Unicode
"ကိုဟိန်း!!!"
ဟိဏ်းဆက်သည်ဘယ်နှစ်ကြိမ်ပင်အော်ခေါ်မိမှန်းတောင်မသိတော့ပါ။ဟိဏ်းဆက်သည်အသိစိတ်များလည်းလွတ်နေခဲ့သည်။ အော်ခေါ်နေသည့်သူ့ကိုလူများကဝိုင်းကြည့်ကြပါသော်လည်းဟိဏ်းဆက်သည်မရှက်နိုင်တော့ပါ။ဟိဏ်းဆက်သည်ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်တော့ပါ။
"ကိုဟိန်း! မသွားပါနဲ့ မသွားပါနဲ့ဗျာ ၊ ကျွန်တော့်ကိုမထားခဲ့ပါနဲ့ ၊ ကျွန်တော်အစ်ကို့ကိုချစ်တယ်ကိုဟိန်း"
ထပ်မခေါ်နဲ့ညီ။ထပ်မခေါ်ပါနဲ့။နောက်တစ်ကြိမ်ထပ်ခေါ်ရင်
အစ်ကိုစိတ်ထိန်းနိုင်မှာမဟုတ်ဘူး။ညီ့ကိုအကိုစတွေ့ကတည်းကစိတ်ဝင်စားနေခဲ့မိတာပါ။ဒါပေမဲ့ ကဲ့ရဲ့ခံရမယ့်လောကကြီးထဲညီ့ကိုဆွဲမသွင်းချင်ဘူး။ထပ်မခေါ်နဲ့ညီ။အစ်ကိုစိတ်တင်းထားရတာမို့လို့ပါ။
မေမေနှင့်ပတ်သက်သည့်အမှန်တရားများကိုဟိန်းသူလက်ခံလိုက်သည့်နေ့တွင်ဟိန်းသူသည်ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့သည်။
"ဒေါ်လေးမေဦးကိုအကူအညီတောင်းစရာလေးရှိတယ်"
"ပြောလေဟိန်းလေး ၊ ဒေါ်လေးဘာလုပ်ပေးရမလဲ"
"ကျွန်တော်တရုတ်မှာပညာသွားသင်ချင်တယ်"
"ဟမ်! တရုတ်ကို ဟုတ်လား ၊ ဘာလို့လဲဟိန်းလေးရယ်"
"ဒီအတိုင်း ကျွန်တော်အရာအားလုံးကိုဒီအတိုင်းလေးမေ့ပစ်ချင်လို့ပါ"
"မသွားလို့မရဘူးလားကွယ် ၊ တခြားအရာတစ်ခုခုစဉ်းစားကြည့်ပါဦးလား"
"ကျွန်တော်အကူအညီတောင်းတာလေးကိုပဲလုပ်ပေးပါ ၊ ပြီးတော့ ကျွန်တော့်မှာချစ်ရတဲ့သူတစ်ယောက်ရှိပါတယ် ၊ သူ့ကိုလည်းသံယောဇဉ်ဒီထပ်မပိုချင်တော့ဘူး ၊ ကျွန်တော်အရာအားလုံးရဲ့အဝေးကိုခေတ္တခဏထွက်သွားချင်လို့ပါ"
"သူရောသိလား သားသူ့ကိုချစ်တယ်ဆိုတာ"
"မသိပါဘူး ၊ မသိတာကပိုကောင်းမှာပါ ၊ သူကယောကျာ်းလေးတစ်ယောက်မို့လို့လေ"
"ယောကျာ်းလေး ဟုတ်လား"
"ဟုတ်တယ် သူကယောကျာ်းလေးမို့လို့ကျွန်တော်ဒီအချိန်မှာရပ်တန့်လိုက်တာပိုကောင်းမှာပါ ၊ ဒေါ်လေးကျွန်တော့်အတွက်စီစဉ်ပေးပါ"
ဟိန်းသူသည်အခက်အခဲများကြားမှဆုံးဖြတ်ထားရသည့်ဆုံးဖြတ်ချက်ကိုအတင်းဆုပ်ကိုင်ထားရသည်။ဟိဏ်းဆက်၏ခေါ်သံများသည်သူ၏ဆုံးဖြတ်ချက်ကိုလွှတ်ချမိအောင်လုပ်နေသည်။
"ကိုဟိန်း မသွားပါနဲ့"
ဟိဏ်းဆက်သည်နံရံကိုမှီကာထိုင်ချလိုက်သည်။မျက်ရည်များသည်လည်းတသွင်သွင်စီးကျလို့နေသည်။ဟိဏ်းဆက်၏အသံများသည်လည်းတဖြည်းဖြည်းဖြင့်တိမ်ဝင်လာသည်။
"ကိုဟိန်း မသွားပါနဲ့ဗျာ"
အသံသည်လည်းတဖြည်းဖြည်းအားပျော့သည်ထက်အားပျောလာသည်။ဟိဏ်းဆက်သည်ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။နာရီလက်တံအတိုသည်လေးဂဏန်းသို့ရောက်ရှိ၍လက်တံအရှည်သည်ဆယ့်နှစ်သို့ထိုးနေပြီဖြစ်သည်။
"ထတော့"
အသံဩရှရှကိုကြားလိုက်ရသည့်အခါဟိဏ်းဆက်၏မျက်လုံးများသည်ပြူးသွားရသည်။
တကယ်ပဲအစ်ကိုလား။
"အစ်ကို!!!"
ဟိဏ်းဆက်သည်သူ၏အရှေ့တွင်မတ်တပ်ရပ်နေသောလူကိုမျက်ရည်များဖြင့်ငေးမော့ကြည့်လိုက်သည်။
"ကိုယ်ပြောထားတယ်လေ ၊ ညီ့ကိုလူတွေကြည့်နေတာကိုယ်မကြိုက်ပါဘူးလို့"
"အစ်ကို! တကယ်ပဲအစ်ကိုလားဟင်"
"ထတော့ ၊ ဘာလို့အဲ့လောက်တောင်အော်နေတာလဲ"
"အစ်ကို မသွားပါနဲ့ဗျာ ၊ ကျွန်တော်အစ်ကို့ကိုချစ်တယ် ၊ ချစ်တယ် အရမ်းချစ်တယ် ၊ အစ်ကိုပြန်မချစ်လည်းနေပါရပါတယ် ၊ ကျွန်တော်အစ်ကို့ကိုချစ်နေတယ်ဆိုတာလေးတော့သိထားပေးပါအစ်ကို"
"အရူးလေး! မင်းလုပ်လို့လေယာဉ်လည်းလွတ်သွားပြီ ၊ မင်းကကိုယ့်ခြေလှမ်းတွေကိုရပ်တန့်စေပြီးဆုံးဖြတ်ချက်ကိုနင်းချေပစ်လိုက်နိုင်တာပဲ"
"အစ်ကိုတကယ်သွားပြီထင်နေတာ ၊ မသွားသေးလို့တော်ပါသေးရဲ့"
"အခုမင်းကကိုယ့်တက်လမ်းတွေကိုပိတ်လိုက်တာဆိုတော့မင်းကအစ်ကို့ဘဝကိုတာဝန်ယူမှာလား"
"ယူမှာ ယူမှာ အပြည့်အဝတာဝန်ယူတယ်"
"အရူးလေး!"
