Unicode
အဆက်ကလေးသည်ဆံပင်ကေကိုရွှိုင်းနေစဉ်ဟိန်းသူဆီမှဖုန်းဝင်လာသည်။
"ဟယ်လို"
"ညီ အစ်ကိုရောက်ပြီ"
"လာပြီ လာပြီ ၊ ခဏပဲစောင့်"
ဟိဏ်းဆက်သည်အခန်းထဲမှပြေးထွက်လာသည်။မေမေ့ဘေးနားမှဖြတ်ပြေးသွားသည့်ဟိဏ်းဆက်ကိုမေမေကနှာခေါင်းရှုံ့သည်။
"ဟဲ့ ဟဲ့ အမယ်လေး မွှန်ထွန်နေတာပဲ ၊ ရေမွှေးတွေတစ်ပုလင်းလုံးမှောက်ချလာတာလား ၊ ရေမွှေးနဲ့ရေချိုးလာတာလား"
ဟိဏ်းဆက် ရေမွှေးဆွတ်တာနည်းနည်းများသွားလို့မေမေကတောင်ပြောရသည်။
"မဟုတ်ပါဘူးမေမေကလည်း ၊ သားသွားပြီနော် နောက်ကျနေပြီ ၊ တာ့တာ"
"ဟဲ့ နေဦးလေ ၊ နင့်မကြီးကိုမစောင့်တော့ဘူးလား"
"သူ့သာစောင့်နေရင်သားဒီနေ့ကျောင်းတက်ရမှာကိုမဟုတ်ဘူး ၊ သွားပြီမေမေ"
"အေးအေး"
ဟိဏ်းဆက်သည်တိုက်ခန်းပေါ်မှအမြန်ပြေးဆင်းလာပြီးလမ်ူထပ်သို့ပြေးလာသည်။
"အစ်ကို! ကျွန်တော်နည်းနည်းကြာသွားတယ် ဆောရီး ၊ အပေါက်ဝရောက်မှမေမေကပွားနေလို့"
"ရပါတယ် ကိစ္စမရှိပါဘူး"
"အစ်ကို ကျောင်းကဘယ်လိုလုပ်မှာလဲ"
"ကျောင်းကအစ်ကိုထွက်စာမယူရသေးဘူး ၊ အစ်ကိုအဝေးသင်ပြောင်းတော့မှာ ၊ လုပ်ငန်းကအလုပ်တွေကိုအစ်ကိုလွှဲယူရတော့မှာမို့လို့"
"ဟင်!"
ဟိဏ်းဆက်၏မျက်နှာလေးသည်ချက်ချင်းအရောင်မှိန်ကျသွားပြီးဟိန်းသူကိုမော့ကြည့်နေသည်။
"ဘာဖြစ်လို့လဲညီရဲ့"
"ဒါဆိုအစ်ကိုနဲ့နေ့တိုင်းမတွေ့ရတော့ဘူးပေါ့နော်"
"မဟုတ်ပါဘူး ၊ ကိုယ်မနက်တိုင်းလာကြိုမှာပါ ၊ စိတ်မကောင်းမဖြစ်နဲ့ဟုတ်ပြီလား"
ဟိဏ်းဆက်၏ဆံပင်တွေထဲသို့လက်ဖြင့်ထိုးဖွလိုက်ရင်းပြောသည်။
"အင်းပါ ရပါတယ်လေ ၊ အစ်ကိုလာကြိုမယ်ဆိုကျေနပ်တယ်"
"ချစ်ဖို့ကောင်းလိုက်တာညီရာ"
ဟိဏ်းဆက်၏ဆံပင်တွေကိုထပ်မံ၍လက်နဲ့ထိုးဖွလိုက်ပြန်
သည်။
"ဟယ် အဆက်!!!"
လှေကားပေါ်မှအားပါးတရအော်ခေါ်လိုက်သူသည်ကေသွယ်ဖြစ်သည်။
"အသံပြဲကြီးနဲ့အော်မနေနဲ့လေ"
"အစ်ကိုဟိန်းသူနဲ့တွဲနေကြပြီဆို"
"နင်ကဘယ်လိုသိသွားရပြန်တာလဲ"
"အကိုပိုင်ဇေပြောပြတာ"
"အေးပါ ၊ သတင်းကလည်းမြန်လိုက်တာ"
"ငါတစ်ကျောင်းလုံးကိုဖြန့်ပြီးပြီ"
"ဘာ!!!"
"ဟုတ်တယ် ၊ မြိုင်နံ့သာလည်းသိသွားပြီ ၊ အခုလောက်ဆိုဒေါပွနေလောက်ပြီ ဟီးဟီး ၊ အရသာရှိလိုက်တာ"
"နင်ဟာလေတော်တော်ကိုလျှာရှည်တယ် ၊ ငါတော့နားငြီးတော့မှာပဲ"
"ဘာဆိုင်လို့လဲဟ"
"ဆိုင်တယ် ၊ တစ်ကျောင်းလုံးကအတင်းတွေပြောကြတော့မှာပေါ့ ၊ နားညီးတယ်ဟ"
"ပြောပေါ့အေ ၊ သူတို့လေပဲကုန်တာလေ ၊ လွှတ်ထားလိုက် ၊ နင်တို့ကိုအားပေးနေတဲ့ငါတို့တွေအများကြီးရှိတယ်"
"အေးပါ ကျေးဇူးတင်ပါတယ်သတင်းတွေဖြန့်ပေးတဲ့အတွက်"
"တစ်ဝိုင်းတော့လုပ်လိုက်"
"စိတ်ကူးကယဉ်နေသေးတယ် ၊ အိမ်မက်ထဲမှာတောင်မကျွေးနိုင်ဘူး ၊ ငါအစ်ကို့ကိုတာဝန်ယူမယ်လို့ပြောထားတယ် ၊ အဲ့တော့ငါပိုက်ဆံစုရမယ်"
"အေးပါဟယ် တော်ပြီ ၊ ငါ့ဘာသာငါပဲသွားစားတော့မယ်"
"ကြွကြွ ငါမလိုက်တော့ဘူး ၊ အစ်ကိုကငါ့ကိုအတန်းသေချာတက်ဖို့မှာလိုက်တယ်"
"ရတယ် မလိုက်နဲ့ ၊ အစ်ကိုပိုင်ဇေရှိတယ်"
ဟိဏ်းဆက်မေ့နေသည်ကသူ့အစ်မမေဖူးပင်ဖြစ်သည်။သူ့အစ်မသူတို့အကြောင်းသိသွားမည်ဆိုတာကိုသူမေ့နေခဲ့သည်။
အစ်ကိုကအပြန်တော့လာမကြိုနိုင်ဘူးတဲ့။ဒါပေမဲ့ဖုန်းလည်းဆက်တယ်၊ အိမ်ပြန်ရောက်ရင်စာလည်းပို့ခိုင်းတယ်။
မနက်တိုင်း၊နေ့တိုင်းဟိန်းသူနဲ့တွေ့ရသည်ဆိုတာတွေးမိတိုင်း
ဟိဏ်းဆက်ပျော်သည်။ဟိန်းသူသည်သူ့ကိုချစ်တယ်ဆိုတာကိုလည်းတွေးမိတိုင်းပျော်သည်။
~အကို ကျွန်တော်ပြန်ရောက်ပြီ~
ဟိဏ်းဆက်ဆီမှဝင်လာသည့်စာကိုကြည့်ပြီးဟိန်းသူပြံုးမိသည်။
~အိုခေဗျာ မနက်လာကြိုမယ်နော်~
ဟိန်းသူဆီမှပြန်ရောက်လာတဲ့စာကိုကြည့်ရင်းဟိဏ်းဆက်တို့အငြိမ်မနေပါ။ကုတင်ပေါ်တွင်လူးလှိမ့်နေသည်။
~ဟုတ်အစ်ကို~
~ညဘက်ကြီးဖုန်းထမဆက်နဲ့နော်၊ ကိုယ်ဘယ်မှမသွားဘူး~
"အား! အသည်းပုံလေးလည်းပါတယ်"
သိန်းသူပြန်ပို့သည့်စာတွင်အသည်းပုံအနီရောင်လေးပါနေသည်ကိုတွေ့ပြီးအသည်းယားနေပြန်ပါသည်။
~ဟုတ်ဟုတ် ကျွန်တော်ရေချိုးတော့မယ် တာ့တာ~
~ရေသောက်ပြီးမှချိုးနော်~
"အား! အကိုကရေသောက်ပြီးမှချိုးတဲ့"
ဟိဏ်းဆက် ကုတင်ပေါ်တွင်လူးလှိန့်နေချိန်တွင်မေဖူးသည်ဟိဏ်းဆက်၏အခန်းတံခါးကိုလာခေါက်သည်။
"မကြီးပါငယ်လေး"
"ဟုတ် လာလေ မကြီး"
မေဖူးသည်အခန်းထဲသို့ဝင်လာပြီးဟိဏ်းဆက်၏ဘေးနားတွင်ဝင်ထိုင်လိုက်သည်။
"ငယ်လေး သတင်းတွေကတကယ်ပဲလား"
"ဘာသတင်းကိုလဲမကြီး"
"ဟိန်းသူနဲ့မင်းနဲ့ ......"
