ပဲခူး-ရန်ကုန်အဝေးပြေးကားလမ်းမပေါ်တွင် အရှိန်ဟုန်ပြင်းစွာမောင်းနှင်လာသောဆိုင်ကယ်လေးတစ်စီး...
ထိုဆိုင်ကယ်လေးပေါ်တွင်အနောက်မှထိုင်လိုက်လာသောကောင်လေးက..
"ဟျောင့်..မင့်ဆိုင်ကယ်ကြီးကိုအရှိန်နည်းနည်းလျှော့ဦး..ငါလေထဲလွင့်ထွက်တော့မယ်.."
"ဒါငါ့အတွက်ပုံမှန်မောင်းနေကျspeedပဲကွ''
"..မင်းတစ်ယောက်တည်းဆိုဘယ်လိုအရှိန်နဲ့ပဲမောင်းမောင်း..အခုငါပါနေတာ.အရှိန်နည်းနည်းလျှော့ပါဟ..ငါလေးရည်းစားတောင်ရသေးတာမဟုတ်ဘူး..သင်္ချိုင်းကုန်း တော့မင်းနဲ့အတူမလိုက်နိုင်သေးဘူး.ဟွန့်"
"ဟာာ..ဒီရေရာ..ဖွဟဲ့..နမိတ်မရှိ..အေးပါကွာ.ငါအရှိန်လျှော့ပေးမယ်ဟုတ်ပြီလား."
"ဒါနဲ့..လျှမ်းလေးမင်းငါ့ကိုဘယ်ခေါ်သွားနေတာလဲ.."
"ဒီရေ..You're so so talktiveပဲကွာ..တိတ်တိတ်လေးနေပေးဟုတ်ပြီလား.ရောက်ရင်သိလိမ့်မယ်.."
လျှမ်းဆက်အပြောကိုဒီရေမကျေနပ်၍ပြန်ပြောပစ်ချင်သော်လည်းအခုအချိန်မှာလျှမ်းဆက်ဝယ်လာသောမုန့်ထုပ်တွေမျက်နှာကြောင့်ဒီရေသည်းခံနေလိုက်ရသည်...
အချိန်အတော်ကြာပြီးနောက်..အရှိန်ဖြေးညင်းစွာမောင်းနှင်လာသောဆိုင်ကယ်လေးမှာသာယာလှသောနေရာလေးတစ်ခုရှေ့တွင်ရပ်တန့်သွားလေသည်..
လျှမ်းဆက်ဆိုင်ကယ်ကိုရပ်၍ရုတ်တရက်ဆင်းလိုက်သောအခါ အနောက်မှလျှမ်းဆက်ပခုံးကိုမှီ၍အိပ်ငိုက်နေသော ဒီရေတစ်ယောက် နှဖူးနှင့်ဆိုင်ကယ်ဒိုင်ခွက်မိတ်ဆက်လေတော့သည်..
ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်စွာ လျှမ်းဆက်အားဒီရေထဆဲတော့သည်..
"$လောရှည်ကောင်ကြီး..ဆင်းမယ်ဆိုလည်းနည်းနည်းပါးပါးကြည့်ဆင်းပေါ့..ခုတော့ငါ့နှဖူးလေးနီရဲသွားပြီ..အကျင့်မကောင်းတဲ့အစုတ်ပလုတ်ကြီး.."
ဒီရေလျှမ်းဆက်အားစူးရှလှသော
အသံပြဲနှင့်အော်တော့သည်။
အိပ်မှုန်စုံမွှားဖြစ်နေသောမျက်လုံးတို့ကို
ပွတ်ရင်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့…
ဒီရေ အရမ်းသွားချင်ခဲ့သောနေရာလေး..
အဝင်ဝတွင်သစ်သားဖြင့်စာလုံးထွင်းထားသောဆိုင်းဘုတ်လေး
Shwe Pyi Resort......
ဒီရေတစ်ယောက်ဝယ်လာသောမုန့်ထုပ်ကြီးကိုပိုက်ကာပြုံးဖြီးနေသောမျက်နှာကြီးဖြင့်..မြေနီလမ်းလေးအတိုင်းခုန်ပေါက်ဝင်သွားလေသည်..