ဟိန်းသူသည်ဟိဏ်းဆက်ကိုရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။ဟိဏ်းဆက်သည်လည်းဟိန်းသူ၏ရင်ခွင်ထဲမှနေ၍ဟိန်းသူကိုအတင်းအကြပ်ဖက်ထားသည်။အကြိမ်ကြိမ်အော်ခေါ်နေသည့်ဟိဏ်းဆက်ကိုဟိန်းသူကျောမခိုင်းနိုင်ဘဲပြန်လှည့်လာခဲ့သည်။ လေယာဉ်ပေါ်သို့တက်ခါနီးသည့်အချိန်မှပြန်ပြေးဆင်းလာခဲ့သည်။ကဲ့ရဲ့ပြစ်တင်ခံရမည်မှန်းသိပါသော်လည်းသူဟိဏ်းဆက်ကိုကျောမခိုင်းနိုင်ခဲ့ပါ။
"အစ်ကိုတကယ်ထွက်သွားပြီထင်နေတာ ၊ မသွားပါနဲ့နော် ၊ မသွားပါနဲ့"
"တာဝန်ယူပေးမယ့်လူရှိနေပြီပဲအစ်ကိုကသွားစရာလိုသေးလို့
လား ၊ တိတ်တော့ ၊ မငိုနဲ့တော့ကလေးလည်းမဟုတ်ဘဲနဲ့"
ဟိဏ်းဆက်၏ပါးပြင်ပေါ်မှမျက်ရည်စလေးတွေကိုဟိန်းသူသည်သူ၏လက်ဖြင့်သုတ်ပေးလိုက်သည်။
"အော်ခေါ်ရတာမောလိုက်တာ ၊ အသံတောင်ဝင်ချင်သွား
တယ် ၊ အဟမ်း! အဟမ်း!"
ဟိဏ်းဆက်သည်သူ့လည်ပင်းသူပြန်ကိုင်ပြီးအသံပြန်စမ်းကြည့်နေသည့်ပုံစံလေးကိုကြည့်ရင်းဟိန်းသူရယ်လိုက်မိပါသည်။ဤတစ်ခေါက်ရယ်မောမှုသည်ဟန်ဆောင်မှုမပါသည့်ပျော်ရွှင်ခြင်းအစစ်အမှန်မှထွက်ပေါ်လာသည့်အသီးအပွင့်ဖြစ်လေသည်။ဟိန်းသူနှင့်ဟိဏ်းဆက်တို့သည်လေဆိပ်မှတက္ကစီငှားပြီးအိမ်သို့ပြန်လာခဲ့ကြသည်။
"အစ်ကို ဒီနေ့ကစ တစ်ရက်ပေါ့နော်"
"အင်း"
"အစ်ကိုကကျွန်တော့်ကိုတကယ်ချစ်တာလားဟင်"
"အင်း"
"ဒါဆိုကျွန်တော်ကအစ်ကို့ချစ်သူပေါ့နော်"
"အင်း"
"ဒါဆို အစ်ကိုကကျွန်တော့်ကိုချစ်တယ်ပေါ့နော်"
"အင်း"
ဟိဏ်းဆက်သည်လေဆိပ်မှပြန်ထွက်လာကတည်းကအစ်ကိုကကျွန်တော့်ကိုချစ်တယ်ပေါ့နော်ဆိုသည့်စကားကိုထပ်တလဲလဲမေးနေသည်။
"အစ်ကို! အစ်ကိုကကျွန်တော့်ကိုဘယ်တုန်းကစချစ်တာလဲဟင်"
"ပြောရမယ်ဆိုရင် ကိုယ့်ကားကိုဝါးစားမတတ်စိုက်ကြည့်နေတဲ့အချိန်က"
"ဟင်!"
ဟိဏ်းဆက်ပြန်စဉ်းစားရသေးသည်။ထိုကားကိုဝါးစားမတတ်ကြည့်ခဲ့သည်ကအကြိမ်ပေါင်းမနည်းခဲ့ပါ။
"အစ်ကို အဲ့တာဘယ်တုန်းကလဲဟင် ၊ ကျွန်တော်အစ်ကို့ကားကိုခဏခဏချောင်းခဲ့လို့မမှတ်မိတော့ဘူး"
"မီးပွိုင့်မိတဲ့အချိန်တုန်းကလေ ၊ မမှတ်မိတော့ဘူးလား ၊ ပြတင်းပေါက်ပေါ်မှာမေးလေးတင်ပြီးဝါးစားမတတ်ကြည့်နေတာလေ"
"သိပြီ သိပြီ ၊ ဒါဆိုအစ်ကိုကကျွန်တော့်ကိုအစောကြီးကတည်းကသိနေတာပေါ့"
"အဲ့တုန်းကတော့သိပ်သတိမထားမိပေမဲ့ဖောင်ထုတ်တော့ပိုသိလာတယ် ၊ ညီဓာတ်ပုံခိုးရိုက်တာလည်းသိတယ် ၊ Welcomeနေ့တုန်းကအစ်ကို့ကိုရှာနေခဲ့တယ်ဆိုတာလည်းသိတယ် ၊ အစ်ကို့အိမ်လိုက်လာတုန်းကညီပျော်နေတယ်ဆိုတာလည်းသိတယ်"
ဟိဏ်းဆက်သည်ပြောစရာစကားပင်မရှိတော့ပါ။သိရဲ့သားတဲ့မသိချင်ယောင်ဆောင်နိုင်သည့်ဟိန်းသူကိုသူအရမ်းအံ့ဩသွားရသည်။
"အံ့ဩနေပြီမလား ၊ မအံ့ဩပါနဲ့ ၊ ဟန်ဆောင်ရတာတွေကကိုယ့်အတွက်ရိုးနေပြီ"