"ဟုတ်တယ်မကြီး မှန်တယ် ၊ သားကိုဟိန်းကိုချစ်တယ်"
"ငယ်လေး မကြီးပြောမယ်နော် ၊ ဒီခေတ်မှာဒါတွေကမဆန်းပေမဲ့ ဖေဖေနဲ့မေမေသိရင် မင်းအတွက်မကောင်းဘူး ၊ အခုကတည်းကဖြတ်လိုက်တာ ......."
"မကြီး ကျွန်တော့်ကိုဖြတ်ဖို့လာမပြောပါနဲ့ ၊ ကျွန်တော်ကိုဟိန်းကိုချစ်တယ် မဖြတ်နိုင်ဘူး ၊ ဖြစ်လာမယ့်ပြဿနာတွေအားလုံးကျွန်တော်ရင်ဆိုင်နိုင်တယ်"
"ငယ်လေး မကြီးပြောတာကိုနားထောင်ပါ ၊ ဖေဖေနဲ့မေမေ့ကိုစိတ်ဆင်းရဲစေချင်လို့လား"
"တော်ပါတော့မကြီး ၊ ငယ်ငယ်ကတည်းကမိဘတွေနဲ့မကြီးတို့စိတ်ကြိုက်နေလာပြီးပြီ ၊ တစ်ခုပဲသားရဲ့နှလုံးသားကိုတော့လိုက်မချုပ်ချယ်ပါနဲ့"
"ငယ်လေး မကြီးတို့ကချုပ်ချယ်တာမဟုတ်ပါဘူး ၊ မင်းအတွက်ပြောနေတာပါ"
"ကျွန်တော့်အတွက်ဆိုရင်မကြီးဒီလိုပြောမှာတောင်မဟုတ်
ဘူး ၊ ကျွန်တော်ပျော်ဖို့ပဲအရေးပေးမှာပေါ့ ၊ အခုမကြီးရှက်တယ်မလား ၊ ကိစ္စမရှိပါဘူး ၊ မကြီးမောင်ဆိုတာလည်းဘယ်သူမှမသိဘူး"
"မကြီး ပြောချင်တာက ......."
"တော်ပါတော့မကြီး ၊ သားနားချင်နေပြီ"
"ဟုတ်ပါပြီ ၊ မကြီးမပြောတော့ပါဘူး ၊ ဒါပေမဲ့ ဖေဖေနဲ့မေမေ....."
"တစ်နေ့ကျရင်သားဝန်ခံမှာပါ ၊ သားဖေဖေနဲ့မေမေ့ကိုအကြာကြီးလိမ်မထားပါဘူး"
မေဖူးသည်လည်းဟိဏ်းဆက်ကိုဆက်မပြောတော့ဘဲအခန်းထဲမှထွက်လာခဲ့လိုက်သည်။
"အစ်ကိုဟိန်း"
"ဘယ်သူ....."
မြိုင်နံ့သာသည်ဟိန်းသူကိုလမ်းတွင်မထင်မှတ်ဘဲတွေ့သောကြောင့်လှမ်းခေါ်လိုက်သည်။
"မြိုင့်ကိုမမှတ်မိဘူးလား ၊ ဟိုတစ်ခါကျောင်းမှာခြေထောက်ခေါက်သွားလို့လေ"
ဟိန်းသူသည်ကိစ္စတိုင်းကိုအသေးစိတ်သိပ်မမှတ်ထားတဲ့အတွက်အတော်စဉ်းစားလိုက်ရသည်။
"ဪ သိပြီ"
"မြိုင့်ကိုအဲ့တုန်းကကူညီပေးတာကျေးဇူးပါနော် ၊ အဲ့တာ အခုတစ်ခုခုလိုက်ကျွေးပါရစေ"
"နေပါစေ ရပါတယ် ၊ အဲ့တုန်းကလည်းကျွန်တော်ဘာမှမလုပ်လိုက်ရပါဘူး ၊ ဟိဏ်းဆက်ကြောင့်ညီမခြေထောက်ပြန်ကောင်းသွားတာပဲလေ ၊ ဟိဏ်းဆက်ကိုသာကျေးဇူးတင်လိုက်ပါနော် ၊ အခုချိန်းထားတာလေးရှိလို့သွားလိုက်ပါဦးမယ် ၊ ခွင့်ပြုပါဦး"
ဟိန်းသူသည်ဘာစကားမှဆက်မပြောဘဲထွက်လာခဲ့သည်။မြိုင်နံ့သာတဖြည်းဖြည်းဒေါသထွက်လာသည်။
ငါ့ဘဝမှာဘယ်တုန်းကမှအောက်ကျို့ခဲ့တာမရှိဘူး။အစ်ကို့ကိုမြိုင်ချစ်လွန်းလို့အခုလိုလုပ်နေရတာ။တစ်ခါလောက်ပဲလှည့်ကြည့်ပေးပါလားအစ်ကိုရယ်။ဟိဏ်းဆက်ကိုမဟုတ်ဘူး။မြိုင့်ကို မြိုင့်ကိုပြန်မကြည့်တော့ဘူးလား။
"သမီးလေး လာလေ ဘာရပ်လုပ်နေတာလဲ"
အနောက်မှမာမီ့၏လှမ်းခေါ်သံကြောင့်မြိုင်လည်းထိုနေရာမှလှည့်ထွက်လာခဲ့သည်။
"မာမီ မြိုင်ပြောစရာရှိတယ်"
မြိုင်နံ့သာသည်မာမီ့၏အရှေ့တစ်ယောက်ထိုင်ဆိုဖာခုံတွင်ဝင်ထိုင်လိုက်သည်။
"ပြော ဘာဖြစ်လို့လဲသမီး"
"သမီးစိတ်ဝင်စားတဲ့သူရှိတယ်မာမီ"
"သမီးရယ်ဘာများလဲလို့ ၊ ဘယ်သူလဲ ဘယ်ကလဲ"
"သမီးတို့မေဂျာကစီနီယာအကိုပဲ ၊ နာမည်ကဟိန်းသူတဲ့"
"ဘာ!!!"
