Phoenix in the Flame(မီးလျြှံ...

Od ReliChal_618

133K 13.2K 601

#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင်... Více

"ဒဏ္ဍာရီရဲ့အစ"
အပိုင်း-၁
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
All About MC LinYu
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
Announcement !!
ဒဏ္ဍာရီရဲ့အစ[UniCode]
အပိုင်း-၁
အပိုင်း-၂
အပိုင်း -၁၃
အပိုင်း -၁၄
အပိုင်း -၃
အပိုင်း -၄
အပိုင်း -၅
အပိုင်း -၆
အပိုင်း -၇
အပိုင်း -၈
အပိုင်း -၁၀
အပိုင်း -၉
အပိုင်း -၁၁
အပိုင်း -၁၂
အပိုင်း-၁၅
အပိုင်း -၁၅
အပိုင်း-၁၆
အပိုင်း -၁၆
အပိုင်း-၁၇ [Z+U]
Notification from Author :Please Read!!
အပိုင်း -၁၈ [Z+U]
အပိုင်း-၁၉ [Z+U]
အပိုင်း-၂၀ [Z+U]
All About Han JinXian
အပိုင်း-၂၁ [Z+U]
အပိုင်း -၂၂ [Z+U]
အပိုင်း-၂၃ [Z+U]

အပိုင်း-၂

5.7K 516 7
Od ReliChal_618

ဧကရီအဖြစ်သို့ရောက်ရှိခြင်း


လင်းယွီယခုတလော မအားလပ်ပါ။

နန်းတော်ရာသို့သွား၍ ဧကရီ့ကျင့်ဝတ်တို့အား သင်ယူရသည့်အပြင် နန်းတော်တွင်းအမျိုးသမီးရေးရာ လက်ဖက်ရည်ပွဲတို့ကြောင့် နန်းတော်သို့ စုန်ချည်ဆန်ချည်ကူးလူးနေရသည်မို့  လင်းယွီ၏ အေးချမ်းဆိတ်ငြိမ်သည့် နေ့ရက်တို့က ကုန်ဆုံးကုန်ရ၏။  အကဲခတ်ကြည့်သမျှ မယ်တော်ဖုရားသည်ကား လင်းယွီအပေါ်မနှစ်မြို့ဟန်ပေါ်၍ ကိုယ်လုပ်တော် မောင်းမအပေါင်းအဖော်တို့သည်ကား မယ်တော်ဖုရား၏ အပြုအမူကြောင့် လင်းယွီအား ထိကပါးရိကပါးပင်ပြုရဲကြပေ၏။

လင်းယွီက ရဲတင်းလှသော သွက်လက်လက်မိန်းမပျိုတို့ကဲ့သို့ မဟုတ်သလို အိနြေ္ဒဖြင့် သိမ်မွေ့လှသည်လည်းမဟုတ်။
သို့နှင့်  အိမ်ထောင်မှုသင်တန်း၊ဧကရီသင်တန်းသည် လင်းယွီအဖို့ခက်ခဲလာရ၏။
ထို့အတူ လက်ဖက်ရည်ပွဲသည် ငြီးငွေ့စရာ ပွဲအခမ်းအနားတစ်ခုဖြစ်လာခဲ့သည်။

ယနေ့တွင်လည်း တော်ဝင်လက်ဖက်ရည်အား သုံးဆောင်၍ အတုဖက်သည့် ရယ်သံလှိုင်လှိုင်တို့ကြား လင်းယွီ စိတ်အိုက်နေခဲ့ရပါရ၏။

"မယ်မယ်ဖုရား ဒီကိုယ်လုပ်တော်ကို ဗွေမယူပါနဲ့နော်။ "

"မဟုတ်တာကွယ်။ ဘာကို ဗွေယူရမှာလဲ? မင်းက ငါ့သမီးလိုပါပဲ။ "