"အစ်ကို အဲ့လိုမပြောပါနဲ့ ၊ ဟိုတစ်ခေါက်ကတော့အစ်ကိုဟန်မဆောင်ခဲ့ဘူးမလား ၊ အဲ့တုန်းကလိုပဲ ရယ်ချင်တဲ့အခါရယ်ပြီးဝမ်းနည်းတဲ့အခါလည်းငိုလို့ရတယ် ၊ အစ်ကို့အတွက်အမြဲအဆင်သင့်ပဲ ၊ ရင်ဖွင့်ချင်ရင်လည်းရတယ်နော် ၊ အစ်ကို့ရည်းစားဟောင်းအကြောင်းတွေကလွဲလို့"
"အစ်ကို့မှာအဲ့လိုမရှိပါဘူးကွာ ၊ လျှောက်တွေးမနေနဲ့"
ဟိန်းသူနှင့်ဟိဏ်းဆက်သည်ကားပေါ်တွင်လက်ကလေးတွေတွဲထားကြပါသော်လည်းတစ်ဖက်တွင်မူကေသွယ်နှင့်ပိုင်ဇေတို့နှစ်ဦးသည်ဟိဏ်းဆက်မမှီလိုက်မည်ကိုအရမ်းစိတ်ပူနေကြသည်။မည်သည့်သတင်းစကားမျှမကြားရသည့်အတွက်ပိုင်ဇေသည်ဟိန်းသူဆီသို့ဖုန်းဆက်လိုက်သည်။
"ဟယ်လို"
"ဟျောင့်! ဟိန်းသူ မင်းအဆက်နဲ့တွေ့လား"
"ကျွန်တော်ဗျာ့ ကျွန်တော် ၊ အဆက် အဆက်"
"ဟင်! ဒါဟိန်းသူဖုန်းပါ"
"ဟုတ်တယ် ၊ အစ်ကိုထပ်ပြီးထွက်ပြေးလို့မရအောင်ကျွန်တော်ကအစ်ကို့အိတ်ကိုယူထားလို့"
"ဒါဆို မင်းတို့ကအဆင်ပြေနေကြတာပေါ့ ၊ သေနာလေးတွေ ငါတို့ကတော့စိတ်ပူလို့သေတော့မယ် ၊ သူတို့ကတော့သာယာနေလိုက်ကြတာ ၊ ခေါ်မိတာမှားတယ် ၊ တော်ပြီ ဒါပဲ"
ပိုင်ဇေတစ်ယောက်သည်ဒေါသများပေါက်ကွဲပြီးဖုန်းချသွားလေသည်။
"အစ်ကို! အစ်ကိုပိုင်ဇေကတော့ဒေါသထွက်သွားပြီထင်တယ်"
ဟီဏ်းဆက်သည်ညှိုးငယ်သွားသည့်မျက်နှာလေးဖြင့်ဟိန်းသူကိုမော့ကြည့်၍ပြောလာသည်။ဟိန်းသူသည်သူ၏အဆက်ကြောင့်မျက်နှာလေးကိုလက်တစ်ဖက်ဖြင့်အုပ်ကိုင်လိုက်သည်။
"ထားလိုက် သူကခဏနေပြန်ကောင်းသွားတာလွှတ်ထားလိုက်"
"အဲ့လိုလား ၊ အဲ့လိုဆိုရင်တော့ ထားလိုက်မယ် ဟီးဟီး ၊ သူတို့ဆီတမင်မဆက်တာတော့မဟုတ်ရပါဘူး ၊ ညီလည်းအပျော်လွန်ပြီးမေ့သွားလို့ပါ"
"ဘယ် ..... ဘယ်လိုပြောလိုက်တယ်"
"ဪ အပျော်လွန်သွားလို့ပါလို့ဆိုနေမှပဲ"
"မဟုတ်ဘူး ၊ အဲ့တာရဲ့အနောက်က"
"ဪ ညီလို့ပြောလိုက်တာကိုလား"
"အင်း ဟုတ်တယ်"
"အဲ့လိုပြောရင်အစ်ကိုနဲ့ပိုပြီးနီးနီးကပ်ကပ်ရှိသွားတယ်လို့ခံစားရတယ် ၊ အစ်ကိုတစ်ယောက်တည်းအတွက်သီးသန့်ဖြစ်နေသလိုလေးမို့လို့"
"ချစ်ဖို့ကောင်းလိုက်တာကွာ"
ဟိန်းသူသည်တက္ကစီပေါ်မှာဖြစ်နေသည့်အတွက်ဒီကောင်လေးကိုဖက်ချင်နေသည့်စိတ်များအားထိန်းချုပ်ထားရသည်။သူ့စိတ်ထဲကအတိုင်းသာဆိုဒီအကောင်သေးသေးလေးကိုရင်ခွင်ထဲမှာအတင်းအကြပ်ဖက်ထားပစ်လိုက်ပြီ။ဟိဏ်းဆက်၏အိမ်သို့အရင်ဆုံးလိုက်ပို့ပေးခဲ့ပြီးမှသာဟိန်းသူလည်းအိမ်သို့ပြန်ရောက်လာခဲ့သည်။
"ဟိန်းလေး ဘယ်လိုဖြစ်တာလဲကွယ် ၊ ဘာလို့ပြန်လာရတာလဲ ၊ ဟိန်းလေးပဲသွားမယ်ဆို"
ဒေါ်မေဦးသည်စိုးရိမ်စိတ်အပြည့်နှင့်ဟိန်းသူကိုမေးရှာသည်။
ဟိန်းသူသည်ဒေါ်မေဦးကိုပြုံးပြလိုက်သည်။
"ဒေါ်လေးဖြည်းဖြည်းမေးပါဗျာ ၊ မောနေပါဦးမယ် ၊ ထိုင်ပါဦး"
"ပြောပါဦး ၊ ဒေါ်လေးစိတ်ပူလှပြီ ၊ နေမကောင်းလို့လားဟင်"
"မဟုတ်ပါဘူး ၊ ဒေါ်လေးကိုကျွန်တော်ပြောစရာရှိတယ်"
"အင်း ပြောပြော"
"ကျွန်တော်ချစ်ရတဲ့သူကယောကျာ်းလေးတစ်ယောက်ဆိုတာကိုဒေါ်လေးလက်ခံမှာလား"