သူမလက်ထဲတွင်ကိုင်ထားသောစာရွက်စာတမ်းများအကုန်လွတ်ကျကုန်သည်။
"ဘာဖြစ်လို့လဲမာမီ ၊ သိလို့လားအစ်ကိုဟိန်းသူကို"
"မသိ မသိပါဘူး"
"မာမီ့ကိုပြောပြထားတာပါ ၊ သမီးအစ်ကိုဟိန်းသူကိုတကယ်ကြိုက်တာပါ"
"တော်တော့သမီး ဆက်မပြောနဲ့တော့"
သူမ မြိုင်ပြောနေတာတွေကိုဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့ပါ။မြိုင့်မျက်နှာကိုတည့်တည့်ကြည့်ပြီးသူမစကားဆက်လိုက်သည်။
"သမီး မာမီသဘောတူတဲ့သူနဲ့ပဲလက်ထပ်ရမယ် ၊ မာမီစီစဉ်တာကိုပဲလက်ခံ"
"မာမီ!!! မရဘူး ၊ သမီးကြိုက်တဲ့သူပဲသမီးယူမှာ ၊ မာမီစီစဉ်တာလက်မခံနိုင်ဘူး"
မြိုင်နံ့သာသည်မာမီ၏စကားကိုအတင်းငြင်းဆန်ပါတော့သည်။
"သမီး!!! မာမီပြောတာပဲနားထောင်ပါ"
ဒေါ်လဲ့ကြည်၏အသံသည်ဒေါသသံအနည်းငယ်ပါလာသည်။
"တော်ပြီမာမီ ၊ မြိုင်သွားတော့မယ်"
မြိုင်နံ့သာသည်မာမီ့ကုမ္ပဏီမှအမြန်ဆုံးပြန်ထွက်လာခဲ့သည်။
သူမထင်ထားခဲ့သည်မှာမာမီကလက်ခံမည်ထင်ထားခဲ့သည်။
သို့သော် သူမအထင်နဲ့လက်တွေ့ကအလွန်ကွာခြားသွားခဲ့သည်။မာမီ့ပုံစံသည်လည်းထူးဆန်းနေသည်ကိုသူမသတိထားမိခဲ့ပါသေးသည်။
"အစ်ကို! အစ်ကို! ခဏလေး"
ဟိဏ်းဆက်သည်ကားထဲသို့ဝင်ထိုင်ပြီးကာမှပြန်ပြေးထွက်သွားပြန်သည်။
"အယ်! ညီ ဘယ်လဲ ...."
ဟိန်းသူလှမ်းခေါ်သော်လည်းပြန်မကြည့်သည့်ဟိဏ်းဆက်ကို
ကားထဲတွင်သာထိုင်စောင့်နေလိုက်ရသည်။
"မောလိုက်တာ"
"ဘယ်သွားတာလဲ"
"ဖုန်းကျန်ခဲ့လို့သွားယူတာ"
"ဖြစ်ရမယ်ညီရယ်"
"ဟီးဟီး"
ဟိဏ်းဆက်သည်ရှိသမျှသွားအကုန်ပေါ်အောင်ဖြီးပြနေပြန်သည်။ဒီလိုလေးရယ်လိုက်သည့်အခါတိုင်းဟိန်းသူသည်အသည်းယားလွန်း၍ပါးလေးကိုခက်ဖွဖွလေးဆွဲလေ့ရှိသည်။
"အစ်ကို ဒါကျောင်းသွားတဲ့လမ်းလည်းမဟုတ်ဘူး ၊ ဘယ်သွားနေတာလဲ"
ဟိန်းသူသညါမောင်းလာတဲ့လမ်းကပုံမှန်သွားနေကျလမ်းမဟုတ်သည့်အတွက်ဟိဏ်းဆက်မေးလိုက်သည်။
"ရောက်ရင်သိမှာပေါ့"
"ဟင်! ဟုတ်ဟုတ်"
ဟိန်းသူခေါ်လာသည်ကတခြားနေရာမဟုတ်ဘဲသူ၏အိမ်ဆီသို့သာဖြစ်သည်။
"အစ်ကို ဒါက ......."
"အင်း ဟုတ်တယ် ၊ အစ်ကို့ဒေါ်လေးနဲ့အစ်ကို့အုပ်ထိန်းသူကညီ့ကိုတွေ့ချင်တယ်ဆိုလို့"
"ဟာ အကိုရာ ကြိုပြောပါလား ၊ အခုကျွန်တော့်ပုံစံကိုလည်းကြည့်ပါဦး ၊ စုပ်ပြတ်သပ်နေတာပဲ"
"ညီကဘယ်လိုနေနေချစ်ဖို့ကောင်းပြီးသားပါ"
ဟိန်းသူသည်ဟိဏ်းဆက်ကိုသူ၏လက်ကမ်းပေးလိုက်သည်။ဟိဏ်းဆက်လည်းဟိန်းသူလက်ကိုဆုပ်ကိုင်လိုက်ပြီးကားပေါ်မှဆင်းလိုက်သည်။အိမ်ထဲသို့ဝင်သွားလိုက်သည်နှင့်ဧည့်ခန်းထဲတွင်အမျိုးသမီးထိုင်နေသောအမျိုးသမီးနှစ်ဦးကိုတွေ့လိုက်ရသည်။တစ်ဦးသည်ခပ်ပိန်ပိန်၊တစ်ဦးကတော့ပြည့်ပြည့်ဖြိုးဖြိုးဖြစ်သည်။နှစ်ယောက်စလုံးသည်ဟိဏ်းဆက်တို့ကိုပြုံးပြပြီးထိုင်နေရာမှထလိုက်ကြသည်။
"လာ သားတို့ထိုင်ကြ"
ဟိဏ်းဆက်လည်းထိုအမျိုးသမီးညွှန်ပြသောနေရာတွင်ဝင်ထိုင်လိုက်သည်။
"သားလေးကချစ်ဖို့ကောင်းသားပဲ ၊ အန်တီကမေဦးပါ ဟိုဘက်ကယမင်းပါ ၊ ယမင်းကဟိန်းလေးရဲ့အဒေါ် ၊ အန်တီကဟိန်းလေးရဲ့အုပ်ထိန်းသူပါ"
"ဟုတ် အန်တီ တွေ့ရတာဝမ်းသာပါတယ် ၊ ကျွန်တော့်နာမည်ကဟိဏ်းဆက်ပါ"
"သားနာမည်ကိုကြားဖူးနေပါပြီကွယ် ၊ ဟိန်းလေးကခဏခဏပြောတယ်"
ဟိဏ်းဆက်သည်ဟိန်းသူကိုလှမ်းကြည့်လိုက်သည်။ဟိန်းသူသည်ဟိဏ်းဆက်ကိုပြုံးပြပြီးအသာအယာခေါင်းညိတ်ပြသည်။
"မိအေးရေ မုန့်နဲ့အအေးတွေယူခဲ့တော့"
မေဦးသည်အိမ်ကအကူကောင်မလေးကိုလှမ်းပြောလိုက်သည်။
"သားလေးကအခုမှပထမနှစ်ဆို"
"ဟုတ်ပါတယ်"
အန်တီယမင်းကမေးတော့တရိုတသေခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်သည်။
"ဒါဆို ဟိန်းလေးကိုကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့တရားစွဲလို့ရတာပဲ"
"ဟာ တီလေး!"