နောင်ဖြစ်မည့်ဧကရီ၏ ရှေ့တော်မှောက်၌ သမီးချွေးမဇာတ်ပိုင်နိုင်စွာကနေသည့် ကိုယ်လုပ်တော်ယန်နှင့် မယ်မယ်ကြီးအား လင်းယွီက အာရုံပင်မပြုမိ။ သူမ၏စိတ်အစုံက နန်းတော်ဥယျာဉ်မျှ ဆယ်မျိုးရောင်စုံပန်းအလှတို့ကိုသာ…… အာရုံတိမ်းညွှတ်လျက်……
သူမက ပန်းပျိုးရသည်အား ဝါသနာထုံသည်မို့ ဤသို့အရောင်စိုသည့် ပန်းအများအပြားအား ယုယပျိုးထောင်ရသည့်် နည်းလမ်းအား သိချင်လွန်းလှသည်ကြောင့် ထိုနည်းတို့အား စဉ်းစားနေမိခြင်း…
လက်ဖက်ရည်ပွဲသည်ကား သူမနှင့် လုံးလုံးမသက်ဆိုင်သကဲ့သို့……။
ကိုယ်လုပ်တော်တို့၏ ရယ်သံလွင်လွင်ကသာ ဥယျာဉ်ဆောင်တော်၌ ပျံ့လွင့်နေပါ၏။

"ဒါနဲ့ ဧကရီအလောင်းအလျာက တိတ်ဆိတ်နေတာပဲနော်။ ဒီအသုံးမကျတဲ့ ကိုယ်လုပ်တော်တွေကို စိတ်အနှောင့်အယှက်ဖြစ်ရလို့လား?"

အာသွက်လျှာသွက်
ကိုယ်လုပ်တော်ယန်၏ ဆိုလာသည့်ထေ့စကား……။ လက်ဖက်ရည်ခွက်အသာချ၍ လင်းယွီတုံ့ပြန်ရန်ဟန်ပြင်စဉ်၌ နောက်လိုက်ကိုယ်လုပ်တော်တို့၏ စကားသံက တစ်ဦးပြီးတစ်ဦး ကပ်ပါလာကြလေ၏။

"ဧကရီအလောင်းအလျာကို မရိုမသေပြုမိရင် တောင်းပန်ပါတယ်နော်။"

"ဟုတ်ပါရဲ့ မလေးစားသလိုတွေ ဖြစ်မိသွားရင် ဒီကိုယ်လုပ်တော်လေးတွေကို ဗွေမယူပါနဲ့နော်။"

"စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့နော်"

မျက်ရည်ရစ်သိုင်း၊ နူးညံ့ယောင်ဆောင်သော
ကိုယ်လုပ်တော်တို့၏
သိုးဟန်ဆင်သည့် ဝံပုလွေထောင်ချောက်အား မယ်တော်ကြီးက တိတ်ဆိတ်သမှုဖြင့်သာ စောင့်ကြည့်၏။ ပေါက်ကွဲမှု၊ထေ့လုံးငေါ့လုံးတို့အား မျှားငင်သည့် ကိုယ်လုပ်တော်တို့က ကောက်ကျစ်စွာပြုံးနေကြ၏။
လင်းယွီက သူမတို့ထပ်လှတော့ရော ဘာလုပ်နိုင်မည်နည်း။ အာဏာပိုင်စိုးလျင်ရော ဘာလုပ်နိုင်မည်နည်း။ ယခုပင် ယောက္ခမဖြစ်သူ မယ်တော်ကြီးက ချွေးမဘက်က မရပ်တည်ပေးသည့်အပြင် အရှင်မင်းကြီးကပါ စိတ်ဝင်စားမှုမပေး။
လင်းယွီမည်သည့် နတ်သမီးကဲ့သို့လှသည့် အမျိုးသမီးကိုပင် အရှင်က သူမနန်းတော်လာလေတိုင်း တစ်ခေါက်တစ်ခါမှ စိတ်ဝင်တစားလာမရှာဖူးပေ။

"မဟုတ်တာ…"

ကိုယ်လုပ်တော်တို့၏ အမြင်နှင့်ကွဲပြားစွာ အသေရေပြည့်စွာဆိုလာသည့် လေသံအေးနုနုက စောင်းခတ်သံသို့နှယ်……။ သူမ၏နူးညံ့သည်ကိုယ်ဟန်က အေးစက်စက်အငွေ့အရိပ်ခြုံလွှမ်း၍  ရယ်မောခြင်းမရှိ ပထမဆုံးအနေနှင့် တိတိပပစကားဆိုလာပေ၏။

"တို့တစ်ယောက်တည်း တိတ်နေတာမဟုတ်ဘူးလေ။ ကိုယ်လုပ်တော်ချီလည်း ဝင်မပါတာပဲမဟုတ်ဘူးလား? တို့ကမင်းတို့စကားကို စိတ်ဝင်တစား နားထောင်နေရုံပါ။ မင်းတို့စကားက တို့ကိုသဘောသိမ်တဲ့လူလို့ ဆိုလိုနေသလားလို့ ဒါဆိုကိုယ်လုပ်တော်ချီကျတော့ရော တို့နဲ့မတူလို့လား??"