ဒေါ်မေဦးသည်တုံ့ဆိုင်းမှုမရှိဘဲပြန်ဖြေလိုက်သည်။
"သားချစ်ရင်ပြီးရော သားပျော်နေရင်ရပြီ ၊ သားကိုပျော်အောင်ထားဖို့အတွက်သားဖေဖေကမှာသွားတယ် ၊သားပျော်နေရင်ရပြီ ၊ ဒေါ်လေးကကိစ္စမရှိဘူး"
"ကျေးဇူးပါဒေါ်လေး"
"ဧကန္တ အဲ့ကောင်လေးကလိုက်ခေါ်လို့မသွားဖြစ်တာတော့မဟုတ်ဘူးမလား"
"ဟုတ်တယ်ဆိုရင်ရော"
"အယ်! ဟိန်းလေးတောင် ချစ်တတ်လာပြီလား"
အိမ်ထဲမှဒေါ်မေဦးနဲ့ဟိန်းသူ၏ရယ်သံလေးတွေပျံ့လွင့်လို့လာသည်။
"ဟဲ့ ဒါကဘယ်အချိန်ရှိနေပြီလဲ နာရီကိုကြည့်စမ်း"
ဟိဏ်းဆက်သည်အိမ်ပြန်နောက်ကျသည့်အတွက်အဆူခံရသည်။မကြီးကအပေါက်ဝမှာစောင့်နေပြီးဝင်လာသည်နှင့်ဆူတော့သည်။
"သားကားပိတ်နေလို့ပါ ၊ စီနီယာအစ်ကိုတွေနဲ့လျှောက်သွားတာလည်းပါလို့ပါ"
"အေး ဖေဖေနဲ့မေမေပြန်မရောက်သေးတာကိုပဲကျေးဇူးတင်လိုက်ပါ မဟုတ်ရင်နင်ပိုအဆူခံရမှာ"
"အင်းပါမကြီးရာ ၊ မကြီးသာနှုတ်လုံရင်ရတယ်"
"အေးပါ ဒီတစ်ခါပဲနော် ၊ နောက်တစ်ခါဆိုမရဘူးမှတ်"
"ရှဲရှဲ"
ဟိဏ်းဆက်၏မျက်နှာသည်ပြုံးစိစိဖြစ်နေသည်ကိုမေဖူးသတိထားမိသည်။သို့သော်ဘာကြောင့်လဲဆိုသည်ကိုတော့သူမမမေးခဲ့ပါ။
အား!!!အစ်ကိုကငါ့ကိုချစ်တယ်တဲ့။အခုငါကအစ်ကို့ကောင်လေးပေါ့။ငါကအစ်ကိုဟိန်းသူရဲ့ကောင်လေးပေါ့ ဟီးဟီး။
အဆက်ကလေးသည်ခေါင်းအုံးကြီးကိုဖက်ပြီးကုတင်ပေါ်တွင်လူးလှိမ့်လျက်ပျော်ရွှင်နေရှာသည်။ထမင်းစားတော့လည်းပြုံးစိစိ၊Tvကြည့်တော့လည်းပြုံးစိစိ၊လူကြီးတွေနဲ့စကားပြောတော့လည်းပြုံးစိစိနဲ့အဆက်ကလေးသည်တစ်ချိန်လုံးပြုံးစိစိဖြစ်နေသည်။ဖေဖေနဲ့မေမေကပင်သူတို့သားလေးရူးများသွားလေသလားဟုေမေမေကပင်သူတို့သားလေးရူးများသွားလေသလားဟုတွေးထင်၍သေချာလိုက်ကြည့်နေရသည်။
"ဟယ်လို!"
ညကြီးသန်းခေါင်ကုတင်ဘေးမှဖုန်းသည်မြည်လာ၍ဟိန်းသူမျက်စိမဖွင့်နိုင်သေးဘဲလက်ဖြင့်စမ်းကာယူလိုက်သည်။
"အစ်ကို!"
"ဟင်!ညီ ဘာဖြစ်လို့လဲ"
ဟိဏ်းဆက်၏အသံကိုကြားလိုက်ရသည့်အခါဟိန်းသူအိပ်ချင်စိတ်ပင်ပြေသွားရသည်။
"အစ်ကိုမနက်ဖြန်တရုတ်ကိုထပ်သွားဦးမှာတော့မဟုတ်ဘူးမလားဟင်"
"ညီ စိတ္တဇမဖြစ်ပါနဲ့ ၊ ကိုယ်မသွားပါဘူး ၊ အိပ်တော့နော် ၊ မနက်အိပ်ရေးမဝဖြစ်နေမယ် ၊ မနက်အစ်ကိုလာကြိုမယ် ၊ အိပ်တော့နော် ကြားလား ၊ စိတ်ချလက်ချအိပ် ၊ အစ်ကိုဘယ်မှမသွားဘူး ၊ ဟုတ်ပြီလား"
"ဟုတ်အစ်ကို ၊ ဒါဆိုတကယ်အိပ်ပြီ ဒါပဲနော်"
သူထွက်သွားမည်ကိုကြောက်နေသည့်ဟိဏ်းဆက်လေးကိတွေးမိပြန်သည့်အခါသူစိတ်မကောင်းဖြစ်ရပြန်သည်။
စိတ်ချညီ။အစ်ကို ညီ မနှင်ထုတ်သရွေ့ဘယ်မှမသွားဘူး။
ဆက်ရန်
ဝင့်လွှာတို့ကချက်ချင်းဆိုလက်ငင်းပဲ။နောက်တစ်ပိုင်းထပ်ဒိတ်ပေးလိုက်ပါတယ်။ချောင်းမရိုက်နဲ့တော့နော်။အားပေးတဲ့ဒါဒါလေးတွေအားလုံးsaranghae❤
----------------------------------------------------------------------------------
Zawgyi
"ကိုဟိန္း!!!"