တီလေး၏စနောက်မှုအနောက်မှာတော့ဟိဏ်းဆက်လည်းမျက်လုံးပြူးသွားရသလို ဟိန်းသူ၏အသံလည်းထွက်လာသည်။
"တီလေးကနောက်တာပါ"
တီလေးသည်ပြုံးလိုက်ပြီးစကားဆက်ပြန်သည်။
"သားလေး ဟိန်းလေးကအခုလုပ်ငန်းတွေကိုဦးစီးရတော့မှာဆိုတော့သားကိုအချိန်ပေးဖို့ခက်ခဲတဲ့အခါတွေဆိုသားကနားလည်ပေးနော် ၊ အန်တီတို့ကသဘောတူပါတယ်ကွယ် ၊ မကန့်ကွက်ပါဘူး ၊ မစိုးရိမ်နဲ့နော် ၊ နောက်ပိုင်းဖြတ်ကျော်ရမယ့်အခက်အခဲတွေကိုရဲရဲဝံ့ဝံ့သာဖြတ်ကျော်သွားကြပါ ၊ လမ်းတစ်ဝက်ရောက်မှပြန်မလှည့်ကြဖို့ပဲအန်တီကမှာချင်တယ်"
ဟိဏ်းဆက်သည်ဘာမှတောင်ပြန်မပြောနိုင်ဘဲပါးစပ်အဟောင်းသားဖြစ်နေရပြန်သည်။
"ညီ ညီ!!!!"
ဟိန်းသူသည်စားပွဲခုံကိုလက်နဲ့ရိုက်လိုက်ပြီးအသံပေးလိုက်သည့်အခါမှအသိပြန်ဝင်လာသည်။
"ဗျာ ဗျာ!!! ၊ ဟုတ်ဟုတ်"
"ကလေးလေးကလန့်နေတာပဲ ၊ မလန့်ပါနဲ့ကွယ် ၊ နောက်လည်းအိမ်ကိုအမြဲလာလည်နော် ၊ ဟိန်းသူမရှိလည်းအန်တီရှိနေမှာပါ လာခဲ့နော်"
ဒေါ်မေဦးသည်ဟိဏ်းဆက်ကိုအိမ်သို့လာလည်ရန်ဖိတ်ခေါ်သည်။
ဖေဖေနဲ့မေမေလည်းသဘောတူရင်အရမ်းကောင်းမှာပဲ။
"ကဲ မုန့်စားရင်းစကားပြောကြဦး ၊ အန်တီတို့လုပ်စရာရှိသေးလို့ ခွင့်ပြုပါဦးနော်"
"ဟုတ်"
ဒေါ်မေဦးနဲ့ဒေါ်ယမင်းနှစ်ယောက်စလုံးနေရာမှထသွားကြသည်။ဟိန်းသူသည်ဟိဏ်းဆက်ဘေးနားသို့ရောက်လာသည်။
"ညီ မုန့်စားလေ မကြိုက်လို့လား ၊ Lolipopစားချင်လို့လား"
"မဟုတ်ပါဘူး ခုဏကနည်းနည်းလန့်သွားလို့ပါ"
"ဒီနေ့ ကျောင်းမသွားနဲ့တော့ညီ ၊ အစ်ကိုဒီနေ့ညီနဲ့အတူရှိချင်လို့"
"ဗျာ!!!"
"ဘာလို့လဲ ၊ ညီကမကြိုက်ဘူးလား"
"ကြိုက်တာပေါ့ အရမ်းကြိုက်တယ် ၊ အစ်ကို့ကိုလည်းအရမ်းချစ်တယ်"
ဟိဏ်းဆက်သည်အရှေ့ကမုန့်တစ်ခုကိုလှမ်းယူပြီးစားလိုက်သည်။
"မင်းကချစ်ဖို့ကောင်းအောင်လုပ်နေတာပဲ"
ဟိဏ်းဆက်၏ဆံပင်တွေကိုထိုးဖွလိုက်ပြန်သည်။အဆက်ကတော့မုန့်တွေတစ်ခုပြီးတစ်ခုယူစားနေပါတော့သည်။
"အစ်ကို အခု ဘယ်သွားမလို့လဲဟင်"
"အခန်းထဲ"
"ဗျာ!"
"မဟုတ်ဘူးလေ ၊ အစ်ကို့အခန်းထဲမင်းလေးကဘာတွေတွေးနေတာလဲ"
"မတွေး မတွေးပါဘူး တွေးစရာလား"
ဟိဏ်းဆက်သည်မျက်နှာကြီးနီရဲပြီးရှက်ရမ်းရမ်းနေပါတော့သည်။
ဆက်ရန်
ကဲ ဟိန်းလေးကအခန်းထဲကိုဘာလို့ခေါ်တာလဲမသိဘူးနော်။နောက်အပိုင်းမှာလိုက်ချောင်းကြည့်ရအောင်။အားလုံးsaranghae💚
----------------------------------------------------------------------------------
Zawgyi
အဆက္ကေလးသည္ဆံပင္ေကကို႐ႊိုင္းေနစဥ္ဟိန္းသူဆီမွဖုန္းဝင္လာသည္။
"ဟယ္လို"
"ညီ အစ္ကိုေရာက္ၿပီ"
"လာၿပီ လာၿပီ ၊ ခဏပဲေစာင့္"
ဟိဏ္းဆက္သည္အခန္းထဲမွေျပးထြက္လာသည္။ေမေမ့ေဘးနားမွျဖတ္ေျပးသြားသည့္ဟိဏ္းဆက္ကိုေမေမကႏွာေခါင္းရႈံ႕သည္။
"ဟဲ့ ဟဲ့ အမယ္ေလး မႊန္ထြန္ေနတာပဲ ၊ ေရေမႊးေတြတစ္ပုလင္းလုံးေမွာက္ခ်လာတာလား ၊ ေရေမႊးနဲ႕ေရခ်ိဳးလာတာလား"
ဟိဏ္းဆက္ ေရေမႊးဆြတ္တာနည္းနည္းမ်ားသြားလို႔ေမေမကေတာင္ေျပာရသည္။
"မဟုတ္ပါဘူးေမေမကလည္း ၊ သားသြားၿပီေနာ္ ေနာက္က်ေနၿပီ ၊ တာ့တာ"
"ဟဲ့ ေနဦးေလ ၊ နင့္မႀကီးကိုမေစာင့္ေတာ့ဘူးလား"
"သူ႕သာေစာင့္ေနရင္သားဒီေန႕ေက်ာင္းတက္ရမွာကိုမဟုတ္ဘူး ၊ သြားၿပီေမေမ"
"ေအးေအး"
ဟိဏ္းဆက္သည္တိုက္ခန္းေပၚမွအျမန္ေျပးဆင္းလာၿပီးလမ္ူထပ္သို႔ေျပးလာသည္။
"အစ္ကို! ကြၽန္ေတာ္နည္းနည္းၾကာသြားတယ္ ေဆာရီး ၊ အေပါက္ဝေရာက္မွေမေမကပြားေနလို႔"
"ရပါတယ္ ကိစၥမရွိပါဘူး"
"အစ္ကို ေက်ာင္းကဘယ္လိုလုပ္မွာလဲ"
"ေက်ာင္းကအစ္ကိုထြက္စာမယူရေသးဘူး ၊ အစ္ကိုအေဝးသင္ေျပာင္းေတာ့မွာ ၊ လုပ္ငန္းကအလုပ္ေတြကိုအစ္ကိုလႊဲယူရေတာ့မွာမို႔လို႔"
"ဟင္!"
