မိုးမြေစက်ဝန်း။

By kokolayphilo

106K 6.8K 153

မတူညီတဲ့ ဘဝနှစ်ခုကို ယှဉ်ပြထားတဲ့ လူငယ်အချစ် ဇာတ်လမ်းလေးပါ။ ချစ်ဖို့ကောင်းတဲ့ မြေကြီးနဲ့ မိုးသားလေးကို အားပေး... More

အပိုင်း(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၂)

3.5K 286 3
By kokolayphilo

မိုးေျမ စက္၀န္း

အပိုင္း (၁၂)

မိုးသား အမႈိက္ေတြကို ပစ္မလို႕ လုပ္ေနရင္းက ဆက္ပင္ လုပ္ခ်င္စိတ္မရွိေတာ့ပါ။ အသက္ (၂၀) ေက်ာ္တဲ့ သူတို႕အရြယ္ေတြက ကေလးမဟုတ္ေတာ့တာ သိေပမယ့္ ေျမႀကီးကို ဒီလို လူတစ္ေယာက္ မျဖစ္ေစခ်င္္တာေတာ့ အမွန္ပါပဲ။ မိုးသား အမႈိက္ေတြကို ၾကြတ္ၾကြတ္ေလးထဲ ထည့္ေနတုန္း ေျမႀကီး အိပ္ေနရာမွ ႏိုးလာပါေတာ့တယ္။

"အား .... မိုးသား ေရာက္ေနတာလား။ အင္း အိပ္ေပ်ာ္သြားတာ ေစာတီး ေစာတီး။"

မိုးသား အမႈိက္ေတြကိုသာ အိတ္ထဲထည့္လိုက္ျပီး လွည့္မၾကည့္ ျဖစ္။

"ဟာ အမႈိက္ေတြ ထားလိုက္ ထားလိုက္။ မလုပ္နဲ႕ ငါလုပ္မယ္ မိုးသား။"

မိုးသား ဘာမွျပန္မေျပာပဲ အမႈိက္အိတ္ေလးကို ကိုင္ျပီး ေနာက္ေဖးဖက္ကို ထြက္လိုက္ပါတယ္။ ေျမႀကီး အတင္းကုန္း ထလာျပီး မိုးသား နားကို လုိက္လာကာ

"ထားလုိက္ပါဆို မိုးသားရာ မင္း ေပကုန္ပါ့မယ္။"

မိုးသားက အမႈိက္ထုပ္ကို အမႈိက္ပံုေပၚ လွမ္းပစ္လိုက္ျပီး ေျမႀကီးကို လွည့္မၾကည့္ပဲ။

"မင္းက အဲ့ဒီ့လို လူမ်ိဳးလား ေျမႀကီး။"

"ဟမ္။ ဘာေျပာတာလဲ မိုးသား။"

ေျမႀကီး နားမလည္စြာနဲ႕ ျပန္ေမးလိုက္ သလို မ်က္လံုးက မိုးသားၾကည့္ေနတဲ့ အမိႈက္ပံုကို ၾကည့္လိုက္ပါေတာ့တယ္။ ျပီးေတာ့မွ တစ္စံု တစ္ခုကို သတိရသြားကာ ခ်က္ျခင္းပဲ

"ဟာ မဟုတ္ဘူး။ မဟုတ္ဘူး။ အဲဒါ ငါသံုးထားတာေတြ မဟုတ္ဘူး မိုးသား။"

မိုးသား ဘာမွမေျပာပဲ အိမ္ေပၚျပန္တက္သြားတာမို႕ ေျမႀကီးလည္း ေနာက္ကေန လုိက္လာရင္းက

"ငါတကယ္ မဟုတ္ပါဘူး မိုးသားရာ။ မင္းႀကိဳက္သလို ႀကိမ္ပါ။ ငါႀကိမ္ရဲတယ္။"

"လိမ္ရဲတဲ့ သူက ႀကိမ္ရဲတယ္တဲ့။"

"က်စ္။ မဟုတ္ပါဘူးဆို။ ခနေနဦး။"

ေျမႀကီး ျခင္ေထာင္ကို ဆြဲမလိုက္ျပီး ေခါင္းအံုးေဘးမွ ဖုန္းကို ယူကာ ဖုန္းကိုဖြင့္လိုက္တာမို႕

"မင္းဘာလုပ္မလို႕လဲ ေျမႀကီး အဲလိုလုပ္ရင္ ငါခ်က္ျခင္း ထျပန္သြားမွာေနာ္။"

ေျမႀကီး ဖုန္းကို ျပန္ပိတ္လိုက္ရင္းက

"ဟုတ္တယ္ေလ မုိးသား အဲဒါ ဒီေကာင္ေတြ လုပ္တာ။ သူတို႕ကိုပဲ ရွင္းခိုင္းရမွာေပါ့။"

မိုးသား ေျမႀကီးကို ေသခ်ာစိုက္ၾကည့္လိုက္ျပီး

"မင္း မဟုတ္တာ က်ိန္းေသတယ္ေနာ္ ေျမႀကီး။"

"ေယာက္်ားစကားကြာ။ က်ိန္းေသတယ္။"

"အဲဒါေတြ ဒီေလာက္အမ်ားႀကီး ဘာလ္ို႕ဒီေနာက္မွာ ရွိေနရတာလဲ။"

ေျမႀကီး အိပ္ယာေပၚက ေဆာင္ေတြကို ဖယ္လိုက္ရင္း

"ဒီမွာလာထိုင္မိုးသား လာ။ လာပါ ဒီမွာ ထိုင္ေနာ္။"

မိုးသား ထိုင္လိုက္ေတာ့မွ ေျမႀကီးကလည္း မိုးသားေဘးမွာထိုင္ကာ

"အဲဒါ ဟိုေကာင္ေတြ ဇယားေတြ မ လာျပီး ဖိထားၾကတာ။"

"ဟင္။ အဲဒီေတာ့ မင္းကေကာ အတူမပါဘူးလား။"

"ဟာ။ မပါပါဘူးဆို။ တကယ္ေျပာေနတာ။ လံုးဝမပါဘူး။"

မိုးသား ေျမႀကီးမ်က္ႏွာကို ေသခ်ာ စိုက္ၾကည့္လိုက္ျပီး

"ဖဲေတြလဲ ပစ္ထားတာ နဲတာမဟုတ္ဘူး။ အရက္ပုလင္းေတြေကာ၊ ဘီယာဗူးခြံေတြေကာ ရႈတ္ပြေနတာပဲ။ မင္းေတာ္ေတာ္ ပ်က္စီးေနတာ ပါလား ေျမႀကီးရယ္။ ဟင္။"

ေျမႀကီး ေခါင္းကို ငံု႕ထားလိုက္ရင္းက

"ငါ့အိမ္မွာက ငါတစ္ေယာက္ထဲေနတာ ဆိုေတာ့ ငါအလုပ္နားတဲ့ ရက္ၾကရင္ လူေတြစံုၾကတယ္။ ဖဲဝိုင္းေကာ အရက္ဝိုင္းေရာပဲ ဒီၾကားထဲ တစ္ခါတစ္ခါ တက္တူး ထိုးတဲ့ ဝိုင္းပါပါေသးတာ။"

မိုးသား စိတ္မသက္မသာနဲ႕ သက္ျပင္းခ်လိုက္ မိပါတယ္။

"ငါ အဲဒါေတြ တစ္ခုမွ မႀကိဳက္ဘူး ေျမႀကီးရာ။ မင္းကိုလည္း မလုပ္ေစခ်င္ဘူး။"

"ငါေနာက္ခါ လံုးဝမလုပ္ေတာ့ပါဘူး မိုးသားရာ ေနာ္။"

"ဘယ္ဟာကို မလုပ္မွာလဲ။ ဖဲလား။ အရက္လား။ ဘီယာလား။ ဘာလဲ။"

"မင္းမႀကိဳက္တာ။"

မိုးသား အ့ံအားသင့္စြာနဲ႕ ေျမႀကီးကို ၾကည့္လိုက္ပါတယ္။

"မင္းတစ္ကယ္ ေျပာေနတာလား ေျမႀကီး။ ငါ့ေၾကာင့္ မင္းဒါေတြ အကုန္လံုးကို စြန္႕ပစ္ႏိုင္လို႕လား။"

"မလြယ္ေတာ့ မလြယ္ဘူးေပါ့။ ဒါေပမယ့္ ငါ ျဖစ္ေအာင္ လုပ္မွာပါ။"

"မင္းဘာလို႕ ဒီေလာက္ထိ ျဖစ္သြားတာလဲ ေျမႀကီး။ ငါတကယ္ကို မထင္ထားဘူး။"

ေျမႀကီး ေခါင္းက ဆံပင္ေတြကို လက္နဲ႕ သပ္လိုက္ရင္းက

"အဖြားမရွိေတာ့တဲ့ အခ်ိန္ကေန စျပီး ငါလဲေနခ်င္သလို ေနခဲ့တာပဲ မိုးသားရာ။ ဒါေပမယ့္ ငါေက်ာင္းေတာ့ ျပီးေအာင္တက္ခဲ့ ပါတယ္။ အလုပ္လဲ မပ်က္ခဲ့ပါဘူး။ ဘာလို႕ ငါေက်ာင္းကို ျပီးေအာင္ တက္ျဖစ္ခဲ့တာလဲ မင္းသိလား။"