အနောက်မှ လျှမ်းဆက် ကတော့မနိုင်ဘူးဟူသောပုံစံနှင့်ခေါင်းခါယမ်းလျက်...
ဆိုင်ကယ်ကိုအပေါက်ဝတွင်အပ်ထားခဲ့ပြီး
Guitarလွယ်ကာ ဒီရေနောက်သို့လိုက်လာခဲ့သည်။
ခုန်ဆွခုန်ဆွနှင့်လမ်းလျှောက်နေရင်းမှ တနေရာအရောက်တွင်ရပ်ကာပန်းပုရုပ်အားအံ့သြစွာ
ငေးကြည့်နေသည်။
ထို့နောက်မိမိဘက်လှည့်လာပြီး
''လျှမ်းလေး…… လျှမ်းလေး…… လာဦး''
ဖြီးနေသောမျက်နှာနှင့်လက်ယက်ကာ
ခေါ်နေပုံထောက်တော့တစ်ခုခုလိုချင်ပြန်ပြီထင်တယ်။
ခြေကိုခပ်သွက်သွက်လှမ်းရင်း…
''ပြော ''
''ဟီးးးး ငါ့ကိုဒီအရုပ်ကြီးနဲ့ဓာတ်ပုံရိုက်ပေး''
လျှမ်းဆက် ဒီရေအား ဘုကြည့်ကြည့်ရင်း
''ပေး ဖုန်း……''
''မင်းဖုန်းနဲ့ရိုက်ပေး ……အင့်''
ဒီရေတစ်ယောက်ပြောရင်း လက်ထဲမှမုန့်ထုပ်များအား
လျှမ်းဆက်လက်ထဲထည့်ပေးရင်း
လက်နှစ်ချောင်းထောင်ကာအပြီအပြင်ပဲများနေလေသည်။
လျှမ်းဆက်မှာတော့ လွယ်အိတ်နှင့်guitarအိတ်အပြင် မုန့်ထုပ်ပါလက်ကဆွဲထားရသေးသည်။
အထုတ်ပေါင်းများစွာနှင့် ဒီရေနောက်တကောက်ကောက်လိုက်ကာ
သူပဲများသမျှလိုက်ရိုက်ပေးရသည်။
''မလှဘူး ဖြတ် ဒီပုံ ဒီပုံပြန်ရိုက်ပေး……''
ဤသို့ဤသို့ …
စိတ်တိုစရာကောင်းပေမဲ့
''လျှမ်းလေး ငါ့ဗိုက်လေးမပူဘူးမလား
ငါ့အသက်အောင့်ထားတာ
မြန်မြန်လေး ဗိုက်မပူစေနဲ့နော်''
ဒီလိုတမျိုး……
''ငါဘယ်လိုနေရမလဲ ငါ့ကိုကြည့်ပေးဦး
ဒီနားကမှောင်သလိုဘဲ
လျှမ်းလေး လက်နှစ်ချောင်းထောင်တာကောင်းလား
ဒီတိုင်းနေရမလား လိုင်စင်ပုံရိုက်နေတာနဲ့တူသွားမလား
ဟမ် တစ်ခုခုပြောဦးလေ ''
ဒီလိုတဖုံ နေပူကျဲတဲ အသားမဲခံပြီးရိုက်ပေးတာတောင်
မလှရင်အအော်ခံရသေးတာ…
''အားးးးးးး တော်ပြီ ဒီရေလှိုင်း ငါမရိုက်ပေးတော့ဘူး ရွှေပြည်တခွင်လုံးမင်းမရိုက်ရသေးတာ အိမ်သာထဲဘဲကျန်တော့တယ် တော်ပြီ ''
လျှမ်းဆက် လည်းနေရိပ်သည့်နေရာနားသွားပြီး
မြက်ခင်းပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ထိုအခါမှ ဒီရေလဲ လျှမ်းဆက်နားရောက်လာပြီး
''ဟီးးးး ငါဒီကိုရောက်ဖူးချင်နေတာ
ဒီနေရာကပန်းပုတွေကိုလဲငါအရမ်းသဘောကျတာ
ခုကြည့်ဒီမြက်ခင်းတွေရော အားးးးးးလှလိုက်တာ''
''အားးးးးးးးးးးးး''
မိမိဘေးတွင်ဝင်ထိုင်ကာ
မြက်ခင်းပြင်တွင်လှဲချလိုက်ပြီး
ကောင်းကင်ကိုကြည့်ကာအော်နေပြန်သောဤငနဲကို
ကြည့်မရတာကြောင့် ဖောင်းနေသောပါးနှစ်ဖက်ကို
ဆွဲညှစ်ပစ်လိုက်သည်။
ဟမ် မှတ်ပြီလား……
