Unicode
"ဟိန်းလေး! ဟိန်းလေး! မမရေ ဟိန်းလေးပြန်လာပြီ"
ဟိန်းသူအိမ်ထဲသို့ဝင်လာသည်ကိုဒေါ်မေဦးမြင်လိုက်ရသည့်အခါစိုးရိမ်နေသည့်စိတ်တွေအကုန်ပပျောက်ကုန်ရသည်။မနေ့ကလည်းတစ်ညလုံးအိမ်သို့ပြန်မလာသည့်ဟိန်းသူကိုဒေါ်မေဦးစိုးရိမ်နေခဲ့ရသည်။ယခုဟိန်းလေးကိုမြင်လိုက်ရသည့်မခါသူမစိုးရိမ်နေရသည့်စိတ်တွေအကုန်ပပျောက်ကုန်သည်။
"ထိခိုက်မိလာတာတွေဘာမှမရှိဘူးမလား"
"ကျွန်တော်နားချင်ပြီ"
ဟိန်းသူသည်ဒေါ်မေဦးသူ၏လက်ကိုဆုပ်ကိုင်ထားသည်ကိုလွှတ်ချလိုက်ပြီးအပေါ်ထပ်သို့တက်သွားခဲ့သည်။
"ဟိန်းလေး!"
"လွှတ်ထားလိုက်ပါမေဦး ၊ သူအမှန်တရားကိုလက်ခံလိုက်တဲ့တစ်နေ့ကျရင်သူအဆင်ပြေသွားလိမ့်မယ်"
"ဟိန်းလေးမျက်နှာလေးချောင်ကျသွားတယ် ၊ မနေ့ညကပြန်မလာတာဘယ်မှာသွားနေတာလဲမသိဘူးမမရယ်"
မနက်ခင်း၏နေရောင်ခြည်သည် ဟိန်းသူ၏မျက်နှာပေါ်သို့ကျရောက်လာသည်။ဟိန်းသူမျက်မှောင်ကြုံ့ကာလက်ဖြင့်မျက်နှာကိုကာလိုက်သည်။ညကငိုထားသည့်အရှိန်ကြောင့်ခေါင်းကိုက်နေသည်။ဟိန်းသူထထိုင်လိုက်ပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟူး"
ဟိန်းသူသည်ရေချိုးခန်းထဲသို့ဝင်ပြီးဖွင့်ထားသောရေပန်းအောက်တွင်ဝင်ရပ်လိုက်သည်။
မေမေပျော်နေတယ်။မေမေကသူချစ်တဲ့သူတွေနဲ့ပျော်နေပြီ။ကျွန်တော်လည်းကျွန်တော်ချစ်တဲ့သူတွေနဲ့ပျော်လို့ရတယ်မလားမေမေ။မေမေပျော်နေသလိုသားလည်းပျော်ပျော်နေမယ်မေမေ။
သိန်းသူသည်ရေချိုးခန်းထဲမှထွက်လာပြီးဗီရိုကိုဖွင့်လိုက်သည်။အနက်ရောင်ရှပ်အင်္ကျီတွေချိတ်ထားသည်ကိုဖယ်ပြီး
ခေါက်ထားသောရှပ်အပြာရောင်နုနုလေးကိုဆွဲထုတ်လိုက်သည်။ဆံပင်ကိုအပြောင်မသိမ်းတော့ဘဲအကုန်ရှေ့ချထားသည့်ဆံပင်ခပ်အုပ်အုပ်ကလေးနဲ့ဟိန်းသူသည်ပို၍ကြည့်ကောင်းနေသည်။ဟိန်းသူသည်ဒေါ်ကြီးမနက်စားရန်လာမခေါ်ခင်အရင်ဆင်းလာသည်။ဟိန်းသူသည်အောက်ထပ်သို့ဆင်းလာပြီးထမင်းစားခန်းထဲသို့ဝင်လာသည်။ဒေါ်မေဦးသည်ဟိန်းသူကိုမြင်လိုက်ရသည့်အခါအထိတ်တလန့်နဲ့ထိုင်နေရာမှထလိုက်သည်။
"ဟိန်းလေး!"
"ဘာလို့လန့်သွားတာလဲ ၊ ကျွန်တော့်ကိုမနက်စာမကျွေးချင်လို့လား"
ဟိန်းသူ၏အသံသည်အရင်ကလိုအေးတိအေးစက်ဖြစ်မနေ
တော့ဘဲပြောင်းလဲနေသည်ကိုဒေါ်မေဦးခံစားမိလိုက်သည်။
"မဟုတ် မဟုတ်ပါဘူး ၊ ထိုင် ထိုင်လေ"
သူမနဲ့အတူတစ်ခါမှမနက်စာအတူစားရန်ဆင်းမလာဖူးသည့်ဟိန်းသူကိုမြင်လိုက်ရသည့်အခါဒေါ်မေဦးစကားတွေပင်ထစ်ကုန်သည်။
"ဒေါ်ကြီးရေ ဟိန်းလေးအတွက်ကော်ဖီခွက်ယူခဲ့ပေးပါဦ"
မီးဖိုချောင်ထဲရှိဒေါ်ကြီးကိုဒေါ်မေဦးလှမ်းပြောလိုက်သည်။ဒေါ်ကြီးသည်လည်းပြုံးပျော်စွာကော်ဖီခွက်ကိုလာချပေးသည်။မနက်စာမစားဘဲဟိန်းသူစားနေတာသည်ကိုထိုင်ကြည့်နေသည့်ဒေါ်မေဦးကြောင့်ဟိန်းသူနေရခက်လာသည်။
"ဘာလို့အဲ့လောက်ကြည့်နေတာလဲ"
"ဟင်! မဟုတ်ပါဘူး။"
ဒေါ်မေဦးသည်ခေါင်းငုံ့သွားပြီးကော်ဖီသောက်နေလိုက်သည်။
"ဒေါ်လေး!"
"............"
"ဒေါ်လေး!"
"............"
ဟိန်းသူခေါ်နေပါသော်လည်းပြန်မဖြေသည့်ဒေါ်မေဦးကြောင့်ဟိန်းသူစိတ်တိုလာသည်။
"ဒေါ်လေးမေဦး!"