မိုးသား ေခါင္းပဲ ခါျပလိုက္ပါတယ္။

"ငါငယ္ငယ္္က အဖြားက ေျပာဖူးတယ္။ ငါပညာမတက္ရင္ မင္းနဲ႕ ပိုျပီး ေဝးလိမ့္မယ္တဲ့။ အဲဒါေၾကာင့္ ငါေက်ာင္းေတာ့ ျပီးေအာင္ တစ္ႏွစ္မွ မက်ပဲ ေျဖႏိုင္ခဲ့ တယ္။ အဲဒါငါ မင္းနဲ႕ ျပန္ေတြ႕ခ်င္လို႕။ ေတြကျပီးရင္လည္း ထပ္ျပီးမခြဲ ခ်င္ေတာ့လို႕ပဲ။"

မိုးသား သူ႕ေဘးမွာ ထိုင္ေနတဲ့ ေျမႀကီးရဲ႕ လက္ေမာင္းကို ျဖစ္ညႈစ္လိုက္ရင္း

"ငါလဲ မင္းနဲ႕ ထပ္တူပါပဲ ေျမႀကီးရာ။ မင္းငါ့ကို တစ္ကယ္ခင္တယ္ ဆိုရင္ အရင္လို မဆိုးပါနဲ႕ေတာ့ေနာ္။ ငါလဲ မင္းနဲ႕ ထပ္ျပီး မေဝးခ်င္ေတာ့ ဘူး။"

ေျမႀကီး ေခါင္းကို တဆတ္ဆတ္ျငိမ့္လိုက္ကာ

"ငါ မ်က္ႏွာသစ္လိုက္ဦးမယ္။ ခနေလးေစာင့္ေနာ္။"

ေျမႀကီး မ်က္ႏွာသစ္ေနတုန္း မိုးသား ေျမႀကီးရဲ႕ ျခင္ေထာင္ကို သိမ္းေပးလိုက္ပါတယ္။ အနံ႕အသက္က သိပ္မေကာင္းလွ။ ေဆးလိပ္နံ႕ေတြလား။ ဖုန္နံ႕ေတြလား မိုးသားမသိတာမို႕ ျခင္ေထာင္ကို လံုးေထြးလိုက္ကာ အိမ္ေရွ႕မွာ မ်က္ႏွာသစ္ေနတဲ့ ေျမႀကီးေဘးမွာ သြားပံုလိုက္ပါေတာ့တယ္။

"ဟာ။ ေအး ေအး။ ငါေလွ်ာ္မယ္ ထားလိုက္။"

မိုးသား ေစာင္ေတြေရာ ေခါင္းအံုးစြပ္ေတြပါ အကုန္ျဖဳတ္ကာ ပံုထားလိုက္ျပီး ေခါင္းအံုးေတြကို ေနပူတဲ့ ေနရာမွာ ထုပ္လွမ္း လိုက္ပါတယ္။ ျပီးေတာ့ အိမ္ထဲ မွာလဲ တံျမက္စည္းေတြ လွဲသန္႕ရွင္းေရးေတြ လုပ္နဲ႕ အိမ္ေသးေသးေလးေပမယ့္ မရွင္းတာ ၾကာေတာ့ အေတာ္ေလး ရွင္းယူလုိက္ရပါတယ္။

မိုးသားေကာ ေျမႀကီးပါ ႏွစ္ေယာက္စလံုး ေမာျပီး အိမ္ေလးထဲ မွာထိုင္လိုက္ၾကပါေတာ့တယ္။ ေျမႀကီးက

"ငါ့ေၾကာင့္ မင္းလဲ ပင္ပန္းသြားျပီ ခနေလး ငါေရသန္႕ဗူး သြားဝယ္ေပမယ္။"

"ရတယ္ ေနေပ့ေစ။ ကားထဲမွာ ပါတယ္။ ေနာက္ခါ ျပန္မပြေစနဲ႕ေတာ့ေနာ္ ေျမႀကီး။ ျပီးရင္ ေနာက္ေဖးက အမႈိက္ပံုၾကီးကိုလည္း ရွင္းဦး။ ရြံစရာႀကီး။"

"ေအးပါကြာ။ ရွင္းပါ့မယ္။ ငါ့မေန႕ညက လၹက္ရည္ဆိုင္ ထိုင္ထဲက ငါလုပ္ရမယ့္ ဟာေတြ ၾကိဳျပီး သတိထားမိပါ္တယ္။"

"ဒါနဲ႕ မေန႕က မင္းတို႕ ရိုက္ၾကေသးတယ္ဆို။ အဲဒါေတြလည္း မလုပ္ပါနဲ႕ေတာ့ ေျမႀကီးရာ။"

"အင္းပါ။ အဲဒါေတာ့ ငါလည္း မျဖစ္ခ်င္ပါဘူး။ ဒီေကာင္ေတြကိုက ျပသနာလာလာရွာတာ။ မေန႔ညက တြယ္လႊတ္လိုက္တယ္။ ေခြးေကာင္ေတြ မွတ္ေလာက္ သားေလာက္ရွိသြားေအာင္။"

မိုးသား ေျမႀကီးကိုၾကည့္ရင္း သက္ျပင္းကို ခ်လိုက္မိပါတယ္။ တကယ္ကို ေျမႀကီးတစ္ေယာက္ဟာ အကြပ္မဲ့ၾကမ္းလို ျဖစ္ေနတာေလ။ ေတာ္ေသးတယ္ မိုးသား အခ်ိန္မွီ ျပန္ေတြ႕လိုက္လို႕။ ေျမႀကီးကို မိုးသား အခ်ိန္အမ်ားႀကီး ယူျပီး ျပင္ဆင္ေပးရမွာ မလြဲမေသြပါပဲ။

"မိုးသား ခနေလးေနာ္။ ငါ အိမ္သာ သြားမလို႕ ခနေလး။"

"အင္းသြားေလ။ ရပါတယ္။"

ေျမႀကီးက အိမ္သာသြားမယ္ ေျပာျပီး တန္းမသြားေသးပဲ သူ႕ေခါင္းအံုးေဘးမွာ ခ်ထားတဲ့ ေဆးလိပ္ဗူးထဲက တစ္လိပ္ကို ထုပ္ယူလိုက္ျပီး မိုးသားကို စပ္ျဖဲျဖဲနဲ႕ လွမ္းၾကည့္ကာ သုတ္ခနဲ အိမ္သာကို ေျပးသြားပါေတာ့တယ္။ မိုးသား ေခါင္းကို အသာပဲ ခါယမ္းလိုက္ မိပါေတ့ာတယ္။ မလြယ္ပါလား ေျမႀကီးရယ္။

..................

အခုဆို မိုးသားလည္း ဒီဇိုင္နာ သင္တန္း တက္ေနျပီမို႕ ေျမႀကီးနဲ႕လည္း ေန႕တိုင္းေတြ႕လို႕ ရေနျပီေလ။ ေျမႀကီးကလည္း မိုးသား ေျပာသမွ်နားေထာင္ျပီး ျပဳျပင္ေနျပီမို႕ မိုးသား ေပ်ာ္ေနရပါတယ္။ လၹက္ရည္ဆိုင္ ထိုင္တာ ေဆးလိပ္ေသာက္တာေလာက္ကိုေတာ့ မိုးသား ဘာမွမေျပာေတာ့ ပါဘူး။ တျခား ဟာေတြကိုေတာ့ မိုးသား ေျပာသမွ် ေျမႀကီးက လိုက္ျပီး လုပ္ပါတယ္။ အရက္၊ ဘီယာ လံုး၀မေသာက္ေတာ့ သလို ရန္လဲမျဖစ္ေတာ့ေပ။

ဒီေန႕လဲ ေျမႀကီး အလုပ္နားရက္မို႕ မိုးလင္းတာနဲ႕ အိပ္ယာထကာ အိမ္ကို သန္႕ရွင္းေရး အရင္လုပ္ပါေတာ့တယ္။ ျပီးတာနဲ႔ ေစ်းကိုေျပးကာ ဘုရားပန္းေတြနဲ႕ လုိအပ္တာေတြ ၀ယ္။ အိမ္ျပန္ေရာက္တာနဲ႕ ဘုရားပန္းလဲ အ၀တ္ေလွ်ာ္ ေရမိုးခ်ိဳးျပီး တာနဲ႕ အခ်ိန္က ေန႕လည္ (၁၂) နာရီ ထိုးလုျပီ။ ေျငာင္းတာနဲ႕ အိပ္ယာေပၚ ခနလွဲ ေနလိုက္ပါေတာ့တယ္။ အိပ္ေတာ့မအိပ္ဘူး ခနေနရင္ မိုးသား သင္တန္းဆင္းျပီး အျပန္သူ႕စီ ၀င္လာမွာေလ။ ဘာမွမခ်က္ထားနဲ႕ စားဖို႕ သူ၀ယ္ခဲ့မယ္ လို႕လည္းမွာထား တာမို႕ ဗိုက္စာေပမယ့္ ေပျပီး ေစာင့္ ေနလိုက္ပါေတာ့တယ္။

ေမွးခနဲ အိပ္ေပ်ာ္မလိုျဖစ္ေနတုန္း

"ေျမႀကီး ေဟ့ေကာင္ ေျမႀကီး။"