''နာတယ် လဒကောင်ရဲ့''
ပါးနှစ်ဖက်ကိုပွတ်ကာဆူပုတ်နေသော
ဒီရေအား လျှာထုတ်ပြကာ…
guitarအိတ်ထဲမှ အလှလေးကိုထုတ်လိုက်သည်။
ထိုစဉ်ဒီရေတစ်ယောက်အိပ်နေရာမှထလာပြီး
မုန့်ထုတ်ကိုမွှေနှောက်ကာ အာလူးကြော်ကိုထုတ်နေလေသည်။
''heyyy လျှမ်းလေး လျှမ်းလေး လျှမ်းလေး''
နားမလည်စွာကြည့်ရင်း
''ဘာဖြစ်တာလဲ အဲ့ဒါ…''
''မင်းသီချင်းဆိုတာငါနားထောင်ရတော့မယ်လေ
အဟာားးးး ''
''ဘာလဲ မင်းကနားထောင်ချင်နေတာလား
ဟုတ်မှာပေါ့လေ ငါကအသံအရမ်းကောင်းတာကို
ငါ့မှာfanတွေတစ်ပုံကြီးဘဲလေ မင်းလဲအဲ့ထဲကတစ်ယောက်လား
aw aww အဲ့ အခုလိုတောင်းဆိုတော့လဲ
ဖြစ်စေရမယ်လေ ….danmm''
ဒီရေ လျှမ်းဆက်အားလက်ထဲမှအာလူးကြော်ထုပ်နှင့်
ပစ်ပေါက်လိုက်ပြီး…
''ဆိုစမ်းပါကွာ ခုအခြေအနေကိုမင်းကြည့်လေ
မြက်ခင်းပြင်ကျယ်ရယ် ကောင်းကင်ပြာရယ်
ငါရယ် မုန့်တွေရယ်ရှိနေတော့ပြည့်စုံနေပြီလေ
ဒါမဲ့ မင်းကguitarနဲ့ရှိနေတော့ သီချင်းလဲရှိမှပြည့်စုံမှာပေါ့
မင်းအတွက်ပြောတာပါ ငါကပြည့်စုံနေပြီ''
ပြောလည်းပြောရင်းပစ်ပေါက်လိုက်သောအာလူးကြော်ထုပ်ကိုပြန်ယူကာဖောက်ပြီး တဖြဲနှစ်ဖြဲစားနေလေတော့သည်။
ထိုစဉ်လေပြေနုအေးနှင့်အတူပျံ့လွင့်လာသော
သီချင်းသံ …
''You are my sunshine …
My only sunshine …
You make me happy…
When sky are blue......
........."
ကိုယ်ကတော့အားကြိုးမာန်တက်
ဖျော်ဖြေနေသလောက် ဒင်းလေးကတော့
သူ့ကိုချော့သိပ်နေတယ်ထင်ရ…
အိပ်ပျော်နေပြီ ဟောက်များတောင်ဟောက်နေသေးတယ်
စားထားလိုက်တဲ့မုန့်တွေကလဲကျန်ကျောင်းအိတ်တအိတ်လုံးကုန်လုနီးပါး…
ဘုရားရောတရားရော အကုန်တ ရတယ်
ပါးစပ်မှာလဲ မုန့်အစအနလေးတွေပေပွလို့
လျှမ်းဆက် ဒီရေ့ခေါင်းအားအသာ မ ရင်း
အောက်သို့လွယ်အိတ်ကိုထိုးထည့်ပေးကာ
သက်တောင့်သက်သာအိပ်စေသည်။
ပြီးနောက် မုန့်အခွံများကိုသေချာစုကာ အိတ်အတွင်းပြန်ထည့်ထားလိုက်သည်။
ထိုခဏ
''ညီ…''
သြရှရှ အသံတစ်ခု …
ခေါ်သူအနေနှင့်မည်သို့ခံစားရသည်မသိ
အခေါ်ခံသူလျှမ်းဆက်အဖို့ ရင်ထဲ၌ကျောက်ခဲဆွဲထားသလိုလေးပင်သွားရသည်။
နောက်ကျောဘက်မှမိုးကာထားသော အရိပ်…
ထိုအရိပ်ရှိရာအရပ်မျက်နှာသို့လှည့်အကြည့်…
သစ်ကိုင်းသစ်ရွက်တို့ကိုဖောက်ထွင်းကာ
တိုးထွက်လာသောနေရောင်
မျက်လုံးတည့်တည့်ကိုကျနေသည်။
အရပ်အမောင်းကောင်းကောင်းနှင့်ပြေပြစ်သော
ခန္ဓာကိုယ်.......