"ဟင်! ခေါ်တာလား။"
"ဒေါ်လေးကိုမခေါ်လို့ကျွန်တော်ကဘယ်သူ့ကိုခေါ်ရဦးမှာလဲဗျ ၊ ဒီနားမှာဘယ်သူရှိပေးလို့လဲ"
"အဲ့လိုမခေါ်ဘူးလို့ခေါ်နေမှန်းမသိလိုက်လို့ပါ"
"ကျွန်တော်ပြောစရာရှိတယ်"
"အင်း ပြောလေ"
"ဒေါ်လေးကိုအထင်လွဲခဲ့မိတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ် ၊ ဖေဖေ့ကိုအတတ်နိုင်ဆုံးကယ်တင်စောင့်ရှောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်"
"ရပါတယ် မလိုပါဘူးဟိန်းလေး ၊ တို့အတွက်အဲ့တာတွေမလိုပါဘူး ၊ တို့လိုမိဘမဲ့ကိုမိသားစုဝင်အဖြစ်သတ်မှတ်ပေးသွား
တဲ့မင်းဖေဖေကိုသာကျေးဇူးတင်ရမှာပါ"
"ပြီးတော့ ကျွန်တော်ဒေါ်လေးလို့ပဲခေါ်ပါရစေ ၊ အမေအဖြစ်နဲ့တော့ကျွန်တော့်အတွက်အဆင်သင့်မဖြစ်သေးလို့ပါ"
"အင်းပါ ရပါတယ် ၊ ဟိန်းလေးအဆင်ပြေသလိုပဲခေါ်ပါ ၊ တို့ကတော့မင်းကိုဟိန်းလေးလို့ပဲခေါ်လို့ရတယ်မလား"
"ရပါတယ် ခေါ်ပါ"
"ကျေးဇူးပါကွယ်"
"ရပါတယ် ၊ ဒေါ်လေးကိုကျွန်တော်အကူအညီတောင်းစရာတစ်ခုရှိတယ်"
မနေ့ညကရှိုက်ကြီးတငင်ငိုနေသည့်ဟိန်းသူကြောင့်ဟိဏ်းဆက်စိတ်ပူနေမိသည်။ဟိန်းသူယနေ့ကျောင်းတက်မည်ဟုပိုင်ဇေ့ဆီမှသတင်းရထားသည်ကြောင့်ဟိဏ်းဆက်အငြိမ်မနေနိုင်ဖြစ်နေသည်။
"ဟဲ့ အဆက် ငြိမ်ငြိမ်နေစမ်းပါဟာ ၊ ငါမျက်စိနောက်လာပြီ"
လှုပ်လှုပ်ယွယွဖြစ်နေသည့်ဟိဏ်းဆက်ကြောင့်ကေသွယ်ကပင်ပြောရသည်အထိဖြစ်နေသည်။
"နင်လည်းကြိုက်တဲ့သူရှိကြည့်ပါလား ၊ ငါ့လိုပဲဖြစ်နေမှာ"
"အေးပါဟယ် ၊ မပြောတော့ဘူး ၊ မောတယ်။"
ဟိဏ်းဆက်သည်အဆောင်ရှေ့တွင်ဟိုလျှောက်လိုက်၊ဒီလျှောက်လိုက်ဖြစ်နေသည်။ထိုသို့ဖြစ်နေသည့်ဟိဏ်းဆက်သည်ရုတ်တရက်ကြက်သေသေသွားပြီးငေးစိုက်ကြည့်နေသည်။
"အမ်! အဲ့တာကိုဟိန်းလား"
ပိုင်ဇေနှင့်အတူတူတွဲလျှောက်လာသည့်လူကဟိန်းသူဆိုတာကိုဟိဏ်းဆက်မယုံနိုင်ဖြစ်နေသည်။ပိုင်ဇေနှင့်အတူတူဟိန်းသူရယ်ရယ်မောမောဖြင့်လမ်းလျှောက်လာကြသည်။
"အိုးမိုင်ဂေါ့!!! ငါ့ရဲ့semeကြီးကစတိုင်လ်ပြောင်းသွားပြီ ၊ ဟဲ့ အဆက် အဆက်!!!"
ဟိဏ်းဆက်သည်ရုတ်တရက်ကေသွယ်၏လက်ကိုဆွဲယူပြီးဆွဲဆိတ်လိုက်သည်။
"အာ့! သေနာလေးရဲ့နာတယ်ဟ။"
"ဪ ဒါဆိုအိမ်မက်မဟုတ်ဘူးပဲ"
"မသာလေးရယ်အိမ်မက်လားသိချင်ရင်နင့်အသားနင်လုပ်ပါလား"
ရင်တွေခုန်နေပြီ။ရင်တွေခုန်နေပြီ။မရတော့ဘူး။မရတော့ဘူး။ငါသေတော့မယ်။ငါသေတော့မယ်။
မနေ့ညကကိစ္စအဆင်မပြေသေးလျှင်ယနေ့ထပ်၍နှစ်သိမ့်မည်ဟုစိတ်ကူးထားသည့်ဟိဏ်းဆက်၏အကြံအစည်များသည်ကြက်ပျောက်ငှက်ပျောက်ပျောက်ဆုံးကုန်ရသည်။ဟိန်းသူ၏ရယ်မောနေသည့်ပုံစံကိုမြင်တွေ့လိုက်ရသည့်ဟိဏ်းဆက်သည်အသက်ရှူရခက်သည်အထိဖြစ်လာသည်။
"ညီ!"
ဟိန်းသူသည်ဟိဏ်းဆက်ကိုမြင်၍လှမ်းခေါ်လိုက်ပါသော်လည်းဟိဏ်းဆက်သည်သူ၏ရင်ဘတ်ကလေးကိုလက်ကလေးနှစ်ဖက်ဖြင့်ဖိပြီးအဆောင်ထဲသို့ပြေးဝင်သွားသည်။
"ညီမ ညီကဘာဖြစ်သွားတာလဲ။"
"အဆက်ကအဲ့လိုပဲတစ်ချက်တစ်ချက်ထထဖောက်တယ် ၊ သေတော့မသေသေးပါဘူးအစ်ကို"
"ဟင်!"
ဟိန်းသူသည်ကေသွယ်၏စကားကိုနားမလည်ဖြစ်သွားရသည်။ပိုင်ဇေ့ကိုလှည့်ကြည့်လိုက်ပါသော်လည်းပိုင်ဇေသည်ပြုံးစိစိဖြင့်ဟိဏ်းဆက်၏အနောက်သို့လိုက်သွားရန်အချက်ပြသည်။ဟိန်းသူသည်အဆောင်ထဲသို့ပြေးဝင်လာပြီးဟိဏ်းဆက်၏အနောက်သို့လိုက်ပါတော့သည်။
"အား ဘာလို့အဲ့လောက်တောင်ရင်ခုန်နေရတာလဲ ၊ ငါသေတော့မှာတော့ပဲ ၊ အစ်ကိုရယ်နေတာတကယ်အရမ်းကြည့်လို့ကောင်းတာပဲ ၊ ကြည့်ရတာအစ်ကိုအဆင်ပြေသွားပြီထင်ပါတယ် ၊ ဒါပေမဲ့ ငါအဆင်မပြေဘူး ၊ ရင်ခုန်လွန်းလို့နှလုံးကြီးအပြင်ထွက်ကျလာမှာတောင်စိုးရိမ်ရတယ်"
ဟိဏ်းဆက်သည်မည်သူမှမရှိသည့်သန့်စင်ခန်းထဲသို့ဝင်လာပြီးတစ်ယောက်တည်းအော်ဟစ်နေလေသည်။
"ငါဘယ်လိုလုပ်ရမလဲ ၊ ဒီပုံစံအတိုင်းဆိုငါတော့နှလုံးရောဂါရပြီးသေတော့မှာပဲ ၊ ဟူး စိတ်လျော့အဆက် စိတ်လျော့မင်းလုပ်နိုင်တယ်"
သူ့ကိုယ်သူမှန်ထဲတွင်ကြည့်ပြီးပြောနေပြီးမျက်စိလေးတစ်ဖက်ကမှိတ်လိုက်ပါသေးသည်။စိတ်ကိုလျှော့ချလိုက်ပြီးသန့်စင်ခန်းထဲမှပြန်ထွက်လာသည့်အချိန်တွင်လူတစ်ယောက်နဲ့တိုက်မိလေသည်။ဟိဏ်းဆက်ခေါင်းလေးနာသွား၍မော့ကြည့်လိုက်သည့်အခါဟိန်းသူဖြစ်နေသည်။
"လူတစ်ယောက်လုံးတောင် မမြင် မြင် ........"
