ချစ်ရ​ပါသော"ညီ"

By PannWintHlwar

908K 53.9K 1.5K

[Unicode]အဖေမရှိတော့ဘဲ မိထွေးရဲ့အရိပ်အောက်မှာကြီးပြင်းလာတဲ့ကောင်လေးနဲ့မိဘရဲ့အရိပ်အာဝါသအောက်မှာနွေးထွေးမှုအပြည... More

အမှာစာ
Main Characters
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
For readers
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
ဇာတ်သိမ်းပိုင်း
Book Version📚
Announcement
Announcement

အပိုင်း - ၁၁

25.7K 2K 34
By PannWintHlwar

Unicode

ဟိန်းသူ၏စကားကြောင့်ဟိဏ်းဆက်ကလေးမျက်လုံးလေးပြူးပြီးဟိန်းသူကိုမော့၍ငေးစိုက်ကြည့်နေမိသည်။

"ညီ ထတော့ လမ်းမကြီးမှာ မကောင်းဘူး ၊ ကားလာရင် သေနေမယ်"

"ဗျာ!!! ဟုတ်ဟုတ်"

"ကိုယ်ကားသွားယူလိုက်ဦးမယ် ဒီကစောင့်နေနော်"

ဟိန်းသူသည်ဟိဏ်းဆက်၏ဆံပင်တွေကိုလက်ဖြင့်ထိုးဖွကာပြုံးပြပြီးထွက်သွားသည်။

"ဟုတ်"

ငါတော့သေတော့မှာပဲ။အသက်တောင်ရှူဖို့မေ့တယ်။

ဟိန်းသူ၏ကားလေးသည်ဟိဏ်းဆက်၏အရှေ့သို့ရောက်လာသည်။ဟိဏ်းဆက်သည်လည်းကားထဲသို့ဝင်လိုက်သည်။

"ညီ!"

"ဗျာ!"

"ဒီနေ့အတွက်ကျေးဇူးပါ"

"မဟုတ်တာ ကျွန်တော်လည်းပျော်ရတာပဲ ၊ ကျွန်တော်ကသာကိုဟိန်းကိုကျေးဇူးတင်ရမှာ"

ဟိန်းသူသည်ပြုံးသည်။ဟိန်းသူပြုံးလိုက်သည့်အခါတိုင်းဟိဏ်းဆက်ငေးကြည့်‌နေမိသည်။ဟိန်းသူသည်ဟိဏ်းဆက်ကိုအိမ်အထိပြန်လိုက်ပို့ပေးခဲ့သည်။ဟိဏ်းဆက်အိမ်သို့လမ်းလျှောက်သွားသည်ကိုဟိန်းသူမျက်စိတဆုံးလိုက်ကြည့်နေသည်။

နှုတ်ဆက်ခဲ့ပါတယ်ညီ။

ဟိဏ်းဆက်ကိုလိုက်ပို့ပြီးသည့်အခါမေမေ့ရုံးအရှေ့ကိုသွားခဲ့ပါသေးသည်။မေမေသည်ယောကျာ်းတစ်ယောက်နဲ့ပျော်ရွှင်စွာထွက်လာသည်ကိုဟိန်းသူတွေ့လိုက်ရသည်။မေမေပျော်နေသည်ကိုဟိန်းသူသည်လည်းပြုံးပြီးလိုက်ကြည့်နေမိသည်။
ဟိန်းသူသည်မေမေ့ရဲ့ကားအနောက်မှလိုက်ခဲ့မိသည်။အိမ်ကြီးတစ်အိမ်ထဲကိုကားဝင်သွားသည်ကိုတွေ့လိုက်ရသည်။

ဒါမေမေနေတဲ့အိမ်ပေါ့။မေမေ့သမီးလေးဆိုတာကကျွန်တော့်ညီမလေးပဲပေါ့။သားလည်းညီမလေးလိုမေမေ့အနားမှာနေချင်တယ်မေမေရယ်။

မေမေအိမ်ထဲသို့ဝင်သွားသည်အထိဟိန်းသူလိုက်ကြည့်နေမိသည်။မေမေ့ရင်ခွင်ထဲမှာသူနေချင်သည်။မေမေ့ရဲ့အချစ်တွေကိုသူခံစားချင်သည်။သို့ပေမဲ့ကံတရားသည်သူ့ကိုအခုလိုပျော်ရွှင်ရန်ခွင့်ပြုချက်မပေးခဲ့ပါ။