ဟိဏ္းဆက္၏မ်က္ႏွာေလးသည္ခ်က္ခ်င္းအေရာင္မွိန္က်သြားၿပီးဟိန္းသူကိုေမာ့ၾကည့္ေနသည္။
"ဘာျဖစ္လို႔လဲညီရဲ႕"
"ဒါဆိုအစ္ကိုနဲ႕ေန႕တိုင္းမေတြ႕ရေတာ့ဘူးေပါ့ေနာ္"
"မဟုတ္ပါဘူး ၊ ကိုယ္မနက္တိုင္းလာႀကိဳမွာပါ ၊ စိတ္မေကာင္းမျဖစ္နဲ႕ဟုတ္ၿပီလား"
ဟိဏ္းဆက္၏ဆံပင္ေတြထဲသို႔လက္ျဖင့္ထိုးဖြလိုက္ရင္းေျပာသည္။
"အင္းပါ ရပါတယ္ေလ ၊ အစ္ကိုလာႀကိဳမယ္ဆိုေက်နပ္တယ္"
"ခ်စ္ဖို႔ေကာင္းလိုက္တာညီရာ"
ဟိဏ္းဆက္၏ဆံပင္ေတြကိုထပ္မံ၍လက္နဲ႕ထိုးဖြလိုက္ျပန္
သည္။
"ဟယ္ အဆက္!!!"
ေလွကားေပၚမွအားပါးတရေအာ္ေခၚလိုက္သူသည္ေကသြယ္ျဖစ္သည္။
"အသံၿပဲႀကီးနဲ႕ေအာ္မေနနဲ႕ေလ"
"အစ္ကိုဟိန္းသူနဲ႕တြဲေနၾကၿပီဆို"
"နင္ကဘယ္လိုသိသြားရျပန္တာလဲ"
"အကိုပိုင္ေဇေျပာျပတာ"
"ေအးပါ ၊ သတင္းကလည္းျမန္လိုက္တာ"
"ငါတစ္ေက်ာင္းလုံးကိုျဖန႔္ၿပီးၿပီ"
"ဘာ!!!"
"ဟုတ္တယ္ ၊ ၿမိဳင္နံ႕သာလည္းသိသြားၿပီ ၊ အခုေလာက္ဆိုေဒါပြေနေလာက္ၿပီ ဟီးဟီး ၊ အရသာရွိလိုက္တာ"
"နင္ဟာေလေတာ္ေတာ္ကိုလွ်ာရွည္တယ္ ၊ ငါေတာ့နားၿငီးေတာ့မွာပဲ"
"ဘာဆိုင္လို႔လဲဟ"
"ဆိုင္တယ္ ၊ တစ္ေက်ာင္းလုံးကအတင္းေတြေျပာၾကေတာ့မွာေပါ့ ၊ နားညီးတယ္ဟ"
"ေျပာေပါ့ေအ ၊ သူတို႔ေလပဲကုန္တာေလ ၊ လႊတ္ထားလိုက္ ၊ နင္တို႔ကိုအားေပးေနတဲ့ငါတို႔ေတြအမ်ားႀကီးရွိတယ္"
"ေအးပါ ေက်းဇူးတင္ပါတယ္သတင္းေတြျဖန႔္ေပးတဲ့အတြက္"
"တစ္ဝိုင္းေတာ့လုပ္လိုက္"
"စိတ္ကူးကယဥ္ေနေသးတယ္ ၊ အိမ္မက္ထဲမွာေတာင္မေကြၽးနိုင္ဘူး ၊ ငါအစ္ကို႔ကိုတာဝန္ယူမယ္လို႔ေျပာထားတယ္ ၊ အဲ့ေတာ့ငါပိုက္ဆံစုရမယ္"
"ေအးပါဟယ္ ေတာ္ၿပီ ၊ ငါ့ဘာသာငါပဲသြားစားေတာ့မယ္"
"ႂကြႂကြ ငါမလိုက္ေတာ့ဘူး ၊ အစ္ကိုကငါ့ကိုအတန္းေသခ်ာတက္ဖို႔မွာလိုက္တယ္"
"ရတယ္ မလိုက္နဲ႕ ၊ အစ္ကိုပိုင္ေဇရွိတယ္"
ဟိဏ္းဆက္ေမ့ေနသည္ကသူ႕အစ္မေမဖူးပင္ျဖစ္သည္။သူ႕အစ္မသူတို႔အေၾကာင္းသိသြားမည္ဆိုတာကိုသူေမ့ေနခဲ့သည္။
အစ္ကိုကအျပန္ေတာ့လာမႀကိဳနိုင္ဘူးတဲ့။ဒါေပမဲ့ဖုန္းလည္းဆက္တယ္၊ အိမ္ျပန္ေရာက္ရင္စာလည္းပို႔ခိုင္းတယ္။
မနက္တိုင္း၊ေန႕တိုင္းဟိန္းသူနဲ႕ေတြ႕ရသည္ဆိုတာေတြးမိတိုင္း
ဟိဏ္းဆက္ေပ်ာ္သည္။ဟိန္းသူသည္သူ႕ကိုခ်စ္တယ္ဆိုတာကိုလည္းေတြးမိတိုင္းေပ်ာ္သည္။
~အကို ကြၽန္ေတာ္ျပန္ေရာက္ၿပီ~
ဟိဏ္းဆက္ဆီမွဝင္လာသည့္စာကိုၾကည့္ၿပီးဟိန္းသူၿပံဳးမိသည္။
~အိုေခဗ်ာ မနက္လာႀကိဳမယ္ေနာ္~
ဟိန္းသူဆီမွျပန္ေရာက္လာတဲ့စာကိုၾကည့္ရင္းဟိဏ္းဆက္တို႔အၿငိမ္မေနပါ။ကုတင္ေပၚတြင္လူးလွိမ့္ေနသည္။
~ဟုတ္အစ္ကို~
~ညဘက္ႀကီးဖုန္းထမဆက္နဲ႕ေနာ္၊ ကိုယ္ဘယ္မွမသြားဘူး~
"အား! အသည္းပုံေလးလည္းပါတယ္"
သိန္းသူျပန္ပို႔သည့္စာတြင္အသည္းပုံအနီေရာင္ေလးပါေနသည္ကိုေတြ႕ၿပီးအသည္းယားေနျပန္ပါသည္။
~ဟုတ္ဟုတ္ ကြၽန္ေတာ္ေရခ်ိဳးေတာ့မယ္ တာ့တာ~
~ေရေသာက္ၿပီးမွခ်ိဳးေနာ္~
"အား! အကိုကေရေသာက္ၿပီးမွခ်ိဳးတဲ့"
ဟိဏ္းဆက္ ကုတင္ေပၚတြင္လူးလွိန႔္ေနခ်ိန္တြင္ေမဖူးသည္ဟိဏ္းဆက္၏အခန္းတံခါးကိုလာေခါက္သည္။
"မႀကီးပါငယ္ေလး"
"ဟုတ္ လာေလ မႀကီး"
ေမဖူးသည္အခန္းထဲသို႔ဝင္လာၿပီးဟိဏ္းဆက္၏ေဘးနားတြင္ဝင္ထိုင္လိုက္သည္။
"ငယ္ေလး သတင္းေတြကတကယ္ပဲလား"
"ဘာသတင္းကိုလဲမႀကီး"
"ဟိန္းသူနဲ႕မင္းနဲ႕ ......"
