အပိုင်း (၁၇)

3.6K 281 11
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၇)

"ဘာဖြစ်တာလဲ အာကာ။"

အာကာက ချက်ခြင်းမဖြေ သေးပဲ မိုးသားကို သေချာစိုက်ကြည့်လာပြီးမှ သူ့လက်ထဲက ဖုန်းကို လှမ်းပေးလာပါတယ်။ မိုးသား ယူကြည့်လိုက်တော့ မိုးသားနဲ့ အာကာရဲ့ ပုံတွေ အတော်လေး နီးနီးကပ် ဖြစ်နေချိန်တွေမှာ ရိုက်ထားတဲ့ ပုံတွေပါ။ ပုံက (၆)ပုံ။ ရေးထားတဲ့စာကာ (ယနေ့ည ------ ကုမ္မဏီမှ ကြီးမှုးကျင်းပ သော Fashin Show ပွဲသို့ တက်ရောက်လာသော မော်ဒလ် ထက်အာကာနှင့် သူ၏ အမြဲတမ်း ဒီဇိုင်နာ ဖြစ်လာမည့် ငယ်သူငယ်ချင်း ဒီဇိုင်နာ သစ်လေး မိုးသားရှိန် တို့အား နီးကပ်စွာ တွေ့ရစဉ်။)

"အဲဒါ ဘာဖြစ်လို့လဲ အာကာရာ။ ထူးဆန်းတာကျနေတာပဲ။"

ဖုန်းကိုပြန်ကမ်းပေး လိုက်ရင်း မိုးသားပြောလိုက်တော့ အာကာက မယူသေးပဲ ခေါင်းကိုခါလိုက်ကာ

"မဟုတ်ဘူး မိုးသား။ ဒီသီတင်းက တင်တာ မိနစ်ပိုင်းအတွင်းမှာ Share တွေ ရာကျော်တက်သွားပြီး တောက်လျှောက် Hot နေတာ။"

"ဘာဖြစ်လဲကွ။ မင်းက မင်းသားပဲ အ့လို နာမည်ကြီးတာ ပိုမကောင်းမဘူးလား။"

"နာမည်အကောင်းကြီးနေတာ မဟုတ်ဘူးကွ။ မင်းနဲ့ငါနဲ့ကို ပေးစားထားတာ။ အကုန်လုံးပွထနေတာပဲ။ Share တွေထဲမှာရော Comment တွေထဲမှာရော သေချာ ကြည့်ဦး။"

"ဟင်။"

အာကာ့ စကားကြောင့် မိုးသား ရင်ထဲထိပ်ခနဲ ဖြစ်သွားကာ Share ဆိုတာလေးကို နှိပ်ကြည့်လိုက်မိပါတော့တယ်။

(အရမ်းကို RO ကြပါတယ်နော် ဘဒိုတို့။)

(ကဲ အစစ်မတွေ သေ။)

(ကို့ အသည်းတွေ ကွဲပါပြီ ထက်ထက်ရယ်။)

(အကြင်နာ အကြည့်တွေ အကြောင်း။)

(ဘယ်သူက ဘာလဲဟင် You တို့က။)

(မိုးသားရှိန် အကောင့်လေး လင်းကျပါ။)

(Ship မိပါပီနော်။)

မိုးသား ဖုန်းကို အာကာ့ လက်ထဲ ပြန်ထည့်ပေးလိုက်ရင်းက

"ကျစ်။ ပြသနာပဲကွာ။ မေမေ သိသွားရင် ပြောတော့မှာပဲ။ အဲဒါ ဘယ်လိုဖြစ်ရတာလဲ အာကာ။"

မိုးမြေစက်ဝန်း။ Where stories live. Discover now