နှုတ်ဆက်ခဲ့ပါတယ်မေမေ။

"မာမီ ဒယ်ဒီ"

"သမီးလေး ၊ မာမီ့သမီးလေးကမာမီတို့ကိုစောင့်နေတာလား"

"ဟုတ်တယ်"

"ကဲပါ အထဲဝင်ကြရအောင်"

ဟိဏ်းဆက်သည်ဟိန်းသူကိုယနေ့ဖွင့်ပြောမည်ဟုစိတ်တင်းပြီးကျောင်းသို့လာသည်။သို့သော်ဟိန်းသူသည်ကျောင်းသို့ရောက်မလာသောကြောင့်ဟိဏ်းဆက်ဝမ်းနည်းပက်လက်ဖြစ်နေရသည်။

"ကိုဟိန်းကငါ့စိတ်ကိုစမ်းနေတာလား ၊ ငါကတော့မတွေ့ရရင်မနေနိုင်တော့ဘူး ၊ ဒီနေ့ဖွင့်ပြောမလို့ပါဆိုဘာလို့ကျောင်းမလာတာလဲ ၊ ဖုန်းလည်းမကိုင်ဘူး"

"ဘာ!!!"

ဟိဏ်းဆက်ဆီမှဖွင့်ပြောမည်ဆိုသောစကားကိုကြားလိုက်ရသည့်အခါပိုင်ဇေထအော်ပါတော့သည်။

"အစ်ကိုရာ လန့်လိုက်တာ ၊ ဘာဖြစ်တာလဲ"

"ငါလည်းလန့်သွားလို့ပေါ့ကွာ"

"မလန့်ပါနဲ့ ၊ ကိုဟိန်းကိုကျွန်တော်ဆွဲထားရင်ဆွဲ မဟုတ်ရင်သူများနောက်ပါတော့မှာ"

"ဘယ်သူ့နောက်လဲ"

"မြိုင်နံ့သာလေ ၊ သူကကိုဟိန်းကိုကြိုက်လို့တဲ့"

"ဘာ သူကဟိန်းသူကိုကြိုက်တယ် ၊ သူကအရမ်းရှုပ်တယ်လို့နာမည်ကြီးနေတာလေ ၊ တန်ရာတန်ရာမမှန်းဘူး"

ဒီတစ်ခါအသံထွက်လာသူသည်ကေသွယ်ဖြစ်သည်။

"ဖွင့်ပြောလိုက်တော့အဆက်"

"အေးပြောမှာ စိတ်ချ"

ဟိန်းသူကျောင်းမလာတာသုံးရက်ရှိသွားပြီဖြစ်သည်။ဟိဏ်းဆက်၏ဖွင့်ပြောမည့်အစီအစဉ်တွေသည်လည်းကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။

"ကေသွယ် ညီမရေအဆက်ဘယ်မှာလဲ"

ပိုင်ဇေသည်အသည်းအသန်ပြေးလာပြီးဟိဏ်းဆက်ကိုမေးပါသည်။

"အဆက်ကစီစီတွေခေါ်သွားလို့ပါသွားတယ်"

"ဟာ သေစမ်း ၊ အဆက်ကိုဖုန်းဆက်စမ်းပါ ၊ ဟိန်းသူကဒီည‌နေ၄နာရီလေယာဉ်နဲ့နဲ့တရုတ်ကိုသွားတော့မှာတဲ့ ၊ မြန်မြန်ဆက်"

"ရှင်!!! ဟုတ်ဟုတ်"

ကေသွယ်သည်လွယ်အိတ်ထဲမှဖုန်းကိုမြန်မြန်ထုတ်လိုက်ပြီးဟိဏ်းဆက်ဆီသို့ဖုန်းဆက်လိုက်သည်။

"အေး ကေသွယ်ပြော"

"အဆက် နင်ဘယ်မှာလဲ"

"ငါလား ၊ ငါ မြေနီကုန်းမှာ ဘာလို့လဲ ၊ ဘာမှာမလို့လဲ"

"ဘာမှမမှာဘူ ၊ ကိုဟိန်းကညနေ၄နာရီလေယာဉ်နဲ့တရုတ်ကိုသွားတော့မှာတဲ့"

"ဘာ!!!"