သူမတို့အကြံအား သိနေသည်ဟု အစွယ်ထုတ်ပြလိုက်သည်က ဝံပုလွေမဟုတ် ကျားရိုင်းပျိုမနှယ်……။ ကိုယ်လုပ်တော်တို့ မျက်နှာက ဟန်မဆောင်နိုင်စွာပျက်ယွင်း၍ အပြုံးချိုတို့က ပိန်းကြာရေကဲ့သို့ မျက်နှာပေါ်၌ တင်ကျန်မနေတော့။ ဖြူဖျော့ကုန်ကြရလေ၏။
ကိုယ်လုပ်တော်ချီက အရှင်မင်းကြီး အထိခိုက်မခံဝံ့သည့် အချစ်တော်ဆိုသည်အား လူတိုင်းသိသည်။ မည်သူက သူမအားပြဿနာရှာချင်မည်နည်း။ ထိုသို့နှိုင်းယှဉ်လာသည့်အခါ သူမတို့က ဧကရီအလောင်းအလျာအား မလေးစားရာကျသွားရသည်မို့ ချွေးစေးပင်ပြန်လာရသည့်အခိုက်
လင်းယွီ၏မျက်နှာထားက အေးစက်ဆဲ……။

သူမတို့၏အခက်တွေ့မှုအား ရိပ်စားမိသည့်အခါ မယ်တော်ကြီးက စကားဖြင့်ဖေးမလာ၏။

"ဒီကလေးမတွေက စကားမတတ်တာ ခွင့်လွှတ်လိုက်ပါ လင်းယွီရယ်။ သူတို့က မကြာခင် မင်းလက်အောက်ကို ရောက်လာတော့မယ့်  မိသားစုဝင်တွေပါ အချင်းချင်း ကသိကအောက်ဖြစ်အောင် မလုပ်ရအောင်"

"မယ်တော်က လင်းယွီကို အဲ့လိုမျိုးထင်တယ်ဆိုတာ မထင်ထားခဲ့ပါဘူး။ လင်းယွီအနေနဲ့ သူတို့ကို ဘာအပြစ်မှမတင်ရသေးပါဘူး။ ဒါပေမယ့် မယ်တော့်စကားက  လင်းယွီကသူတို့ကိုအပြစ်တင်နေသလိုလု…… သူများတွေသာကြားရင် ဖြစ်တောင်မဖြစ်ရသေးတဲ့ ဧကရီအညစ်အထေး
ဖြစ်နေပါရော့မယ်။ "

"မင်း!!  အဟင်း အဲ့လိုဆိုတော့လည်း ကောင်းပြီလေ။ ဒီမယ်တော်က နေသိပ်မကောင်းလို့ အရင်ပြန်နှင့်မယ်။ မင်းတို့ဆက်ပြီးကျင်းပပါ။"

"မယ်တော် မရှိမှတော့ လင်းယွီကိုလည်း ပြန်ခွင့်ပြုပါ။ လင်းယွီအိမ်မှာ လေ့လာစရာတွေ ကျန်နေသေးတာမို့ လက်စသတ်ရပါဦးမယ်။"

မယ်တော်ဖုရား၏ဟန်ဆောင်မှုက ဒီ့ထပ်ပိုမကောင်းနိုင်တော့။ မှိုင်းညို့လာသည့် မျက်နှာထားနှင့်ဆန့်ကျင်စွာ လင်းယွီသည်ကား အပြုံးမဖက်သည့် အေးစက်စက်မျက်နှာသေဖြင့်သာ ရှိနေ၏။

