိုတွဲထားပေးလို့ကျေးဇူးတင်ပါတယ်"
ဟိန်းသူသည်ဟိဏ်းဆက်ကိုရင်ခွင်ထဲမှထုတ်လိုက်ပြီးပါးလေးကိုဖပ်ဖွဖွလေးဆွဲလိုက်သည်။
"ကိုယ်ပြန်တော့မယ်နော်၊ ညမှဖုန်းဆက်လိုက်မယ်"
"အင်း တာ့တာ၊ ညမှတွေ့မယ်"
ဟိဏ်းဆက်စာမေးပွဲဖြေပြီးသည့်အခါဟိန်းသူ၏ရုံးခန်းထဲတွင်Lolipopတစ်ချောင်းစုပ်ကာအလုပ်ရှုပ်နေသည်။
"အစ်ကို ညီ့ကိုချစ်လား"
"ချစ်တာပေါ့၊ အရမ်းချစ်တယ်၊ လာပါဦးကိုယ့်ရဲ့စွာတေးလေး"
ဟိန်းသူသည်လက်နှစ်ဖက်ကားလိုက်သည်နှင့်ဟိဏ်းဆက်သည်ထိုင်နေရာမှထပြီးဟိန်းသူဆီသို့ပြေးသွားသည်။
"ထိုင်"
ဟိန်းသူသည်သူ၏ပေါင်ပေါ်တွင်ထိုင်ရန်သူ့ပေါင်ကိုပုတ်ပြသည်။ ဟိဏ်းဆက်သည်နှစ်ခါပြောစရာမလိုပါ။ ဟိန်းသူ၏ပေါင်ပေါ်သို့ခွထိုင်လိုက်သည်။
"အဲ့Lolipopတွေသိပ်မစားနဲ့၊ ချောင်းဆိုးမယ်"
"မသိဘူး စားမှာပဲ၊ ညီကြိုက်တယ်လေ"
"ကြိုက်တာကကြိုက်တာပဲ၊ အမြဲတမ်းမစားရဘူး"
"ဒီလိုလေးနမ်းမယ်လေ၊ စားခွင့်ပေးနော်"
ဟိန်းသူ၏နှုတ်ခမ်းကိုဖိကပ်ပြီးတစ်ခါနမ်းလိုက်သည်။ Lolipopအရသာသည်ဟိန်းသူ၏နှုတ်ခမ်းတွင်စွဲသွားသည်။
"ဒါကချုပ်ဆေးလား"
"အွန်း"
ဟိဏ်းဆက်သည်ခေါင်းလေးတဆက်ဆက်ညိတ်ပြသေးသည်။
"ကိုယ့်ကိုဒီလောက်လေးနဲ့ချုပ်လို့ရမလား"
"မရသေးရင်ထပ်နမ်းမယ်လေ"
ဟိဏ်းဆက်နောက်ထပ်တစ်ခေါက်ဖိကပ်နမ်းလိုက်ပြန်သည်။
"လူလည်လေး လူကိုအရည်ပျော်အောင်လုပ်တတ်တယ်"
"ဒါကပင်ကိုယ်ဗီဇလေ"
"မာန်တက်နေတဲ့ချိဖလေးဖြစ်နေတာလား"
"ဟုတ်တယ်၊ ချိဖမာန်တက်နေတယ်"
"စာမေးပွဲရောဖြေနိုင်ရဲ့လား"
"အိုခေပါတယ်၊ ဘာတွေမေးထားမှန်းမသိတာတွေကလွဲလို့ေပါ့၊ အစ်ကိုတို့ကဘယ်တော့ဖြေရမှာလဲ"
"အစ်ကိုတို့ကဒုတိယအသုတ်ဆိုတော့သီတင်းကျွတ်တာနဲ့ကွက်တိပါပဲဗျာ"
"ဟာ မကောင်းဘူး၊ ဒါဆိုညီနဲ့လျှောက်လည်လို့မရတော့ဘူးပေါ့"
"ကိုယ့်စွာတေးလေးကလည်ချင်ရင်ကိုယ်ကလိုက်ပို့မှာပေါ့"
"ရပါတယ်၊ အစ်ကိုစာကျက်ပါ၊ ကျနေရင်ဒေါ်လေးကညီ့ကိုဆူနေဦးမယ်"
"လိမ္မာလိုက်တာ၊ ဆုချရမယ်"
ဟိန်းသူသည်ဟိဏ်းဆက်၏ပါးလေးနှစ်ဖက်ကိုအားပါးတရနမ်းရှုံ့လိုက်သည်။
"ဟီးဟီး သဘောကျတယ်၊ အစ်ကို ညီပြန်ချင်ပြီ လိုက်ပို့ပေး"
"အင်း သွားကြမယ်"
ဟိဏ်းဆက်သည်ဖေဖေနဲ့မေမေ့အရှေ့တွင်ထိုင်ပြီးစပ်ဖြီးဖြီးဖြစ်နေသည်။
"ဖေဖေ! မေမေ! ဟိုဟာလေ ဟီးဟီး"
"ဘာဖြစ်နေတာလဲ၊ ပြောစရာရှိတာပြောလေ"
"ပြောမှာပေါ့ဖေဖေရဲ့၊ သားလေသားသူငယ်ချင်းတွေနဲ့ပုဂံကိုသွားမလို့၊ အဲ့တာခွင့်ပြုပေးပါလို့ ဟီးဟီး"
"ငါ့သားရာ ဘာများလဲလို့၊ သားလည်းအရွယ်ရောက်နေပြီပဲ သွားသွား၊ ဖေဖေလည်းအလုပ်ကိစ္စနဲ့ရှမ်းပြည်ဘက်သွားရမယ်"
"မေမေကရော"