ဟိဏ်းဆက်နာရီကိုကြည့်လိုက်သည်။

"သုံးနာရီတောင်ထိုးတော့မှာပဲ"

ဟိဏ်းဆက်သည်လက်ထဲကအထုပ်တွေကိုစီနီယာတွေဆီကိုထိုးထည့်ပေးလိုက်သည်။

"အစ်ကိုတို့ ကျွန်တော်ကိစ္စရှိလို့သွားနှင့်တော့မယ်နော်"

ဟိဏ်းဆက်သည်ဆိုင်ထဲမှအပြေးထွက်လာပြီးတက္ကစီကိုတားလိုက်သည်။ရှိသမျှပွိုင့်အကုန်မိသည်။လေဆိပ်နားရောက်မှကားတွေကပိတ်ပြန်သည်။အချိန်သည်လည်းတဖြည်းဖြည်းကုန်လာသည်။

"ဦးလေး ဒီမှာပိုက်ဆံ"

တက္ကစီသမားကိုပိုက်ဆံပေးပြီးကားပေါ်မှအမြန်ဆင်းကာလေဆိပ်သို့ပြေးကာသွားသည်။

မဟုတ်ဘူးအစ်ကို။ကျွန်တော့်ကိုထားမသွားပါနဲ့။မသွားပါနဲ့အစ်ကို။ဟိုတစ်နေ့ကနောက်ဆုံးအနေနဲ့ကျွန်တော်နဲ့လျှောက်လည်ခဲ့တာလား။မဟုတ်ဘူး။မသွားပါနဲ့။အစ်ကိုဟိန်းကိုကျွန်တော်ချစ်တယ်။ဒီစကားကိုပြောချင်သေးတယ်။ကိုဟိန်းပြန်မချစ်ရင်နေပါ။ကျွန်တော်ကိုဟိန်းကိုချစ်တယ်ဆိုတာသိစေချင်တယ်။

ဟိဏ်းဆက်သည်လေဆိပ်ထဲသို့အသည်းအသန်ပြေးဝင်လာသည်။နာရီကြည့်လိုက်သည့်အခါသုံးနာရီခွဲကျော်နေပြီဖြစ်သည်။

ကိုဟိန်းဘယ်မှာလဲ။

ဟိဏ်းဆက်သည်လေဆိပ်သို့တစ်ခါမှမလာဖူးသည့်အတွက်လေဆိပ်ထဲတွင်လည်နေသည်။

"ကိုဟိန်း!!!"

ဟိဏ်းဆက်သည်မရှက်နိုင်တော့ပါ။ဟိန်းသူကိုသာအော်ခေါ်နေမိသည်။

"ကိုဟိန်း!!!"

ဟိန်းသူသည်ဟိဏ်းဆက်၏‌‌အော်ခေါ်နေသံကိုကြားပါသည်။ဟိန်းသူသည်ဟိဏ်းဆက်ကိုတွေ့ပါသည်။သို့သော်ဟိန်းသူသည်ဟိဏ်းဆက်ကိုကျောခိုင်းလိုက်သည်။

အစ်ကိုတို့ကံမကုန်သေးရင်ပြန်ဆုံကြတာပေါ့ညီ။

ဆက်ရန်

အပိုင်းသစ်ကကြာသွားတယ်မလား။ဒိတ်လိုက်တော့လည်းတိုတိုလေးဖြစ်သွားတယ်မလား။တောင်းပန်ပါတယ်ဒါဒါလေးတို့။ဝင့်လွှာတစ်နေကုန်မအားဖြစ်နေလို့ပါ။နောက်တစ်ပိုင်းဆိုရင်အရှည်ကြီးဒိတ်ပေးမယ်နော်။ဒီတစ်ခါတော့ခွင့်လွှတ်နော်။
Saranghae💙

----------------------------------------------------------------------------------

Zawgyi

ဟိန္းသူ၏စကားေၾကာင့္ဟိဏ္းဆက္ကေလးမ်က္လုံးေလးျပဴးၿပီးဟိန္းသူကိုေမာ့၍ေငးစိုက္ၾကည့္ေနမိသည္။

"ညီ ထေတာ့ လမ္းမႀကီးမွာ မေကာင္းဘူး ၊ ကားလာရင္ ေသေနမယ္"

"ဗ်ာ!!! ဟုတ္ဟုတ္"

"ကိုယ္ကားသြားယူလိုက္ဦးမယ္ ဒီကေစာင့္ေနေနာ္"