အသံၾကားလို႕ ထၾကည့္လိုက္ေတာ့ ဒလနဲ႕ ငခံုးမ။

"ေဟ့ေကာင္ေတြ ဘာျဖစ္လာတာတုန္း အလန္႕တၾကားနဲ႕။ ေခြးပုေရာ။"

စိတ္ထဲမွာ ထင္လိုက္တာက ရန္ျဖစ္ၾကျပန္ျပီေပါ့။

"ေခြးပု လမ္းထိပ္မွာ။ ေဟ့ေကာင္ ငါတို႕ ဖားရိုက္ထားတာ တစ္ေကာင္မိ ထားလို႕ အဲဒါ မင္းစီလာမလို႕ ဟီး။"

ေျမႀကီး သက္ျပင္းကိုသာ အသာခ်လိုက္ပါေတာ့တယ္။ ဒီေကာင္ေတြ ေျပာတဲ့ ဖားရိုက္တယ္ဆိုတာ ေၾကးစားေဆာ္ကို ရွာတာေျပာတာ မိတယ္ဆိုေတာ့ ရထားျပီေပါ့။ ေျမႀကီးစီ လာမယ္ဆိုတာက ေျမႀကီးအိမ္မွာ လာျပီး ေပ်ာ္ပါးၾကမွာ ေျပာတာ။ ဒါက အရင္တည္းက ဒီေကာင္ေတြ လုပ္ေနၾကေလ။

"မင္းတို႕ကလည္းကြာ ေန႕ခင္းေၾကာင္ေတာင္ႀကီးကို။"

"လုပ္ပါကြာ။ ရတုန္းေလးကို မင္းကလည္း။ ငါတို႕ နားထားတာ ၾကာလွေနျပီပဲ ဟာ။ ေနာ္ ေဟ်ာင့္။"

ေျမႀကီး ေခါင္းကို အသာခါလိုက္ပါတယ္။

"မရဘူး ငခံုးမ။ အခုမဟုတ္ဘူး။ ေနာက္လည္း မရေတာ့ဘူး။ မင္းတို႕ တျခားေနရာသာ ရွာၾကေတာ့ကြာ ေနာ္။"

ငခံုးမေကာ လဒပါ အ့ံၾသသလို ေျမၾကီးကို တစ္ျပိဳင္တည္း ၾကည့္လိုက္ၾကျပီး ငခံုးမက

"မင္းက အဲဒါ ဘာျဖစ္တာလဲ ေျမႀကီး ေဘာ္ဒါခ်င္းကို ေရွာ္တာလား။"

"ေရွာ္တယ္ ထင္လဲ မတက္ႏိုင္ဘူး။ ေနာက္ခါငါ့စီကို ေခၚမလာနဲ႕။ မင္းတို႕ ျဖစ္ခ်င္ရင္ တစ္ျခား ဂ်က္ကာ သာရွာေတာ့။"

ဂ်က္ကာ ဆိုတာ ေနရာကိုေျပာတာေလ။

"အဲဒါေၾကာင့္ ေခြးပုက ေျပာတာေပါ့။ ဒီေကာင္အခု အရင္လို မဟုတ္ေတာ့ဘူး။ ေသခ်ာေအာင္ သြားေမးလို႕ ေျပာတာ။"

လဒက ငခံုးမကို ေျပာလိုက္တာၾကားေပမယ့္ ေျမႀကီး ဘာမွျပန္မေျပာ ျဖစ္ေတာ့။

"ရတယ္ ေျမႀကီး။ ေနစမ္းပါဦး မင္းက ဘာလို႕ အခ်ိဳးေတြ ေျပာင္းသြားရ တာတုန္း ခ်က္ျခင္းႀကီး။"

ေျမႀကီး ေျပာမလို႕ လုပ္တုန္းရွိေသးတယ္ လဒက ၀င္ေျပာလာပါတယ္။

"ဘာျဖစ္ရမွာလဲကြာ။ ဒီေကာင္မိုးသား ျပန္္လာထဲက ငါတို႕ကို ေခါက္သြားတာ။ သူတို႕ ႏွစ္ေကာင္တည္း က်ိတ္က်ိတ္နဲ႕ အျမဲ ေတြ႕ေနရတာ။ ဟိုေကာင့္ကားလဲ ဒီကို ခနခနလာတယ္လို႕ ေျပာသံၾကားတယ္။ ဟုတ္တယ္မလား ေျမႀကီး။"

ေျမႀကီးေခါင္းကို ျငိမ့္လိုက္ရင္းက

"ေအး မင္းတို႕ ထင္ခ်င္သလိုသာ ထင္ၾကကြာ။ ငါကေတာ့ အရင္အတိုင္းပါပဲ။"

"ေတာ္စမ္းပါကြာ။ အခုမွ ေပါင္းတဲ့ ေကာင္ေတြက်ေနတာပဲ။"

"ေဟ်ာင့္ မင္းတို႕ ႏွစ္ေကာင္ရိုးေကာရိုးၾကရဲ႕လား။"

"ဘာကြ ေဟ့ေကာင္။"

လဒ စကားေၾကာင့္ ေျမၾကီးေခါင္းက ဆတ္ခနဲ ေထာင္သြားပါတယ္။ ဒါကိုသိတဲ့ ငခံုးမက ထိုင္ရာက ထလိုက္ရင္း

"လာစမ္းပါ။ လဒရာ ဟိုမွာ ဖားလြတ္သြားဦးမယ္။ မင္းကလဲ ျပသနာရွာျပန္ျပီ။"

လဒ လက္ေမာင္းကို ဆြဲကာေခၚသြားပါေတာ့တယ္။ ေျမႀကီး ျပသနာမတက္ခ်င္တာ ခနေန မိုးသား လာေတာ့မွာမို႕ပါ။ စိတ္ထဲမွာေတာ့ အေတာ္ေလး ေဒါသ ထြက္သြားရပါေတာ့တယ္။ ဒီေကာင္ေတြ ေဖာင္းတာ မ်ားေနျပီေလ။

"ေတာက္။"

"ဒံုး ..... ဂေလာက္ ဂေလာက္"

"အားရိုး ေသပါျပီ။"

ေဒါသထြက္ထြက္နဲ႕ အိပ္ယာေပၚျပန္လွဲ ခ်လိုက္တာ ေနာက္စိက ေခါင္းရင္းက ပ်ဥ္ခ်ပ္နဲ႕ သြားေစာင့္ပါေတာ့တယ္။ ေခါင္းရင္းက ေဘာင္တန္းေပၚမွာ တင္ထားတဲ့ ႏို႕ဗူးခြံေလး ၾကမ္းျပင္ေပၚ ျပဳတ္က်လာတာမို႕ ေျမၾကီး ေကာက္ယူျပီး ၾကည့္လိုက္ပါေတာ့တယ္။ ဒီေန႕အထိ သိမ္းထားဆဲ ျဖစ္တဲ့ မုိးသားနဲ႕ စေတြ႕တဲ့ေန႕က ႏို႕ဗူးခြံေလး။ ဒါေလးကို မိုးသားကလည္း မွတ္မိေနတာေလ။

ေျမႀကီးေက်နပ္စြာ ျပံဳးလိုက္ျပီး ဗူးေလးကို ဖြင့္လိုက္ပါတယ္။ ျပီးေတာ့ အေပါက္ကို လက္ဖဝါးေပၚတင္ကာ ေခါက္ခ်လိုက္ပါေတာ့တယ္။ အထဲက ထြက္လာ တာက ပလက္စတစ္ အိတ္အၾကည္ေလးနဲ႕ ထည့္ထားတဲ့ တစ္ရႈးစ အေဟာင္းေလး တစ္ခု။ မ်က္လံုးထဲမွာ ဖ်တ္ခနဲ ျပန္ေပၚလာတာက မိုးသားနဲ႕ မခြဲခင္ ေနာက္ဆံုးေတြ႕လုိက္ရတဲ့ ေန႕က မိုးသားတို႕ ကားေပၚက ပစ္ခ်ခဲ့တဲ့ တစ္ရႈးစေလး။

စိုရႊဲေနတာမို႕ မိုးသားငိုေနတာလဲ ေတြ႕လိုက္ေတာ့ မိုးသားရဲ႕ မ်က္ရည္ေတြ ဆိုျပီး သိမ္းထားခဲ့တာ။ ကေလး အေတြးေလးေပါ့။ တစ္ကယ္လို႕ အဲ့ဒီ့ တစ္ရႈးက မိုးသား မ်က္ရည္ေတြ မဟုတ္ပဲ သူ႕အဖြား ႏွပ္ေတြ ဆိုရင္.....