"သွားပါတော် သွားပါ မတားပါဘူး၊ ဘယ်တော့သွားမှာလဲ ဟိန်းလေးရောပါလား"
"အစ်ကိုကမပါဘူး စာမေးပွဲရှိတယ်လေ၊ သားတို့သူငယ်ချင်းတွေပဲသွားမှာ၊ ကေသွယ်တို့အဖွဲ့လေ"
"ဪ အေးအေး ဘယ်တော့လဲဆိုတာလဲပြောဦး"
"သီတင်းကျွတ်ကိုသွားမှာမေမေ"
"အေးအေး ကောင်းတယ် သွား၊ မေမေလည်းသီတင်းကျွတ်ကိုအလုပ်ကိစ္စနဲ့ပြည်ဘက်ခဏသွားရမယ်"
"ဟင်! ဒါဆိုသမီးတစ်ယောက်တည်းလား၊ ငိုနေပါပြီနော်"
"တစ်ယောက်တည်းမဖြစ်ချင်ရင်ရည်းစားရှာလေ၊ နင့်မောင်တောင်နင့်ကိုကျော်တက်သွားပြီ"
"မေမေကလည်းအချင်းချင်းကိုနှိမ်ရလားလို့၊ ကြိုက်မယ့်သူမှမရှိတာလို့၊ ပြောရင်းတောင်ဝမ်းနည်းလာပြီ၊ မဖြစ်သေးပါဘူး ရည်းစားရှာဦးမှပါ"
"သမီးက သမီးမောင်နဲ့လိုက်သွားလေအိမ်သော့ပိတ်ခဲ့ရုံပဲပေါ့"
"ဖေဖေပြောတာဟုတ်တယ်၊ ငယ်လေးငါလည်းလိုက်မယ်လေဟာ"
"အက်ဖေအရှုပ်ထုပ်"
"ဘာ!!!"
"ဪ လိုက်လို့ပြောတာပါ"
"ငယ်လေး ငယ်လေးနော်၊ လူမလေးခွေးမခန့်လေးကတော့နော်"
"ဆက်ပြောရင်ခေါ်မသွားဘူး"
"ဒါကအကြပ်ကိုင်တာပေါ့လေဟုတ်လား"
"ဟုတ်တယ်၊ အိပ်ပြီ တာ့တာ"
အိပ်ပြီဆိုပြီးဝင်သွားသည့်ဟိဏ်းဆက်သည်ကုတင်ပေါ်တွင်ဖက်ခေါင်းအုံးကြီးကိုဖက်ကာဟိန်းသူဆီသို့ဖုန်းခေါ်လိုက်သည်။
"ပြောပါစွာတေးလေးခင်ဗျာ့!"
"အစ်ကို ညီပုဂံသွားဖို့ဖေဖေနဲ့မေမေကခွင့်ပြုတယ်၊ အစ်ကိုကရော"
"မတားပါဘူးဗျာ သွားပါ"
"ဟီးဟီး အဲ့တာဆိုရပြီ၊ အစ်ကိုစာကျက်နေတာလား"
"စာကျက်ရတာပျင်းလာလို့ပုံထိုင်ဆွဲနေတာ"
"ညီ့ပုံလား"
"မဟုတ်ဘူး ကောင်မလေးတစ်ယောက်ပုံ၊ ဒီနေ့တွေ့ခဲ့တာ အရမ်းလှတယ်"
"တော်ပြီ ဒါပဲ မပြောတော့ဘူး"
"နေဦးလေညီရဲ့ ကိုယ်ကစတာပါ၊ ညီ့ပုံဆွဲနေတာ"
"ဟီးဟီး သိသားပဲ၊ ဆွဲလို့ပြီးရင် ဓာတ်ပုံရိုက်ပြီးပို့လိုက်နော်"
"အင်း ပို့လိုက်မယ်"
"အဲ့တာဆိုဖုန်းချလိုက်ပြီနော် အိပ်တော့မယ်၊ ချစ်တယ်အစ်ကို"
"အင်း ကိုယ်လည်းချစ်တယ်"
နှစ်ဖက်စလုံးကမှကိုယ်စီEnd callကိုနှိပ်ရင်းဖုန်းပြောခြင်းကိုအဆုံးသတ်လိုက်ကြသည်။
ဆက်ရန်
အပိုင်းသစ်လေးupပေးလိုက်ပါပြီ။ ဒါဒါလေးတွေsaranghae❤
----------------------------------------------------------------------------------
Zawgyi
ေက်ာင္းကန္တင္းတြင္ဟိန္းသူ၊ ဟိဏ္းဆက္၊ ေကသြယ္နဲ႕ပိုင္ေဇတို႔ထိုင္ေနၾကသည္။
ေကသြယ္ - ဒါဆိုအခုအန္တီနဲ႕ဦးေလးကအဲ့ကိစၥလုံးဝမဟဘူးေပါ့
ဟိဏ္းဆက္ - ဟဖို႔ေနေနသာသာငါ့ကိုေတာင္စကားမေျပာၾကဘူး၊ အိမ္မွာငါကအပယ္ခံႀကီးျဖစ္ေနတာ
ဟိန္းသူ - ဒါေပမဲ့ေမဖူးကေတာ့အဲ့လိုမဟုတ္ဘူးထင္တယ္၊ ဒီမနက္အစ္ကိုတို႔ႏွစ္ေယာက္ကိုေပးေတြ႕တယ္