ဟိန္းသူသည္ဟိဏ္းဆက္၏ဆံပင္ေတြကိုလက္ျဖင့္ထိုးဖြကာၿပဳံးျပၿပီးထြက္သြားသည္။

"ဟုတ္"

ငါေတာ့ေသေတာ့မွာပဲ။အသက္ေတာင္ရႉဖို႔ေမ့တယ္။

ဟိန္းသူ၏ကားေလးသည္ဟိဏ္းဆက္၏အေရွ႕သို႔ေရာက္လာသည္။ဟိဏ္းဆက္သည္လည္းကားထဲသို႔ဝင္လိုက္သည္။

"ညီ!"

"ဗ်ာ!"

"ဒီေန႕အတြက္ေက်းဇူးပါ"

"မဟုတ္တာ ကြၽန္ေတာ္လည္းေပ်ာ္ရတာပဲ ၊ ကြၽန္ေတာ္ကသာကိုဟိန္းကိုေက်းဇူးတင္ရမွာ"

ဟိန္းသူသည္ၿပဳံးသည္။ဟိန္းသူၿပဳံးလိုက္သည့္အခါတိုင္းဟိဏ္းဆက္ေငးၾကည့္‌ေနမိသည္။ဟိန္းသူသည္ဟိဏ္းဆက္ကိုအိမ္အထိျပန္လိုက္ပို႔ေပးခဲ့သည္။ဟိဏ္းဆက္အိမ္သို႔လမ္းေလွ်ာက္သြားသည္ကိုဟိန္းသူမ်က္စိတဆုံးလိုက္ၾကည့္ေနသည္။

ႏႈတ္ဆက္ခဲ့ပါတယ္ညီ။

ဟိဏ္းဆက္ကိုလိုက္ပို႔ၿပီးသည့္အခါေမေမ့႐ုံးအေရွ႕ကိုသြားခဲ့ပါေသးသည္။ေမေမသည္ေယာက်ာ္းတစ္ေယာက္နဲ႕ေပ်ာ္႐ႊင္စြာထြက္လာသည္ကိုဟိန္းသူေတြ႕လိုက္ရသည္။ေမေမေပ်ာ္ေနသည္ကိုဟိန္းသူသည္လည္းၿပဳံးၿပီးလိုက္ၾကည့္ေနမိသည္။
ဟိန္းသူသည္ေမေမ့ရဲ႕ကားအေနာက္မွလိုက္ခဲ့မိသည္။အိမ္ႀကီးတစ္အိမ္ထဲကိုကားဝင္သြားသည္ကိုေတြ႕လိုက္ရသည္။

ဒါေမေမေနတဲ့အိမ္ေပါ့။ေမေမ့သမီးေလးဆိုတာကကြၽန္ေတာ့္ညီမေလးပဲေပါ့။သားလည္းညီမေလးလိုေမေမ့အနားမွာေနခ်င္တယ္ေမေမရယ္။

ေမေမအိမ္ထဲသို႔ဝင္သြားသည္အထိဟိန္းသူလိုက္ၾကည့္ေနမိသည္။ေမေမ့ရင္ခြင္ထဲမွာသူေနခ်င္သည္။ေမေမ့ရဲ႕အခ်စ္ေတြကိုသူခံစားခ်င္သည္။သို႔ေပမဲ့ကံတရားသည္သူ႕ကိုအခုလိုေပ်ာ္႐ႊင္ရန္ခြင့္ျပဳခ်က္မေပးခဲ့ပါ။

ႏႈတ္ဆက္ခဲ့ပါတယ္ေမေမ။

"မာမီ ဒယ္ဒီ"

"သမီးေလး ၊ မာမီ့သမီးေလးကမာမီတို႔ကိုေစာင့္ေနတာလား"

"ဟုတ္တယ္"

"ကဲပါ အထဲဝင္ၾကရေအာင္"

ဟိဏ္းဆက္သည္ဟိန္းသူကိုယေန႕ဖြင့္ေျပာမည္ဟုစိတ္တင္းၿပီးေက်ာင္းသို႔လာသည္။သို႔ေသာ္ဟိန္းသူသည္ေက်ာင္းသို႔ေရာက္မလာေသာေၾကာင့္ဟိဏ္းဆက္ဝမ္းနည္းပက္လက္ျဖစ္ေနရသည္။

"ကိုဟိန္းကငါ့စိတ္ကိုစမ္းေနတာလား ၊ ငါကေတာ့မေတြ႕ရရင္မေနနိုင္ေတာ့ဘူး ၊ ဒီေန႕ဖြင့္ေျပာမလို႔ပါဆိုဘာလို႔ေက်ာင္းမလာတာလဲ ၊ ဖုန္းလည္းမကိုင္ဘူး"

"ဘာ!!!"