"ဟားဟားဟား ေစာက္ရူး။"

ေျမႀကီးတစ္ေယာက္ထဲ ေက်နပ္စြာ ရီလိုက္ရင္းက ေျပာလိုက္မိပါတယ္။ ျပီးေတာ့ ခုန လဒေျပာတဲ့ စကားသံကိုလည္း ျပန္ၾကားမိတယ္။ ဟုတ္တယ္။ သူမိုးသား အေပၚမွာ ရိုးေကာရိုးသားရဲ႕လား။ ပလက္စတစ္အိတ္ေလးနဲ႕ ဗူးခြံေလးကို ရင္ဘတ္ေပၚတင္ရင္း ေျမႀကီး ေက်နပ္စြာ ျပံဳးေန မိပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ဒီအရြယ္ေရာက္တဲ့ အထိ မိန္းကေလး တစ္ေယာက္ကိုမွ မခုန္တက္တဲ့ သူ႕အသည္းက မိုးသားဆိုတဲ့ နာမည္ၾကားတာနဲ႕ ဒါမွမဟုတ္ အေတြးထဲကို ေရာက္လာတာနဲ႔ ဆတ္ခနဲ ထထ ခုန္တက္တာ ဘာ့ေၾကာင့္လဲ။ သူ႕အေၾကာင္းေတြးရံုနဲ႕ ေက်နပ္ေနတက္တာ ဘာလို႕လဲ။ ေပေပေတေတ ေနခဲ့သမွ် လြယ္ကူစြာ ျပဳျပင္ႏိုင္တာ ဘာ့ေၾကင့္လဲ။ တစ္သက္လံုး အတူတြဲလာတဲ့ သူငယ္ခ်င္းေတြကိုေတာင္ ဆန္႕က်င္ႏိုင္တာ ဘာလို႕လဲ။

ဒီေလာက္ အင္အားၾကီးမားတဲ့ အရာဟာ သူငယ္ခ်င္း သံေယာဇဥ္ေတာ့ ျဖစ္မယ္မထင္။ ေတြးေနရင္းက ရင္ေတြ တလွပ္လွပ္နဲ႕ ေက်နပ္ေနမိတာ ဘာလို႕ပါလဲ။ ဟုတ္တယ္ ဒါဆို သူ မိုးသားကို ခ်စ္ေနမိတာပဲ။

"အား......................."

သိပ္ခက္ခဲတဲ့ သခၤ်ာတစ္ပုဒ္ကို အေျဖမွန္ေအာင္ တြက္ႏိုင္တဲ့ သူတစ္ေယာက္လို ေက်နပ္စြာနဲ႕ ေျမႀကီး ညည္းညဴလိုက္မိပါတယ္။ ဖုန္းကို ေခါင္းအံုးေဘးက ဆြဲယူလိုက္ျပီး ဖုန္းထဲက မိုးသားပံုေလးေတြကို တစ္ပံုခ်င္းစီ ျပံဳးရင္း ၾကည့္ေနမိပါတယ္။ ဒီပံုေလးေတြက မိုးသားရဲ႕ Facebook မွာတင္ထားတာေလးေတြကို ေျမႀကီး Save ထားတာေလ။ ဘယ္လိုရိုက္ရိုက္ ဘယ္လိုပံုစံေလးနဲ႕ပဲ ျဖစ္ျဖစ္ ၾကည့္ေကာင္းေနတဲ့ မိုးသားဟာ ေျမႀကီးရဲ႕ ႏွလံုးသားကို အပိုင္သိမ္းသြားျပီ ဆိုတာ သိပ္ကို ေသခ်ာလို႕ ေနပါျပီ။

မိန္းကေလး တစ္ေယာက္ကို စိတ္ဝင္စားရမယ့္ အစား ကို႕သူငယ္ခ်င္း ေယာက္်ားေလး အခ်င္းခ်င္းကို စိတ္ဝင္စားမိတဲ့ အတြက္ ကို႕ကိုယ္ကို အံံ့ၾသမိေပမယ့္ ဒီအရာကိုပဲ ေျမၾကီး ေက်နပ္စြာ လက္ခံမိေနျပီးသား ျဖစ္ေနပါတယ္။

အဲဒိ့အခ်ိန္မွာပဲ ကားသံၾကားရ တာမို႕ အိတ္ကေလးကို အျမန္ျပန္ ထိုးထည့္ျပီး ျပန္တင္ ထားလိုက္ပါေတာ့တယ္။ မိုးသား ကားေပၚကေန အထုပ္ေလးးေတြ ကိုင္ရင္း ဆင္းလာတာေတြ႕ေတာ့ ေျမႀကီး သြားႀကိဳလိုက္ပါတယ္။

"ငါလမ္းထိပ္မွာ ေခြးပုတို႕ကို ေတြ႕ခဲ့တယ္။ ေခၚေတာ့မေခၚလိုက္ဘူး။ သူတို႕နားမွာ ေကာင္မေလး တစ္ေယာက္လည္္းပါေနလို႕။"

"အင္း။ ခုနကေတာင္ လဒနဲ႕ ငခံုးမ လာသြားေသးတယ္။ ဘာေတြ ဝယ္လာတာလဲ မိုးသား။"

"မင္းစားဖို႕ေလ။ အမ်ားၾကီးပဲ။ မင္း ဗိုက္ဆာေနျပီလား။ ပန္းကန္ေတြ ေကာ ေသခ်ာေဆးထားရဲ႕လား။"

"ေဆးထားပါ့ဗ်ာ။ ၾကည့္လိုက္။"

"အယ္လယ့္ အ၀တ္ေတြပါ ေလွ်ာ္လို႕ပါလား။ ခနေနဦး ငါမင္းစားဖို႕ ျပင္ေပးမယ္။"

"ငါလုပ္ပါ့မယ္။ ေပးပါ။"

"ဖယ္ေနပါဆို။ ရတယ္ ငါလုပ္ေပးမယ္။"

ထမင္းဟင္းခ်က္တဲ့ ေနရာ မွာ ႏွစ္ေယာက္သား ငုတ္တုတ္ေလးေတြ ထိုင္ျပီး လုေနၾကတာေလ။ ေျမႀကီး အိပ္တဲ့ေနရာနားမွာ သြားျပန္ထိုင္ လိုက္ျပီး ဟင္းေတြ ထည့္ေနတဲ့ မိုးသား ပံုေလးကို ခ်စ္စႏိုးေလးနဲ႕ ၾကည့္ေနလိုက္ပါတယ္။ ေျမႀကီး ဖုန္းကို ယူျပီး အသံကို အနည္းငယ္တင္ကာ အုပ္စိုးခန္႕ရဲ႕ ခ်စ္ေနျပီ ဆိုတဲ့ သီခ်င္းေလး ဖြင့္ထားလိုက္ပါတယ္။

..... စိတ္ေတြ မင္းဘက္ ယိမ္းေနတယ္ ... အဆင့္ေက်ာ္ဖို႕တြက္ တို႔မလံု မလဲ .....

..... ငါမင္းေရွ႕ေရာက္ရင္ ယုန္ကေလး ျဖစ္သြားတယ္ .......

...... မင္းရဲ႕ အက်ဥ္းသား တစ္ေယာက္လိုပဲ ..... အခ်စ္မွာ ရုန္းမရ ျငိတြယ္ဆဲ .....

..... အမွန္တိုင္းေျပာရရင္ သူငယ္ခ်င္း ဘဝနဲ႕ မေရာင့္ရဲ ......

"ဘာျဖစ္ေနတာလဲ မင္းရုပ္က စပ္ျဖီးျဖီး ျပီတီတီနဲ႔။"

"ဟဲဟဲ မင္းက အိမ္ရွင္မၾကီးနဲ႕ တူလို႕ကြ။"

"ဟာ ေစတနာ ပ်က္ေအာင္ လုပ္ျပန္ျပီ။ ငါထျပန္သြားမွာေနာ္။"

"ဟီး စတာ စတာ။"

ေျမႀကီး ထမင္းစားေနေတာ့ မိုးသားက ေဘးမွာ ငုတ္တုတ္ေလးထိုင္ကာ ဖုန္းကိုႏွိပ္ေနပါတယ္။ ေျမႀကီး စားေနရင္းကခိုး ၾကည့္ရင္းနဲ႕ စိတ္ထဲကေန အသည္းေတြ ယားလိုက္တာ မိုးသားရာ လို႕ ေျပာလိုက္မိပါတယ္။ ေျမႀကီးၾကည့္ေနတုန္း မိုးသားက ဖ်တ္ခနဲ လွမ္းၾကည့္လိုက္တာမို႕ သူခိုးလူမိကာ ရွက္ကိုးရွက္ကန္းနဲ႕ ထမင္းပါသီးသြားေတာ့ မိုးသားကရီေနပါတယ္။

..... မေနႏိုင္ေအာင္ ငါ့ရဲ႕ ဘက္က ခ်စ္ေနျပီး မင္းေလးကေတာ့ တစ္ခ်က္မွ မသိ ......

...... မ်က္လႊာေလးကို ခ်ျပီး မင္းၾကည့္တဲ့ အၾကည့္နဲ႕တင္ ငါ့ရဲ႕ ဘဝဟာ ေနေပ်ာ္ျပီ .....

...... ရင္ခုန္သံထိန္းခ်ဳပ္ဖို႕ေတာ့ ခက္ေနျပီ ခ်စ္တဲ့စိတ္ေၾကာင့္ ငါရူးျပီ .....

..... မင္းသာငါ့ရဲ႕ ပထမ အျမဲတမ္း ဦးစားေပးသူ မင္းမသိပဲရယ္ ကြယ္ရာက ခ်စ္ေနျပီ ......