ပိုင္ေဇ - ဒါဆိုရင္ေတာ့ေတာ္ေသးတာေပါ့
ဟိဏ္းဆက္ - အမွန္ဆိုေမေမတို႔ကအဲ့လိုႀကီးေနေနၾကေတာ့ငါစိတ္လည္းမေကာင္းဘူး၊ ငါ့ကိုမုန္းသြားၾကၿပီလားမသိဘူး
ေကသြယ္ - အဲ့လိုလည္းမဟုတ္ပါဘူး၊ မိဘကသားသမီးကိုမုန္းတယ္ဆိုတာမ်ိဳးမရွိပါဘူး၊ အန္တီတို႔အတြက္လည္းအခ်ိန္လိုေနလို႔ပါ
ပိုင္ေဇ - ဟုတ္ပါတယ္၊ လူငယ္ေတြအတြက္ကဒီလိုကိစၥေတြကမဆန္းေပမဲ့လူႀကီးေတြအတြက္ကေတာ့ခက္ခဲတယ္ေလ
ဟိန္းသူ - ကိုယ္လိုက္ခဲ့ရမလား၊ ညေနအိမ္ကိုလာခဲ့မယ္ေလ၊ ကိုယ္တို႔ေသခ်ာရင္ဆိုင္လိုက္ၾကမလား
ဟိဏ္းဆက္ေခါင္းေလးငုံ႕သြားသည္။ အခ်ိန္တိုင္းသြက္လက္ေနသည့္ဟိဏ္းဆက္သည္ၿငိမ္ကုပ္ေနသည္။
"ညီ! ကိုယ္တို႔သတၱိရွိလိုက္ၾကရေအာင္၊ ကိုယ္တို႔တစ္ေန႕ေန႕လည္းရင္ဆိုင္ရမယ့္အရာပဲေလ၊ ကိုယ္တို႔လူႀကီးေတြဆီကခြင့္ျပဳခ်က္ကိုေသခ်ာရေအာင္ယူၾကတာေပါ့၊ အခုလိုအေျခအေနႀကီးကကိုယ္တို႔ႏွစ္ေယာက္အတြက္လည္းအဆင္မေျပဘူးေလေနာ္"
ဟိဏ္းဆက္ေလးေခါင္းညိတ္လိုက္သည္။ ဟိဏ္းဆက္သည္ဟိန္းသူကိုယုံၾကည္ထားလ်က္ေဖေဖနဲ႕ေမေမကိုထိပ္တိုက္ဝန္ခံေတာ့မည္ဟုဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ကန္တင္းတြင္ထိုင္ေနခ်ိနိေမဖူးေရာက္လာသည္။
"ဟဲ့! နင့္ကိုေမေမကညေနက်ရင္ဟိန္းသူကိုအိမ္ေခၚလာခဲ့တဲ့
"ဗ်ာ! ေမေမကလား၊ သားကိုဘာလို႔တိုက္ရိုက္မေျပာတာလဲဟင္"
"အဲ့တာေတာ့ငါလည္းမသိဘူးဟယ္၊ ငါလည္းအတတ္နိုင္ဆုံးေတာ့ေမေမ့ကိုမဲဆြယ္စည္း႐ုံးထားတာပဲ၊ ေမေမ့ရဲ႕ဆုံးျဖတ္ခ်က္ကဘယ္လိုလာမလဲေတာ့ငါလည္းမသိဘူး"
"ညီ့ကိုလက္မလႊတ္နိုင္ဘူး၊ ေမဖူး! ငါကေလေမေမ့ကိုဆုံးရႈံးခဲ့ရၿပီးၿပီ၊ ငါအရမ္းခ်စ္ၿပီးဂ႐ုစိုက္ရတဲ့လူတစ္ေယာက္ကိုငါလက္လႊတ္ခဲ့ရၿပီးၿပီ၊ ငါခ်စ္ရတဲ့ညီ့ကိုငါလုံးဝလက္မလႊတ္နိုင္ဘူး၊ အဆုံးရႈံးမခံနိုင္ေတာ့ဘူး"
"ငါလည္းဒီေလာက္အထိပဲေျပာေပးနိုင္တယ္ဟိန္းသူရယ္"
"ငါအန္တီ့ကိုလာေတြ႕ခ်င္ေပမဲ့ အေျခအေနေတြပိုဆိုးကုန္မွာစိုးလို႔ငါၿငိမ္ေနတာ"
"အဲ့တာေကာင္းတယ္၊ အခုေခၚတယ္ဆိုေတာ့ေဖေဖနဲ႕ေမေမဆုံးျဖတ္ခ်က္တစ္ခုခ်ၿပီးသြားၿပီထင္တယ္၊ ရဲရဲဝင့္ဝင့္သာေတြ႕လိုက္ပါ၊ ငါနင္တို႔ဘက္ကရွိပါတယ္"
"မႀကီး ေက်းဇူးတင္ပါတယ္၊ သားကမႀကီးပါသားကိုမုန္းေနၿပီထင္တာ"
"မႀကီးကဘာလို႔မုန္းရမွာလဲ၊ ဘာေတြပဲျဖစ္ေနျဖစ္ေနမႀကီးေမာင္ေလးဆိုတာကေျပာင္းလဲမသြားဘူး၊ ေမာင္ေလးေျပာသလိုပဲ ေမာင္ေလးရဲ႕ႏွလုံးသားကိုေတာ့မႀကီးခ်ည္တုပ္မထားခ်င္ပါဘူး"
ေမဖူးသည္ဟိဏ္းဆက္၏ပါးေလးကိုခပ္ဖြဖြပြတ္သပ္ရင္းေျပာလိုက္သည္။ ေမဖူးကိုဟိဏ္းဆက္၏ရင္ထဲမွလွိုက္လွိုက္လွဲလွဲေက်းဇူးတင္မိပါသည္။
"ေမေမ!"