သူမ၏ဥာဏ်ရည်ထက်မြက်မှုအား တွေးမိကြသည့်အခါ မိမိတို့ကိုယ်ကို သူမနှင့် နှိုင်းယှဉ်နေမိခြင်းအား ကိုယ်လုပ်တော်တို့ ရှက်ရွံ့နေမိကြသည်။ သူမက စာပေပါရမီပါ အမတ်ကျန်းယွမ်ကိုပင် မေးခွန်းထုတ်နိုင်သူမှန်း သတိရမိလိုက်သည့်အခါ သူမတို့အနေနှင့် လင်းယွီအလှမ်းမမှီသည့်  ငွေစင်ထိပ်ထားဟု ခံစားလာရစေ၏။

"အိုး ဟုတ်လား? အဲ့ဒါဆိုလည်း ပြန်ပါ။"

"ဟုတ်ကဲ့ လင်းယွီကို ခွင့်ပြုပါဦး"

ဝတ်ဆင်ထားသည့် အဖြူခရမ်းစပ်ဝတ်ရုံအား သပ်ရပ်အောင်ပြုကာ မယ်တော်ကြီးအား အရိုအသေပေးပြီး အစေခံအားလန်နှင့်အတူ အလျင်ထွက်ခွာလာသည့်အခါ အလုံးစုံ၏မျက်ဝန်းတို့က လင်းယွီထံ၌သာ………။ 

သူမက နန်းတော်စည်းကမ်းတွေ သင်ထားတာမဟုတ်ဘူးလား။ လူကြီးသူမထက် အလျင်မထွက်ရ ဆိုတဲ့စည်းမျဉ်းလေးတောင် နားမလည်နိုင်တာလား?

လူတိုင်း၏အတွေးပုံရိပ်မှ နတ်သမီးပျိုသည် ထိုမျှမရိုးရှင်းဟု သိမြင်လာရသည့်နောက် ငေးမောနေကြရုံသာ

စော်ကားခံရသည့် မယ်တော်ဖုရားမှာမူ ခန္ဓာဖောက်၍ သွေးပင်အန်လုမတတ်……။ ခပ်လှမ်းလှမ်းနေရာမှ မျက်ဝန်းစူးစူးတစ်စုံသည်ကား ထွက်ခွာသွားသည့် ခရမ်းဖြူလွှာကျောပြင်ကိုသာ ငေးစိုက်ကြည့်နေခဲ့လေ၏။

"သူမက တမင်လုပ်နေတာမဟုတ်လား?"

"ဖြစ်နိုင်ပါတယ်။ "

"ဧကရီနေရာကိုများ ရာရာစစ အဲ့ဒီချန်းမျိုးနွယ်တွေအကုန် စိတ်ပျက်စရာကောင်းတယ်။ "

"အရှင်မင်းကြီး သူမကိုတစ်ကယ်ပဲ နေရာပေးမှာလား?"

"ငါ့မှာ ထိန်းချုပ်နိုင်တာ သူမပဲရှိတယ်။"

နံဘေးမှ အနီရောင်ဝတ်လုလင်ထံမှ မည်သည့်စကားမှ ပြန်မလာသည့်အခါ ရွှေဝါရောင်နဂါးရစ်နွယ်သည့် ဝတ်ရုံပိုင်ရှင်သည်ကား လင်းယွီ၏ကျောပြင်ကို ထိုးဖောက်မတတ် ရှုနေခဲ့ကာ သူ၏မျက်ဝန်းတို့က သိသိသာသာအေးစက်၏။

ရှင်ဘုရင်အနေနှင့် အာဏာကစားပွဲ၌ ပုလ္လင်နေရာကို  ထိန်းချူပ်ရာ၌ ကူညီနိုင်မည့် လူသည်ကား သူမသည်သာလျင်……။

သူမအားအချိုသတ်၍ နေရာပေးရန်စဉ်းစားမိသော်လည်း ယခုပုံစံအရ ခက်ခဲပုံမြင်ရသည်ကြောင့်  လက်လျှော့ရန်ဆုံးဖြတ်ရင်း ဟန်ကျင်းရှန်းသက်ပြင်းချမိရ၏။

"သွားစို့"

"သူမကို မတွေ့ကြည့်ဘူးလား အရှင်မင်းကြီး"