"ဟုတ္တယ္မႀကီး မွန္တယ္ ၊ သားကိုဟိန္းကိုခ်စ္တယ္"
"ငယ္ေလး မႀကီးေျပာမယ္ေနာ္ ၊ ဒီေခတ္မွာဒါေတြကမဆန္းေပမဲ့ ေဖေဖနဲ႕ေမေမသိရင္ မင္းအတြက္မေကာင္းဘူး ၊ အခုကတည္းကျဖတ္လိုက္တာ ......."
"မႀကီး ကြၽန္ေတာ့္ကိုျဖတ္ဖို႔လာမေျပာပါနဲ႕ ၊ ကြၽန္ေတာ္ကိုဟိန္းကိုခ်စ္တယ္ မျဖတ္နိုင္ဘူး ၊ ျဖစ္လာမယ့္ျပႆနာေတြအားလုံးကြၽန္ေတာ္ရင္ဆိုင္နိုင္တယ္"
"ငယ္ေလး မႀကီးေျပာတာကိုနားေထာင္ပါ ၊ ေဖေဖနဲ႕ေမေမ့ကိုစိတ္ဆင္းရဲေစခ်င္လို႔လား"
"ေတာ္ပါေတာ့မႀကီး ၊ ငယ္ငယ္ကတည္းကမိဘေတြနဲ႕မႀကီးတို႔စိတ္ႀကိဳက္ေနလာၿပီးၿပီ ၊ တစ္ခုပဲသားရဲ႕ႏွလုံးသားကိုေတာ့လိုက္မခ်ဳပ္ခ်ယ္ပါနဲ႕"
"ငယ္ေလး မႀကီးတို႔ကခ်ဳပ္ခ်ယ္တာမဟုတ္ပါဘူး ၊ မင္းအတြက္ေျပာေနတာပါ"
"ကြၽန္ေတာ့္အတြက္ဆိုရင္မႀကီးဒီလိုေျပာမွာေတာင္မဟုတ္
ဘူး ၊ ကြၽန္ေတာ္ေပ်ာ္ဖို႔ပဲအေရးေပးမွာေပါ့ ၊ အခုမႀကီးရွက္တယ္မလား ၊ ကိစၥမရွိပါဘူး ၊ မႀကီးေမာင္ဆိုတာလည္းဘယ္သူမွမသိဘူး"
"မႀကီး ေျပာခ်င္တာက ......."
"ေတာ္ပါေတာ့မႀကီး ၊ သားနားခ်င္ေနၿပီ"
"ဟုတ္ပါၿပီ ၊ မႀကီးမေျပာေတာ့ပါဘူး ၊ ဒါေပမဲ့ ေဖေဖနဲ႕ေမေမ....."
"တစ္ေန႕က်ရင္သားဝန္ခံမွာပါ ၊ သားေဖေဖနဲ႕ေမေမ့ကိုအၾကာႀကီးလိမ္မထားပါဘူး"
ေမဖူးသည္လည္းဟိဏ္းဆက္ကိုဆက္မေျပာေတာ့ဘဲအခန္းထဲမွထြက္လာခဲ့လိုက္သည္။
"အစ္ကိုဟိန္း"
"ဘယ္သူ....."
ၿမိဳင္နံ႕သာသည္ဟိန္းသူကိုလမ္းတြင္မထင္မွတ္ဘဲေတြ႕ေသာေၾကာင့္လွမ္းေခၚလိုက္သည္။
"ၿမိဳင့္ကိုမမွတ္မိဘူးလား ၊ ဟိုတစ္ခါေက်ာင္းမွာေျခေထာက္ေခါက္သြားလို႔ေလ"
ဟိန္းသူသည္ကိစၥတိုင္းကိုအေသးစိတ္သိပ္မမွတ္ထားတဲ့အတြက္အေတာ္စဥ္းစားလိုက္ရသည္။
"ဪ သိၿပီ"
"ၿမိဳင့္ကိုအဲ့တုန္းကကူညီေပးတာေက်းဇူးပါေနာ္ ၊ အဲ့တာ အခုတစ္ခုခုလိုက္ေကြၽးပါရေစ"
"ေနပါေစ ရပါတယ္ ၊ အဲ့တုန္းကလည္းကြၽန္ေတာ္ဘာမွမလုပ္လိုက္ရပါဘူး ၊ ဟိဏ္းဆက္ေၾကာင့္ညီမေျခေထာက္ျပန္ေကာင္းသြားတာပဲေလ ၊ ဟိဏ္းဆက္ကိုသာေက်းဇူးတင္လိုက္ပါေနာ္ ၊ အခုခ်ိန္းထားတာေလးရွိလို႔သြားလိုက္ပါဦးမယ္ ၊ ခြင့္ျပဳပါဦး"
ဟိန္းသူသည္ဘာစကားမွဆက္မေျပာဘဲထြက္လာခဲ့သည္။ၿမိဳင္နံ႕သာတျဖည္းျဖည္းေဒါသထြက္လာသည္။
ငါ့ဘဝမွာဘယ္တုန္းကမွေအာက္က်ိဳ႕ခဲ့တာမရွိဘူး။အစ္ကို႔ကိုၿမိဳင္ခ်စ္လြန္းလို႔အခုလိုလုပ္ေနရတာ။တစ္ခါေလာက္ပဲလွည့္ၾကည့္ေပးပါလားအစ္ကိုရယ္။ဟိဏ္းဆက္ကိုမဟုတ္ဘူး။ၿမိဳင့္ကို ၿမိဳင့္ကိုျပန္မၾကည့္ေတာ့ဘူးလား။
"သမီးေလး လာေလ ဘာရပ္လုပ္ေနတာလဲ"
အေနာက္မွမာမီ့၏လွမ္းေခၚသံေၾကာင့္ၿမိဳင္လည္းထိုေနရာမွလွည့္ထြက္လာခဲ့သည္။
"မာမီ ၿမိဳင္ေျပာစရာရွိတယ္"
ၿမိဳင္နံ႕သာသည္မာမီ့၏အေရွ႕တစ္ေယာက္ထိုင္ဆိုဖာခုံတြင္ဝင္ထိုင္လိုက္သည္။
"ေျပာ ဘာျဖစ္လို႔လဲသမီး"
"သမီးစိတ္ဝင္စားတဲ့သူရွိတယ္မာမီ"
"သမီးရယ္ဘာမ်ားလဲလို႔ ၊ ဘယ္သူလဲ ဘယ္ကလဲ"
"သမီးတို႔ေမဂ်ာကစီနီယာအကိုပဲ ၊ နာမည္ကဟိန္းသူတဲ့"
"ဘာ!!!"