ဟိဏ္းဆက္ဆီမွဖြင့္ေျပာမည္ဆိုေသာစကားကိုၾကားလိုက္ရသည့္အခါပိုင္ေဇထေအာ္ပါေတာ့သည္။

"အစ္ကိုရာ လန႔္လိုက္တာ ၊ ဘာျဖစ္တာလဲ"

"ငါလည္းလန႔္သြားလို႔ေပါ့ကြာ"

"မလန႔္ပါနဲ႕ ၊ ကိုဟိန္းကိုကြၽန္ေတာ္ဆြဲထားရင္ဆြဲ မဟုတ္ရင္သူမ်ားေနာက္ပါေတာ့မွာ"

"ဘယ္သူ႕ေနာက္လဲ"

"ၿမိဳင္နံ႕သာေလ ၊ သူကကိုဟိန္းကိုႀကိဳက္လို႔တဲ့"

"ဘာ သူကဟိန္းသူကိုႀကိဳက္တယ္ ၊ သူကအရမ္းရႈပ္တယ္လို႔နာမည္ႀကီးေနတာေလ ၊ တန္ရာတန္ရာမမွန္းဘူး"

ဒီတစ္ခါအသံထြက္လာသူသည္ေကသြယ္ျဖစ္သည္။

"ဖြင့္ေျပာလိုက္ေတာ့အဆက္"

"ေအးေျပာမွာ စိတ္ခ်"

ဟိန္းသူေက်ာင္းမလာတာသုံးရက္ရွိသြားၿပီျဖစ္သည္။ဟိဏ္းဆက္၏ဖြင့္ေျပာမည့္အစီအစဥ္ေတြသည္လည္းၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ကုန္သည္။

"ေကသြယ္ ညီမေရအဆက္ဘယ္မွာလဲ"

ပိုင္ေဇသည္အသည္းအသန္ေျပးလာၿပီးဟိဏ္းဆက္ကိုေမးပါသည္။

"အဆက္ကစီစီေတြေခၚသြားလို႔ပါသြားတယ္"

"ဟာ ေသစမ္း ၊ အဆက္ကိုဖုန္းဆက္စမ္းပါ ၊ ဟိန္းသူကဒီည‌ေန၄နာရီေလယာဥ္နဲ႕နဲ႕တ႐ုတ္ကိုသြားေတာ့မွာတဲ့ ၊ ျမန္ျမန္ဆက္"

"ရွင္!!! ဟုတ္ဟုတ္"

ေကသြယ္သည္လြယ္အိတ္ထဲမွဖုန္းကိုျမန္ျမန္ထုတ္လိုက္ၿပီးဟိဏ္းဆက္ဆီသို႔ဖုန္းဆက္လိုက္သည္။

"ေအး ေကသြယ္ေျပာ"

"အဆက္ နင္ဘယ္မွာလဲ"

"ငါလား ၊ ငါ ေျမနီကုန္းမွာ ဘာလို႔လဲ ၊ ဘာမွာမလို႔လဲ"

"ဘာမွမမွာဘူ ၊ ကိုဟိန္းကညေန၄နာရီေလယာဥ္နဲ႕တ႐ုတ္ကိုသြားေတာ့မွာတဲ့"

"ဘာ!!!"