"တစ်ချိန်ကျရင် တွေ့ရမှာပဲ လောမနေတော့ဘူး။ "

ဥယျာဉ်တော်မှ အဆောတလျင်ထွက်ခွာသွားလေသည့် ရေမြေ့သခင်အား သတိမပြုမိလေသည့်  လင်းယွီသည်ကား  စိတ်ညစ်ညူးမှုနှင့်အတူ အနာဂတ်၏သူမကိုယ်ကို အကောင်အထည်ဖော်မိနေလေ၏။

လင်းယွီက တစ်သက်လုံးသက်တောင့်သက်သာ ဘဝအားမမျှော်ကိုးသော်လည်း အနာဂတ်ခင်ပွန်းကို အမြင့်တကာ့အမြင့်မှဟူ၍လည်း စိတ်ထဲမမှန်းထားမိ။ ယခုဤသို့ဖြစ်လာရသည့်အခါ လင်းယွီစိတ်မောသည်။ ယခုသူမအသက်တစ်ဆယ့်ငါးနှစ်။ ငယ်ရွယ်နုနယ်သေးသည့်အရွယ်။ နောင်လေးလအကျော်လွန်မြောက်လျင် ရောက်ရှိမည့် ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့အား နန်းတော်၌ဖြတ်သန်းရမည်အား စဉ်းစားမိလျင် သက်ပြင်းသက်မက အထွေထွေ……။
သူမမွေးနေ့တိုင်း အိမ်တော်မှာ ကျင်းပတတ်သည့် ပန်းစိုက်ပွဲသည်လည်း အနာဂတ်၌ ရှိမလာနိုင်တော့……။

လူတိုင်းမျှော်ကိုးသည့် ဧကရီနေရာအား ရရှိခြင်းကိုပင် သူမစိတ်မပျော်မရွှင်ဖြစ်လာမိစေ၏။

ပျော်ရွှင်ခြင်းဆိတ်သုဉ်းသည့်ဘဝ၌ နေရမည်က သူမ၏ကံတရားပေလားဟု လင်းယွီတွေးမိသော် မသိလိုက်ခင်ပင် နှုတ်ခမ်းမှပြိုသည့်သက်ပြင်း……။ နန်းတော်တွင်းဟု အမှတ်မရ ပြုမူမိသည့်အခါ လမ်းပြဆောင်သည့် အပျိုတော်လေးက လင်းယွီထံ အမေးညှိချင်သည့်သဘောဖြင့် ရှုလာ၏။

"အားလန် မြန်ုမြန်ပြန်ရအောင် ငါပင်ပန်းနေပြီ"

"ဟုတ်ကဲ့~ "

ရော်နွမ်းလျလျ လင်းယွီ၏မျက်နှာရိပ်အား အကဲခတ်မိစွာ
အားလန်ကအလိုက်တသိ တွဲကူလာသည့်နောက် လင်းယွီ သူမလေးကိုသာ အားပြုတွဲ၍ နန်းတော်မုဒ်တံခါးရှိရာဆီသို့သာ လျှောက်လှမ်းလာခဲ့ပေ၏။ မုဒ်တံခါးနားရှိ ချန်းအိမ်တော်မှဝေါယာဉ်ပေါ်သို့ မတက်မီ  ခမ်းနားထည်ဝါသည့် နန်းတော်ရာအား လင်းယွီငေးမောမိသည်။
မကြာမီအိမ်ဖြစ်လာတော့မည်ဟူ၍ အတွေးဆွေးဆွေးတသသနှင့်……။

ထို့နောက် ထည်ဝါမှုစိုးသည့် အနှီနန်းတော်အား ကျောခိုင်းပစ်မိပါ၏။

****************

သက္ကရာဇ်၂၅၃
ရှင်းချန်း လုံနှစ် ၁၁ရက်

အနှီမင်္ဂလာနှင့်ပြည့်သောနေ့၌
မိုးကောင်းကင်သည် ကြည်ပြာလျက်…။ တိမ်မြူတို့သည်သာ တစ်စ၊တစ်စ နေသည်လည်း ကောင်းစွာထွန်းသည်။