"ေရာက္လာၾကၿပီဆိုေတာ့ထိုင္ၾက"
"အန္တီ! ကြၽန္ေတာ္....."
"မင္းမိဘေတြေရာသိလား"
"ဟုတ္ကဲ့ ကြၽန္ေတာ္ေျပာျပထားလို႔သိပါတယ္"
"သူတို႔ကလက္ခံတယ္ေပါ့"
"အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ကမိဘမရွိေတာ့ပါဘူး၊ ေဖေဖကဆယ္တန္းႏွစ္ကတည္းကဆုံးပါးသြားခဲ့ပါၿပီ၊ ေမေမကေတာ့ရွိေသးေပမဲ့ကြၽန္ေတာ္ေမေမ့ကိုေတြ႕ခြင္မရပါဘူး၊ ကြၽန္ေတာ့္အုပ္ထိန္းသူကေဒၚေလးေမဦးနဲ႕ယမင္းပါ၊ အန္တီ ကြၽန္ေတာ္စကားျဖတ္ေျပာရတာေတာင္းပန္ပါတယ္"
ဟိန္းသူသည္ခုံေပၚတြင္ထိုင္ေနရာမွေမေမ့အေရွ႕တြင္ဒူးေထာက္လိုက္သည္။
"ကြၽန္ေတာ္ညီ့ကိုအရမ္းခ်စ္ပါတယ္၊ ဘယ္အခ်ိန္ကတည္းကဘယ္လိုခ်စ္မိသြားမွန္းေတာ့မသိေပမဲ့အရမ္းခ်စ္ပါတယ္၊ ညီ့ကိုခ်စ္လြန္းလို႔ညီ့လက္ကိုမလႊတ္နိုင္ပါဘူး၊ ကြၽန္ေတာ္ခ်စ္ရတဲ့ေဖေဖနဲ႕ေမေမ့ကိုဆုံးရႈံးခဲ့ရၿပီးပါၿပီ၊ မ်က္စိေရွ႕မွာရွိေနတဲ့ေမေမ့ကိုလည္းေတြ႕ခြင့္မရလို႔အေဝးကေနၾကည့္ခဲ့ရေပါင္းမနည္းေတာ့ပါဘူး၊ အခုညီ့ကိုေတာ့ကြၽန္ေတာ္လက္မလႊတ္နိုင္ပါဘူး၊ ကြၽန္ေတာ္အေဝးကလည္းမၾကည့္ခ်င္ပါဘူး၊ ေက်းဇူးျပဳၿပီး ညီနဲ႕ကြၽန္ေတာ့္ကိုလက္ခံေပးပါ၊ အန္တီကြၽန္ေတာ့္ကိုမယုံလို႔ေစာင့္ၾကည့္ခ်င္ေသးတယ္ဆိုလည္းေစာင့္ၾကည့္လို႔ရပါတယ္၊ ညီနဲ႕ကြၽန္ေတာ္မခြဲနိုင္ဘူး၊ ကြၽန္ေတာ္ခ်စ္ရတဲ့ေနာက္ထပ္လူတစ္ေယာက္ကိုကြၽန္ေတာ္ေသခ်ာဆုပ္ကိုင္ထားခ်င္ပါတယ္အန္တီ"
"လမ္းခြဲလိုက္ၾက"
"အန္တီ! အဲ့လိုေတာ့မလုပ္ပါနဲ႕ဗ်ာ၊ ကြၽန္ေတယ္ဘာလုပ္ေပးရမလဲ၊ အန္တီယုံေအာင္ဘယ္လိုလုပ္ေပးရမလဲဟင္၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ဒီလိုေတာင္းပန္ပါ့မယ္"
ဟိန္းသူသည္ေမေရွ႕တြင္ဒူးေထာက္လ်က္လက္အုပ္ခ်ီကာေတာင္းပန္ရွာသည္။
"အစ္ကို! ထေတာ့၊ အစ္ကိုအဲ့လိုလုပ္စရာမလိုပါဘူး၊ ေဒၚေလးေမဦးျမင္ရင္စိတ္မေကာင္းျဖစ္မွာ၊ ထပါေတာ့လို႔!!!"
ဟိဏ္းဆက္ေအာ္လိုက္သည့္အခ်ိန္တြင္ေဖေဖအိမ္ျပန္ေရာက္လာသည္။
"ေရာက္ေနၾကၿပီလား၊ ေနပါဦး အေျခအေနႀကီးကဘယ္လိုျဖစ္...."