သူမလက္ထဲတြင္ကိုင္ထားေသာစာ႐ြက္စာတမ္းမ်ားအကုန္လြတ္က်ကဳန္သည္။
"ဘာျဖစ္လို႔လဲမာမီ ၊ သိလို႔လားအစ္ကိုဟိန္းသူကို"
"မသိ မသိပါဘူး"
"မာမီ့ကိုေျပာျပထားတာပါ ၊ သမီးအစ္ကိုဟိန္းသူကိုတကယ္ႀကိဳက္တာပါ"
"ေတာ္ေတာ့သမီး ဆက္မေျပာနဲ႕ေတာ့"
သူမ ၿမိဳင္ေျပာေနတာေတြကိုဆက္ၿပီးနားေထာင္နိုင္စြမ္းမရွိေတာ့ပါ။ၿမိဳင့္မ်က္ႏွာကိုတည့္တည့္ၾကည့္ၿပီးသူမစကားဆက္လိုက္သည္။
"သမီး မာမီသေဘာတူတဲ့သူနဲ႕ပဲလက္ထပ္ရမယ္ ၊ မာမီစီစဥ္တာကိုပဲလက္ခံ"
"မာမီ!!! မရဘူး ၊ သမီးႀကိဳက္တဲ့သူပဲသမီးယူမွာ ၊ မာမီစီစဥ္တာလက္မခံနိုင္ဘူး"
ၿမိဳင္နံ႕သာသည္မာမီ၏စကားကိုအတင္းျငင္းဆန္ပါေတာ့သည္။
"သမီး!!! မာမီေျပာတာပဲနားေထာင္ပါ"
ေဒၚလဲ့ၾကည္၏အသံသည္ေဒါသသံအနည္းငယ္ပါလာသည္။
"ေတာ္ၿပီမာမီ ၊ ၿမိဳင္သြားေတာ့မယ္"
ၿမိဳင္နံ႕သာသည္မာမီ့ကုမၸဏီမွအျမန္ဆုံးျပန္ထြက္လာခဲ့သည္။
သူမထင္ထားခဲ့သည္မွာမာမီကလက္ခံမည္ထင္ထားခဲ့သည္။
သို႔ေသာ္ သူမအထင္နဲ႕လက္ေတြ႕ကအလြန္ကြာျခားသြားခဲ့သည္။မာမီ့ပုံစံသည္လည္းထူးဆန္းေနသည္ကိုသူမသတိထားမိခဲ့ပါေသးသည္။
"အစ္ကို! အစ္ကို! ခဏေလး"
ဟိဏ္းဆက္သည္ကားထဲသို႔ဝင္ထိုင္ၿပီးကာမွျပန္ေျပးထြက္သြားျပန္သည္။
"အယ္! ညီ ဘယ္လဲ ...."
ဟိန္းသူလွမ္းေခၚေသာ္လည္းျပန္မၾကည့္သည့္ဟိဏ္းဆက္ကို
ကားထဲတြင္သာထိုင္ေစာင့္ေနလိုက္ရသည္။
"ေမာလိုက္တာ"
"ဘယ္သြားတာလဲ"
"ဖုန္းက်န္ခဲ့လို႔သြားယူတာ"
"ျဖစ္ရမယ္ညီရယ္"
"ဟီးဟီး"
ဟိဏ္းဆက္သည္ရွိသမွ်သြားအကုန္ေပၚေအာင္ၿဖီးျပေနျပန္သည္။ဒီလိုေလးရယ္လိုက္သည့္အခါတိုင္းဟိန္းသူသည္အသည္းယားလြန္း၍ပါးေလးကိုခက္ဖြဖြေလးဆြဲေလ့ရွိသည္။
"အစ္ကို ဒါေက်ာင္းသြားတဲ့လမ္းလည္းမဟုတ္ဘူး ၊ ဘယ္သြားေနတာလဲ"
ဟိန္းသူသညါေမာင္းလာတဲ့လမ္းကပုံမွန္သြားေနက်လမ္းမဟုတ္သည့္အတြက္ဟိဏ္းဆက္ေမးလိုက္သည္။
"ေရာက္ရင္သိမွာေပါ့"
"ဟင္! ဟုတ္ဟုတ္"
ဟိန္းသူေခၚလာသည္ကတျခားေနရာမဟုတ္ဘဲသူ၏အိမ္ဆီသို႔သာျဖစ္သည္။
"အစ္ကို ဒါက ......."