ဟိန်းသူကိုဒုတိယအကြိမ်အနီးကပ်မြင်လိုက်ရသည့်အခါဟိဏ်းဆက်၏နှလုံးခုန်နှုန်းတွေမြန်ဆန်လာပြန်လေသည်။ဟိဏ်းဆက်ရန်တွေ့မည့်စကားလုံးတွေလေနှင့်အတူလွင့်ပါသွားလေတော့သည်။
"ညီ ခုဏကဘာဖြစ်သွားတာလဲ"
"ရင်ခုန် မဟုတ်ပါဘူး ၊ ဘာမှမဖြစ်ဘူး ၊ ကျွန်တော်သွားတော့မယ်"
ဟိန်းသူသည်ဟိဏ်းဆက်ကိုအနီးကပ်မြင်နေရသည့်အတွက်ဟိဏ်းဆက်၏မျက်နှာလေးနီရဲနေသည်ကိုသတိထားမိလိုက်သည်။
"ဟာ သေတော့မှာပဲ ၊ ဘာလို့အနီးကပ်ကြီးလဲ ၊ အစ်ကိုကကြည့်လို့ကောင်းလိုက်တာ"
ဟိန်းသူကိုအနီးကပ်မြင်ခဲ့ရသည့်မြင်ကွင်းကလေးကိုပြန်လည်တွေးတောနေရင်းလမ်းလျှောက်လာခဲ့သည်။အတွေးကလေးများဖြင့်ပျော်မွေ့နေသည့်ဟိဏ်းဆက်သည်တစ်စုံတစ်ယောက်၏ဆွဲခေါ်သွားခြင်းကိုခံလိုက်ရသည်။
"အမေ့!"
"ဟိဏ်းဆက်!"
"နင် ..... မြိုင်နံ့သာ!"
"ဟဲ့ နင် အစ်ကိုဟိန်းသူနဲ့ဝေးဝေးနေ"
"ဘာလို့လဲ"
"ငါအစ်ကိုဟိန်းသူကိုကြိုက်လို့နင်ဝေးဝေးနေ"
"နင်သဘောကျနေတာနဲ့ငါကဘာလို့ဝေးဝေးနေရမှာလဲ ၊ ဘာဆိုင်လို့လဲနင်နဲ့အစ်ကိုနဲ့က"
"ဘာ!!! နင် ၊ အခုတော့မဆိုင်သေးပေမဲ့တစ်ချိန်ကျရင်ဆိုင်လာမှာမို့လို့နင့်ကိုကြိုတင်သတိပေးထားတာ"
"ငါ့မှာနင်နဲ့ပြိုင်ပြောနေစရာအကြောင်းဘာမှမရှိဘူး ၊ လက်ကိုအတင်းဆွဲတာပဲ နာလိုက်တာ"
ဟိဏ်းဆက်သည်သူ့လက်ကောက်ဝတ်ကလေးကိုပွတ်သပ်ပြီးမြိုင်နံ့သာဘေးမှထွက်လာခဲ့လိုက်သည်။
နင်ပဲနောက်ဆုတ်ရမှာဟိဏ်းဆက်။ယောကျာ်းလေးနှစ်ယောက်ကဘယ်လိုမှမဖြစ်နိုင်ဘူး။ပြီးတော့ အစ်ကိုဟိန်းသူကလည်းနင့်ကိုစိတ်ဝင်စားစရာအကြောင်းလည်းမရှိဘူး။
"ဟဲ့ အဆက် နင်ဘယ်ရောက်နေတာလဲ ၊ နင့်ကိုအစ်ကိုဟိန်းသူလိုက်ရှာနေတယ်"
"ဟင်! ဟုတ်လား ၊ အစောကတည်းကမပြောဘူးလဒမ"
ကေသွယ်ခံစားရခက်သွားသည်။လာပြောပြပေးသည့်သူကိုကျေးဇူးမတင်ဘဲအဆဲပါခံလိုက်ရသည်။
"ကျေးဇူးကန်းတဲ့ဟာလေး"
ဟိဏ်းဆက်သည်ဟိန်းသူ၏စာသင်ခန်းအရှေ့သို့ရောက်လာသည်။စာသင်ခန်းထဲတွင်ဆရာမဝင်ပြီးစာသင်နေသည်ကိုတွေ့လိုက်ရသည့်အခါဟိဏ်းဆက်ပြန်လှည့်လာရသည်။
"ညီ!"
ဟိန်းသူ၏အသံကိုကြားလိုက်ရသည့်အခါလိုက်ရှာမိသည်။နံရံထောင့်မှလက်ယက်ခေါ်နေသည့်ဟိန်းသူကိုဟိဏ်းဆက်တွေ့လိုက်ရသည်။
"အစ်ကို အတန်းမတက်ဘူးလား"
"မတက်ဘူး ၊ ဒီနေ့ညီနဲ့အပြင်လျှောက်သွားမလို့"
"ဗျာ! ကျွန်တော်နဲ့အပြင်သွားမလို့!"
အစ်ကိုဘာဖြစ်နေမှန်းကျွန်တော်မသိပေမဲ့ အစ်ကို့ရဲ့အပြုအမူတွေကကျွန်တော့ကိုသတ်နေသလိုပဲအစ်ကို။
"ညီ ညီ!!!"
"ဗျ ဗျာ!!"
"ဘာတွေကြောင်ကြည့်နေတာလဲ ၊ ကိုယ်နဲ့မသွားချင်လို့လား"
ဟိဏ်းဆက်သည်ဘာမှပြန်မပြောဘဲဟိန်းသူကိုသာမော့ပြီးငေးမောကြည့်နေသည်။
"ညီ!"
"ဟင်!"
