အပိုင်း (၁၈)

3.8K 266 7
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၈)

"ငါပြန်တော့မယ် မြေကြီး။ ငါမှာထားတာတွေ မမေ့နဲ့နော်။"

"ဟုတ္ကဲ့ခမ်။"

"ပြောင်စပ်စပ်နဲ့ ရုပ်ကိုက။"

မြေကြီးကို ဆေးပါတိုက်ပြီးမှ မိုးသား မြေကြီး အိမ်ကနေ ပြန်လာပါတယ်။ မိုးသားရဲ့ အိမ်ကိုလည်းရောက်ရော နေတောင်အတော်စောင်းနေပါပြီ။ မေမေက ဒီအချိန်တော့ ပြန်လာလေ့ မရှိပေမယ့် အာကာတော့ ပြန်သွားပြီလား ရှိသေးလား မိုးသားမသိပေ။ အိမ်ထဲဝင်လိုက်တာနဲ့ စာဖတ်နေတဲ့ ဖိုးဖိုးက

"မြေးလေး လာပါဦး။"

"ဟုတ်ကဲ့ ဖိုးဖိုး။ အာကာ ပြန်သွားပြီလား။"

မိုးသား ဝင်ထိုင်လိုက်ရင်း မေးလိုက်ပါတယ်။

"မပြန်သေးပါဘူးဗျာ။ မြေးအခန်းထဲမှာ အိပ်ရင်း စောင့်နေလေရဲ့။"

"ဟုတ်ကဲ့ ဖိုးဖိုး။ သားကို ဘာပြောမလို့လဲ။"

"မြေးလေး သင်တန်းက ပြီးတာကြာပြီလား။"

မိုးသား ပင့်သက်ကို ရှိုက်လိုက်ပြီး

"ဟုတ်ကဲ့ ဖိုးဖိုး။"

"အင်း။ အရင်ကလည်း မြေးလေးက ဒီအချိန်မှ ပြန်ပြန်ရောက်တော့ ဖိုးဖိုးတို့က တစ်နေ့ကုန် တက်ရတယ်ပဲ ထင်နေတာ။ မြေးလေး မေမေကိုလည်း ဘာမှ မပြောပါဘူး။ ဒါပေမယ့် ဖိုးဖိုးသိချင်တာက နေ့တိုင်း ဘာတွေလုပ်ပြီး ဘယ်တွေ သွားနေလဲ ဆိုတာပဲ။ မြေးလေး ပြောပြလို့ အဆင်ပြေမလား။"

မိုးသား ခေါင်းကိုငြိမ့်လိုက်ကာ

"သား ပြောပြလို့ရပါတယ်။ သင်တန်းပြီးတယ် ဆိုပေမယ့် တခြား သူငယ်ချင်းတွေနဲ့ လေ့လာစရာ ရှိတာတွေ လေ့လာရတယ်။ တစ်ခါတစ်လေ အတူတူတွဲပြီး လုပ်ရတာတွေ ရှိတယ်။ အဲဒါကြောင့် သား အမြဲနောက်ကျတာပါ။"

"အင်း။ ကိုလုပ်တဲ့ အလုပ်ကို ကြိုးစားတာတော့ ကောင်းတယ်။ ဒါပေမယ့် တခြား မဟုတ်တာတွေ လျှောက်လုပ်နေမှာ ဖိုးဖိုးတို့က စိုးရိမ်နေတာ။ မြေးလေး တကယ်လို့ လိုအပ်တာ မြေးလေး မေမေတို့ ဖွားဖွားတို့ကို မပြောပြချင်ရင်လည်း ဖိုးဖိုးကို ဘာမှမချန်ပဲ ဖွင့်ပြောလို့ ရတယ်နော်။"

မိုးမြေစက်ဝန်း။ Onde histórias criam vida. Descubra agora