ဟိဏ္းဆက္နာရီကိုၾကည့္လိုက္သည္။

"သုံးနာရီေတာင္ထိုးေတာ့မွာပဲ"

ဟိဏ္းဆက္သည္လက္ထဲကအထုပ္ေတြကိုစီနီယာေတြဆီကိုထိုးထည့္ေပးလိုက္သည္။

"အစ္ကိုတို႔ ကြၽန္ေတာ္ကိစၥရွိလို႔သြားႏွင့္ေတာ့မယ္ေနာ္"

ဟိဏ္းဆက္သည္ဆိုင္ထဲမွအေျပးထြက္လာၿပီးတကၠစီကိုတားလိုက္သည္။ရွိသမွ်ပြိုင့္အကုန္မိသည္။ေလဆိပ္နားေရာက္မွကားေတြကပိတ္ျပန္သည္။အခ်ိန္သည္လည္းတျဖည္းျဖည္းကုန္လာသည္။

"ဦးေလး ဒီမွာပိုက္ဆံ"

တကၠစီသမားကိုပိုက္ဆံေပးၿပီးကားေပၚမွအျမန္ဆင္းကာေလဆိပ္သို႔ေျပးကာသြားသည္။

မဟုတ္ဘူးအစ္ကို။ကြၽန္ေတာ့္ကိုထားမသြားပါနဲ႕။မသြားပါနဲ႕အစ္ကို။ဟိုတစ္ေန႕ကေနာက္ဆုံးအေနနဲ႕ကြၽန္ေတာ္နဲ႕ေလွ်ာက္လည္ခဲ့တာလား။မဟုတ္ဘူး။မသြားပါနဲ႕။အစ္ကိုဟိန္းကိုကြၽန္ေတာ္ခ်စ္တယ္။ဒီစကားကိုေျပာခ်င္ေသးတယ္။ကိုဟိန္းျပန္မခ်စ္ရင္ေနပါ။ကြၽန္ေတာ္ကိုဟိန္းကိုခ်စ္တယ္ဆိုတာသိေစခ်င္တယ္။

ဟိဏ္းဆက္သည္ေလဆိပ္ထဲသို႔အသည္းအသန္ေျပးဝင္လာသည္။နာရီၾကည့္လိုက္သည့္အခါသုံးနာရီခြဲေက်ာ္ေနၿပီျဖစ္သည္။

ကိုဟိန္းဘယ္မွာလဲ။

ဟိဏ္းဆက္သည္ေလဆိပ္သို႔တစ္ခါမွမလာဖူးသည့္အတြက္ေလဆိပ္ထဲတြင္လည္ေနသည္။

"ကိုဟိန္း!!!"

ဟိဏ္းဆက္သည္မရွက္နိုင္ေတာ့ပါ။ဟိန္းသူကိုသာေအာ္ေခၚေနမိသည္။

"ကိုဟိန္း!!!"

ဟိန္းသူသည္ဟိဏ္းဆက္၏‌‌ေအာ္ေခၚေနသံကိုၾကားပါသည္။ဟိန္းသူသည္ဟိဏ္းဆက္ကိုေတြ႕ပါသည္။သို႔ေသာ္ဟိန္းသူသည္ဟိဏ္းဆက္ကိုေက်ာခိုင္းလိုက္သည္။

အစ္ကိုတို႔ကံမကုန္ေသးရင္ျပန္ဆုံၾကတာေပါ့ညီ။

ဆက္ရန္

အပိုင္းသစ္ကၾကာသြားတယ္မလား။ဒိတ္လိုက္ေတာ့လည္းတိုတိုေလးျဖစ္သြားတယ္မလား။ေတာင္းပန္ပါတယ္ဒါဒါေလးတို႔။ဝင့္လႊာတစ္ေနကုန္မအားျဖစ္ေနလို႔ပါ။ေနာက္တစ္ပိုင္းဆိုရင္အရွည္ႀကီးဒိတ္ေပးမယ္ေနာ္။ဒီတစ္ခါေတာ့ခြင့္လႊတ္ေနာ္။Saranghae💙

Continue Reading

You'll Also Like

2.1K 52 4
ဒီFic လေးက Broken-Familyမှာမွေးဖွားကြီးပြင်းခဲ့တဲ့ကောင်လေးနဲ့ လူကုံထံအသိုင်းဝန်းကြီးထဲက ကောင်လေးတို့ရဲ့ ဇာတ်လမ်းလေးပါ။ကိုယ့်ထုံးစံအတိုင်းချိုချိုရိုရ...
829K 62.7K 49
စဝ်နောင့်ခွန်း :: ကောင်လေး~~~ ဒီချယ်ရီပန်းခက်လေးနဲ့အတူ ကိုယ့်အချစ်တွေပါ မင်းအတွက်ထည့်ပေးလိုက်တယ် ခွန်းစေကိုး :: ဘဲကြီး ~~~ ခင်ဗျားက ချယ်ရီပန်းခက်နဲ...
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.7M 176K 42
My second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)