"ကြၽန္မသူတို႔ကိုလမ္းခြဲခိုင္းတာ"
"ဟမ္! မိန္းမ မင္းမေန႕ညကေျပာေတာ့ သားေလးအတြက္....."
"ရွင့္ပါးစပ္ပိတ္ထား!!!၊ ရွင္ဘာမွမခံစားရဘူးလား၊ ရွင့္သားခ်စ္ေနတာေယာက်ာ္းေလးေလ ေယာက်ာ္းေလး"
"မင္းနာက်င္သလိုငါလည္းနာက်င္တာေပါ့၊ မင္းစိတ္ကိုေလ်ာ့ပါဦး"
ေဖေဖသည္ေမေမ့ေဘးနားတြင္ဝင္ထိုင္လိုက္သည္။
"မင္းပဲမေန႕ညကေျပာခဲ့တာေလ၊ သားေလးကဟိန္းသူနဲ႕ဖုန္းေျပာေနတာၾကားခဲ့ရတယ္ဆို၊ သားေလးကေပ်ာ္ေနတယ္ဆို၊ အကယ္၍ငါတို႔သာအတင္းအၾကပ္ကန႔္ကြက္ရင္သားေလးဘယ္ေပ်ာ္နိုင္ေတာ့မလဲလို႔မင္းေျပာခဲ့တာေလ၊ သားေပ်ာ္ရမယ့္လမ္းကိုမင္းေ႐ြးမယ္ဆို၊ ကိုယ္ကမင္းရဲ႕ဆုံးျဖတ္ခ်က္ကိုေထာက္ခံေပးခဲ့တယ္ေလ မဟုတ္ဘူးလား"
"ဒါေပမဲ့ ဒီေကာင္ေလးကိုျမင္ရင္ေဒါသထြက္လာလြန္းလို႔ပါ၊ သားကိုဘယ္လိုမ်ားဆြဲေဆာင္ခဲ့တာလဲ"
"သားကအရင္ဆြဲေဆာင္ခဲ့တာ!!!၊ သားကအရင္လုပ္ခဲ့တာလို႔၊ သားကအရင္အစ္ကို႔ကိုစလိုက္ခဲ့တာလို႔!!!"
"ဘာ!!!"
ဟိဏ္းဆက္၏ေမေမသတိလစ္ခ်င္သြားရသည္။ သူမ၏သားကဒီေကာင္ေလးကိုစၿပီးသေဘာက်ခဲ့သည္တဲ့လား။ ဘယ္လိုေတြျဖစ္ကုန္ရတာပါလိမ့္။ ဘယ္ေနရာကမ်ားစမွားခဲ့ရတာလဲ။ ေမဖူးသည္လည္းသူမ၏အခန္းထဲမွထြက္လာသည္။
"ေမေမ! ေမာင္ေလးတို႔ကိုအတင္းမၾကပ္ပါနဲ႕ေတာ့၊ ေမေမေနနိုင္တာလည္းမဟုတ္ဘဲနဲ႕ေမေမရယ္၊ ေမာင္ေလးတို႔ေဘးနားမွာသမီးတို႔အတူတူမားမားမတ္မတ္ရပ္တည္ေပးလိုက္ၾကရေအာင္ေလေနာ္၊ ေမေမပဲေျပာခဲ့တယ္ေလ၊ သားနဲ႕သမီးေပ်ာ္႐ႊင္ေနရင္ေမေမစိတ္ခ်မ္းသာပါၿပီဆို"
"နင္တို႔ေတြ......"
"ေမေမ့ကိုသားမေျပာျပမိခဲ့တာေတာင္းပန္ပါတယ္၊ သားေျပာမယ္လုပ္တိုင္းေျပာမထြက္ခဲ့လို႔ပါ၊ သားေမေမ့ကိုေတာင္းပန္ပါတယ္ေမေမ"
ဟိဏ္းဆက္သည္ဟိန္းသူႏွင့္အတူဒူးေထာက္လ်က္ေမေမ့လက္ကိုဆုပ္ကိုင္ကာေျပာသည္။ ေမေမ့ေပါင္ေပၚေခါင္းေလးတင္ကာငိုပါေသးသည္။ ေမေမသည္လည္းမ်က္ရည္ေတြတသြင္သြင္စီးက်လိဳ႕ေနသည္။
"ငါ့သားေလးေပ်ာ္ေအာင္ငါေ႐ြးခ်ယ္ခဲ့တာကို မင္းကငါ့သားေလးစိတ္ဆင္းရဲေအာင္လုပ္ရင္မင္းကိုငါကိုယ္တိုင္သတ္ပစ္မယ္"
"ေက်းဇူးတင္ပါတယ္အန္တီ၊ တကယ္ေက်းဇူးတင္ပါတယ္"
"ဒါေပမဲ့ တိုက္အေရွ႕မွာေတာ့အီစီကလီေတြလာမလုပ္နဲ႕၊ ငါေတြ႕ရင္ႏွစ္ေယာက္စလုံးကိုလုပ္မွာ"
"ဗ်ာ! ဟုတ္ဟုတ္၊ စိတ္ခ်ပါအန္တီ"
ဟိန္းသူျပန္သည့္အခ်ိန္တြင္ဟိဏ္းဆက္ကလမ္းထိပ္အထိျပန္လိုက္ပို႔ေပးသည္။