"ငါျပန္ေတာ့မယ္ ေျမႀကီး။"

"ဟာ ေနပါဦး ခုမွ ေရာက္တာကို။ ငါေတာင္ ထမင္းစားလို႕ မျပီးေသးဘူး။"

"ေတာ္ျပီ။ နားေတြကို ျငီးေနတာပဲ ဘာသီခ်င္းေတြ ဖြင့္ေနမွန္းလည္း မသိဘူး။ တစ္ပုဒ္ထဲ ထပ္တလဲလဲနဲ႕။"

"ဟီး မင္းကလည္း သူမ်ား ဖီးေနတာကို။"

"ဖီး ဖီး အ့မာ ကို႕ဖာကို တစ္ေယာက္ထဲ။ သြားျပီ။"

မိုးသား သူ႕ေက်ာပိုးအိတ္ေလး ေကာက္ယူကာ အိမ္ထဲကေန ထြက္သြားပါေတာ့တယ္။ ကားေပၚေရာက္ေတာ့ မိုးသားက ေျမႀကီးကို လွမ္းၾကည့္ေတာ့ ေျမႀကီး ႏွာေခါင္းေလးရႈံ႕ကာ ေျပာင္ျပလိုက္ပါတယ္။

...... ညဆုိ သတိ္ရတိုင္း ကဗ်ာေရး အလြတ္ရထားတဲ့ ဖုန္းနံပါတ္ေလး ေခၚဖို႕ မရဲဘူးကြယ္ တစ္ေယာက္ထဲ က်ိတ္လြမ္းတယ္ ......

.....စကားေတြ မျပင္းေတာ့ဘူး အရင္လို သူရိပ္မိသြားမလား ေၾကာက္ေနခဲ့ .... ငါမရိုးသားဘူးလို႕ နင္ေျပာလဲ ေျပာပါေစေတာ့ .....

"ဟားဟားဟား ခ်စ္တယ္ကြ ခ်စ္တယ္ အသားကုန္ခ်စ္တယ္ ဟားဟားဟား။"

ဆက္လက္တင္ျပသြားပါ့မယ္ ခမ်ာ့။

အားလံုးကို ေလးစားခ်စ္ခင္ ေက်းဇူးတင္လ်က္။

ကိုကိုေလး။

Unicode

မိုးမြေ စက်ဝန်း

အပိုင်း (၁၂)

မိုးသား အမှိုက်တွေကို ပစ်မလို့ လုပ်နေရင်းက ဆက်ပင် လုပ်ချင်စိတ်မရှိတော့ပါ။ အသက် (၂၀) ကျော်တဲ့ သူတို့အရွယ်တွေက ကလေးမဟုတ်တော့တာ သိပေမယ့် မြေကြီးကို ဒီလို လူတစ်ယောက် မဖြစ်စေချင်တာတော့ အမှန်ပါပဲ။ မိုးသား အမှိုက်တွေကို ကြွတ်ကြွတ်လေးထဲ ထည့်နေတုန်း မြေကြီး အိပ်နေရာမှ နိုးလာပါတော့တယ်။

"အား .... မိုးသား ရောက်နေတာလား။ အင်း အိပ်ပျော်သွားတာ စောတီး စောတီး။"

မိုးသား အမှိုက်တွေကိုသာ အိတ်ထဲထည့်လိုက်ပြီး လှည့်မကြည့် ဖြစ်။

"ဟာ အမှိုက်တွေ ထားလိုက် ထားလိုက်။ မလုပ်နဲ့ ငါလုပ်မယ် မိုးသား။"

မိုးသား ဘာမှပြန်မပြောပဲ အမှိုက်အိတ်လေးကို ကိုင်ပြီး နောက်ဖေးဖက်ကို ထွက်လိုက်ပါတယ်။ မြေကြီး အတင်းကုန်း ထလာပြီး မိုးသား နားကို လိုက်လာကာ

"ထားလိုက်ပါဆို မိုးသားရာ မင်း ပေကုန်ပါ့မယ်။"

မိုးသားက အမှိုက်ထုပ်ကို အမှိုက်ပုံပေါ် လှမ်းပစ်လိုက်ပြီး မြေကြီးကို လှည့်မကြည့်ပဲ။

"မင်းက အဲ့ဒီ့လို လူမျိုးလား မြေကြီး။"

"ဟမ်။ ဘာပြောတာလဲ မိုးသား။"

မြေကြီး နားမလည်စွာနဲ့ ပြန်မေးလိုက် သလို မျက်လုံးက မိုးသားကြည့်နေတဲ့ အမှိုက်ပုံကို ကြည့်လိုက်ပါတော့တယ်။ ပြီးတော့မှ တစ်စုံ တစ်ခုကို သတိရသွားကာ ချက်ခြင်းပဲ

"ဟာ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲဒါ ငါသုံးထားတာတွေ မဟုတ်ဘူး မိုးသား။"

မိုးသား ဘာမှမပြောပဲ အိမ်ပေါ်ပြန်တက်သွားတာမို့ မြေကြီးလည်း နောက်ကနေ လိုက်လာရင်းက

"ငါတကယ် မဟုတ်ပါဘူး မိုးသားရာ။ မင်းကြိုက်သလို ကြိမ်ပါ။ ငါကြိမ်ရဲတယ်။"

"လိမ်ရဲတဲ့ သူက ကြိမ်ရဲတယ်တဲ့။"

"ကျစ်။ မဟုတ်ပါဘူးဆို။ ခနနေဦး။"

မြေကြီး ခြင်ထောင်ကို ဆွဲမလိုက်ပြီး ခေါင်းအုံးဘေးမှ ဖုန်းကို ယူကာ ဖုန်းကိုဖွင့်လိုက်တာမို့

"မင်းဘာလုပ်မလို့လဲ မြေကြီး အဲလိုလုပ်ရင် ငါချက်ခြင်း ထပြန်သွားမှာနော်။"

မြေကြီး ဖုန်းကို ပြန်ပိတ်လိုက်ရင်းက

"ဟုတ်တယ်လေ မိုးသား အဲဒါ ဒီကောင်တွေ လုပ်တာ။ သူတို့ကိုပဲ ရှင်းခိုင်းရမှာပေါ့။"

မိုးသား မြေကြီးကို သေချာစိုက်ကြည့်လိုက်ပြီး

"မင်း မဟုတ်တာ ကျိန်းသေတယ်နော် မြေကြီး။"

"ယောက်ျားစကားကွာ။ ကျိန်းသေတယ်။"

"အဲဒါတွေ ဒီလောက်အများကြီး ဘာလ်ို့ဒီနောက်မှာ ရှိနေရတာလဲ။"

မြေကြီး အိပ်ယာပေါ်က ဆောင်တွေကို ဖယ်လိုက်ရင်း

"ဒီမှာလာထိုင်မိုးသား လာ။ လာပါ ဒီမှာ ထိုင်နော်။"

မိုးသား ထိုင်လိုက်တော့မှ မြေကြီးကလည်း မိုးသားဘေးမှာထိုင်ကာ

"အဲဒါ ဟိုကောင်တွေ ဇယားတွေ မ လာပြီး ဖိထားကြတာ။"

"ဟင်။ အဲဒီတော့ မင်းကကော အတူမပါဘူးလား။"

"ဟာ။ မပါပါဘူးဆို။ တကယ်ပြောနေတာ။ လုံးဝမပါဘူး။"

မိုးသား မြေကြီးမျက်နှာကို သေချာ စိုက်ကြည့်လိုက်ပြီး

"ဖဲတွေလဲ ပစ်ထားတာ နဲတာမဟုတ်ဘူး။ အရက်ပုလင်းတွေကော၊ ဘီယာဗူးခွံတွေကော ရှုတ်ပွနေတာပဲ။ မင်းတော်တော် ပျက်စီးနေတာ ပါလား မြေကြီးရယ်။ ဟင်။"

မြေကြီး ခေါင်းကို ငုံ့ထားလိုက်ရင်းက

"ငါ့အိမ်မှာက ငါတစ်ယောက်ထဲနေတာ ဆိုတော့ ငါအလုပ်နားတဲ့ ရက်ကြရင် လူတွေစုံကြတယ်။ ဖဲဝိုင်းကော အရက်ဝိုင်းရောပဲ ဒီကြားထဲ တစ်ခါတစ်ခါ တက်တူး ထိုးတဲ့ ဝိုင်းပါပါသေးတာ။"

မိုးသား စိတ်မသက်မသာနဲ့ သက်ပြင်းချလိုက် မိပါတယ်။

"ငါ အဲဒါတွေ တစ်ခုမှ မကြိုက်ဘူး မြေကြီးရာ။ မင်းကိုလည်း မလုပ်စေချင်ဘူး။"

"ငါနောက်ခါ လုံးဝမလုပ်တော့ပါဘူး မိုးသားရာ နော်။"

"ဘယ်ဟာကို မလုပ်မှာလဲ။ ဖဲလား။ အရက်လား။ ဘီယာလား။ ဘာလဲ။"

"မင်းမကြိုက်တာ။"

မိုးသား အံ့အားသင့်စွာနဲ့ မြေကြီးကို ကြည့်လိုက်ပါတယ်။

"မင်းတစ်ကယ် ပြောနေတာလား မြေကြီး။ ငါ့ကြောင့် မင်းဒါတွေ အကုန်လုံးကို စွန့်ပစ်နိုင်လို့လား။"

"မလွယ်တော့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ငါ ဖြစ်အောင် လုပ်မှာပါ။"

"မင်းဘာလို့ ဒီလောက်ထိ ဖြစ်သွားတာလဲ မြေကြီး။ ငါတကယ်ကို မထင်ထားဘူး။"