ဟိဏ္းဆက္သည္ဘယ္ႏွစ္ႀကိမ္ပင္ေအာ္ေခၚမိမွန္းေတာင္မသိေတာ့ပါ။ဟိဏ္းဆက္သည္အသိစိတ္မ်ားလည္းလြတ္ေနခဲ့သည္။ ေအာ္ေခၚေနသည့္သူ႕ကိုလူမ်ားကဝိုင္းၾကည့္ၾကပါေသာ္လည္းဟိဏ္းဆက္သည္မရွက္နိုင္ေတာ့ပါ။ဟိဏ္းဆက္သည္ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္နိုင္ေတာ့ပါ။
"ကိုဟိန္း! မသြားပါနဲ႕ မသြားပါနဲ႕ဗ်ာ ၊ ကြၽန္ေတာ့္ကိုမထားခဲ့ပါနဲ႕ ၊ ကြၽန္ေတာ္အစ္ကို႔ကိုခ်စ္တယ္ကိုဟိန္း"
ထပ္မေခၚနဲ႕ညီ။ထပ္မေခၚပါနဲ႕။ေနာက္တစ္ႀကိမ္ထပ္ေခၚရင္
အစ္ကိုစိတ္ထိန္းနိုင္မွာမဟုတ္ဘူး။ညီ့ကိုအကိုစေတြ႕ကတည္းကစိတ္ဝင္စားေနခဲ့မိတာပါ။ဒါေပမဲ့ ကဲ့ရဲ႕ခံရမယ့္ေလာကႀကီးထဲညီ့ကိုဆြဲမသြင္းခ်င္ဘူး။ထပ္မေခၚနဲ႕ညီ။အစ္ကိုစိတ္တင္းထားရတာမို႔လို႔ပါ။
ေမေမႏွင့္ပတ္သက္သည့္အမွန္တရားမ်ားကိုဟိန္းသူလက္ခံလိုက္သည့္ေန႕တြင္ဟိန္းသူသည္ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ခဲ့သည္။
"ေဒၚေလးေမဦးကိုအကူအညီေတာင္းစရာေလးရွိတယ္"
"ေျပာေလဟိန္းေလး ၊ ေဒၚေလးဘာလုပ္ေပးရမလဲ"
"ကြၽန္ေတာ္တ႐ုတ္မွာပညာသြားသင္ခ်င္တယ္"
"ဟမ္! တ႐ုတ္ကို ဟုတ္လား ၊ ဘာလို႔လဲဟိန္းေလးရယ္"
"ဒီအတိုင္း ကြၽန္ေတာ္အရာအားလုံးကိုဒီအတိုင္းေလးေမ့ပစ္ခ်င္လို႔ပါ"
"မသြားလို႔မရဘူးလားကြယ္ ၊ တျခားအရာတစ္ခုခုစဥ္းစားၾကည့္ပါဦးလား"
"ကြၽန္ေတာ္အကူအညီေတာင္းတာေလးကိုပဲလုပ္ေပးပါ ၊ ၿပီးေတာ့ ကြၽန္ေတာ့္မွာခ်စ္ရတဲ့သူတစ္ေယာက္ရွိပါတယ္ ၊ သူ႕ကိုလည္းသံေယာဇဥ္ဒီထပ္မပိုခ်င္ေတာ့ဘူး ၊ ကြၽန္ေတာ္အရာအားလုံးရဲ႕အေဝးကိုေခတၱခဏထြက္သြားခ်င္လို႔ပါ"
"သူေရာသိလား သားသူ႕ကိုခ်စ္တယ္ဆိုတာ"
"မသိပါဘူး ၊ မသိတာကပိုေကာင္းမွာပါ ၊ သူကေယာက်ာ္းေလးတစ္ေယာက္မို႔လို႔ေလ"
"ေယာက်ာ္းေလး ဟုတ္လား"
"ဟုတ္တယ္ သူကေယာက်ာ္းေလးမို႔လို႔ကြၽန္ေတာ္ဒီအခ်ိန္မွာရပ္တန႔္လိုက္တာပိုေကာင္းမွာပါ ၊ ေဒၚေလးကြၽန္ေတာ့္အတြက္စီစဥ္ေပးပါ"
ဟိန္းသူသည္အခက္အခဲမ်ားၾကားမွဆုံးျဖတ္ထားရသည့္ဆုံးျဖတ္ခ်က္ကိုအတင္းဆုပ္ကိုင္ထားရသည္။ဟိဏ္းဆက္၏ေခၚသံမ်ားသည္သူ၏ဆုံးျဖတ္ခ်က္ကိုလႊတ္ခ်မိေအာင္လုပ္ေနသည္။
"ကိုဟိန္း မသြားပါနဲ႕"
ဟိဏ္းဆက္သည္နံရံကိုမွီကာထိုင္ခ်လိဳက္သည္။မ်က္ရည္မ်ားသည္လည္းတသြင္သြင္စီးက်လိဳ႕ေနသည္။ဟိဏ္းဆက္၏အသံမ်ားသည္လည္းတျဖည္းျဖည္းျဖင့္တိမ္ဝင္လာသည္။
"ကိုဟိန္း မသြားပါနဲ႕ဗ်ာ"
အသံသည္လည္းတျဖည္းျဖည္းအားေပ်ာ့သည္ထက္အားေပ်ာလာသည္။ဟိဏ္းဆက္သည္ေခါင္းငိုက္စိုက္က်သြားပါေတာ့သည္။နာရီလက္တံအတိုသည္ေလးဂဏန္းသို႔ေရာက္ရွိ၍လက္တံအရွည္သည္ဆယ့္ႏွစ္သို႔ထိုးေနၿပီျဖစ္သည္။
"ထေတာ့"
အသံဩရွရွကိုၾကားလိုက္ရသည့္အခါဟိဏ္းဆက္၏မ်က္လုံးမ်ားသည္ျပဴးသြားရသည္။
တကယ္ပဲအစ္ကိုလား။
"အစ္ကို!!!"
ဟိဏ္းဆက္သည္သူ၏အေရွ႕တြင္မတ္တပ္ရပ္ေနေသာလူကိုမ်က္ရည္မ်ားျဖင့္ေငးေမာ့ၾကည့္လိုက္သည္။
"ကိုယ္ေျပာထားတယ္ေလ ၊ ညီ့ကိုလူေတြၾကည့္ေနတာကိုယ္မႀကိဳက္ပါဘူးလို႔"
"အစ္ကို! တကယ္ပဲအစ္ကိုလားဟင္"
"ထေတာ့ ၊ ဘာလို႔အဲ့ေလာက္ေတာင္ေအာ္ေနတာလဲ"
"အစ္ကို မသြားပါနဲ႕ဗ်ာ ၊ ကြၽန္ေတာ္အစ္ကို႔ကိုခ်စ္တယ္ ၊ ခ်စ္တယ္ အရမ္းခ်စ္တယ္ ၊ အစ္ကိုျပန္မခ်စ္လည္းေနပါရပါတယ္ ၊ ကြၽန္ေတာ္အစ္ကို႔ကိုခ်စ္ေနတယ္ဆိုတာေလးေတာ့သိထားေပးပါအစ္ကို"
"အ႐ူးေလး! မင္းလုပ္လို႔ေလယာဥ္လည္းလြတ္သြားၿပီ ၊ မင္းကကိုယ့္ေျခလွမ္းေတြကိုရပ္တန႔္ေစၿပီးဆုံးျဖတ္ခ်က္ကိုနင္းေခ်ပစ္လိုက္နိုင္တာပဲ"
"အစ္ကိုတကယ္သြားၿပီထင္ေနတာ ၊ မသြားေသးလို႔ေတာ္ပါေသးရဲ႕"
"အခုမင္းကကိုယ့္တက္လမ္းေတြကိုပိတ္လိုက္တာဆိုေတာ့မင္းကအစ္ကို႔ဘဝကိုတာဝန္ယူမွာလား"
"ယူမွာ ယူမွာ အျပည့္အဝတာဝန္ယူတယ္"
"အ႐ူးေလး!"