ချန်းအိမ်တော်၌သည်ကား မင်္ဂလာစကားပြောဆိုသူတို့နှင့်ပြည့်နှက်နေ၏။  ချန်းအိမ်တော်သခင်မ တုယွီမင်းသမီးသည်ကား စိတ်ခံစားမှုအား မထိန်းနိုင်စွာမျက်နှာအို အလိုမကျနှင့် ဧည့်သည်တို့အား ကြိုဆိုသမှုအနေနှင့် အပြုံးက ရေးရေးမျှ……။ အမတ်မင်းချန်းတို့ သားအဖသည်ကား
နန်းတော်တွင်း၌ ကြိုတင်စောင့်ဆိုင်းနှင့်ပြီမို့ သူမတစ်ဦးတည်းသည်သာ ဂုဏ်ပြုစကားပြောဆိုသူတို့နှင့် အလုပ်များနေ၏။

ယနေ့၏အဓိကလူဖြစ်သော လင်းယွီကမူ မင်္ဂလာအဝတ်အစားနီစွေးစွေး…။ ရွှေအဆင်း ဇာမဏီဆံထိုးခန့်ထည်ထည်အား ဆင်မြန်းကာ ဧကရီတစ်ပါး၏ထည်ဝါမှုမျိုး ပေးစွမ်းသည့်မျက်နှာချေ၊နီရဲရဲနှုတ်ခမ်းဆီကဲ့သို့သော မျက်နှာပြင်ဆင်မှုနှင့် ရှိနေ၏။ ကြေးမုံဝါပေါ်မှ သူမ၏ပုံရိပ်ကမူ မတုန်မလှုပ်……။ ရယ်မော၊ရှက်ရွံ့မှုအလျင်းမရှိ။ ထုံးစံအတိုင်းပင် ဆောင်းရေခဲပမာ အေးစက်လျက်……။

ရှောင်ပိုင်နှင့်ရှောင်ယွဲ့ကမူ လင်းယွီအား ပြင်ဆင်ပေးခြင်းနှင့် အလုပ်များလျက်……။
အားလန်ကမူ ဟန်မဆောင်နိုင်စွာ မျက်ရည်ဥတို့သီလျက် ငိုကြွေးနေရှာ၏။

"အရူးမလေး နင်ကဘာကိစ္စငိုနေတာလဲ?"

မျက်နှာထက်သို့
ဇာနီလွှာမအုပ်ခင်၌ အားလန်ထံသို့ ရှုကာ မေးလာသည့်လင်းယွီ……။ အားလန်ကမူ ရေစွတ်စွတ်မျက်ဝန်းတို့ဖြင့်
သခင်မလေးထံ ပြုံးရင်းငေးလာ၏။

"ငယ်ငယ်တည်းက တူတူရှိလာတဲ့ သခင်မလေး…… မဟုတ် မယ်မယ်က ဒီလိုထိမ်းမြားရတော့မယ်ဆိုတော့ အားလန်စိတ်လှုပ်ရှားသွားတာပါ။"

"အပိုတွေ မသိရင် မယ်မယ်က မကောင်းတဲ့နေရာသွားရမှာကျနေတာပဲ"

"အင်းလေ။  ဝမ်းသာစရာနေ့မျိုးမှာ ငိုစရာလား? ပိုကိုပိုတယ်။ မယ်မယ် တိုင်းပြည်ရဲ့ဧကရီဖြစ်တာကို ဂုဏ်ပြုပါတယ်။ မယ်မယ်"

"ကောင်းပါပြီ"

ရှောင်ယွဲ့၏အယောင်ဆောင် ဂုဏ်ပြုမှုအား အသိအမှတ်ပြုပြီးသည့်နောက် သူမက မျက်ဝန်းတောက်တောက်တို့ဖြင့် လင်းယွီထံရှုလာသည်။ သူမမျှော်လင့်နေခြင်းအား လင်းယွီက သိနှင့်၏။ နန်းတော်သို့ခေါ်ဆောင်သွားရန် မျှော်လင့်နေခြင်းသာ……။
သို့သော်လင်းယွီက သူမကဲ့သို့ သစ္စာဖောက်အား သားရဲတွင်းသို့ ခေါ်ယူကာ အတူတကွ မရှိချင်။ သို့သော် ရှောင်ပိုင်ကိုတော့ ခေါ်ယူသွားရမည်။ ယောင်းမတော်စိတ်အေးစေရန်အဖို့ အကိုတော်နှင့်ဝေးရာသို့ ထိုကလေးမအား ခေါ်ယူရမည်။ အားလန်ကတော့ ပြောစရာပင်မလို ။လင်းယွီအပေါ် စိတ်သဘောထားကောင်းသူမို့ ခေါ်ကိုခေါ်ယူရမည်ဖြစ်၏။