"အခုမွပဲအလုံးႀကီးက်သြားသလိုပဲ၊ အစ္ကိုေရာဘယ္လိုခံစားရလဲဟင္"
"အစ္ကိုကေတာ့ရွိသမွ်အကုန္လႊတ္ခ်လိဳက္ရသလိုပဲ၊ အခုမွတကယ္ေပါ့ပါးသြားတာ"
"ဒါနဲ႕ေလ ခုဏကအစ္ကိုေျပာတဲ့အထဲမွာေလ ေမေမ့ကိုအေဝးကၾကည့္ေနရတယ္ဆိုတာကဘာကိုဆိုလိုတာလဲဟင္၊ အစ္ကိုပိုင္ေဇေျပာတာအစ္ကို႔ေမေမကဆုံးပါးသြားၿပီဆို"
"ပိုင္ေဇကအဲ့လိုေျပာထားတာလား"
"အဲ အဲ! အဲ့တာကညီတို႔ကအတင္းေမးလို႔သူေျဖရတာပါ၊ အဲ့တုန္းကညီကအစ္ကို႔ကိုသေဘာက်ေနတာဆိုေတာ့အစ္ကို႔အေၾကာင္းသိခ်င္လို႔အတင္းေမးလို႔ပါ၊ အစ္ကိုပိုင္ေဇ့ကိုအျပစ္မေျပာပါနဲ႕ေနာ္"
"မေျပာပါဘူး"
ဟိန္းသူသည္ဟိဏ္းဆက္၏လက္ကေလးကိုတြဲလိုက္ၿပီဴလမ္းဆက္ေလွ်ာက္သည္။
"ေမေမကေနာက္အိမ္ေထာင္ျပဳထားတယ္၊ ေနာက္အိမ္ေထာင္ဆိုေပမဲ့အမ်ိဳးသားကေတာ့အခ်စ္ဦးထင္ပါတယ္၊ ေဖေဖနဲ႕က်ေတာ့ေပးစားလို႔ယူခဲ့ရတာေလ၊ အဲ့ေတာ့ကိုယ္ကအခ်စ္မပါဘဲေမြးလာတာေပါ့၊ ကိုယ္အသက္ဆယ့္ႏွစ္ႏွစ္ေလာက္မွာေဖေဖနဲ႕ေမေမကကြာရွင္းတယ္၊ ကိုယ္ထင္ခဲ့တာကေဖေဖကေဖာက္ျပန္တယ္လို႔ပဲထင္ခဲ့တာ၊ အမွန္ကေမေမကသူမလိုခ်င္တဲ့ဘဝကထြက္ေျပးသြားတာ၊ ေမေမကသူ႕ကိုယ္သူဆုံးၿပီလို႔ကိုယ့္ကိုေျပာခိုင္းၿပီးေတာ့ကိုအဆက္ျဖတ္သြားခဲ့တာ၊ ေဖေဖမဆုံးခင္ေဒၚေလးေမဦးကိုကိုယ့္အုပ္ထိန္းသူေနရာမွာထားဖို႔လက္ထပ္လိုက္ၾကတယ္၊ ေဖေဖ့ကိုမုန္းခဲ့တာ၊ ေဒၚေလးေမဦးကိုလည္းမုန္းခဲ့တာ၊ ကိုယ္ညီ့ဆီလာငိုတဲ့ညကကိုယ္အမွန္တရားေတြအားလုံးကိုသိခဲ့တာ၊ ေမေမမေသေသးဘူးဆိုတာသိလိုက္ရေပမဲ့ေမေမကေတာ့ကိုယ့္ကိုျငင္းဆန္ေနခဲ့တာအခုထက္ထိပဲ"
"ဘယ္ေလာက္အထိေတာင္သည္းခံေနခဲ့ရတာလဲ၊ ဘယ္လိုခံနိုင္ရည္ေတြနဲ႕မ်ားခံနိုင္ခဲ့တာလဲ၊ ေမေမ့ကိုမမုန္းဘူးလားဟင္"
"မမုန္းပါဘူး၊ ဘာေတြဘယ္လိုပဲျဖစ္ေနေနေမေမကေမေမပဲေလ၊ ကိုယ့္ကိုေမြးေပးခဲ့တဲ့ေမေမ့ကိုကိုယ္ဘယ္လိုမုန္းရမွာလဲ"
"အရမ္းစိတ္ပင္ပန္းေနခဲ့ရမွာပဲ"
"အခုေတာ့ညီရွိေနလို႔အဆင္ေျပပါတယ္၊ ညီသာရွိေနရင္ကိုယ္ဘာေတြပဲျဖစ္ေနျဖစ္ေနအဆင္ေျပတယ္"
"အားသြင္းေပးမယ္"
ကားနားေရာက္သည့္အခါမ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ၿပီးေျခဖ်ားေလးေထာက္လ်က္ဟိန္းသူကိုဖက္လိုက္သည္။ ဟိန္းသူသည္ခါးကိုအနည္းငယ္ကိုင္းလ်က္ျပန္ဖက္ထားလိုက္သည္။
"အားေတြျပည့္ၿပီလား"
"လိုေသးတယ္နည္းနည္း၊ ဖက္ထားေပးဦး"
"အမ်ားႀကီးဖက္ေပးမယ္"
"ေက်းဇူးတင္ပါတယ္ကိုယ့္အနားမွာရွိေနေပးလို႔"