"ညီဘာဖြစ်နေတာလဲ"
ထူးဆန်းတယ်။အရမ်းထူးဆန်းနေတယ်။မနေ့ညကဝမ်းနည်းတကြီးငိုနေတဲ့အစ်ကိုကဒီနေ့မနက်တစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့ကျောင်းကိုရောက်လာတယ်။အစ်ကိုခေါင်းများထိသွားတာလား။
ဟိဏ်းဆက်သည်မမှီမကမ်းနဲ့ခြေဖျားလေးထောက်ပြီးဟိန်းသူ၏ခေါင်းကိုကိုင်ကြည့်ပြန်သည်။
"ညီ ဘာလုပ်တာလဲ"
"အစ်ကိုခေါင်းတွေဘာတွေကိုက်လား"
"မကိုက်ပါဘူး"
"အန်ချင်တာတွေဘာတွေရောဖြစ်လား"
"မဖြစ်ပါဘူး"
"ခေါင်းတွေဘာတွေရောဆောင့်မိသေးလား"
"ညီ ဘာတွေမေးနေတာလဲ ၊ သွားမှာလား မသွားဘူးလားပဲဖြေကွာ"
"သွားမယ် သွားမယ် အခုလား"
"အင်း အခု"
ဟိန်းသူသည်ဟိဏ်းဆက်၏လက်ကလေးကိုဆွဲပြီးအဆောင်အပြင်ဘက်သို့ခေါ်လာသည်။ပြုံးပျော်နေသည့်ဟိန်းသူကိုဟိဏ်းဆက်မျက်တောင်မခတ်ငေးကြည့်နေမိသည်။ဟိန်းသူသည်ဟိဏ်းဆက်အတွက်ကားတံခါးဖွင့်ပေးသည်။ဟိဏ်းဆက်သည်လည်းကားထဲသို့ဝင်ထိုင်လိုက်သည်။ဟိန်းသူသည်မောင်းသူနေရာတွင်ဝင်ထိုင်လိုက်ပြီးအနောက်ဘက်မှLolipopခြင်းလေးကိုလှမ်းယူလိုက်သည်။
"ဟိုတစ်နေ့ကတည်းကပေးမလို့ကိုကိစ္စတွေအများကြီးဖြစ်ပျက်သွားလို့မပေးဖြစ်လိုက်ဘူး"
"အူးဝါး အများကြီးပဲအစ်ကို ၊ ကျေးဇူးတင်ပါတယ်"
ဟိဏ်းဆက်သည်ခြင်းထဲမှLolipopတစ်ချောင်းကိုထုတ်ယူလိုက်ပြီးချက်ချင်းပါးစပ်ထဲသို့ထည့်လိုက်သည်။ဟိဏ်းဆက်ကိုဟိန်းသူသည်ပြုံးပြီးကြည့်နေသည်။
"အစ်ကို အဲ့ထဲဝင်မလို့လား"
"အင်းလေ ဘာလို့လဲ"
"မဖြစ်ဘူးထင်တယ်နော်"
သရဲအိမ်ထဲဝင်မည်တကဲကဲလုပ်နေသည့်ဟိန်းသူ၏လက်ကိုဟိဏ်းဆက်သည်အသေပြန်ဆွဲထားသည်။
"လာပါ မကြောက်ပါနဲ့ ၊ ကိုယ်လည်းရှိတာပဲဟာ"
"မဖြစ် ......"
ဟိဏ်းဆက်၏စကားအဆုံးထိမရောက်လိုက်နိုင်ပါ။သိန်းသူသည်ဟိဏ်းဆက်၏လက်ကိုအားနဲ့ဆွဲခေါ်သွားသဖြင့်အလိုအလျောက်ပါသွားပါတော့သည်။
"အား!!! သရဲ"
သရဲအိမ်ထဲတွင်ဟိဏ်းဆက်အော်လိုက်ပတ်ပြေးလိုက်ဖြင့်အလုပ်ရှုပ်နေသည်။
"အား!!!"
ဟိန်းသူသည်ကြောက်ရမည့်အစားပတ်ပြေးနေသည့်သိဏ်းဆက်ကိုကြည့်ပြီးထိုင်ရယ်နေသည်။
"မရယ်ပါနဲ့ ၊ ကြောက်ပါတယ်လို့ မဖြစ်ပါဘူးလို့ကျွန်တော်ပြော အား!!!"
သရဲအိမ်ထဲတွင်ဟိဏ်းဆက်သည်အရှင်ကွဲခဲ့ရပါတော့သည်။
"ပြောသားပဲ မရပါဘူးလို့ ၊ ညဘက်အိပ်လို့တောင်ရတော့မှာမဟုတ်ဘူး"
"ညီ အဲ့လောက်တောင်ကြောက်တာလား"
"ကြောက်တယ်ဗျာ့ ၊ ခင်ဗျားကြီးကမကြောက်တတ်ပေမဲ့ကျွန်တော်ကြောက်တယ်ဗျာ့"
ဟိဏ်းဆက်သည်လက်ထဲတွင်Lolipopကိုကိုင်ထားလျက်လမ်းလယ်ခေါင်တွင်ထိုင်ချလိုက်ပြီးအပီအပြင်ငိုတော့သည်။
"ညီ လမ်းလယ်ခေါင်ကြီးမှာမငိုနဲ့လေ ၊ အကုန်ကြည့်သွားကုန်ကြပြီ"
"မသိဘူး ငိုမှာပဲ ၊ ခင်ဗျားကြီးနှိပ်စက်တာလေ"
"ညီရာ ပြောရခက်လိုက်တာ ၊ မငိုနဲ့တော့နော် ၊ ကိုယ်ပဲတောင်းပန်ပါတယ် ၊ မငိုနဲ့တော့နော် ၊ လမ်းမကြီးမှာမရှက်ဘူးလား"
"ဟင့် ခင်ဗျားကြီးကရှက်လို့လား"
"ကိုယ်ကမရှက်ပါဘူး ၊ ညီ့ကိုလူတွေကြည့်သွားတာကိုယ်မကြိုက်လို့"
ဟိဏ်းဆက်သည်အသက်ရှူရပ်သွားပြီဟုထင်ရလောက်အောင်ငြိမ်သက်သွားသည်။မျက်လုံးလေးပြူးပြီးဟိန်းသူကိုမော့ကြည့်နေမိပါတော့သည်။
ဆက်ရန်
အခုအပိုင်းကစပြီးပျော်စရာလေးတွေပဲလာတော့မှာနော်။
အားပေးကြဦးနော်။ဒါဒါလေးတွေအားလုံးsaranghae🧡
----------------------------------------------------------------------------------
Zawgyi
"ဟိန္းေလး! ဟိန္းေလး! မမေရ ဟိန္းေလးျပန္လာၿပီ"
ဟိန္းသူအိမ္ထဲသို႔ဝင္လာသည္ကိုေဒၚေမဦးျမင္လိုက္ရသည့္အခါစိုးရိမ္ေနသည့္စိတ္ေတြအကုန္ပေပ်ာက္ကုန္ရသည္။မေန႕ကလည္းတစ္ညလုံးအိမ္သို႔ျပန္မလာသည့္ဟိန္းသူကိုေဒၚေမဦးစိုးရိမ္ေနခဲ့ရသည္။ယခုဟိန္းေလးကိုျမင္လိုက္ရသည့္မခါသူမစိုးရိမ္ေနရသည့္စိတ္ေတြအကုန္ပေပ်ာက္ကုန္သည္။
"ထိခိုက္မိလာတာေတြဘာမွမရွိဘူးမလား"
"ကြၽန္ေတာ္နားခ်င္ၿပီ"
ဟိန္းသူသည္ေဒၚေမဦးသူ၏လက္ကိုဆုပ္ကိုင္ထားသည္ကိုလႊတ္ခ်လိဳက္ၿပီးအေပၚထပ္သို႔တက္သြားခဲ့သည္။
"ဟိန္းေလး!"