ဟိန္းသူသည္ဟိဏ္းဆက္ကိုရင္ခြင္ထဲသို႔ဆြဲသြင္းလိုက္သည္။ဟိဏ္းဆက္သည္လည္းဟိန္းသူ၏ရင္ခြင္ထဲမွေန၍ဟိန္းသူကိုအတင္းအၾကပ္ဖက္ထားသည္။အႀကိမ္ႀကိမ္ေအာ္ေခၚေနသည့္ဟိဏ္းဆက္ကိုဟိန္းသူေက်ာမခိုင္းနိုင္ဘဲျပန္လွည့္လာခဲ့သည္။ ေလယာဥ္ေပၚသို႔တက္ခါနီးသည့္အခ်ိန္မွျပန္ေျပးဆင္းလာခဲ့သည္။ကဲ့ရဲ႕ျပစ္တင္ခံရမည္မွန္းသိပါေသာ္လည္းသူဟိဏ္းဆက္ကိုေက်ာမခိုင္းနိုင္ခဲ့ပါ။
"အစ္ကိုတကယ္ထြက္သြားၿပီထင္ေနတာ ၊ မသြားပါနဲ႕ေနာ္ ၊ မသြားပါနဲ႕"
"တာဝန္ယူေပးမယ့္လူရွိေနၿပီပဲအစ္ကိုကသြားစရာလိုေသးလို႔
လား ၊ တိတ္ေတာ့ ၊ မငိုနဲ႕ေတာ့ကေလးလည္းမဟုတ္ဘဲနဲ႕"
ဟိဏ္းဆက္၏ပါးျပင္ေပၚမွမ်က္ရည္စေလးေတြကိုဟိန္းသူသည္သူ၏လက္ျဖင့္သုတ္ေပးလိုက္သည္။
"ေအာ္ေခၚရတာေမာလိုက္တာ ၊ အသံေတာင္ဝင္ခ်င္သြား
တယ္ ၊ အဟမ္း! အဟမ္း!"
ဟိဏ္းဆက္သည္သူ႕လည္ပင္းသူျပန္ကိုင္ၿပီးအသံျပန္စမ္းၾကည့္ေနသည့္ပုံစံေလးကိုၾကည့္ရင္းဟိန္းသူရယ္လိုက္မိပါသည္။ဤတစ္ေခါက္ရယ္ေမာမႈသည္ဟန္ေဆာင္မႈမပါသည့္ေပ်ာ္႐ႊင္ျခင္းအစစ္အမွန္မွထြက္ေပၚလာသည့္အသီးအပြင့္ျဖစ္ေလသည္။ဟိန္းသူႏွင့္ဟိဏ္းဆက္တို႔သည္ေလဆိပ္မွတကၠစီငွားၿပီးအိမ္သို႔ျပန္လာခဲ့ၾကသည္။
"အစ္ကို ဒီေန႕ကစ တစ္ရက္ေပါ့ေနာ္"
"အင္း"
"အစ္ကိုကကြၽန္ေတာ့္ကိုတကယ္ခ်စ္တာလားဟင္"
"အင္း"
"ဒါဆိုကြၽန္ေတာ္ကအစ္ကို႔ခ်စ္သူေပါ့ေနာ္"
"အင္း"
"ဒါဆို အစ္ကိုကကြၽန္ေတာ့္ကိုခ်စ္တယ္ေပါ့ေနာ္"
"အင္း"
ဟိဏ္းဆက္သည္ေလဆိပ္မွျပန္ထြက္လာကတည္းကအစ္ကိုကကြၽန္ေတာ့္ကိုခ်စ္တယ္ေပါ့ေနာ္ဆိုသည့္စကားကိုထပ္တလဲလဲေမးေနသည္။
"အစ္ကို! အစ္ကိုကကြၽန္ေတာ့္ကိုဘယ္တုန္းကစခ်စ္တာလဲဟင္"
"ေျပာရမယ္ဆိုရင္ ကိုယ့္ကားကိုဝါးစားမတတ္စိုက္ၾကည့္ေနတဲ့အခ်ိန္က"
"ဟင္!"
ဟိဏ္းဆက္ျပန္စဥ္းစားရေသးသည္။ထိုကားကိုဝါးစားမတတ္ၾကည့္ခဲ့သည္ကအႀကိမ္ေပါင္းမနည္းခဲ့ပါ။
"အစ္ကို အဲ့တာဘယ္တုန္းကလဲဟင္ ၊ ကြၽန္ေတာ္အစ္ကို႔ကားကိုခဏခဏေခ်ာင္းခဲ့လို႔မမွတ္မိေတာ့ဘူး"
"မီးပြိုင့္မိတဲ့အခ်ိန္တုန္းကေလ ၊ မမွတ္မိေတာ့ဘူးလား ၊ ျပတင္းေပါက္ေပၚမွာေမးေလးတင္ၿပီးဝါးစားမတတ္ၾကည့္ေနတာေလ"
"သိၿပီ သိၿပီ ၊ ဒါဆိုအစ္ကိုကကြၽန္ေတာ့္ကိုအေစာႀကီးကတည္းကသိေနတာေပါ့"
"အဲ့တုန္းကေတာ့သိပ္သတိမထားမိေပမဲ့ေဖာင္ထုတ္ေတာ့ပိုသိလာတယ္ ၊ ညီဓာတ္ပုံခိုးရိုက္တာလည္းသိတယ္ ၊ Welcomeေန႕တုန္းကအစ္ကို႔ကိုရွာေနခဲ့တယ္ဆိုတာလည္းသိတယ္ ၊ အစ္ကို႔အိမ္လိုက္လာတုန္းကညီေပ်ာ္ေနတယ္ဆိုတာလည္းသိတယ္"
ဟိဏ္းဆက္သည္ေျပာစရာစကားပင္မရွိေတာ့ပါ။သိရဲ႕သားတဲ့မသိခ်င္ေယာင္ေဆာင္နိုင္သည့္ဟိန္းသူကိုသူအရမ္းအံ့ဩသြားရသည္။
"အံ့ဩေနၿပီမလား ၊ မအံ့ဩပါနဲ႕ ၊ ဟန္ေဆာင္ရတာေတြကကိုယ့္အတြက္ရိုးေနၿပီ"