"နန်းတော်ကို အပျိုတော်အနေနဲ့ နှစ်ယောက်ပဲခေါ်ပိုင်ခွင့်ရှိတယ်။ ဒီတော့ ငါစဉ်းစားထားတယ်။ အားလန်၊ရှောင်ပိုင်တို့ကိုခေါ်သွားမယ်။ ရှောင်ယွဲ့ မင်းကတော့ လင်းဇီဆီသွားလိုက်ပါ။ လင်းဇီက မင်းကိုလိုချင်တယ်လို့ တောင်းထားတာ ငါအခု နန်းတော်ကိုသွားရမှာမို့ သူမဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်။ ရပါတယ်နော်။"

"မယ်မယ် …… ရှောင်ယွဲ့……"

"အိုင်းယား မယ်မယ်အလောင်းအလျာရေ ဘာလုပ်နေတာပါလဲရှင့် အခမ်းအနားက စတော့မယ်။ နန်းတော်ကိုသွားရတော့မယ် မြန်မြန်ပဝါအုပ်!"

"အင်း အားလန် တို့ကိုတွဲကူပေး"

ရှောင်ယွဲ့က ငြင်းဆိုချင်နေသေးသော်ငြား ယောင်းမတော်က ပေါက်ချလာ၍ မည်သို့မှဆိုမရတော့။ လင်းယွီသည်လည်း ဇာပဝါတစ်ထပ်မျက်နှာပေါ်လွှားခြုံလျက် အားလန်နှင့် ယောင်းမတော်အား တစ်ဖက်တစ်ချက်ဆီမှ တွဲကူစေကာ အိမ်တော်မှသည် ထွက်ခွာလာခဲ့သည်။ ဂုဏ်ပြုသံတို့ဆူညံသည့်အိမ်တော်ထဲ မိခင်ဖြစ်သူမင်းသမီး၏ ငိုသံသဲ့သဲ့အား လင်းယွီကြားဖြစ်လိုက်သေး၏။ ဆံပင်ဖြီးပေးတုန်းကပင် တစ်ချက်မျက်ရည်မစိုသည့် အမေသည်ကား ယခု လင်းယွီမင်္ဂလာဝေါယာဉ်ပေါ်တက်ကာမှ ငိုကြွေးသည်က ရှိုက်ကြီးတငင်……။

မင်္ဂလာဝေါယာဉ်နံဘေးမှ
ယွီအာဟူသည့် ခေါ်သံကြားတိုင်း လင်းယွီသည်ပင် စိတ်မကောင်းစွာ မျက်ရည်စို့ချင်လာသည်။

လာရောက်ခေါ်ဆောင်သည့် အမတ်မင်း။ တပ်မှူးတပ်သားတို့စိတ်မရှု့ပ်ရလေအောင် အချိန်မဆွဲတော့ပဲ ခရီးစတင်ရန် လောဆော်မိ၏။

"သွားမယ်!"

"ဟုတ်ကဲ့ပါ။ မယ်မယ် ကဲ စထွက်မယ်။"

"ယွီအာ! ယွီအာရေ !!"

"အမေ စိတ်ထိန်းပါနော်။ "

ငိုယိုသံတို့တဆုံး  ထွက်ခွာလာခဲ့ရာလမ်း၌ လင်းယွီ ငြိမ်သက်စွာလိုက်ပါခဲ့သော်လည်း စိတ်အစုံက မငြိမ်သက်နိုင်။ ဧကရီဖြစ်ရပေမည်ဟု တွေးမိတိုင်း စိုးရိမ်စိတ်က ပိုလာရသည်မို့ မူလတည်ငြိမ်ငြိမ် ရေခဲကျောက်စိတ်က အရည်ပျော်လာရချေပြီ။

ွှရှင်ဘုရင်နှင့် စာရင်းရှင်းရမည်အား အသာထား
ဟိုးတခါက ကိုယ်လုပ်တော်များနှင့် ကြုံဆုံရမည့်ကိစ္စအား စဉ်းစားမိသည်နှင့်ပင် ခေါင်းထိုးကိုက်ချင်လာမိ၏။

"ကျေးဇူးပြုပြီး လင်းယွီကို စောင့်ရှောက်ပေးကြပါ နတ်ဘုရားတို့!"