"လႊတ္ထားလိုက္ပါေမဦး ၊ သူအမွန္တရားကိုလက္ခံလိုက္တဲ့တစ္ေန႕က်ရင္သူအဆင္ေျပသြားလိမ့္မယ္"
"ဟိန္းေလးမ်က္ႏွာေလးေခ်ာင္က်သြားတယ္ ၊ မေန႕ညကျပန္မလာတာဘယ္မွာသြားေနတာလဲမသိဘူးမမရယ္"
မနက္ခင္း၏ေနေရာင္ျခည္သည္ ဟိန္းသူ၏မ်က္ႏွာေပၚသို႔က်ေရာက္လာသည္။ဟိန္းသူမ်က္ေမွာင္ႀကဳံ႕ကာလက္ျဖင့္မ်က္ႏွာကိုကာလိုက္သည္။ညကငိုထားသည့္အရွိန္ေၾကာင့္ေခါင္းကိုက္ေနသည္။ဟိန္းသူထထိုင္လိုက္ၿပီးသက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။
"ဟူး"
ဟိန္းသူသည္ေရခ်ိဳးခန္းထဲသို႔ဝင္ၿပီးဖြင့္ထားေသာေရပန္းေအာက္တြင္ဝင္ရပ္လိုက္သည္။
ေမေမေပ်ာ္ေနတယ္။ေမေမကသူခ်စ္တဲ့သူေတြနဲ႕ေပ်ာ္ေနၿပီ။ကြၽန္ေတာ္လည္းကြၽန္ေတာ္ခ်စ္တဲ့သူေတြနဲ႕ေပ်ာ္လို႔ရတယ္မလားေမေမ။ေမေမေပ်ာ္ေနသလိုသားလည္းေပ်ာ္ေပ်ာ္ေနမယ္ေမေမ။
သိန္းသူသည္ေရခ်ိဳးခန္းထဲမွထြက္လာၿပီးဗီရိုကိုဖြင့္လိုက္သည္။အနက္ေရာင္ရွပ္အကၤ်ီေတြခ်ိတ္ထားသည္ကိုဖယ္ၿပီး
ေခါက္ထားေသာရွပ္အျပာေရာင္ႏုႏုေလးကိုဆြဲထုတ္လိုက္သည္။ဆံပင္ကိုအေျပာင္မသိမ္းေတာ့ဘဲအကုန္ေရွ႕ခ်ထားသည့္ဆံပင္ခပ္အုပ္အုပ္ကေလးနဲ႕ဟိန္းသူသည္ပို၍ၾကည့္ေကာင္းေနသည္။ဟိန္းသူသည္ေဒၚႀကီးမနက္စားရန္လာမေခၚခင္အရင္ဆင္းလာသည္။ဟိန္းသူသည္ေအာက္ထပ္သို႔ဆင္းလာၿပီးထမင္းစားခန္းထဲသို႔ဝင္လာသည္။ေဒၚေမဦးသည္ဟိန္းသူကိုျမင္လိုက္ရသည့္အခါအထိတ္တလန႔္နဲ႕ထိုင္ေနရာမွထလိုက္သည္။
"ဟိန္းေလး!"
"ဘာလို႔လန႔္သြားတာလဲ ၊ ကြၽန္ေတာ့္ကိုမနက္စာမေကြၽးခ်င္လို႔လား"
ဟိန္းသူ၏အသံသည္အရင္ကလိုေအးတိေအးစက္ျဖစ္မေန
ေတာ့ဘဲေျပာင္းလဲေနသည္ကိုေဒၚေမဦးခံစားမိလိုက္သည္။
"မဟုတ္ မဟုတ္ပါဘူး ၊ ထိုင္ ထိုင္ေလ"
သူမနဲ႕အတူတစ္ခါမွမနက္စာအတူစားရန္ဆင္းမလာဖူးသည့္ဟိန္းသူကိုျမင္လိုက္ရသည့္အခါေဒၚေမဦးစကားေတြပင္ထစ္ကုန္သည္။
"ေဒၚႀကီးေရ ဟိန္းေလးအတြက္ေကာ္ဖီခြက္ယူခဲ့ေပးပါဦ"
မီးဖိုေခ်ာင္ထဲရွိေဒၚႀကီးကိုေဒၚေမဦးလွမ္းေျပာလိုက္သည္။ေဒၚႀကီးသည္လည္းၿပဳံးေပ်ာ္စြာေကာ္ဖီခြက္ကိုလာခ်ေပးသည္။မနက္စာမစားဘဲဟိန္းသူစားေနတာသည္ကိုထိုင္ၾကည့္ေနသည့္ေဒၚေမဦးေၾကာင့္ဟိန္းသူေနရခက္လာသည္။
"ဘာလို႔အဲ့ေလာက္ၾကည့္ေနတာလဲ"
"ဟင္! မဟုတ္ပါဘူး။"
ေဒၚေမဦးသည္ေခါင္းငုံ႕သြားၿပီးေကာ္ဖီေသာက္ေနလိုက္သည္။
"ေဒၚေလး!"
"............"
"ေဒၚေလး!"
"............"
ဟိန္းသူေခၚေနပါေသာ္လည္းျပန္မေျဖသည့္ေဒၚေမဦးေၾကာင့္ဟိန္းသူစိတ္တိုလာသည္။
"ေဒၚေလးေမဦး!"