မျက်နှာကိုမြင်နိုင်ရန် စူးရှသောနေရောင်အားလက်ဖြင့်ကားရင်း…
''ဟာာ leader…''
လျှမ်းဆက်basketballကစားခဲ့သောteam ၏leader
နေသွေးခန့်…
''အကိုထိုင်လို့ရမလား''
လျှမ်းဆက်ပြုံးပြကာ စက်တော်ခေါ်နေသော
ဝက်ပု၏ဘေးနေရာကိုညွှန်ပြရင်း
''ရတာပေါ့ ထိုင် leaderကြီး''
''အကို လို့ပဲခေါ်ပါ ညီ…''
နေသွေးခန့် ညွှန်ပြသော
မြက်ခင်းစိမ်းစိမ်ပေါ်ထိုင်ရင်းပြောလာသည်။
''ဟုတ် ဒါနဲ့ leader အာာ အကိုကောင်မလေးနဲ့လာတာလား
အကိုကောင်မလေးရော''
''ညီကတော့နောက်ပြီ
အကိုတစ်ယောက်ထဲလာတာပါ''
''အော် ကောင်မလေးပါခေါ်လာရောပေါ့ ဒီနေရာက
အတွဲတွေလာကြတာမဟုတ်လား''
''ဟော့ဗျာ အကိုတစ်ယောက်ထဲပါ''
''hahaaa''
စကားဝိုင်းလေးကတိတ်ဆိတ်သွားသည်။
နေသွေးခန့်ပြုံးရင်း လျှမ်းဆက်အားကြည့်နေသည်မို့
လျှမ်းဆက်အနေခက်လာသည်။
ဤအဓိပ္ပာယ်ကိုနားလည်ဟန်
အကြည့်လွှဲသွားသောနေသွေးခန့်
အကြည့်တို့ကအိပ်ပျော်နေသောဝက်ပုစီသို့
''ဒီရေ နဲ့ကအရမ်းခင်ကြတယ်နော်''
''ကျနော်တို့က ငယ်သူငယ်ချင်းတွေလေဗျာ
ကျနော်မှာလဲသူဘဲရှိသလို သူ့မှာလည်းကျနော်ဘဲရှိတာ''
''မနာလိုလိုက်တာ......"
''ဗျာ…''
နေသွေးခန့် အသံတိုးတိုးကိုမသဲကွဲလိုက်သည်မို့
လျှမ်းဆက်၏အမေးဆန်သော ထူးခြင်းမျိုး…
နေသွေးခန့်ဘက်ကအဖြေပြန်မလာ…
လျှမ်းဆက်ဘာဆက်ပြောရမည်မသိတော့
နှစ်ယောက်သား မြက်ခင်းပေါ်ပက်လက်လှန်ကာ
ကောင်းကင်ပြာကိုသာငေးနေတော့သည်။
အပြစ်ကင်းစွာအိပ်ပျော်နေသော ဒီရေလေးကတော့ဘာမှမသိရှာ…
ရင်ဘတ်ထဲကစကားသံကိုကြားနိုင်စွမ်းတွေ
ရှိပါစေ။
______________❤Can I...?❤________________
Author တွေရဲ့ဖန်တီးမှုညံ့ဖျင်းခဲ့သော်
အနူးအညွတ်တောင်းပန်ရင်း.........