"အစ္ကို အဲ့လိုမေျပာပါနဲ႕ ၊ ဟိုတစ္ေခါက္ကေတာ့အစ္ကိုဟန္မေဆာင္ခဲ့ဘူးမလား ၊ အဲ့တုန္းကလိုပဲ ရယ္ခ်င္တဲ့အခါရယ္ၿပီးဝမ္းနည္းတဲ့အခါလည္းငိုလို႔ရတယ္ ၊ အစ္ကို႔အတြက္အၿမဲအဆင္သင့္ပဲ ၊ ရင္ဖြင့္ခ်င္ရင္လည္းရတယ္ေနာ္ ၊ အစ္ကို႔ရည္းစားေဟာင္းအေၾကာင္းေတြကလြဲလို႔"
"အစ္ကို႔မွာအဲ့လိုမရွိပါဘူးကြာ ၊ ေလွ်ာက္ေတြးမေနနဲ႕"
ဟိန္းသူႏွင့္ဟိဏ္းဆက္သည္ကားေပၚတြင္လက္ကေလးေတြတြဲထားၾကပါေသာ္လည္းတစ္ဖက္တြင္မူေကသြယ္ႏွင့္ပိုင္ေဇတို႔ႏွစ္ဦးသည္ဟိဏ္းဆက္မမွီလိုက္မည္ကိုအရမ္းစိတ္ပူေနၾကသည္။မည္သည့္သတင္းစကားမွ်မၾကားရသည့္အတြက္ပိုင္ေဇသည္ဟိန္းသူဆီသို႔ဖုန္းဆက္လိုက္သည္။
"ဟယ္လို"
"ေဟ်ာင့္! ဟိန္းသူ မင္းအဆက္နဲ႕ေတြ႕လား"
"ကြၽန္ေတာ္ဗ်ာ့ ကြၽန္ေတာ္ ၊ အဆက္ အဆက္"
"ဟင္! ဒါဟိန္းသူဖုန္းပါ"
"ဟုတ္တယ္ ၊ အစ္ကိုထပ္ၿပီးထြက္ေျပးလို႔မရေအာင္ကြၽန္ေတာ္ကအစ္ကို႔အိတ္ကိုယူထားလို႔"
"ဒါဆို မင္းတို႔ကအဆင္ေျပေနၾကတာေပါ့ ၊ ေသနာေလးေတြ ငါတို႔ကေတာ့စိတ္ပူလို႔ေသေတာ့မယ္ ၊ သူတို႔ကေတာ့သာယာေနလိုက္ၾကတာ ၊ ေခၚမိတာမွားတယ္ ၊ ေတာ္ၿပီ ဒါပဲ"
ပိုင္ေဇတစ္ေယာက္သည္ေဒါသမ်ားေပါက္ကြဲၿပီးဖုန္းခ်သြားေလသည္။
"အစ္ကို! အစ္ကိုပိုင္ေဇကေတာ့ေဒါသထြက္သြားၿပီထင္တယ္"
ဟီဏ္းဆက္သည္ညွိုးငယ္သြားသည့္မ်က္ႏွာေလးျဖင့္ဟိန္းသူကိုေမာ့ၾကည့္၍ေျပာလာသည္။ဟိန္းသူသည္သူ၏အဆက္ေၾကာင့္မ်က္ႏွာေလးကိုလက္တစ္ဖက္ျဖင့္အုပ္ကိုင္လိုက္သည္။
"ထားလိုက္ သူကခဏေနျပန္ေကာင္းသြားတာလႊတ္ထားလိုက္"
"အဲ့လိုလား ၊ အဲ့လိုဆိုရင္ေတာ့ ထားလိုက္မယ္ ဟီးဟီး ၊ သူတို႔ဆီတမင္မဆက္တာေတာ့မဟုတ္ရပါဘူး ၊ ညီလည္းအေပ်ာ္လြန္ၿပီးေမ့သြားလို႔ပါ"
"ဘယ္ ..... ဘယ္လိုေျပာလိုက္တယ္"
"ဪ အေပ်ာ္လြန္သြားလို႔ပါလို႔ဆိုေနမွပဲ"
"မဟုတ္ဘူး ၊ အဲ့တာရဲ႕အေနာက္က"
"ဪ ညီလို႔ေျပာလိုက္တာကိုလား"
"အင္း ဟုတ္တယ္"
"အဲ့လိုေျပာရင္အစ္ကိုနဲ႕ပိုၿပီးနီးနီးကပ္ကပ္ရွိသြားတယ္လို႔ခံစားရတယ္ ၊ အစ္ကိုတစ္ေယာက္တည္းအတြက္သီးသန႔္ျဖစ္ေနသလိုေလးမို႔လို႔"
"ခ်စ္ဖို႔ေကာင္းလိုက္တာကြာ"
ဟိန္းသူသည္တကၠစီေပၚမွာျဖစ္ေနသည့္အတြက္ဒီေကာင္ေလးကိုဖက္ခ်င္ေနသည့္စိတ္မ်ားအားထိန္းခ်ဳပ္ထားရသည္။သူ႕စိတ္ထဲကအတိုင္းသာဆိုဒီအေကာင္ေသးေသးေလးကိုရင္ခြင္ထဲမွာအတင္းအၾကပ္ဖက္ထားပစ္လိုက္ၿပီ။ဟိဏ္းဆက္၏အိမ္သို႔အရင္ဆုံးလိုက္ပို႔ေပးခဲ့ၿပီးမွသာဟိန္းသူလည္းအိမ္သို႔ျပန္ေရာက္လာခဲ့သည္။
"ဟိန္းေလး ဘယ္လိုျဖစ္တာလဲကြယ္ ၊ ဘာလို႔ျပန္လာရတာလဲ ၊ ဟိန္းေလးပဲသြားမယ္ဆို"
ေဒၚေမဦးသည္စိုးရိမ္စိတ္အျပည့္ႏွင့္ဟိန္းသူကိုေမးရွာသည္။
ဟိန္းသူသည္ေဒၚေမဦးကိုၿပဳံးျပလိုက္သည္။
"ေဒၚေလးျဖည္းျဖည္းေမးပါဗ်ာ ၊ ေမာေနပါဦးမယ္ ၊ ထိုင္ပါဦး"
"ေျပာပါဦး ၊ ေဒၚေလးစိတ္ပူလွၿပီ ၊ ေနမေကာင္းလို႔လားဟင္"
"မဟုတ္ပါဘူး ၊ ေဒၚေလးကိုကြၽန္ေတာ္ေျပာစရာရွိတယ္"
"အင္း ေျပာေျပာ"