"ဟင္! ေခၚတာလား။"
"ေဒၚေလးကိုမေခၚလို႔ကြၽန္ေတာ္ကဘယ္သူ႕ကိုေခၚရဦးမွာလဲဗ် ၊ ဒီနားမွာဘယ္သူရွိေပးလို႔လဲ"
"အဲ့လိုမေခၚဘူးလို႔ေခၚေနမွန္းမသိလိုက္လို႔ပါ"
"ကြၽန္ေတာ္ေျပာစရာရွိတယ္"
"အင္း ေျပာေလ"
"ေဒၚေလးကိုအထင္လြဲခဲ့မိတဲ့အတြက္ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ၊ ေဖေဖ့ကိုအတတ္နိုင္ဆုံးကယ္တင္ေစာင့္ေရွာက္ေပးတဲ့အတြက္လည္းေက်းဇူးတင္ပါတယ္"
"ရပါတယ္ မလိုပါဘူးဟိန္းေလး ၊ တို႔အတြက္အဲ့တာေတြမလိုပါဘူး ၊ တို႔လိုမိဘမဲ့ကိုမိသားစုဝင္အျဖစ္သတ္မွတ္ေပးသြား
တဲ့မင္းေဖေဖကိုသာေက်းဇူးတင္ရမွာပါ"
"ၿပီးေတာ့ ကြၽန္ေတာ္ေဒၚေလးလို႔ပဲေခၚပါရေစ ၊ အေမအျဖစ္နဲ႕ေတာ့ကြၽန္ေတာ့္အတြက္အဆင္သင့္မျဖစ္ေသးလို႔ပါ"
"အင္းပါ ရပါတယ္ ၊ ဟိန္းေလးအဆင္ေျပသလိုပဲေခၚပါ ၊ တို႔ကေတာ့မင္းကိုဟိန္းေလးလို႔ပဲေခၚလို႔ရတယ္မလား"
"ရပါတယ္ ေခၚပါ"
"ေက်းဇူးပါကြယ္"
"ရပါတယ္ ၊ ေဒၚေလးကိုကြၽန္ေတာ္အကူအညီေတာင္းစရာတစ္ခုရွိတယ္"
မေန႕ညကရွိုက္ႀကီးတငင္ငိုေနသည့္ဟိန္းသူေၾကာင့္ဟိဏ္းဆက္စိတ္ပူေနမိသည္။ဟိန္းသူယေန႕ေက်ာင္းတက္မည္ဟုပိုင္ေဇ့ဆီမွသတင္းရထားသည္ေၾကာင့္ဟိဏ္းဆက္အၿငိမ္မေနနိုင္ျဖစ္ေနသည္။
"ဟဲ့ အဆက္ ၿငိမ္ၿငိမ္ေနစမ္းပါဟာ ၊ ငါမ်က္စိေနာက္လာၿပီ"
လႈပ္လႈပ္ယြယြျဖစ္ေနသည့္ဟိဏ္းဆက္ေၾကာင့္ေကသြယ္ကပင္ေျပာရသည္အထိျဖစ္ေနသည္။
"နင္လည္းႀကိဳက္တဲ့သူရွိၾကည့္ပါလား ၊ ငါ့လိုပဲျဖစ္ေနမွာ"
"ေအးပါဟယ္ ၊ မေျပာေတာ့ဘူး ၊ ေမာတယ္။"
ဟိဏ္းဆက္သည္အေဆာင္ေရွ႕တြင္ဟိုေလွ်ာက္လိုက္၊ဒီေလွ်ာက္လိုက္ျဖစ္ေနသည္။ထိုသို႔ျဖစ္ေနသည့္ဟိဏ္းဆက္သည္႐ုတ္တရက္ၾကက္ေသေသသြားၿပီးေငးစိုက္ၾကည့္ေနသည္။
"အမ္! အဲ့တာကိုဟိန္းလား"
ပိုင္ေဇႏွင့္အတူတူတြဲေလွ်ာက္လာသည့္လူကဟိန္းသူဆိုတာကိုဟိဏ္းဆက္မယုံနိုင္ျဖစ္ေနသည္။ပိုင္ေဇႏွင့္အတူတူဟိန္းသူရယ္ရယ္ေမာေမာျဖင့္လမ္းေလွ်ာက္လာၾကသည္။
"အိုးမိုင္ေဂါ့!!! ငါ့ရဲ႕semeႀကီးကစတိုင္လ္ေျပာင္းသြားၿပီ ၊ ဟဲ့ အဆက္ အဆက္!!!"
ဟိဏ္းဆက္သည္႐ုတ္တရက္ေကသြယ္၏လက္ကိုဆြဲယူၿပီးဆြဲဆိတ္လိုက္သည္။
"အာ့! ေသနာေလးရဲ႕နာတယ္ဟ။"
"ဪ ဒါဆိုအိမ္မက္မဟုတ္ဘူးပဲ"
"မသာေလးရယ္အိမ္မက္လားသိခ်င္ရင္နင့္အသားနင္လုပ္ပါလား"
ရင္ေတြခုန္ေနၿပီ။ရင္ေတြခုန္ေနၿပီ။မရေတာ့ဘူး။မရေတာ့ဘူး။ငါေသေတာ့မယ္။ငါေသေတာ့မယ္။
မေန႕ညကကိစၥအဆင္မေျပေသးလွ်င္ယေန႕ထပ္၍ႏွစ္သိမ့္မည္ဟုစိတ္ကူးထားသည့္ဟိဏ္းဆက္၏အႀကံအစည္မ်ားသည္ၾကက္ေပ်ာက္ငွက္ေပ်ာက္ေပ်ာက္ဆုံးကုန္ရသည္။ဟိန္းသူ၏ရယ္ေမာေနသည့္ပုံစံကိုျမင္ေတြ႕လိုက္ရသည့္ဟိဏ္းဆက္သည္အသက္ရႉရခက္သည္အထိျဖစ္လာသည္။
"ညီ!"
ဟိန္းသူသည္ဟိဏ္းဆက္ကိုျမင္၍လွမ္းေခၚလိုက္ပါေသာ္လည္းဟိဏ္းဆက္သည္သူ၏ရင္ဘတ္ကေလးကိုလက္ကေလးႏွစ္ဖက္ျဖင့္ဖိၿပီးအေဆာင္ထဲသို႔ေျပးဝင္သြားသည္။
"ညီမ ညီကဘာျဖစ္သြားတာလဲ။"
"အဆက္ကအဲ့လိုပဲတစ္ခ်က္တစ္ခ်က္ထထေဖာက္တယ္ ၊ ေသေတာ့မေသေသးပါဘူးအစ္ကို"
"ဟင္!"
ဟိန္းသူသည္ေကသြယ္၏စကားကိုနားမလည္ျဖစ္သြားရသည္။ပိုင္ေဇ့ကိုလွည့္ၾကည့္လိုက္ပါေသာ္လည္းပိုင္ေဇသည္ၿပဳံးစိစိျဖင့္ဟိဏ္းဆက္၏အေနာက္သို႔လိုက္သြားရန္အခ်က္ျပသည္။ဟိန္းသူသည္အေဆာင္ထဲသို႔ေျပးဝင္လာၿပီးဟိဏ္းဆက္၏အေနာက္သို႔လိုက္ပါေတာ့သည္။
"အား ဘာလို႔အဲ့ေလာက္ေတာင္ရင္ခုန္ေနရတာလဲ ၊ ငါေသေတာ့မွာေတာ့ပဲ ၊ အစ္ကိုရယ္ေနတာတကယ္အရမ္းၾကည့္လို႔ေကာင္းတာပဲ ၊ ၾကည့္ရတာအစ္ကိုအဆင္ေျပသြားၿပီထင္ပါတယ္ ၊ ဒါေပမဲ့ ငါအဆင္မေျပဘူး ၊ ရင္ခုန္လြန္းလို႔ႏွလုံးႀကီးအျပင္ထြက္က်လာမွာေတာင္စိုးရိမ္ရတယ္"
ဟိဏ္းဆက္သည္မည္သူမွမရွိသည့္သန႔္စင္ခန္းထဲသို႔ဝင္လာၿပီးတစ္ေယာက္တည္းေအာ္ဟစ္ေနေလသည္။
"ငါဘယ္လိုလုပ္ရမလဲ ၊ ဒီပုံစံအတိုင္းဆိုငါေတာ့ႏွလုံးေရာဂါရၿပီးေသေတာ့မွာပဲ ၊ ဟူး စိတ္ေလ်ာ့အဆက္ စိတ္ေလ်ာ့မင္းလုပ္နိုင္တယ္"
သူ႕ကိုယ္သူမွန္ထဲတြင္ၾကည့္ၿပီးေျပာေနၿပီးမ်က္စိေလးတစ္ဖက္ကမွိတ္လိုက္ပါေသးသည္။စိတ္ကိုေလွ်ာ့ခ်လိဳက္ၿပီးသန႔္စင္ခန္းထဲမွျပန္ထြက္လာသည့္အခ်ိန္တြင္လူတစ္ေယာက္နဲ႕တိုက္မိေလသည္။ဟိဏ္းဆက္ေခါင္းေလးနာသြား၍ေမာ့ၾကည့္လိုက္သည့္အခါဟိန္းသူျဖစ္ေနသည္။
"လူတစ္ေယာက္လုံးေတာင္ မျမင္ ျမင္ ........"