"ညီေရာပဲ၊ ညီ့လက္ကိုတြဲထားေပးလို႔ေက်းဇူးတင္ပါတယ္"
ဟိန္းသူသည္ဟိဏ္းဆက္ကိုရင္ခြင္ထဲမွထုတ္လိုက္ၿပီးပါးေလးကိုဖပ္ဖြဖြေလးဆြဲလိုက္သည္။
"ကိုယ္ျပန္ေတာ့မယ္ေနာ္၊ ညမွဖုန္းဆက္လိုက္မယ္"
"အင္း တာ့တာ၊ ညမွေတြ႕မယ္"
ဟိဏ္းဆက္စာေမးပြဲေျဖၿပီးသည့္အခါဟိန္းသူ၏႐ုံးခန္းထဲတြင္Lolipopတစ္ေခ်ာင္းစုပ္ကာအလုပ္ရႈပ္ေနသည္။
"အစ္ကို ညီ့ကိုခ်စ္လား"
"ခ်စ္တာေပါ့၊ အရမ္းခ်စ္တယ္၊ လာပါဦးကိုယ့္ရဲ႕စြာေတးေလး"
ဟိန္းသူသည္လက္ႏွစ္ဖက္ကားလိုက္သည္ႏွင့္ဟိဏ္းဆက္သည္ထိုင္ေနရာမွထၿပီးဟိန္းသူဆီသို႔ေျပးသြားသည္။
"ထိုင္"
ဟိန္းသူသည္သူ၏ေပါင္ေပၚတြင္ထိုင္ရန္သူ႕ေပါင္ကိုပုတ္ျပသည္။ ဟိဏ္းဆက္သည္ႏွစ္ခါေျပာစရာမလိုပါ။ ဟိန္းသူ၏ေပါင္ေပၚသို႔ခြထိုင္လိုက္သည္။
"အဲ့Lolipopေတြသိပ္မစားနဲ႕၊ ေခ်ာင္းဆိုးမယ္"
"မသိဘူး စားမွာပဲ၊ ညီႀကိဳက္တယ္ေလ"
"ႀကိဳက္တာကႀကိဳက္တာပဲ၊ အၿမဲတမ္းမစားရဘူး"
"ဒီလိုေလးနမ္းမယ္ေလ၊ စားခြင့္ေပးေနာ္"
ဟိန္းသူ၏ႏႈတ္ခမ္းကိုဖိကပ္ၿပီးတစ္ခါနမ္းလိုက္သည္။ Lolipopအရသာသည္ဟိန္းသူ၏ႏႈတ္ခမ္းတြင္စြဲသြားသည္။
"ဒါကခ်ဳပ္ေဆးလား"
"အြန္း"
ဟိဏ္းဆက္သည္ေခါင္းေလးတဆက္ဆက္ညိတ္ျပေသးသည္။
"ကိုယ့္ကိုဒီေလာက္ေလးနဲ႕ခ်ဳပ္လို႔ရမလား"
"မရေသးရင္ထပ္နမ္းမယ္ေလ"
ဟိဏ္းဆက္ေနာက္ထပ္တစ္ေခါက္ဖိကပ္နမ္းလိုက္ျပန္သည္။
"လူလည္ေလး လူကိုအရည္ေပ်ာ္ေအာင္လုပ္တတ္တယ္"
"ဒါကပင္ကိုယ္ဗီဇေလ"
"မာန္တက္ေနတဲ့ခ်ိဖေလးျဖစ္ေနတာလား"
"ဟုတ္တယ္၊ ခ်ိဖမာန္တက္ေနတယ္"
"စာေမးပြဲေရာေျဖနိုင္ရဲ႕လား"
"အိုေခပါတယ္၊ ဘာေတြေမးထားမွန္းမသိတာေတြကလြဲလို႔ေပါ့၊ အစ္ကိုတို႔ကဘယ္ေတာ့ေျဖရမွာလဲ"
"အစ္ကိုတို႔ကဒုတိယအသုတ္ဆိုေတာ့သီတင္းကြၽတ္တာနဲ႕ကြက္တိပါပဲဗ်ာ"
"ဟာ မေကာင္းဘူး၊ ဒါဆိုညီနဲ႕ေလွ်ာက္လည္လို႔မရေတာ့ဘူးေပါ့"
"ကိုယ့္စြာေတးေလးကလည္ခ်င္ရင္ကိုယ္ကလိုက္ပို႔မွာေပါ့"
"ရပါတယ္၊ အစ္ကိုစာက်က္ပါ၊ က်ေနရင္ေဒၚေလးကညီ့ကိုဆူေနဦးမယ္"
"လိမၼာလိုက္တာ၊ ဆုခ်ရမယ္"
ဟိန္းသူသည္ဟိဏ္းဆက္၏ပါးေလးႏွစ္ဖက္ကိုအားပါးတရနမ္းရႈံ႕လိုက္သည္။
"ဟီးဟီး သေဘာက်တယ္၊ အစ္ကို ညီျပန္ခ်င္ၿပီ လိုက္ပို႔ေပး"
"အင္း သြားၾကမယ္"
ဟိဏ္းဆက္သည္ေဖေဖနဲ႕ေမေမ့အေရွ႕တြင္ထိုင္ၿပီးစပ္ၿဖီးၿဖီးျဖစ္ေနသည္။
"ေဖေဖ! ေမေမ! ဟိုဟာေလ ဟီးဟီး"
"ဘာျဖစ္ေနတာလဲ၊ ေျပာစရာရွိတာေျပာေလ"