"ကြၽန္ေတာ္ခ်စ္ရတဲ့သူကေယာက်ာ္းေလးတစ္ေယာက္ဆိုတာကိုေဒၚေလးလက္ခံမွာလား"
ေဒၚေမဦးသည္တုံ႕ဆိုင္းမႈမရွိဘဲျပန္ေျဖလိုက္သည္။
"သားခ်စ္ရင္ၿပီးေရာ သားေပ်ာ္ေနရင္ရၿပီ ၊ သားကိုေပ်ာ္ေအာင္ထားဖို႔အတြက္သားေဖေဖကမွာသြားတယ္ ၊သားေပ်ာ္ေနရင္ရၿပီ ၊ ေဒၚေလးကကိစၥမရွိဘူး"
"ေက်းဇူးပါေဒၚေလး"
"ဧကႏၲ အဲ့ေကာင္ေလးကလိုက္ေခၚလို႔မသြားျဖစ္တာေတာ့မဟုတ္ဘူးမလား"
"ဟုတ္တယ္ဆိုရင္ေရာ"
"အယ္! ဟိန္းေလးေတာင္ ခ်စ္တတ္လာၿပီလား"
အိမ္ထဲမွေဒၚေမဦးနဲ႕ဟိန္းသူ၏ရယ္သံေလးေတြပ်ံ့လြင့္လို႔လာသည္။
"ဟဲ့ ဒါကဘယ္အခ်ိန္ရွိေနၿပီလဲ နာရီကိုၾကည့္စမ္း"
ဟိဏ္းဆက္သည္အိမ္ျပန္ေနာက္က်သည့္အတြက္အဆူခံရသည္။မႀကီးကအေပါက္ဝမွာေစာင့္ေနၿပီးဝင္လာသည္ႏွင့္ဆူေတာ့သည္။
"သားကားပိတ္ေနလို႔ပါ ၊ စီနီယာအစ္ကိုေတြနဲ႕ေလွ်ာက္သြားတာလည္းပါလို႔ပါ"
"ေအး ေဖေဖနဲ႕ေမေမျပန္မေရာက္ေသးတာကိုပဲေက်းဇူးတင္လိုက္ပါ မဟုတ္ရင္နင္ပိုအဆူခံရမွာ"
"အင္းပါမႀကီးရာ ၊ မႀကီးသာႏႈတ္လုံရင္ရတယ္"
"ေအးပါ ဒီတစ္ခါပဲေနာ္ ၊ ေနာက္တစ္ခါဆိုမရဘူးမွတ္"
"ရွဲရွဲ"
ဟိဏ္းဆက္၏မ်က္ႏွာသည္ၿပဳံးစိစိျဖစ္ေနသည္ကိုေမဖူးသတိထားမိသည္။သို႔ေသာ္ဘာေၾကာင့္လဲဆိုသည္ကိုေတာ့သူမမေမးခဲ့ပါ။
အား!!!အစ္ကိုကငါ့ကိုခ်စ္တယ္တဲ့။အခုငါကအစ္ကို႔ေကာင္ေလးေပါ့။ငါကအစ္ကိုဟိန္းသူရဲ႕ေကာင္ေလးေပါ့ ဟီးဟီး။
အဆက္ကေလးသည္ေခါင္းအုံးႀကီးကိုဖက္ၿပီးကုတင္ေပၚတြင္လူးလွိမ့္လ်က္ေပ်ာ္႐ႊင္ေနရွာသည္။ထမင္းစားေတာ့လည္းၿပဳံးစိစိ၊Tvၾကည့္ေတာ့လည္းၿပဳံးစိစိ၊လူႀကီးေတြနဲ႕စကားေျပာေတာ့လည္းၿပဳံးစိစိနဲ႕အဆက္ကေလးသည္တစ္ခ်ိန္လုံးၿပဳံးစိစိျဖစ္ေနသည္။ေဖေဖနဲ႕ေမေမကပင္သူတို႔သားေလး႐ူးမ်ားသြားေလသလားဟုေေမေမကပင္သူတို႔သားေလး႐ူးမ်ားသြားေလသလားဟုေတြးထင္၍ေသခ်ာလိုက္ၾကည့္ေနရသည္။
"ဟယ္လို!"
ညႀကီးသန္းေခါင္ကုတင္ေဘးမွဖုန္းသည္ျမည္လာ၍ဟိန္းသူမ်က္စိမဖြင့္နိုင္ေသးဘဲလက္ျဖင့္စမ္းကာယူလိုက္သည္။
"အစ္ကို!"
"ဟင္!ညီ ဘာျဖစ္လို႔လဲ"
ဟိဏ္းဆက္၏အသံကိုၾကားလိုက္ရသည့္အခါဟိန္းသူအိပ္ခ်င္စိတ္ပင္ေျပသြားရသည္။
"အစ္ကိုမနက္ျဖန္တ႐ုတ္ကိုထပ္သြားဦးမွာေတာ့မဟုတ္ဘူးမလားဟင္"
"ညီ စိတၱဇမျဖစ္ပါနဲ႕ ၊ ကိုယ္မသြားပါဘူး ၊ အိပ္ေတာ့ေနာ္ ၊ မနက္အိပ္ေရးမဝျဖစ္ေနမယ္ ၊ မနက္အစ္ကိုလာႀကိဳမယ္ ၊ အိပ္ေတာ့ေနာ္ ၾကားလား ၊ စိတ္ခ်လက္ခ်အိပ္ ၊ အစ္ကိုဘယ္မွမသြားဘူး ၊ ဟုတ္ၿပီလား"
"ဟုတ္အစ္ကို ၊ ဒါဆိုတကယ္အိပ္ၿပီ ဒါပဲေနာ္"
သူထြက္သြားမည္ကိုေၾကာက္ေနသည့္ဟိဏ္းဆက္ေလးကိေတြးမိျပန္သည့္အခါသူစိတ္မေကာင္းျဖစ္ရျပန္သည္။
စိတ္ခ်ညီ။အစ္ကို ညီ မႏွင္ထုတ္သေ႐ြ႕ဘယ္မွမသြားဘူး။
ဆက္ရန္
ဝင့္လႊာတို႔ကခ်က္ခ်င္းဆိုလက္ငင္းပဲ။ေနာက္တစ္ပိုင္းထပ္ဒိတ္ေပးလိုက္ပါတယ္။ေခ်ာင္းမရိုက္နဲ႕ေတာ့ေနာ္။အားေပးတဲ့ဒါဒါေလးေတြအားလုံးsaranghae❤