ဟိန္းသူကိုဒုတိယအႀကိမ္အနီးကပ္ျမင္လိုက္ရသည့္အခါဟိဏ္းဆက္၏ႏွလုံးခုန္ႏႈန္းေတြျမန္ဆန္လာျပန္ေလသည္။ဟိဏ္းဆက္ရန္ေတြ႕မည့္စကားလုံးေတြေလႏွင့္အတူလြင့္ပါသြားေလေတာ့သည္။
"ညီ ခုဏကဘာျဖစ္သြားတာလဲ"
"ရင္ခုန္ မဟုတ္ပါဘူး ၊ ဘာမွမျဖစ္ဘူး ၊ ကြၽန္ေတာ္သြားေတာ့မယ္"
ဟိန္းသူသည္ဟိဏ္းဆက္ကိုအနီးကပ္ျမင္ေနရသည့္အတြက္ဟိဏ္းဆက္၏မ်က္ႏွာေလးနီရဲေနသည္ကိုသတိထားမိလိုက္သည္။
"ဟာ ေသေတာ့မွာပဲ ၊ ဘာလို႔အနီးကပ္ႀကီးလဲ ၊ အစ္ကိုကၾကည့္လို႔ေကာင္းလိုက္တာ"
ဟိန္းသူကိုအနီးကပ္ျမင္ခဲ့ရသည့္ျမင္ကြင္းကေလးကိုျပန္လည္ေတြးေတာေနရင္းလမ္းေလွ်ာက္လာခဲ့သည္။အေတြးကေလးမ်ားျဖင့္ေပ်ာ္ေမြ႕ေနသည့္ဟိဏ္းဆက္သည္တစ္စုံတစ္ေယာက္၏ဆြဲေခၚသြားျခင္းကိုခံလိုက္ရသည္။
"အေမ့!"
"ဟိဏ္းဆက္!"
"နင္ ..... ၿမိဳင္နံ႕သာ!"
"ဟဲ့ နင္ အစ္ကိုဟိန္းသူနဲ႕ေဝးေဝးေန"
"ဘာလို႔လဲ"
"ငါအစ္ကိုဟိန္းသူကိုႀကိဳက္လို႔နင္ေဝးေဝးေန"
"နင္သေဘာက်ေနတာနဲ႕ငါကဘာလို႔ေဝးေဝးေနရမွာလဲ ၊ ဘာဆိုင္လို႔လဲနင္နဲ႕အစ္ကိုနဲ႕က"
"ဘာ!!! နင္ ၊ အခုေတာ့မဆိုင္ေသးေပမဲ့တစ္ခ်ိန္က်ရင္ဆိုင္လာမွာမို႔လို႔နင့္ကိုႀကိဳတင္သတိေပးထားတာ"
"ငါ့မွာနင္နဲ႕ၿပိဳင္ေျပာေနစရာအေၾကာင္းဘာမွမရွိဘူး ၊ လက္ကိုအတင္းဆြဲတာပဲ နာလိုက္တာ"
ဟိဏ္းဆက္သည္သူ႕လက္ေကာက္ဝတ္ကေလးကိုပြတ္သပ္ၿပီးၿမိဳင္နံ႕သာေဘးမွထြက္လာခဲ့လိုက္သည္။
နင္ပဲေနာက္ဆုတ္ရမွာဟိဏ္းဆက္။ေယာက်ာ္းေလးႏွစ္ေယာက္ကဘယ္လိုမွမျဖစ္နိုင္ဘူး။ၿပီးေတာ့ အစ္ကိုဟိန္းသူကလည္းနင့္ကိုစိတ္ဝင္စားစရာအေၾကာင္းလည္းမရွိဘူး။
"ဟဲ့ အဆက္ နင္ဘယ္ေရာက္ေနတာလဲ ၊ နင့္ကိုအစ္ကိုဟိန္းသူလိုက္ရွာေနတယ္"
"ဟင္! ဟုတ္လား ၊ အေစာကတည္းကမေျပာဘူးလဒမ"
ေကသြယ္ခံစားရခက္သြားသည္။လာေျပာျပေပးသည့္သူကိုေက်းဇူးမတင္ဘဲအဆဲပါခံလိုက္ရသည္။
"ေက်းဇူးကန္းတဲ့ဟာေလး"
ဟိဏ္းဆက္သည္ဟိန္းသူ၏စာသင္ခန္းအေရွ႕သို႔ေရာက္လာသည္။စာသင္ခန္းထဲတြင္ဆရာမဝင္ၿပီးစာသင္ေနသည္ကိုေတြ႕လိုက္ရသည့္အခါဟိဏ္းဆက္ျပန္လွည့္လာရသည္။
"ညီ!"
ဟိန္းသူ၏အသံကိုၾကားလိုက္ရသည့္အခါလိုက္ရွာမိသည္။နံရံေထာင့္မွလက္ယက္ေခၚေနသည့္ဟိန္းသူကိုဟိဏ္းဆက္ေတြ႕လိုက္ရသည္။
"အစ္ကို အတန္းမတက္ဘူးလား"
"မတက္ဘူး ၊ ဒီေန႕ညီနဲ႕အျပင္ေလွ်ာက္သြားမလို႔"
"ဗ်ာ! ကြၽန္ေတာ္နဲ႕အျပင္သြားမလို႔!"
အစ္ကိုဘာျဖစ္ေနမွန္းကြၽန္ေတာ္မသိေပမဲ့ အစ္ကို႔ရဲ႕အျပဳအမူေတြကကြၽန္ေတာ့ကိုသတ္ေနသလိုပဲအစ္ကို။
"ညီ ညီ!!!"
"ဗ် ဗ်ာ!!"
"ဘာေတြေၾကာင္ၾကည့္ေနတာလဲ ၊ ကိုယ္နဲ႕မသြားခ်င္လို႔လား"
ဟိဏ္းဆက္သည္ဘာမွျပန္မေျပာဘဲဟိန္းသူကိုသာေမာ့ၿပီးေငးေမာၾကည့္ေနသည္။
"ညီ!"
"ဟင္!"