မြေကြီး ခေါင်းက ဆံပင်တွေကို လက်နဲ့ သပ်လိုက်ရင်းက

"အဖွားမရှိတော့တဲ့ အချိန်ကနေ စပြီး ငါလဲနေချင်သလို နေခဲ့တာပဲ မိုးသားရာ။ ဒါပေမယ့် ငါကျောင်းတော့ ပြီးအောင်တက်ခဲ့ ပါတယ်။ အလုပ်လဲ မပျက်ခဲ့ပါဘူး။ ဘာလို့ ငါကျောင်းကို ပြီးအောင် တက်ဖြစ်ခဲ့တာလဲ မင်းသိလား။"

မိုးသား ခေါင်းပဲ ခါပြလိုက်ပါတယ်။

"ငါငယ်ငယ်က အဖွားက ပြောဖူးတယ်။ ငါပညာမတက်ရင် မင်းနဲ့ ပိုပြီး ဝေးလိမ့်မယ်တဲ့။ အဲဒါကြောင့် ငါကျောင်းတော့ ပြီးအောင် တစ်နှစ်မှ မကျပဲ ဖြေနိုင်ခဲ့ တယ်။ အဲဒါငါ မင်းနဲ့ ပြန်တွေ့ချင်လို့။ တွေကပြီးရင်လည်း ထပ်ပြီးမခွဲ ချင်တော့လို့ပဲ။"

မိုးသား သူ့ဘေးမှာ ထိုင်နေတဲ့ မြေကြီးရဲ့ လက်မောင်းကို ဖြစ်ညှုစ်လိုက်ရင်း

"ငါလဲ မင်းနဲ့ ထပ်တူပါပဲ မြေကြီးရာ။ မင်းငါ့ကို တစ်ကယ်ခင်တယ် ဆိုရင် အရင်လို မဆိုးပါနဲ့တော့နော်။ ငါလဲ မင်းနဲ့ ထပ်ပြီး မဝေးချင်တော့ ဘူး။"

မြေကြီး ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ကာ

"ငါ မျက်နှာသစ်လိုက်ဦးမယ်။ ခနလေးစောင့်နော်။"

မြေကြီး မျက်နှာသစ်နေတုန်း မိုးသား မြေကြီးရဲ့ ခြင်ထောင်ကို သိမ်းပေးလိုက်ပါတယ်။ အနံ့အသက်က သိပ်မကောင်းလှ။ ဆေးလိပ်နံ့တွေလား။ ဖုန်နံ့တွေလား မိုးသားမသိတာမို့ ခြင်ထောင်ကို လုံးထွေးလိုက်ကာ အိမ်ရှေ့မှာ မျက်နှာသစ်နေတဲ့ မြေကြီးဘေးမှာ သွားပုံလိုက်ပါတော့တယ်။

"ဟာ။ အေး အေး။ ငါလျှော်မယ် ထားလိုက်။"

မိုးသား စောင်တွေရော ခေါင်းအုံးစွပ်တွေပါ အကုန်ဖြုတ်ကာ ပုံထားလိုက်ပြီး ခေါင်းအုံးတွေကို နေပူတဲ့ နေရာမှာ ထုပ်လှမ်း လိုက်ပါတယ်။ ပြီးတော့ အိမ်ထဲ မှာလဲ တံမြက်စည်းတွေ လှဲသန့်ရှင်းရေးတွေ လုပ်နဲ့ အိမ်သေးသေးလေးပေမယ့် မရှင်းတာ ကြာတော့ အတော်လေး ရှင်းယူလိုက်ရပါတယ်။

မိုးသားကော မြေကြီးပါ နှစ်ယောက်စလုံး မောပြီး အိမ်လေးထဲ မှာထိုင်လိုက်ကြပါတော့တယ်။ မြေကြီးက

"ငါ့ကြောင့် မင်းလဲ ပင်ပန်းသွားပြီ ခနလေး ငါရေသန့်ဗူး သွားဝယ်ပေမယ်။"

"ရတယ် နေပေ့စေ။ ကားထဲမှာ ပါတယ်။ နောက်ခါ ပြန်မပွစေနဲ့တော့နော် မြေကြီး။ ပြီးရင် နောက်ဖေးက အမှိုက်ပုံကြီးကိုလည်း ရှင်းဦး။ ရွံစရာကြီး။"

"အေးပါကွာ။ ရှင်းပါ့မယ်။ ငါ့မနေ့ညက လ္ဖက်ရည်ဆိုင် ထိုင်ထဲက ငါလုပ်ရမယ့် ဟာတွေ ကြိုပြီး သတိထားမိပါ်တယ်။"

"ဒါနဲ့ မနေ့က မင်းတို့ ရိုက်ကြသေးတယ်ဆို။ အဲဒါတွေလည်း မလုပ်ပါနဲ့တော့ မြေကြီးရာ။"

"အင်းပါ။ အဲဒါတော့ ငါလည်း မဖြစ်ချင်ပါဘူး။ ဒီကောင်တွေကိုက ပြသနာလာလာရှာတာ။ မနေ့ညက တွယ်လွှတ်လိုက်တယ်။ ခွေးကောင်တွေ မှတ်လောက် သားလောက်ရှိသွားအောင်။"

မိုးသား မြေကြီးကိုကြည့်ရင်း သက်ပြင်းကို ချလိုက်မိပါတယ်။ တကယ်ကို မြေကြီးတစ်ယောက်ဟာ အကွပ်မဲ့ကြမ်းလို ဖြစ်နေတာလေ။ တော်သေးတယ် မိုးသား အချိန်မှီ ပြန်တွေ့လိုက်လို့။ မြေကြီးကို မိုးသား အချိန်အများကြီး ယူပြီး ပြင်ဆင်ပေးရမှာ မလွဲမသွေပါပဲ။

"မိုးသား ခနလေးနော်။ ငါ အိမ်သာ သွားမလို့ ခနလေး။"

"အင်းသွားလေ။ ရပါတယ်။"

မြေကြီးက အိမ်သာသွားမယ် ပြောပြီး တန်းမသွားသေးပဲ သူ့ခေါင်းအုံးဘေးမှာ ချထားတဲ့ ဆေးလိပ်ဗူးထဲက တစ်လိပ်ကို ထုပ်ယူလိုက်ပြီး မိုးသားကို စပ်ဖြဲဖြဲနဲ့ လှမ်းကြည့်ကာ သုတ်ခနဲ အိမ်သာကို ပြေးသွားပါတော့တယ်။ မိုးသား ခေါင်းကို အသာပဲ ခါယမ်းလိုက် မိပါတော့တယ်။ မလွယ်ပါလား မြေကြီးရယ်။

..................

အခုဆို မိုးသားလည်း ဒီဇိုင်နာ သင်တန်း တက်နေပြီမို့ မြေကြီးနဲ့လည်း နေ့တိုင်းတွေ့လို့ ရနေပြီလေ။ မြေကြီးကလည်း မိုးသား ပြောသမျှနားထောင်ပြီး ပြုပြင်နေပြီမို့ မိုးသား ပျော်နေရပါတယ်။ လ္ဖက်ရည်ဆိုင် ထိုင်တာ ဆေးလိပ်သောက်တာလောက်ကိုတော့ မိုးသား ဘာမှမပြောတော့ ပါဘူး။ တခြား ဟာတွေကိုတော့ မိုးသား ပြောသမျှ မြေကြီးက လိုက်ပြီး လုပ်ပါတယ်။ အရက်၊ ဘီယာ လုံးဝမသောက်တော့ သလို ရန်လဲမဖြစ်တော့ပေ။

ဒီနေ့လဲ မြေကြီး အလုပ်နားရက်မို့ မိုးလင်းတာနဲ့ အိပ်ယာထကာ အိမ်ကို သန့်ရှင်းရေး အရင်လုပ်ပါတော့တယ်။ ပြီးတာနဲ့ ဈေးကိုပြေးကာ ဘုရားပန်းတွေနဲ့ လိုအပ်တာတွေ ဝယ်။ အိမ်ပြန်ရောက်တာနဲ့ ဘုရားပန်းလဲ အဝတ်လျှော် ရေမိုးချိုးပြီး တာနဲ့ အချိန်က နေ့လည် (၁၂) နာရီ ထိုးလုပြီ။ ငြောင်းတာနဲ့ အိပ်ယာပေါ် ခနလှဲ နေလိုက်ပါတော့တယ်။ အိပ်တော့မအိပ်ဘူး ခနနေရင် မိုးသား သင်တန်းဆင်းပြီး အပြန်သူ့စီ ဝင်လာမှာလေ။ ဘာမှမချက်ထားနဲ့ စားဖို့ သူဝယ်ခဲ့မယ် လို့လည်းမှာထား တာမို့ ဗိုက်စာပေမယ့် ပေပြီး စောင့် နေလိုက်ပါတော့တယ်။

မှေးခနဲ အိပ်ပျော်မလိုဖြစ်နေတုန်း

"မြေကြီး ဟေ့ကောင် မြေကြီး။"

အသံကြားလို့ ထကြည့်လိုက်တော့ ဒလနဲ့ ငခုံးမ။

"ဟေ့ကောင်တွေ ဘာဖြစ်လာတာတုန်း အလန့်တကြားနဲ့။ ခွေးပုရော။"