"ေျပာမွာေပါ့ေဖေဖရဲ႕၊ သားေလသားသူငယ္ခ်င္းေတြနဲ႕ပုဂံကိုသြားမလို႔၊ အဲ့တာခြင့္ျပဳေပးပါလို႔ ဟီးဟီး"
"ငါ့သားရာ ဘာမ်ားလဲလို႔၊ သားလည္းအ႐ြယ္ေရာက္ေနၿပီပဲ သြားသြား၊ ေဖေဖလည္းအလုပ္ကိစၥနဲ႕ရွမ္းျပည္ဘက္သြားရမယ္"
"ေမေမကေရာ"
"သြားပါေတာ္ သြားပါ မတားပါဘူး၊ ဘယ္ေတာ့သြားမွာလဲ ဟိန္းေလးေရာပါလား"
"အစ္ကိုကမပါဘူး စာေမးပြဲရွိတယ္ေလ၊ သားတို႔သူငယ္ခ်င္းေတြပဲသြားမွာ၊ ေကသြယ္တို႔အဖြဲ႕ေလ"
"ဪ ေအးေအး ဘယ္ေတာ့လဲဆိုတာလဲေျပာဦး"
"သီတင္းကြၽတ္ကိုသြားမွာေမေမ"
"ေအးေအး ေကာင္းတယ္ သြား၊ ေမေမလည္းသီတင္းကြၽတ္ကိုအလုပ္ကိစၥနဲ႕ျပည္ဘက္ခဏသြားရမယ္"
"ဟင္! ဒါဆိုသမီးတစ္ေယာက္တည္းလား၊ ငိုေနပါၿပီေနာ္"
"တစ္ေယာက္တည္းမျဖစ္ခ်င္ရင္ရည္းစားရွာေလ၊ နင့္ေမာင္ေတာင္နင့္ကိုေက်ာ္တက္သြားၿပီ"
"ေမေမကလည္းအခ်င္းခ်င္းကိုႏွိမ္ရလားလို႔၊ ႀကိဳက္မယ့္သူမွမရွိတာလို႔၊ ေျပာရင္းေတာင္ဝမ္းနည္းလာၿပီ၊ မျဖစ္ေသးပါဘူး ရည္းစားရွာဦးမွပါ"
"သမီးက သမီးေမာင္နဲ႕လိုက္သြားေလအိမ္ေသာ့ပိတ္ခဲ့႐ုံပဲေပါ့"
"ေဖေဖေျပာတာဟုတ္တယ္၊ ငယ္ေလးငါလည္းလိုက္မယ္ေလဟာ"
"အက္ေဖအရႈပ္ထုပ္"
"ဘာ!!!"
"ဪ လိုက္လို႔ေျပာတာပါ"
"ငယ္ေလး ငယ္ေလးေနာ္၊ လူမေလးေခြးမခန႔္ေလးကေတာ့ေနာ္"
"ဆက္ေျပာရင္ေခၚမသြားဘူး"
"ဒါကအၾကပ္ကိုင္တာေပါ့ေလဟုတ္လား"
"ဟုတ္တယ္၊ အိပ္ၿပီ တာ့တာ"
အိပ္ၿပီဆိုၿပီးဝင္သြားသည့္ဟိဏ္းဆက္သည္ကုတင္ေပၚတြင္ဖက္ေခါင္းအုံးႀကီးကိုဖက္ကာဟိန္းသူဆီသို႔ဖုန္းေခၚလိုက္သည္။
"ေျပာပါစြာေတးေလးခင္ဗ်ာ့!"
"အစ္ကို ညီပုဂံသြားဖို႔ေဖေဖနဲ႕ေမေမကခြင့္ျပဳတယ္၊ အစ္ကိုကေရာ"
"မတားပါဘူးဗ်ာ သြားပါ"
"ဟီးဟီး အဲ့တာဆိုရၿပီ၊ အစ္ကိုစာက်က္ေနတာလား"
"စာက်က္ရတာပ်င္းလာလို႔ပုံထိုင္ဆြဲေနတာ"
"ညီ့ပုံလား"
"မဟုတ္ဘူး ေကာင္မေလးတစ္ေယာက္ပုံ၊ ဒီေန႕ေတြ႕ခဲ့တာ အရမ္းလွတယ္"
"ေတာ္ၿပီ ဒါပဲ မေျပာေတာ့ဘူး"
"ေနဦးေလညီရဲ႕ ကိုယ္ကစတာပါ၊ ညီ့ပုံဆြဲေနတာ"
"ဟီးဟီး သိသားပဲ၊ ဆြဲလို႔ၿပီးရင္ ဓာတ္ပုံရိုက္ၿပီးပို႔လိုက္ေနာ္"
"အင္း ပို႔လိုက္မယ္"
"အဲ့တာဆိုဖုန္းခ်လိဳက္ၿပီေနာ္ အိပ္ေတာ့မယ္၊ ခ်စ္တယ္အစ္ကို"
"အင္း ကိုယ္လည္းခ်စ္တယ္"
ႏွစ္ဖက္စလုံးကမွကိုယ္စီEnd callကိုႏွိပ္ရင္းဖုန္းေျပာျခင္းကိုအဆုံးသတ္လိုက္ၾကသည္။
ဆက္ရန္
အပိုင္းသစ္ေလးupေပးလိုက္ပါၿပီ။ ဒါဒါေလးေတြsaranghae❤