"ညီဘာျဖစ္ေနတာလဲ"
ထူးဆန္းတယ္။အရမ္းထူးဆန္းေနတယ္။မေန႕ညကဝမ္းနည္းတႀကီးငိုေနတဲ့အစ္ကိုကဒီေန႕မနက္တစ္ခါမွမျမင္ဖူးတဲ့ပုံစံနဲ႕ေက်ာင္းကိုေရာက္လာတယ္။အစ္ကိုေခါင္းမ်ားထိသြားတာလား။
ဟိဏ္းဆက္သည္မမွီမကမ္းနဲ႕ေျခဖ်ားေလးေထာက္ၿပီးဟိန္းသူ၏ေခါင္းကိုကိုင္ၾကည့္ျပန္သည္။
"ညီ ဘာလုပ္တာလဲ"
"အစ္ကိုေခါင္းေတြဘာေတြကိုက္လား"
"မကိုက္ပါဘူး"
"အန္ခ်င္တာေတြဘာေတြေရာျဖစ္လား"
"မျဖစ္ပါဘူး"
"ေခါင္းေတြဘာေတြေရာေဆာင့္မိေသးလား"
"ညီ ဘာေတြေမးေနတာလဲ ၊ သြားမွာလား မသြားဘူးလားပဲေျဖကြာ"
"သြားမယ္ သြားမယ္ အခုလား"
"အင္း အခု"
ဟိန္းသူသည္ဟိဏ္းဆက္၏လက္ကေလးကိုဆြဲၿပီးအေဆာင္အျပင္ဘက္သို႔ေခၚလာသည္။ၿပဳံးေပ်ာ္ေနသည့္ဟိန္းသူကိုဟိဏ္းဆက္မ်က္ေတာင္မခတ္ေငးၾကည့္ေနမိသည္။ဟိန္းသူသည္ဟိဏ္းဆက္အတြက္ကားတံခါးဖြင့္ေပးသည္။ဟိဏ္းဆက္သည္လည္းကားထဲသို႔ဝင္ထိုင္လိုက္သည္။ဟိန္းသူသည္ေမာင္းသူေနရာတြင္ဝင္ထိုင္လိုက္ၿပီးအေနာက္ဘက္မွLolipopျခင္းေလးကိုလွမ္းယူလိုက္သည္။
"ဟိုတစ္ေန႕ကတည္းကေပးမလို႔ကိုကိစၥေတြအမ်ားႀကီးျဖစ္ပ်က္သြားလို႔မေပးျဖစ္လိုက္ဘူး"
"အူးဝါး အမ်ားႀကီးပဲအစ္ကို ၊ ေက်းဇူးတင္ပါတယ္"
ဟိဏ္းဆက္သည္ျခင္းထဲမွLolipopတစ္ေခ်ာင္းကိုထုတ္ယူလိုက္ၿပီးခ်က္ခ်င္းပါးစပ္ထဲသို႔ထည့္လိုက္သည္။ဟိဏ္းဆက္ကိုဟိန္းသူသည္ၿပဳံးၿပီးၾကည့္ေနသည္။
"အစ္ကို အဲ့ထဲဝင္မလို႔လား"
"အင္းေလ ဘာလို႔လဲ"
"မျဖစ္ဘူးထင္တယ္ေနာ္"
သရဲအိမ္ထဲဝင္မည္တကဲကဲလုပ္ေနသည့္ဟိန္းသူ၏လက္ကိုဟိဏ္းဆက္သည္အေသျပန္ဆြဲထားသည္။
"လာပါ မေၾကာက္ပါနဲ႕ ၊ ကိုယ္လည္းရွိတာပဲဟာ"
"မျဖစ္ ......"
ဟိဏ္းဆက္၏စကားအဆုံးထိမေရာက္လိုက္နိုင္ပါ။သိန္းသူသည္ဟိဏ္းဆက္၏လက္ကိုအားနဲ႕ဆြဲေခၚသြားသျဖင့္အလိုအေလ်ာက္ပါသြားပါေတာ့သည္။
"အား!!! သရဲ"
သရဲအိမ္ထဲတြင္ဟိဏ္းဆက္ေအာ္လိုက္ပတ္ေျပးလိုက္ျဖင့္အလုပ္ရႈပ္ေနသည္။
"အား!!!"
ဟိန္းသူသည္ေၾကာက္ရမည့္အစားပတ္ေျပးေနသည့္သိဏ္းဆက္ကိုၾကည့္ၿပီးထိုင္ရယ္ေနသည္။
"မရယ္ပါနဲ႕ ၊ ေၾကာက္ပါတယ္လို႔ မျဖစ္ပါဘူးလို႔ကြၽန္ေတာ္ေျပာ အား!!!"
သရဲအိမ္ထဲတြင္ဟိဏ္းဆက္သည္အရွင္ကြဲခဲ့ရပါေတာ့သည္။
"ေျပာသားပဲ မရပါဘူးလို႔ ၊ ညဘက္အိပ္လို႔ေတာင္ရေတာ့မွာမဟုတ္ဘူး"
"ညီ အဲ့ေလာက္ေတာင္ေၾကာက္တာလား"
"ေၾကာက္တယ္ဗ်ာ့ ၊ ခင္ဗ်ားႀကီးကမေၾကာက္တတ္ေပမဲ့ကြၽန္ေတာ္ေၾကာက္တယ္ဗ်ာ့"
ဟိဏ္းဆက္သည္လက္ထဲတြင္Lolipopကိုကိုင္ထားလ်က္လမ္းလယ္ေခါင္တြင္ထိုင္ခ်လိဳက္ၿပီးအပီအျပင္ငိုေတာ့သည္။
"ညီ လမ္းလယ္ေခါင္ႀကီးမွာမငိုနဲ႕ေလ ၊ အကုန္ၾကည့္သြားကုန္ၾကၿပီ"
"မသိဘူး ငိုမွာပဲ ၊ ခင္ဗ်ားႀကီးႏွိပ္စက္တာေလ"
"ညီရာ ေျပာရခက္လိုက္တာ ၊ မငိုနဲ႕ေတာ့ေနာ္ ၊ ကိုယ္ပဲေတာင္းပန္ပါတယ္ ၊ မငိုနဲ႕ေတာ့ေနာ္ ၊ လမ္းမႀကီးမွာမရွက္ဘူးလား"
"ဟင့္ ခင္ဗ်ားႀကီးကရွက္လို႔လား"
"ကိုယ္ကမရွက္ပါဘူး ၊ ညီ့ကိုလူေတြၾကည့္သြားတာကိုယ္မႀကိဳက္လို႔"
ဟိဏ္းဆက္သည္အသက္ရႉရပ္သြားၿပီဟုထင္ရေလာက္ေအာင္ၿငိမ္သက္သြားသည္။မ်က္လုံးေလးျပဴးၿပီးဟိန္းသူကိုေမာ့ၾကည့္ေနမိပါေတာ့သည္။
ဆက္ရန္
အခုအပိုင္းကစၿပီးေပ်ာ္စရာေလးေတြပဲလာေတာ့မွာေနာ္။အားေပးၾကဦးေနာ္။ဒါဒါေလးေတြအားလုံးsaranghae🧡