အပိုင်း (၁၉)

3.8K 259 8
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၉)

ကားနားရောက်ဖို့ ခြေလှမ်း (၅)လှမ်း လောက်အလိုမှာ မိုးသား ခြေလှမ်းတို့ ရပ်လိုက်ပါတယ်။ ကားကို မှီပြီး ရပ်နတဲ့ အာကာက မိုးသားနားကို လျှောက်လာ ပေမယ့် မြေကြီးကတော့ ရပ်နေဆဲ။

"သွားမယ် မိုးသား။ အိမ်တန်းပြန်မှာ မဟုတ်လား။"

မိုးသား အကြည့်တွေက မြေကြီးဆီရောက်လို့ သွားပါတယ်။ မြေကြီးပုံစံက မင်းကြိုက်တာလုပ် ဆိုတဲ့မျက်နှာပေးနဲ့ ခပ်ဂျစ်ဂျစ်လေး။ သူ့ကိုထားခဲ့ ရင်လည်း သူခံစားရဦးမှာကို သူမဟုတ်သလိုနဲ့။

"ငါအိမ် မပြန်သေးဘူး အာကာ။ မြေကြီးကို ဆေးခန်းသွားပြပေးရဦးမှာ။ မင်းပြန်နှင့်ပါ။"

အာကာ ခေါင်းကို ဖြေးဖြေးချင်း ငြိမ့်ပြလိုက်ရင်း

"ရတယ်လေ။ သွားပေါ့။ အန်တီ့ကိုကော ပြောပြီးပြီလား။"

မိုးသား မျက်ဝန်းတွေ မှေးဆင်းကာ ကျဉ်းမြောင်းလို့သွားပြီးမှ ခေါင်းကို ဆတ်ခနဲ စောင်းလိုက်ကာ

"မင်းက ငါ့ကို ခြိမ်းချောက်နေတာလား အာကာ။ ငါ့ကိစ္စ ငါရှင်းမှာပေါ့။ မင်းဝင်ပါစရာ မလိုဘူးလေ။"

"အန်တီက ငါ့ကိုအပ် ထားတယ်။ မင်းကို ကြည့်ပေးထားပါလို့။ အဲဒါကြောင့်ပါ။"

မိုးသား ဟက်ခနဲ ရီလိုက်ရင်းက

"နေလိုက်ပါ အာကာရာ။ ငါ့ကလေး မဟုတ်ဘူး။ အော်ဒါနဲ့ မင်းနောက်ခါ ငါ့စီလာမယ် ဆိုရင် ဖုန်းအရင် ဆက်တာ အဆင်ပိုပြေမယ် ထင်တယ်။ ငါသွားပြီ။"

မိုးသားကားသော့ကို ရီမုဒ်နဲ့ လှမ်းဖွင့်ကာ ရှေ့က ပိတ်ရပ်ထားတဲ့ အာကာ ပုခုံးတစ်ဖက်ကို တိုက်ပြီးကားစီလျှောက်လာ ခဲ့ပါတယ်။ ပြိးတော့ မြေကြီးကို လှမ်းကြည့်လိုက်ပြီး ကားပေါ်တက်ဖို့ မျက်လုံးနဲ့ အချက်ပြ လိုက်ပါတယ်။ မြေကြီးကားကို မှီထားရာကနေ ခွါလိုက်တုန်းမှာပဲ အာကာက

"မင်းနဲ့ငါ အေးဆေး တွေ့မယ် မြေကြီး။"

မြေကြီး အကြည့်တွေက ပမာမခန့်နဲ့ အာကာ့ကို ကြည့်လိုက်ရင်း

မိုးမြေစက်ဝန်း။ Where stories live. Discover now