စိတ်ထဲမှာ ထင်လိုက်တာက ရန်ဖြစ်ကြပြန်ပြီပေါ့။

"ခွေးပု လမ်းထိပ်မှာ။ ဟေ့ကောင် ငါတို့ ဖားရိုက်ထားတာ တစ်ကောင်မိ ထားလို့ အဲဒါ မင်းစီလာမလို့ ဟီး။"

မြေကြီး သက်ပြင်းကိုသာ အသာချလိုက်ပါတော့တယ်။ ဒီကောင်တွေ ပြောတဲ့ ဖားရိုက်တယ်ဆိုတာ ကြေးစားဆော်ကို ရှာတာပြောတာ မိတယ်ဆိုတော့ ရထားပြီပေါ့။ မြေကြီးစီ လာမယ်ဆိုတာက မြေကြီးအိမ်မှာ လာပြီး ပျော်ပါးကြမှာ ပြောတာ။ ဒါက အရင်တည်းက ဒီကောင်တွေ လုပ်နေကြလေ။

"မင်းတို့ကလည်းကွာ နေ့ခင်းကြောင်တောင်ကြီးကို။"

"လုပ်ပါကွာ။ ရတုန်းလေးကို မင်းကလည်း။ ငါတို့ နားထားတာ ကြာလှနေပြီပဲ ဟာ။ နော် ဟျောင့်။"

မြေကြီး ခေါင်းကို အသာခါလိုက်ပါတယ်။

"မရဘူး ငခုံးမ။ အခုမဟုတ်ဘူး။ နောက်လည်း မရတော့ဘူး။ မင်းတို့ တခြားနေရာသာ ရှာကြတော့ကွာ နော်။"

ငခုံးမကော လဒပါ အံ့သြသလို မြေကြီးကို တစ်ပြိုင်တည်း ကြည့်လိုက်ကြပြီး ငခုံးမက

"မင်းက အဲဒါ ဘာဖြစ်တာလဲ မြေကြီး ဘော်ဒါချင်းကို ရှော်တာလား။"

"ရှော်တယ် ထင်လဲ မတက်နိုင်ဘူး။ နောက်ခါငါ့စီကို ခေါ်မလာနဲ့။ မင်းတို့ ဖြစ်ချင်ရင် တစ်ခြား ဂျက်ကာ သာရှာတော့။"

ဂျက်ကာ ဆိုတာ နေရာကိုပြောတာလေ။

"အဲဒါကြောင့် ခွေးပုက ပြောတာပေါ့။ ဒီကောင်အခု အရင်လို မဟုတ်တော့ဘူး။ သေချာအောင် သွားမေးလို့ ပြောတာ။"

လဒက ငခုံးမကို ပြောလိုက်တာကြားပေမယ့် မြေကြီး ဘာမှပြန်မပြော ဖြစ်တော့။

"ရတယ် မြေကြီး။ နေစမ်းပါဦး မင်းက ဘာလို့ အချိုးတွေ ပြောင်းသွားရ တာတုန်း ချက်ခြင်းကြီး။"

မြေကြီး ပြောမလို့ လုပ်တုန်းရှိသေးတယ် လဒက ဝင်ပြောလာပါတယ်။

"ဘာဖြစ်ရမှာလဲကွာ။ ဒီကောင်မိုးသား ပြန်လာထဲက ငါတို့ကို ခေါက်သွားတာ။ သူတို့ နှစ်ကောင်တည်း ကျိတ်ကျိတ်နဲ့ အမြဲ တွေ့နေရတာ။ ဟိုကောင့်ကားလဲ ဒီကို ခနခနလာတယ်လို့ ပြောသံကြားတယ်။ ဟုတ်တယ်မလား မြေကြီး။"

မြေကြီးခေါင်းကို ငြိမ့်လိုက်ရင်းက

"အေး မင်းတို့ ထင်ချင်သလိုသာ ထင်ကြကွာ။ ငါကတော့ အရင်အတိုင်းပါပဲ။"

"တော်စမ်းပါကွာ။ အခုမှ ပေါင်းတဲ့ ကောင်တွေကျနေတာပဲ။"

"ဟျောင့် မင်းတို့ နှစ်ကောင်ရိုးကောရိုးကြရဲ့လား။"

"ဘာကွ ဟေ့ကောင်။"

လဒ စကားကြောင့် မြေကြီးခေါင်းက ဆတ်ခနဲ ထောင်သွားပါတယ်။ ဒါကိုသိတဲ့ ငခုံးမက ထိုင်ရာက ထလိုက်ရင်း

"လာစမ်းပါ။ လဒရာ ဟိုမှာ ဖားလွတ်သွားဦးမယ်။ မင်းကလဲ ပြသနာရှာပြန်ပြီ။"

လဒ လက်မောင်းကို ဆွဲကာခေါ်သွားပါတော့တယ်။ မြေကြီး ပြသနာမတက်ချင်တာ ခနနေ မိုးသား လာတော့မှာမို့ပါ။ စိတ်ထဲမှာတော့ အတော်လေး ဒေါသ ထွက်သွားရပါတော့တယ်။ ဒီကောင်တွေ ဖောင်းတာ များနေပြီလေ။

"တောက်။"

"ဒုံး ..... ဂလောက် ဂလောက်"

"အားရိုး သေပါပြီ။"

ဒေါသထွက်ထွက်နဲ့ အိပ်ယာပေါ်ပြန်လှဲ ချလိုက်တာ နောက်စိက ခေါင်းရင်းက ပျဉ်ချပ်နဲ့ သွားစောင့်ပါတော့တယ်။ ခေါင်းရင်းက ဘောင်တန်းပေါ်မှာ တင်ထားတဲ့ နို့ဗူးခွံလေး ကြမ်းပြင်ပေါ် ပြုတ်ကျလာတာမို့ မြေကြီး ကောက်ယူပြီး ကြည့်လိုက်ပါတော့တယ်။ ဒီနေ့အထိ သိမ်းထားဆဲ ဖြစ်တဲ့ မိုးသားနဲ့ စတွေ့တဲ့နေ့က နို့ဗူးခွံလေး။ ဒါလေးကို မိုးသားကလည်း မှတ်မိနေတာလေ။

မြေကြီးကျေနပ်စွာ ပြုံးလိုက်ပြီး ဗူးလေးကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ အပေါက်ကို လက်ဖဝါးပေါ်တင်ကာ ခေါက်ချလိုက်ပါတော့တယ်။ အထဲက ထွက်လာ တာက ပလက်စတစ် အိတ်အကြည်လေးနဲ့ ထည့်ထားတဲ့ တစ်ရှုးစ အဟောင်းလေး တစ်ခု။ မျက်လုံးထဲမှာ ဖျတ်ခနဲ ပြန်ပေါ်လာတာက မိုးသားနဲ့ မခွဲခင် နောက်ဆုံးတွေ့လိုက်ရတဲ့ နေ့က မိုးသားတို့ ကားပေါ်က ပစ်ချခဲ့တဲ့ တစ်ရှုးစလေး။

စိုရွှဲနေတာမို့ မိုးသားငိုနေတာလဲ တွေ့လိုက်တော့ မိုးသားရဲ့ မျက်ရည်တွေ ဆိုပြီး သိမ်းထားခဲ့တာ။ ကလေး အတွေးလေးပေါ့။ တစ်ကယ်လို့ အဲ့ဒီ့ တစ်ရှုးက မိုးသား မျက်ရည်တွေ မဟုတ်ပဲ သူ့အဖွား နှပ်တွေ ဆိုရင်.....

"ဟားဟားဟား စောက်ရူး။"

မြေကြီးတစ်ယောက်ထဲ ကျေနပ်စွာ ရီလိုက်ရင်းက ပြောလိုက်မိပါတယ်။ ပြီးတော့ ခုန လဒပြောတဲ့ စကားသံကိုလည်း ပြန်ကြားမိတယ်။ ဟုတ်တယ်။ သူမိုးသား အပေါ်မှာ ရိုးကောရိုးသားရဲ့လား။ ပလက်စတစ်အိတ်လေးနဲ့ ဗူးခွံလေးကို ရင်ဘတ်ပေါ်တင်ရင်း မြေကြီး ကျေနပ်စွာ ပြုံးနေ မိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီအရွယ်ရောက်တဲ့ အထိ မိန်းကလေး တစ်ယောက်ကိုမှ မခုန်တက်တဲ့ သူ့အသည်းက မိုးသားဆိုတဲ့ နာမည်ကြားတာနဲ့ ဒါမှမဟုတ် အတွေးထဲကို ရောက်လာတာနဲ့ ဆတ်ခနဲ ထထ ခုန်တက်တာ ဘာ့ကြောင့်လဲ။ သူ့အကြောင်းတွေးရုံနဲ့ ကျေနပ်နေတက်တာ ဘာလို့လဲ။ ပေပေတေတေ နေခဲ့သမျှ လွယ်ကူစွာ ပြုပြင်နိုင်တာ ဘာ့ကြေင့်လဲ။ တစ်သက်လုံး အတူတွဲလာတဲ့ သူငယ်ချင်းတွေကိုတောင် ဆန့်ကျင်နိုင်တာ ဘာလို့လဲ။

ဒီလောက် အင်အားကြီးမားတဲ့ အရာဟာ သူငယ်ချင်း သံယောဇဉ်တော့ ဖြစ်မယ်မထင်။ တွေးနေရင်းက ရင်တွေ တလှပ်လှပ်နဲ့ ကျေနပ်နေမိတာ ဘာလို့ပါလဲ။ ဟုတ်တယ် ဒါဆို သူ မိုးသားကို ချစ်နေမိတာပဲ။

"အား......................."