"အင္း ဟုတ္တယ္ ၊ အစ္ကို႔ေဒၚေလးနဲ႕အစ္ကို႔အုပ္ထိန္းသူကညီ့ကိုေတြ႕ခ်င္တယ္ဆိုလို႔"
"ဟာ အကိုရာ ႀကိဳေျပာပါလား ၊ အခုကြၽန္ေတာ့္ပုံစံကိုလည္းၾကည့္ပါဦး ၊ စုပ္ျပတ္သပ္ေနတာပဲ"
"ညီကဘယ္လိုေနေနခ်စ္ဖို႔ေကာင္းၿပီးသားပါ"
ဟိန္းသူသည္ဟိဏ္းဆက္ကိုသူ၏လက္ကမ္းေပးလိုက္သည္။ဟိဏ္းဆက္လည္းဟိန္းသူလက္ကိုဆုပ္ကိုင္လိုက္ၿပီးကားေပၚမွဆင္းလိုက္သည္။အိမ္ထဲသို႔ဝင္သြားလိုက္သည္ႏွင့္ဧည့္ခန္းထဲတြင္အမ်ိဳးသမီးထိုင္ေနေသာအမ်ိဳးသမီးႏွစ္ဦးကိုေတြ႕လိုက္ရသည္။တစ္ဦးသည္ခပ္ပိန္ပိန္၊တစ္ဦးကေတာ့ျပည့္ျပည့္ၿဖိဳးၿဖိဳးျဖစ္သည္။ႏွစ္ေယာက္စလုံးသည္ဟိဏ္းဆက္တို႔ကိုၿပဳံးျပၿပီးထိုင္ေနရာမွထလိုက္ၾကသည္။
"လာ သားတို႔ထိုင္ၾက"
ဟိဏ္းဆက္လည္းထိုအမ်ိဳးသမီးၫႊန္ျပေသာေနရာတြင္ဝင္ထိုင္လိုက္သည္။
"သားေလးကခ်စ္ဖို႔ေကာင္းသားပဲ ၊ အန္တီကေမဦးပါ ဟိုဘက္ကယမင္းပါ ၊ ယမင္းကဟိန္းေလးရဲ႕အေဒၚ ၊ အန္တီကဟိန္းေလးရဲ႕အုပ္ထိန္းသူပါ"
"ဟုတ္ အန္တီ ေတြ႕ရတာဝမ္းသာပါတယ္ ၊ ကြၽန္ေတာ့္နာမည္ကဟိဏ္းဆက္ပါ"
"သားနာမည္ကိုၾကားဖူးေနပါၿပီကြယ္ ၊ ဟိန္းေလးကခဏခဏေျပာတယ္"
ဟိဏ္းဆက္သည္ဟိန္းသူကိုလွမ္းၾကည့္လိုက္သည္။ဟိန္းသူသည္ဟိဏ္းဆက္ကိုၿပဳံးျပၿပီးအသာအယာေခါင္းညိတ္ျပသည္။
"မိေအးေရ မုန႔္နဲ႕အေအးေတြယူခဲ့ေတာ့"
ေမဦးသည္အိမ္ကအကူေကာင္မေလးကိုလွမ္းေျပာလိုက္သည္။
"သားေလးကအခုမွပထမႏွစ္ဆို"
"ဟုတ္ပါတယ္"
အန္တီယမင္းကေမးေတာ့တရိုတေသေခါင္းညိတ္ျပၿပီးျပန္ေျဖလိုက္သည္။
"ဒါဆို ဟိန္းေလးကိုကေလးသူငယ္ညွင္းပန္းႏွိပ္စက္မႈနဲ႕တရားစြဲလို႔ရတာပဲ"
"ဟာ တီေလး!"
တီေလး၏စေနာက္မႈအေနာက္မွာေတာ့ဟိဏ္းဆက္လည္းမ်က္လုံးျပဴးသြားရသလို ဟိန္းသူ၏အသံလည္းထြက္လာသည္။
"တီေလးကေနာက္တာပါ"
တီေလးသည္ၿပဳံးလိုက္ၿပီးစကားဆက္ျပန္သည္။
"သားေလး ဟိန္းေလးကအခုလုပ္ငန္းေတြကိုဦးစီးရေတာ့မွာဆိုေတာ့သားကိုအခ်ိန္ေပးဖို႔ခက္ခဲတဲ့အခါေတြဆိုသားကနားလည္ေပးေနာ္ ၊ အန္တီတို႔ကသေဘာတူပါတယ္ကြယ္ ၊ မကန႔္ကြက္ပါဘူး ၊ မစိုးရိမ္နဲ႕ေနာ္ ၊ ေနာက္ပိုင္းျဖတ္ေက်ာ္ရမယ့္အခက္အခဲေတြကိုရဲရဲဝံ့ဝံ့သာျဖတ္ေက်ာ္သြားၾကပါ ၊ လမ္းတစ္ဝက္ေရာက္မွျပန္မလွည့္ၾကဖို႔ပဲအန္တီကမွာခ်င္တယ္"
ဟိဏ္းဆက္သည္ဘာမွေတာင္ျပန္မေျပာနိုင္ဘဲပါးစပ္အေဟာင္းသားျဖစ္ေနရျပန္သည္။
"ညီ ညီ!!!!"
ဟိန္းသူသည္စားပြဲခုံကိုလက္နဲ႕ရိုက္လိုက္ၿပီးအသံေပးလိုက္သည့္အခါမွအသိျပန္ဝင္လာသည္။
"ဗ်ာ ဗ်ာ!!! ၊ ဟုတ္ဟုတ္"
"ကေလးေလးကလန႔္ေနတာပဲ ၊ မလန႔္ပါနဲ႕ကြယ္ ၊ ေနာက္လည္းအိမ္ကိုအၿမဲလာလည္ေနာ္ ၊ ဟိန္းသူမရွိလည္းအန္တီရွိေနမွာပါ လာခဲ့ေနာ္"
ေဒၚေမဦးသည္ဟိဏ္းဆက္ကိုအိမ္သို႔လာလည္ရန္ဖိတ္ေခၚသည္။
ေဖေဖနဲ႕ေမေမလည္းသေဘာတူရင္အရမ္းေကာင္းမွာပဲ။
"ကဲ မုန႔္စားရင္းစကားေျပာၾကဦး ၊ အန္တီတို႔လုပ္စရာရွိေသးလို႔ ခြင့္ျပဳပါဦးေနာ္"
"ဟုတ္"
ေဒၚေမဦးနဲ႕ေဒၚယမင္းႏွစ္ေယာက္စလုံးေနရာမွထသြားၾကသည္။ဟိန္းသူသည္ဟိဏ္းဆက္ေဘးနားသို႔ေရာက္လာသည္။
"ညီ မုန႔္စားေလ မႀကိဳက္လို႔လား ၊ Lolipopစားခ်င္လို႔လား"
"မဟုတ္ပါဘူး ခုဏကနည္းနည္းလန႔္သြားလို႔ပါ"
"ဒီေန႕ ေက်ာင္းမသြားနဲ႕ေတာ့ညီ ၊ အစ္ကိုဒီေန႕ညီနဲ႕အတူရွိခ်င္လို႔"
"ဗ်ာ!!!"
"ဘာလို႔လဲ ၊ ညီကမႀကိဳက္ဘူးလား"
"ႀကိဳက္တာေပါ့ အရမ္းႀကိဳက္တယ္ ၊ အစ္ကို႔ကိုလည္းအရမ္းခ်စ္တယ္"
ဟိဏ္းဆက္သည္အေရွ႕ကမုန႔္တစ္ခုကိုလွမ္းယူၿပီးစားလိုက္သည္။
"မင္းကခ်စ္ဖို႔ေကာင္းေအာင္လုပ္ေနတာပဲ"
ဟိဏ္းဆက္၏ဆံပင္ေတြကိုထိုးဖြလိုက္ျပန္သည္။အဆက္ကေတာ့မုန႔္ေတြတစ္ခုၿပီးတစ္ခုယူစားေနပါေတာ့သည္။
"အစ္ကို အခု ဘယ္သြားမလို႔လဲဟင္"
"အခန္းထဲ"
"ဗ်ာ!"
"မဟုတ္ဘူးေလ ၊ အစ္ကို႔အခန္းထဲမင္းေလးကဘာေတြေတြးေနတာလဲ"
"မေတြး မေတြးပါဘူး ေတြးစရာလား"
ဟိဏ္းဆက္သည္မ်က္ႏွာႀကီးနီရဲၿပီးရွက္ရမ္းရမ္းေနပါေတာ့သည္။
ဆက္ရန္
ကဲ ဟိန္းေလးကအခန္းထဲကိုဘာလို႔ေခၚတာလဲမသိဘူးေနာ္။ေနာက္အပိုင္းမွာလိုက္ေခ်ာင္းၾကည့္ရေအာင္။အားလုံးsaranghae💚