**************

"ဧကရီ ရောက်ရှိလာပါပြီ။ "

နန်းရင်ပြင်ရှိရာဆီသို့ လျှောက်လှမ်းရမည့် လျှောက်လမ်း၌ရပ်နေရင်း မုဒ်နန်းမှသည် တဖြည်းဖြည်းချင်း ရွေ့လှမ်းလာသည့် ထိုအမျိုးသမီးအား ဟန်ကျင်းရှန်း လှမ်းကြည့်မိ၏။ ပါးလွှာသည့်ဇာပဝါအောက် သူမ၏အမူအရာကို မမြင်နိုင်။ ဧကရီအဆောင်အယောင်တို့နှင့်တကွ အရှိန်အဝါကြီးစွာ လျှောက်လှမ်းသည့်သူမ သူ့နံဘေးရောက်လာသည်အထိ ကျင်းရှန်းငေးမောနေမိ၏။ နှစ်ကိုယ်ယှဉ်လျက်ဖြစ်သွားသည့်အခါ  ပန်းခင်းသော ကောဇောနီနီထက် ရင်ပြင်ဦးဆီသို့ အတူတကွယှဉ်တွဲလျှောက်ရသည့်အခါ
ကျင်းရှန်း ခံစားချက်တို့က ဆိုးဝါးလာသည်။

တစ်ကယ်ပဲ သူမက သူ့တရားဝင်ဇနီးဖြစ်လာခဲ့ပြီလားဟု စဉ်းစားမိလျင် ချက်ချင်း အလျင်ထွက်ပြေးသွားချင်မိသော်လည်း တိုင်းပြည်အတွက် တွေးလျင်မှု သူဤကဲ့သို့ လုပ်နိုင်စွမ်းမရှိ။ ကျင်းရှန်း၏စိတ်ရှုပ်ထွေးမှုက ရင်ပြင်လှေကားထစ်တို့ ကျော်သည့်တိုင်
စိတ်အတွေးတို့နယ်လွန်နေဆဲပါပေ။

သူမပေးကမ်းလာသည့်
သေရည်အား စိတ်ညစ်ညူးစွာ အလျင်အမြန် သောက်သုံးမိပြီးနောက် သူမထံသို့ တစ်ခွက်မြန်မြန်ကမ်းပေးလိုက်မိသည်။ သူမကလည်း ပဝါအောက်မှယူ၍
ခပ်လျင်လျင်သာ သောက်သုံးပစ်၏။ ထုံးစံတို့များသည့် နန်းတက်ပွဲအား အလျင်အမြန်ကုန်ဆုံးချင်မိသော်ငြား

ရှေးထုံးတို့ကများလှသည်မို့ သည်းခံနေရုံသာ။
အရာရာပြီးမြောက်သွားသည့်နောက် ချီးကျူးဂါရဝပြုသံတို့က မိုးထိအောင်ညံဝေ၍သွားပါ၏။

"ဧကရာဇ်နဲ့ဧကရီ သက်တော်ရာကျော်ရှည်ပါစေ!!!"

"ဧကရာဇ်နဲ့ ဧကရီ သက်တော်ရာကျော်ရှည်ပါစေ!"

နန်းတော်တစ်ခုလုံးလျှမ်းသည့် ဆုတောင်းထောပနာသံ ဆူဝေဝေအောက် ကာယကံရှင်နှစ်ဦး၏ သက်ပြင်းတိုးသဲ့သဲ့မှာကား ပျောက်ရှ၍သွားရပါ၏။




************

Pokračovat ve čtení

Mohlo by se ti líbit

1.5M 191K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
1M 187K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL
223K 23K 105
ဘာသာပြန်သူ - စွဲညို့အသင်း
134K 12.8K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...