သိပ်ခက်ခဲတဲ့ သင်္ချာတစ်ပုဒ်ကို အဖြေမှန်အောင် တွက်နိုင်တဲ့ သူတစ်ယောက်လို ကျေနပ်စွာနဲ့ မြေကြီး ညည်းညူလိုက်မိပါတယ်။ ဖုန်းကို ခေါင်းအုံးဘေးက ဆွဲယူလိုက်ပြီး ဖုန်းထဲက မိုးသားပုံလေးတွေကို တစ်ပုံချင်းစီ ပြုံးရင်း ကြည့်နေမိပါတယ်။ ဒီပုံလေးတွေက မိုးသားရဲ့ Facebook မှာတင်ထားတာလေးတွေကို မြေကြီး Save ထားတာလေ။ ဘယ်လိုရိုက်ရိုက် ဘယ်လိုပုံစံလေးနဲ့ပဲ ဖြစ်ဖြစ် ကြည့်ကောင်းနေတဲ့ မိုးသားဟာ မြေကြီးရဲ့ နှလုံးသားကို အပိုင်သိမ်းသွားပြီ ဆိုတာ သိပ်ကို သေချာလို့ နေပါပြီ။

မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားရမယ့် အစား ကို့သူငယ်ချင်း ယောက်ျားလေး အချင်းချင်းကို စိတ်ဝင်စားမိတဲ့ အတွက် ကို့ကိုယ်ကို အံ့သြမိပေမယ့် ဒီအရာကိုပဲ မြေကြီး ကျေနပ်စွာ လက်ခံမိနေပြီးသား ဖြစ်နေပါတယ်။

အဲဒိ့အချိန်မှာပဲ ကားသံကြားရ တာမို့ အိတ်ကလေးကို အမြန်ပြန် ထိုးထည့်ပြီး ပြန်တင် ထားလိုက်ပါတော့တယ်။ မိုးသား ကားပေါ်ကနေ အထုပ်လေးတွေ ကိုင်ရင်း ဆင်းလာတာတွေ့တော့ မြေကြီး သွားကြိုလိုက်ပါတယ်။

"ငါလမ်းထိပ်မှာ ခွေးပုတို့ကို တွေ့ခဲ့တယ်။ ခေါ်တော့မခေါ်လိုက်ဘူး။ သူတို့နားမှာ ကောင်မလေး တစ်ယောက်လည်းပါနေလို့။"

"အင်း။ ခုနကတောင် လဒနဲ့ ငခုံးမ လာသွားသေးတယ်။ ဘာတွေ ဝယ်လာတာလဲ မိုးသား။"

"မင်းစားဖို့လေ။ အများကြီးပဲ။ မင်း ဗိုက်ဆာနေပြီလား။ ပန်းကန်တွေ ကော သေချာဆေးထားရဲ့လား။"

"ဆေးထားပါ့ဗျာ။ ကြည့်လိုက်။"

"အယ်လယ့် အဝတ်တွေပါ လျှော်လို့ပါလား။ ခနနေဦး ငါမင်းစားဖို့ ပြင်ပေးမယ်။"

"ငါလုပ်ပါ့မယ်။ ပေးပါ။"

"ဖယ်နေပါဆို။ ရတယ် ငါလုပ်ပေးမယ်။"

ထမင်းဟင်းချက်တဲ့ နေရာ မှာ နှစ်ယောက်သား ငုတ်တုတ်လေးတွေ ထိုင်ပြီး လုနေကြတာလေ။ မြေကြီး အိပ်တဲ့နေရာနားမှာ သွားပြန်ထိုင် လိုက်ပြီး ဟင်းတွေ ထည့်နေတဲ့ မိုးသား ပုံလေးကို ချစ်စနိုးလေးနဲ့ ကြည့်နေလိုက်ပါတယ်။ မြေကြီး ဖုန်းကို ယူပြီး အသံကို အနည်းငယ်တင်ကာ အုပ်စိုးခန့်ရဲ့ ချစ်နေပြီ ဆိုတဲ့ သီချင်းလေး ဖွင့်ထားလိုက်ပါတယ်။

..... စိတ်တွေ မင်းဘက် ယိမ်းနေတယ် ... အဆင့်ကျော်ဖို့တွက် တို့မလုံ မလဲ .....

..... ငါမင်းရှေ့ရောက်ရင် ယုန်ကလေး ဖြစ်သွားတယ် .......

...... မင်းရဲ့ အကျဉ်းသား တစ်ယောက်လိုပဲ ..... အချစ်မှာ ရုန်းမရ ငြိတွယ်ဆဲ .....

..... အမှန်တိုင်းပြောရရင် သူငယ်ချင်း ဘဝနဲ့ မရောင့်ရဲ ......

"ဘာဖြစ်နေတာလဲ မင်းရုပ်က စပ်ဖြီးဖြီး ပြီတီတီနဲ့။"

"ဟဲဟဲ မင်းက အိမ်ရှင်မကြီးနဲ့ တူလို့ကွ။"

"ဟာ စေတနာ ပျက်အောင် လုပ်ပြန်ပြီ။ ငါထပြန်သွားမှာနော်။"

"ဟီး စတာ စတာ။"

မြေကြီး ထမင်းစားနေတော့ မိုးသားက ဘေးမှာ ငုတ်တုတ်လေးထိုင်ကာ ဖုန်းကိုနှိပ်နေပါတယ်။ မြေကြီး စားနေရင်းကခိုး ကြည့်ရင်းနဲ့ စိတ်ထဲကနေ အသည်းတွေ ယားလိုက်တာ မိုးသားရာ လို့ ပြောလိုက်မိပါတယ်။ မြေကြီးကြည့်နေတုန်း မိုးသားက ဖျတ်ခနဲ လှမ်းကြည့်လိုက်တာမို့ သူခိုးလူမိကာ ရှက်ကိုးရှက်ကန်းနဲ့ ထမင်းပါသီးသွားတော့ မိုးသားကရီနေပါတယ်။

..... မနေနိုင်အောင် ငါ့ရဲ့ ဘက်က ချစ်နေပြီး မင်းလေးကတော့ တစ်ချက်မှ မသိ ......

...... မျက်လွှာလေးကို ချပြီး မင်းကြည့်တဲ့ အကြည့်နဲ့တင် ငါ့ရဲ့ ဘဝဟာ နေပျော်ပြီ .....

...... ရင်ခုန်သံထိန်းချုပ်ဖို့တော့ ခက်နေပြီ ချစ်တဲ့စိတ်ကြောင့် ငါရူးပြီ .....

..... မင်းသာငါ့ရဲ့ ပထမ အမြဲတမ်း ဦးစားပေးသူ မင်းမသိပဲရယ် ကွယ်ရာက ချစ်နေပြီ ......

"ငါပြန်တော့မယ် မြေကြီး။"

"ဟာ နေပါဦး ခုမှ ရောက်တာကို။ ငါတောင် ထမင်းစားလို့ မပြီးသေးဘူး။"

"တော်ပြီ။ နားတွေကို ငြီးနေတာပဲ ဘာသီချင်းတွေ ဖွင့်နေမှန်းလည်း မသိဘူး။ တစ်ပုဒ်ထဲ ထပ်တလဲလဲနဲ့။"

"ဟီး မင်းကလည်း သူများ ဖီးနေတာကို။"

"ဖီး ဖီး အ့မာ ကို့ဖာကို တစ်ယောက်ထဲ။ သွားပြီ။"

မိုးသား သူ့ကျောပိုးအိတ်လေး ကောက်ယူကာ အိမ်ထဲကနေ ထွက်သွားပါတော့တယ်။ ကားပေါ်ရောက်တော့ မိုးသားက မြေကြီးကို လှမ်းကြည့်တော့ မြေကြီး နှာခေါင်းလေးရှုံ့ကာ ပြောင်ပြလိုက်ပါတယ်။

...... ညဆို သတ်ိရတိုင်း ကဗျာရေး အလွတ်ရထားတဲ့ ဖုန်းနံပါတ်လေး ခေါ်ဖို့ မရဲဘူးကွယ် တစ်ယောက်ထဲ ကျိတ်လွမ်းတယ် ......

.....စကားတွေ မပြင်းတော့ဘူး အရင်လို သူရိပ်မိသွားမလား ကြောက်နေခဲ့ .... ငါမရိုးသားဘူးလို့ နင်ပြောလဲ ပြောပါစေတော့ .....

"ဟားဟားဟား ချစ်တယ်ကွ ချစ်တယ် အသားကုန်ချစ်တယ် ဟားဟားဟား။"

ဆက်လက်တင်ပြသွားပါ့မယ် ခမျာ့။

အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။

ကိုကိုလေး။

Continue Reading

You'll Also Like

254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.4M 60.2K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
174K 12.1K 31
က်ြန္ေတာ္က ခင္ဗ်ားကိုယံုျကည္ေလးစားလိုက္ရတာ hak လက္စသတ္ေတာ့ခင္ဗ်ားက သိုးေယာင္ေဆာင္ထားတဲ့ဝံပုေလြပဲ ရြံဖို႕ေကာင္းလိုက္တာ 💜ေနွာင္းငယ္💜 အရင္တုန္းကပိုင္ဆ...